Language Center

Language Center Learn here for life!�

11/08/2020

#အမှတ်စာရင်းထုတ်လို့ရပြီ!
messengerမှာခုံအမှတ် အမည်
တိုင်း/ပြည်နယ်ပို့ထားပါ။
15ရက်နေ့ရပါမည်။
တစ်ဦးလျှင်
‌တစ်ထောင်ကျပ်ပါ
Wave pay ဖြင့်လွှဲရပါမည်။

📚သင်, အင်္ဂလိပ်စာကို တကယ်ဘဲ ထိထိရောက်ရောက် ကျွမ်းကျွမ်းကျင်ကျင် တတ်‌မြောက်လိုပါသလား? 📚အင်္ဂလိပ်စကား ပြောတဲ့၊ စာရေးတဲ့အခါ...
24/07/2020

📚သင်, အင်္ဂလိပ်စာကို တကယ်ဘဲ ထိထိရောက်ရောက် ကျွမ်းကျွမ်းကျင်ကျင် တတ်‌မြောက်လိုပါသလား?

📚အင်္ဂလိပ်စကား ပြောတဲ့၊ စာရေးတဲ့အခါမှာ၊ မိမိ‌ရေးတဲ့ / ပြောတဲ့ စကားရပ်‌တွေဟာ တုံးတုံးတိတိ ပြတ်ပြတ် တောက်တောက်ကြီး ဖြစ်မနေစေဘဲ Phrase တွေ၊ Clause တွေနဲ့ လှပခမ်းနားစွာ ခြယ်မှုန်းထား၊ ကွန့်ထားတဲ့ flowery language နဲ့ ပြောတတ်၊ ရေးတတ်ချင်ပါသလား?

📚အင်္ဂလိပ်စာ၊ အင်္ဂလိပ်ဘာသာကို ဘယ်ခါမှာဘဲ ‌ဖြေရဖြေရ သေချာပေါက် နိုင်နိုင်နင်းနင်း ဖြေဆိုရေးသား နိုင်လိုပါသလား?

📚 အင်္ဂလိပ်စာကို တကယ်တတ်ကျွမ်းပြီး အင်္ဂလိပ်ဘာသာနဲ့ ‌ရေးထား တဲ့ Shakespeare ရဲ့ပြဇာတ်တွေ၊ Sherlock Holmesရဲ့ စုံထောက်၀တ္တုတွေ၊ မဂ္ဂဇင်းတွေ၊ Reader's Digestတွေ၊ Religious booksတွေ၊ World famous books စတဲ့စာအုပ်စာပေတွေကို ကိုယ်တိုင်အရသာခံပြီး ဖတ်ရှုလေ့လာလိုပါသလား?

#သင့်အနေဖြင့်_တတ်‌မြောက်လိုစိတ်နဲ့_ဝီရိယသာရှိ‌‌နေပါစေ.. #ဒီစာအုပ်က_ပြည့်စုံစွာ_ကူညီ‌ဖြေရှင်း_ပေးပါလိမ့်မယ်

#ဤစာအုပ်သည်
Oxford Grammar
High School Grammar
Essential Grammar
Analytical English Grammar
Brighter Grammar စာတဲ့ ထင်ရှားကျော်ကြားသော
သဒ္ဒါစာအုပ်ကြီးတွေနဲ့ အခြားသော အင်္ဂလိပ်စာပညာရှင်တွေ ရေးသားပြုစုထားတဲ့ နာမည်ကြီး အင်္ဂလိပ်သဒ္ဒါစာအုပ်တွေကို အ‌ခြေပြုလေ့လာမှတ်သားကာ၊ အချက်အလက်တွေ ပြုစုပြီး ရေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

#အာမခံချက် ၁ 👍
အင်္ဂလိပ်စာကို အ‌ခြေခံအဆင့်မှစပြီး ရေလည်ပိုင်နိုင်စွာ ရေးတတ်/ပြောတတ်/ဖတ်တတ်သည့် အဆင့်အထိ သိရှိရမည့် သဒ္ဒါစည်းမျဉ်း/စည်းကမ်းများကို ပြည့်စုံစွာ တင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

#အာမခံချက် ၂ 👍
အင်္ဂလိပ်သဒ္ဒါနဲ့ပတ်သက်ပြီး မဖြစ်မနေသိဖို့ရန် ကျန်နေသေးတဲ့ အခန်းကဏ္ဍရယ်လို့ မရှိအောင် အတတ်နိုင်ဆုံး စီစဥ်ပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။

#ဤစာအုပ်ထဲမှာပါ၀င်သောအဓိကအချက်အချို့ - 📘

📖 Article (a,an,the) တို့အ‌ကြောင်းကို အလွန်ကျယ်ပြန့်စုံလင်စွာ စီစဥ်၍တင်ပြထားပါတယ်။

📖 Adjective အမျိုးအစားများစွာ အသုံးပြုပုံ၊ နှိုင်းယှဉ်ရေးသား ပုံတို့ကို လွယ်ကူစွာ လေ့လာမှတ်သားနိုင်စေရန် ဇယားကွက်များ ဖန်တီးတည်ဆောက်ပြီး ရှင်းလင်းစွာ တင်ပြပေးထားပါတယ်။

📖 Grammar စာအုပ်တိုင်းမှာ ပါ၀င်လေ့၊ ဖော်ပြလေ့ မရှိတဲ့ Number / Opinion/ Size / Age / Shape စတဲ့ Adjective-Order များကို ဇယားကွက်များဖြင့် စုံလင်ပြည့်၀စွာ
ရှင်းလင်းဖော်ပြထားပါတယ်။

📖 One word preposition အသုံးပြုပုံ
Phrasal preposition အသုံးပြုပုံ
Fixed preposition အသုံးပြုပုံတို့ကိုလည်း ဥပမာဝါကျတို့ဖြင့် ကျယ်၀န်းပြည့်စုံစွာ ဖော်ပြထားပါတယ်။

📖 Verb to be/ Verb to have/ Verb to do တို့ဖြင့်
အ‌ခြေခံဝါကျတည်ဆောက်ပုံတို့ကိုလည်း ဇယားကွက်များဖြင့် သေချာကျနစွာ ပြပေးထားပါတယ်။
(အင်္ဂလိပ်စာသင်ပြသူ ဆရာ/ဆရာမများ ဆရာကိုင်အဖြစ်ပါ အသုံးပြုနိုင်အောင် ဝါကျပုံစံများကို စီစဉ်တင်ပြထားပါတယ်)

📖 အချို့သူတို့ အင်္ဂလိပ်စာကို ကာလအပိုင်းအခြားတစ်ခုအထိ သင်ကြား လေ့လာပြီးတာတောင် ဇဝေဇဝါဖြစ်နေတတ်တဲ့ Subject Verb Agreement (ကတ္တား နှင့် ကြိယာညှိပုံ) တို့ကိုလည်း ကျန်သေးတယ်လို့ မရှိရအောင် ပြည့်ပြည့်စုံစုံ ရှင်းရှင်းလင်းလင်း စီစဉ်၍ ပြပေးထားပါတယ်။

📖 Ditransitive verb (ကံနှစ်မျိုးလိုကြိယာ)တို့ ဒါရိုက်ကံ နှင့် အင်ဒါရိုက်ကံတို့ ရှေ့နောက်‌ပြောင်းလဲ ရေးသားပုံတို့ကိုလည်း ကျယ်ကျယ်၀န်း၀န်း ဖော်ပြပေးထားပါတယ်။

📖 အငြင်းဝါကျ တည်ဆောက်ပုံတွေ၊
အမေးဝါကျ တည်ဆောက်ပုံတွေ၊
Wh-အမေးဝါကျ တည်ဆောက်ပုံတွေကို
စနစ်ကျကျ ရှင်းလင်းရေးသား ပြထားပါတယ်။

📖 အင်္ဂလိပ်စာသင်ယူသူအချို့တို့ အချိန်တော်တော်ကြာသည့်တိုင် နားမလည်ကြတဲ့ နားမလည်လို့ကလည် လုံး၀ကိုမဖြစ်တဲ့ noun clause, adjective clause, adverb clause, participle clause များ အကြောင်းကိုလည်း ပြည့်ပြည့်စုံစုံ ရှင်းရှင်းလင်းလင်း တင်ပြပေးထားပါတယ်။

📖 English learners အများစု အနည်းအကျဉ်း သိကြသော်လည်း တိတိပပ ကွဲပြားခြားနားစွာ မသိသေးတဲ့ Infinitive / Gerund / Participle တို့နဲ့ပတ်သက်လို့ နောက်တွဲများ လိုက်ပုံနှင့် ၎င်းတို့ကို ကတ္တား/ကံ စတဲ့ တာ၀န်အမျိုးမျိုးထား၍ အသုံးပြုပုံတို့ကို ဥပမာဝါကျများစွာကို အသုံးပြုလျက် ရှင်းလင်းပြထားပါတယ်။

📖 အင်္ဂလိပ်စာကို အတော်အသင့် ရေးတတ်‌၊ ‌ပြောတတ် သူတိုင်းတောင် နည်းမလည်ကြ မသိကြသေးတဲ့ Inversion Tpye ‌(ဗြောင်းပြန်ရေးနည်း) ပုံစံတို့ကိုလည်း ကျစ်လစ်ထိမိစွာ ရှင်းပြထားပါတယ်။

📖 အင်္ဂလိပ်စာရေးတဲ့အခါမှာ မသိမဖြစ် အရေးပါလှတဲ့၊ အထားအသို မှားရင်လည်း ဆိုလိုရင်းအဓိပ္ပါယ် ချွတ်ချော် သွား‌စေတတ်တဲ့ Punctuation (ပုဒ်ဖြတ်လက္ခဏာ)များ အသုံးပြုပုံကိုလည်း ဥပမာဝါကျများဖြင့် ရှင်းလင်းပြထားပါတယ်။

📖 Direct Speech & Indirect Speech အကြောင်းတွေ ကိုလည်းက ဆရာလွတ်လေ့လာနိုင်အောင် အချိန်ယူပြီး စနစ်တကျ စီစဉ်တင်ပြထားပါတယ်။

📖 အမည်လောက်သာသိပြီး အင်္ဂလိပ်စာလေ့လာတာ အချိန်တော်တော် ကြာလာခဲ့သည့်တိုင် ရှင်းလင်းစွာ နားမလည်နိုင်ကြတဲ့
Defining & Non-defining ‌အကြောင်းတွေ၊
The sequence of tenses အ‌ကြောင်းတွေ၊
Conditional sentences အကြောင်းတွေ၊
Transition (ဝါကျဆက်စကားလုံး) အကြောင်းတွေကို လျှင်မြန်လွယ်ကူစွာဘဲ နားလည်နိုင်အောင် ထိထိမိမိ စီစဉ်တင်ပြထားပါတယ်။

📖 ဤစာအုပ်တွင် ကဏ္ဍတော်တော်များများကို ဇယားများ အသုံးပြုလျက် ရှင်းလင်းပြထားတာ ဖြစ်ခြင်းကြောင့် အင်္ဂလိပ်စာ သင်ပြနေသူ ဆရာ/ဆရာမများအတွက် များစွာအထောက်အကူ ဖြစ်စေပါလိမ့်မယ်။

#မှာယူမည်ဆိုရင်
👤 အမည်
☎️ ဖုန်းနံပါတ်
🏠 လိပ်စာအပြည့်အစုံတို့ကို cb သို့ပို့ပြီး မှာယူ

#စာအုပ်တန်ဖိုး_၉၀၀၀_ကျပ်

#ရန်ကုန် ၊ #မန္တလေး ၊ #မုံရွာ ၊ #မြစ်ကြီးနား ၊ #လားရှိုး မြို့များမှာ ငွေကြိုလွဲစရာမလိုဘဲ ပို့ခ - ၂၀၀၀ ကျပ်ဖြင့် စာအုပ်ရောက် ငွေချေစနစ်ဖြင့် မှာယူနိုင်ပါတယ်🙏

#ကျန်မြို့များကတော့_အောက်ပါနည်းနှစ်မျိုးမှ_အဆင်ပြေတဲ့နည်းဖြင့်_မှာယူနိုင်ပါတယ်ဗျာ 👇👇

#ကားဖြင့် - 🚚 🚚🚚
ကားနဲ့ဆိုလျှင် ဒီနေ့မှာ မနက်ဖြန်ပို့ပါတယ်။ နောက်တစ်နေ့ဆို ရောက်ရှိမှာဖြစ်ပြီး မှာယူသူကိုယ်တိုင်ဖြစ်စေ / ကိုယ်စားဖြစ်စေ ထုတ်ယူနိုင်ပါတယ်။ ကားဂိတ်ကို ပို့ပြီးပြီဆိုတာနဲ့ ဖုန်းဆက်ပြီး အကြောင်းကြားပေးပါမယ်၊ ကျသင့်ငွေကိုတော့ အကြောင်းညီညွတ်ပါက နေ့ချင်းလွှဲပေးရမှာ ဖြစ်ပါတယ်။
#ပို့ခ - ကားဂိတ်မှ ကောက်ခံသည့် နှုန်းအတိုင်း ကျသင့်ပါမည်

#စာတိုက်အမြန်ချောပို့ဖြင့် - 📬📬📬
၃ရက်မှ ၅ရက်အတွင်း အိမ်အရောက် ပို့ပေးမှာဖြစ်ပါတယ်။
စာအုပ်ပို့ပြီးကြောင်းကို ပြေစာပို့ပေးပါ့မယ်။ စာအုပ်ပို့ပြီးတာနဲ့ ဖုန်းဆက်အကြောင်းကြားပါ့မယ်။ အကြောင်းညီညွတ်ပါက ငွေကို နေ့ချင်းလွဲပေးရပါမယ်။
#ပို့ခ - စာတိုက်မှ ကောက်ခံသည့် နှုန်းအတိုင်း ကျသင့်ပါမည်

#ငွေကိုအောက်ပါအကောင့်မှလွှဲပို့နိုင်ပါသည်
-09784425645

24/07/2020

S + make + O + Adj/ V

She makes me happy.
သူမက ငါ့ကို ပျော်ရွင်စေသည်( ပျော်ရွင်အောင်လုပ်သည်)
They make me to cry.
He makes her beautiful.

S + want + O + Adj/ to V

She wants me happy ( to be happy) .
သူမက ငါ့ကို ပျော်စေချင်တယ်

They want me to cry.
He wants her to be beautiful ( beautiful).

24/07/2020

Online class စဖို့ သတင်းကောင်းပါ
သင်တန်းတွေတက် ပြီး ဘာသာမပြန်တတ်သေးဘူး ကိုယ်က ယပ်တောင်ကို fan လို့သိပေမယ့် ယပ်ခပ်တာကို English လိုမပြောတတ်ဘူးလား
ကျနော်တို့သင်တန်း က ဒီပြသနာကိုဖြေရှင်းပေးပါတယ် linguists နည်းသုံးပြီး လေ့လာရမှာဖြစ်ပါတယ်
သင်မယ့်ဘာသာရပ်တွေကတော့

မှန်ကန်တဲ့အသံထွက်ကို phonetics လေ့လာရင်း အသံထွက်တိုးတက်စေမယ်
Speaking ကို British or American accent ကြိုက်တာနဲ့ပြောတတ်အောင် သင်ပေးပါတယ်
စကားအသံအနိမ့်အမြင့် stress
ဝါကျအသံအနိမ့်အမြင့် intonation တွေပါ သင်ပေးမှာဖြစ်ပါတယ်

Vocabulary လေ့လာတဲ့အခါ rooster ဆိုတာ ကြက်ဖလို့သိတာနဲ့ ကြက်တွန်တာကို ပါ သိစေရပါမယ်
Tear ဆိုတာ မျက်ရည်လို့သ်ိရင် မျက်ရည်မကျအောင်ထိန်းတာကို choke back the tear လို့တတ်စေရပါမယ်
ကျနော်တို့လေ့လာရမယ့်ပုံစံက word တစ်ခုနဲ့ဆက်စပ်တာအားလုံးကိုလေ့လာတာက အကြီးဆုံးအားသာချက်ပါပဲ

ပ်ိိိီးတော့ synonym သင်ပါတယ်
ဥပမာ busy အလုပ်များတယ်ကို
I’m swamped
I’m slammed
I’m buried in my work
I have got a lot on the go
I have a lot on my plate ဆိုပြီး အမျိုးမျိုးပြောတတ်အောင်သင်ပါတယ်

Grammar ပိုင်းကို textbooks ထဲကနဲ့မတူဘဲ အလွယ်ကူဆုံးဖြစ်အောင် ဆရာကိုယ်တိုင် lesson plan ဆွဲပီးသင်ပါတယ်

နောက်တစ်ခုက ကျောင်းသားရဲ့ တစ်ဦးချင်းလိုအပ်ချက်ကိုကြည့်ပီး သီးသန့် lesson ရေးဆွဲပေးပါတယ်

Language discourse
Register တွေသင်ပေးအုံးမှာ

တစ်လ 10000 mmk ပဲကျသင့်ပါတယ်
နှစ်လ တက်ရပါမယ်

Video နဲ့ကတော့ အရံအနေနဲ့ပဲသင်ပီး
Live လွင့်ပီးအဓိက သင်ပါတယ် နားမလည်ရင် ဆရာကိုတစ်ခါတည်းမေးလို့ရအောင်ဖြစ်ပါတယ်

ဒီ တစ်ကြိမ်ပဲ တစ်လ 10000 နဲ့တက်ရမှာပါ နောက်ခါစျေးတက်မှာမို့ အခွင့်အရေးလက်မလွတ်ပါနဲ့

See you in the class

12/07/2020

နားလည်ရခက်သော အင်္ဂလိပ်စာများ

၁။
Monk=ဘုန်းကြီး
Key=သော့
Monkey=မျောက်..

၂။
Cat=ကြောင်
fish=ငါး
Catfish=ငါးခူ

၃။
Go =သွားသည်
on= အပေါ်မှာ
go-on= ဆက်သွား;လုပ်.

၄။
Rain = မိုး
Bow=လေးကြိုး
Rainbow=သက်တန့်


fire= မီး
fly =ယင်ကောင်
firefly =ပိုးစုန်းကြူး

၆။
rain= မိုး
tree= သစ်ပင်
rain tree= ကုက္ကိုပင်

၇။
Sun =နေ
Bird=ငှက်
sun-bird= နှံပြည်စုတ်


Pig=ဝက်
tail=အမြီး
pig-tail = ကျစ်ဆံမြီး

၉။
to=ဆီသို့
get=ရသည်
her =သူမ
together=အတူတကြ

၁၀။
not=ဆန့်ကျင်ဘက်
ice=ရေခဲ
notice=ဆင့်ခေါ်စာ / နို့တစ်စာ

၁၁။
off = ပိတ်သည်
ice = ရေခဲ
office=

၁၂။
mid-အလယ်
wife-ဇနီးlမယား
midwife-သားဖွားဆရာမ

၁၃။
broad ကျယ်သော
cast ပုံစံခွက်
broadcast အသံလွင့်ရုံ

၁၄။
look ကြည့်သည်
out အပြင်
look out သတိထား

၁၅။
look=ကြည့်
people=လူ
look-people=အရူး

၁၆။
crow= ကျီးကန်း
bar = တုတ်ချောင်း
crowbar=သံတူရွင်း

၁၇။
lady=မိန်းမပျို
finger=လက်ချောင်း
ladyfinger=ရုံးပတီသီး

၁၈။
fire မီး
wood သစ်သား
firewood မီးသွေး

၁၉။
Pot=အိုး
Hole=အပေါက်
Pothole=ချိုင့်ခွက်

၂၀။
pine=ထင်းရှူးပင်/သား
apple=ပန်းသီး
pineapple=နာနတ်သီး

၂၁။
Gaunt-ပိန်ချုံးသော
Let-ခွင့်ပြုသည်
Gauntlet-လက်အိပ်ရှည်

၂၂။
nut = အခွံမာသီး။
house =အိမ်။
nut-house = အရူးထောင်။

၂၃။
Price=တန်ဖိုး၊စျေးနှုန်း။
less = နည်းပါးသော။
Priceless =အဖိုးမဖြတ်နိုင်သော၊

၂၄။
Lady = အမျိုးသမီး
bird = ငှက်
ladybird = ပိတုံးကောင်

၂၅။
love = ချစ်ခြင်းမေတ္တာ။
child = ကလေး။
love-child = တရား၀င် လက်မထပ်ဘဲ ရရှိသော ကလေး။

၂၆။
tiger = ကျား။
lady = အမျိုးသမီး။
tiger-lady = သဇင်ပန်း။

၂၇။
money. = ပိုက်ဆံ ။
bags = အိတ်များ။
moneybags = သူဌေးကြီး၊ ဓနရှင် ။

၂၈။
mouth = ပါးစပ်။
watering = အပင်ရေလောင်းခြင်း။
mouth-watering. = သွားရည်ယိုစရာ။

၂၉။
Every = အားလုံး
body = ခန္ဓာကိုယ်
Everybody = လူတိုင်း

၃၀။
water = ရေ
cress = စမုန်နီ၊ စမုန်။
Water cress = ကန်ဇွန်းရွက်
▬▬▬▬▬▬
၃၁။
pea= ပဲလုံး
c**k =ကြက်ဖ
peac**k=ဥဒေါင်း

၃၂။
peac**k = ဥဒေါင်း၊ ဒေါင်းဖို။
flower = ပန်း။
peac**k-flower = စိန်ပန်း။

၃၃။
Chair = ကုလားထိုင်။
Man =လူ၊ ယောက်ျားကြီး။
Chairman = ဥက္ကဌ

၃၄။
car = ကား။
park = ပန်းခြံ။
car park = ယာဉ်ရပ်နားစခန်း။

၃၅။
cow = နွားမ။
Pea = ပဲလုံး။
cow-pea = ပဲလွမ်း။

၃၆။
cow = နွားမ။
boy =လူကလေး။
cowboy = နွားကျောင်းသား။

၃၇။
chest = ရင်ဘတ်။
nut = အခြံမာသီး။
chestnut = သစ်အယ်သီး၊ သစ်အယ်ပင်။

၃၈။
chick = ကြက်ပေါက်စ၊ ငှက်ပေါက်စ။
pea = ပဲလုံး၊ ပဲစေ့။
chick-pea = ကုလားပဲ။

၃၉။
chicken = ကြက်၊ ကြက်သား။
run = ပြေးသည်။
chicken-run = ကြက်ခြံ။

၄၀။
ant = ပုရွက်ဆိတ် ။
lion = ခြင်္သေ့။
ant-lion = ( အင်းဆက်ပိုး) ဖုတ်ကောင်

၄၁။
Price=တန်ဖိုး၊စျေးနှုန်း။
less = နည်းပါးသော။
Priceless =အဖိုးမဖြတ်နိုင်သော၊

၄၂။
drum =တီးခတ်တူရီယာ
stick =ဒုတ်ချောင်း
drumstick =ဒန့်ဒလွန်သီး

၄၃။
Jack = ၀န်ချီသည့် ဂျိုက် ( ကားဘီးလဲရန်။)
fruit = အသီး။
jackfruit = ပိန္နဲသီး။

၄၄။
web =ပင့်ကူအိမ်
bed =အိပ်ရာ
webbed = အရေပြားဆက် ခြေချေ ာင်း

၄၅။
hot =ပူသော
potato =အာလူး
hot potato=ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်သည့် ပြဿနာ

၄၆။
hot =ပူသော
bed =အိပ်ရာ
hotbed =ဒုစရိုက်နယ်မြေ

၄၇။
hot =ပူသော
head =ဦးခေါင်း
hothead =တဇောက်ကန်း

၄၈။
hot= ပူသော
dog= ခွေး
hot dog =ဝက်အူချောင်းညှပ်မုန်

၄၉။
star = ကြယ်။
fruit = အသီး။
star fruit = စောင်းလျားသီး။

၅၀။
dream=အိပ်မက်
land=ကုန်းမြေ
dreamland=စိတ်ကူးယဉ်လောက
▬▬▬▬▬▬▬▬▬▬▬
၅၁။
bale = ဘေထုပ်။
fruit = အသီး။
bale fruit = ဥသျှစ်သီး

၅၂။
big = ကြီးသော။
stick = တုတ်ချောင်း။
big stick = မိမိကိုယ်ကို အရေးပါသူဟုထင်သူ။

၅၃။
big = ကြီးသော။
head = ဦးခေါင်း။
big-head = ဘ၀င်မြင့်သူ။

၅၄။
Big= ကြီးသော
Brother =အကို
Big Brother = ပြည်သူ့ အကျိုး လိုလားဟန်ပြပြီး
ကောက်ကျစ်တတ်သော အစိုးရ

၅၅။
big =ကြီးသော
shot =ပစ်ခတ်သည်
big shot = အခြောက်တိုက် မာန်တက်နေသူ

၅၆။
big= ကြီးသော
apple =ပန်းသီး
big apple = နယူးယောက်မြို့ကြီး

၅၇။
sugar = သကြား။
cane = ကြိမ်ပင်၊ ကြိမ်လုံး။
sugarcane = ကြံ။

၅၈။
sugar = သကြား။
apple = ပန်းသီး ။
sugar-apple = သြဇာသီး။

၅၉။
palm = ထန်းပင်။
sugar = သကြား။
palm-sugar = ထန်းလျက်။

၆၀။
palm = ထန်းပင်။
wine = ဝိုင်အရက်။
palm wine = ထန်းရည်။

၆၁။
Man = လူ ယောင်္ကျာ
Go = သွားသည်။
Mango = သရက်သီး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share