MING XING Chinese Language Center

MING XING Chinese Language Center

Share

欢迎来到我们的培训中心

23/09/2025

✨တရုတ်စာလေ့‌လာနေတဲ့သူတွေ အထူးသဖြင့် Level 1ပြီးထားတဲ့လူတွေ အခမဲ့ဝင်ရောက်ဖြေဆိုနိုင်မယ့် Vocabulary testလေးလာပါပြီရှင်။✨

✅ဒီ Test လေးက HSK -1 အဆင့်နဲ့ညီမျှတာမလို့ ဝင်ဖြေကြည့်ရင်း ကိုယ့်ရဲ့တရုတ်စာအရည်အချင်းကို သုံးသပ်ကြည့်လို့ရမှာပဲဖြစ်ပါတယ်

✅ဖြေပြီးတာနဲ့ view score ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီးကိုယ်ရတဲ့အမှတ်ကိုကြည့်လို့ရပြီး မှားနေတဲ့အပုဒ်တွေကိုပါ အဖြေမှန်ပြန်တိုက်လို့ရမှာပါ။

✅ဖြေဆိုချိန် ၅မိနစ်တောင်မကြာတာမလို့ တရုတ်စာလေ့လာနေဆဲကျောင်းသား/ကျောင်းသူများ ဝင်ဖြေသွားကြည့်ပါဦးနော်❤️

ဒီlink လေးကိုနှိပ်ပြီး မေးခွန်းလေးတွေဆက်တိုက်ဖြေသွားပြီး နောက်ဆုံးမှာ submit လုပ်လိုက်ရင်ရပါပြီ

https://docs.google.com/forms/d/e/1FAIpQLSeuokLPFLuqCSpZ9z2d8GobQUX9jx26WA14HlgDDTppSU_0pQ/viewform?usp=header

(Linkထဲကို တန်းဝင်ရအဆင်မပြေဘူးဆိုရင် copy လုပ်ပြီး googleမှာသွားဖွင့်လို့ရပါတယ်)

တရုတ်စာနဲ့ပတ်သက်ပြီး မသိတာမျိုး၊ အကြံဉာဏ်တောင်းချင်တာမျိုးဆိုရင်လည်း လာမေးလို့ရပါတယ်နော်။ (admin တို့ဘက်ကအချိန်အားတာနဲ့အတတ်နိုင်ဆုံးဖြေပေးသွားပါမယ်)



10/09/2025

📛တရုတ်စကားပြန် အတွေ့အကြုံရှိ ကွန်ပျူတာကျွမ်းကျင်ရမယ် လစာ၁၀သိန်းဆိုပြီး အလုပ်ခေါ်စာတင်နေကြတုန်းလား📛

♦️If you pay cheaply,you can't expect skilled professionals ♦️

အလုပ်ရှင်တွေဘက်ကလိုချင်တာတွေများပြီး ပေးထားတဲ့လစာတွေကမြင်မကောင်းလို့ ဒီစာကိုရေးပါတယ်😁(အလုပ်လျှောက်မယ့်မောင်လေးညီမလေးတွေအတွက်ကတော့ လိုအပ်တာတွေဘယ်လိုပြင်ဆင်ရမလဲဆိုတာ နောက်မှသပ်သပ်ပို့စ်တင်ပေးပါမယ်)

အလုပ်ရှင်တွေဘက်အတွက် ရိုးရိုးရှင်းရှင်း ၂မျိုးပဲခွဲရေးလိုက်ပါမယ်

၁.စကားပြန်ပေးရုံသီးသန့်လိုချင်တာလား?
၂.စကားပြန်လည်းလုပ်ရမယ် ရုံးပိုင်ဆိုင်ရာတွေကျွမ်းတဲ့လူမျိုး၊ management ပိုင်းလည်းလုပ်နိုင်ရမယ်ဆိုတာမျိုးလိုချင်တာလား

♦️နံပါတ် ၁အချက်အတွက်ရှာမယ်ဆိုရင်
ကိုယ်လိုချင်တာက fresher လား experience ရှိတာလားအရင်စဉ်းစားပါ

တချို့ရုံးတွေမှာ senior translator တွေလည်းရှိတယ်၊ သူဌေးဘက်ကလည်း train ပေးရင်းပျိုးထောင်ပေးလို့ရတယ်
ကုမ္ပဏီမှာဘာသာပြန်မှားလို့ လုပ်ငန်းအတွက်အရမ်းမထိခိုက်နိုင်ဘူး၊ပြင်ပေးမယ့်သူတွေရှိတယ် ဆိုရင်တော့ fresher တွေခေါ်ပြီးသင်ပေးရင်နဲ့ကိုယ်လိုချင်တဲ့ပုံစံမျိုးtrainပေးတာပိုကောင်းပါတယ် ( နုံအအတွေတော့မခန့်ဖို့ပေါ့နော်၊ သင်ယူချင်စိတ်ရှိမယ့်လူကိုတတ်နိုင်သမျှရွေးပါ)
ဒါဆိုရင် salary အမြင့်ကြီးမပေးနိုင်တဲ့ရုံးတွေဘက်လည်းအဆင်ပြေသလို အခုမှတရုတ်စကားပြန်လောကထဲကိုဝင်ဖို့ကြိုးစားနေတဲ့ ကလေးတွေအတွက်လည်းအဆင်ပြေပါတယ်

ဒီလိုမျိုးအတွက်ဆို HSK 4 အောင်ထားပြီးအရည်အချင်းလောက်ဆိုခေါ်လို့ရပြီး လစာအနေနဲ့ဆိုရင်လည်း ၇သိန်း-၁၀သိန်းကြားမှာထားလို့ရပါတယ်။ဒါပေမယ့်ခန့်လိုက်တဲ့ဝန်ထမ်းအရည်အချင်းတက်လာရင်တက်လာသလောက်လစာကိုညှိပေးရမယ်ဆိုတာတော့ သတိထားရပါမယ်။

Experience ရှိတဲ့လူ(စကားပြန်သီးသန့်)ကိုခေါ်ချင်တယ်ဆိုရင်တော့ လစာ ၁၂သိန်းလောက်အောက်ထစ်ပေးနိုင်မှအဆင်ပြေမှာပါ၊ ဒါတောင် ကိုယ့်လုပ်ငန်းနဲ့ကိုက်ညီတဲ့ experience ရှိတဲ့စကားပြန်ရဖို့ခက်ပါတယ်။တခြားလိုင်းမှာပဲ experience ရှိခဲ့ပြီး ကိုယ့်လုပ်ငန်းအကြောင်းမသိသေးတဲ့လူတွေဆိုရင်တော့ အချိန်ခဏတော့ပေးရပါတယ်။ ဇွတ်ဝင်ဝင်ချင်း ကိုယ့်လုပ်ငန်းသုံးစာလုံးတွေ ဝေါဟာရတွေသိနေဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒီအချက်ကိုတော့ လက်ခံရပါမယ်

အဲ့တော့နံပါတ်၁နဲ့ကိုက်တဲ့လူရှာနေတဲ့အလုပ်ရှင်တွေအနေနဲ့ ကိုယ်ပေးနိုင်တဲ့လစာကို ပြန်စမ်းစစ်ကြည့်ပါ ၊ဝင်ဝင်ချင်းလုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင် မဖြစ်နိုင်ဘူးဆိုတာကိုလက်ခံပါ။ကိုယ်ပေးနိုင်တဲ့လစာအလိုက် သတ်မှတ်ချက်တွေကို ပြန်ပြောင်းကြည့်ပါ။ ဒါဆိုရင်လူရှာရတာလည်းလွယ်သွားပါလိမ့်မယ်။

♦️နံပါတ်၂အချက်အတွက်ကတော့

လစာများများပေးပြီးရှာပါ။ အနည်းဆုံး၁၄,၁၅မှမဟုတ်ရင်ဘယ်သူမှလာမလျှောက်နိုင်ပါ။(နေ့စားစရိတ်ငြိမ်းပေးထားတယ်ဆိုပြီးအရမ်းလစာကိုမနှိမ်ပါနဲ့။တရုတ်ရုံးပိုင်းတွေစက်ရုံတွေတော်တော်များများကစားရိတ်ငြိမ်းတာမလို့ ဒီအချက်ကအားသာချက်ဖြစ်မနေပါဘူး)
စကားပြန်တာအပြင်စာရေးတတ်ရမယ်၊မီတင်မှာဘာသာပြန်ရမယ်၊လုပ်ငန်းပိုင်းတွေလိုအပ်ရင်လုပ်ရမယ်။ကွန်ပျူတာကျွမ်းရမယ်ဆိုတာမျိုးလိုချင်ရင် လစာ၁၀သိန်းနဲ့မရပါဘူး

ကိုယ့်ဘက်ကလစာအဲ့လောက်မပေးနိုင်ဘူးဆိုရင်တော့ JDကိုပြန်လျှော့ပါ
စကားပြန်တာနဲ့ ကွန်ပျူတာအခြေခံလောက်ကိုပဲရည်မှန်းပြီးရှာပါ
(စကားပြန်တာကိုအဓိကထားမလား ရုံးပိုင်းအလုပ်အတွက်အကူအညီဖြစ်အောင်ကွန်ပျူတာကျွမ်းတာမျိုးကိုအဓိထားမလားပြန်သုံးသပ်ပြီး တစ်ခုကိုပဲရွေးပါ)
အဆင်ပြေဆုံးကတော့ရုံးအလုပ်ကျွမ်းကျင်ပြီး စကားပြန်ပိုင်းမှာတက်သစ်စဖြစ်တဲ့လူကိုရွေးပါ(တက်သစ်စဆိုလို့ခုမှHSK-3ပြီးတာတို့,သင်တန်းတက်တာ၆လရှိပြီဆိုတဲ့လူမျိုးတွေမရှာပါနဲ့နော်၊အနည်းဆုံးHSk-4အပြီးလောက်ထားရှာပါ၊)

စကားပြန်နဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကို လုပ်ငန်းခွင်ထဲရောက်မှပြောပြရင်း၊ သင်ပေးရင် ဝန်ထမ်းရဲ့ဘာသာပြန်စွမ်းရည်တိုးတက်လာအောင်လုပ်ပေးလို့ရပါတယ်(သူဌေးနဲ့စီနီယာတွေဘက်ကလည်းသင်ဖို့တော့လိုတာပေါ့နော်)

ဒီလိုဆိုကိုယ့်ဘက်ကလည်း လစာအများကြီးတန်းပေးစရာမလို၊ ဝန်ထမ်းဘက်ကလည်း တိုးတက်ဖို့လမ်းစရှိတာမလို့ လစာမများရင်တောင် အတွေ့အကြုံယူနိုင်ဖို့ joinဖြစ်ကြပါတယ်
အဲ့တော့ အားလုံးအချုပ်ကိုပြောရရင် HRတွေအနေနဲ့ ကိုယ့်သူဌေးလိုချင်တာ ဘယ်လိုပုံစံမျိုးလဲဆိုတာ သေချာသိဖို့လိုပါတယ်။လာလျှောက်သမျှCVတွေအကုန်အင်တာဗျူးချိန်းပစ်တာမျိုးမဟုတ်ပဲ ကိုယ်တိုင်ကိုက်ညီနိုင်မယ့်လူကို သေချာစိစစ်ပြီးအင်တာဗျူးချိန်းပေးတာက သူဌေးတွေအတွက်လည်း စိတ်မရှုပ်ရသလို လူရွေးရတာလည်းအေးဆေးရွေးနိုင်ပါတယ်(မကိုက်တဲ့လူတွေလာလျှောက်တာကိုလက်ခံမိတာများသွားရင် အင်တာဗျူးလုပ်တာအလုပ်လွန်ပြီးလူခန့်တဲ့နေရာမှာလွဲတတ်ပါတယ်)

♦️1 လစာအများကြီးမပေးနိုင်ရင် HSK-4လောက်အရည်အချင်းကို အဓိကထားရှာပြီး သင်ပေးနိုင်ဖို့ ပြင်ဆင်ပါ။ JDတွေမှာ ဇွတ်မရေးပါနဲ့။ ဝန်ထမ်းဘက်ကလည်း အဲ့လောက်လစာနဲ့ ရှယ်ရေးထားတဲ့ JDတွေကိုမလုပ်နိုင်ပါ။

♦️2 လစာပေးနိုင်တယ်ဆိုရင်တော့ တကယ်အဓိကထားလိုချင်တာ ဘယ်ဟာလဲအရင်သုံးသပ်ပါ (စကားပြန်ပိုင်းလား၊ လုပ်ငန်းကျွမ်းကျင်မှုအပိုင်းလား)
နှစ်ခုလုံးကျွမ်းတာလိုချင်ရင် ဈေးကွက်မှာပေါက်နေတဲ့လစာနှုန်းထားအတိုင်းပေးနိုင်အောင်လုပ်ပါ။စကားပြန်ပိုင်းကျွမ်းတာမျိုးလိုချင်ရင် HSK-5အထက်ကိုပဲရှာပါ။ HSK-4ဆိုပြီးပို့စ်တင်ခေါ်ပြီးစိတ်ကူးယဉ်နေတာတွေရပ်လိုက်ပါ🥲

အားလုံးချုံပြောရရင်တော့ ကိုယ်လစာပေးသ‌လောက်၊ ခံစားခွင့်ပေးသလောက်နဲ့တန်တဲ့လူပဲရမှာပါ။ အဲ့တော့ ကိုယ်လိုချင်တဲ့အချက်တွေနဲ့ချိန်ကိုက်ပြီး အဆင်ပြေအောင်ညှိပြီးလူရှာကြည့်ပါနော်။ အဆင်ပြေကြပါစေ❤️

📛📛Notice:လူရှာတဲ့အချိန်မှာလည်း အခုရှင်းပြ‌နေတဲ့ဘယ်ပုံစံမျိုးမဆိုအတွက် အရေးကြီးတာက HSK 4အထက်ရှိမှအဆင်ပြေပါတယ်။ (HSK 3တို့၊ စာမေးပွဲအောင်စရာမလိုဘူး ပြောတတ်ရင်ရပြီတို့ ရေးပြီးရှာနေသမျှကာလပတ်တော့ ၆လပြတ်သင်တန်းအမြန်သွားတက်ပြီး လာလျှောက်တဲ့လူမျိုးပဲရပါလိမ့်မယ်)📛📛

17/07/2025

📚ယနေ့ခေတ်မှာ တရုတ်ဘာသာစကားကို International မှာ Top 2 speaking language အဖြစ်အသုံးပြုလာကြပြီဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၊ ပညာရေးအခွင့်အလမ်းပေါများစွာဖန်တီးလို့ရတဲ့ ဘာသာစကားတစ်ခုအဖြစ်သတ်မှတ်လာကြပါပြီ။
📌တိုးတက်လာတဲ့ ခေတ်ထဲမှာ အလုပ်တစ်ဖက်နဲ့ မအားလပ်တဲ့သူတွေအတွက် ကိုယ့်ရဲ့ Skill တွေထပ်ဖြည့်လို့ ရအောင် Laoshi တို့က HSK 1 to 4 Online Class များကို ရုံံးချိန်လွတ်အွန်လိုင်းအတန်းများစီစဥ်ပေးထားပြီး August လတွင် အတန်းများကိုစုံလင်စွာဖွင့်လှစ်ပေးထားပါတယ်။
-တရုတ်ဘာသာစကားကို အခြေခံရှိပြီး သင်တန်းကြေးအဆင်မပြေသည့်ကျောင်းသားများအတွက် Laoshi တို့က HSK 2 ကို Free Online Class အနေဖြင့်သင်ကြားပေးသွားမည်ဖြစ်သည်၊၊
☘️HSK 2 Free Class ကို join ချင်တဲ့ကျောင်းသားများအတွက် လည်း ချပေးထားတဲ့ Link ကို
https://m.facebook.com/story.php?story_fbid=605545395936119&id=100094419925633&mibextid=wwXIfr
Public နဲ့ shareပေးပြီး ပို့စ်အောက်မှာ screenshot လေးမန့်ပေးရုံဖြင့် August 1ရက်‌နေ့မှာ မန့်ထားတဲ့‌ cmt တွေထဲက ကျောင်းသား၅ယောက်ကိုရွေးချယ်ပြီး သင်တန်းကြေး 100%Freeပေးသွားမှာပါ။☘️

ဒါ့အပြင် Ming Xing တရုတ်ဘာသာစကားသင်တန်းကျောင်းမှာ သင်တန်းကြေး အခက်အခဲမဖြစ်ရ အောင် သင်တန်းကြေးကို သင့်တင့်တဲ့
သင်တန်းကြေးဖြင့်သင်နိုင်ရန် သတ်မှတ်ပေးထားပြီး သင်တန်းကြေးနှစ်ခါခွဲသွင်းခွင့်လည်းပေးထားပါတယ်ရှင်။

ဒါကြောင့် တရုတ်စာလေ့လာဖို့စိတ်ကူးထားတယ်ဆိုရင် Laoshi တို့ရဲ့ Ming Xing Chinese Language Center မှကြိုဆိုပါတယ်ရှင်။

🖇️အတန်းတိုင်းကို ကျောင်းသားဦးရေ ၁၀ ယောက်သာ ကန့်သတ်သင်ကြားပေးတာမလို့ သင်တန်းသားဦးရေ မပြည့်မီအမြန်ဆုံးလာရောက်အပ်နှံနိုင်ပါပြီ။🖇️

August Batch မှာဖွင့်လှစ်ထားတဲ့အတန်းတွေကတော့
1. HSK 1 Online Class , Mon & Tue = 6pm to 7:30pm (4.8.25)
2. HSK 2 Online Class(Free Class), Wed & Thurs = 6pm to 7:30pm (6.8.25)
3. HSK 3 Online Class, Fri & Sat = 6pm to 7:30pm (8.8.25)
4. HSK 4A Online Class , Mon , Tue & Wed = 8:15pm to 9:45pm (4.8.25)
5. HSK 4B Online Class , Thurs & Fri = 8:15pm to 9:45pm , Sun = 7am to 8:30am (7.8.25)
တို့ပဲဖြစ်ပါတယ်။

သင်တန်းရှိအတန်းခွဲများနှင့်ပတ်သက်ပြီး အသေးစိတ်သိလိုလျှင်
Page messenger မှဖြစ်စေ၊ 09762497909 , 09450554442 ကိုဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်နိုင်ပါတယ်။

……………………………………….



Photos from MING XING Chinese Language Center's post 13/07/2025

တရုတ်ဘာသာစကားကိုသင်ယူပြီး ယနေ့ခေတ်မှာ အခွင့်အလမ်းများစွာဖန်တီးလို့ရနေပြီနော်။အလုပ်အကိုင်နဲ့ပညာရေးအတွက် အခွင့်အလမ်းပေါများစေတဲ့ တရုတ်ဘာသာစကားကို သင်ယူဖို့စိတ်အားထက်သန်ပြီး သင်တန်းကြေးအဆင်မပြေသည့်ကျောင်းသားများအတွက် Laoshi တို့က HSK 2 ကို Free Class အနေဖြင့်သင်ကြားပေးသွားမည့်အပြင် HSK 1 to 4 အထိ Online Class အတန်းများကို စုံလင်​အောင်ဖွင့်လှစ်ပေးထားပါတယ်ရှင်။

☘️HSK 2 Free Class ကို join ချင်တဲ့ကျောင်းသားများအတွက် လည်းဒီပို့စ်လေးကို Public နဲ့ shareပေးပြီး screenshot လေးမန့်ပေးရုံဖြင့်
August 1ရက်‌နေ့မှာ မန့်ထားတဲ့‌ cmt တွေထဲက ကျောင်းသား၅ယောက်ကိုရွေးချယ်ပြီး သင်တန်းကြေး 100%Freeပေးသွားမှာပါ။☘️

MING XING Chinese Language Center တွင် ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်များဖြင့် သေချာဂရုစိုက် သင်ကြားပေးပြီး ဘာသာစကားတစ်ခုသင်ကြားရာတွင် အရေးပါသည့် သဒ္ဒါပိုင်းကိုပါ ကျောင်းသားများနားလည်အောင် စနစ်တကျသင်ကြားပေးလျက်ရှိတာကြောင့် သင်တန်းအရွေးမှားမှာကို လုံးဝစိတ်ပူစရာမလိုပါဘူး။
ဒါ့အပြင် အတန်းချိန်တွေအားလုံးက အွန်လိုင်းအတန်းတွေဖြစ်ပြီး ရုံးချိန်လွတ်အောင် စီစဉ်ပေးထားတာမလို့ အလုပ်တစ်ဖက်နဲ့စာလေ့လာချင်တဲ့ကျောင်းသားတွေအတွက်လည်းအဆင်ပြေပါတယ်။

ဒါကြောင့် တရုတ်စာလေ့လာဖို့စိတ်ကူးထားတယ်ဆိုရင် ဒီတစ်ခေါက် August Batch အတန်းခွဲတွေကို သတ်မှတ်ထားတဲ့သင်တန်းသားဦးရေမပြည့်မီ အမြန်ဆုံးအပ်နှံလိုက်ပါ။🌚❤️

August Batch မှာဖွင့်လှစ်ထားတဲ့အတန်းတွေကတော့
1. HSK 1 Online Class
2. HSK 2 Online Class(Free Class)
3. HSK 3 Online Class
4. HSK 4A Online Class
5. HSK 4B Online Class တို့ပဲဖြစ်ပါတယ်။

သင်တန်းအချိန်စာရင်းနဲ့ သင်တန်းကြေးများကို ပုံထဲတွင်အသေးစိတ်ရေးပေးထားပါတယ်ရှင်။

သင်တန်းရှိအတန်းခွဲများနှင့်ပတ်သက်ပြီး အသေးစိတ်သိလိုလျှင်
Page messenger မှဖြစ်စေ၊ 09762497909 , 09450554442 ကိုဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်နိုင်ပါတယ်။

……………………………………….



08/10/2024

8.9.2024မှာ စာမေးပွဲဖြေထားကြတဲ့ ကျောင်းသားတွေအကုန် result က ဒီနေ့(8.10.2024)မဟုတ်ပဲ (15.10.2024)ရက်နေ့မှပဲစစ်လို့ရပါမယ်နော်

Official announcementကို www.chinesetest.cnမှာသွားကြည့်လို့ရပါတယ် (cmt မှာလည်း screenshot ပြထားပေးပါတယ်)



05/01/2024

မန်းလေး FITCမှာ 3လပိုင်းဖြေချင်တဲ့ကျောင်းသားတွေအတွက် အချိန်စာရင်းထွက်ပါပြီနော်( Mandalay,Taunggyi,Pyin Oo lwin)

ဖောင်တင်ရမယ့်အချိန်နဲ့ရက်ကို သတိထားလို့ရအောင်ပြန်တင်ပေးလိုက်ပါတယ်❤️

📣📣 HSK (*on ground) စာမေးပွဲဖြေဆိုရက်ထွက်ပြီနော်
🔑 စာမေးပွဲဖြေဆိုမည့်ရက် - 2024-3- 16
🔑 Formတင်လက်ခံချိန် - 2024-1-19 (မနက် 8:00 - 11:00 )

သတ်မှတ်ထားသောအချိန်အတွင်းFITC (လမ်း၃၀၊ ၈၂-၈၃ကြား မန္တလေးမြို့) သို့ လာရောက် စာရင်းပေးသွင်းနိုင်ပါပြီ။
📌စာမေးပွဲဖြေဆိုမည့်နေရာ - FITC မန္တလေးမြို့

*on groundဖြစ်လို့ online ကနေ Form တင်လို့မရပါ။

中文考试服务网 02/01/2024

2023 Dec 3ရက်နေ့မှာ HSKဖြေထားကြတဲ့ကျောင်းသားတွေ အမှတ်စာရင်းစစ်လို့ရနေပြီနော်

www.chinesetest.cn မှာစစ်လို့ရပါတယ်။ Version အသစ်နဲ့မကြည့်တတ်ရင် old version ကိုပြောင်းပြီးကြည့်လို့ရပါတယ်

ဒါက old version နဲ့အမှတ်စစ်နည်းပါ⬇️⬇️

https://www.facebook.com/100094419925633/posts/173070399183623/

中文考试服务网

25/12/2023

⛄❄️祝大家圣诞节快乐❄️⛄

⛄❄️Merry Christmas to you all ❄️☃️

Photos from MING XING Chinese Language Center's post 17/12/2023

တရုတ်စာသင်ဖို့စိတ်အားထက်သန်ပြီး သင်တန်းကြေးအဆင်မပြေသည့်ကျောင်းသားများအတွက်လည်း နှစ်သစ်လက်ဆောင်အနေနဲ့ အထူးစီစဉ်ပေးထားတာလေးရှိပါတယ် 🎉(အပြည့်အစုံအတွက် စာကိုတော့ ဆုံးအောင်ဖတ်ပေးနော်)

MING XING CHINESE language centerရဲ့ ဒီတစ်ခေါက် January Batch မှာ တရုတ်စာနှင့်ပတ်သက်၍ အခြေခံမရှိသူများတက်ရောက်နိုင်သည့် အတန်းများသာမက HSK 1,2,3 ပြီး၍ ဆက်ပြီးလေ့လာချင်တဲ့ကျောင်းသားများအတွက်လည်း အတန်းများကိုပါ စုံလင်အောင်ဖွင့်လှစ်ပေးထားပါတယ်ရှင့်❤️

☘️တရုတ်စာသင်ယူလိုစိတ်ရှိပြီး သင်တန်းကြေးအဆင်မပြေတဲ့ကျောင်းသားများအတွက် လည်းဒီပို့စ်လေးကို Public နဲ့ shareပေးပြီး screenshot လေးနဲ့အတူ ကိုယ်တက်ချင်တဲ့ levelနဲ့ တရုတ်စာဘာကြောင့်သင်ချင်ရတယ်ဆိုတဲ့အကြောင်းပြချက်လေးမန့်ပေးပါနော်။

January 1ရက်‌နေ့မှာ တရုတ်စာသင်ယူချင်တဲ့အကြောင်းပြချက်လေးတွေကိုဖတ်ကြည့်ပြီး မန့်ထားတဲ့‌‌cmtတွေထဲက အကြိုက်ဆုံး၃ယောက်ကိုရွေးချယ်ပြီး သင်တန်းကြေး 100%Freeပေးသွားမှာပါ။☘️

MING XING Chinese language center တွင် ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်များဖြင့် သေချာဂရုစိုက် သင်ကြားပေးပြီး ဘာသာစကားတစ်ခုသင်ကြားရာတွင် အရေးပါသည့် သဒ္ဒါပိုင်းကိုပါ ကျောင်းသားများနားလည်အောင် စနစ်တကျသင်ကြားပေးလျက်ရှိတာကြောင့် သင်တန်းအရွေးမှားမှာကို လုံးဝစိတ်ပူစရာမလိုပါဘူး။
ဒါ့အပြင် အတန်းချိန်တွေအားလုံးက အွန်လိုင်းအတန်းတွေဖြစ်ပြီး ရုံးချိန်လွတ်အောင် စီစဉ်ပေးထားတာမလို့ အလုပ်တစ်ဖက်နဲ့စာလေ့လာချင်တဲ့ကျောင်းသားတွေအတွက်လည်း အဆင်ပြေပါတယ်။

ဒါကြောင့် တရုတ်စာလေ့လာဖို့စိတ်ကူးထားတယ်ဆိုရင် ဒီတစ်ခေါက် January Batch အတန်းခွဲတွေကို လက်လွှတ်မခံသင့်ပါဘူးနော်🌚❤️

January Batch မှာဖွင့်လှစ်ထားတဲ့အတန်းတွေကတော့
🎀1, HSK Level- 1 Online Class 🎀
အပတ်စဉ်တနင်္လာနှင့်အင်္ဂါနေ့တိုင်း မနက် ၆နာရီခွဲမှ၈နာရီအထိ တစ်ရက်ကိုစာသင်ချိန် ၁နာရီခွဲ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလ ၂လကြာမြင့်မှာဖြစ်ပါတယ်။
သင်တန်းကြေးကတော့ level တစ်ခုလုံးစာအပြတ်ကို 7သောင်းပဲရှိတာမလို့ တစ်လကို 35000လောက်နဲ့တရုတ်စာကို နည်းစနစ်ကျကျလေ့လာလို့ရမှာပါ။

🎀2,HSK Level-2 Online Class 🎀
အပတ်စဉ်တနင်္ဂ‌နွေနှင့် တနင်္လာနေ့တိုင်း ည၇နာရီမှ၈နာရီခွဲအထိ တစ်ရက်ကိုစာသင်ချိန် ၁နာရီခွဲ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလ ၂လကြာမြင့်မှာဖြစ်ပါတယ်။
သင်တန်းကြေးကတော့ level တစ်ခုလုံးစာအပြတ်ကို 8သောင်းပဲရှိတာမလို့ တစ်လကို 40000လောက်နဲ့တရုတ်စာကို နည်းစနစ်ကျကျလေ့လာလို့ရမှာပါ။
🎀3,HSK Level-3 Online Class 🎀
အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့တိုင်း ည၇နာရီမှ၈နာရီခွဲအထိ တစ်ရက်ကိုစာသင်ချိန် ၁နာရီခွဲ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလ ၃လကြာမြင့်မှာဖြစ်ပါတယ်။
သင်တန်းကြေးကတော့ level တစ်ခုလုံးစာအပြတ်ကို 135000ပဲရှိတာမလို့ တစ်လကို 45000လောက်နဲ့တရုတ်စာကို နည်းစနစ်ကျကျလေ့လာလို့ရမှာပါ။

🎀4,HSK Level-4 A Online Class 🎀
အပတ်စဉ် သောကြာနေ့ ည၇နာရီမှ၈နာရီခွဲနှင့် စနေ၊တနင်္ဂနွေ‌ နေ့တိုင်း မနက် 7နာရီမှ 8နာရီခွဲအထိ တစ်ရက်ကိုစာသင်ချိန် ၁နာရီခွဲ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလ ၃လကြာမြင့်မှာဖြစ်ပါတယ်။
သင်တန်းကြေးကတော့ level တစ်ခုလုံးစာအပြတ်ကို 150000ပဲရှိတာမလို့ တစ်လကို 50000လောက်နဲ့တရုတ်စာကို နည်းစနစ်ကျကျလေ့လာလို့ရမှာပါ။

သင်တန်းရှိအတန်းခွဲများနှင့်ပတ်သက်ပြီး အသေးစိတ်သိလိုလျှင်
Page messenger မှဖြစ်စေ၊ 09943296867ကိုဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်နိုင်ပါတယ်။

13/12/2023

တရုတ်စာသင်တန်းတွေကို ဂျင်းမမိအောင် ဘယ်လိုရွေးကြမလဲ?

တရုတ်စာစသင်မယ်ဆိုပြီး ကျောင်းရွေးကြတော့မယ်ဆိုရင် ဒီအချက်လေးတွေကိုသတိထားပြီးရွေးကြဖို့ အကြံပြုချင်ပါတယ်။

🔴အရင်ဆုံးသတိပေးချင်တာက အလုပ်တန်းရှာပေးတယ်ဆိုပြီး သင်တန်းတက်တာမျိုးလုံးဝမလုပ်မိပါစေနဲ့။ မြန်မာနိုင်ငံမှာ အပေါဆုံးက တရုတ်စက်ရုံနဲ့ တရုတ်ကုမ္ပဏီတွေပါ။ ကိုယ့်ဘက်က တရုတ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာပြောတတ်ပြီဆိုတာနဲ့ အင်တာဗျူးလိုက်ဖြေပြီး ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို ခေါင်းခေါက်ရွေးလို့ရပါတယ်။ ဒါကြောင့် အလုပ်မရမှာစိုးပြီး အလုပ်တန်းရှာပေးပါတယ်ဆိုပြီး ကြေညာတဲ့ သင်တန်းတွေကို သေချာမလေ့လာပဲ မတက်မိပါစေနဲ့။🔴
✅ကိုယ်တတ်နိုင်တဲ့ Budgetချိန်ပါ။ သင်တန်းကြေးတွေအများကြီးပေးရမှ ကျောင်းကောင်းတာမဟုတ်ပါဘူး။ သင်တန်းကြေးသက်သက်သာသာနဲ့ ဖွင့်ပေးထားတဲ့ သင်တန်းကျောင်းတွေအများကြီးရှိပါတယ်။ ကိုယ်တတ်နိုင်တဲ့အပေါ်လိုက်ပြီး သေချာရွေးချယ်ပါ။ တတ်ချင်တဲ့ကျောင်း၊ ကောင်းမယ်ထင်တဲ့ကျောင်းက ဈေးများနေတယ်ဆိုရင် သင်တန်းကိုတိုက်ရိုက်ပြောကြည့်ပါ။ တချို့ကျောင်းတွေဆို scholar program စီစဉ်ပေးတာမျိုး၊ စာတော်ပြီးကြိုးစားတဲ့ကျောင်းသားတွေဆို %offပေးတာမျိုး လုပ်ပေးကြပါတယ်။ ကိုယ့်ဘက်က ဖြစ်စေချင်တာကို သေချာလေးညှိနှိုင်းပြီး ခွင့်တောင်းကြည့်ပါ။

✅သင်တန်းရွေးချယ်တဲ့အခါ facebookမှာ followerများတာ၊နည်းတာကို မကြည့်ပဲ ဆရာ၊ဆရာမတွေရဲ့ စာသင်ပုံသင်ကြားနည်းတွေကိုကြည့်ပါ။ စာကြောင်းတွေပေး စာတွေအော်ကျက်ပြီး စာလာဆိုခိုင်းတဲ့ ကျောင်းတွေထက် စာကိုကျက်ခိုင်းတာမဟုတ်ပဲ သဒ္ဒါသေချာသင်ပေးပြီး နားလည်အောင်၊ တတ်မြောက် အောင် သင်ပေးတဲ့ကျောင်းတွေကိုရွေးပါ။

✅သင်ခဲ့ဖူးတွေကျောင်းသား‌ဟောင်းတွေကိုလိုက်မေးကြည့်ပါ။ ကျောင်းတွေကကြော်ညာထားတဲ့ ရီဗျူးတွေ ထက် “ HSK စာမေးပွဲလေ့ကျင့်ကြမယ် “အစရှိတဲ့ gpတွေထဲမှာမေးကြည့်ပါ။( အများစုက honest review ရေးပေးကြပါတယ်)

✅ကိုယ်လိုချင်တဲ့အချိန်နဲ့ကိုက်ပြီး သတ်မှတ်အချိန်အတွင်းသင်ပေးနိုင်တဲ့ သင်တန်းကိုတက်ပါ။ (၂လဆို၂လ , ၅လဆို ၅လ တကယ်ပြောထားတဲ့အချိန်အတွင်း သင်ခန်းစာပြီးအောင် သင်ပေးနိုင်တဲ့ကျောင်းမျိုး ကိုရွေးချယ်ပါ။) တချို့ကျောင်းသားတွေက အချိန်ဘယ်‌လောက်ကြာကြာ သင်နိုင်ပေမယ့် တချို့အတွက်က နိုင်ငံခြားထွက်ဖို့ အလုပ်တစ်ခုခုဝင်ဖို့ အချိန်နဲ့ကိုက်ပြီး သင်ရတဲ့ကျောင်းသားမျိုးရှိတတ်ပါတယ်။ ဒီလိုကျောင်းသားမျိုးအတွက်က သတ်မှတ်အချိန်အတွင်း မပြီးရင် စီစဉ်ထားတာတွေ လွဲသွားတတ်လို့ ကိုယ်တိုင်က အဲ့လိုကျောင်းသားမျိုးထဲပါတယ်ဆိုရင်‌တော့ သေချာရွေးချယ်ပါ။

✅သင်တန်းတက်ပြီးမှ ဆရာက အဆင်မပြေဘူး၊ သင်ပေးမယ်ဆိုပြီး လေကျယ်ထားပြီး တကယ်မသင်ပဲ မျှော်လင့်ချက်တွေပဲပေးနေတယ်၊ ကိုယ့်ကိုယ်ကို စာတကယ်တိုးတက်လာတယ်မခံစားရဘူးဆိုရင် ချက်ချင်းပြောင်းပါ။ (ဆရာ့ကိုအားနာတယ်ဆိုပြီး သည်းခံပြီးဆက်တက်တာမျိုးမလုပ်ပါနဲ့။ ဆက်နေရင် ကိုယ့်အတွက် ထိခိုက်နိုင်တာကြောင့် အားနာစိတ်တွေကိုဖျောက်ပါ။ သင်တန်းအပေါ်မှာ တကယ် သံယာဇဥ်ရှိလို့ဆိုရင်တော့ ဘယ်အပိုင်းမှာ အဆင်မပြေဘူးဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့လိုက်ပါ။)

🔴သင်တန်းရွေးချယ်ကတဲ့‌အပိုင်းက အရေးကြီးသလို ကျောင်းသားဘက်ကလည်း သတိထားရမှာတွေရှိပါတယ် တရုတ်စာသင်တဲ့အချိန် သူ့ levelအလိုက် သိသင့်သိထိုက်တာတွေ သတ်မှတ်ထားပြီးသားပါ။level 1သမားက စကားပြောမရလို့ စာစီစာကုံးမရလို့ဆိုပြီး ကျောင်းပြောင်းချင်တာမျိုး၊ level 2ပဲရောက်သေးတာကို တရုတ်စကားပြန်လုပ်မရလို့ စိတ်ညစ်တာမျိုး အစရှိတဲ့လောဘတွေကိုတော့ အတတ်နိုင်ဆုံးဖျောက်ပါ။ ဘာသာစကားအသစ်တစ်ခုကိုသင်တယ်ဆိုရင် စိတ်ရှည်ရပါတယ်။ အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို့ မရပါဘူး။

🎀 နိဂုံးချုပ်အနေနဲ့ပြောရရင် သင်တန်းရွေးချယ်တဲ့အချိန် အားနာမှုတွေနဲ့ မရွေးပဲ ကိုယ်စာတကယ်တတ်နိုင်မယ့်နေရာ ကိုယ့်အတွက် အကျိုးမယုတ်စေမယ့်နေရာကို သေချာလေးရွေးချယ်ဖို့ ၊ သင်ဖူးတဲ့ စီနီယာတွေကို လိုက်မေးကြည့်ဖို့ အကြံပေးပါရစေနော်။🎀


06/12/2023

Traditional Chinese နဲ့ Simplified Chinese ဘာကွာလဲ??

တရုတ်စာသင်မယ်ဆိုရင် Traditional chinese သင်ရမလား Simplified chineseသင်ရမလားဆိုတာ
တရုတ်စာစသင်မယ့်ကျောင်းသားတွေ ရွေးရခက်လေ့ရှိတဲ့ အကြောင်းအရာတစ်ခုပါ။

ဒီနှစ်မျိုးလုံးက စာအရေးအသားပိုင်းမှာပဲ ကွဲတာဖြစ်ပြီး အပြောပိုင်းမှာတော့ အသံတူတူပဲထွက်ပါတယ်။
အရင်က Traditional Chineseတစ်မျိုးပဲရှိခဲ့ပြီး ၁၉၄၉ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက်ပိုင်း တရုတ်နိုင်ငံမှာစာတတ်မြောက်မှုနှုန်းတိုးတက်လာအောင် ရည်ရွယ်ပြီး တရုတ်စာလုံး တွေမှာပါတဲ့ စုတ်ချက်တွေလျှော့ချတာ၊ တရုတ်စာလုံးတွေပေါင်းစပ်တာမျိုးတွေ ပြုလုပ်ပြီးနောက်ပိုင်း Simplified Chinese ဆိုပြီး ပိုပြီးလေ့လာရလွယ်တဲ့ တရုတ်စာအရေးအသား ပေါ်ပေါက်လာခဲ့ပါတယ်။

အလွယ်ဆုံးနည်းနဲ့ခွဲပေးရရင် Traditional Chinese စာလုံးအရှည်ဖြစ်ပြီးတော့ Simplified Chinese စာလုံးအတိုပါ။ (cmtမှာလည်း ပုံလေးနဲ့တကွ နားလည်လွယ်အောင်ပြပေးထားပါတယ်)

စာမေးပွဲဖြေချင်ရင်လည်း Traditional Chinese အတွက် TOCFL, Simplified Chinese အတွက် HSK စာမေးပွဲတွေရှိပါတယ်။

ဘာကိုသင်ရင်ပိုအဆင်ပြေမလဲဆိုရင်တော့

တရုတ်ပြည်မကြီး၊ မလေးရှားနဲ့ စင်္ကာပူဘက်သွားချင်တယ်၊ ပြည်မကြီးတရုတ်တွေနဲ့ပတ်သက်ရတဲ့ အလုပ်တွေလုပ်မယ်၊ ပြည်မကြီးဘက်က တရုတ်ဇာတ်လမ်းတွဲတွေကို သဘောကျရင် Simplified Chinese ကို ရွေးပါ။

ထိုင်ဝမ်၊ဟောင်ကောင်နဲ့ မကာအိုဘက်မှာ ကျောင်းသွားတက်မယ်၊ အလုပ်လုပ်မယ် ပြီးတော့ ထိုင်ဝမ်ဘက်က ဇာတ်ကားတွေကိုပိုကြိုက်တယ်၊ လေ့လာချင်တယ်ဆိုရင် Traditional Chinese ကို ရွေးပါ။

နှစ်ခုကွာခြားချက်ကတော့ တရုတ်စာစသင်တဲ့သူတွေအတွက် စာလုံးအတိုက သင်ရပိုလွယ်ပါတယ်။ ဒါပေမယ့် စာလုံးအရှည်သင်ထားပြီးသူတွေက အတိုသင်ချင်ရင်ခဏနဲ့ရပြီး စာလုံးအတိုအရင် သင်ထားတဲ့သူအတွက်ကတော့ အရှည်ကိုထပ်သင်ဖို့ နောက်ထပ်challenge တစ်ခုဖြစ်တတ်ပါတယ်။
တရုတ်စာလုံးတွေ ဘယ်လိုဖြစ်လာတယ်၊ ဘယ်လိုအဓိပ္ပါယ်တွေရှိလဲဆိုတာကို လေ့လာရတာကြိုက်တဲ့ ကျောင်းသားတွေကိုတော့ စာလုံးအရှည် (Traditional Chinese)ကို သင်ဖို့အကြံပေးပါတယ်နော်။

ဒါ့အပြင် ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးနဲ့က တချို့အသုံးအနှုန်းတွေမတူတဲ့အတွက်ကြောင့် ကိုယ်သွားမယ့်နိုင်ငံ အလိုက် သေချာရွေးချယ်ပြီးမှ သင်တာက ပိုထိရောက်ပြီး တဖက်နိုင်ငံရောက်သွားရင်လည်း အမြန်ကျင့်သားရဖို့ပိုပြီး အထောက်အကူပြုပါတယ်။

ဒါကြောင့် Traditional Vs Simplified Chinese ကိုယ်အဆင်ပြေတာကို သေချာရွေးပြီးမှ တက်ကြဖို့ အကြုံပြလိုက်ပါတယ်နော်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00