GYS Language Academy

GYS Language Academy English, Chinese, Korean, Japanese, Thai
သင်တန်းတွေကို
GYS မှာ Application နဲ့လေ့လာနိုင်ပါပြီ ...
(483)

22/06/2026

📣ပိုက်ဆံတစ်ပြားမှ ကုန်ကျစရာမလိုတဲ့
အခမဲ့ ထိုင်းသင်ခန်းစာလေးတွေ
လေ့လာလို့ရတယ်ဆိုတာသိပြီးကြပြီလား
Thai Classes By GYS Telegram Channel မှာဆိုရင်
ထိုင်းဘာသာစကားနဲ့ ပတ်သက်တဲ့ ဝေါဟာရ၊
စကားပြော၊ Quiz လေ့ကျင့်ခန်းများ၊
အပတ်စဉ် Live သင်ကြားပေးတာတွေရှိပါတယ်ခ
ဒါ့အပြင် ဒီလထဲမှာ အထူးအစီအစဉ်အနေနဲ့
ထိုင်းစာ 4 skills လုံးကို ပိုင်နိုင်အောင်လေ့ကျင့်ပေးနေတဲ့
အစီအစဉ်လေးရှိလို့ ကောမန့်က
Telegram Channel လေးကို Join ထားပေးပါဦးခ
Join ထားပြီးသူများ ကောမန့်မှာ မန့်ပေးခဲ့ပါဦးနော်

22/06/2026

ဘာသာစကားသင်ကြားရာမှာ Grammar ကို First Priority မထားလဲရလား?

Grammar rules တွေကို ရည်းစားနာမည်ထက် ပိုရနေပီး
တကယ်ပြောရမယ့်အချိန်ကျ ပါးစပ်က "အ" သွားတဲ့ ပြဿနာ သင့်မှာ ဖြစ်နေပီလား 🤣

စာမေးပွဲမှာ အမှတ်ပြည့်ရပေမဲ့
အပြင်မှာ နိုင်ငံခြားသားနဲ့တွေ့တော့ စကားမပြောထွက်တာက
Grammar အကုန်ရမှ ပြောမယ်ဆိုတဲ့ အလွဲကြီးကြောင့်ပါ...

မြန်မာစကားပြောရင်တောင် ကိုယ်တွေက
သဒ္ဒါမှန်အောင် အမြဲတမ်း မပြောကြသလိုပဲ
Speaking မှာ Grammar က First Priority မဟုတ်ပါဘူး

ဒါကြောင့် အဲ့ဒီအဖုအထစ်ကို ကျော်ဖြတ်ဖို့
လက်တွေ့ကျတဲ့ နည်းလမ်းလေးတွေ မျှဝေပေးမယ်နော် 💡

၁။ စကားလုံးတွေ ဆက်မနေနဲ့ Phrase လိုက်ကျက်ပါ
စကားပြောခါနီး Subject, Verb, Object ဆိုပီး
ခေါင်းထဲမှာ အသေအချာ တွက်နေရင် အချိန်မမီတော့ပါဘူး.
ကော်ဖီမှာမယ်ဆို "I would like to have..." ဆိုတဲ့
အစုံလိုက်လေးကိုပဲ အလွတ်ကျက်ပီး တန်းပြောချလိုက်ပါ

၂။ ၃ စက္ကန့် Rule ကို သုံးကြည့်ပါ
စကားပြောနေရင်း Grammar မှန်မမှန် စဉ်းစားဖို့
၃ စက္ကန့်ထက် ပိုကြာသွားပီဆိုရင်
မှားချင်မှားပါစေ ပါးစပ်ကနေ အရင်ဆုံး ထုတ်ပြောလိုက်ပါ...
ဘာသာစကားဆိုတာ တစ်ဖက်လူ နားလည်ဖို့က အဓိကပါ 💯

၃။ ကိုယ့်ဘာသာ အော်ပြောတဲ့ အကျင့်လုပ်ပါ
စာအုပ်ထဲက စာတွေကို မျက်စိနဲ့ ဖတ်နေမယ့်အစား
နားကြပ်တပ်ပီး ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေကို နောက်ကနေ အော်ပြောကြည့်ပါ.
အသံထွက် မှားမှာကို လုံးဝ မကြောက်ပါနဲ့

ဒီအချက်လေးတွေကို နေ့တိုင်း အကျင့်လုပ်သွားရင်
Grammar အကုန်မရသေးရင်တောင်
ယုံကြည်မှုရှိရှိ စကားပြောထွက်လာမှာ သေချာပါတယ် ....

20/06/2026

🎩 ဦးထုပ်ဆောင်းသည်ဆိုတဲ့ အသုံးနူန်းကို
တရုတ်လိုပြောမယ်ဆိုရင်
戴 နဲ့ သုံးရမှာလား 穿 နဲ့ သုံးရမှာလားဆိုပြီး
ဝေဝါးနေတဲ့သူတွေရှိရင်

ဒီ video ကိုကြည့်ဖြစ်အောင်ကြည့်သွားပါ

20/06/2026

နေ့စဉ်ပြောထိုင်းစကားလုံးတွေ နဲ့
ပိုယဉ်ကျေးတဲ့ထိုင်းစကားလုံးတွေကို
ယှဉ်ပြီးလေ့လာကြရအောင် 🇹🇭
သင်တန်းအပ်လိုပါက
အခုပဲ ကောမန့်မှာ ကောမန့်မှာ "ထိုင်း" လို့ရေးခဲ့လို့ရပြီး
Messenger မှာလည်းလာရောက်ဆက်သွယ်လို့ရပါတယ်👇

18/06/2026

ဒီ video ကိုကြည့်နေတဲ့သူတွေထဲမှာရော
ရေဆာတယ်ဆိုတဲ့ စကားလုံးကို တရုတ်လို သိပြီးကြပြီလား❓
ကျွန်တော်တို့ GYS မှာလက်ရှိဖွင့်လှစ်နေတဲ့
တရုတ်စာသင်တန်းတွေကတော့
Level 1 ကနေ Level 12 အထိ ဖြစ်ပြီး
သင်တန်းကြေးကလည်း မြန်မာငွေ 30,000 Ks ဝန်းကျင်က စတင်ပါတယ်
မြန်မာ ဖုန်းနံပါတ် +959 255483 028
(Viber ကနေလည်းဆက်သွယ်လို့ရပါတယ်)
GYS Main Office - သူရ လမ်း၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့
သင်တန်းအပ်ချင်တယ်ဆိုရင်
"Chinese" လို့ ကောမန့်ရေးခဲ့ပြီး Messenger ကနေ Chinese Classes လို့ ပို့ပေးပါ။
ဒါမှမဟုတ် Viber (+959 255 483 028) ကနေ ဆက်သွယ်နိုင်ပါတယ်။

17/06/2026

ဂျပန်စာ သင်ဖူးသူတိုင်း သိမှာပါ...

Hiragana နဲ့ Katakana လေးတွေ
ဖတ်တတ်လာတဲ့ အစပိုင်းက
Anime ကြည့်လို့ နည်းနည်းနားလည်လာတာမျိုး
စာလေးတွေ ဖတ်နိုင်လာတာမျိုးနဲ့
ကိုယ့်ကိုယ်ကို ဂျပန်စာ တတ်တော့မယ်ထင်ပြီး
အရမ်းစိတ်အားထက်သန်ခဲ့ဖူးကြမှာပါ

ဒါပေမယ့် Kanji တွေ စလေ့လာရတဲ့အချိန်ရောက်လာတော့
စိတ်ဓာတ်ကျချင်သလိုလို
စိုးရိမ်သလိုလို ဖြစ်လာတတ်တယ်...

"Kanji က ဘာလို့ ဒီလောက်များရတာလဲ?"
"ကျက်ပြီးရင် မေ့သွားပြန်တယ်"
"စာလုံးပုံစံတွေက ဆင်တူနေတာပဲ"
"တကယ် တတ်နိုင်ပါ့မလား?"

ဆိုတဲ့ အတွေးတွေ ဝင်လာနိုင်တယ်

ဒါပေမယ့် ကိုယ့်ကိုယ်ကို
ပြန်သတိပေးရမှာက

"Kanji ကြောက်တဲ့အဆင့်က
ဂျပန်စာလေ့လာသူတိုင်း ဖြတ်သန်းရတဲ့ အဆင့်တစ်ခုပါ"
ဆိုတာပါပဲ ✨

စလေ့လာတဲ့ အချိန်မှာ
Kanji တွေအားလုံးကို
တစ်ခါတည်း မှတ်မိနေဖို့ မလိုပါဘူး

JLPT N5 Level တက်နေတဲ့သူတစ်ယောက်က
Kanji အားလုံး ဖတ်တတ်နေဖို့လည်း မလိုပါဘူး

အရေးကြီးတာက
နေ့တိုင်း နည်းနည်းစီ ထိတွေ့နေဖို့ပါ

Kanji တစ်လုံးကို
ရေးကြည့်မယ်
အသံထွက်ဖတ်ကြည့်မယ်
ဥပမာ စကားလုံးနဲ့ တွဲမှတ်မယ်
စာကြောင်းထဲမှာ ပြန်တွေ့အောင် ဖတ်မယ်

ဒီလို လေ့ကျင့်သွားရင်
Kanji တွေက ကျက်စာမဟုတ်တော့ဘဲ
အကျွမ်းတဝင်ရှိတဲ့ စာလုံးတွေ ဖြစ်လာပါလိမ့်မယ်

Kanji သင်တဲ့အခါ
ကျောင်းသားတော်တော်များများ လုပ်မိတဲ့ အမှားတစ်ခုက

Kanji အလုံးရေ များများကျက်ဖို့ပဲ အာရုံစိုက်ပြီး
ပြန်အသုံးမချတာပါ

တကယ်တော့ Kanji ကို
မှတ်မိအောင်လုပ်ပေးတာက
ပြန်တွေ့ရတဲ့ အကြိမ်အရေအတွက်ပါ

ဒါကြောင့်
သင်ခန်းစာမှာပါတဲ့ Kanji တွေကို
နေ့စဉ် စာဖတ်တဲ့အခါ
Vocabulary လေ့လာတဲ့အခါ
Listening လုပ်တဲ့အခါ
အမြဲပြန်တွေ့အောင် လေ့ကျင့်ရပါတယ်

အဲဒီလိုနဲ့ Level တစ်ခုပြီးတစ်ခု တက်လာတဲ့အချိန်မှာ

"Kanji ကြည့်တာနဲ့ မကြောက်တော့ဘူး"

"အရင်က မဖတ်တတ်တဲ့ စာတွေ
အခု ဖတ်နိုင်လာပြီ"

ဆိုတဲ့ ခံစားချက်ကို
ကိုယ်တိုင် သတိထားမိလာပါလိမ့်မယ် 🌸

GYS မှာဆိုရင် ဆရာတွေက
အိမ်စာတွေကို ပုံမှန် စစ်ဆေးပေးသလို
Kanji မှတ်မိရခက်နေတာတွေ
Vocabulary မေ့နေတာတွေ
Grammar နားမလည်တာတွေကိုပါ
အသေးစိတ် ပြန်ရှင်းပြပေးပါတယ်

နားမလည်သေးရင်လည်း
စိတ်ရှည်ရှည်နဲ့ ထပ်ရှင်းပြပေးတာကြောင့်
တစ်ယောက်တည်း လေ့လာရင်း
လမ်းပျောက်သွားမှာ မဟုတ်ပါဘူး

သင်ခန်းစာ Video တွေကိုလည်း
အချိန်မရွေး ပြန်ကြည့်လို့ရတာကြောင့်

အလုပ်ရှိတဲ့သူတွေ
ကျောင်းတက်နေတဲ့သူတွေအတွက်
ကိုယ်အားတဲ့အချိန်မှာ
အေးအေးဆေးဆေး ပြန်လေ့လာနိုင်ပါတယ်

ဒါ့အပြင် အပတ်စဉ် Weekly Zoom Class တွေမှာ
ဆရာနဲ့ တိုက်ရိုက် ဆွေးနွေးနိုင်သလို
မေးချင်တာတွေကိုလည်း
ချက်ချင်း မေးမြန်းနိုင်ပါတယ်

Quiz တွေ ဖြေဆိုပြီး
ကိုယ့်ရဲ့ တိုးတက်မှုကို စမ်းသပ်နိုင်သလို
Telegram Channel ကနေလည်း
ဂျပန်စာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို
အခမဲ့ လေ့လာနိုင်ပါတယ်

Kanji က တကယ်တော့
ထင်ထားသလောက် မကြောက်စရာ မဟုတ်ပါဘူး

မှန်ကန်တဲ့ လေ့လာနည်းနဲ့
စနစ်တကျ ဆက်လေ့လာသွားမယ်ဆိုရင်

ဂျပန်စာ ဖတ်နိုင်ဖို့
JLPT အောင်မြင်ဖို့
ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့က
ဖြစ်နိုင်တဲ့ အရာတစ်ခုပါ ✨

ဂျပန်စာ သင်တန်းအကြောင်း
စိတ်ဝင်စားတယ်ဆိုရင်

Comment မှာ "Japanese" လို့ မန့်ခဲ့လို့ရသလို
Page Messenger မှာလည်း
စာပို့ပြီး မေးမြန်းနိုင်ပါတယ်

အတန်းမအပ်ချင်သေးဘူး
အရင်ဆုံး အခမဲ့ မျှဝေပေးနေတဲ့
ဂျပန်စာ သင်ခန်းစာ တွေကို
လေ့လာကြည့်ချင်သေးတယ်ဆိုရင်တော့

Comment မှာ ချပေးထားတဲ့
Telegram Channel ကို
Join ထားနိုင်ပါတယ် 🌸

16/06/2026

🍜 စားသောက်ဆိုင်မှာ အစားသောက် မှာတော့မယ်ဆိုရင်
တရုတ်လို ဒီလိုလေးတွေ သုံးကြည့်ပေးနော်
ကျွန်တော်တို့ GYS မှာလက်ရှိဖွင့်လှစ်နေတဲ့
တရုတ်စာသင်တန်းတွေကတော့
Level 1 ကနေ Level 12 အထိ ဖြစ်ပြီး
သင်တန်းကြေးကလည်း မြန်မာငွေ 30,000 Ks ဝန်းကျင်က စတင်ပါတယ်
မြန်မာ ဖုန်းနံပါတ် +959 255483 028
(Viber ကနေလည်းဆက်သွယ်လို့ရပါတယ်)
GYS Main Office - သူရ လမ်း၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့
သင်တန်းအပ်ချင်တယ်ဆိုရင်
"Chinese" လို့ ကောမန့်ရေးခဲ့ပြီး Messenger ကနေ Chinese Classes လို့ ပို့ပေးပါ။
ဒါမှမဟုတ် Viber (+959 255 483 028) ကနေ ဆက်သွယ်နိုင်ပါတယ်။

15/06/2026

အင်္ဂလိပ်စာ အခြေခံမခိုင်ရင်
ကိုယ့်ရဲ့ တက်လမ်းတွေကို ပိတ်ပင်သလို ဖြစ်နေနိုင်ပါတယ်

အခြေခံကနေစပြီး ကျွမ်းကျင်တဲ့အထိ တက်ရောက်ဖို့
GYS မှာ အတန်းမျိုးစုံရှိပါတယ်

GYS ရဲ့ သင်ကြားပုံစနစ်နဲ့
တက်ရောက်သူတိုင်း
စာတတ်မြောက်အောင် ဘယ်လို
ကူညီပေးနိုင်မလဲဆိုတာ
ပြောပြပေးသွားပါမယ်။

🔹 အချိန် တကူးတက ပေးစရာမလိုဘူး
အွန်လိုင်းကနေ ၂၄ နာရီ ကြိုက်တဲ့အချိန် တက်လို့ရတယ်။
Video သင်ခန်းစာတွေကို Fb group, Website ဒါမှမဟုတ် Application ကနေ
ကြည့်လို့ရအောင် စီစဉ်ပေးထားတယ်
🔹 စနစ်တကျ လေ့လာနိုင်တယ်
Video တွေကို Learning Management System ထဲသေချာ စီပေးထားတယ် ...
Study planner နဲ့ ဘယ်လိုလေ့လာရမလဲဆိုတာ သိရှိပြီး စနစ်တကျ လေ့လာနိုင်မယ်။
နောက် ၁၀ လကြာပြီးနောက် ပြန်ကြည့်ချင်ရင်လည်း ရတယ်။
🔹 အပတ်စဉ် Online Meeting
အပတ်စဉ် Online Meeting တွေနဲ့ ဆရာ/ဆရာမတွေနဲ့ တိုက်ရိုက်ဆွေးနွေးနိုင်မယ်။
🔹အိမ်စာ၊ Quiz နဲ့ Certificate
Video Lesson တွေကြည့်ပြီး အိမ်စာပုံမှန်လုပ်ရင်း မသိတာတွေကို ဆရာ/ဆရာမတွေဆီ မေးမြန်းနိုင်ပါတယ်။
Quiz တွေဖြေပြီး ပိုကျွမ်းကျင်အောင် လေ့ကျင့်နိုင်မယ်။
သင်တန်းပြီးဆုံးတာနဲ့ 🏆 Verified Certificate ထုတ်ပေးမှာပါ
သင်တန်းအမျိုးအစားများ
ကလေးများအတွက်သာမက
အခြေခံပိုင်နိုင်ချင်သူအားလုံးအတွက်
✅ English for Young Learners (Level 1, 2, 3)
ကလေးများအတွက်သာမက ABC မှ စတင်လေ့လာလိုသူများအတွက် သင့်တော်တယ်။
✅ English Speaking for Beginners (Level 1, 2)
ကလေးများအတွက် စကားပြောအသားပေး လေ့လာနိုင်မယ့်အတန်း။
✅ English Writing Class
အင်္ဂလိပ်လို အရေးသားတိုးတက်လာစေဖို့ တက်ရောက်သင့်ပါတယ်။
✅ Basic Grammar
အင်္ဂလိပ်စာ အခြေခံသဒ္ဒါကို ကြေညက်အောင် လေ့လာနိုင်မယ်။
✅ Sentence Construction
ကိုယ့်စိတ်ထဲမြန်မာလိုတွေးထားသမျှ Englishလို ထုတ်ဖော်ရေးသားနိုင်အောင် သင်ကြားပေးမယ်။
✅ Basic Speaking
နေ့တိုင်းပြောဆိုရမယ့် အင်္ဂလိပ်စာကို ထိထိရောက်ရောက် လေ့ကျင့်နိုင်မယ်။
✅ 4 Skills Classes
Listening, Speaking, Reading, Writing စတဲ့ 4 skills ကို တစ်ပြိုင်နက် လေ့လာနိုင်မယ်။
✅ Business English
လုပ်ငန်းခွင်မှာ အသုံးပြုမယ့် အင်္ဂလိပ်စာကို အသေးစိတ် လေ့လာနိုင်မယ်။
စာရင်းသွင်းဖို့ ဘယ်လိုလုပ်မလဲ?
"ENG" လို့ ကောမန့်ရေးခဲ့ပြီး
Messenger ကနေ ENG လို့ ပို့ပေးပါ။
ဒါမှမဟုတ် Viber (+959 255 483 028) ကနေ ဆက်သွယ်နိုင်ပါတယ်။
အခုပဲ စာရင်းသွင်းပြီး ပထမဆုံးသင်ခန်းစာကို စတင်လိုက်ပါ!
GYS နဲ့အတူ အင်္ဂလိပ်စာကို ကျွမ်းကျင်အောင် လုပ်လိုက်ကြရအောင်

14/06/2026

🗯 တရုတ်စာလေ့လာတဲ့သူတိုင်း ရင်းနှီးပြီးသားဖြစ်တဲ့
几 ဆိုတဲ့ ဝေါဟာရအကြောင်းကို ရှင်းပြပေးသွားပါမယ်
အခုကြည့်နေတဲ့သူတွေထဲမှာရော
ဒီစာလုံးကို ဝေဝါးနေတာ မရှင်းတာရှိရင်
ကောမန့်ကနေ မေးပေးခဲ့နိုင်ပါတယ်

13/06/2026

GYS မှာ တရုတ်စကားပြော အတန်းမဖွင့်သေးဘူးလား
ဖွင့်ပေးပါဆိုပြီး ကျောင်းသားတိုင်း အများဆုံး
တောင်းဆိုနေကြတဲ့ Chinese Speaking အတန်း လာပါပြီ

စကားပြော သီးသန့်အတန်းဖြစ်တဲ့အတွက်ကြောင့်
တရုတ်စာအခြေခံလောက်ကို
နားလည်ပိုင်နိုင်ထားပြီးသားသူဖြစ်ဖို့တော့လိုပါတယ်

ကျွန်တော်တို့ GYS က လက်ရှိကျောင်းသားတွေဆိုရင်တော့
GYS ရဲ့ Level 4 (Hanyu Book 3) ပြီးထားတဲ့ကျောင်းသားတိုင်း
တက်ရောက်နိုင်မှာဖြစ်ပါတယ်ဗျ

သင်ရိုးထဲမှာ ဘာတွေပါသွားမလဲဆိုရင်တော့
နေ့စဥ်နူတ်ဆက်စကားတွေ
ကိုယ့်ရဲ့ တစ်နေ့တာလုပ်ဆောင်ချက်တွေကို
ပြောဆိုဖို့တွေကစလို့ တခြားသော
အကြောင်းအရာမျိုးစုံနဲ့ အသုံးများတဲ့
Speaking Sentences အပိုင်းတွေကိုပါ သင်ယူနိုင်မှာဖြစ်ပါတယ်

ကျောင်းသားတွေအချင်းချင်းပြန်ဆွေးနွေးတိုင်ပင်ဖို့အတွက်ကိုပါ
Telegram Group တွေ ဖွဲ့ပေးထားပါတယ်

ကိုယ်က Level တစ်ခုလဲရောက်နေပြီ
စကားပြောတိုးတက်ဖို့အတွက်လည်း
ပြင်ဆင်နေတယ်ဆိုရင်တော့
ဒီအတန်းလေးက ကွက်တိအဆင်ပြေစေမှာမို့
အတန်းအပ်ဖို့ စိတ်ဝင်စားရင် ကောမန့်ကနေ
"Chinese" ဆိုတဲ့စာလေးမန့်ပြီး
page messenger မှာပါ စာလေး ပို့ထားပေးခဲ့လို့ရပါတယ်ဗျ

Address

Thura 9th Street, S. Okkalapa
Yangon
11211

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

+959255483028

Alerts

Be the first to know and let us send you an email when GYS Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to GYS Language Academy:

Shortcuts

Share