17/05/2021
For International Education
GCSE ဖြေဆိုဖို့အတွက် ဘာသာရပ်များ ရွေးရာဝယ်....
Cambridge International Examination မှ စစ်ဆေးသော International General Certificate of Secondary Education (IGCSE) စာမေးပွဲများတွင် ဘာသာစကားများအပါအဝင် ဘာသာရပ်ပေါင်း ၄၀ ကျော်ကို ဖြေဆိုနိုင်သည်။
ဖြေဆိုရာတွင် အောင်ချက် လက်ခံမှု စံနှုန်း
ကမ္ဘာ့ တက္ကသိုလ်အများစု ၏ တသတ်မှတ်တည်း လက်ခံထားသည့် စံနှုန်းမှာ ကျောင်းသား/သူ တစ်ဦးသည် IGCSE စာမေးပွဲတွင် အနည်းဆုံး ၅ ဘာသာ ဖြေဆို အောင်မြင်ရန် လိုအပ်ပါသည်။
- အနည်းဆုံး ၅ ဘာသာ သတ်မှတ်ချက်တွင် English/ Mathematics/ One Science အတွဲ ပါဝင်ရန် လိုအပ်ပြီး အခြား မိမိ စိတ်ဝင်စားသော ဘာသာရပ်များကို ပေါင်းစပ် ရယူနိုင်ပါသည်။
- အောင်မှတ် သတ်မှတ်နှုန်း (Pass Grade) သည် "C" Grade ရရှိရန် လိုအပ်ပြီး စုစုပေါင်း ပေးမှတ်၏ ၆၀% မှ ၆၅% အတွင်း ရရှိရန် လိုအပ်ပါသည်။
IGCSE စာမေးပွဲဖြေဖို့ ဘယ်လို ဘာသာရပ်တွေ စုစည်း ယူသင့်ပါသလဲ
( )
ESL or EFL, A Maths, E Maths, Physics, Chemistry, Biology (6 subjects)
အထက်ဖော်ပြပါ ဘာသာရပ် ၆ ခုကို ရွေးချယ်ဖြေဆိုထားသော ကျောင်းသား/သူများ အနေနှင့် တက္ကသိုလ်တွင် မည်သည့််ဘာသာရပ်ကိုမဆို ဆက်လက်ရွေးချယ် တက်ရောက်နိုင်သည်။ (Medicine, Biomedical, Engineering, Computer Programmes, IT Engineering, စသည်ဖြင့် Engineering နှင့်သက်ဆိုင်သည့် ဘာသာရပ်မျိုးစုံ, Business Admission, Education, Art စသည်ဖြင့်)
( )
အချို့ ကျောင်းသား ကျောင်းသူများက တက္ကသိုလ်တွင် ICT နှင့် သက်ဆိုင်သည့် ဘာသာရပ်များကိုသာ ဆက်လက်တက်ရောက်ရန် စိတ်ဝင်စားပါက
ESL/ EFL, A Maths, E Maths, Physics, Chemistry ဘာသာရပ်များကို မဖြစ်မနေ ရွေးချယ်ရန် လိုအပ်သည်။
Information & Communication Technology(ICT) နှင့် Computer Science ဘာသာရပ်များကို တွဲဖက်ရွေးချယ်ပါက University တွင် ဆက်လက်တက်ရောက်သည့်အခါ ပိုမို လွယ်ကူမှု ရှိနိုင်ပြီး မိမိရွေးချယ်သည့် ဘာသာရပ်တွင်လည်း အမှန်တကယ် စိတ် ဝင်စားမှု ရှိ..မရှိ ကြိုတင်လေ့လာနိုင်ပါသည်။
()
Electrical, Material, Mechanical, Architecture, Civil, Chemical စသည်ဖြင့် အမျိုးမျိုးသော Engineering Field Study ကို သွားလိုပါက
ESL/ EFL, A Maths, E Maths, Physics, Chemistry ကို အဓိက ထားယူနိုင်ပြီး မိမိ စိတ်ဝင်စားနိုင်မည့် အခြား ဘာသာရပ်များကို ပူးတွဲ ရယူနိုင်ပါသည်။
(, )
အချို့ကျောင်းသား/သူများ သည် Science ဘာသာရပ်များကို စိတ်ဝင်စားမှု အားနည်းပြီး ကျက်စာဘာသာရပ်များကို စိတ်ဝင်စားပါက
ESL/EFL, A Maths, E Maths, (One Science) နှင့် မိမိတို့ စိတ်ဝင်စားသည့် Business Studies, Accounting, Economics စသည့် ဘာသာရပ်များကို ဆက်စပ်ယူနိုင်ပါသည်။
ဘယ် Option က အကောင်းဆုံးလဲ
ကျောင်းသား/သူ တစ်ဦးချင်း လိုအပ်ချက်များ ကွဲပြားခြားနားသည့် အလျှောက် မိမိတို့ ဆက်လက်ရွေးချယ်တက်ရောက်မှုများမှာလည်း မတူညီနိုင်သဖြင့် ကျောင်းသား/သူ တစ်ဦးချင်း၏ စိတ်ဝင်စားမှု... အားသာချက်များ ရှိသည့် Option ကိုသာ ရွေးချယ်သင့်ပါသည်။
IGCSE စတက်တက်ချင်း ဘယ်နှစ်ဘာသာ ရွေးချယ် တက်ရောက်သင့်သလဲ
- စာမေးပွဲ စံနှုန်းအရ အနည်းဆုံး ၅ ဘာသာ အောင်မြင်ရန် လိုအပ်သည် ဖြစ်ရာ ဖြေဆိုချိန်တွင် ၆ ဘာသာ ဖြေဆိုလျှင် ပိုမိုကောင်းမွန်ပါသည်။
- IGCSE ဖြေဆိုရန် အနည်းဆုံးအချိန် ၁ နှစ် သို့မဟုတ် ၁ နှစ်ခွဲခန့် ပြင်ဆင်ကြသည်ဖြစ်ရာ လေ့လာစဉ်ကာလတလျှောက် ကျောင်းသား/သူများ မှ စိတ်ဝင်စားမှု ပြောင်းလဲနိုင်သည်။
- သို့ဖြစ်ရာ စတက်တက်ချင်း ကာလများတွင် အနည်းဆုံး ၆ ဘာသာ သို့မဟုတ် ၇ ဘာသာရွေးချယ်ပါက ပိုမို ကောင်းမွန်သည်။
IGCSE တွင် ဘာသာရပ် များများ ယူခြင်းက အကျိုးကျေးဇူးရှိပါသလား
- ကျောင်းသား/သူများ မှ သင်ခန်းစာများကို ကောင်းစွာလေ့လာပါက ဘာသာရပ်များများ ယူခြင်းဖြင့် Field of Study ကို ပိုမို ကျယ်ပြန့်စွာ လေ့လာနိုင်သည်။ University တက်ရောက်ရန် ဘာသာရပ်များ ရွေးချယ်ရာတွင် အထောက်အကူ ဖြစ်စေသည်။
- ထို့ထက် ပိုမိုသည့် အကျိုးကျေးဇူးများမှာ Scholarship လျှောက်ထားခြင်း..High Rank University လျှောက်ထားခြင်းများတွင် များစွာ အထောက်အကူဖြစ်စေသည်။
- ဘာသာရပ်များကို ရွေးချယ်နိုင်ရန်
- Eng as Second Language (စာမေးပွဲတွင် Four Skills ဖြေဆိုရပြီး Language Skill ကို အလေးထား သင်ကြားသည့် သင်ခန်းစာများကို လေ့လာရမည်။)
- Eng as First Language သည် Language Skill အပြင် ကျောင်းသား/သူများ၏ တွေးခေါ်စွမ်းရည်..သုံးသပ်စွမ်းရည် [Critical & Analytical Skill] ကိုပါ ပူးတွဲ လေ့လာစေသည်။
ESL & EFL တွင် EFL ဘာသာရပ်သည် ပိုမိုခက်ခဲပြီး English အခြေခံကောင်းသော၊ စာရေးခြင်း စာဖတ်ခြင်း စဉ်းစားတွေးခေါ်ခြင်းကို ဝါသနာပါသော ကျောင်းသား/သူ များ တက်ရောက်သင့်သည်။
- ပုံမှန်အားဖြင့် E Maths ကို ကျောင်းသား/သူ တိုင်း သင်ယူလေ့ရှိပြီး ငယ်စဉ်ကတည်းက သင်ကြားခဲ့သော သင်ခန်းစာများနှင့် များစွာ ဆက်စပ်မှုရှိသည်။
- A Maths သည် အနည်းငယ် ပိုမိုခက်ခဲလေ့ရှိပြီး Maths Foundation ကောင်းသူများ ရွေးချယ်သင်ယူလေ့ရှိသည်။ A Maths ယူခြင်းဖြင့် University တက်ရောက်ရာတွင် Mathematics ဘာသာရပ်ကို ပိုမို လွယ်ကူစေသည်။
- IGCSE ပြီးလျှင် A level ဆက်လက်တက်ရောက်ရန် ရည်ရွယ်ပါက A Maths သည် မဖြစ်မနေ ယူသင့်သည့် ဘာသာရပ်ဖြစ်သည်။
, ,
- Science ဘာသာရပ်များသည် စိတ်ဝင်စားပါက လေ့လာရ လွယ်ကူသော ဘာသာရပ်များ ဖြစ်သည့်အပြင် အောင်မှတ် ဂုဏ်ထူးမှတ် ရလွယ်သည့် ဘာသာရပ်များ ဖြစ်ရာ မိမိ စိတ်ဝင်စားသည့် Science ဘာသာရပ်အား အနည်းဆုံး တစ်ဘာသာ ရွေးချယ်ရန် လိုအပ်သည်။ Engineering Subjects များအား ဆက်လက်တက်ရောက်လိုပါက အနည်းဆုံး Science ၂ ဘာသာရွေးချယ် တက်ရောက်သင့်သည်။
- ICT Subjects သည် ယနေ့ခေတ်တွင် General Subject တစ်ခုအနေဖြင့် ယူဆလာကြပြီး မည်သူမဆို ရွေးချယ်သင့်ပါသည်။ ICT Subject တွင် Computer ၏ အစိတ်အပိုင်းများ. Email & Internet, Networking အနည်းငယ်, Microsoft Office Suite (Word, Excel, PPT, စသည် အကြောင်းအရာများ), Website ရေးနည်း အခြေခံများကို လေ့လာရမည်။
- Computer Science ဘာသာရပ်သည် Software Engineering, Networking Engineering, Information Analysis စသည့် အကြောင်းအရာများကို စိတ်ဝင်စားသည့် ကျောင်းသား/သူ များ ရွေးချယ်နိုင်သည်။ Computer System, Programme Subject အခြေခံအကြောင်းအရာများကို လေ့လာသင်ယူရမည်။
- Business Studies ဘာသာရပ်သည် လုပ်ငန်းတစ်ခု၏ အခန်းကဏ္ဍများကို စီမံခန့်ခွဲပုံများ (Marketing, HR, Operations & Production), Finance နှင့် နိုင်ငံများအကြား ကူးသန်းရောင်းဝယ်ရေး အခြေခံများကို လေ့လာရမည့် ဘာသာရပ်ဖြစ်သည်။
- Economics ဘာသာရပ်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အဆောက်အအုံအတွင်း ပါဝင်နေသော စားသုံးသူ အိမ်ထောင်စုများ. လုပ်ငန်းများ..အစိုးရ၏ အခန်းကဏ္ဍ.. နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး အခန်းကဏ္ဍ... ချေးငွေ.. အလုပ်လက်မဲ့ ပြဿနာ.. ငွေကြေးဖောင်းပွခြင်း... ဝယ်လိုအား.. ရောင်းလိုအား.. စျေးနှုန်းများ.. အစိုးရ မူဝါဒများ.. ငွေကြေးလဲလှယ်နှုန်းများ .. စျေးကွက်များ စသည်ဖြင့် နိုင်ငံတစ်နိုင်ငံအတွင်း ဖြစ်ပေါ်နေသော အကြောင်းအရာများကို လေ့လာရမည်။
ထူးခြားချက်မှာ ၂ ဘာသာလုံးသည် ကျက်စာ ဘာသာရပ်များဟု အလွယ်သတ်မှတ်နိုင်သော်လည်း ဖြေဆိုရာတွင် မိမိနားလည်သည့် သီအိုရီ နှင့် မေးခွန်းများကို ဆက်စပ် ဖြေဆိုရသည့် ဘာသာရပ်များ ဖြစ်သဖြင့် စာဖတ်အား နှင့် English Academic Writing Skill ကောင်းရန် လိုအပ်ပါသည်။
- Accounting အား ယေဘူယျ အားဖြင့် တွက်စာ ဘာသာရပ် အမျိုးအစားဟူ၍ သတ်မှတ်နိုင်သော်လည်း တွက်စာ.. ကျက်စာ ပါဝင်သော ဘာသာရပ်ဖြစ်သည်.. အကြမ်းအားဖြင့် လုပ်ငန်းတစ်ခု၏ ဝင်ငွေ.. ထွက်ငွေ.. ရောင်းအား.. အသုံးစရိတ်.. လုပ်ငန်းမှ ပေးရန် ရရန် စာရင်း လုပ်ငန်း မတည်ငွေ စသည့်ဖြင့် လုပ်ငန်းတစ်ခု၏ စာရင်းဇယားများကို ရေးသားပြုစုပုံများ အကြောင်း သင်ယူရမည်. LCCI level 2 အနေအထား သင်ခန်းစာများကို လေ့ကျင့်သင်ယူရမည်။
Crd: