Khai Zar Han

Khai Zar Han Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khai Zar Han, Education, Yangon.

Mental Health # # # # # # # # # # #စိတ်ဓာတ်ကျနေသူတွေ ၊ depression ရပြီး ဘာမှမဖြစ်သလို နေသူတွေကို တွေ့ဖူးပါသလား။ ငါတော့ သ...
05/09/2021

Mental Health
# # # # # # # # # # #

စိတ်ဓာတ်ကျနေသူတွေ ၊ depression ရပြီး ဘာမှမ

ဖြစ်သလို နေသူတွေကို တွေ့ဖူးပါသလား။ ငါတော့

သေချင်နေပါပြီလို့ တစ်ခွန်းမှမပြောပဲ နောက်ရက်

ကျ su***de လုပ်သွားတဲ့လူတွေကိုတွေ့ဖူးပါသလား။

တခါတလေ chat box မှာ ပို့လာတဲ့ Hi တစ်လုံးဟာ

ငါတော့ စကားပြော‌ဖော်လိုနေပါပြီ။ ငါနဲ့ တခုခု

ပြောပါ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေနိုင်ပါတယ်။

With_love
Khai_Zar_Eco

08/08/2021

Toxic people,mind ကိုရှောင်ပါ။ တချို့ လူ‌တွေ အကြောင်းအရာတွေနဲ့အတူ အတိတ်တွေကိုလက်လွှတ်တတ်ပါစေ။

သဘာဝရဲ့အလှအပကို ခံစားပါ။မနက်ခင်းနေရောင်ခြည်အောက်မှာ လက်လေးကိုဆန့်၊မျက်လုံးလေးမှိတ်ပြီး ခဏတာနေကြည့်ပါ။

စိတ်၏ငြိမ်းချမ်းမှုဆိုတာ ကိုယ်တွင်းမှာပဲရှိပါတယ်။


အခုလိုကာလမှာ စိတ်နေစိတ်ထားကို အတတ်နိုင်ဆုံး အကောင်းဖက်ထားပါ။ကျတော် နေ့စဉ်လုပ်ဆောင်နေတဲ့ အမူအကျင့်လေးအချို့မျှဝေပေးချင်ပါ...
11/07/2021

အခုလိုကာလမှာ စိတ်နေစိတ်ထားကို အတတ်နိုင်ဆုံး အကောင်းဖက်ထားပါ။

ကျတော် နေ့စဉ်လုပ်ဆောင်နေတဲ့ အမူအကျင့်လေးအချို့မျှဝေပေးချင်ပါတယ်။

👉🏻Affirmation နေ့စဉ်ရွတ်ပါတယ်။

🛎️ I am Strong
🛎️ I am Healthy
🛎️ I am Powerful

စသဖြင့် ကိုယ်နှစ်သက်တဲ့စကားလုံးလေးတွေပြောပါတယ်။ပြောတဲ့အခါ ဖြစ်သလိုမပြောပဲ ပြောတဲ့စကားကို နှလုံးသားနဲ့ ခံစားပြီးပြောပါတယ်။

ညအိပ်ချိန်လည်း Affirmation Audio ကိုနားထောင်ပြီးအိပ်ပါတယ်။ မသိစိတ်က သူ့အလုပ်သူလုပ်ပါလိမ့်မယ်။ (Hypnosis လေ့ကျင့်ခန်းတွေလည်း နှစ်သက်စွာကျင့်သုံးဖြစ်ပါတယ်။)

👉🏻ဝင်လေထွက်လေ နေ့စဉ်မှတ်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်းတစ်မျိုးပါပဲ။ နှာခေါင်းနဲ့ လေကို တဝကြီး ဝမ်ဗိုက်ထိရောက်အောင် ရှူသွင်းပြီး ပါးစပ်မှ လေပြန်ထုတ်တာပါ။

ရှူသွင်းတဲ့အခါမှာလည်း ကျန်းမာလတ်ဆတ်သောလေဟာ ငါ့ခန္ဓာကိုယ်ထဲ ဝင်လာပြီလို့ စိတ်ထဲမှတ်ပါတယ်။

ရှူထုတ်တဲ့အခါ ခန္ဓာကိုယ်ထဲမှမကောင်းသောအရာတွေပာာ လေနဲ့အတူပါသွားပြီလို့ နှလုံးသွင်းပါတယ်။

ဝင်လေ/ထွက်‌လေ ( ၇ ) ကြိမ်လုပ်ပါတယ်။
( အကြိမ်အရေအတွက်အဆင်ပြေသလိုလုပ်ပါ။)

ဝင်လေထွက်လေမှတ်နေချိန် Crystal လေးလက်ထဲကိုင်ထားပါတယ်။ Crystal Healing သဘောမျိုးပါ။

👉🏻 နေ့စဉ်မှန်ကြည့်ပြီး ပြုံးပါတယ်။

မကောင်းတာတွေချည်း မြင်ရ ကြားရဖန်များတော့ ပြုံးဖို့မေ့နေတတ်ပါတယ်။ တခြားလူကို မပြုံးပြဖြစ်ရင်တောင် ကိုယ်ပြုံးပြဖို့ အထိုက်တန်ဆုံးလူဟာ ကိုယ်ပါပဲ။

👉🏻Gratitude ကိုကျင့်သုံးပါတယ်

ညအိပ်ခါနီး တနေ့တာတွင်း ကိုယ်ကြုံရတဲ့အထဲမှ တစ်ခုကို ကျေးဇူးတင်ပါတယ်။ အနည်းဆုံးတော့ ကျတော် ဒီလိုမျှဝေဖို့ ဒေတာအပြည့်အဝရှိနေတယ်။ မိတ်ဆွေလည်း ဖတ်နိုင်တယ်မဟုတ်လား။
Thank You.... လို့ပြောကြည့်လိုက်ပါ။ စိတ်ခံစားချက် ပြောင်းလာပါလိမ့်မယ်။

ကျတော်ကိုယ်တိုင် ကျင့်သုံးလာတာ နှစ်နှစ်ခန့်ရှိပါပြီ။ တကယ်လိုက်လုပ်ကြည့်ပါ။ ထူးခြားတဲ့ရလဒ်တွေရလာပါလိမ့်မယ်။ ဘာတွေထူးခြားလဲ ကိုယ်တိုင်ခံစားကြည့်ပါ။


ပြဿနာကို မတွေ့ပါစေနဲ့ မရှိပါစေနဲ့လို့ ဆုမတောင်းပါနဲ့။ကိုယ်ဟာ ပြဿနာထပ် ပိုသန်မာနေပါစေ။
04/07/2021

ပြဿနာကို မတွေ့ပါစေနဲ့ မရှိပါစေနဲ့လို့ ဆုမတောင်းပါနဲ့။

ကိုယ်ဟာ ပြဿနာထပ် ပိုသန်မာနေပါစေ။


ကျတော်တို့အတွေးတွေကြောင့် လက်ရှိကျတော်တို့ဆိုတာဖြစ်တည်လာခြင်းဖြစ်တယ်။ ကောင်းသော အတွေးအခေါ်တွေနဲ့ နေ့တနေ့ကို စတင်ပါ။ တစ်ဦ...
01/07/2021

ကျတော်တို့အတွေးတွေကြောင့် လက်ရှိကျတော်တို့ဆိုတာဖြစ်တည်လာခြင်းဖြစ်တယ်။

ကောင်းသော အတွေးအခေါ်တွေနဲ့ နေ့တနေ့ကို စတင်ပါ။

တစ်ဦးတစ်ယောက်စီတိုင်းဟာ ပိုကောင်းသော အတွေးအခေါ်တွေနဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်ကြပါစေ။


06/06/2021

ဒီနေ့ ကိုယ်ဟာချောင်ပိတ်မိနေပြီ ကံဆိုးလိုက်တာ ငါ့ဘဝတော့ အဆင်မပြေဘူးလို့တွေးမိတိုင်း..........

အနည်းဆုံးတော့မနက်မိုးလင်း နိုးထလာနိုင်သေးတယ်။

ကျောခင်းစရာ မိုးလုံလေလုံ နေရာတစ်နေရာရှိတယ်။

သောက်စရာရေချိုရေသန့် ၊ ချစ်ခင်ရသူတွေနဲ့အတူရှိနေပါလားဆိုတဲ့ အတွေးမျိုး အမြန်ပြောင်းပစ်ပါ။

အတွေးတွေက ဘဝကိုပြောင်းလဲစေပါတယ်။


20/05/2021

E + R = O
Event + Response = Outcome

07/05/2021

ကျတော်သိပ်လေးစားရတဲ့ mentor တစ်ယောက်ရဲ့စကား

(တခါတရံ ဘဝမှာ လမ်းပျောက်သွားတာဟာကောင်းတယ်တဲ့။ လမ်းပျောက်မှ လမ်းသစ်ဖောက်ဖြစ်မှာလို့ပြောဖူးတယ်။)

လက်ရှိ အ‌နေအထားအတိုင်းဆို သိပ်မှန်တာပဲလို့တွေးမိတယ်။

ကျတော်တို့တော်တော်များများ လမ်းပျောက်နေကြတယ်။ ။ ။ တခါမှ မရောက်ဖူးသေးတဲ့လမ်းအသစ်တွေပေါ်လျှောက်ရင်း လမ်းပျောက်နေတာဟာ လမ်းသစ်ဖောက်ဖို့အတွက်အခွင့်ကောင်းပဲလို့သိလာရတယ်။ ။ ။

Limiting Beliefs တွေကိုလွှတ်ချရင်း ကိုယ့်ရဲ့ soul ဆီကအသံလေးနားထောင်ပြီး လမ်းသစ်တွေဖောက်နိုင်ကြစေဖို့ ဆန္ဒပြုပါတယ်။ ။ ။

Khai_Zar_Han
5.7.2021

25/01/2021

သူငယ်ချင်းတွေနဲ့တွေ့ရင် မေးကြတာက ကျတော်ဘာလုပ်နေလဲ❔

သဘောရိုးနဲ့ မေးတာလည်းရှိသလို ဟာ... သူက ဘယ်မှာလုပ်နေလဲ၊ ဝင်ငွေဘယ်လောက်ရှိလဲ စသဖြင့် ပြိုင်ချင်တဲ့သဘောလည်းပါမှာပေါ့။ ။ ။
အဲ့လိုမေးတိုင်း ကျတော်အမြဲပြောတဲ့စကားက သင်တန်းတက်နေတာ ဘာသင်တန်း ညာသင်တန်း စသဖြင့်ပြန်ဖြေနေကျ။ ။ ။

သူတို့ကပြန်ပြောတယ် ဟာ ခုထိ သင်တန်းတွေတက်တုန်းလား❔

တက်ရမယ်လေ။ ဘွဲ့ရတာနဲ့ ဘာလဲ ဂုရုကြီးဖြစ်သွားတာပဲလား။ ကျောင်းက မသင်ပေးတဲ့ပညာတွေဆိုတာ လောကမှာအများကြီးမှအများကြီး။
အခုလို အပြိုင်ဆိုင်များတဲ့ခေတ်၊ လျင်မြန်တိုးတက်နေတဲ့ခေတ်မှာ နည်းပညာ၊ လူမှုဆက်ဆံရေး၊ Soft Skills ၊ ခေါင်းဆောင်မှုပညာ စတာတွေဟာ လိုကိုလိုအပ်တယ်။

လေ့လာသင်ယူခြင်းမရှိရင် ကျန်ခဲ့မှာပဲ။လေ့လာသင်ယူမှုမှာလည်း Learn,Unlearn,Relearn. ပုံစံနဲ့ကျတော်သွားပါတယ်။



လိုအပ်တာတွေကို သင်ယူတယ်။ လုပ်ငန်းအတွက်နည်းပညာပိုင်းအချို့ ကိုယေဘုယျ လေ့လာတယ်။ (ပညာရှင်တွေ တတ်ကျွမ်းသူတွေခန့်ရမယ်ဆိုလည်း ခန့်ပါ မနှမြောပါနဲ့ တချို့က နှမြောတယ်။လုပ်ငန်း အကြီးအသေးပေါ်မူတည်ပြီး ချိန်ပါ )



အရင်က သင်ယူခဲ့ဖူးတဲ့ပညာတွေရှိတယ်။ ကျတော့် လက်တွေ့ဘဝထဲ အသုံးချလို့မရတော့ဘူး။ ကျတော့်လမ်းကြောင်းမဟုတ်ဘူးဆိုရင် လွှတ်ချလိုက်ပါတယ်။



တချို့ပညာတွေက ပြန်သင်ယူရတယ်။ အရင်က သင်ခဲ့ဖူးတယ် အခုလက်တွေ့မှာ ပိုလိုအပ်လာတဲ့ပညာတွေဆိုရင် ပြန်လေ့လာရတယ်။ ။ ။ ငယ်ငယ်က တရားထိုင်ဖူးတယ် စနစ်တကျမသိဘူး ခြေထောက်ကျဉ်တယ် ဘာ ညာနဲ့ ဆက်မလုပ်ဖြစ်တာအတော်ကြာသွားတယ်။ အခု လက်တွေ့မှာ ပြန်လိုအပ်လာတော့ ကျတော် Relaxation တို့ Meditation တို့ကို ပြန်လေ့လာရတယ်။ ။ ။

တကယ်တော့ ဘဝဆိုတာ ထာဝရကျောင်းတော်ကြီးပဲ ဘဝထဲမှာသင်၊ သင်ယူထားတာတွေကိုပဲ ဘဝထဲမှာ ပြန်အသုံးချရတာ ပျော်ဖို့ကောင်းတယ်။ ။ ။

တခြားလူနဲ့ ပြိုင်ဆိုင်ဖို့ သင်ယူနေတာမဟုတ်ဘူး ကိုယ့်ဘဝထဲ ပြန်အသုံးချဖို့နဲ့ ကိုယ်တိုင်တိုးတက်အောင်လုပ်တဲ့အတွက် လေ့လာခြင်းကို မြတ်နိုးစွာဖက်တွယ်ထားတဲ့ ထာဝရ ကျောင်းသားဆိုလည်း မမှားပါဘူး။ ။ ။


12/01/2021

No whining, Wednesday

Khai Zar Han

06/01/2021

If you fail to plan, you plan to fail
မှန်ကန်သောနိယာမ

✨✨✨Welcome 2021✨✨✨✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓👉🏻မကြာခင် 2020 ကို ကျတော်တို့နှုတ်ဆက်ရတော့မယ်။ ။ 🗯️2020ကို စကားတစ်ခွန်းပြောပြီ...
30/12/2020

✨✨✨Welcome 2021✨✨✨

✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓

👉🏻မကြာခင် 2020 ကို ကျတော်တို့နှုတ်ဆက်ရတော့မယ်။ ။

🗯️2020ကို စကားတစ်ခွန်းပြောပြီး နှုတ်ဆက်ပါဆိုရင် စာဖတ်သူ ဘယ်လိုစကားမျိုးနဲ့ နှုတ်ဆက်မလဲ။

📜ကျတော့်ကတော့ “ Thank You ” လို့ပြောပြီး နှုတ်ဆက်မယ်။ ။

📜ဘဝမှာ ဘာ‌တွေကအရေးကြီးပြီး ဘာကထားခဲ့ရမယ့်အရာတွေ၊ လွှတ်ချရမယ့် အရာတွေ စသဖြင့် ရှင်းရှင်းလင်းလင်းသိ‌စေခဲ့တယ်။

📜တချို့လူတွေက ကိုယ့်ဘဝမှာ ဖြတ်လျှောက်အနေအထားနဲ့ရောက်လာပြီး တချို့ကတော့ မိတ်ဆွေကောင်းအနေနဲ့ရောက်လာကြတယ်။( ကိုယ်တိုင်ကတော့ 🤴ပေါ့)

📜ဘယ်လိုလူတွေကို ထားခဲ့ရမလဲ ဘယ်လိုလူနဲ့ရှေ့ဆက်ရမလဲ သဲသဲကွဲကွဲမြင်လာတယ်။

📜တချို့ဖြစ်ရပ်ကြောင့် ပိုမိုရင့်ကျက်ခဲ့တယ်။
အသစ်အသစ်သော ပညာရပ်တွေလေ့လာခဲ့ရတယ်။
Inner Peace ✌️ ကိုရှာဖွေတွေ့ရှိခဲ့တဲ့နှစ်ပါပဲ။ ။

ဒီလိုတွေ့ရှိဖို့ဆိုတာကလည်း လွယ်လွယ်နဲ့ရလာတာမဟုတ်ပါဘူး။ကျတော်ကိုယ်တိုင်က awareness ရှိရှိ ရှာဖွေနေခဲ့တာကိုး။

⏲️ အချိန်တွေပေးခဲ့ရတယ်၊

💰 ငွေတွေရင်းခဲ့ရတယ်၊

💪အင်အားတွေစိုက်ထုတ်ခဲ့ရတယ်၊

အလုပ်မဖြစ်တဲ့ 💭 အတွေးအခေါ်တွေအစား အတွေးသစ်တွေနဲ့လမ်းအသစ်တွေဖောက်ခဲ့ရတယ်၊ ရှေ့ဆက်ပြီးလမ်းသစ်ကို နက်နက်နဲနဲ ဆက်လျှောက်မယ်။

🧐လမ်းတစ်လျှောက် ဘာတွေဆက်တွေ့ရမလဲ ရင်ခုန်စွာမျှော်လင့်နေပါတယ်။ ဘဝလမ်းမှာတွေ့သမျှတော့ ကျတော်ကောက်မှာမဟုတ်ပါဘူး။ ။ ။

🙏🏻ကျတော့်ကို ပညာရပ်အသစ်များ မိတ်ဆက်ပေးခဲ့တဲ့ ဆရာ/ ဆရာမ တစ်ဦး တစ်ယောက်စီတိုင်းကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ။

🙏🏻တွေ့ကြုံခဲ့ရတဲ့ ပတ်ဝန်းကျင်၊ အကြောင်းအရာ၊ ဖြစ်ရပ်တွေနဲ့ အယောက်စီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ။

👉🏻ဒီနေ့ ကျတော်ဟာ 2020 ရဲ့ နောက်ဆုံး version ပါပဲ။ ။ ။

🤗2021 မှာ New Version နဲ့ပြန်ဆုံကြမယ်။🤗


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Khai Zar Han posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category