KKT International Educational Center

KKT International Educational Center Children are the future believe in the beauty of their Dreams �

05/05/2026

Math Activity

04/05/2026

Preschool Summer English Class

ကလေးက ဆော့လွန်းလို့ဆိုပြီး စိတ်မညစ်ပါနဲ့… တကယ်တော့ ဆော့တဲ့ကလေးကမှ ကျန်းမာတဲ့ကလေးပါ 👶💪🧠💛မိဘဆိုတာ တစ်ခါတလေ ပင်ပန်းလွန်းတဲ့...
19/04/2026

ကလေးက ဆော့လွန်းလို့ဆိုပြီး စိတ်မညစ်ပါနဲ့… တကယ်တော့ ဆော့တဲ့ကလေးကမှ ကျန်းမာတဲ့ကလေးပါ 👶💪🧠💛
မိဘဆိုတာ တစ်ခါတလေ ပင်ပန်းလွန်းတဲ့အခါ စိတ်တိုမိတာ သဘာဝပါပဲ။
ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ဘဲ ငါ့ကလေးက ဘာလို့ ဒီလောက်တောင် ဆိုးနေရတာလဲ လို့ ညည်းမိတဲ့ အခိုက်အတန့်တွေလည်း ရှိမှာပေါ့။
ခဏလေးတောင် ငြိမ်ငြိမ်မနေဘူး၊ လက်ကလည်း ဟိုကိုင် ဒီကိုင်၊ ဟိုနားတက် ဒီနားတက်နဲ့ တစ်နေ့ကုန် အားအင်တွေ ဘယ်ကထွက်လာမှန်းမသိအောင် အော်လိုက်၊ ရယ်လိုက်၊ ငိုလိုက်နဲ့ပေါ့။

ဒါပေမဲ့ မေမေတို့ ဖေဖေတို့ရေ... ဒီအချက်လေးကို သတိရပေးပါ။

သူတို့လေးတွေက ကျွန်မတို့ကို ဒုက္ခပေးချင်လို့ ဆိုး နေတာ မဟုတ်ပါဘူး။
စကားနားမထောင်ဘဲ အရွဲ့တိုက်နေတာလည်း မဟုတ်ပါဘူး။

တကယ်တော့ သူတို့လေးတွေက စူးစမ်းနေကြတာ ပါ။
လေ့လာနေကြတာ ပါ။ တစ်နေ့တခြား ကြီးထွားလာနေတာပါ။

ကလေးက မနားတမ်း လှုပ်ရှားနေတာဟာ သူ့ရဲ့ ကြွက်သားတွေ သန်မာဖို့အတွက် အားကစားလုပ်နေတာနဲ့ တူတူပါပဲ။

ပစ္စည်းတွေကို ကိုင်ကြည့်၊ လွှင့်ပစ်ကြည့်တာဟာ ဒီလောကကြီးက ဘယ်လိုရှိသလဲ ဆိုတာကို သူတို့နည်းသူတို့ဟန်နဲ့ ရှာဖွေနေတာပါ။

ငိုတာ၊ ရယ်တာ၊ အသံကျယ်ကျယ်တွေ ထွက်တာဟာ သူတို့ရဲ့ ခံစားချက်ကို ဘယ်လိုထုတ်ပြောရမလဲဆိုတာ သင်ယူနေတာပါ။

ဒီလို ဆော့လွန်းတယ် ဆိုတဲ့ အပြုအမူတွေဟာ သူတို့ရဲ့ ဦးနှောက်လေးတွေ ဖွံ့ဖြိုးနေတယ်၊ ခန္ဓာကိုယ်က သန်မာနေတယ်၊ ပြီးတော့ စူးစမ်းလိုစိတ်တွေ တက်ကြွနေတယ် ဆိုတဲ့ အကောင်းဆုံး လက္ခဏာတွေပဲ ဖြစ်ပါတယ်။ 🧠✨

ဟုတ်ပါတယ်... တကယ်ပင်ပန်းပါတယ်။
အိမ်ထဲမှာ ခဏလေးဖြစ်ဖြစ် တိတ်တိတ်ဆိတ်ဆိတ် နေချင်တဲ့စိတ် ပေါက်တာလည်း မမှားပါဘူး။

ဒါပေမဲ့ တစ်နေ့ကျရင်...
ဒီဆူညံသံတွေကို ကျွန်မတို့ လွမ်းနေမိမှာပါ။
ကိုယ့်နောက်ကို တကောက်ကောက် လိုက်နေတဲ့ ခြေသံသေးသေးလေးတွေကို တောင့်တမိမှာပါ။
ကလေးဆော့ထားလို့ ရှုပ်ပွနေတဲ့ အိမ်လေးကိုတောင် ပြန်မြင်ချင်နေမိမှာပါ။

အဲ့ဒါကြောင့် ဘာလို့ ဒီလောက်ဆိုးတာလဲ လို့ ဆူမယ့်အစား...
စိတ်ကို ခဏလေးလျှော့ပြီး ဒီလိုလေး တွေးပေးကြည့်ရအောင်နော်…

ငါ့ကလေးလေးက ကျန်းမာပြီး ဉာဏ်ကောင်းလို့ ဒီလောက်တောင် စပ်စုနေတာပဲ ဆိုပြီးတော့ပေါ့။ 💛

သူတို့ကို စနစ်တကျ လမ်းပြပေးပါ။
စိတ်ရှည်ပေးပါ။
သူတို့လေးတွေနဲ့အတူ အချိန်ပေးပြီး ဆော့ကစားပေးပါ။

ဘာဖြစ်လို့လဲဆိုတော့... ဆိုးတယ် လို့ ထင်ရတဲ့ အခိုက်အတန့်တိုင်းရဲ့ နောက်ကွယ်မှာ၊ ဒီကမ္ဘာကြီးထဲမှာ ဘယ်လိုရှင်သန်ရမလဲဆိုတာကို ကြိုးစားသင်ယူနေတဲ့ ကလေးငယ်လေးတစ်ယောက် ရှိနေလို့ပါပဲရှင်။

ချစ်တဲ့
#မေမေဖူး (Ozzie & Ori Family)

18/04/2026

Speaking practice at home 🏡

07/04/2026

Phrases with "put"

04/04/2026

“Turning pages and building dreams.”
“Reading together, learning together

18/03/2026

Summer Preschool

17/03/2026

English Speaking Time
At preschool

📌ယနေ့ခေတ်မှာဆိုရင် သားသားမီးမီးတို့အနေနဲ့ အင်္ဂလိပ်ဘာသာစကား ရေးတတ်၊ ဖတ်တတ်ရုံနှင့် မလုံလောက်တော့ပါဘူး သားသားမီးမီး တို့က...
16/03/2026

📌ယနေ့ခေတ်မှာဆိုရင် သားသားမီးမီးတို့အနေနဲ့ အင်္ဂလိပ်ဘာသာစကား ရေးတတ်၊ ဖတ်တတ်ရုံနှင့် မလုံလောက်တော့ပါဘူး
သားသားမီးမီး တို့ကိုယ်တိုင် ရဲရဲဝံ့ဝံ့၊ ယုံကြည်မှုအပြည့်နဲ့ အင်္ဂလိပ်လို စကားပြောနိုင်ဖို့က အရေးကြီးနေပြီဖြစ်ပါတယ်။

KKT International Educational Center ကဖွင့်လှစ်ထားတဲ့ English Class များက သားသားမီးမီး များအတွက် အကောင်းမွန်ဆုံးအခွင့်အရေးတစ်ခုဖြစ်လာမှာပါ🚀
အသက် (၆) နှစ် မှ (၁၅) နှစ်အရွယ်ကလေးငယ်များတက်‌ရောက်နိုင်တာဖြစ်ပြီး အရည်အချင်းအတွေ့အကြုံ ပြည့်ဝတဲ့ 𝐓𝐞𝐚𝐜𝐡𝐞𝐫 မှ အင်္ဂလိပ်ဘာသာစကားကို ထိတွေ့မှုများများနဲ့ တတ်ကျွမ်းနိုင်အောင် 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐭𝐨 𝐄𝐧𝐠𝐥𝐢𝐬𝐡 ဖြင့်သင်ကြားပေးတာဖြစ်လို့ ဘာသာစကားကိုအလေ့အကျင့်များများရပြီး ယုံကြည်မှုရှိရှိ
အရေး အဖတ် အပြော နားထောင်နိုင်မှူ့တို့ကို ပံ့ပိုးနိုင်လာမှာဖြစ်ပါတယ်။

ဒ့ါအပြင်
🌟အပြောသွက်လာစေဖို့ စိတ်ပါဝင်စားဖွယ် 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 များ
🌟အတူပြောမယ့် သူငယ်ချင်းများနဲ့အတူ ပြည့်ပြည့်ဝဝ ပျိုးထောင်လေ့ကျင့်ပေးသွားမှာမို့ သိသာတဲ့ တိုးတက်မှုကောင်းတွေ ရလာစေမှာ အသေအချာပါပဲ။
အသေးစိတ်သိချင်တယ် ဆိုရင်တော့ 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭𝐁𝐨𝐱 မှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။📫

ကလေးတို့ရဲ့ အနာဂတ်အတွက် အင်္ဂလိပ်စာ အခြေခံခိုင်မာစေဖို့
နှင့်အတူ စတင်လိုက်ကြရအောင်! 🌟

☎️ 095050829
09445677876


15/03/2026

Hello 👋

Art and Craft time
12/03/2026

Art and Craft time

Address

Minnandar Road
Yangon
DAWBON

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 03:00
Wednesday 09:00 - 03:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Telephone

+9595050829

Website

Alerts

Be the first to know and let us send you an email when KKT International Educational Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to KKT International Educational Center:

Shortcuts

Share