ကြယ်သီးပေါက်ရာနည်းလွယ်လွယ်လေးပါ 🤗
Timeless Fashion Academy
mMD Collections ရဲ့ Founder Jenna ကိုယ်တိုင်ဦးစီးသင်ပြပေးတဲ့ Fashion Design School ဖြစ်ပါတယ်
New brand လေးတွေအတွက်အထူးသဖြင့်အသုံးဝင်မှာပါ...
Pop Up Store ဖွင့်ဖို့စဉ်းစားနေသူတွေအတွက် personal experience လေး sharing လုပ်ပေးထားတာပါ
05/01/2025
၄ နာရီလာ ၈ နာရီပျက်မီးလာတဲ့ဇယားအသစ်ကြောင့် အထည်ချုပ်လုပ်ငန်းတွေအနေ မီးစက်အစားထိုးဖို့အတွက် 𝐒𝐨𝐥𝐚𝐫, 𝐈𝐧𝐯𝐞𝐫𝐭𝐞𝐫 နှင့် 𝐁𝐚𝐭𝐭𝐞𝐫𝐲 တွေအသုံးပြုပြီး အပ်ချုပ်စက်တွေ ဘယ်လို 𝐫𝐮𝐧 မလဲ❓
အထည်ချုပ်ရုံတွေအတွက် လျှစ်စစ်မီးကအသက်ဆိုတော့ ခုလိုပုံမှန်မီးပျက်နေတဲ့အချိန်မှာ မီးစက်ဆီအကုန်ကျလည်းသက်သာပြီး စက်တွေလည်းအေးဆေး run နိုင်ဖို့တခြားနည်းလမ်းကတော့ Solar, Inverter ရယ် Battery ရယ်သုံးတာပါ… Jenna တို့ mMD အလုပ်ရုံမှာ Solar ကိုအသုံးပြုလာတာ 2022 January ထဲကဆိုတော့ ခုဆို ၃ နှစ်ရှိပါပြီ… တကယ့်အမှန်ကန်ဆုံးနှင့် စားရိတ်အသက်သာဆုံး ဆုံးဖြတ်ချက်ပါ…
လက်ရှိအလုပ်ရုံမှာ စုစုပေါင်း inverter ၂ လုံး (3kW တစ်လုံး နှင့် 5kW တစ်လုံး) 8 kW အသုံးပြုနေပါတယ်… 5kW inverter တစ်လုံးကတော့ ဆာဗိုမော်တာအပ်ချုပ်စက် ၁၅ လုံး၊ ဒါးစက် ၃ လုံး၊ ကြယ်သီးဖောက်စက် ၁ လုံး၊ ကြယ်သီးတပ်စက် ၁ လုံး၊ lighting မီး အပွင့် ၃၀ ကျော်၊ ပန်ကာ ၃ လုံး နှင့် aircon ၁ လုံး အသုံးပြုနေပါတယ်… မီးပျက်နေတဲ့အချိန်ဆိုရင်တော့ Aircon ကိုတော့ 27 C လောက်မှာလေရအောင်လေးပဲဖွင့်ပါတယ်… 3kW inverter ကတော့ မီးပူတစ်လုံးထဲသီးသန့်သုံးတာပါ… မီးပူကမီးအားအရမ်းဆွဲပါတယ်… ဒီ 8kW နဲ့အလုပ်ရုံတစ်ခုကိုမီးပျက်နေတဲ့အချိန်အတွင်းရော မီးလာနေတဲ့အခါမှာပါအေးအေးဆေးဆေးနိုင်အောင်သုံးလို့ရတာကြောင့် မီတာဖိုးပါအရမ်းကိုသက်သာတာပါ… အပ်ချုပ်စက်တွေက ဆာဗိုမော်တာစက်အကောင်းတွေဆို တစ်လုံးမှ 150 W လောက်ပဲအများဆုံးဆွဲတာမလို့ ၁၀ လုံးမှ 1.5 kW လောက်ပဲရှိပါတယ်… ကြယ်သီးဖောက်စက်ကတော့ မီးဆွဲအားပိုများလို့ မီးပျက်နေတုန်းအရေးကြီးကြယ်သီးဖောက်စရာရှိတာမျိုးဆို aircon ပိတ် ဒါးစက်မသုံးပဲဆို ကျန်တဲ့စက်တွေအေးဆေးချုပ်နေလို့ရပါတယ်နော်…
Solar နဲ့ inverter သုံးနေတဲ့ ၂ နှစ်လုံးဘာပြဿနာမှကိုမရှိခဲ့ပဲ မီးစက်ဆီဖိုးလည်းမကုန် အလုပ်လည်းမပျက်လို့ မီးစက်အစားထိုးရှာနေတဲ့သူတွေအတွက် တကယ် recommend ပေးပါတယ်… အခုအသစ်ဖွင့်မယ့် Timeless Fashion Academy (TFA) ကျောင်းမှာလည်း စက် ၁၅ လုံးလောက်ရယ် aircon တစ်လုံးရယ်နိုင်အောင် 5kW inverter ရယ် LiFePo4 battery ရယ်ပါတပ်ထားတာမလို့ သင်တန်းသူတွေအချုပ်မပျက်စေရဘူးနော်…
ကုန်ကျစားရိတ်အနေနဲ့ကတော့ လွန်ခဲ့တဲ့ ၃ နှစ်ကတပ်ခဲ့တဲ့ သိန်း ၄၀ တန် 3kW Solar, Inverter, Battery set ကတော့ခုဆို သိန်း ၇၀-၈၀ လောက်တော့ရှိပါမယ်… 5kW ဆိုရင်တော့ Battery အားပေါ်မူတည်ပြီး သိန်း ၁၀၀ ကျော်လောက်တော့ကျနိုင်ပါတယ်… Jenna တို့ကတော့ ဟိုးအရင်ထဲကတပ်ထားတာမလို့စျေးကတော်တော်သက်သာပါတယ်… Battery ကတော့ အလုပ်ရုံဘက်မှာတပ်တုန်းကရွေးစရာသိပ်မရှိလို့ အရည်အိုးတွေပဲသုံးခဲ့တာ ခုထိဘာမှပြဿနာမရှိသေးပါဘူး… TFA သင်တန်းဘက်မှာတော့ လက်ရှိစျေးကွက်ထဲ quality အမြင့်ဆုံး Grade A LiFePo4 battery ကိုတပ်လိုက်ပါတယ် အာမခံလည်း ၇ နှစ်တောင်ပါလို့ပါ…
အထည်ချုပ်ရုံသေးသေးပဲဆို 3kW လောက်ဆိုသေချာနိုင်ပြီး စက်အလုံး ၂၀-၃၀ လောက်အထိဆို 5kW လောက်ဆိုအဆင်ပြေပါတယ်… စက်တွေကတော့ မီးစားနည်းတဲ့ ဆာဗိုမော်တာစက်တွေဖြစ်ရပါမယ်နော်…
တခြားသိချင်တာရှိသေးရင်လည်း comment မှာမေးလို့ရပါတယ်…
~
𝓙𝓮𝓷𝓷𝓪
𝘍𝘰𝘶𝘯𝘥𝘦𝘳 𝘰𝘧 𝘮𝘔𝘋 𝘊𝘰𝘭𝘭𝘦𝘤𝘵𝘪𝘰𝘯𝘴 & 𝘛𝘪𝘮𝘦𝘭𝘦𝘴𝘴 𝘍𝘢𝘴𝘩𝘪𝘰𝘯 𝘈𝘤𝘢𝘥𝘦𝘮𝘺
04/01/2025
𝑷𝒂𝒕𝒕𝒆𝒓𝒏 𝑮𝒓𝒂𝒅𝒊𝒏𝒈 (𝑺𝒊𝒛𝒆 ပွါးနည်း)
Uniform တွေ size chart နဲ့ထုတ်တဲ့အခါ တစ် size ချင်းစီဆွဲစရာမလိုပဲ pattern grading technique ကိုသုံးပြီး size ပွါးလို့ရပါတယ်… ခန္ဓာကိုယ်မှာကပ်နေတဲ့ body fit pattern တစ်ချို့ကတော့ pattern grading လုပ်ဖို့အဆင်မပြေပေမယ့် free style pattern တွေကတော့ ကိုယ်လိုချင်တဲ့ design ပေါ်မူတည်ပြီး formula တွေအတိုးအလျှော့လုပ်ပြီး pattern grading technique ကိုအသုံးပြုလို့ရပါတယ်… Pattern grading နဲ့ဆို အချိုးလေးတွေပိုလှပြီး အလုပ်လည်းပိုတွင်ကျယ်ပါတယ်…
RTW အထည်တွေထုတ်တဲ့အခါ ဘယ်လိုအချိန်မှာနောက်ခြမ်းပုခုံးဒေါက် (back shoulder dart) ကိုထည့်ဖို့လိုမလဲ? အမြဲထည့်ဖို့လိုလား?
အဖြေကတော့ No! ပါ… RTW ကို ၅ နှစ်တိုင်ထုတ်ပြီးရခဲ့တဲ့ experience တစ်ခုကို sharing လုပ်ပေးထားတယ်နော် 🤗
ရင်၊ ရှေ့ရင်ကျယ် နှင့် နောက်ကျောကျယ် အချိုးတွေထက် ဂျိုင်းအိုးသိသိသာသာကြီးတဲ့သူတွေအတွက် pattern ဆွဲတဲ့အခါ ဘယ်လို adjust ပြန်လုပ်ပေးပြီး ကိုယ်တိုင်းအတိုင်းရအောင်ဘယ်လိုလုပ်ရမလဲ?
Designer တွေ Patternmaker တွေအတွက်က စိတ်ငြိမ်ဖို့သက်သက်အချိန်တစ်ချိန်ကို တရားထိုင်ဖို့ဆိုပြီးတောင်ထားနေစရာမလိုဘူး pattern ဆွဲနေတဲ့အချိန်တွေဆို အရမ်းစိတ်ငြိမ်စေပြီး တရားမှတ်နေသလိုပဲ နာရီပေါင်းများစွာ focus လုပ်နေနိုင်တာမျိုး
17/11/2024
Local Brand တစ်ခုအနေနဲ့ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ အမြတ် level တစ်ခုတော့သေချာရနေဖို့လိုပါတယ်… အဲ့တော့ Local Brand တစ်ခုအနေနဲ့ ကိုယ့်ရဲ့ရောင်းစျေးက Total Production Cost ထက် အမြတ်ရာခိုင်နှုန်း (Profit Margin) ဘယ်လောက်အနည်းဆုံးပေါင်းထားသင့်ပါလဲ?
မန့်မှာဖြေကြည့်ပေးနော် 🤗
တန်ဆောင်တိုင်အမှတ်တရအနေနဲ့ သင်ချင်တဲ့ pattern လေးရှိရင် မန့်ခဲ့ပေးနော်… အားလုံးနားလည်လွယ်မယ့် pattern video လေးရိုက်ပေးမယ်လေ 😌
How to keep your patterns systematically. Pattern တွေဆွဲလိုက်ပျောက်လိုက်ဖြစ်နေတဲ့သူတွေ ကြည့်ဖို့လိုတယ်နော်… ၄ နှစ်အတွင်းထုတ်ထားတဲ့ pattern တွေကို A3 pocket file တွေနဲ့သေချာသိမ်းထားတာပါ 🤗
Click here to claim your Sponsored Listing.
Location
Contact the school
Telephone
Website
Address
Min Gaung Street, South Okkalapa 6th Ward
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |