Lin Academy Professional Training

Lin Academy Professional Training Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lin Academy Professional Training, Education, Wingabar Road, Yangon.

03/01/2026

𝗧𝗵𝗲 𝗯𝗲𝘀𝘁 𝘄𝗮𝘆 𝘁𝗼 𝗺𝗼𝘁𝗶𝘃𝗮𝘁𝗲 𝗽𝗲𝗼𝗽𝗹𝗲 𝘁𝗼 𝗹𝗲𝗮𝗿𝗻 𝗘𝗻𝗴𝗹𝗶𝘀𝗵 ....

🏴󠁧󠁢󠁥󠁮󠁧󠁿✌🏻💚

GED 4 ဘာသာလုံး ဒီနေရာကနေ Video Lesson နဲ့တင်ပါမယ်၊ I'm 58 years old ဖြစ်လို့ ကျောင်းဆရာ ဆရာမမျိုးဆက်သစ်တွေကို Target ထား...
27/12/2025

GED 4 ဘာသာလုံး ဒီနေရာကနေ Video Lesson နဲ့တင်ပါမယ်၊ I'm 58 years old ဖြစ်လို့ ကျောင်းဆရာ ဆရာမမျိုးဆက်သစ်တွေကို Target ထားမှာဖြစ်ပါတယ် .....

အရင်အနှစ် (၃၀) လောက်က သုံးခဲ့တဲ့ Behavioral Science, ရိုးရိုးရှင်းရှင်းလေး Empathy ကိုအခြေခံသွားသည့် Teaching Methods တွေ၊ Child Phycology နဲ့ Different Approaches and Perspectives
တွေကို သုံးချင်တဲ့ဆရာ၊ ဆရာမတွေများရှိမလားဆိုပြီး စဉ်းစားမိလို့ပါ ....

အကြီးကြီးပြောနေတယ်လို့ ယူဆ‌ပေးပါ ....

- 𝙩𝙧𝙮𝙞𝙣𝙜 𝙩𝙤 𝙜𝙧𝙤𝙬 𝙩𝙝𝙚 𝙗𝙚𝙨𝙩 𝙛𝙪𝙩𝙪𝙧𝙚 𝘽𝙪𝙧𝙢𝙚𝙨𝙚 𝙜𝙚𝙣𝙚𝙧𝙖𝙩𝙞𝙤𝙣𝙨 𝙛𝙤𝙧 𝙤𝙪𝙧 𝙘𝙤𝙪𝙣𝙩𝙧𝙮.

📚📜🧾📘📙

"ကြိုက်တဲ့တက္ကသိုလ်သွားပါ၊ ကြိုက်တဲ့လုပ်ငန်းခွင်ကလူ‌တွေနဲ့ဆက်ဆံပါ၊ သေချာပါတယ်၊ မင်းတို့အလွန်ရုန်းကန်ရပါလိမ့်မယ်" ခေတ်ကို...
27/12/2025

"ကြိုက်တဲ့တက္ကသိုလ်သွားပါ၊ ကြိုက်တဲ့လုပ်ငန်းခွင်ကလူ‌တွေနဲ့ဆက်ဆံပါ၊ သေချာပါတယ်၊ မင်းတို့အလွန်ရုန်းကန်ရပါလိမ့်မယ်"

ခေတ်ကိုလွှဲချလိုက်ရင် အန္တရာယ်ကင်းမယ်၊ ဘုရားတွေ၊ ဘာသာရေးခေါင်း‌ဆောင်တွေဆဲလိုဆဲ၊ ဘုန်းကြီးကိုအပြစ်‌ပြော၊ အဖေအမေကိုစော်ကား၊ ဆရာကိုအစေခံထင်နေ ....

ခုခေတ်ကို ပိုခက်ခဲပြီးရှုပ်ထွေးသွားစေတဲ့အချက်က ဟိုဘက်က‌နေတဲ့အနေအထိုင်မတတ်သော ဘာသာရေးဆရာလဲရှိတယ်၊ ဘုန်းကြီးရှိတယ်၊ အဖေအမေထဲက သားသမီးကိုတောင်းစားခိုင်းတာသိပ်မရလို့ ပါးပိတ်ချတယ် ....

ကျောင်းဆရာဆိုတာကတော့ ဂရုပ်တွေထဲမြင်ရရင် သူ‌တောင်းစားသာသာဘဲရှိ‌တော့တယ်၊ လိပ်ကန်ထဲပေါက်ပေါက်ဆုပ်ပစ်ချတာလေးသွားမြင်နေလို့၊ ကျောင်းသားကအလွယ်လိုက်ချင်တဲ့အခါ သူ့ကိုသင်မဲ့ဆရာကပိုဆိုးလာတယ်၊ စားစရာမရှိလို့အလုပ်ပေါ်ရင် ကလေးလုတာကရပါတယ် (ကလေးလုတယ်သာပြောရတယ်၊ ဆရာကလည်းအဲ့အရွယ်) .....

အိုစရာမလိုပါ၊ နိုင်ငံခြားဘွဲ့မရလည်းဖြစ်ပါတယ်၊ ငွေလည်းယူကြပါ၊ အသင်ခံမဲ့ကလေးတွေဘက်ကနေ ရံဖန်ရံခါစဉ်းစားပေးရင် ကျန်တာအကုန်သူ့အလိုလိုပြီးပါတယ် .....

ဆရာလုပ်စားတယ်ဆိုတာ သူများရဲ့အချိန်ကိုယူတာနော်၊ သူ့ပိုက်ဆံလဲပါတဲ့အပြင်တန်ဘိုးအကြီးဆုံးဖြစ်တဲ့ သူ့စိတ်ကိုပါကိုပြင်ပစ်လိုက်လို့ရတယ်၊ ဟိုကခွင့်ပြုထားတာ .....

ငါကအချိန်ပေးရတယ်၊ ငါ့ပညာကိုပေးနေတာ၊ ငါ့အိမ်မှာလဲဆန်ကငွေနဲ့ဝယ်ရတာ၊ သူတို့ကလည်းတန်တယ်ထင်လို့ ငါ့ကိုခေါ်တာပါ၊ ငကျွဲကတဈေး ပေါ်ဆန်မွှေးကတဈေးလေ၊ ဒါတကမ္ဘာလုံးမှာရှိတယ်လို့ယူဆရင်တော့ ခင်ဗျားမမှားပါဘူး၊ ဟိုငှားတဲ့ကောင်လေးတွေစောက်ကျိုးနဲတာ .....

ကမ္ဘာမှာတရားဝင်လိုင်စင်နဲ့ လူတွေရဲ့ဘဝကိုဖျက်ဆီးခွင့်‌ပေးထားတဲ့အလုပ် ၂ ခုရှိတယ်တဲ့၊ တယောက်ကစာနယ်ဇင်းဆရာ (အခုဆို ဖေ့စ်ဘုတ်‌ဖလော်ဆိုဖာတွေပါထည့်ရမှာ) ၊ နောက်တယောက်က ကျောင်းဆရာပါ .....

ဒီလူ ၂ ယောက်ဟာ သူများတွေရဲ့စိတ်ထဲဝင်လို့ရတယ်၊ အဝင်ခံတဲ့လူတွေက ကျေကျေနပ်နပ်ပိုက်ဆံပါပေးရသေးတယ်၊ စာရိတ္တပျက်စီးလို့ဖြစ်စေ လုံလောက်တဲ့ဗဟုသုတမရှိလို့ဖြစ်စေ ကောင်းစေချင်စိတ်အပြည့်မထားနိုင်လို့များမှားသွားရင် ....

"အဆိပ်သောက်ချလိုက်တာကခံသာအုန်းမယ်တဲ့၊ စိတ်ထဲကိုအကြာကြီးတ‌မြေ့မြေ့ခံ‌ရအောင်ခတ်ထားတဲ့အဆိပ်ကျ မသေမချင်းလူညွန့်ကျိုးပြီး၊ မကြံတတ်မစည်တတ်၊ မစဉ်းစားတတ်၊ စည်းကမ်းမဲ့တဲ့လူဖြစ်ပြီး သူလိုချင်တာရဘို့ သူ့ဆရာသမားလို ဘာမဆိုလုပ်မဲ့လူသားတဦးဖြစ်သွားနိုင်ပါတယ်လို့ဆိုပါတယ် .....

အရင်ခေတ်က ဆရာ ဆရာမတွေဆင်းရဲပါတယ်၊ ဘိုကျောင်းကလေးကလဲမရှိ၊ ဆရာအားလုံးတယောက်မှနိုင်ငံခြားပြန်မပါ၊ အသံမပီ၊ အပြင်ကျူရှင်လဲပေးပါတယ်၊ အချဉ်ထုတ်လဲရောင်းတယ်၊ သူ့မှာဥ‌ရောပပြန်ဆရာ‌တွေနဲ့ယှဥ်လိုက်ရင် ဘယ်‌နေရာမှလိုက်မမှီဘူးလို့ပြောရင်ရတယ် .....

သူ့မှာ‌သေချာပိုင်တာဆိုလို့ အရှက်ရယ်၊ ဂုဏ်သိက္ခာရယ်၊ သူ့လောက်မတတ်သေးတဲ့ ကလေးတွေအပေါ်ကောင်းစားစေချင်စိတ်ရယ်ဘဲရှိတာ၊ အဲ့လိုလူတွေက ဗမာဖတ်စာအုပ်နဲ့သင်လွှတ်လိုက်တဲ့ကလေးတွေကြီးလာတဲ့အခါ အခုကလေးတွေထက်ပိုမျက်နှာငယ်သင့်တယ်၊ ဟိုမသွားရဲ၊ ဒီမသွားရဲ၊ ဟိုလူ့အတင်းပြော၊ ဒီလူ့ကဲ့ရဲ့လူ့ဂွစာတွေဖြစ်သင့်တာ ....

မဖြစ်တဲ့အပြင် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒို၊ စင်ကာပူ၊ ဩစတေးလျ၊ အင်္ဂလန်ထိ ဂေါ်လီတက်လုပ်နေကြပါတယ်တဲ့၊ ဘာကြောင့်လဲဆိုရင် အေးချမ်းတဲ့ Calm Energy နဲ့ကြီးလာတဲ့အတွက် မီးပုံဘေးကပူလောင်နေတဲ့လူတွေထက်သာကြပါတယ် .....

အလုပ်ထဲရောက်လိုက်တာနဲ့ ပိုက်ဆံတခုတည်းအတွက်လာတဲ့လူတွေကို သူတို့နဲ့တန်ရာတန်ရာ ငွေနဲ့သာပြန်ဆက်ဆံကြပါလိမ့်မယ် .....

💚💚💚💚💚

🎬 Title: I Can’t Lose – The Last Chapter of My LifeFilm Synopsis:He’s not a hero.Not a genius.Just a teacher — one who s...
05/11/2025

🎬 Title: I Can’t Lose – The Last Chapter of My Life

Film Synopsis:
He’s not a hero.
Not a genius.

Just a teacher — one who spent his whole life learning, even when time was running out.

For decades, he stood in front of classrooms that changed but always felt the same,filled with hope, doubt, dreams, and noise.

He taught lessons, yes, but more than that, he taught how to think, how to care, and how to rise again.

He never wanted medals. Never wanted money.

All he wanted was to see his students — his family — out there on the field, speaking with confidence, standing tall in the international world he always dreamed for them.

Now, as his life enters its final chapter, he faces the hardest lesson of all — learning to let go.

But how can a man walk away from the one thing that gave his life meaning?

"Make me stay away from this job," he whispers, "only when you no longer need me."

Because for him...

Teaching was never a job.
It was love.
It was life.

And even in his last chapter — he can’t lose.

🎖️🎖️🎖️🎖️🎖️

 𝗠𝗮𝘁𝗵𝗲𝗺𝗮𝘁𝗶𝗰𝗮𝗹 𝗥𝗲𝗮𝘀𝗼𝗻𝗶𝗻𝗴 𝗦𝗰𝗶𝗲𝗻𝗰𝗲 𝗦𝗼𝗰𝗶𝗮𝗹 𝗦𝘁𝘂𝗱𝘆ဗဟန်းမြို့နယ် (ဂျပန်သံရုံးအနီး) ဝင်ကဘာလမ်းတွင် လာတက်ရပါမယ်၊ ကျောင်းသားကိုအရည...
05/11/2025



𝗠𝗮𝘁𝗵𝗲𝗺𝗮𝘁𝗶𝗰𝗮𝗹 𝗥𝗲𝗮𝘀𝗼𝗻𝗶𝗻𝗴
𝗦𝗰𝗶𝗲𝗻𝗰𝗲
𝗦𝗼𝗰𝗶𝗮𝗹 𝗦𝘁𝘂𝗱𝘆

ဗဟန်းမြို့နယ် (ဂျပန်သံရုံးအနီး) ဝင်ကဘာလမ်းတွင် လာတက်ရပါမယ်၊ ကျောင်းသားကိုအရည်အချင်းတချက်စစ်ပြီးတာနဲ့ အမှတ်ဘယ်လောက်ရမယ်လို့ အာမခံနဲ့သင်ပေးချင်ပါတယ်၊ အရင်ရန်ကုန်တက္ကသိုလ်က ရူပ‌‌ဗေဒဆရာပါ၊ (အသက် ၅၆ နှစ်)

Fully Air-conditioned Class Room, 4 students ...

(လခ ဝင်ကြေး စာရွက်စာတမ်း ဘာမှပေးစရာမလိုပါ၊ ပညာအလှူ)

Tin Lin Aung
09 897 806200

Edited: ဗဟန်းနဲ့နီးရင်လာခဲ့ပါ၊ ၂ ယောက်ထပ်ရပါမယ်၊ လူနည်းတော့ ကိုယ်ကတခုခုအားနည်းနေရင်‌တောင် နောက်ဆုတ်ပြီး ကျွန်တော်သေချာပြန်လုပ်လို့ရပါတယ်၊ Theory အခြေခံပြီး Practice အများကြီးကျင့်တဲ့စတိုင်ဖြစ်လို့ အသာလေးဖြေနိုင်ပါလိမ့်မယ်။

🎖️🎖️🎖️🎖️🎖️

သွေးအေးအေးလေးနဲ့ မနက်တရားထိုင်အပြီးကျင့်ထားရန်စကားစုများ (😠😡🤬 မျက်နှာတွင်ဒေါသအရိပ်အရောင်မပါရ၊ ခနဲ့ပြုံးပြုံးနိုင်သည် )(၁...
24/08/2024

သွေးအေးအေးလေးနဲ့ မနက်တရားထိုင်အပြီးကျင့်ထားရန်စကားစုများ

(😠😡🤬 မျက်နှာတွင်ဒေါသအရိပ်အရောင်မပါရ၊ ခနဲ့ပြုံးပြုံးနိုင်သည် )

(၁) နင်ဒီမှာလုပ်နေတာ ဘယ်လောက်ရှိပြီလဲ ...

How long have you been working here ?

(၂) ပြောရင်သေချာနားထောင်လေဟယ်၊ ငါတို့မှာလဲအလုပ်တွေရှိသေးတယ် ...

Listen to me carefully when I talk to you, Everybody has work to do.

(၃) မြန်မြန်ဟ၊ တနေ့လုံးအချိန်ရနေတာမဟုတ်ဘူး ...

Better hurry !!! We don't have all day.

(၄) ဘယ်အချိန်ရှိနေပြီလဲ ... (ခင်မို့မို့အေး မျက်နှာမျိုးဖြင့်)

What is the time now ???

(၅) ဘယ်နှစ်ခါပြောစေချင်‌နေတာလဲ၊ ဒါမလုပ်ပါနဲ့လို့ ...

How many times do I have to tell you ??? ( Not to do this )

(၆) မှတ်ထားဟဲ့ ...

Remember this !!!

(၇) ဒါနောက်ဆုံးအကြိမ်ဘဲ ...

This is the last time.

(၈) စာဖတ်တတ်တယ်လား ...

Can you read ???

(၉) ငါဖျင်ပြဲအောင်လုပ်ပေးနေတာ နင်လဲအသိသား ...

You know that I'm working my ass off from Day 1.

(၁၀) ငါ့မှာကျွေးစရာပါးစပ်ပေါက်တွေရှိသေးတယ် ...

I have a family to feed.

(၁၁) ငါဖျားတယ်ဆိုပြီး ဘယ်နှစ်ခါခွင့်ယူဘူးလို့လဲ ???

How many times do I take a sick leave ???

(၁၂) နင်ဆရာဆို နင်ပြော ...

You are the supervisor, you tell me ..

(၁၃) ဒီလိုအချိုးမျိုးနဲ့ဆိုရင်တော့ ရှေ့ဆက် ...

I cannot work like this anymore ...

(၁၄) ဆောရီးဘဲ၊ ငါ့အလုပ်ငါလုပ်‌တာ ...

I'm sorry, I'm just doing my job ...

(၁၅) ဒီကောင်အမွှေကျော် ...

This man will destroy everything ...

(၁၆) ဒါလေးတောင်မသိဘူးလား ...

You don't even know how to do it ?

(၁၇) နင့်ဟာနင်လုပ်ပါ ...

Do it yourself ...

(၁၈) ဒါဟာမိုင်ကုန်ဘဲ၊ ဒါကိုမင်းနားမလည် ... (သာဒီးလူ)

I give everything to this job ...
And you don't understand ...

(၁၉) ဒါကလေးကစားနေတာမဟုတ်ဘူး ...

This is not a game ...

(၂၀) မီးထဲကလူ မီးလူသား ...

I have nothing to lose, I came from the war zone ...

👺👹👿
☠️💀👻

ဒါတွေပြောလို့ အလုပ်ပြုတ်သွားတာ ဆက်ဆံရေးပျက်စီးသွားတာ ကိုယ့်ကို အငြိုးအတေးထားတာ‌တွေမရှိတဲ့အပြင် ပိုတောင်အဆင်ပြေသွားတာများပါတယ်နော် ....

(ထွက်မဲ့နေ့ကျမှတော့ ပြောမနေ‌နဲ့တော့)

22/08/2024

Interview

👨🏻‍💼👨🏻‍💼👨🏻‍💼

22/08/2024

Introduction

👨🏻‍💼👨🏻‍💼👨🏻‍💼

Address

Wingabar Road
Yangon
11183

Telephone

+959897806200

Website

Alerts

Be the first to know and let us send you an email when Lin Academy Professional Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Lin Academy Professional Training:

Shortcuts

Share

Category