Lingo Valley

Lingo Valley Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lingo Valley, Language school, Yangon.

Learners တို့ရေLingo Valley က IELTS Study Tracker ကို giveaway (၃)ဦးပေးခဲ့တာ မှတ်မိကြတယ်ဟုတ်။Giveaway winner (3)ဦးက  (1)...
10/04/2023

Learners တို့ရေ

Lingo Valley က IELTS Study Tracker ကို giveaway (၃)ဦးပေးခဲ့တာ မှတ်မိကြတယ်ဟုတ်။

Giveaway winner (3)ဦးက (1) month IELTS Study Tracker ကိုရရှိခဲ့ပြီး Lingo Valley နဲ့တူတူလေ့လာနိုင်ခဲ့ပါတယ်။

Learners (3)ဦးရဲ့ Feedback ကိုလည်း အခုလိုပဲ ဖော်ပြလိုက်ပါတယ်။

မကြာခင်မှာ Learners တို့အတွက် Lingo Valley က Tracker Program ကိုစီစဉ်နေတာကြောင့် အားလုံးပဲ Stay Tuned ပါ။


It doesn’t matter how slowly you go as long as you do not stop.” – Confuciusသင်မရပ်သေးသ၍ ဘယ်လောက်ပဲရွေ့ရွေ့ အဆင်ပြေပါတယ်...
22/03/2023

It doesn’t matter how slowly you go as long as you do not stop.” – Confucius

သင်မရပ်သေးသ၍ ဘယ်လောက်ပဲရွေ့ရွေ့ အဆင်ပြေပါတယ်။

Learners တို့ရေ

ဘဝမှာ တစ်ယောက်တည်းရုန်းကန်ရတဲ့ အခက်အခဲတွေ ကြုံဖူးကြတယ်မလား။

ပိုကောင်းတဲ့အလုပ်ကိုရဖို့
IELTS band score ကောင်းကောင်းရဖို့

စသည်ဖြင့် ရည်ရွယ်ချက်မျိုးစုံနဲ့ အမြဲကြိုးစားနေရတယ်။

တခါတလေ ထင်သလောက်ခရီးမပေါက်တဲ့အခါ စိတ်လျှော့ချင်တာက မှန်ကန်တဲ့ အဖြေတော့မဟုတ်ပါဘူး။

မရပ်တန့်သ၍ နည်းနည်းချင်းပဲဖြစ်ဖြစ် တိုးတက်အောင် ကြိုးစားနေဖို့က အဓိက ပါပဲ။

ကိုယ်ကြိုးစားတဲ့ လမ်းတစ်လျှောက်မှာ အကူအညီလိုအပ်ရင်လည်း နားလည်သူတွေဆီက တောင်းဖို့ ဝန်မလေးပါနဲ့။

English စာလေ့လာနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ IELTS self study လုပ်တဲ့အခါ အခက်အခဲရှိတာပဲ ဖြစ်ဖြစ် Lingo Valley ကလည်း learners တို့ကို ကူညီဖို့ အမြဲအသင့်ရှိနေပါတယ်။

Lingo Valley
Boost your language momentum with Lingo Valley

IELTS အတွက် self study လုပ်တာက တကယ်ပဲ အဆင်ပြေနိုင်လား❓️Learnersတို့ရေဘယ်ပညာရပ်ကိုပဲ လေ့လာလေ့လာ အရေးကြီးတာက ပညာရပ်အ​ပေါ် ...
18/03/2023

IELTS အတွက် self study လုပ်တာက တကယ်ပဲ အဆင်ပြေနိုင်လား❓️

Learnersတို့ရေ

ဘယ်ပညာရပ်ကိုပဲ လေ့လာလေ့လာ အရေးကြီးတာက ပညာရပ်အ​ပေါ် ကိုယ့်ရဲ့စိတ်အားထက်သန်မှုပါပဲ။ ကိုယ်က ဘယ်လောက်စျေးကြီးပေးတဲ့ သင်တန်းပဲတက်တက် ကိုယ်တိုင် ဆက်လက်လေ့လာအားထုတ်မှု “self-study” ကတော့ အရေးကြီးပါတယ်။ learners တို့လည်း "self-study" က အ​ရေးကြီးတယ်ဆိုတဲ့ အ​ချက်နဲ့​တော့ ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။

IELTS self-study လုပ်ရင် ဘာကောင်းကျိုးတွေရနိုင်မလဲ။

🌟ပထမဆုံးက ကိုယ်တိုင် resourceတွေကို ရှာဖွေရတဲ့အတွက် effort စိုက်ထုတ်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ resource တွေကို ရှာလို့ရမယ်။

🌟IELTS preparation class တွေမှာပြောသွားတာထက် ပိုပြီး ပြင်ပလေ့လာမှူတွေ ထပ်လုပ်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ skill တိုးတက်ဖ်ို့ အထောက်အကူပြုစေတယ်။

🌟တခါတလေ သင်တန်းတွေက စျေးကြီးတဲ့အတွက် self-study ကိုသေချာ manage လုပ်နိုင်ရင် ငွေကုန်ကြေးကျ သက်သာနိုင်တယ်။ ​

ဒါပေမဲ့ တစ်ဖက်မှာလည်း IELTS ကို self-study လုပ်တာရဲ့ အားနည်းချက်တွေရှိနေတယ်။

🌟IELTS အတွက် ကိုယ်တိုင် ​​လေ့လာနိုင်တဲ့ websites ​တွေ Youtube Channel ​တွေ အများကြီးရှိတာ​​ကြောင့် self-study resource တွေ တအားများပြီး ဘယ်ကစလုပ်ရမှန်းမသိဘဲ ဖြစ်တတ်ပါတယ်။ ကိုယ်နဲ့ အဆင်​ပြေမယ့် ကိုက်ညီတဲ့ resources ​​တွေရှာရင်း အချိန်ကုန်သွားနိုင်ပါတယ်။ ​ကိုယ်ရှာရင် ရှာသ​လောက် websites ​တွေ youtube channel ​တွေ ရလာ​ပေမဲ့ ဘယ်ကရမှန်း မသိဘဲ အချိန်ကုန်​နေတတ်ပါတယ်။

🌟ကိုယ့်ကိုယ်ကို သေချာ self management မလုပ်န်ိုင်တာ။ "self-study" သမား​​တွေ ကြုံ​တွေရတဲ့ အထဲမှာ self-control လုပ်ရတာကလည်း တကယ့် challenge တစ်ခုအ​နေနဲ့ ဖြစ်​နေတတ်ပါတယ်။

🌟IELTS preparation တစ်လျှောက်ကိုယ့်ရဲ့progress ကို guideလုပ်ပေးမယ့်သူ၊ feedback ပေးမယ့်သူမရှိတာ စတာတွေလည်းရှိပါတယ်။ ဒီအချက်က learners တို့ "self-study" လုပ်ဖို့ ​အဟန့်အတားတစ်ခုလို ဖြစ်​နေတတ်ပါတယ်။

ဒါဆိုရင် “IELTS preparation self-study ကို အထာကျကျဘယ်လိုလုပ်မလဲ။”

Lingo Valley ကနေ learners တို့အတွက် IELTS Self-study journey မှာ အ​ပေါ်က​​ထောက်ပြခဲ့တဲ့ အချက်​လေးကို စိုးရိမ်စရာမလိုဘဲ အများကြီး အကူအညီဖြစ်စေမယ့် project တစ်ခုကို လုပ်နေပါတယ်။

မကြာခင်မှာ ကြေညာတော့မှာဖြစ်တဲ့အတွက် အားလုံး Stay tuned ပါနော်။

Lingo Valley
Boost your learning momentum with Lingo Valley

Learners တို့ရေဒီနေ့မှာတော့ IELTS လေ့လာတဲ့အခါ အမှတ်မှားလေ့ရှိကြတဲ့ myths တွေကို ပြောပြပေးပါ့မယ်။Myth 1IELTS score က ကိုယ...
14/03/2023

Learners တို့ရေ

ဒီနေ့မှာတော့ IELTS လေ့လာတဲ့အခါ အမှတ်မှားလေ့ရှိကြတဲ့ myths တွေကို ပြောပြပေးပါ့မယ်။

Myth 1
IELTS score က ကိုယ့်ရဲ့ language proficiency ပေါ်မှာပဲ မူတည်ပါတယ်။

Fact
IELTS ဖြေဆိုဖို့ language proficiency က အရေးကြီးပါတယ်။ ဒါပေမယ့် Exam format ကိုလေ့လာထားတာ၊ အချိန်စီမံခန့််ခွဲနိုင်တာ နဲ့ exam strategies တွေသိတာကလည်း IELTS score အတွက်အရေးကြီးပါတယ်။

Myth 2
IELTS score က နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သူတွေအတွက်ပဲလိုတာပါ။

Fact
IELTS ကို ကျောင်းတက်တာအပြင်၊ English စကားပြောန်ိုင်ငံတွေမှာ အလုပ်လုပ်ဖို့(ဒါမှမဟုတ်) ပြောင်းရွှေ့နေထိုင်ဖို့အတွက်လည်း IELTS score ကလိုအပ်ပါတယ်။

Myth 3
IELTS လေ့ကျင်ဖို့ မဖြစ်မနေ preparation class တက်သင့်ပါတယ်။

Fact
IELTS preparation class တက်တာ၊ mentor ရှိတာက တော်တော်လေးအထောက်အကူပြုပါတယ်။ self-study လုပ်ရင် အချိန်တွေ effort တွေအများကြီးသုံးပြီးမှသိနိုင်မယ့် နည်းလမ်းတွေ၊ လေ့ကျင့်ခန်းတွေကို အချိန်တိုအတွင်းသိနိုင်မယ့်အပြင် effective feedback တွေရနိုင်ပါတယ်။

ဒါပေမယ့် IELTS class တက်မှ စာမေးပွဲဖြေန်ိုင်တာ မဟုတ်သလို self-study လုပ်ပြီး IELTS band score ကောင်းကြတဲ့သူတွေလည်း အများကြီးရှိပါတယ်။

Myth 4
IELTS မှာ reading နဲ့ listening ပဲ အဓိက လေ့ကျင့်ဖို့လိုတယ်။

Fact
တချို့က output ထုတ်ရတဲ့အပိုင်းတွေဖြစ်တဲ့ writing နဲ့ speaking ကို သိပ်လေ့ကျင့်စရာမလိုဘဲ စာမေးပွဲရောက်မှ ကြည့်လုပ်လို့ရတယ်ဆိုပြီး ထင်တတ်ကြတယ်။ လက်တွေ့မှာကတော့ IELTS ရဲ့ skill(4)ပိုင်းလုံးကို သေချာလေ့ကျင့်မှ လိုချင်တဲ့ score ရဖို့ ပိုနီးစပ်နိုင်ပါတယ်။

အခုဆိုရင် learners တို့လည်း IELTS နဲ့ပတ်သက်တဲ့ myths တွေကို သိရှိသွားပြီလို့ ယုံကြည်ပါတယ်။

Lingo Valley
Boost your learning momentum with Lingo Valley

IELTS reading မှာ အမှတ်ကောင်းချင်ရင် ဒါတွေပြင်Hello learners တို့ရေဒီနေ့မှာတော့ learners တို့ IELTS reading မှာ အဖြစ်မျာ...
21/02/2023

IELTS reading မှာ အမှတ်ကောင်းချင်ရင် ဒါတွေပြင်

Hello learners တို့ရေ

ဒီနေ့မှာတော့ learners တို့ IELTS reading မှာ အဖြစ်များတဲ့ mistakes တွေကို ပြောပြပေးသွားပါ့မယ်။

📌Instructions ကိုသေချာမဖတ်တာ

ဒီအချက်က အရေးမကြီးဘူးထင်ရပေမဲ့ မမှားသင့်ဘဲ မှားတဲ့ အမှားအများစုက instructions, question type ကို သေချာ မဖတ်လို့ပါ။ exam ဆိုရဲ့ တော်တော်panic ဖြစ်တဲ့ အကျင့်ကြောင့် မလိုအပ်ဘဲ အမှားတွေလုပ်မိတာမျိုးတွေ့ရပါတယ်။

📌Skimming မလုပ်တတ်တာ

IELTS reading က တစ်လုံးစီဖတ်ဖို့ လုံးဝ အချိန် မမီပါဘူး။ ဒါ့အပြင် အဖြေမှန်ရွေးတတ်ဖို့ကလည်း စာပိုဒ်တိုင်း တစ်လုံးမကျန် ဖတ်စရာမလိုပါဘူး။ ဒီနေရာမှာ ကျောင်းသားတော်တော်များများက skimming မလုပ်တတ်တဲ့ အတွက် အချိန်မမီတာ၊ မှန်မယ်ထင်တာ ရွေးဖြေလိုက်ရတာမျိုးဖြစ်တတ်ပါတယ်။

📌Vocabulary မကြွယ်ဝတာ

IELTS reading မှာသာမကဘဲ IELTS overall band score ကောင်းချင်ရင် vocabulary က ပစ်ထားလို့မရပါဘူး။ IELTS reading မှာ ပါတတ်တဲ့ common words တွေကတော့ မသိမဖြစ် သိထားသင့်ပါတယ်။ ဒါမှလည်း မလိုအပ်ဘဲ အမှတ်တွေ လျော့တာမျိုး မဖြစ်တော့မှာပါ။

📌Topics မျိုးစုံကို မလေ့ကျင့်ဖြစ်တာ

IELT reading က psychology အကြောင်းဖြစ်နိုင်င်သလို rocket science အကြောင်းလည်း ဖြစ်န်ိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ မရင်းနှီးတဲ့ topic ရရင် ပူထူသွားတာမျိုးမဖြစ်ဖို့က mock test တွေမှာထဲက ကိုယ်နဲပ familiar မဖြစ်တဲ့ topic မျိုးစုံနဲ့ လေ့ကျင့်ဖို့ လိုပါတယ်။

📌အချိန် မမီတာ

အချိန် မီအောင် ကျောင်းသားဘက်က
ကြိုပြင်ဆင်လို့ရပါတယ်။ များများpractice လုပ်တာကတော့ အချိန် မမီတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

ဒီနေ့မှာတော့ learners တို့အနေနဲ့ IELTS reading ရဲ့ common mistakes တွေသိသွားပြီဆိုတော့ ဒီလိုအမှားတွေ၊ လိုအပ်ချက်တွေ မရှိအောင် ကြိုတင်ပြင်ဆင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

IELTS reading နဲ့ပတ်သက်ပြီး သိချင်တာရှိရင်လည်း Lingo Valley Chatbox မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

Lingo Valley
Boost your Learning Momentum with Lingo Valley

18/02/2023

IELTS success အတွက် Reading Hacks

IELTS က practice အပြင် နည်းမှန်လမ်းမှန် tactics တွေလည်း လိုအပ်ပါတယ်။ ဒါကြောင့် learners တို့အနေနဲ့ reading band score ကို လက်ရှိအခြေအနေထက်ပိုပြီး များချင်တယ်ဆိုရင် သိထားသင့်တဲ့ reading hacks တွေကို ပြောပြပေးထားပါတယ်။

Lingo Valley
Boost your Learning Momentum with Lingo Valley

IELTS ဖြေဆိုရာမှာ တွေ့ကြုံရတဲ့ time management problem ကို ဘယ်လိုဖြေရှင်းမလဲ?Hello learners တို့ရေLingo Valley ကနေ ကြိုဆ...
14/02/2023

IELTS ဖြေဆိုရာမှာ တွေ့ကြုံရတဲ့ time management problem ကို ဘယ်လိုဖြေရှင်းမလဲ?

Hello learners တို့ရေ
Lingo Valley ကနေ ကြိုဆိုပါတယ်။

IELTS exam ဖြေဆိုတဲ့အခါ တချို့သူတွေက English skillsကောင်းရဲ့သားနဲ့၊ mock test တွေမှာ အဆင်ပြေရက်နဲ့ မှန်းထားသလောက် band score တွေမရတာ ကြားဖူးကြမှာပါ။❗️

IELTS exam ဖြေဆိုသူ ၉၀%လောက် တွေ့ရတဲ့ အခက်အခဲတစ်ခုက time management ပါပဲ။

ဒါကြောင့် Lingo Valleyက speaking, listening, reading, writing တစ်ခုချင်းစီမှာ သုံးသင့်တဲ့ time management tips တွေကို ပြောပြပေးသွားပါမယ်။

Listening

📂Listening audio မဖွင့်ခင်ရသလောက်အချိန်မှာ မေးခွန်းကို ကြိုဖတ်ပါ။
📂မေးခွန်းတစ်ခုကို နားမလည်ရင် စက္ကန့်(၂၀)ထက်ပိုပြီး မစဉ်းစားပါနဲ့။ ဆက်ပြီးဖြေသွားပါ။ ပြီးမှပြန် စဉ်းစားဖို့ အချိန်ပေးပါ။
📂အဖြေစစ်တာကို မေးခွန်းဖြေရင်းနဲ့ပဲတစ်ခါတည်း ရသလောက်လုပ်သွားပါ။

🌟Reading

📂မေးခွန်းတွေကို မဖတ်ခင် စာပိုဒ်တွေရဲ့ အခြေခံအကြောင်းအရာကိုသဘောပေါက်အောင် အကြမ်းဖျင်း အရင် skimလုပ်ပါ။
📂မေးခွန်းကိုသေချာဖတ်ပြီး keywordsတွေကို သေချာအမှတ်အသားလုပ်ပါ။
📂မေးခွန်းတစ်ခုထဲမှာ အချိန်အကြာကြီး မစဉ်းစားပါနဲ့။
📂အချိန်ကို အမြဲသတိထားကြည့်ပါ။

🌟Writing

📂 ပထမဆုံး မိနစ်အနည်းငယ်ကို idea brainstorm လုပ်ဖို့နဲ့ ရေးမဲ့အရာတွေ plan ချဖို့ သုံးပါ။
📂idea တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး စကားလုံးကျစ်ကျစ်လစ်လစ်ရေးနိုင်အောင် linking words တွေသုံးပါ။
📂နောက်ဆုံးအကြိမ် proofread လုပ်ဖို့ အချိန်ချန်ထားပါ။

🌟Speaking

📂Speaking မှာ ပေးထားတဲ့ အချိန်အတွင်း ပြည့်ပြည့်စုံစုံပြောနိုင်အောင် များများလေ့ကျင့်ဖို့ လိုပါတယ်။
📂Preparation time (1) minute ရတဲ့အခါမှာ idea တွေကို note taking သေချာလုပ်ပါ။
📂Idea တွေ opinion တွေပြောတဲ့အခါ သက်ဆိုင်တဲ့ examples တွေ ထည့်ပြောတာမျိုးလုပ်ရင် speaking မှာ အချိန်တွေပိုနေတာမျိုးမဖြစ်အောင် ပြင်ဆင်လို့ရပါတယ်။

Lingo valley က ဒီနေ့ မျှဝေပေးလိုက်တဲ့ time management practiceတွေက learners တို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

တခြား Learners တွေလည်းသိသွားအောင် မျှဝေပေးကြပါဦး။

Lingo Valley
Boost your Learning Momentum with Lingo Valley

IELTS reading က ခက်တယ်ဆိုပေမဲ့ ကိုယ်နဲ့ကိုက်ညီတဲ့ strategy နဲ့လေ့ကျင့်မယ်ဆိုရင် လိုချင်တဲ့ band score ရန်ိုင်ပါတယ်။ Ying...
19/01/2023

IELTS reading က ခက်တယ်ဆိုပေမဲ့ ကိုယ်နဲ့ကိုက်ညီတဲ့ strategy နဲ့လေ့ကျင့်မယ်ဆိုရင် လိုချင်တဲ့ band score ရန်ိုင်ပါတယ်။

Ying တုန်းကလည်း စာမေးပွဲဖြေမယ်ဆိုပြီး Reader’s Digest စဖတ်တုန်းက တော်တော်လေး အခက်တွေ့ခဲ့ပါတယ်။ ဒါကြောင့်…

ပထမဆုံးက ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကို ရှာပြီးဖတ်ခဲ့တယ်။ Social media နဲ့ အချိန်ကုန်တတ်တာမျိုးရှိတော့ Facebook ထက် Twitter ကို ပိုသုံးဖြစ်တယ်။

Twitter မှာ Parenting, Business News ဆိုပြီးတော့ ကိုယ်သိချင်တဲ့ topics တွေကို follow လုပ်ထားပြီး ဖတ်လို့ရပါတယ်။ Fiction ဖတ်ရတာကြိုက်တဲ့သူဆိုရင် fiction ဖတ်လို့ရပါတယ်။

နောက်တစ်ခုက The Economist ဖတ်ပါတယ်။ The Economist ထဲက အသုံးအနှုန်းတွေက Academic Writing Task-1 မှာလည်း ပြန်သုံးလို့ရတော့ တော်တော် အဆင်ပြေပါတယ်။

Reader’s Digest ကိုလည်း အကြောင်းအရာစုံတဲ့အတွက် ကြိုးစားပြီး ဖတ်ဖြစ်ပါတယ်။ Magazines တွေဖတ်တဲ့အခါမှာလည်း စာမျက်နှာ အစကနေ တစ်ရွက်မကျန် ဖတ်တာမျိုးမဟုတ်ဘဲ ကိုယ်စိတ်ဝင်စားတဲ့ခေါင်းစဉ် အကြောင်းအရာကိုပဲ ရွေးဖတ်ပါတယ်။

🌟Reading မှာက Exam ကို ဘယ်လို approach လုပ်မလဲဆိုတဲ့ strategies က အရေးကြီးပါတယ်။ အဓိကကတော့ Simone Braverman စာအုပ်ထဲက strategies တွေ အတိုင်းပဲ သုံးခဲ့ပါတယ်။ ဒါ့အပြင် IELTS Daily ရဲ့ reading videos တွေကိုလည်း recommendပါတယ်။

https://youtube.com/playlist?list=PLT4o5xHgvqv9cWhpjHOvze_v9airjdk2y

🌟 Question type တစ်ခုချင်းစီကို သီးသန့် practice လုပ်ဖို့အတွက်က FastTrack IELTS ကို recommend ပါတယ်။

https://youtube.com/

🌟အပေါ်မှာပြောထားခဲ့တဲ့ စာအုပ်တွေကို E-book download လုပ်ချင်ရင်တော့ ဒီ channel တွေမှာ ရှိပါတယ်။

https://t.me/ddorburma

https://t.me/readersdigestofficial

https://t.me/penguin_readers_books

🌟Practice test တွေ စမ်းဖြေကြည့်ပြီးမှ time management အတွက် ကိုယ်တိုင်သုံးခဲ့တဲ့နည်းကတော့ 15-20-25 ပါ။

Passage(1) က များသောအားဖြင့် လွယ်တာ ကြောင့် 13~15 min အတွင်း ပြီးအောင်ဖြေပါတယ်။

Passage 3 အတွက် အချိန်များများချန်ထားသင့်ပါတယ်။ ခက်ခဲတဲ့ မေးခွန်းဆိုရင်တော့ အကြာကြီးအချိန်ယူမစဉ်းစားနေဘဲ ကျော်ခဲ့ပြီး တစ်ခြား မေးခွန်းတွေကို အရင်ဖြေပါတယ်။ Ying ကတော့ ပြန်စစ်ဖို့ဆိုပြီး အချိန်မယူပါဘူး။ ပြန်စစ်ပြီး ပြင်လိုက်တဲ့အဖြေက မှန်လေ့မရှိတာမလို့ အတတ်နိုင်ဆုံးတစ်ခါတည်းမှန်အောင် ဖြေပါတယ်။

Reading မှာက assumption မလုပ်ဖို့ကလည်း အရေးကြီးတယ် ထင်ပါတယ်။ ကိုယ်နဲ့ရင်းနှီးတဲ့အကြောင်းအရာဆို ပိုမှန်တတ်တယ်ထင်ကြပေမဲ့ သိထားပြီးသား background knowledge ကလည်း သိပ်မသုံးရတတ်တာကြောင့်မလို့ပါ။ အဖြေတွေအားလုံးက စာပိုဒ်ထဲမှာရှိနေပြီးသားဖြစ်လို့ synonyms or phrases မတွေ့မချင်း အဖြေရှာရမယ်ဆိုတဲ့ စိတ်နဲ့ ဖတ်ပါတယ်။

ဒါကတော့ Ying ကိုယ်တိုင် လက်တွေ့စမ်းသပ်ပြီး အောင်မြင်ခဲ့တဲ့ reading strategies တွေ resourcesတွေကို ဖော်ပြပေးထားတာပါ။

Reading အတွက် self-study လုပ်ရင်း အခက်အခဲတစ်ခုခုရှိရင် Lingo Valley page chat box မှာအချိန်မရွေးလာမေးလို့ရပါတယ်။


တစ်လ အတွင်း IELTS overall band- 8 ရဖို့ self-study ဘယ်လိုလုပ်ခဲ့လဲ။(Part-1)အရင်ဆုံး Ying ရဲ့ background ကို မိတ်ဆက်ပေးရရ...
17/01/2023

တစ်လ အတွင်း IELTS overall band- 8 ရဖို့ self-study ဘယ်လိုလုပ်ခဲ့လဲ။
(Part-1)

အရင်ဆုံး Ying ရဲ့ background ကို မိတ်ဆက်ပေးရရင် နယ်မြို့မှာမွေး၊ အဲ့ကပဲ ဆယ်တန်းအောင်ခဲ့တာမလို့ အင်္ဂလိပ်စာသင်တန်းတွေတက်ပြီး ကြီးလာခဲ့တဲ့သူတော့မဟုတ်ပါဘူး။

ရန်ကုန်မှာ တက္ကသိုလ်လာတက်ဖြစ်တော့မှ Business English ချိန်ဆို အတန်းဖော်တွေကိုကြည့်ပြီး စိတ်ဓာတ်ကျရတာနဲ့ သင်တန်းတစ်ခုမှာ Elementary တက်ဖြစ်ခဲ့ပါတယ်။ နောက်တော့ organization တစ်ခုမှာ volunteer ဝင်လုပ်ပြီး အချိန်မရတာနဲ့
သင်တန်းလည်း ရေရေရာရာမတက်ဖြစ်တော့ပါဘူး။

သင်တန်းရယ်လို့ မတက်ဖြစ်ပေမယ့် အမြဲတမ်းတော့ English စာနဲ့ အထိအတွေ့ရှိအောင် လေ့လာဖြစ်ခဲ့ပါတယ်။

IELTS ကို စထိတွေ့ခဲ့ဖူးတာကတော့ pandemic တွေဖြစ်ပြီး ကျောင်းတွေပိတ်ထားတဲ့အချိန်ပေါ့။ အရင်တည်းက ကြားဖူးနေပေမယ့် ကိုယ့် level နဲ့ လက်လမ်းမှီနိုင်တဲ့အရာမဟုတ်ဘူး ထင်ထားခဲ့ရာကနေ 2020 မှာ သင်တန်းတစ်ခုရဲ့ IELTS foundation ကို Reading, Listening နဲ့ Writing Task 1 တက်ဖြစ်ခဲ့ပါတယ်။အဲ့တုန်းကလည်း မဖြေဖြစ်သေးဘူးဆိုတော့ သာမန်ကာလျှံကာပဲ တက်ခဲ့တာပါ။ စာလည်း လိုက်မလုပ်တော့ Reading နဲ့ Listening ဆို mock test မှာ 6,6.5 လောက်ပဲ ရခဲ့ပါတယ်။

ဒီနှစ်မှာတော့ တကယ်ကျောင်းလျှောက်ဖို့ဖြစ်လာတာနဲ့ IELTS ကို မဖြစ်မနေဖြေဖို့ဖြစ်လာပါတယ်။ British Council English Score မှာ level test စစ်ကြည့်လိုက်တော့ B2 ရခဲ့ပါတယ်။

targeted score က band 7 လိုချင်တာဆိုတော့ self study လုပ်ဖို့ confidence မရှိတာနဲ့ one on one အတန်းတွေလိုက်စုံစမ်းဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဆင်မပြေတော့ Duolingo ပဲပြောင်းဖြေရမလား ဗျာများရင်းနဲ့ပဲ July နောက်ဆုံးပတ်မှာတော့ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်ချပြီး IELTS ကိုပဲ register လုပ်ဖြစ်သွားခဲ့ပါတယ်။

ဒီနေ့မှာတော့ skill တစ်ခုချင်းအတွက် ဘယ်လိုမျိုး လေ့လာဖြစ်ခဲ့လဲ၊ ဘယ်လို resources တွေ သုံးခဲ့လဲဆိုတာကို learner တို့ကို ပြောပြပေးသွားချင်ပါတယ်။

စစချင်း Simone Braverman ရဲ့ Target Band 7 စာအုပ်ကနေ စပါတယ်။ ကိုယ်ဖြေမယ့် exam ရဲ့ သဘောတရားကို နားလည်အောင်လုပ်ပြီးတော့ ဘယ်လို approach လုပ်မလဲကို သိအောင်လို့ tips and strategies တွေလည်း လိုက်ကြည့်ခဲ့ပါတယ်။

📌Listening skill ကို band 8.5 ဘယ်လိုလေ့ကျင့်ခဲ့လဲ။

Listening practice လုပ်တဲ့သူတိုင်းသိမှာက BBC 6 minutes English ပါ။ 6 minutes စာဆိုတော့ နားထောင်ရတာလည်း မပင်ပန်းဘဲနဲ့ vocabulary လေးတွေပါ မှတ်လို့ရတာကြောင့် တော်တော် အသုံးဝင်ပါတယ်။

🌟 ဒီထဲမှာ YouTube channel link ကို ထည့်ပေးထားပါတယ်။

https://youtube.com/

🌟Script ကြည့်ချင်ရင် YouTube မှာလည်း CC ဖွင့်ပြီးနားထောင်လို့ရပြီးတော့ ဒီ website မှာလည်း သီးသန့်ကြည့်လို့ရပါတယ်။

https://www.bbc.co.uk/learningenglish/english/features/6-minute-english

နောက်တစ်ခုက Ted talk ပါ။ Exam အတွက်မဟုတ်ဘူးဆိုရင်တောင် နားထောင်သင့်ပါတယ်။ အဆက်အစပ်ရှိရှိ နားထောင်ချင်တယ်ဆိုရင် BBC 6 minutes မှာ Artificial Intelligence အကြောင်း နားထောင်တဲ့အခါ Ted Talk မှာ “The danger of AI is weirder than you think” ဆိုတာမျိုး နားထောင်လို့ရပါတယ်။

https://www.youtube.com/

🌟BBC News Review နဲ့ Podcast တွေလည်း နားထောင်လို့ ရပါတယ်။ Ying နားထောင်ခဲ့တဲ့ channel link လေးတွေ ထည့်ပေးထားပါတယ်။

https://youtube.com/

https://www.youtube.com/

https://www.youtube.com/

https://www.bbc.co.uk/sounds/podcasts

listening ကိုသေချာအာရုံစိုက်ဖို့ လေ့ကျင့်တဲ့အနေနဲ့ 30 min ပတ်ဝန်းကျင်လောက်ရှိတဲ့ podcast တွေကို စိတ်မလွတ်အောင် သေချာနားထောင်ပါတယ်။

Listening အတွက်က ပုံမှန် practice လုပ်ထားရင် မှန်ကန်တဲ့tactics ဖြည့်လိုက်ရုံနဲ့ အဆင်ပြေသွားမှာပါ။

သတိထားရတာမှာက…
IELTS listening မှာနားထောင်ရင်း ရေးရတာမလို့ note taking အတွက်လည်း အလေ့အကျင့်ရှိထားဖို့တော့ လိုပါတယ်။ တကယ့် exam မှာတော့ nervous ဖြစ်မနေဖို့နဲ့ အချိန်ကို သေချာသုံးတတ်ဖို့က အရေးကြီးလို့ ထင်ပါတယ်။

နောက်နေ့တွေမှာလည်း အခြား skills တွေကို ဘယ်လို practice လုပ်ခဲ့လဲဆိုတာရယ်၊ 1 month အတွင်း ဘယ်လို study routine လုပ်ခဲ့တယ်ဆိုတာရယ် ပြောပြပေးသွားပါမယ်။

Ying ကိုယ်တိုင် self-study ကို အဓိကအားထားပြီးဖြေခဲ့ရတဲ့အတွက် IELTS self-study လုပ်နေတဲ့ learners တွေလည်း အခက်အခဲရှိရင် Lingo Valley page မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

Hello learners တို့ရေ… 📚ဒီနေ့မှာ IELTS ကို လေ့လာနေကြတဲ့ (ဒါမှမဟုတ်) လေ့လာဖို့ ပြင်ဆင်နေကြတဲ့ သူတွေအတွက် Lingo Valley က လ...
07/01/2023

Hello learners တို့ရေ… 📚

ဒီနေ့မှာ IELTS ကို လေ့လာနေကြတဲ့ (ဒါမှမဟုတ်) လေ့လာဖို့ ပြင်ဆင်နေကြတဲ့ သူတွေအတွက် Lingo Valley က လက်ဆောင်လေး တစ်ခု စီစဉ်ထားပါတယ်။

အဲ့ဒါကတော့ IELTS နဲ့ သက်ဆိုင်တဲ့ Listening, reading, speaking and writing ဆိုင်ရာ…
🌟Audios
🌟Videos
🌟နာမည်ကြီး ebooks တွေထဲက IELTS လေ့လာသူတွေနဲ့ အသင့်တော်ဆုံး “Collins IELTS, Simon IELTS, Road to IELTS Success, Premium IELTS tests and sample answers, IELTS Band 9 vocab secrets” အစရှိတဲ့ စာအုပ်ပေါင်း 30+ ကျော် တို့ကို 📂 တစ်နေရာထဲ စုစည်းပြီး “ IELTS virtual knowledge box” အနေနဲ့ မျှဝေသွားမှာဖြစ်ပါတယ်။

ခုပဲ Lingo Valley page ကို learners တို့ရဲ့ email address ပေးပြီး “IELTS virtual knowledge box” ကိုရယူလိုက်ပါ။🎁

📣 ဒါ့အပြင် Lingo Valley က exclusive opportunity အနေနဲ့ “IELTS study routine tracker” ကိုလည်း စီစဉ်ထားပါတယ်။

🌟 Exclusive IELTS study routine tracker ဆိုတာ ဘာလဲ။

ပုံမှန်အားဖြင့် IELTS လေ့လာကြတဲ့သူတော်တော်များများက self-study လုပ်ရင် effective မဖြစ်တာ၊ သိသိသာသာ မတိုးတက်လာတာမျိုး ကြုံရတတ်ပါတယ်။

IELTS ကို study လုပ်တဲ့အခါ စိတ်ပါတဲ့အချိန် လုပ်တာထက် study habit တစ်ခုဖြစ်လာအောင်ထိ routine ချပြီး လုပ်ဖို့ အရေးကြီးပါတယ်။

ဒါကြောင့် Lingo Valley က လက်ရှိ IELTS လေ့လာနေသူတွေကို လေ့ကျင့်ပေးနေတဲ့…
“ Exclusive IELTS study routine tracker” ကို learners တို့အတွက် လက်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။

🌟“ Exclusive IELTS study routine tracker” ထဲမှာ ဘာတွေပါလဲ။

IELTS resources တွေအများကြီးရှိပြီး ဘယ်ကနေ ဘယ်လိုစလုပ်ရမှန်းမသိတဲ့သူတွေ ၊ study routine တစ်ခုအနေနဲ့ နေ့စဉ်စာပုံမှန်လုပ်ချင်တဲ့သူတွေအတွက်…

📂ကိုယ်နဲ့သင့်တော်တဲ့ 4 skills, vocabulary, grammar အပါအဝင် personalized IELTS resources တွေ
📂တစ်နေ့ကို စာလုပ်ဖ်ို့ပေးနိုင်တဲ့အချိန်ပေါ်မူတည်ပြီး ဆွဲပေးတဲ့ self-paced study routine tracker
📂IELTS ကို self-study လေ့လာနေစဉ် စာလေ့လာတဲ့ အလေ့အကျင့် သိသိသာသာတိုးတက်လာအောင် free one-month mentorship တွေပါဝင်ပါတယ်။

📌 Exclusive IELTS study routine tracker ကို ရယူနိုင်ဖို့ အတွက်တော့ Lingo Valley ရဲ့ Facebook post ကို like and share လုပ်ပေးရုံပါပဲ။

Lingo valley ကနေ random learner (၃) ဦးကို ရွေးပြီး study tracker mentorship ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

IELTS ကို လေ့လာဖို့ အမှန်တကယ် စိတ်အားထက်သန်တယ် ဆိုရင်…

IELTS ကို band score အများကြီးရထားတဲ့သူတွေရဲ့ လက်စွဲ IELTS virtual knowledge box နဲ့ study routine building mentorship အခွင့်အရေးကို လက်မနှေးဘဲ အရယူလိုက်နော်။ 🥳🥳


Hello learners တို့ရေLingo Valley ကနေ ကြိုဆိုလိုက်ပါတယ်။⛰ပထမဦးဆုံး Lingo Valley အကြောင်းကို မိတ်ဆက်ပေးပါရစေ။📌Lingo Valle...
05/01/2023

Hello learners တို့ရေ
Lingo Valley ကနေ ကြိုဆိုလိုက်ပါတယ်။⛰

ပထမဦးဆုံး Lingo Valley အကြောင်းကို မိတ်ဆက်ပေးပါရစေ။

📌Lingo Valley ဆိုတာဘာလဲ။

Lingo Valley က 2023 နှစ်သစ်ကစပြီး Learners တို့ရဲ့ success journey မှာ အရေးပါတဲ့ Language proficiencyအတွက် အကောင်းဆုံး ကူညီပေးသွားမဲ့ community တစ်ခုပါ။

📌Lingo Valley ကနေ Learners တို့အတွက် ဘာတွေလုပ်ပေးမှာလဲ။

Lingo Valley ကနေ…

🌟Language တွေ လေ့လာတဲ့နေရာမှာ အထောက်အကူပြုစေမဲ့ practical advice တွေ

🌟English language ကိုလေ့လာတဲ့သူတိုင်း သိသင့်တဲ့ knowledge sharing contentတွေ

🌟Affordable ဖြစ်ပြီး quality learning environment နဲ့အညီ ဖွင့်လှစ်သွားမဲ့ English proficiency test preparation classes နဲ့ general English classes တွေ

🌟အမြဲမပြတ် ကြိုးစားကြတဲ့ learners တို့အတွက် experience sharing webinar, workshop တွေ နဲ့

🌟တခြားသော activities တွေကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Learners တ်ို့အတွက် အကျိုးရှိစေတဲ့
Lingo Valley က ပြုလုပ်သွားမဲ့ activities တွေကို စောင့်ကြည့်ဖို့အတွက်….

Lingo Valley Facebook ကို
like and follow လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။


Address

Yangon

Telephone

+959798092749

Website

Alerts

Be the first to know and let us send you an email when Lingo Valley posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Lingo Valley:

Shortcuts

Share