15/04/2023
📌သက်ြန် ရုံးပိတ်ရက်ကြေညာခြင်း📌
12.4.2023 မှ 17.4.2023 အထိ KMK သင်တန်းကျောင်းပိတ်မည်ဖြစ်ပြီး 4 လပိုင်းဂျပန်ဘာသာတန်းခွဲသစ်အား 25.4.2023 တွင့်ဖွင့်လှစ်မှာဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါတယ်ရှင့်☺️
မဂ်လာအပေါင်းနဲ့ပြည့်စုံသောမဟာအတာသက်ြန်နှစ်သစ်ကူးမှာဘေးဘယာဝေးကွာ၍ကိုယ်စိတ်နှစ်လုံးရွှင်လန်းချမ်းမြေ့ပြီးလိုအင်ဆန္ဒပြည့်ဝကျပါစေကြောင်းး Kyaw Myat Kyaw မှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🙏🙏
23/02/2023
မြန်မာနိုင်ငံကူးလက်မှတ်များအား
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စ၍ www.passport.gov.mm တွင်
Online Booking စနစ်သစ်ဖြင့် ကိုယ်တိုင်လျှောက်ထားနိုင်ပါပြီရှင့်
07/10/2022
💁 လစာကောင်းမွန်တဲ့ ဂျပန်နိုင်ငံသို့အလုပ်အကိုင်ဖြင့်သွားရောက်ရန်ဘာတွေပြင်ဆင်ရမလဲ 🤔
📣အလုပ်အကိုင်အများဆုံးခေါ်ယူနေသည့် ဂျပန်နိုင်ငံကိုသွားရောက်ဖို့စဉ်းစားနေတယ်ဆိုရင် Kyaw Myat Kyaw (KMK) မှ သင့်အနာဂတ်အိမ်မက်တွေကို အကောင်ထည်ဖော်နိုင်ရန် လက်တွဲကူညီပေးပါရစေရှင့် 🤝
📔 တန်းခွဲသစ်လေး ဘယ်တော့ဖွင့်မလဲမေးနေသူများအတွက် Kyaw Myat Kyaw (KMK)သင်တန်းကျောင်း မှ 10 လပိုင်းတန်းခွဲသစ်လေးအားသီတင်းကျွတ် အထူး Promotion နဲ့အတူထပ်မံဖွင့်လှစ်ပေးလိုက်ပါတယ်ရှင့် 👩💻
🎆သီတင်းကျွတ် Promotion အနေဖြင့် ပထမဆုံး အပ်နှံသူ (10) ဦးအား ဘယ်အတန်းအပ်အပ် 5 % Discount ပေးအပ်သွားမှာဖြစ်ပါတယ်ရှင့်🤩
💪 သင့်ဖက်က ဂျပန်စာကိုကြိုးစားအားထုတ်ပေးယုံဖြင့် KMK မှ အလုပ်အကိုင်ရရှိရန်တာ၀န်ယူပါတယ်ရှင့် ကြိုးစားဖို့ကသင့်တာ၀န် အလုပ်အကိုင်ရရှိဖို့က မင်မင်တို့တာ၀န်ဖြစ်ပါတယ်ရှင့် Kyaw Myat Kyaw (KMK) မှချိတ်ဆက်ထားသောမိတ်ဖက်အေဂျင်စီများ မှ တဆင့်ဂျပန်နိုင်ငံမှခေါ်ယူမည့်အလုပ်အကိုင်သစ်များစွာကိုလဲမကြာမီကြေညာပေးသွားမှာဖြစ်တဲ့အကြောင်းသတင်းကောင်းလေးပါးပါ့ရစေရှင့် 😊
ဂျပန်ကိုအလုပ်အကိုင်ဖြင့်သွားရောက်ဖို့အတွက်
📚 ဂျပန်စာကိုဘယ်ကနေစတင်လေ့လာရမလဲ ❓
ပထမဦးစွာဂျပန်စာရဲ့အခြေခံဘာသာဖြစ်တဲ့ N5 Level ကနေစပြီးတက်ရောက်ပေးရမှာဖြစ်ပြီးဂျပန်နိုင်ငံကိုအလုပ်အကိုင်ဖြင့်သွားရောက်နိုင်ရန်
N4 Level ထိတက်ရောက်ရမှာဖြစ်ပါတယ်ရှင့် သင်တန်းကာလအနေဖြင့် N5+N4 Level နှစ်ခုအားသင်တန်းကာလ ၆ လတာကြာမြင့်မှာဖြစ်ပါတယ်ရှင့်
N5+ N4 Level ၂ခု သင်တန်းပြီးဆုံးပါက ဂျပန်စာအရည်အချင်း စစ်စာမေးပွဲ N4 Level အားဝင်ရောက် ဖြေဆိုပေးရမှာဖြစ်ပြီးအောင်လတ်မှတ်ရရှိပါကမိတ်ဖက်အေဂျင်စီမှခေါ်ယူသည့်လစဉ်အင်တာဗျူးများအားဝင်ရောက်ဖြေဆိုပေးရမှာဖြစ်ပါတယ်ရှင့် 😍👷👷♀️
📋 ဂျပန်အရည်ချင်းစစ်စာမေးပွဲအောင်မြင်စွာဖြေဆိုစေနိုင်ရန်အတွက်မေးခွန်းဟောင်းများကိုလဲသင်တန်းကျောင်းမှအထူးလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်သလို အလုပ်အင်တာဗျူးများတွင်ကောင်းမွန်စွာဖြေဆိုနိုင်စေရန် အတွက် သင်တန်း ကျောင်းမှဂျပန်လူမျိူးဖြင့်လေ့ကျင့်သင်ကြားမှာဖြစ်ပါတယ်ရှင့် 👍
🇯🇵 ဂျပန်နိုင်ငံသို့သွားရောက်ရန်ကုန်ကျစရိတ်အနေဖြင့် Work Visa ပညာရှင်ဗီဇာ , Training Visa အလုပ်သင်ဗီဇာဖြင့် အစိုးရတရား၀င် ဒေါ်လာ ၂၈၀၀ ကျသင့်မှာဖြစ်ပြီး Tokutei Visa ( အထူးကျွမ်းကျင်လုပ်သားဗီဇာ)ဖြင့် ဒေါ်လာ ၁၅၀၀ သာကျသင့်မှာဖြစ်ပါတယ်ရှင့် 💰
📎 ကုန်ကျစရိတ်အား အေးဂျင့်အားပေးသွင်းရာတွင် အင်တာဗျူးဖြေဆို၍အလုပ်အကိုင်ရရှိပြီး စာချုပ်ချုပ်၍ အေးဂျင့်တွင့် Camp ဝင်နေချိန်အတွင်း COE ကျပြီးဂျပန်နိုင်ငံသို့မသွားရောက်ခင်အချိန်ထိ သုံးကြိမ် ခွဲသွင်းပေးရတာဖြစ်ပါတယ်ရှင့် (ဒေါ်လာစျေးအပြောင်းလဲရှိသလို အေးဂျင့်သို့ကုန်ကျစရိတ်ပေးသွင်းရသည့်ပုံစံကွဲပြားနိုင်ပါတယ်ရှင့်) 📌
💢ဂျပန်နိုင်ငံသို့သွားရောက်ရန်အခြားလိုအပ်ချက်တွေကရော ? လိုအပ်ချက်အနေဖြင့် 💢
အသက် ၁၈ နှစ် ၃၅ နှစ်အတွင်းရှိသူဖြစ်ရပါမည်
ပညာအရည်အချင်း အလယ်တန်း မှ အထက်တန်းရှိသူဖြစ်ရပါမည်။ (ဂျပန်စာကို ရေးတတ် ဖတ်တတ် မှတ်သားတက်လျှင်အဆင်ပြေပါတယ်ရှင့်)
ဂျပန်နိုင်ငံကိုအလုပ်ဖြင့်သွားရောက်ရန်ဆုံးဖြတ်ထားပြီး ကိုယ့်ဘဝအနာဂတ်တိုးတက်အောင်မြင်စေရန် ရည်ရွယ်ချက်မြင့်မားသူကြိုးစားလိုစိတ်အပြည့်ရှိသူဖြစ်ရပါမယ်
တက်တူးမရှိသူဖြစ်ရပါမည် ( ခြွင်းချက်အနေဖြင့် ဂျပန်စာကျွမ်းကျင်ပြီးအင်တာဗျူးအောင်လျှင်
ဖျက်ပေးရပါမယ်ရှင့်လုပ်ငန်းရှင်သဘောကျလျှင် ဖျက်စရာမလိုပါဘူးရှင့်)
မျက်မှန်တပ်ဆင်ထားသူဖြစ်ပါကအမြင်အာရုံကောင်းမွန်သူဖြစ်ရပါမယ်
ကျန်းမာသန်စွမ်းသူဖြစ်ပြီး ဆေးစစ်ချက်အောင်မြင်သူဖြစ်ရပါမည်
ဂျပန်နိုင်ငံကိုသွားရောက်ဖို့ဆိုရင်ပညာအရည်အချင်းလုပ်ငန်းအတွေ့ကြုံမလိုအပ်ပါဘူးရှင့် အဓိက သူတို့မိခင်ဘာသာစကားဖြစ်တဲ့ဂျပန်ဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ပြောဆိုနိုင်ဖို့လိုပါတယ်ရှင့် ✴
🛎ဒါဆိုရင်ဂျပန်နိုင်ငံကိုသွားရောက်နိုင်ရန် ဂျပန်စာကိုကြိုတင်လေ့လာသင်ယူနိုင်ဖို့ Kyaw Myat Kyaw (KMK) မှ 10 လပိုင်း မှာဖွင့်လှစ်မည့် အတန်းချိန်အသစ်လေးကိုကြေညာပေးပါရစေရှင့် 👩💻
Special N5 Class A – (Basic + 4 Skills + Kanji + OQ)
သင်တန်းရက် -Tue to Fri
သင်တန်းချိန် - 9:00 AM – 11:00 AM
သင်တန်းကာလ - 3 months
စတင်မည့်နေ့ - 2022 / 10 / 18
သင်တန်းကြေး - 165,000 ကျပ်
Special N5 Class B – (Basic + 4 Skills + Kanji + OQ)
သင်တန်းရက် -Tue to Fri
သင်တန်းချိန် - 11:00 AM – 1:00 PM
သင်တန်းကာလ - 3 months
စတင်မည့်နေ့ - 2022 / 10 / 18
သင်တန်းကြေး - 165,000 ကျပ်
Special N5 Class D – (Basic + 4 Skills + Kanji + OQ)
သင်တန်းရက် - ( Sat & Sunday Class )
သင်တန်းချိန် - 9:00 AM – 12:00AM
သင်တန်းချိန် - 1:00 PM - 4:00PM
သင်တန်းကာလ - 5 months
စတင်မည့်နေ့ - 2022 / 10 / 15
သင်တန်းကြေး - 170,000 ကျပ်
Special N5 Class D – (Basic + 4 Skills + Kanji + OQ)
သင်တန်းရက် - (Sunday Only Class )
သင်တန်းချိန် - 9:00 AM – 12:00AM
သင်တန်းကာလ - 5 months
စတင်မည့်နေ့ - 2022 / 10 / 16
သင်တန်းကြေး - 170,000 ကျပ်
Special N4 Class A – (Basic + 4 Skills + Kanji + OQ)
သင်တန်းရက် -Tue to Fri
သင်တန်းချိန် - 1:00 PM – 3:00 PM
သင်တန်းကာလ - 3 months
စတင်မည့်နေ့ - 2022 / 10 / 18
သင်တန်းကြေး - 175,000ကျပ်
👉🏻 Kyaw Myat Kyaw ( KMK) Japanese Language Center ဟာ ဂျပန်ဘာသာစကားကို ကျွမ်းကျင်တက်မြောက်အောင်အဓိကသင်ကြားပို့ချပေးပြီးအစိုးရတစ်ရားဝင်အသိမှတ်ပြုလိုင်စင်ရရှိထားပြီးဂျပန်နိုင်ငံသို့အလုပ်သမားစေလွတ်ခွင့်ရှိတဲ့တဲ့ယုံကြည်စိတ်ချရပြီးခိုင်မာမူရှိတဲ့အေးဂျင့်တွေနဲ့အလုပ်အကိုင်မရမချင်းချိတ်ဆက်ပေးတာဖြစ်ပါတယ်ရှင့်အေဂျင့်စီလုံးဝလုံးဝမဟုတ်ပါဘူးရှင့် 📌
💯သင်တန်းကြေးမှလွဲပြီးအလုပ်အကိုင်ချိတ်ဆက်
၍အလုပ်ရရှိသည်အထိအခြား၀န်ဆောင်ခအားလုံးသည်အခ့မဲဖြစ်သောကြောင့်ဘာဝန်ဆောင်ခမှပေးဆောင်စရာမလိုပါဘူးရှင့်☺
🔷 သင်တန်းနဲ့ပတ်သတ်ပြီးအသေးစိတ်ထပ်မံ သိရှိချင်တယ်ဆိုရင်တော့ 09,790282555,
09,443995200ဆက်ပြီး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်☎
💬 ထိုအပြင်Messenger မှာ အမည် နှင့် ဖုန်းနံပါတ် ချန်ထားခဲ့ပေးယုံဖြင့်သိလိုသမျှအကြောင်းအရာများကို သင်တန်းကျောင်းမှ(ရုံးချိန်အတွင်း) အမြန်ဆုံးပြန်လည်ဆက်သွယ် ရှင်းပြပေးမှာဖြစ်ပါတယ် ရှင့်👩🏻💻
🏡ဆက်သွယ်ရန်လိပ်စာ
🏫 KMK Japanese Language Center
🏘 အမှတ် (၁၁၇) ပထမထပ် (C) အုတ်ကျင်းဘူတာရုံလမ်း , လှိုင်မြို့နယ်, ရန်ကုန်-အင်းစိန် လမ်းမ အုတ်ကျင်းမှတ်တိုင် 🚌
📱 Ph: 09,790282555 , 09,443995200
22/08/2022
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ Online လျှောက်လွှာတင်ရာတွင် ငွေပေးချေမှုနှင့်ပတ်သက်၍ အထူးသတိပြုရန်နှင့် လျှောက်လွှာလက်ခံချိန်အား အသိပေးခြင်း
(၁) ငွေပေးချေမှုပြေစာတွင် ပါရှိသည့် ဘောက်ချာနံပါတ်နှင့် လျှို့ဝှက်နံပါတ် (Password) အား သေချာစွာ မှတ်သားသိမ်းဆည်းထားပါ။ Test Voucher ပြန်လည်ထုတ်ယူရာတွင် အသုံးပြုရမည် ဖြစ်သောကြောင့် မဖြစ်မနေ လိုအပ်မည်ဖြစ်ပါသည်။ မေ့ပျောက်ခဲ့သည်ရှိပါက ကာယကံရှင်၏ တာဝန်သာ ဖြစ်ပါသည်။
(၂) ငွေပေးချေမှုအဆင့်သို့ ရောက်ရှိလာသူသည် Booking Status ဖြစ်ပါသည်။ မှားယွင်းမှုမရှိပါက စာမေးပွဲဖြေဆိုခွင့် ရရှိမည် ဖြစ်ပါသည်။ အမှားအယွင်းမရှိစေရန် တဆင့်ခြင်း သေချာစွာ ပြုလုပ်ဆောင်ရွက်ပါ။
(၃) အခြားသူ၏ Bank / Pay Account ဖြင့်လည်း ငွေပေးချေမှု ပြုလုပ်နိုင်ပါသည်။
(၄) Online Application စနစ်တွင် ပေါ်လာသော QR Code (သို့မဟုတ်) Code Number ကို ဖတ်ယူပြီး၊ ငွေပေးချေမှုပြုလုပ်ပေးသူ၏ မိုဘိုင်းဖုန်း၊ ကွန်ပြူတာစသည်တို့မှ Digital Payment (Pay iBanking, etc.) ဖြင့် ငွေပေးချေမှုကို ပြုလုပ်ရမည် ဖြစ်ပါသည်။
(၅) မိမိပြုလုပ်မည့် ငွေပေးချေမည့်နည်းလမ်းအား သေချာစွာရွေးချယ်ပါ။ Payment တစ်မျိုးအားရွေးချယ်ပြီးသည့်နောက်၊ Back ပြန်သွားပြီး အခြားတစ်မျိုးအား ရွေးချယ်ပါက လျှောက်လွှာတင်မှု မအောင်မြင်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
(၆) QR Payment (KBZ Pay, CB Pay)
QR Code သည် ၁၅ မိနစ်ကြာလျှင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ငွေပေးချေမှု မအောင်မြင်ခဲ့ပါက၊ ကြိုတင်မှာယူမှု(Booking Status)သည် အလိုအလျောက် ပယ်ဖျက်ခံရမည်ဖြစ်ပြီး၊ လျှောက်ထားသူသည် လျှောက်လွှာအသစ်အား အစမှ ပြန်တင်ရန် လိုအပ်ပါမည်။
(၇) Internet/ Mobile Banking
Quick Pay/Pay Bill/Bill Payment စသည်တို့ရှိ 123 Service မှ ပေးချေရမည် ဖြစ်ပါသည်။Payment Code သည် ၂ နာရီကြာလျှင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ငွေပေးချေမှု မအောင်မြင်ခဲ့ပါက၊ ကြိုတင်မှာယူမှု (Booking Status)သည် အလိုအလျောက် ပယ်ဖျက်ခံရမည်ဖြစ်ပြီး၊ လျှောက်ထားသူသည် လျှောက်လွှာအသစ်အား အစမှ ပြန်တင်ရန် လိုအပ်ပါမည်။
Payment နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းချက်ကို အသုံးပြုသူလက်စွဲ (User Manual) တွင် ကြည့်ရှုပါ။
(၈) ငွေပေးချေမှုပြီးဆုံးပါက Online Application Browser ကို ပြန်လည်ကြည့်ရှုပြီး၊ Back to Merchant ကို နှိပ်ပါက ငွေပေးချေမှုပြေစာ စာမျက်နှာပေါ်လာပါမည်။ ငွေပေးချေမှုပြေစာ စာမျက်နှာအား သေချာစွာ သိမ်းဆည်းထားပေးပါ။ ငွေပေးချေမှုပြေစာ (Payment Receipt) တွင် "Payment Successful" ဟု မပေါ်ပါက MAJA သို့ ဆက်သွယ် အကြောင်းကြားစုံစမ်းပေးပါ။
(၉) ငွေပေးချေမှုများအတွက် နေ့စဉ် Payment System စာရင်းများဖြင့် ပြန်လည်စိစစ်ရန်လိုအပ်ပါသောကြောင့် Online လျှောက်လွှာလက်ခံခြင်းကို ညနေ ၃ နာရီ အချိန်အထိသာ ပြုလုပ်သွားမည် ဖြစ်ပါသည်။ အကယ်၍ လျှောက်လွှာများ ကျန်ရှိနေသေးပါက နောက်ရက်များတွင် နံနက် (၁၀) နာရီမှ ညနေ (၃) နာရီအတွင်း ဆက်လက်လက်ခံပေးသွားမည်ဖြစ်ပါသည်။
Online Application လျှောက်လွှာများစတင်လက်ခံမည့် အချိန်နှင့် အရေအတွက်များအား (၁၉.၈.၂၀၂၂) ကြေငြာချက်တွင် လေ့လာကြည့်ရှုနိုင်ပါသည်။
ယခု ကြေငြာချက်ပါ အကြောင်းအရာများသည် User Manual မှ သတိပြုစေလိုသည့် အချက်များနှင့် ဖြစ်ပေါ်လာနိုင်သော ပြဿနာများကို အသိပေးခြင်း ဖြစ်ပါသည်။ စာမေးပွဲလျှောက်လွှာများ အဆင်ပြေချောမွေ့စွာ လျှောက်တင်နိုင်ရေးအတွက် နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
20/08/2022
၂၀၂၂ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ Online Application လျှောက်လွှာများစတင်လက်ခံမည့် အချိန်နှင့် အရေအတွက်အား ကြေငြာခြင်း။
၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် Online စနစ်ဖြင့် JLPT လျှောက်လွှာများအား အောက်ဖော်ပြပါအတိုင်း လက်ခံသွားမည် ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
ဝက်ဘ်ဆိုက်လိပ်စာ (Web Page Address) အား ၂၀.၈.၂၀၂၂ မနက် ၉:၀၀ နာရီ တွင် ကြေငြာပါမည်။
လျှောက်လွှာစတင် လက်ခံမည့် နေ့ရက်၊ အချိန်နှင့် လူဦးရေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ N4 Yangon / N4 Mandalay / N5 Mandalay အတွက် (၄)ကြိမ်စီ၊ N5 Yangon အတွက် (၃)ကြိမ်၊ N3 Yangon အတွက် (၂) ကြိမ်ခွဲ၍ လက်ခံသွားမည် ဖြစ်ပါသည်။ Server ကြပ်တည်းကာ ကျသွားခြင်းအား ရှောင်ရှားနိုင်ရန် Server သို့ ဝင်ရောက်နိုင်ခြင်း မရှိသည့်အခါ နောက်ပိုင်း အချိန်များတွင် ဝင်ရောက်လျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။
၂၀.၈.၂၀၂၂ မနက် ၁၀:၀၀ နာရီ မှ စတင်လျှောက်ထားနိုင်သည့် Level၊ စာဖြေဌာနနှင့် ဦးရေ
(၁) N1 Yangon ၅၀၀ဦး
(၂) N1 Mandalay ၂၀၀ဦး
၂၂.၈.၂၀၂၂ မနက်၁၀:၀၀ နာရီ မှ စတင်လျှောက်ထားနိုင်သည့် Level၊ စာဖြေဌာနနှင့် ဦးရေ
(၁) N2 Yangon ၁၅၀၀ဦး
(၂) N3 Yangon ၂၀၀၀ဦး
(၃) N2 Mandalay ၅၀၀ဦး
(၄) N3 Mandalay ၁၅၀၀ဦး
(၅) N4 Mandalay ၂၀၀၀ဦး
၂၂.၈.၂၀၂၂ နေ့လည် ၁:၀၀ နာရီ မှ စတင်လျှောက်ထားနိုင်သည့် Level၊ စာဖြေဌာနနှင့် ဦးရေ
(၁) N3 Yangon ၂၀၀၀ဦး
(၂) N4 Yangon2 ၂၀၀၀ဦး
(၃) N4 Yangon3 ၂၀၀၀ဦး
(၄) N5 Mandalay ၁၅၀၀ဦး
မှတ်ချက်။ ။ N4 Yangon2 နှင့် Yangon3 မှ ခုံအမှတ်သတ်မှတ်ချက်အရ ခွဲထားခြင်းသာဖြစ်ပြီး၊ နှစ်ခုစလုံး ရန်ကုန်မြို့တွင်ဖြေဆို ကြရမည်ဖြစ်သည်။
၂၃.၈.၂၀၂၂ မနက်၁၀:၀၀ နာရီ မှ စတင်လျှောက်ထားနိုင်သည့် Level၊ စာဖြေဌာနနှင့် ဦးရေ
(၁) N4 Yangon2 ၁၅၀၀ဦး
(၂) N4 Yangon3 ၁၅၀၀ဦး
(၃) N5 Yangon ၁၀၀၀ဦး
(၄) N4 Mandalay ၂၀၀၀ဦး
(၅) N5 Mandalay ၁၅၀၀ဦး
၂၃.၈.၂၀၂၂ နေ့လည် ၁:၀၀ နာရီ မှ စတင်လျှောက်ထားနိုင်သည့် Level၊ စာဖြေဌာနနှင့် ဦးရေ
(၁) N4 Yangon2 ၂၀၀၀ဦး
(၂) N4 Yangon3 ၂၀၀၀ဦး
(၃) N5 Yangon ၁၀၀၀ဦး
(၄) N4 Mandalay ၂၀၀၀ဦး
(၅) N5 Mandalay ၁၀၀၀ဦး
၂၄.၈.၂၀၂၂ မနက်၁၀:၀၀ နာရီ မှ စတင်လျှောက်ထားနိုင်သည့် Level၊ စာဖြေဌာနနှင့် ဦးရေ
(၁) N4 Yangon2 ၁၅၀၀ဦး
(၂) N4 Yangon3 ၁၅၀၀ဦး
(၃) N5 Yangon ၂၀၀၀ဦး
(၄) N4 Mandalay ၂၀၀၀ဦး
(၅) N5 Mandalay ၁၀၀၀ဦး
Sever မှ လက်ခံနိုင်သည့် လူအရေအတွက်အထိ Online လျှောက်လွှာအား ဝင်ရောက်ဖြည့်သွင်း နိုင်သော်လည်း၊ ငွေပေးချေသည့်အဆင့်သည် Level အလိုက် သတ်မှတ်ထားသည့် အရေအတွက်အထိသာ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။
ယခုအကြိမ်စာမေးပွဲတွင် Online Application စနစ်သစ်ဖြင့် လူဦးရေအနည်းငယ်သာ လက်ခံရန်လျာထားခဲ့သော်လည်း၊ စာရွက်လျှောက်လွှာရောင်းချရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပါသောကြောင့်၊ ပထမဦးဆုံးအကြိမ် အသုံးပြုမည့် စနစ်သစ်တွင် လျှောက်ထားသူ လူဦးရေအများအပြားကို လက်ခံသွားရမည် ဖြစ်ပါသည်။ မျှော်မှန်းမထားသော ပြဿနာများ၊ လူဦးရေအများအပြားတပြိုင်နက် ဝင်ရောက်ခြင်းကြောင့် ဝင်ရောက်ရန် ခက်ခဲခြင်း၊ ရပ်တန့်သွားခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ရရှိသည့် အချိန်အတွင်း လုပ်ဆောင်နိုင်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်ထားပါသော်လည်း၊ ဖြစ်ပေါ်ခဲ့သည့်အခြေအနေအရ ပြောင်းလဲဆောင်ရွက်ရသည် ဖြစ်ပါသောကြောင့် ပြဿနာနှင့် အခက်အခဲများအပေါ် နားလည်မှုဖြင့် ပူပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
20/08/2022
၂၀၂၂ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ Online Application လျှောက်ထားရမည့် Web Page Address ကြေငြာခြင်း။
၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် Online စနစ်ဖြင့် JLPT လျှောက်လွှာများအား အောက်ဖော်ပြပါ Web Page Address မှဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
ဝက်ဘ်ဆိုက်လိပ်စာ (Web Page Address)
www.jlpt-maja.org.mm
(Facebook မှ Link ကို တိုက်ရိုက်ဖွင့်မသုံးပဲ Homepage Address ကို Browser တွင် စာရိုက်သွင်းပြီး (သို့) Copy ကူးထည့်ပြီး ဝင်ရောက်အသုံးပြုပါ။ Facebook မှ တိုက်ရိုက်ဖွင့်ပါက Payment Receipt ကို download ပြုလုပ်၍မရပါ။) Online စနစ်ဖြင့်မှ လျှောက်ထားခြင်းအသေးစိတ်အား အထက်ပါ Website ရှိ လျှောက်ထားခြင်း လက်စွဲတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။
N1 Level (Yangon + Mandalay) သည် ယနေ့ နံနက် ၁၀ နာရီတွင် စတင်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။ အခြား Level များ၏ လျှောက်လွှာစတင်လက်ခံမည့် အချိန်နှင့် အရေအတွက်များအား (၁၉.၈.၂၀၂၂) ရက်နေ့ ကြေငြာချက်တွင် ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/117985645021854/posts/2369522033201526/
လျှောက်ထားခြင်းနမူနာ ဗီဒီယိုဖိုင်အားအောက်ပါလင့်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://fb.watch/e-2WP0PzFK/
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
Japanese-Language Proficiency Test (JLPT)
Japanese language proficiency test online application form submission
19/08/2022
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ Online လျှောက်လွှာတင်ရာတွင် သတိပြုရမည့်အချက်များနှင့် ကြိုတင်ပြင်ဆင်ထားရမည်များ
သတိပြုရမည့်အချက်များ
JLPT Application Form Apply System အား အောက်ပါ Browser များဖြင့် အသုံးပြုစမ်းသပ် ထားပါသောကြောင့် အောက်ဖော်ပြပါ Browser များအား အသုံးပြုရန် တိုက်တွန်းအပ်ပါသည်။
၁. Microsoft Edge (Version 95.0.1020.44 and above)
၂. Google Chrome (Version 103.0.5060.134 and above)
၃. Apple Safari (Version 15.5 and above)
၄. Mozilla Firefox (Version 102.0.1 and above)
System သည် ကွန်ပြူတာ Browser များအတွက် ပြုလုပ်ထားပါသောကြောင့်၊ မိုဘိုင်းဖုန်းဖြင့် အသုံးပြုရာတွင် စာသားများ ကောင်းမွန်စွာ မပေါ်သည်များရှိတတ်ပါသည်။ ကွန်ပြူတာ Browser များကို အသုံးပြုလျှောက်ထား ပါရန် တိုက်တွန်းအပ်ပါသည်။
System အား မိုဘိုင်းဖုန်းဖြင့် အသုံးပြုရာတွင် Facebook မှ Link ကို တိုက်ရိုက်ဖွင့်မသုံးပဲ Homepage Address အား Brower တွင် စာရိုက်သွင်းပြီး အသုံးပြုပါ။ Facebook မှ တိုက်ရိုက်ဖွင့်ပါက Payment Receipt ကို Download ပြုလုပ်၍ မရနိုင်ပါ။
Application Session သည် မိနစ် ၃၀ ကြာတွင် သက်တမ်းကုန်ဆုံးပါမည်။ ထို့ကြောင့် လျှောက်ထားသူသည် စာမျက်နှာ တစ်ခုစီတွင် မိနစ် ၃၀ ထက် အချိန်ပိုသုံးစွဲ၍မရကြောင်း သတိပြုရန် လိုအပ်ပါသည်။
Application Transaction တွင် ကန့်သတ်ချက်ရှိပါသည်။ ထို့ကြောင့် Transaction ကန့်သတ်ချက် ကျော်သည့်အခါ "503 Service Unavailable" စာမျက်နှာကို ပြသမည်ဖြစ်ပြီး လျှောက်ထားသူသည် လျှောက်လွှာတင်၍ မရနိုင်ပါ။ Transaction များ နည်းပါးလာပြီး ကန့်သတ်ချက်အောက်သို့ ပြန်လည်ရောက်ရှိလာသောအခါ လျှောက်ထားသူသည် လျှောက်လွှာတင်ရန် ထပ်မံ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လျှောက်ထားသူအနေဖြင့် လျှောက်လွှာတင်ရန် စာမျက်နှာအား refresh လုပ်၍ စောင့်ရပါမည်။
“Available” (လျှောက်ထားနိုင်သော လက်ကျန်ခုံနေရာ) အရေအတွက်ထက် ပိုမိုပြီး လျှောက်ထားသူများ တစ်ပြိုင်နက် ဝင်ရောက်သည့် အခြေအနေတွင်၊ လျှောက်လွှာဖြည့်နေစဉ်အချိန်အတွင်း Booking ပြည့်သွားခြင်း ရှိနိုင်ပါသည်။ အဆိုပါအခြေအနေတွင် Application Form ဖြည့်သွင်းခြင်း ပြုလုပ်နိုင်ခဲ့သော်လည်း၊ ငွေပေးချေမှုအဆင့်သို့ ဆက်လက်မဆောင်ရွက်နိုင်ပဲ လျှောက်လွှာတင်မှုပြီးမြောက်သည်အထိ မရောက်ရှိခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
လျှောက်လွှာတင်သူသည် KBZ Pay, AYA PAY, CB PAY, Internet Banking, Mobile Banking, OK$, eCommerce Registered ပြုလုပ်ထားသော MPU Card များဖြင့် ငွေပေးချေနိုင်ပါသည်။
MPU ကတ်ဖြင့် ငွေပေးချေလိုပါက eCommerce Register ပြုလုပ်ထားရန် မဖြစ်မနေလိုအပ်ပါသည်။ ငွေပေးချေရာတွင် မိမိ register ပြုလုပ်ထားသော ဖုန်းနံပါတ်သို့ OTP message ဝင်လာမည် ဖြစ်ပြီး ယင်း OTP ရှိမှသာ ငွေပေးချေမှု ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
QR Payment ကိုရွေးချယ်ပါက၊ QR Code သည် ၁၅ မိနစ်ကြာလျှင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ငွေပေးချေမှု မအောင်မြင်ခဲ့ပါက၊ ကြိုတင်မှာယူမှုသည် အလိုအလျောက် ပယ်ဖျက်ခံရမည်ဖြစ်ပြီး၊ လျှောက်ထားသူသည် လျှောက်လွှာအသစ်အား အစမှ ပြန်တင်ရန် လိုအပ်ပါမည်။
Internet/ Mobile Banking ကိုရွေးချယ်ပါက၊ Payment Code သည် ၂ နာရီကြာလျှင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ငွေပေးချေမှု မအောင်မြင်ခဲ့ပါက၊ ကြိုတင်မှာယူမှုသည် အလိုအလျောက် ပယ်ဖျက်ခံရမည်ဖြစ်ပြီး၊ လျှောက်ထားသူသည် လျှောက်လွှာအသစ်အား အစမှ ပြန်တင်ရန် လိုအပ်ပါမည်။
ငွေပေးချေမှုပြီးဆုံးပါက ငွေပေးချေမှုအောင်မြင်သည့် Transaction is Successful စာမျက်နှာ ပေါ်လာမည်ဖြစ်ပြီး Back to Merchant ကို နှိပ်ပါက ငွေပေးချေမှုပြေစာ (Payment Receipt) စာမျက်နှာ ပေါ်လာမည် ဖြစ်သည်။
အဆိုပါငွေပေးချေမှုပြေစာအား အလိုအလျောက် download လုပ်မည်ဖြစ်ပြီး pdf file အနေဖြင့် ဝင်ရောက်ခြင်း ရှိ၊ မရှိအား စစ်ဆေးရန် လိုအပ်ပါသည်။ အကယ်၍ ယင်းသို့ ဝင်ရောက်နေချင်းမရှိပါက ငွေပေးချေမှုပြေစာ စာမျက်နှာအား screenshot ရိုက်၍ သိမ်းယူနိုင်ပါသည်။
ငွေပေးချေမှုပြေစာတွင် ပါရှိသည့် ဘောက်ချာနံပါတ်သည် Test Voucher ပြန်လည်ထုတ်ယူရာတွင် အသုံးပြုရမည် ဖြစ်သောကြောင့် မပျောက်ပျက်အောင် သိမ်းဆည်းထားရန် လိုအပ်ပါသည်။ ပျောက်ဆုံး၊ ပျက်စီးခြင်းသည် ကာယကံရှင်၏ တာဝန်သာ ဖြစ်ပါသည်။
ကြိုတင်ပြင်ဆင်ထားရမည်များ
၁။ စာမေးပွဲအတွက် လျှောက်လွှာမတင်မီ လျှောက်ထားသူသည် အောက်ပါလိုအပ်သည်များအား ကြိုတင်ပြင်ဆင် ထားရပါမည်။
(၁) လိုင်စင်ဓါတ်ပုံကဲ့သို့ ရိုက်ထားသော မျက်နှာအပြည့်ပုံ၏ Image File (ရုပ်ပုံဖိုင်) (JPEG or PNG အမျိုးအစား)
(၂) အသုံးပြုမည့် သက်သေခံကတ်ပြား၏ Image File (JPEG or PNG)။ မှတ်ပုံတင်၏ရှေ့ခြမ်းနှင့် နောက်ခြမ်းဓါတ်ပုံများ (သို့) ပတ်စ်ပို့/ကျောင်းသားကတ်/ မွေးစာရင်း၏ ဓါတ်ပုံ (သို့) ယာဉ်မောင်းလိုင်စင်၏ ရှေ့ခြမ်းနှင့် နောက်ခြမ်းဓါတ်ပုံများမှ မိမိအသုံးပြုမည့် တစ်ခုခု။
(၃) လက်မှတ်၏ Image File (JPEG or PNG)
(၄) ငွေပေးချေနိုင်သည့်နည်းလမ်းများ (KPAY, AYA PAY, CB PAY, Internet Banking, Mobile Banking, OK$, eCommerce Registered ပြုလုပ်ထားသော MPU Card)
10/08/2022
၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် Online မှလက်ခံမည့် လျှောက်လွှာ အရေအတွက် နှင့် ပတ်သတ်၍ ကြေငြာခြင်း။
၂၀၂၂ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် ရောင်းချပြီးသည့် လျှောက်လွှာ အရေအတွက်နှင့် ပတ်သတ်၍ ၆.၆.၂၀၂၂ (စနေနေ့) တွင်ကြေငြာထားပြီးဖြစ်ပါသည်။
https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA/photos/a.272300396257044/2359554027531660
(၅.၈.၂၀၂၂) ရက်နေ့မှစ၍ စာမေးပွဲလျှောက်လွှာများရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ပြီး၊ Level အားလုံးအတွက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲလျှောက်လွှာရောင်းချခြင်းကို မပြုလုပ်တော့ပါ။
ကျန်ရှိသော စာမေးပွဲလျှောက်ထားခြင်းအတွက် Online စနစ်ဖြင့်သာ လက်ခံသွားမည် ဖြစ်ပါသည်။ Online စနစ်ဖြင့် လက်ခံသွားမည့် အရေအတွက်မှာ ကနဦးလျာထားချက်ထက် တိုးမြှင့်ပြီး၊ အောက်ဖော်ပြပါအတိုင်း လက်ခံသွားမည်ဖြစ်ပါသည်။ စာမေးပွဲကျင်းပပြုလုပ်နိုင်သည့် စာဖြေဌာနများ၏ အများဆုံးအရေအတွက်အထိ တိုးမြှင့်ထားခြင်းဖြစ်ပါသည်။
ရန်ကုန်စာဖြေဌာနအတွက် တိုးမြှင့်ထားသော Online Application form လက်ခံမည့်အရေအတွက်-
N1 Level - ၅၀၀ ဦး
N2 Level - ၁၅၀၀ ဦး
N3 Level - ၄၀၀၀ ဦး
N4 Level - ၁၄၀၀၀ ဦး
N5 Level - ၄၀၀၀ ဦး
မန္တလေးစာဖြေဌာနအတွက် တိုးမြှင့်ထားသော Online Application form လက်ခံမည့်အရေအတွက်-
N1 Level - ၂၀၀ ဦး
N2 Level - ၅၀၀ ဦး
N3 Level - ၁၅၀၀ ဦး
N4 Level - ၈၀၀၀ ဦး
N5 Level - ၄၀၀၀ ဦး
Online Application Form လျှောက်ထားရမည့်ရက်များ၊ လျှောက်ထားခြင်းလမ်းညွှန်စသည့် အသေးစိတ်များကို မကြာမှီရက်အတွင်း ကြေငြာပေးသွားမည် ဖြစ်ပါသည်။
Online Application လျှောက်ထားခြင်းအတွက် လျှောက်ထားသူသည် အောက်ပါလိုအပ်သည်များအား ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။
(၁) လိုင်စင်ဓါတ်ပုံကဲ့သို့ ရိုက်ထားသော မျက်နှာအပြည့်ပုံ၏ Image File (ရုပ်ပုံဖိုင်) (JPEG or PNG အမျိုးအစား)
(၂) အသုံးပြုမည့် သက်သေခံကတ်ပြား၏ Image File (JPEG or PNG)။ မှတ်ပုံတင်၏ရှေ့ခြမ်းနှင့်နောက်ခြမ်း ဓါတ်ပုံများ (သို့) ပတ်စ်ပို့/ကျောင်းသားကတ်/ မွေးစာရင်း၏ ဓါတ်ပုံ (သို့) ယာဉ်မောင်းလိုင်စင်၏ ရှေ့ခြမ်းနှင့်နောက်ခြမ်း ဓါတ်ပုံများမှ မိမိအသုံးပြုမည့် တစ်ခုခု။
(၃) လက်မှတ်၏ Image File (JPEG or PNG)
(၄) ငွေပေးချေနိုင်သည့်နည်းလမ်းများ (KPAY, AYA PAY, CB PAY, Internet Banking, Mobile Banking, OK$, eCommerce Registered ပြုလုပ်ထားသော MPU Card)
ငွေပေးချေသည့်နည်းလမ်းနှင့် ပတ်သက်၍ လျှောက်ထားခြင်းလမ်းညွှန်တွင် အသေးစိတ်ဖော်ပြသွားမည်ဖြစ်သည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
31/07/2022
jlpt ဖောင် ဖြည့်နည်းလေး နည်းနည်းပြောပြပေးချင်ပါတယ်။ ဖြေဖူးသားသူတွေက ဖြည့်တတ်ပင်မဲ့ အခုမှ စဖြည့်မဲ့ သူတွေအတွက် နည်းနည်း ပြောပြပေးချင်ပါတယ်။
အရင်ဆုံး form ဝယ်လာရင် အောက်က form လေး ၂ ခုရလာမှာပါ။အရှေ့က စာအုပ်က ဘယ်လိုဖြည့်ရမလဲ လမ်းညွှန်စာအုပ်သက်သက်ပါ။ ပြန်တင်ရင် မလိုပါဘူး။
နောက်က စာရွက်လေးကို ဖြည့်ပြီး ပြန်တင်ရမှာပါ။
အရင်ဆုံး မဖြည့်ခင် သတိထားရမှာက form စာရွက်သည် မှင်ခံစာရွက်ပါနော်။အပေါ်ဆုံး တစ်ရွက်မှားရင် အောက်က စာရွက်ပါ အကုန်အမှားဖြစ်နိုင်လို့ သတိထားပါ။မှင် ပြန့်တတ်တဲ့ မှင်စို မသုံးကြနဲ့နော်။
မှင်အပြာရော အမဲ ပါရပါတယ်ရှင့်
No1. Test Level ဆိုပြီး N လေးပေးထားပါတယ်။N လေးဘေးနားမှာ ကိုယ်ဖြေမဲ့ level ( 5/4/3/2/1) ကို ထည့်ပေးရပါမယ်။
No2. Test site ဘေးမှာ Yangon / Mandalay ကိုယ်ဖြေမဲ့ နေရာကို ထည့်ပါ။ ရန်ကုန်က လူတွေက ရန်ကုန် မန်းလေးသမားတွေက Mandalay ပေါ့
No3. Name ဆိုပြီး ရှိပါတယ်။အရင်ဆုံး ကို မောင် မ ဘာမှ ထည့်စရာမလိုပါဘူး။မောင်မောင်ဆို မောင်မောင်ပါပဲ ။ကို မောင်မောင်လို့ မရေးရပါဘူး။ဖြည့်ရင် english လို ရေးရမှာနော်။နာမည် တစ်ခုနဲ့ တစ်ခုကြားမှာ အကွက်လေး တစ်ကွက် ခြားပေးရပါမယ်။ပြီးတော့ အကုန် စာလုံးကြီးနဲ့ပဲ ရေးကြပါ။ နာမည်ကိုလည်း eng လို မှန်အောင်ပေါင်းပါ။ certificate မှာလည်း ဒီ နာမည်နဲ့ ထွက်လာမှာမလို့ပါ။
eg.နာမည်က အေးအေးအောင် ဆိုရင်
AYE AYE AUNG ဆိုပြီး အကြီးစာလုံးတွေနဲ့ ခြားရေးရပါမယ်။
No.4 က Gender အကွက်လေးပါ male ဆို male ဘေးနားက အကွက်မှာ အမှန်ခြစ် female ဆို female ဘေးက အကွက်မှာ အမှန်ခြစ်
No5. Date of birth
year နေရာမှာ မွေးသက္ကရာဇ် Month နေရာမှာ အချို့မွေးလက တစ်လုံးထဲဆို အရှေ့က 0 ထည့်ပေးပါ။
( eg.Jan မှာ မွေးသူဆို 01 ထည့်ပေးပါ)
Day နေရာမှာလည်း မွေးရက်က တစ်လုံးထဲဆို အရှေ့က 0 ထည့်ပါ။
(eg 2 ရက်နေ့ မွေးသူဆို 02 ပေါ့ )
***မှတ်ချက် နံပါတ်တွေရေးရင် 4 ရဲ့ထိပ်ကို အပိတ်မရေးပါနဲ့ ဖွင့်ရေးပါ။
7 ကိုရေးရင် အလယ်က အဖြတ်မထည့်ပါနဲ့***
No6. 8 digit passcode ဆိုတာ စာမေးပွဲ အဖြေက online က ပဲကြည့်ရတာပါ။ online က result ထွက်တဲ့နေ့မှာ ခုံနံပါတ်နဲ့ ဒီ Password 8 လုံးကို ထည့်ပြီး ကြည့်ရတာပါ။ စိတ်ကြိုက် ၈ လုံးထည့်လို့ရပါတယ်။ကိုယ် မှတ်မိလွယ်တာဆို အကောင်းဆုံးပါ။ မေ့သွားရင် ကြည့်မရဘဲ ဖြစ်မှာ စိုးလို့ပါ။
No.7 Native language ဘေးက အကွက်လေး ၃ ကွက်မှာ 105 လို့ထည့်ပေးပါ။ မြန်မာနိုင်ငံ ကလူတွေအတွက်ပါ
No8 က address က ကိုယ့်လိပ်စာကို eng လို ရေးပေးရုံပါပဲ
တစ်ခုပဲ ကိုယ့်လိပ်စာပေါ် မူတည်ပြီး postal code တော့ မတူပါဘူး။Postal code ကတော့ Maja မှာ စာရွက်ကြီးတွေ ကပ်ထားပါတယ်။အဲ့မှာပဲ ကြည့်လို့ရပါတယ်။
No9. အဲ့နေရာလေးမှာ ကိုယ်တက်ရောက်နေတဲ့ သင်တန်းနာမည်ထည့်ရပါမယ်။
No 10 မှ 14 ကိုဖြေဖို့အတွက် ဖောင်နဲ့ အတူပါလာတဲ့ စာအုပ်လေးကို သုံးရပါမယ်
စာအုပ်ရဲ့ စာမျက်နှာ ၂၅ ကနေ စကြည့်ပါ။သူက အချက်လေးတွေ ပေးထားတယ်။ကိုယ်နဲ့ကိုက်တဲ့ အချက်နံပါတ်ကို ဖြည့်ပေးရမှာပါ။
စာအုပ်ရဲ့ page 25 နော်
No 15 မှ 20 အထိက သူမေးထားတဲ့ အချက်လေးတွေ လုပ်ဖြစ်ရင် ဝိုင်းပေးရုံပါ
eg 15 မှာဆို teacher ပေးထားတယ် ဘေးမှာ speaking ဆို ၁ listening ဆို ၂ ဆိုတာလေးတွေရှိတယ်။ဆရာမနဲ့ ဂျပန်လိုပြောဖြစ်ရင် ၁ ကို ဝိုငိး နားထောင်တယ်ဆို ၂ ကိုဝိုင်း စာဖတ်တယ်ဆို 3 ကိုဝိုင်း ရေးတယ်ဆို ၄ ကိုဝိုင်းရပါမယ်။ဘာမှ မလုပ်ဖြစ်ရင် ၅ ကို ဝိုင်းရပါမယ်။
no 21 နဲ့ no 22 က အရင်က ဖြေဖူးသူတွေပဲ ဖြည့်ရမှာပါ။ဖြေဖူးသူဆို ကိုယ်ဖြေဖူးတဲ့ level အောက်မှာ ဖြေဖူးတဲ့ အကြိမ်ထည့်ရမယ် အောင် လား ကျလား ဝိုင်းပေးရမယ်
( eg N4 ကို ၁ ခါဖြေဖူးပြီး အောင်ဖူးရင် no 21 ရဲ့ n4 ရဲ့အောက်မှာ 1 လို့ရေး no 22 pass နဲ့ fail မှာ pass ကိုဝိုင်း )
No.32 က ကိုယ့်လက်မှတ်ထိုး
No 33 က ဖောင်တင်တဲ့ date ကိုတပ်
အောက်ဆုံးက mailing address မှာ boy ဆို Mr ကို ဝိုင်း girl ဆို Ms ကိုဝိုင်း
ဘေးမှာ ကိုယ့်နာမည်က အပေါ်ဆုံးမှာ ရေးခဲ့တဲ့အတိုင်း ပြန်ကူး
Address လည်းအပေါ်က အတိုင်း ပြန်ရေး
country မှာ Myanmar လို့ရေး
အပေါ်ရဲ့ ညာဘက်အစွန်က 18 B ဆိုတာနဲ့ အောက်ဆုံးက 18 B ဆိုတာ ကိုယ်တွေ ဖြည့်ဖို့မလိုပါဘူး ဖောင်လက်ခံသူတွေက ကိုယ့်ခုံနံပါတ်အဖြစ်ရေးပေးမှာပါ
ဓာတ်ပုံ ၂ ပုံကပ်ဖို့လိုပါမယ်နော်။ ကျောင်း လိုင်စင် ဆိုဒ် ၂ ပုံပါ။ပုံနောက်မှာ ကိုယ့်နာမည်လေးထည့်ဖို့ မမေ့ကြပါနဲ့နော်။
နမူနာ ဖောင်လေးတစ်ခုပါ ပြပေးထားပါတယ်။ ❤
# Crd
28/07/2022
ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ
JLPT 2022 December
ဒီဇင်ဘာလ (၄) ရက်နေ့တွင် ရန်ကုန်မြို့နှင့်မန္တလေးမြို့များ၌ ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲအတွက် လျှောက်လွှာများကို အောက်ပါအစီအစဉ်အတိုင်းလက်ခံသွားပါမည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက် (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ လျှောက်လွှာဝယ်ယူခြင်းနှင့်လက်ခံမည့်နေရာ (ရန်ကုန်)
ရန်ကုန်ပညာရေးတက္ကသိုလ် (Yangon University of Education) – Learning Hub
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
လျှောက်လွှာအရောင်းကာလ (ရန်ကုန်)
နေ့ရက် - Level N5 (၉,၄၉၉ ဦး) - ၃.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့) မှ ၆.၈.၂၀၂၂ (စနေနေ့)
Level N4 (၁၉,၄၉၈ ဦး) - ၅.၈.၂၀၂၂ (သောကြာနေ့) မှ ၁၀.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့)
Level N3 (၆,၃၀၀ ဦး) - ၉.၈.၂၀၂၂ (အင်္ဂါနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
Level N2 (၂,၂၀၀ ဦး) - ၁၀.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
Level N1 (၃၀၀ ဦး) - ၁၀.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ
မှတ်ချက် ။ ။ ကျောင်းမှတာဝန်ခံ၍ မိမိကျောင်းသားများအတွက် စုစည်းပြီး လာရောက်ဝယ်ယူလိုသူများအတွက် သတ်မှတ်ချက်များကို သီးသန့်ကြေငြာပါမည်။
လျှောက်လွှာလက်ခံကာလ (ရန်ကုန်)
Level N5 (၉,၄၉၉ ဦး) - ၄.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၆.၈.၂၀၂၂ (စနေနေ့)
Level N4 (၁၉,၄၉၈ ဦး) - ၇.၈.၂၀၂၂ (တနင်္ဂနွေနေ့) မှ ၁၀.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့)
Level N3 (၆,၃၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
Level N2 (၂,၂၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
Level N1 (၃၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ
၄။ လျှောက်လွှာဝယ်ယူခြင်းနှင့်လက်ခံမည့်နေရာ (မန္တလေး)
MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
လျှောက်လွှာအရောင်းကာလ (မန္တလေး)
နေ့ရက် - ၃.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့) မှ ၁၄.၈.၂၀၂၂ (စနေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ
မှတ်ချက်။ ။ ကျောင်းမှတာဝန်ခံ၍ မိမိကျောင်းသားများအတွက် စုစည်းပြီး လာရောက်ဝယ်ယူလိုသူများအတွက် သတ်မှတ်ချက်များကို သီးသန့်ကြေငြာပါမည်။
လျှောက်လွှာလက်ခံကာလ (မန္တလေး)
Level N1 (၁၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
Level N2 (၃၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
Level N3 (၇၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
Level N4 (၄,၅၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
Level N5 (၃,၀၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ
၅။ Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်ပြား) ပြန်ထုတ်ကာလ (ရန်ကုန်၊ မန္တလေး)
နေ့ရက် - ၃.၁၀.၂၀၂၂ (တနင်္လာနေ့) မှ ၂၁.၁၀.၂၀၂၂ (သောကြာနေ့) (အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ (နေ့လည် ၁၂ နာရီ မှ ၁ နာရီအထိ ထမင်းစားနားပါမည်။)
နေရာ (ရန်ကုန်) - MAJA Office
အမှတ် 2B(5)၊ နှင်းဥယျာဉ်အိမ်ယာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09 428 756 746, 09 986 093 637
နေရာ (မန္တလေး) – MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 09-255 162 533
၆။ လျှောက်လွှာတင်ကြေး - တစ်စောင် = ၃,၀၀၀ ကျပ်
၇။ စာမေးပွဲကြေး - N1, N2, N3 = ၄၀,၀၀၀ ကျပ်
N4, N5 = ၃၅,၀၀၀ ကျပ်
လျှောက်လွှာလက်ခံမည့် နည်းလမ်းများ
၁။ လူကိုယ်တိုင်လာရောက်လျှောက်ထားခြင်း။
အထက်ဖော်ပြပါနေရာများတွင် လျှောက်လွှာတင်ကြေး (၃,၀၀၀ ကျပ်) ပေးသွင်းပြီး လျှောက်လွှာထုတ်ယူရမည်။ လျှောက်လွှာတွင် လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာဖြည့်သွင်း၍ လူကိုယ်တိုင် လာရောက် လျှောက်ထား နိုင်ပါသည်။
လျှောက်လွှာတင်ချိန်တွင် လိုက်နာရမည့်အချက်များ
၁။ လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်ရန်။ (အချက်အလက်မပြည့်စုံသောလျှောက်လွှာများအား လုံးဝလက်မခံပါ။)
၂။ ဓါတ်ပုံ (၂) ပုံ (လိုင်စင်ဓါတ်ပုံဆိုဒ်)
၃။ မှတ်ပုံတင်မိတ္တူ (သို့မဟုတ်) သတ်မှတ်ထားသောသက်သေခံကတ်ပြားမိတ္တူ
(က) မှတ်ပုံတင်မိတ္တူပေါ်တွင် အမည်အား အင်္ဂလိပ်စာလုံးအကြီးဖြင့် ရေးပေးရန်။
(ခ) မှတ်ပုံတင်မိတ္တူပေါ်တွင် မွေးသက္ကရာဇ်အား အင်္ဂလိပ်ဘာသာဖြင့်ရေးရန်။ (မြန်မာမွေးသက္ကရာဇ်အား
အင်္ဂလိပ်မွေးသက္ကရာဇ် ပြောင်း၍ ရေးပေးရန်။)
(ဂ) ကျောင်းသားကတ်ဖြင့် လျှောက်လွှာတင်သူများအနေဖြင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၏ ကျောင်းသားကတ်ကိုသာ နောက်ဆုံးထား၍ လက်ခံမည်ဖြစ်သည်။
၂။ Online ဖြင့်လျှောက်ထားခြင်း။
Online မှ လျှောက်ထားလိုသူများအနေဖြင့် ရန်ကုန်၊ မန္တလေးအတွက် Online System အသစ်ဖြင့် လက်ခံမည်ဖြစ်ပြီး လူဦးရေအနည်းငယ်သာ လက်ခံသွားမည် ဖြစ်ပါသည်။ Online System ဖြင့် လျှောက်လွှာတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်အား ထပ်မံ သီးသန့်ကြေငြာပါမည်။
အထူးသတိပြုရန်
မှတ်ပုံတင် ပျောက်ဆုံးသူများ၊ လက်ဝယ်မရှိသူများအနေဖြင့် အောက်ဖော်ပြပါ ကတ်ပြားများဖြင့် လျှောက်ထားနိုင်ပါသည်။ ယင်းကတ်ပြားများမှလွဲ၍ ကျန် အခြားမည်သည့်ကတ်ပြားနှင့်မျှ လျှောက်ထား၍ မရနိုင်ပါ။
(၁) ယာဉ်မောင်းလိုင်စင်
(၂) နိုင်ငံကူးလက်မှတ်
(၃) ကျောင်းသားကတ် (အစိုးရ အခြေခံပညာကျောင်းများနှင့် အစိုးရ လိုင်စင်ရ အခြေခံပညာကျောင်းများ)
(၄) ကျောင်းသားကတ် (အစိုးရ တက္ကသိုလ်၊ ကောလိပ်များ)
(၅) မွေးစာရင်း (အသက် ၁၀ နှစ်အောက် လျှောက်ထားမည့်သူများ)
အသေးစိတ်သိရှိလိုသည်များကို ဖုန်း- ၀၉ ၄၂၈ ၇၅၆ ၇၄၆၊ ၀၉ ၉၈၆ ၀၉၃ ၆၃၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
14/05/2022
📌 ရုံးပိတ်ရက်အသိပေးကြေညာခြင်း 👩🏻💻
14.5.2022 ခုနှစ် စနေနေ့သည် ကဆုန်လပြည့်နေ့ဖြစ်ပါသောကြောင့် Kyaw Myat Kyaw (KMK) သင်တန်းကျောင်းအား ရုံးတစ်ရက်ပိတ်မည်ဖြစ်ကြောင်းအသိပေးကြေညာအပ်ပါတယ်
🙏🏻မဂ်လာရှိသော ဗုဒ္ဓ အခါတော်နေ့ ကဆုန်လပြည့်နေ့အခါသမယတွင်ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ ဘေးဘယာများဝေးကွာကျပါစေ စီးပွားရေးများတိုးတက်ကောင်းမွန်ပါစေကြောင်း Kyaw Myat Kyaw (KMK) မိသားစုမှဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင့် 🙏🏻
12/04/2022
🎉နှစ်သစ်ကူးရုံးပိတ်ရက်ကြော်ငြာခြင်း👩💻
💁 Kyaw Myat Kyaw (KMK)Japanese Langauge Center အား ( 12.4.2022) မှ ( 18.4.2022) ထိရုံးပိတ်မည်ဖြစ်ကြောင်းအသိပေးကြေငြာအပ်ပါတယ်ရှင့်ရုံးပိတ်ရက်များအတွင်း 4 လပိုင်းတန်းခွဲသစ်အတွက်သင်တန်းအပ်နှံလိုသူများ,သင်တန်းစုံစမ်းလိုသူများသည် သင်တန်းကျောင်းဖုန်းသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် ☺
🙏မဂ်လာအပေါင်းနဲ့ပြည့်စုံသောမြန်မာ့အတာသကြ်န်အချိန်အခါသမယတွင်ပြည်သူပြည်သားအပေါင်း ဘေးဘယာတွေဝေးကွာ၍ ကိုယ်စိတ်နှစ်လုံးရွှင်လန်းချမ်းမြေ့ကျပါစေကြောင်း Kyaw Myat Kyaw (KMK) မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် 🙏