Enchant Japanese Language Free School

Enchant Japanese Language Free School ミャンマー・ヤンゴンにあるエンチャント日本語学校です。
(211)

12/06/2026

[‼️█ ပျော်ပျော်ပါးပါး ဂိမ်းဆော့ကစားခဲ့တဲ့ ကဏ္ဍလေး] 皆さん、こんにちは !ယခုအခါမှာတော့ Enchant ကျောင်းမှာ ကျင်းပသွားခဲ့တဲ့ ဂျပန်နိုင်ငံမြေပုံနဲ့ ဒေသတွေအကြောင်းကို ရှင်းပြပေးခဲ့ပြီးနောက် အားလုံးနဲ့အတူပျော်ပျော်ပါးပါး ဂိမ်းဆော့ကစားခဲ့တဲ့ ကဏ္ဍလေးကို ဖော်ပြတင်ဆက်ပေးသွားပါမယ်ခင်ဗျ။
**
Enchant ကျောင်းမှ အင်ဂျင်နီယာ အသစ် လူရာပေါင်းများစွာအမြောက်အမြားထပ်မံခေါ်ယူ၍ ဂျပန်သို့ အခမဲ့ Work Visa နဲ့သွားစေပါမယ်။ အတန်းသစ် ကျောင်းသစ်ထပ်မံတိုးချဲ့တော့မည်
ဖြစ်သောကြောင့် Page ကိုအမြဲဝင်ကြည့်နိုင်ရန် See First / Favourite လုပ်ပေးထားပါ‼️
**
အလုပ်လျှောက်လိုသူများ အောက်က commentကိုကြည့်ပါ။

ဂျပန်နိုင်ငံအတွင်းမှာ အဓိကခွဲခြားသတ်မှတ်ထားတဲ့ ဒေသအပိုင်းအခြားကြီး ၈ခု ရဲ့ အကြောင်းလေးတွေကိုလည်း မိတ်ဆက်ပေးသွားခဲ့ပြီးနောက် တစ်ခုချင်းစီမှာပါဝင်တဲ့ စီရင်စုနယ်အားလုံးကို ရှင်းပြပေးခဲ့ပါတယ်ခင်ဗျ။

ဒေသတစ်ခုချင်းဆီမှာရှိတဲ့ အထင်ကရ နေရာ‌လေးတွေကိုပါတစ်ပါတည်း ဗဟုသုတရဖွယ် ပြောပြပေးသွားခဲ့ပါတယ်ခင်ဗျ။

ဂျပန်နိုင်ငံမြေပုံကိုအသုံးပြုပြီးတော့ အဖွဲခွဲပြီး‌ နေရာအမည်နှင့် ဘယ်နေရာမှာရှိတယ် ဆိုတာမျိုးလေးကို ဂိမ်းကစားပြီး အနိုင်ရရှိတဲ့အဖွဲ‌လေးကို ဆုလက်ဆောင်ပေးတဲ့အစီအစဉ်လေးလည်းပါဝင်ခဲ့ပါတယ်ခင်ဗျ။

အမှတ်အနည်းဆုံးရရှိသွားတဲ့အဖွဲကို ပြစ်ဒဏ်ပေးတဲ့အစီအစဉ်လည်းပါဝင်ခဲ့ပါတယ်။

နောက်ဆုံးအစီအစဉ်အနေနဲ့ ကျောင်းသား/သူ တိုရဲ့ Event မှာကြုံတွေရတဲ့အတွေ့အကြုံ၊အတွေးအမြင်၊ ခံစားချက်တွေကို မေးမြန်းခဲ့ပြီး အခုလိုမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
Video Edit By Yato

[🙀(၈၂ယောက်)BATCH 006 စတာသိပ်မကြာသေးပေမယ့် ဒီ batch စပြီးထဲကနေ အလုပ်အင်တာဗျူးအောင်မြင်သူ အင်ဂျင်နီယာ (၈၂)ယောက်ရှိပါပြီ။ 🥳...
05/06/2026

[🙀(၈၂ယောက်)BATCH 006 စတာသိပ်မကြာသေးပေမယ့် ဒီ batch စပြီးထဲကနေ အလုပ်အင်တာဗျူးအောင်မြင်သူ အင်ဂျင်နီယာ (၈၂)ယောက်ရှိပါပြီ။ 🥳🎉 ]

ထင်ထားတဲ့အတိုင်း မြန်မာနိုင်ငံမှာ အင်ယာများအတွက် အမြဲတမ်းအလုပ်အကိုင်အခွင့်အရေးအပေးနိုင်ဆုံးဖြစ်ခြင်းအတွက် Enchant ကျောင်းမှဂုဏ်ယူမိနေပါတယ်။

Enchant Japan မှအလုပ်များရအောင်ကြိုးစားပေးနေသော 営業さんတွေနဲ့ 白石さんရဲ့ဆောင်ရွက်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ အားလုံးလဲအားပေးကြပါဦး။ Congratulations 👏 ‼️

အင်ဂျင်နီယာများအတွက် အင်တာဗျူးပေါင်းများစွာရှိနေပါသည်။ ဒီအခွင့်အရေးရှိတုန်း ဂျပန်အလုပ်လျှောက်လွှာဖောင်မှာ မြန်မြန်လျှောက်ပေးပါ။

(Comment အောက်မှာ👇အလုပ်လျှောက်လွှာဖောင်ကြည့်ပေးပါ။)

ကျေးဇူးတင်ပါတယ်။

[🧰Mechanical /EP အင်ဂျင်နီယာ အများကြီးလိုအပ်သည်။]ဂျပန် Golden week ပြီးသည်မှစ၍ Enchant တွင် နှစ်ပတ်အတွင်းမှာတောင် အင်တာဗ...
22/05/2026

[🧰Mechanical /EP အင်ဂျင်နီယာ အများကြီးလိုအပ်သည်။]ဂျပန် Golden week ပြီးသည်မှစ၍ Enchant တွင် နှစ်ပတ်အတွင်းမှာတောင် အင်တာဗျူး ဖြေဆိုအောင်မြင်သူ 22 ယောက်ရှိလာပြီဖြစ်ပါတယ်။🥳🎉 မြန်မာနိုင်ငံမှာ အင်ယာများအတွက် အမြဲတမ်းအလုပ်အကိုင်အခွင့်အရေးအပေးနိုင်ဆုံးဖြစ်ခြင်းအတွက် Enchant ကျောင်းမှဂုဏ်ယူမိပါသည်။

လာမယ့် အပတ်အတွင်းမှာ Mechanical Major အင်ဂျင်နီယာများအတွက် အင်တာဗျူးပေါင်းများစွာရှိနေပါသည်။ ဒီအခွင့်အရေးရှိတုန်း ဒီPost တင်တဲ့ ယနေ့နဲ့ မနက်ဖြန်အတွင်း Comment ကဂျပန်အလုပ်လျှောက်လွှာဖောင်မှာ မြန်မြန်လျှောက်ပေးပါ။

(Comment အောက်မှာ👇အလုပ်လျှောက်လွှာဖောင်ပါ)

Mechanical /EP အင်ဂျင်နီယာများမြင်အောင် ကူညီတဲ့အနေနဲ့ Share ပေးပါဦး

ကျေးဇူးတင်ပါတယ်။

█ ဂျပန်နိုင်ငံမှ အခုတလော မိတ်ဆွေများမှကြားသိရသည်မှာ Work Visa ဖြင့်ခေါ်ယူသော အလယ်အလတ် ကုမ္ပဏီရဲ့ Permanent Staff များတွင...
18/05/2026

█ ဂျပန်နိုင်ငံမှ အခုတလော မိတ်ဆွေများမှကြားသိရသည်မှာ Work Visa ဖြင့်ခေါ်ယူသော အလယ်အလတ် ကုမ္ပဏီရဲ့ Permanent Staff များတွင် အင်ဂျင်နီယာအလုပ်ဟူ၍ ခေါ်ယူသော်လည်း ဆေးသုတ်ရသည့် အလုပ်ဖြစ်နေသည် (သို့) အလုပ်သမားအလုပ်ဖြစ်နေသည် စသဖြင့်ထပ်မံကြားရသည်။ Visa Extension အတွက်ခက်ခဲနိုင်သောအလုပ်များ ဖြစ်သောကြောင့် သတိပြုစေလိုပါသည်။

ဂျပန်နိုင်ငံ Visa Extension တိုးခြင်းပတ်သက်၍ ပိုမို၍ တင်းကျပ်လာသော သတင်းများ အခုတလော ထွက်ပေါ်နေပါသည်။ သို့သော် Enchant ကုမ္ပဏီမှာလုပ်ကိုင်ကြသောအင်ဂျင်နီယာများ အတွက်က Visa Extension အတွက် ၁၀၀% စိတ်ပူစရာမရှိကြောင်းပြောလိုပါသည်။ (မိမိသည် အခွန်ရှောင်ခြင်း/ ရာဇဝတ်မှုပြုလုပ်ခြင်း/ ဘဏ်သို့ငွေအဝင်အထွက်များ၍ ဘဏ်အကောင့်ပိတ်ခံရခြင်း မရှိပါက စိတ်ပူစရာမလိုအပ်ပါ။)

⚠️ထို့အပြင်⚠️** လက်ရှိ Enchant Engineer များအတွက် Visa တိုးခြင်းအခနှင့်ပတ်သက်၍ သတင်းကောင်းတစ်ခုရှိနိုင်ပါသည်။ နောင်အခါများတွင်ကြေညာပေးသွားပါမည်။ **

↓↓Enchant မှာလာရောက်လုပ်မယ့်သူများအတွက် Visa ကိစ္စစိတ်ပူစရာမလိုသော Reason ၂ခုရှိပါသည်။ ↓↓

(1) Enchant ကုမ္ပဏီမှာ လုပ်ကိုင်နေသူအားလုံး တစ်ယောက်မကျန် အင်ဂျင်နီယာအလုပ်မဟုတ်သော labour အလုပ်များကို စာချုပ်အရလုပ်ခွင့်ကိုပိတ်ထားပါသည်။ Work Visa နှင့်ကိုက်ညီသောအလုပ် ၁၀၀% ဖြစ်နေသောကြောင့် Visa Extension မှာအခက်အခဲမရှိပါ။

(Labour အလုပ်ကို ဦးနှောက်/ပညာ/အတွေ့အကြုံ ကိုမသုံးရပဲ ထပ်ကာတစ်လဲလဲ အချိန်သတ်မှတ်ပြီးပြုလုပ်ရသည့်အလုပ်ဟူ၍ အဓိပ္ပါယ်ဖွင့်ပါသည်။

အဓိကထပ်ခါတစ်လဲလဲ ဒါပဲလုပ်ရတယ်ဆိုတာကလည်း point ဖြစ်ပါတယ်။

Measurement များပြုလုပ်တဲ့အခါ ပစ္စည်းကိုလက်ဖြင့်မရခြင်း၊ Survey အတွက် Equipment toolsတွေကို သယ်ဆောင်ရခြင်း၊ အမှတ်အသားပေးဖို့ အတွက်တူဖြင့် ရိုက်ရခြင်း များကိုတော့ 管理 Construction Management အလုပ်လို့သတ်မှတ်ပါသည်။)

အလုပ်သမား/ ပညာရှင် Visa ကွဲပြားမှုကိုသေချာမသိသော ဂျပန်ကုမ္ပဏီများကို သေချာရှင်းပြပြီးမှ မိတ်ဆက်ပေးတာက Enchant ရဲ့လုပ်နည်းဖြစ်ပါတယ်။

(2) Enchant Japan ဂျပန်နိုင်ငံတွင်း ကြီးမားသောကုမ္ပဏီအဆင့်ဖြစ်သောကြောင့် CATEGORY-2 အဆင့်ကုမ္ပဏီဖြစ်ပါသည်။

Visa လျှောက်ခြင်း/တိုးခြင်းနှင့်ပတ်သက်၍ N2လက်မှတ်မလိုသလို Visa လျှောက်ခြင်း/ တိုးခြင်းလွယ်ကူပါသည်။

***

မြန်မာကရော ဂျပန်ကရောအလုပ်လျှောက်လိုသူများက comment က Link ကိုကြည့်ပေးပါ💯

(အောက်ပါပုံသည် Enchant Member Su Nandar Sensei ရဲ့ပုံဖြစ်သည်)

10/05/2026

Enchant မှာသင်တန်းပြီး အလုပ်အင်တာဗျူးဖြေဆိုအောင်မြင်သွားသူများဖြစ်ပါတယ်ခင်ဗျာ။
Enchantမှာဆိုရင် ဂျပန်စကားပြောလေ့ကျင့်ပေးခြင်း၊
Interview အတွက်လေ့ကျင့်ပြင်ဆင်ပေးခြင်းပြုလုပ်ပေးနေပါတယ်နော်။
မကြာခင်မှာလည်း Golden Weekပြီးပြီဖြစ်လို့ အင်တာဗျူးများစွာရှိလာမှာဖြစ်လို့ အလုပ်လျှောက်လွှာမှာအခုပဲလျှောက်ထားပေးထားပါခင်ဗျာ။
**ဂျပန်နိုင်ငံသို့ အလုပ်လျှောက်လိုသူများ ဒီမှာလျှောက်ပေးပါ**
(အလုပ်လျှောက်လွှာဖောင်ပါ)
https://form.run/

09/05/2026

‼️ဂျပန်နိုင်ငံရဲ့ Golden Week ပိတ်ရက်အပြီးမှာတော့ အင်ဂျင်နီယာ အင်တာဗျူးအသစ်များအမြောက်အများထွက်လာဖို့ရှိပါတယ်။

အလုပ်N3 level ရှိသော အင်ဂျင်နီယာကျောင်းဆင်းများအားလုံး Enchant ကျောင်းမှာလျှောက်ပေးပါ။ (comment မှာ link တင်ပေးပါမည်။) ‼️

💯Enchant Engineer များအတွက် Sakura အတူတကွကြည့်ပြီး အရက်ဘီယာသောက်သော Event လေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။‼️ (အလုပ်လျှောက်လို...
01/05/2026

💯Enchant Engineer များအတွက် Sakura အတူတကွကြည့်ပြီး အရက်ဘီယာသောက်သော Event လေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။‼️ (အလုပ်လျှောက်လိုသူများ comment ကိုကြည့်ပေးရန်)

ကြိုးကြိုးစားစားနဲ့ စာတွေလုပ် အင်တာဗျူးတွေဖြေပြီးနောက်ပိုင်း ဂျပန်ရောက်လာတဲ့အခါမှာလည်း အင်ဂျင်နီယာများအထီးမကျန်ရစေရန် ပေါ့ပေါ့ပါးပါးနဲ့ ဒေသနီးစပ်ရာသူများနှင့်လည်း ခင်ခင်မင်မင်လည်းဖြစ်ကြစေရန် ပွဲလေးတွေလည်း ဆက်လက်လုပ်သွားဖို့ ကြိုးစားသွားပါဦးမယ် ခင်ဗျာ။

အောက်ပါပုံများသည် Sapporo ဝန်းကျင်တစ်ဝိုက်

ရောက်ရှိနေသောEnchant Engineers များရဲ့ Hanami Event Sapporo ဖြစ်ပါတယ်!!

----

Enchant Japan ကုမ္ပဏီသည် ဂျပန်နိုင်ငံတွင်း ယုံကြည်စိတ်ချရသောကုမ္ပဏီ ကြီးမားသောကုမ္ပဏီဖြစ်သည်နှင့် အညီ CATEGORY 2 ဖြစ်သောကြောင့် ↓↓↓

💯Enchant ဖြင့်သွားမယ့်သူများ N2 လက်မှတ်ရှိရန် မလိုအပ်ပါ။

💯လက်ရှိဂျပန်ရောက်နေပြီးလုပ်နေသူများလည်း extension အတွက် N2 လက်မှတ်ရှိရန် မလိုအပ်ပါ။

Enchant ကျောင်းမှ အင်ဂျင်နီယာ အသစ် ရပေါင်းများစွာအမြောက်အမြားထပ်မံခေါ်ယူ၍ ဂျပန်သို့ အခမဲ့ Work Visa နဲ့သွားစေပါမယ်။ အတန်းသစ် ကျောင်းသစ်ထပ်မံတိုးချဲ့တော့မည်
ဖြစ်သောကြောင့် Page ကိုအမြဲဝင်ကြည့်နိုင်ရန် See First / Favourite လုပ်ပေးထားပါ‼️

‼️အစားအသောက်နဲ့ပတ်သက်၍ အားလုံးသိသလိုလိုနဲ့ မသိသေးသောအရာကိုပြောပြပါမည်။ အောက်မှာ ဖတ်ပေးပါ။ သတိထားရမှာက ဖတ်ရပါက အပူပိုင်းဒ...
26/04/2026

‼️အစားအသောက်နဲ့ပတ်သက်၍ အားလုံးသိသလိုလိုနဲ့ မသိသေးသောအရာကိုပြောပြပါမည်။ အောက်မှာ ဖတ်ပေးပါ။

သတိထားရမှာက ဖတ်ရပါက အပူပိုင်းဒေသ မှာနေထိုင်သူမြန်မာလူမျိုး အများစု ထင်ထားတာနဲ့ပြောင်းပြန် ဖြစ်နေနိုင်ပါသည်။

အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည်။
↓↓
လူ့ခန္ဓာကိုယ်အတွက် ကျန်မားရေးအတွက် ဘဘာဝအတိုင်း အစိမ်းကိုစားသုံးခြင်းသည် ချက်ပြုတ်ကျော်လှော် အဆင့်ပေါင်းများစွာဖြင့် မွမ်းမံထားသောအစား (Processed Food) ကိုစားခြင်းထက် ကျန်းမာရေးကိုကောင်းမွန်ညီညွတ်ပါသည်။

"ဘယ်လိုလို့ဖြစ်နိုင်မလဲ?" ဟူသော အတွေးဖြစ်နိုင်ပါသည်။

(သို့သော် မြန်မာနိုင်ငံမှာနေထိုင်သူအနေနဲ့ကြည့်ပါက အမှန်တရားမှာ ချက်ပြုတ်ကျော်လှော်ထားသော ငါးများကိုစားသုံးခြင်းသည်သာ အမှန်ဖစ်ပါသည်။ ငါးအများစုမှာ မြစ်ချောင်းများမှရရှိပါသည်။ ချက်ပြုတ်ကျော်လှော်မှသာလျင် ကျန်းမားရေးအတွက် သန့်ရှင်းမည်မှာ အမှန်တရားဖြစ်သည်။)

မြန်မာနိုင်ငံတွင် ငါးအများစုသည် မြစ်၊ ချောင်း၊ မြောင်းများတွင်ရှိသောငါးများကို စားသုံးကြသည်မှာ အများစုဖြစ်ပါသည်။ မြစ်ချောင်းမြောင်းများမှာ သဘာဝဖြစ်တည်မှုနှင့် လူအပြုအမူများကြောင့် သန့်ရှင်းမှုမရှိခြင်းကြောင့် သေချာချက်ပြုတ်ပြီးစားရသည်မှာ နည်းလမ်းမှန်ဖြစ်ပါသည်။

သို့သော် အောက်ပါအကြောင်းအရာမှာ ယေဘုယျအားဖြင့်လက်ခံထားရသောအရာများဖြစ်သည်။

အဓိက မှတ်ထားရမှာကတော့ ...
(၁) အစားအသောက်ဆိုသည် အချက်အပြုတ် Process လုပ်ထားသည့်အဆင့်များလေလေ ခန္ဓာကိုယ်အတွက်အန္တရာယ်ရှိလေလေဖြစ်သည်။

ဥပမာ အားဖြင့်အစားအသောက်တစ်ခုခုမှ Process လုပ်ထားရတဲ့ ချက်ပြုတ်အဆင့်ပေါင်းများစွာကျော်ဖြတ်ပြီးမှရတဲ့ အစားအစာ ဥပမာ Hamburger / ငပိကျော်/ Pizza / ခေါက်ဆွဲခြောက်/ Cola များသည် သဘာဝအတိုင်းတည်ရှိနေသော အစားအသောက်များထက် လူခန္ဓာကိုယ်အတွက်အန္တရာယ်ရှိပါသည်။

ပြောင်းဖူး/ အသား /ငါး/ သစ်ဥသစ်ဖု အသီးများ / အစေ့များသည် သဘာဝအတိုင်းတည်ရှိနေ၍ whole food လို့ခေါ်ပြီး ခန္ဓာကိုယ်အတွက် အန္တရာယ်အလွန်နည်းပါသည်။

သဘာဝအတိုင်းတည်ရှိနေသောအစားအသောက် များ အသားငါးများကိုစားသုံးခြင်း (သို့) ချက်ပြုတ်တဲ့ အဆင့် အလွန်နည်းပါးတဲ့ အစားများကိုစားသုံးခြင်းသည် လူ့အသက်ရှည်ခြင်းရဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်ပါသည်။

Sushi / sashimi အစာရှိသော ငါးစိမ်းများသည် သဘာဝအတိုင်းတည်ရှိနေသော သန့်ရှင်းသော သမုဒ္ဒရာပင်လယ်မှာ ဖမ်းယူ၍စားသုံးကြသောကြောင့် သန့်ရှင်းပြီး ခန္ဓာကိုယ်အတွက်ကောင်းမွန်ပါသည်။ (Salmon fish/ Saba fish / Hokke fish/ nishin fish etc)

သင်သည် ဂျပန်နိုင်ငံ (သို့) အခြား ပင်လယ်ငါးစားသုံးသောနိုင်ငံသို့ရောက်ရှိပါက လူခန္ဓာကိုယ်အတွက်အထိအခိုက်မရှိသော ကျန်းမားရေးနဲ့ ညီညွတ်သော အစားအသောက်များကိုစားသုံးပြီး
အသက်ရှည်နေထိုင်ရန် တိုက်တွန်းလိုပါသည်။

အောက်ပါပုံများသည် တံငါရွာ Shakotan ကအရမ်းနာမည်ကြီးသော Seafood ဆိုင်မှာ စားခဲ့သော Seafood-Don ဖြစ်ပါတယ်‼️

‼️N3 level ရှိသော အင်ဂျင်နီယာကျောင်းဆင်းများအားလုံး Enchant ကျောင်းမှာလျှောက်ပေးပါ။ (comment မှာ link တင်ပေးပါမည်။) ‼️In...
23/04/2026

‼️N3 level ရှိသော အင်ဂျင်နီယာကျောင်းဆင်းများအားလုံး Enchant ကျောင်းမှာလျှောက်ပေးပါ။ (comment မှာ link တင်ပေးပါမည်။) ‼️

Interview Event များနီးကပ်လာပြီဖြစ်လို့ Page ကိုအမြဲကြည့်ပေးပါ။

------

↓↓ Enchant Sensei များမှ 茶道လက်ဖက်ရည်ပွဲနှင့်ပတ်သက်၍ မိတ်ဆက်ပေးပါမယ်။

茶道 (sadou/chadou) သည်
ဂျပန်ရိုးရာယဉ်ကျေးမှုထဲမှာ အရေးပါသော လက်ဖက်ရည်ပွဲတစ်ခုဖြစ်သည်။
ဧည့်ခံသူ၏ ဧည့်ဝတ်ကျေပွန်မှုနှင့် လေးစားမှုကို ဖော်ပြသည့် အနုပညာတစ်ရပ်ဖြစ်သည်။ ၎င်းကို 茶の湯 (cha no yu) လို့လည်းခေါ်ကြသည်။

茶道တွင် လက်ဖက်ရည်ပြင်ဆင်သည့်(temae)၊ သောက်ပုံသောက်နည်း၊
ထိုင်ပုံထိုင်နည်း၊
အလေးပြုခြင်း၊
ရပ်ခြင်းနှင့်
သွားလာပုံစသည့် စည်းကမ်းများသည် ဧည့်သည်များကို ဖျော်ဖြေခြင်းတစ်ခုဖြစ်သလို
အရသာရှိသော လက်ဖက်ရည်ခွက်ကောင်းတစ်ခု ဖြစ်စေရန်လည်း ရည်ရွယ်သည်။

စိတ်​၏အေးချမ်းမှုနှင့် အာရုံစူးစိုက်မှုကို ဖြစ်စေသည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်သည်။

ဧည်ခံသူနဲ့ ဧည့်သည်အကြား စိတ်ပိုင်းဆိုင်ရာအရမျှဝေခြင်းဖြစ်ပြီး၊ ပွဲကျင်းပရာ အခန်း၊ ပန်းခြံ၊ အသုံးအဆောင်များအပါအဝင် ပတ်ဝန်းကျင်တစ်ခုလုံးကို ခြုံငုံဆိုလိုသည် (一座建立 (ichiza konryū)ဟုခေါ်သော အတွေ့အကြုံကို အတူတကွ ဖန်တီးခံစားခြင်းဖြစ်ပါသည်။

သမိုင်းအရပြောရပါက လက်ဖက်ရည်သည် (Kamakura) ခေတ်ဝန်းကျင်တွင် (Zen) ဗုဒ္ဓဘာသာနှင့်အတူ ဘုန်းတော်ကြီး 栄西(Eisai) မှ ဂျပန်သို့ ယူဆောင်လာခဲ့သည်။

ထို့နောက် 室町(Muromachi) ခေတ်တွင် လက်ဖက်ရည်ပွဲတွင် အသုံးပြုသည့် ကိရိယာများ ပိုမိုကျယ်ပြန့်လာသည့်အချိန်တွင် (村田珠光)Murata Juko ဆိုသူက 侘び茶(Wabi-Cha )ပုံစံကို စတင်တည်ထောင်ခဲ့သည် (ရိုးရှင်းမှုနှင့် အတွင်းခံအလှတန်ဖိုးကို အလေးထားသောပုံစံ)။

ထို့နောက်ပိုင်းတွင် အသုံးအဆောင်ပစ္စည်းများနှင့် အဆောင်အယောင်များသည် ပိုမိုရိုးရှင်းသည့်ပုံစံများသို့ ပြောင်းလဲလာခဲ့သည်။ နောက်တွင် (武野紹鷗)Takeno Joo နှင့် သူ၏တပည့် (千利休)Sen no Rikyū တို့က Wabi-Cha လမ်းစဉ်ကို ပိုမိုတိုးတက်ပြန့်ပွားစေခဲ့ပြီး 安土桃山時代(Azuchi-Momoyama)ခေတ်တွင် အကောင်းဆုံးအခြေအနေကိုရောက်ရှိလာသည်ဟုယူဆသည်။ ယနေ့ခေတ်
茶道 နှင့် 茶の湯 တို့၏ အခြေခံအယူအဆများသည် Sen no Rikyū ၏ တွေးခေါ်ခြင်းများမှ ဆင်းသက်လာခြင်းဖြစ်သည်။

လက်ဖက်ရည်ပွဲတက်ရောက်ရာတွင် ဧည့်သည်များအနေဖြင့် ..
※ လက်ဝတ်လက်စားများဖြစ်သော နာရီနှင့် လက်စွပ် စသည်တို့ကို ချွတ်ထားရမည် (လက်ဖက်ရည်ပွဲတွင်းရှိအသုံးအဆောင်ပစ္စည်းများ မထိခိုက်စေရန်)
※ ခြေစွပ်ဖြူ (tabi) ဝတ်ဆင်ရမည်၊
※ kaishi စက္ကူ(懐紙)နှင့် 和菓子(wagashi)စားရန် သစ်သားတုတ်လေးကို ယူဆောင်လာရမည်ဖြစ်သည်။

※ဝတ်စားဆင်ယင်မှုအနေဖြင့်
ကီမိုနို သို့မဟုတ် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်နိုင်သော်လည်း အရောင်တောက်တောက်မဝတ်ရပါ။

※ထို့နောက်ရေမွှေးမဆွတ်သင့်ပါ။လက်ဖက်ရည်၏ သဘာဝအနံ့အသက်ကို မထိခိုက်စေရန်ဖြစ်ပါသည်။

အခန်းထဲသို့ ဝင်သောအခါ
※畳(tatami)၏ အနားသတ်ဘောင်ပေါ် မနင်းရန်နှင့်
※襖(fusuma)တံခါးလိုင်းများပေါ်လည်း မနင်းရန်ဟု သတ်မှတ်ထားပါသည်။

နေရာထိုင်ခင်းအရ 床の間(tokonoma)နှင့် အနီးဆုံးနေရာကို 正客(shōkyaku)ဟုခေါ်ပြီး အထူးဂုဏ်ပြုဧည့်သည်များအတွက်ဖြစ်သည်။

ထို့နောက် (jikyaku) ၊ (sankyaku) ၊ (yonkyaku) စသည်ဖြင့် အစီအစဉ်အတိုင်းဆက်လက်ထိုင်ကြပြီး tokonoma နှင့် အဝေးဆုံးနေရာတွင် ထိုင်ရသူကို (makkyaku)ဟုခေါ်သည်။ (※ beginner များအတွက် အလယ်ပိုင်းနေရာများသည် ပိုမိုသင့်တော်သည်)။

လက်ဖက်ရည်ပွဲတွင် လက်ခံစားသုံးသည့်အခါတွင်
※和菓子(わがし)(ဂျပန်ရိုးရာမုန့်အချို) ပေးလာပါက “osaki ni” ဟု ပြောပြီး မိမိဘေးရှိသူအား လေးစားစွာ ခွင့်တောင်းကာ kaishi စက္ကူအတွင်း ထည့်၍ သေးငယ်စွာ ခွဲစားရသည်။

※ လက်ဖက်ရည်ခွက်လက်ခံရရှိပါကလည်း “osaki ni” ဟု ပြော၍ခွက်ကို မိမိရှေ့တွင်ထားကာ ညာလက်ဖြင့်ယူပြီး ဘယ်လက်ဖဝါးပေါ်တင်၍ (ကျေးဇူးတင်သည့် အနေနှင့်) အနည်းငယ် မြှောက်ပြရမည်။

※ထို့နောက် ခွက်ကို နာရီလက်တံဘက်သို့ နှစ်ကြိမ် လှည့်ကာ အနည်းငယ်ချင်းစီဖြင့် အကုန်သောက်ရသည်။

※သောက်ပြီးနောက် ခွက်အနားသတ်ကို လက်ဖြင့် သန့်ရှင်းစေပြီး kaishi စက္ကူဖြင့် သုတ်ကာ မူလအတိုင်း ပြန်လှည့်ထားပြီး ခဏတာ ကြည့်ရှုကာ (ခွက်၏ အလှအပနှင့် တန်ဖိုးကို လေးစားကြောင်း ဖော်ပြခြင်း) အိမ်ရှင်ဘက်သို့ မျက်နှာမူထားရသည် ။

နိဂုံးချုပ်အားဖြင့် 茶道 သည် အလုပ်ရှုပ်ပင်ပန်းသော နေ့စဉ်ဘဝနှင့် ကွာဝေးကာ တိတ်ဆိတ်သော အချိန်တစ်ခုကို တန်ဖိုးထားသည့် နည်းလမ်း‌‌ကောင်းတစ်ခုဖြစ်ပါသည်။

(スイ Sensei)

Address

1st Floor No. 3 Zeyerthiri Street, Hleltan, Kamaryut Tsp
Yangon

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00
Sunday 08:00 - 16:00

Telephone

+959421138281

Alerts

Be the first to know and let us send you an email when Enchant Japanese Language Free School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Enchant Japanese Language Free School:

Shortcuts

Share