Knowledge Sharing-6
Non-current Assets/Fixed Assetsများအကြောင်း
🔷 လုပ်ငန်းတစ်ခု၏Balance Sheet/Statement of Financial Positionဟုခေါ်သောလက်ကျန်ရှင်းတမ်း၏ပထမအပိုင်းတွင်Assetsဟုခေါ်သောပိုင်ဆိုင်မှု/ပိုင်ဆိုင်ခွင့်များကိုဖော်ပြကြပါတယ်။
🔷ထိုAssetsများကိုnon-current assetsနှင့်current assetsများဟု၂မျိုးခွဲခြားဖော်ပြပါတယ်။ ယခု knowledge sharing-6တွင် non-current assetsအကြောင်းknowledgeများကိုဆွေးနွေးတင်ပြပါမယ်။
🔷Non-current assetsဆိုတာ လုပ်ငန်းတွင်တစ်နှစ်ထက်မကအသုံးပြုနိုင်သော (economic useful life > 1 year) Machineryစက်များ၊ Bulidingအဆောက်အဦများ၊Furnituresပရိဘောဂများစသည့် tangible non-current assetsထိတွေ့နိုင်သည့်ပစ္စည်းများနှင့် Software license/Systemများကဲ့သို့intangible non-current assetsမထိတွေ့နိုင်သည့်ပစ္စည်းများဆိုပြီးခွဲခြားနိုင်ပါတယ်။
🔷 Tangible non-current assetsများကို၎င်းတို့၏အသုံးပြုနိုင်သောသက်တမ်းအားခန့်မှန်း၍ဝယ်ရင်းတန်ဖိုးcostအားနှစ်စဥ္တန်ဖိုးလျော့ကျမှုdepreciationအဖြစ်တွက်ပြီးIncome Statementအရှုံးအမြတ်စာရင်းတွင်expenseအဖြစ်ဖော်ပြကြပါတယ်။
🔷 Intangible non-current assetsများကို၎င်းတို့အားအသုံးပြုနိုင်သောlicenseသက်တမ်းအရဝယ်ရင်းတန်ဖိုးcostအားနှစ်စဥ္တန်ဖိုးလျော့ကျမှုamortizationအဖြစ်တွက်ပြီးIncome Statementအရှုံးအမြတ်စာရင်းတွင်expenseအဖြစ်ဖော်ပြကြပါတယ်။
🔷 Balance Sheetတွင်tangible non-current assetsများအတွက်တွက်ခဲ့ပြီးသောdepreciationများနှုတ်ပယ်ပြီးလက်ကျန်တန်ဖိုးကိုဖော်ပြပြီး၊intangible non-current assetsများအတွက်တွက်ခဲ့ပြီးသောamortizationများနှုတ်ပယ်ပြီးလက်ကျန်တန်ဖိုးကိုဖော်ပြကြပါတယ်။
🔷 အထက်ဖော်ပြပါnon-current assets များကဲ့သို့လုပ်ငန်းတွင်အသုံးပြုရန်မဟုတ်ဘဲအကျိုးအမြတ်ရဖို့-ဥပမာ-ဌားရမ်းခရဖို့၊စျေးတက်ရင်ပြန်ရောင်းစားဖို့ဝယ်ထားသော non-current assetsများကိုမူInvestment Propertyဟုခေါ်ပါတယ်။
🔷 International Financial Reporting Standards-IFRSတွင်လေ့လာလိုပါကtangible non-current assetsဟုခေါ်သော Property, Plant and Equipment(PPE)များအကြောင်းကိုIAS-16တွင်လည်းကောင်း၊ intangible non-current assetsများ
အကြောင်းကိုIAS-38တွင်လည်းကောင်း၊ Investment Propertyအကြောင်းကို IAS-40တွင်လည်းကောင်းအသေးစိတ်လေ့လာနိုင်ပါတယ်။
💡လေ့လာဖတ်ရှုရင်းအသိပညာ၊အတတ်ပညာ၊ဗဟုသုတများတိုးပွားနိုင်ကြပါစေနော်💡
Accounting & Finance Academy - AFA
Accounting၊Financeဆိုင်ရာ LCCIနှင့်ACCAသင်တန်းများ?
Knowledge Sharing-5
🔷Financial Statementsဘဏ္ဍာရေးရှင်းတမ်းများဆိုတာဘာလဲ🔷
🔷Financial Statementsဆိုတာလုပ်ငန်းတစ်ခုရဲ့ပုံမှန်အားဖြင့်financial yearတစ်နှစ်ကုန်ဆုံးချိန်မှာရေးဆွဲတင်ပြလေ့ရှိတဲ့ဘဏ္ဍာရေးရှင်းတမ်းများဖြစ်ပါတယ်။လိုအပ်ချက်အရmonthly၁လကုန်ချိန်,quarterly၃လပတ်ကုန်ချိန်တွေမှာရေးဆွဲတာလည်းရိှနိုင်ပါတယ်။
Financial Statements/Financial Report/Final Accountsများဟုအမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။✅
🔷Financial StatementsများကိုIFRS၊GAAPများအရအခေါ်အဝေါ်ကွဲပြားကြပါတယ်။Financial Statementsများမှာ-
1.Statement of Financial Position/Balance Sheet (လက်ကျန်ရှင်းတမ်း)✅
2.Statement of Profit or Loss/Statement of Comprehensive Income/Statement of Financial Performance/Trading, Profit & Loss Account (အရှုံးအမြတ်ရှင်းတမ်း)✅
3.Statement of Cash Flow (ငွေစီးဆင်းမှုရှင်းတမ်း)✅
4.Statement of Changes in Equity (ပိုင်ရှင်၏ကြွယ်ဝမှုလက်ကျန်ပြောင်းလဲမှုရှင်းတမ်း)✅
5.Notes/Disclosures (ရှင်းလင်းချက်များ)✅
🔷Statement of Financial Position/Balance Sheet (လက်ကျန်ရှင်းတမ်း)
လုပ်ငန်းစတင်သည့်နေ့မှထိုreportရေးဆွဲသောနေ့အထိကျန်ရှိနေသောလုပ်ငန်း၏assetsပိုင်ဆိုင်မှုများ၊ liabilitiesအကြွေးများ၊equityပိုင်ရှင်၏ကြွယ်ဝမှုများကိုဖော်ပြထားပါတယ်။✅
🔷Statement of Profit or Loss/Statement of Comprehensive Income/Statement of Financial Performance/Trading, Profit & Loss Account (အရှုံးအမြတ်စာရင်း)
ထိုreportရေးဆွဲထားသောfinancial yearတစ်နှစ်တာအတွင်းလုပ်ငန်း၏လုပ်ဆောင်ချက်များမှထွက်ပေါ်လာသောအရှုံးအမြတ်ရလဒ်ကိုဖော်ပြထားပါတယ်။✅
🔷Statement of Cash Flow (ငွေစီးဆင်းမှုရှင်းတမ်း)
ထိုreportရေးဆွဲသောထားသော financial yearတစ်နှစ်တာအတွင်းလုပ်ငန်း၏လုပ်ဆောင်ချက်များဖြစ်သောoperating activitiesဝယ်ရောင်းလုပ်ဆောင်ချက်များ၊investing activitiesရင်းနှီးမြှုပ်နှံမှုမှုလုပ်ဆောင်ချက်များ၊financing activitiesမတည်ရင်းနှီးငွေဆိုင်ရာလုပ်ဆောင်ချက်များမှဖြစ်ပေါ်လာသောငွေအဝင်အထွက်များအားဖော်ပြထားပါတယ်။✅
🔷Statement of Changes in Equity (ပိုင်ရှင်၏ကြွယ်ဝမှုလက်ကျန်ပြောင်းလဲမှုရှင်းတမ်း)
ထိုreportရေးဆွဲထားသောfinancial yearတစ်နှစ်တာအတွင်းမတည်ငွေရင်း/အစုရှယ်ယာထည့်ဝင်မှုအပြောင်းအလဲ၊အမြတ်ဝေစုခွဲဝေမှုများ၊အရံငွေထားရှိမှုများအားဖော်ပြထားပါတယ်။✅
🔷Notes/Disclosures (ရှင်းလင်းချက်များ)
အထက်ဖော်ပြပါstatements၄ခုနှင့်တွဲ၍လေ့လာဖတ်ရှုရမည့်အသေးစိတ်ရှင်းလင်းချက်များကိုဖော်ပြထားပါတယ်။✅
💡လေ့လာဖတ်ရှုရင်းအသိပညာ၊အတတ်ပညာ၊ဗဟုသုတများတိုးပွားနိုင်ကြပါစေနော်💡
31/12/2021
Knowledge Sharing-4
Accountingအမျိုးအစားဘယ်နှစ်မျိုးရိှလဲ-၂
🔷Management Accounting
လုပ်ငန်းအတွက်budgetများရေးဆွဲပြီးရရှိမှုachievementကိုတိုင်းတာတွက်ချက်ခြင်း၊business decisionများဖြစ်သောဥပမာ- make or buy decisionကိုယ်တိုင်ထုတ်မလား၊ဝယ်မလားဆုံးဖြတ်ချက်၊ continue or discontinue decisionဆက်လုပ်မလား၊ရပ်တန့်မလားဆုံးဖြတ်ချက်များအတွက်တွက်ချက်ခြင်းနှင့်ကာလရှည်အတွက်investment decisionများပြုလုပ်ရန်စတာတွေတွက်ချက်တဲ့ပညာရပ်ဖြစ်ပါတယ်။financial accountingကဲ့သို့financial yearအလိုက်မဟုတ်ဘဲလုပ်ငန်းလိုအပ်ချက်အလိုက်adhoc basisနဲ့တွက်ချက်လေ့ရှိပါတယ်။ external partiesများမှလေ့လာကြည့်ရှုနိုင်ရန်ထုတ်ပြန်ကြေငြာလေ့မရှိပါ။✅
🔷Tax Accounting
လုပ်ငန်း၏ငွေကြေးဆိုင်ရာစာရင်းများကိုfinancial yearဘဏ္ဍာနှစ်အလိုက်မဟုတ်ဘဲtax yearအခွန်စည်းကြပ်နှစ်အလိုက်tax lawအခွန်ဉပဒေကိုအခြေခံပြီးtax authorityအခွန်ရုံးမှလုပ်ငန်းအပေါ်taxable profitအခွန်ကောက်ခံခွင့်ရှိသောအမြတ်တွက်ချက်ခြင်းဖြစ်ပါတယ်။
Financial Accountingမှတွက်ချက်ရရှိသောအမြတ်နှင့်မတူညီပါ။ မတူညီသည့်အကြောင်းရင်းများထဲမှ အဓိကအကြောင်းရင်းတချို့မှာ တန်ဖိုးလျော့တွက်ချက်ခြင်းဟုခေါ်သောaccounting depreciation (financial accounting)နှင့် tax depreciation/capital allowance (tax accounting)နှစ်မျိုးတို့တွင်policiesမူမတူခြင်း-ဥပမာ တန်ဖိုးလျော့တွက်ချက်မှုသက်တမ်းသတ်မှတ်ချက်၊ non-current assests/fixed assetsပုံသေပိုင်ပစ္စည်းပမာဏသတ်မှတ်မှုpolicyမူမတူခြင်းတို့ကြောင့်လည်းကောင်း၊expenseအသုံးစရိတ်သတ်မှတ်မှုpolicyမူကွာဟခြင်း ဥပမာ- entertainmentတို့၊donationတို့မှန်သမျှသည် financial accountingတွင်စရိတ်ဖြစ်သော်လည်း tax accountingတွင်tax lawအရကိုက်ညီမှုရှိသောပမာဏကိုသာစရိတ်အဖြစ်သတ်မှတ်ခွင့်ပြုခြင်းတို့ကြောင့်ဖြစ်ပါတယ်။✅
🔷Statutory Accounting
လုပ်ငန်း၏ငွေကြေးဆိုင်ရာစာရင်းများကိုလုပ်ငန်းလုပ်ကိုင်ရာသက်ဆိုင်ရာindustry၏regulatory bodyမှသတ်မှတ်ချက်standardsများအတိုင်းreportsများရေးဆွဲတင်ပြရခြင်းဖြစ်ပါတယ်။ဥပမာ-ဘဏ်များသည်central bankဗဟိုဘဏ်၏သတ်မှတ်ချက်အတိုင်းliquidity ratioငွေဖြစ်လွယ်မှုအချိုး၊ capital adequacy ratio-CARမတည်ငွေရင်းလုံလောက်မှုအချိုး၊ non-performing loan- NPLတွက်ချက်ခြင်းစတာတွေဖြစ်ပါတယ်။ Financial Accountingတွင်တွက်ချက်ဖော်ပြသောequityသည်statutory accountingတွင် သတ်မှတ်ချက်အတိုင်းtier-1 core capitalနှင့် regulatory capitalအဖြစ်ခွဲခြားတွက်ချက်ပါတယ်။✅
💡လေ့လာဖတ်ရှုရင်းအသိပညာ၊အတတ်ပညာ၊ဗဟုသုတများတိုးပွားနိုင်ကြပါစေနော်💡
By
AFA
26/12/2021
LCCIသင်တန်းအကြောင်းအသေးစိတ်လေ့လာလိုပါကအေက်ပါlinkတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော်။
https://www.facebook.com/110421601489815/posts/115454460986529/
24/12/2021
Knowledge Sharing-2
ဘယ်သူတွေကလုပ်ငန်းရဲ့financial reportကိုစိတ်ဝင်စားကြတာလဲ?
➡️Economic decision makersတိုင်းကfinancial accounting information (financial report)ကိုစိတ်ဝင်တစားကြည့်ရှုလေ့လာသုံးသပ်ကြရပါတယ်။
🤵Business Owners/Shareholdersဆိုတဲ့အရင်းအနှီးထည့်ဝင်ထားကြရတဲ့ပိုင်ရှင်တွေဟာလုပ်ငန်းရဲ့အရှုံးအမြတ်၊ ပိုင်ဆိုင်မှု၊ အကြွေးအခြေအနေတွေကိုသိရှိနိုင်ဖို့financial reportကိုစိတ်ဝင်စားကြပါတယ်။ ဒီfinancialအခြေအနေတွေသိမှပဲလုပ်ငန်းနဲ့ဆိုင်တဲ့economic decision(ဥပမာ- လုပ်ငန်းချဲ့သင့်လား၊ ဘဏ်ချေးငွေထပ်ယူမလား၊ ပြန်ဆပ်ထားမလား)တွေကိုမှန်မှန်ကန်ကန်ချမှတ်နိုင်မှာဖြစ်ပါတယ်။✅
🤵Managementဆိုတဲ့လုပ်ငန်းအားlevelအသီးသီးမှစီမံခန့်ခွဲနေသူများကလည်းမိမိတို့လုပ်ဆောင်ချက်တွေကplanလုပ်ခဲ့တာတွေအတိုင်းဖြစ်နေရဲ့လား၊effectivenessရှိရဲ့လားဆိုတာfinancial resultတွေကိုကြည့်ပြီးသုံးသပ်ပြီးရှေ့ဆက်လုပ်သွားမယ့်strategyကိုရွေးချယ်ကြရတာဖြစ်ပါတယ်။✅
🤵Potential Investorsဆိုတဲ့အလားအလာရှိတဲ့ရင်းနှီးမြှုပ်နှံသူများကတော့ဒီလုပ်ငန်းမှာအရင်းအနီှးထည့်ဝင်ရင်ကောင်းမလားလို့စဥ္းစားတဲ့အခါမှာ ဒီလုပ်ငန်းဟာprofitableဖြစ်နိုင်မဖြစ်နိုင်၊ရေရှည်ရပ်တည်နိုင်မှုစတာတွေကိုသိဖို့financial reportကိုလေ့လာသုံးသပ်ကြရပါတယ်။✅
🏦Borrowersဆိုတဲ့လုပ်ငန်းအားငွေချေးသူများ၊ Bankများကတော့ ဒီလုပ်ငန်းဟာ ကြွေးပြန်ဆပ်နိုင်စွမ်းရှိမရှိ၊အကြွေးရထိုက်လားစတဲ့credit worthinessကိုသိရှိနိုင်ဖို့အတွက်financial reportတွေကိုလေ့လာသုံးသပ်ကြရပါတယ်။✅
🏛️Tax Authorityအခွန်ရုံးကလည်းလုပ်ငန်းရဲ့ကျသင့်အခွန်ကောက်ခံနိုင်ရန်အတွက်financial accounting reportတွေကိုလေ့လာဖတ်ရှုသုံးသပ်ကြရပါတယ်။
🤵Suppliersဆိုတဲ့လုပ်ငန်းကိုရောင်းကုန်တွေအကြွေးထောက်ပံ့ထားကြတဲ့ကုန်သည်တွေကတော့ကုန်ဖိုးအကြွေးဘယ်တော့ရနိုင်မလဲ၊ ရောင်းကုန်တွေကိုအကြွေးထပ်ရောင်းပေးသင့်မသင့်အကဲဖြတ်နိုင်ဖို့လုပ်ငန်းရဲ့ဘဏ္ဍာရေးအခြေအနေကိုလေ့လာသုံးသပ်ကြရပါတယ်။
🙍♂Customersတွေကorderတွေအချိန်မီရနိုင်မရနိုင်သုံးသပ်နိုင်ဖို့၊employeesဝန်ထမ်းတွေကbonusတွေpromotiinတွေရနိုင်မရနိုင်သိဖို့၊local communityကလည်းအလုပ်အကိုင်အခွင့်အလမ်းအသစ်တွေရနိုင်မရနိုင်သိဖို့လုပ်ငန်းရဲ့ financial reportတွေကိုလေ့လာဖတ်ရှုကြရပါတယ်။✅
🔵အထက်ဖော်ပြပါခဲ့တာတွေကတော့financial reportတွေကိုလေ့လာဖတ်ရှုသုံးသပ်နေကြရသည့်stakeholders (shareholders,management, potential investors, borrowers, banks,tax authority,suppliers,customers,employees,local community)များပဲဖြစ်ပါတယ်......
💡stakeholdersဆိုတာလုပ်ငန်း၏ကောင်းခြင်း၊ဆိုးခြင်းတွေနဲ့အပြန်အလှန်သက်ရောက်မှုရှိသူများအားလုံးကိုဆိုလိုပါတယ်(ဥပမာ- လုပ်ငန်းအမြတ်တွေကောင်းနေရင် shareholdersတွေလည်းအမြတ်ဝေစုများများရမယ်။ suppliersတွေလည်းကုန်ဖိုးအကြွေးမှန်မှန်ရမယ်။ employeesတွေလည်းbonusရမယ်၊ရာထူးတိုးမယ်။လုပ်ငန်းမကောင်းနေရင်တော့ပြောင်းပြန်ဖြစ်မှာပေါ့နော်။)
💡လေ့လာဖတ်ရှုရင်းအသိပညာ၊အတတ်ပညာ၊ဗဟုသုတများတိုးပွားနိုင်ကြပါစေနော်💡
By
AFA
Knowledge Sharing -1
Accounting/Financial Accountingစာရင်းကိုင်ပညာဆိုတာဘာလဲ?
➡️Financial Reportတွေကိုရေးဆွဲတဲ့ပညာရပ်လို့အရှင်းဆုံးမှတ်ယူနိုင်ပါတယ်။
➡️Profitဆိုတဲ့အမြတ်ရဖို့တည်ထောင်လုပ်ကိုင်ကြတဲ့လုပ်ငန်းတိုင်းမှာနေ့စဥ္ဝယ်ခြင်း၊ရောင်းခြင်း၊ပိုက်ဆံရခြင်း၊ပေးခြင်းစတဲ့ဘဏ္ဍာငွေကြေးနဲ့ပတ်သက်သမျှသောလုပ်ဆောင်ချက်များဆိုတဲ့financial transactions/financial dataတွေကနေaccounting procedures/processတွေစနစ်တကျလုပ်ဆောင်ပြီးနောက်financial reportဆိုတာရရှိလာပါတယ်။
➡️အဲဒီfinancial reportကနေလုပ်ငန်းရဲ့financial informationတွေဖြစ်တဲ့အမြတ် profit၊ အရှုံး loss၊ ပိုင်ဆိုင်မှုများAssets၊ အကြွေးများ Liabilitiesနှင့်လုပ်ငန်းပိုင်ရှင်ရဲ့ကြွယ်ဝမှု Equity/Net Worthအခြေအနေများကိုသိရှိနိုင်ပါတယ်။
➡️အကျိုးစီးပွားဆိုင်ရာဆုံးဖြတ်ချက်ချခြင်းeconomic decision makingလုပ်မည့်သူတိုင်းfinancial information တွေအပြည့်အစုံပါဝင်တဲ့financial reportတွေကိုလေ့လာဖတ်ရှုကြပါတယ်။
....လေ့လာဖတ်ရှုရင်းအသိပညာ၊အတတ်ပညာ၊ဗဟုသုတများတိုးပွားနိုင်ကြပါစေနော်......
အားလုံးပဲမင်္ဂလာပါ🙏
➡️ကျွန်မကတော့ AFA Onlineသင်တန်းကျောင်းကိုတည်ထောင်သူဒေါ်ရင်ရင်အောင်ပါ။
Academic Background အနေနဲ့BBM, MBA, DA, ACCAနှင့်CPAပညာရပ်များလေ့လာအောင်မြင်ခဲ့ပြီးသူတစ်ယောက်ဖြစ်ပါတယ်။🎓🎓🎓
➡️လုပ်ငန်းအတွ့အကြုံကတော့ရာထူးအားဖြင့်Assistant Supervisor ရာထူးမှHead of Financeရာထူးအထိတာဝန်ယူလုပ်ဆောင်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။👩💻👩💻👩💻
➡️Accountingနှင့်Financeဆိုင်ရာပညာရပ်များကိုသင်ကြားပေးခဲ့တာ၂၀၀၇ ဒီဇင်ဘာကတည်းကစခဲ့တာမို့ခုဆိုဆယ်စုနှစ်၁ခုကျော်လာခဲ့ပြီပဲဖြစ်ပါတယ်။✏️📄🖌️
➡️နေရာဒေသအသီးသီးမှAccountingနှင့်Financeပညာရပ်များကိုစိတ်ဝင်စားသူများ၊ခုလိုအများစုခက်ခဲနေကြချိန်မှာကုန်ကျစရိတ်အသက်သာဆုံးဖြင့်onlineမှလေ့လာသင်ယူနိုင်စေရန်ရည်ရွယ်ချက်ဖြင့်ဤAFA onlineသင်တန်းကျောင်းကိုစတင်ဖွင့်လှစ်လိုက်ပါတယ်နော်။🖥️💻📉
➡️ယခုစတင်တဲ့LCCI ၃လပြတ်onlineသင်တန်းမှစ၍ထပ်မံဖွင့်လှစ်မည့်တခြားသောAccountingနှင့်Financeဆိုင်ရာသင်တန်းများကိုမိမိ၏professional developmentအတွက်confidenceအပြည့်ဖြင့်စာတွေ့လက်တွေ့AFAမှာထိရောက်စွာလေ့လာနိုင်ပါတယ်နော်။💯💯
➡️AFA facebook စာမျက်နှာမှ မျှဝေပေးမည့် Accountingနဲ့Financeဆိုင်ရာknowledgeများလေ့လာဖတ်ရှုနိုင်ရန်၊ သင်တန်းများနှင့်ပတ်သက်သောinformationများသိရှိနိုင်ရန် pageကို like and shareလေးလုပ်ပေးထားကြပါဦးနော်။👍👍👍
➡️အဆုံးအထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။➡️
21/12/2021
အားလုံးပဲမင်္ဂလာပါ🙏
AFA Accounting and Finance Academyသင်တန်းကျောင်းမှကြိုဆိုပါတယ်.......🙏
AFAသင်တန်းကျောင်းမှသင်ကြားပေးမည့် LCCI စာရင်းကိုင်သင်တန်းနှင့်မိတ်ဆက်ပေးပါရစေ........🎓🆕
LCCI စာရင်းကိုင်သင်တန်းဆိုတာကတော့ အများစုက ရင်းနှီးကြပြီးဖြစ်မှာပါ........🆗
ဒါပေမယ့် AFAသင်တန်းကျောင်းက သင်ကြားပို့ချပေးမယ့် LCCI စာရင်းကိုင်သင်တန်းကတော့ မိတ်ဆွေတို့မကြားဖူးမကြုံဖူးသေးတဲ့ အတွေ့အကြုံသစ်တွေ ယူဆောင်ပေးလာမှာပါ.........😇😇😇
❓ဘာတွေထူးခြားမှာလဲဆိုတော့......
ဘယ်တုန်းကမှမကြားဖူးတဲ့သင်တန်းကြေး✔️
❓ဘယ်လောက်လဲဆိုတော့.........
Subject ၁ ခုကို ကျပ်-၃၅,၀၀၀✔️ (Advanced Business Calculationsကတော့ ကျပ်-၃၀,၀၀၀မျှသာပေးသွင်းရပါမည်)👍👍👍
ခုလိုအားလုံးခက်ခဲနေကြချိန်မို့ဘယ်မှာမှမရနိုင်တဲ့သင်တန်းကြေးနဲ့သင်ပေးမှာပါ...
❓ဘယ်လိုသင်မှာလဲ..........
ZOOM ဖြင့် ဖော်ပြပါTimetableအတိုင်း Lecturerနှင့်တိုက်ရိုက် onlineကနေliveသင်ကြားရမှာပါ 🆗🆗🆗
❗️❗️❗️မှတ်ချက် ။ Recorded videoသင်ခန်းစာများဖြင့်လေ့လာခြင်းမဟုတ်ပါ။
Lectureတစ်ခုပြီးတိုင်းrecord videoလည်းပေးဦးမှာဆိုတော့ ပြန်လည်လေ့ကျင့်ဖို့ပိုအဆင်ပြေတာပေါ့နော်....သင်ကြားချိန်တွင်းနားမလည်တာတွေပြန်နားထောင်လို့ရတာပေါ့နော်......
📌📌📌 Subject ၁ခုချင်းစီတိုင်းကို Full Course + Practice Questions + Old Questions ၁၅စုံ တို့ဖြင့်သင်ကြားပေးမှာပါ။
❓အရမ်းတန်နေတော့ သင်ရိုးစုံပါ့မလား.........
မစိုးရိမ်ပါနဲ့နော်🆒
LCCI Pearson ကသတ်မှတ်ထားတဲ့သက်ဆိုင်ရာ Subject ရဲ့ Specification တွေကိုချပြသင်ကြားမှာဆိုတော့ မိမိလေ့လာခွင့်ရလိုက်တာတွေ စုံလင်ရဲ့လားဆိုတာ စိတ်ကြိုက်စမ်းစစ်နိုင်မှာပါ။💯
လေ့လာသူတွေတဝကြီးလေ့လာခွင့်ရမယ့် ပညာရပ်တွေပါပဲ။💯
(ဥပမာ Level-2 သင်ရိုးမှာဆို လေ့လာခွင့်ရမယ့်အဓိက ခေါင်းစဉ္ ၅ ခုကို အသေးစိတ်ခေါင်းစဥ္ခွဲပေါင်း ၅၀ ကျော်ရှိတယ်။ Level-3 ဆိုပိုတောင်မှအများကြီးလေ့လာခွင့်ရဦးမှာပါ။)
❓စာမေးပွဲဖြေဖို့ရော Exam Services တွေပေးရဲ့လား........
စိတ်ချလိုက်နော် 🆗
Exam fees သွင်းပေးခြင်း၊ Exam result ထုတ်ပေးခြင်း၊ Certificate/ Diploma ထုတ်ပေးခြင်းများအားလုံးအခမဲ့ဆောင်ရွက်ပေးပါတယ်။ 🆓🆓🆓
⏰⏰သင်တန်းအချိန်စာရင်း📅📅
Level 1+2 Bookkeeping and Accounting
Sat : 9AM - 12PM
Sun : 8AM - 11AM
Level 3 Accounting
Sat : 1PM - 4PM
Sun : 11:30AM - 2:30PM
Level 3 Cost and Management Accounting
Sat : 4PM - 7PM
Sun : 2:30PM - 5:30PM
Level 3 Advanced Business Calculations
Sun: 5:30PM - 7:30PM
☑️သင်တန်းကာလ
၃လ
☑️သင်တန်းစမည့်ရက်
၂၀၂၂ ဇန်နဝါရီလ ၈ရက်
👩💼သင်ကြားမည့်သူ
ဒေါ်ရင်ရင်အောင် (BBM, DA, MBA, ACCA, CPA)
၁၄နှစ်နီးပါးAccountingနှင့်Financeဘာသာရပ်များကိုသင်ကြားပို့ချခဲ့ပြီး Head of Financeအဖြစ်အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်.....
❓နားမလည်ရင် စာမေးလို့ရလား...........
🆓 သိပ်ရတာပေါ့။ နားမလည်တာကို့ သင်တန်းပို့ချသူထံတိုက်ရိုက်မေးနိုင်ပါတယ်။ Study Guide ကြေးလည်းထပ်ကုန်စရာမလိုဘူးပေါ့။ 🆓
❓တခြားကုန်ကျစရိ်တ်ေတွရှိဦးမှာပေါ့...........
❌မရှိပါ။ Internet အသုံးပြုခမှလွဲ၍ ဘာမှထပ်ကုန်ကျမလိုပါ။📶📶📶
ဒါပေမဲ့ Exam ဖြေပြီးနိုင်ငံတကာအသိအမှတ်ပြုCertificateတွေ၊Diplomaတွေရဖို့ဆိုရင်တော့ LCCI Pearson ကိုပေးသွင်းရမယ့် Exam fees တော့ရှိပါမယ်။💵💸
❓ဘယ်သူတွေဒီသင်တန်းတက်လို့ရလဲ.........
အသက် ၁၆ နှစ်ပြည့်ပြီး Accounting ပညာရပ်ကိုစိတ်ဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပါတယ်နော်။👩💼🙍♂
အားလုံးသိကြတဲ့အတိုင်း Accounting ဆိုတာငွေကြေးနဲ့ပတ်သက်ရသူတိုင်းသိထားသင့်တဲ့ပညာရပ်ပါပဲ။💰💰📈📉📊
ဒီတော့
☑️ Lecturer မှ တိုက်ရိုက် liveသင်ကြားပေးခြင်း
☑️ Full course သင်ယူခွင့်ရခြင်း
☑️ Old Questions များသင်ပေးခြင်း
☑️ စာမေးချိန်ထားပေးခြင်း
☑️ Exam ဆိုင်ရာဝန်ဆောင်မှုမျာပေးခြင်း
စတာတွေအားလုံးကိုအသက်သာဆုံးသင်တန်းကြေးဖြင့်ရနိုင်တာ AFA မှာနော်...
👩💻👩💻👩💻 ကဲ ဘာလိုသေးလဲမိတ်ဆွေတို့ရေ.......👌👌👌
🔍🔎အခုလိုအချိန်မှာ professional ပညာရပ်များကိုလေ့လာလိုသူများကို AFA သင်တန်းကျောင်းမှစေတနာအပြည့်ဖြင့်ထောက်ပံ့ပါရစေနော်........🙏🙏🙏
✔️အခွင့်အရေးကောင်းတွေအမိအရဆုပ်ကိုင်နိုင်ဖို့ Chatbox ကိုလှမ်းခဲ့နော်.......💪💪
"Max Quality,Min Cost"
"အသက်သာဆုံးစရိတ်ဖြင့်အမြင့်မားဆုံးအရည်အသွေးအတွက် AFAမှာသင်ယူပါ"
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Yangon