21/03/2023
Chinese 4 skills Elementary သင်တန်းဖွင့်ပါမည်။
(Pinyin ကို အခြေခံ နားလည်သဘောပေါက်သူများသာ အဆင်ပြေပါတယ်၊)
********************
အများသင်နေကြသလို မြန်မာလိုတွေ ရေးပြီးသင်မှာမဟုတ်ပါဘူး၊ ကျတော်သင်တဲ့အတန်းမှာ မြန်မာလိုအသံထွက်တွေမှတ်ခွင့်ပြုမှာမဟုတ်ပါဘူး။ ဝါကျတစ်ကြောင်းကို မိမိဘာသာတည်ဆောက်နိုင်အောင် အခြေခံ grammar တွေကို ပိုင်နိုင်အောင် သင်ကြားပေးသွားမှာပါ၊ ဝေါဟာရတွေတော့ ကျက်မှတ်လေ့ကျင်ရပါမယ်။ ဒီအတန်းကို တက်မယ်ဆိုရင် HSK အတွက်များစွာ အထောက်အကူပြုမှာဖြစ်ပါတယ်၊ HSK အတွက် အထောက်အကူ ဖြစ်မဲ့ grammar တွေပါ သင်ပေးသွားမှာပါ။
https://www.facebook.com/jasonlim007
#林华老师 👨🏫 သည် တရုတ်စာသင်ကြားနှစ်အတွေ့အကြုံ ၁၀ နှစ်ကျော်ရှိပြီး မြန်မာနိုင်ငံ National Tour Guide လိုင်စင်ရ ဧည့်လမ်းညွှန် တစ်ဦးလည်း ဖြစ်ပါသည်။ဘာသာပြန်ဝတ္ထုနှင့်ဆောင်းပါးများစွာ ရေးသားနေသူဖြစ်ပြီး တရုတ်နိုင်ငံသို့ သင်ကြားရေးဆိုင်ရာ သင်တန်းများ သွားရောက်တက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။
#ဘယ်လိုသင်မှာလဲ။
Zoom Application ဖြင့် Face to Face သင်ကြားမည်ဖြစ်ပြီး recording လုပ်ပေးထားမည်ဖြစ်သောကြောင့် အချိန်မရွေး ပြန်လည်လေ့လာနိုင်မည် ဖြစ်ပါသည်။
သင်ရိုးစာအုပ်ကတော့ Contemporary Chinese (1) ဆိုတဲ့သင်ရိုးစာအုပ်နဲ့သင်မှာဖြစ်ပါတယ်။ ဒီသင်ရိုးစာအုပ်မှာ အခန်းပေါင်း ၁၀ ခန်းပါဝင်ပါတယ်၊ ဝေါဟာရ စုစုပေါင်း ၃၃၇ လုံး၊ Grammar ပေါင်း ၂၇ မျိုး ပါဝင်သင်ကြားပေးသွားမှာပါ။
သင်တန်း တက်ဖို့ဘယ်လိုစုံစမ်းစာရင်းပေးနိုင်မလဲ
Chat box မှာ လာရောက်စုံစမ်း စာရင်းပေးနိုင်ပါတယ်။
သင်တန်းချိန်ကတော့ တစ်ပတ်ကို ၂ ရက်သင်ပါမယ်၊ ဗုဒ္ဓဟူး၊ စနေ ည ၈ နာရီ မှ ၉ နာရီခွဲအထိ သင်ကြားပေးပါမယ်။
သင်တန်းကာလက ၃ လခန့်ကြာမြင့်နိုင်ပါတယ်။
အတန်းစမယ့်ရက်ကတော့ ဧပြီ ၅ရက်နေ့စမည်။
သင်တန်းကြေး တစ်လ ၃ သောင်းပါ။
စာအုပ်ကြေးကတော့ copy ကူးခကျသလောက်ပေးရမယ်။
ပြီးတော့ grammar တွေကိုပါ သေချာသင်ပေးမှာမလို့ပါ။
ယခုအတန်းကို စိတ်ဝင်စားသူများ အောက်ပါလင့်ခ်ကနေ messenger မှာ hi ပေးပါနော် group ဖွဲ့ပေးပါ့မယ်။
သင်တန်းတက်မယ်ဆိုရင် comment မှာ ယခုခေတ်တရုတ်စာလို့ ရေးပေးပါ။ Chat box ကနေလည်း လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျ။
https://www.facebook.com/jasonlim007