11/09/2023
Education Institute
11/09/2023
28/08/2023
07/08/2023
"Trinity International Collegeမှာ ဘာကြောင့်တက်ရောက်သင့်တာလဲ?"
၂၁ရာစုအတွက် ကျွန်ုပ်တို့၏ Trinity International Collegeမှာ တက်ရောက် သင်ယူသူများအတွက် ပညာရပ်ဆိုင်ရာများကို ပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းပေးရန် ကျွန်ုပ်တို့ ကတိပြုပါသည်။ အိုင်စီတီ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ လူမှုသင်ယူမှုနှင့် ဆက်သွယ်ရေးတို့ကို အသုံးပြုခြင်းဖြင့် သင့်အနေနဲ့ သင်ယူလေ့လာမှုများကို ထိရောက်စွာ ထိတွေ့နိုင်မည်ဟု ကျွန်ုပ်တို့အာမခံပါသည်။
🎓 Vision
မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အရည်အသွေးမြင့်၊ လိုက်လျောညီထွေရှိပြီး နိုင်ငံတကာအသိအမှတ်ပြု သင်တန်းများကို သက်သာသောစျေးနှုန်းဖြင့် သင်ကြားပေးရန်။
🎓 Mission
နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးမီ ပညာရေးကို ပံ့ပိုးပေးခြင်းဖြင့် အရည်အချင်းပြည့်မီသော ခေါင်းဆောင်များဖြစ်လာစေရန်။
ကျောင်းသားများအား ဖွံ့ဖြိုးတိုးတက်စေရန်။
10/07/2023
"Trinity International College"
အားလုံးပဲ မင်္ဂလာပါ....
ပညာရဲရင့် ပွဲလယ်တင့်ဆိုတဲ့ ဆိုရိုးစကားအတိုင်း နိုင်ငံတကာရှိ တက္ကသိုလ်များနဲ့ ချိတ်ဆက်ထားတဲ့ အဆင့်မြင့်ပညာရပ်များကို လေ့လာသင်ယူလိုစိတ်ပြင်းပြသူတိုင်းအတွက် Trinity International College မှ နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်း သတင်းစကားလေးပါးလိုက်ပါရစေ။
ကျွန်တော်တို့ Trinity International College နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များနဲ့လည်း မိတ်ဆက်ပေးလိုက်ပါတယ်။
လေ့လာကြည့်ကြပါဦးနော်။
🎓 Lincoln University College, Malaysia
Lincoln University College (LUC) သည် မလေးရှားနိုင်ငံ Petaling Jaya တွင်တည်ရှိပြီး Lincoln College (LC) အဖြစ် ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် Lincoln University College သို့ အဆင့်မြှင့်တင်ခဲ့ပါသည်။
Lincoln University College (LUC)သည် အဆင့်မြင့်ပညာရေးဝန်ကြီးဌာနနှင့် မလေးရှားအရည်အချင်းစစ်အေဂျင်စီ (MQA- National Accreditation Board)မှ အတည်ပြုထားသော အဆင့်မြင့်ပညာရေး၏ ထိပ်တန်းပုဂ္ဂလိကကျောင်းများထဲမှ တစ်ခုဖြစ်သည်။
LUC သည် ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနမှနေ၍ 5Star အထိ အဆင့်သတ်မှတ်ခြင်းခံခဲ့ရသည်။
LUC ကို Times Higher Education (THE) University Impact Rankings ၂၀၁၉ အရ ထိပ်တန်းမလေးရှားတက္ကသိုလ် ကိုးခုတွင် စာရင်းသွင်းထားသည်။
LUC သည် ISO 9001:2015 အသိအမှတ်ပြု ပညာရေးအဖွဲ့အစည်း တစ်ခုလည်းဖြစ်သည်။
LUC သည် Association of Indian Universities (AIU)၊ Association of Commonwealth Universities (ACU), London နှင့် International Association of Universities (IAU), Paris ၏ တွဲဖက်အဖွဲ့ဝင်လည်းဖြစ်သည်။
🎓 European International University, France
European International University သည် ပြင်သစ်နိုင်ငံ အစိုးရ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု၊ အဆင့်မြင့်ပညာရေး ဝန်ကြီးဌာန၏ အုပ်ထိန်းမှုအောက်တွင်ရှိသော ပဲရစ်မြို့ရှိ ပါမောက္ခချုပ်ရုံးမှ ခွင့်ပြုထားသည့် အမှီအခိုကင်းသော ပုဂ္ဂလိက အဆင့်မြင့်ပညာရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
EIU သည် ပြင်သစ်အမျိုးသားအဆင့် သင်ရိုးညွှန်းတမ်းနှင့် ကွဲပြားသော အဆင့်မြင့်ပညာရေးအစီအစဉ်များနှင့် ပြင်သစ်ပြည်သူ့ အဆင့်မြင့်ပညာရေးကဏ္ဍအောက်တွင်ရှိသော ပြင်သစ်အစိုးရအသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့်အရည်အချင်းများရရှိစေမည့် ပရိုဂရမ်များကို ပံ့ပိုးပေးပါသည်။
EIU မှ ပံ့ပိုးပေးသော ပရိုဂရမ်များနှင့် ဝန်ဆောင်မှုများအားလုံးသည် ASIC၊ UK တို့ကဲ့သို့သော ပြင်သစ်နိုင်ငံ အဆင့်မြင့်ပညာရေးဝန်ကြီးဌာန နှစ်ခုလုံးမှ ပုံမှန်လုပ်ဆောင်သော စစ်ဆေးခြင်းနှင့် အရည်အသွေးအာမခံမှုလုပ်ငန်းစဉ်များမှတစ်ဆင့် နိုင်ငံတကာ စံနှုန်းသတ်မှတ်ခြင်းခံထားရသည်။
QS Intelligence Unit မှ သင်ကြားရေးနှင့် အွန်လိုင်းသင်ယူမှုတွင် EIU သည် 5 STAR အဆင့်သတ်မှတ်ခံရသည်။
European International University ကို နိုင်ငံတကာကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များ (ASIC) အတွက် တရားဝင် အသိအမှတ်ပြုဝန်ဆောင်မှုမှ အသိအမှတ်ပြုထားသည်။
🎓Horizons University, France
Horizons တက္ကသိုလ်သည် ပြင်သစ်အခြေစိုက် ပုဂ္ဂလိက အဆင့်မြင့် ပညာရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး BBAs၊ MBAs၊ DBAs နှင့် Ph.D သင်တန်းများတစ်ဆင့် Marketing, Management, Commerce, Communication, Entrepreneurship အစရှိသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များအတွက် လေ့ကျင့်ရေးများကို ပံ့ပိုးပေးသည်။
Horizons University သည် နိုင်ငံတကာပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်သွယ်ရေးနှင့် ပြင်သစ်ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ အွန်လိုင်းမဟာဘွဲ့များနှင့်အတူ စီးပွားရေးနယ်ပယ် (BBA၊ MBA နှင့် DBA programs) တွင် အသိအမှတ်ပြုဘွဲ့အစီအစဉ်အမျိုးမျိုးကို ပေးအပ်ပါသည်။
Horizons University သည် ASIC (Accreditation Service for International Schools, Colleges and Universities), ECBE (European Council for Business Education) and ACBSP (Accreditation Council For Business Schools & Programs) မှ အသိအမှတ်ပြုထားသော ကျောင်းတွင်းနှင့် အွန်လိုင်းဘွဲ့အစီအစဉ်များကို ပံ့ပိုးပေးရန်အတွက် ပြင်သစ်ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသော ပဲရစ်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
အနာဂတ်မှာ အောင်မြင်မှုတွေ ဆွတ်ခူးဖို့ အခွင့်အလမ်းကောင်းများစွာ ယူဆောင်ပေးမဲ့ Trinity International College သို့ လှမ်းလာခဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်။
05/07/2023
“အောင်မြင်မှုမိုင်တိုင်များစွာ စိုက်ထူနိုင်မဲ့ အခွင့်အရေး”
အားလုံးပဲ မင်္ဂလာပါ...
သင်က အဆင့်မြင့်ပညာရပ်များကို သင်ယူလေ့လာဖို့အတွက် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ၊ ကောလိပ်များ၊ ပုဂ္ဂလိကကျောင်းများနဲ့ ချိတ်ဆက်သင်ကြားပေးလျက်ရှိတဲ့ ပြည်တွင်းရှိ တက္ကသိုလ်တစ်ခုခုမှာ တက်ရောက်ဖို့ စိတ်အားထက်သန်နေသူတစ်ယောက်ဆိုရင် သင့်စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် Trinity International Collegeနဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာအဆင့်မီ ကျောင်းများကို လေ့လာလို့ရအောင် မိတ်ဆက်ပေးလိုက်ပါတယ်။
EU Graduate School, Switzerland ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?
🎓 Accreditation Service for School, Collage and Universities (ASSCU)ဆိုတာ နိုင်ငံတကာကျောင်း၊ ကောလိပ်နဲ့ တက္ကသိုလ်များဆိုင်ရာ အသိအမှတ်ပြုအေဂျင်စီဖြစ်ပြီး ပြင်သစ်နိုင်ငံ ဥပဒေအရ မှတ်ပုံတင်ထားတာ ဖြစ်ကာ နိုင်ငံတကာ အသိအမှတ်ပြုခံရတဲ့ အေဂျင်စီ ဖြစ်ပါတယ်။ ASSCU က EU Graduate School ရဲ့ပညာရေး အစီအစဉ်တွေကို အသိအမှတ်ပြုထားပါတယ်။
🎓 European Accreditation Agency for Higher Education (EAAHE) ဆိုတာ ကမ္ဘာတစ်ဝှမ်း ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အရည်အသွေး အာမခံချက်အဆင့်အတန်းကို မြှင့်တင်ဖို့ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အရည်အသွေးအာမခံချက်ဆိုင်ရာ အေဂျင်စီပဲ ဖြစ်ပါတယ်။ EAAHE က EU Graduate School ရဲ့ပညာရေး အစီအစဉ်တွေကို အသိအမှတ်ပြုထားပါတယ်။
🎓 Accreditation Council for Intentional Business School (ACIBS)ဆိုတာ စာသင်သားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ ပညာရေးဆိုင်ရာ အရည်အသွေးအာမခံချက်ရှိစေဖို့ ဖွဲ့စည်းထူထောင် ထားတဲ့ကောင်စီ ဖြစ်ပြီးတော့ EU Graduate School ဟာ (ACIBS) ကောင်စီရဲ့ အသိအမှတ်ပြု အဖွဲ့ဝင်ကျောင်းပဲဖြစ်ပါတယ်။
🎓 EUROPEAN Distance Learning Association (EDLA)ဆိုတာ အွန်လိုင်းနှင့် အဝေးသင် သင်ကြားမှုများဆိုင်ရာ အရည်အသွေးမြှင့် ပညာရေးကို စိစစ်ကြီးကြပ်သော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီး EU Graduate School သည်လည်း ယင်းအဖွဲ့အစည်းကို ဦးဆောင် ထူထောင်သော အဖွဲ့ဝင်ဖြစ်ပါတယ်။
- ကမ္ဘာအနှံတွင် Branch Partnership Campus များဖွင့်လှစ်ထားခြင်း။
- Complete University Ranking ရဲ့ Best Business Schools Rank 189 တွင် ရပ်တည်နေခြင်း။
- ISO 9001:2015 / ISO 21001:2018 ရရှိထားခြင်း။
မှန်ကန်တဲ့ရွေးချယ်မှုများက သင့်ရဲ့အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေ ယူဆောင်လာပေးမယ်လို့ မျှော်လင့်ပါတယ်။
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |