M.Y Japanese Language School

M.Y Japanese Language School ဂျပန်စာနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါမည်
(1)

31/10/2025

"လိမ့်ကျသွားသော ဆန်မုန့်လုံး"🍙🍥

ဂျပန်ပုံပြင်နားထောင်ရင်း ဂျပန်စာလေ့လာကြမယ်😇

ဂျပန်နိုင်ငံရဲ့ဆောင်းဦးရာသီမှာ Momojiရဲ့အလှကို သေချာမြင်နိုင်မယိ့ နာမည်ကြီးနေရာတွေကို တင်ပေးလိုက်ပါတယ်🍁ပိတ်ရက်မှာ ကိုယ်န...
25/10/2025

ဂျပန်နိုင်ငံရဲ့ဆောင်းဦးရာသီမှာ Momojiရဲ့အလှကို သေချာမြင်နိုင်မယိ့ နာမည်ကြီးနေရာတွေကို တင်ပေးလိုက်ပါတယ်🍁

ပိတ်ရက်မှာ ကိုယ်နဲ့နီးတဲ့နေရာတွေကိုသွားပြီး momiji အလှအပကို အပြည့်အဝကိုခံစားလိုက်ရအောင်🍂🍁🧡

#秋

24/10/2025

hiragana katakana ထိတော့အဆင်ပြေသေးတယ်🥲

20/09/2025

အမှိုက်ကိုစနစ်တကျပစ်ကြရအောင်

ポイ捨て、やめましょう❤️‍🔥

ဂျပန်စာလေ့လာနေတဲ့သူတွေအတွက် ဖတ်စာအုပ်ထဲမှာတွေ့ရနည်းပြီး တကယ်လက်တွေ့မှာအသုံးများတဲ့ဂျပန်စကားလုံးတွေကို မျှဝေပေးထားပါတယ်😇တ...
15/09/2025

ဂျပန်စာလေ့လာနေတဲ့သူတွေအတွက် ဖတ်စာအုပ်ထဲမှာတွေ့ရနည်းပြီး တကယ်လက်တွေ့မှာအသုံးများတဲ့ဂျပန်စကားလုံးတွေကို မျှဝေပေးထားပါတယ်😇

တစ်ပုံချင်းစီမှာရှင်းပြထားပြီး ဥပမာစာကြောင်းလည်းပါတော့ みなさんတို့ အလွယ်တကူမှတ်လို့ရမယ်ထင်ပါတယ်🥰

09/09/2025

ဂျပန်သွားချင်တဲ့သူများအတွက် သိထားသင့်တဲ့ဗဟုသုတ တစ်ခုမျှဝေချင်ပါတယ်🇯🇵✨ဂျပန်သွားဖို့ အဓိက အသုံးများတဲ့ ဗီဇာ ၄ မျိုးကို ဒီဗီဒီယိုထဲမှာ ရှင်းပြပေးထားပါတယ် 👉 ဗီဇာတစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကိုVideo ထဲမှာမျှဝေထားပါတယ်🇯🇵

🇯🇵ဂျပန်လူမျိုးတွေက အချင်းချင်းစာပို့ကြတဲ့အခါ social media သုံးတဲ့အခါ စကားပြောရင်း ကိန်းဂဏန်းတွေကိုပါ ညှပ်ပြီးပြောတာမျိုး...
01/09/2025

🇯🇵ဂျပန်လူမျိုးတွေက အချင်းချင်းစာပို့ကြတဲ့အခါ social media သုံးတဲ့အခါ စကားပြောရင်း ကိန်းဂဏန်းတွေကိုပါ ညှပ်ပြီးပြောတာမျိုးတွေ့ရတတ်ပါတယ် 🤔

အဲဒီလိုကိန်းဂဏန်းတွေက ဘာအဓိပ္ပါယ်တွေရှိလဲဆိုတာကို ပြောပြပေးပါမယ်နော် 📃

ပုံတစ်ပုံချင်းစီရဲ့အောက်မှာ ရှင်းပြပေးထားပါတယ်💡

29/08/2025

JLPT မအောင်သွားသေးသူတွေအတွက် နောက်တစ်ကြိမ်အောင်နိုင်ဖို့ လေ့လာနည်းများ, daily study routine, common mistakes တွေကို ရှင်းပြထားပါတယ် 💡

နောက်တစ်ကြိမ် JLPT အောင်ဖို့ အကူအညီဖြစ်စေဖို့ sharing လုပ်ပေးလိုက်ပါတယ်💪

#ဂျပန်စာ #စာလေ့လာမှု #အောင်မြင်ရန်

😇ဂျပန်မှာ မတ်လ ၃ ရက်နေ့ဆိုရင် ကျင်းပတဲ့ပွဲတော်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ မတ်လ ၃ရက်နေ့ဆိုရင် ဂျပန်နိုင်ငံမှာ Hina Matsu...
03/03/2025

😇ဂျပန်မှာ မတ်လ ၃ ရက်နေ့ဆိုရင် ကျင်းပတဲ့ပွဲတော်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ မတ်လ ၃ရက်နေ့ဆိုရင် ဂျပန်နိုင်ငံမှာ Hina Matsuri ဆိုတဲ့ မိန်းကလေးများနေ့ကို ကျင်းပပါတယ်။

👩🏻‍🦰ဒီနေ့ဟာ ဂျပန်လူမျိုးတွေရဲ့ ရိုးရာပွဲတစ်ခုဖြစ်ပြီး ‘အရုပ်ပွဲတော်’ လို့လည်း ခေါ်ကြပါတယ်။

🫅🏼ဒီပွဲမှာ မိသားစုတွေက ဧကရာဇ်၊ ဧကရီမိဖုရား၊ နန်းတွင်းသားတွေနဲ့ အခြွေအရံတွေကို ကိုယ်စားပြုတဲ့ ဟီနာအရုပ်လေးတွေကို အထူးစင်ပေါ်မှာ အလှဆင်ပြီး ပြသထားကြပါတယ်။ ဒီအရုပ်တွေကို ဂျပန်အနုပညာပုံစံနဲ့ လက်ရာမြောက်အောင် ဖန်တီးထားတာမို့ တကယ်ကို ကြည့်လို့ကောင်းပါတယ်။👸🏻

👩🏼‍💼ဒီလိုပြသရတာက မိန်းကလေးတွေရဲ့ ကျန်းမာရေး၊ ပျော်ရွှင်မှုနဲ့ အနာဂတ်မှာ ကံကောင်းခြင်းတွေ ရရှိဖို့ ဆုတောင်းပေးတဲ့ အဓိပ္ပာယ်လည်း ပါပါတယ်။

🍱အစားအသောက်အနေနဲ့ကတော့ Chirashizushi (ပင်လယ်စာနဲ့ ထမင်းရောစပ်ထားတဲ့ အစားအစာ)၊ Hina-arare(အရောင်စုံဆန်မုန့်) နဲ့ ဆာကူရာမိုချိလိုမျိုး အရသာရှိတဲ့ ရိုးရာအစားအစာတွေကို စားသုံးကြပါတယ်။

🌺ဒါ့အပြင် နွေဦးရာသီကို ကြိုဆိုတဲ့အနေနဲ့ မက်မွန်ပန်းခက်တွေကို အလှဆင်ရင်း ကံကောင်းခြင်းနဲ့ သာယာမှုကို ကိုယ်စားပြုတဲ့ သင်္ကေတအဖြစ် ထည့်သွင်းကြပါတယ်။

✨ဒီပွဲဟာ မိသားစုတွေ စုစည်းပြီး မိန်းကလေးတွေကို ဂုဏ်ပြုတဲ့ ပျော်ရွှင်စရာနေ့တစ်နေ့ပါ။ မိန်းကလေးအားလုံးကို Hina Matsuri မှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🌸

#မိန်းကလေးများနေ့ #ဂျပန်ယဉ်ကျေးမှု

11/10/2024

うちနဲ့ いえ ဘယ်လိုကွာလဲ🤔

🌸花は春に咲き誇る🌸ပန်းတွေဟာနွေဦးရာသီမှာပွင့်လန်းကြတယ်🌸その美しさは風に揺れ🌸အဲဒီ့လှပမှုဟာလေထဲမှာဝဲလွင့်နေတယ်🌸儚くも心を奪う🌸ခဏတာအတွင်းမှာပဲနှလုံးသ...
22/03/2024

🌸花は春に咲き誇る🌸
ပန်းတွေဟာနွေဦးရာသီမှာပွင့်လန်းကြတယ်

🌸その美しさは風に揺れ🌸
အဲဒီ့လှပမှုဟာလေထဲမှာဝဲလွင့်နေတယ်

🌸儚くも心を奪う🌸
ခဏတာအတွင်းမှာပဲနှလုံးသားကိုလုယူသွားတယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when M.Y Japanese Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category