Home Education

Home Education

Share

Email: [email protected] သင်တန်းတွေကဈေးကြီးလို့စိတ်ညစ်နေပြီလား..?

Home Education ကိုလှမ်းလာခဲ့ပါနော် ဈေးနှုန်းသင့်တင့်စွာနဲ့ အရည်အချင်းပြည့်မှီတဲ့ဆရာ‌မတွေသင်ကြညးနေတာဖြစ်လို့ အိုကေမှစိုပြေနေပြီနော်.. 🥳
ဒါ့အပြင် international books တွေလဲ ၀ယ်ယူနိုင်ပြီး Test Service တွေလဲ ၀န်ဆောင်မှုပေးနေပြီဖြစ်ပါတယ်ဗျာ💯🎊

Photos from Home Education's post 09/05/2026

✨ New Year, New Design, New Structure ✨

နှစ်သစ်တစ်ခုရောက်လာတဲ့အချိန်မှာ Home Education အနေနဲ့လည်း ပိုမိုရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခု၊ ပိုမိုခိုင်မာတဲ့ structure တစ်ခုအနေနဲ့ ကျွန်မတို့ရဲ့ "Home Education" ကို အသစ်တဖန် ပြန်လည်စတင်လိုက်ပါပြီ

ဒီ version အသစ်မှာတော့ Home Education ရဲ့ Vision, Mission, Objectives နဲ့ Goals တွေကို
ပိုမိုတိကျရှင်းလင်းအောင် သတ်မှတ်ပြီး ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ပိုမိုကောင်းမွန်စွာ တည်ဆောက်ထားပါတယ်

🌍 Home Education Vision (မျှော်မှန်းချက်) တစ်ခုအနေဖြင့်

လူငယ်တိုင်းဟာ အရည်အသွေးရှိတဲ့ ပညာရေး၊ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုနဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်အပြည့်အဝတို့ကို ဖော်ထုတ်နိုင်တဲ့ အခွင့်လမ်းများနှင့် တန်းတူညီမျှ ရရှိနိုင်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖန်တီးတည်ဆောက်ရန်။

🎯 Home Education Mission (တာဝန်နှင့် ရည်ရွယ်ချက်)

Home Education သည် လက်လှမ်းမီနိုင်သော ပညာရေးအစီအစဉ်များ၊ အသက်မွေးဝမ်းကြောင်း လမ်းညွှန်မှုများ၊ ခေါင်းဆောင်မှု ဖွံ့ဖြိုးရေးနှင့် Community Support များမှတစ်ဆင့် လူငယ်များကို အသိပညာ၊ ယုံကြည်မှုနှင့် ဘဝတစ်လျှောက် အောင်မြင်မှုရရှိ‌စေဖို့ အားပေးမြှင့်တင်ရန် ရည်ရွယ်ထားပါတယ်။

📌 Home Education ရဲ့ Objectives (ရည်မှန်းချက်များ)

• အမျိုးမျိုးသော နောက်ခံအခြေအနေရှိ ကျောင်းသူ/သား များအတွက် လက်လှမ်းမီနိုင်ပြီး သက်သာသော ပညာရေးအစီအစဉ်များ ပံ့ပိုးပေးရန်။

• အင်္ဂလိပ်စာ၊ Communication နှင့် Life Skills များ ဖွံ့ဖြိုးစေရန်။

• University & Career Guidance လမ်းကြောင်းဆိုင်ရာ အကြံပေးမှုများ ပံ့ပိုးပေးရန်။

• Volunteerism, Teamwork နှင့် Leadership Skills များမှတစ်ဆင့် အနာဂတ်ခေါင်းဆောင်များမွေးထုတ် တည်ဆောက်ရန်။

• ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများအတွက် သင်ယူခွင့်များ တိုးချဲ့မြင့်တင်ရန်။

• Mentors နှင့် Volunteers များ၏ ခိုင်မာသော Network တည်ဆောက်ရန် အတွက်တို့ပဲ ဖြစ်ပါတယ်။

🚀 Home Education ရဲ့ နှစ်သစ် Goals (ပန်းတိုင်များ)

Short-Term Goals

• ကျောင်းသားဦးရေ နှင့် Program များ တိုးချဲ့ရန်။

• Online & Digital Learning လက်လှမ်းမီမှု မြှင့်တင်ရန်။

• စေတနာ့ဝန်ထမ်းများကို လေ့ကျင့်ပျိုးထောင်ရန်။

• Partner Organizations များနှင့် ပူးပေါင်းမှု တိုးချဲ့ရန်။

Long-Term Goals

• မြန်မာနိုင်ငံ၏ Leading Youth Education Organization တစ်ခု ဖြစ်လာရန်။

• Scholarship နှင့် Career Development Programs တည်ထောင်ရန်။

• Community Learning Centers များ ဖွင့်လှစ်ရန်။

• ရေရှည် လူမှုအကျိုးသက်ရောက်မှုများ ဖန်တီးရန်။

ဒီလို Vision & Structure အသစ်တွေနဲ့အတူ
"Home Education " မှ အရင်ထက် ပိုကောင်းမွန်တဲ့ Learning Experience တွေကို ပေးနိုင်ဖို့
ကြိုးစားသွားမှာ ဖြစ်ပါတယ်

👉 မကြာမီမှာလည်း Home Education မှ ဖွင့်လှစ်ပေးနေတဲ့ အတန်းများကို “Home Education 2.0” အောက်မှာ ပြန်လည်ဖွင့်လှစ်သွားမှာမလို့ အသစ်အသစ်သော Program များ၊ အခွင့်အလမ်းများနဲ့ ပိုကောင်းတဲ့ version တစ်ခုကို မလွတ်သွားဖို့…

Like & Follow လုပ်ပြီး ဆက်လက်စောင့်ကြည့်ပေးကြပါနော် 💛







17/04/2026

ယခုနှစ် ကျရောက်သော မြန်မာ သက္ကရာဇစ် ၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူး အချိန်အခါ သမယမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။

ဘေးအန္တရာယ်တွေ ကင်းဝေးပြီး လိုအင်ဆန္ဒများ တစ်လုံးတစ်ဝ ပြည့်ဝပါစေကြောင်း Home Education မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်လိုက်ရပါတယ်ရှင် 🌸💛

17/04/2026

မင်္ဂလာရှိသော အတာသင်္ကြန်အခါသမယ ဖြစ်ပါစေ 💦🌸

ပူပြင်းတဲ့နေ့ရက်တွေကို သန့်ရှင်းအေးမြတဲ့ ရေစိုပြေမှုနဲ့အတူ
ပျော်ရွှင်မှုများ၊ အေးချမ်းမှုများနဲ့ ဖြတ်သန်းနိုင်ကြပါစေ။

နှစ်ဟောင်းက အမိုက်အညစ်များကို လွှတ်ချပြီး
နှစ်သစ်မှာ ကောင်းမွန်သော အရာများကိုသာ လက်ခံနိုင်ကြပါစေလို့
Home Education မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ✨

မိသားစုနဲ့အတူ
ပျော်ရွှင်ချမ်းမြေ့သော အတာသင်္ကြန်ဖြစ်ပါစေ 💛





28/03/2026

တစ်နှစ်ကြာပြီးနောက်… သတိရခြင်းနှင့် ဆုတောင်းခြင်း

တစ်နှစ်ဆိုတဲ့ အချိန်ဟာအရာတချို့ကို မေ့ပျောက်စေနိုင်ပေမယ့် တချို့သော နာကျင်မှုတွေကိုတော့ မဖျောက်ပေးနိုင်သေးတဲ့ အချိန်လည်း ဖြစ်နိုင်ပါတယ်။ မနေ့တနေ့လိုပဲ အဲ့ဒီနေ့ရဲ့ အမှတ်တရတွေ၊ဆုံးရှုံးမှုတွေ၊မျက်ရည်တွေက နှလုံးသားထဲမှာ အခုအချိန်ထိကိုပင် တိတ်တိတ်လေး နေရာယူနေဆဲပါ။

ဒီနေ့မှာတော့ ဆုံးရှုံးခဲ့သူများအတွက် ဆုတောင်းပေးရင်း၊ ကျန်ရစ်သူများအတွက် ခွန်အားဖြစ်စေမယ့် စကားလေးတွေကိုတိတ်တဆိတ် မျှဝေပေးချင်ပါတယ်။
နာကျင်မှုတွေ မပျောက်သေးရင်လည်း သင်တို့ တစ်ယောက်တည်း မဟုတ်ပါဘူး...အချိန်နဲ့အမျှ စိတ်ငြိမ်းချမ်းမှုလေးတွေ တဖြည်းဖြည်း ပြန်လည် ရရှိလာနိုင်ပါစေ။ ရှေ့ဆက်နိုင်ဖို့ ခွန်အားလေးတွေ နည်းနည်းချင်းစီ ပြန်လည် တွေ့ရှိနိုင်ပါစေလို့ Home Education Volunteer တစ်ယောက်ချင်းစီတိုင်းရဲ့ နှလုံးသားထဲကနေ ဆုတောင်းပေးလိုက်ပါတယ်🕊



Photos from Home Education's post 16/03/2026

လေးနှစ်ဆိုတာ အချိန်တိုတစ်ခု မဟုတ်ပေမယ့် အတူတူ ရယ်မောခဲ့တဲ့ အခိုက်အတန့်တွေ၊အတူတူ ဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေကြောင့် ပိုပြီး တန်ဖိုးရှိလာတဲ့ ခရီးတစ်ခု ဖြစ်လာခဲ့ပါတယ် 💙

မနေ့က "Home Education ရဲ့ လေးနှစ်ပြည့် အထိမ်းအမှတ်နေ့"မှာ HE Volunteer တို့အားလုံး Zoom Chat မှာ အတူဆုံပြီး cake ခွဲကြ၊ game ဆေ့ာကြ၊ activity လေးတွေ လုပ်ကြနဲ့ ပျော်ရွှင်စရာ အမှတ်တရအသစ်လေးတွေကို ထပ်မံ ဖန်တီးခဲ့ကြပါတယ်🥳 Game ရှုံးသူတွေ dare လုပ်ရတဲ့ ပျော်စရာ moments လေးတွေ၊
Founder ကအစ အားလုံး စိတ်လက်ပေါ့ပါးစွာ ပါဝင်ခဲ့ကြတဲ့ အခိုက်အတန့်လေးတွေက HE ဟာ knowledge sharing page တစ်ခုပဲမဟုတ်ဘဲ နွေးထွေးမှု၊ ရင်းနှီးမှုနဲ့ ပျော်ရွှင်မှုတွေ စုစည်းထားတဲ့ နေရာတစ်ခုဆိုတာကို ပိုပြီး ထင်ဟပ်စေခဲ့ပါတယ်။

အဲ့ဒီ နွေးထွေးပြီး ချစ်စရာကောင်းကြတဲ့ Home Education Volunteer ပုံရိပ်လေးတွေကို အမှတ်တရအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ရပါတယ် 🫶🏻






15/03/2026

သူပြန်လာလာ မလာလာ HE ကတော့ လေးနှစ်ပြည့်ကို အခွီဗားရှင်းနဲ့ ပျံလာနေပါပြီ

ဘယ်လို ခွီကြလဲ သိချင် အဆုံးထိသာကြည့် 😔🫶

Photos from Home Education's post 14/03/2026

Home Education ရဲ့ 4 Years Anniversary အတွက် ချစ်စရာကောင်းတဲ့ ကျွန်တော်တို့ Volunteer များမှ Home Education ကိုဒီနှစ်မှာ စာကြောင်းတစ်ကြောင်းတည်းနဲ့ သရုပ်ဖော်ခဲ့ကြပုံလေးကို မျှဝေပေးချင်ပါတယ်💙⭐️

လူတစ်ယောက်ချင်းစီအတွက် HE ရဲ့ အဓိပ္ပာယ်က မတူကြပေမယ့် အဲဒီစကားလုံးလေးတွေထဲမှာတော့ နွေးထွေးမှု၊ မျှော်လင့်ချက်နဲ့ အမှတ်တရတွေ ပြည့်နှက်နေပါတယ်။

💠Home Education Founder
•Aye Myint Myat Thu - “ချစ်ခြင်းမေတ္တာ”

💠Head Department

•Hnin Eindra Khine - “အဖြူရောင်ရပ်ဝန်း”
•Alice - “အချောလေးတွေ စုရာနေရာ”
•Linn Latt Yati Htun - “မှန်ကန်သောရွေးချယ်မှု”
•Khin Hnin Thu - "မိဘရင်ခွင်"

💠Assistant Head Department

•Mya Theingi Oo - “အိမ်”
•Thoon Yati Aung - “အချောလေးတွေတင်မဟုတ်ဘူး … အတွေးလေးတွေရတဲ့နေရာ “
•Thar Lin Htut - “အေးချမ်းသော”
•Wyut Hmone Aye - "အတွေ့အကြုံသစ်တို့ ပွင့်လန်းရာ ဒုတိယရင်ခွင်"

💠Page Admin Department

•Kyaw Zin Wai - “စိတ်လုံခြုံမှုရှိသော ရပ်ဝန်း”
•Ye Htut Soe - “ပျော်ရွင်မှု”

တစ်ချို့အတွက် HE ဟာ စိတ်လုံခြုံမှုရှိတဲ့ ရပ်ဝန်း ဖြစ်ပြီး၊ တစ်ချို့အတွက်တော့ ပျော်ရွှင်မှု ကိုပေးနိုင်တဲ့နေရာတစ်ခုပါ။ တစ်ချို့ Volunteer တွေကတော့ HE ကို အမြဲအသင့်ရှိနေမယ့် အိမ် တစ်လုံးလို ခံစားကြပါတယ်။

💠Content Writer Department

•Chaw Suu Han - "ဉာဏ်အလင်းပေးတဲ့အိမ် "
•Moe Pyae Pyae Aung - "နွေးထွေးသောရပ်၀န်း"
•San Phyu Sin Htet - "တောက်ပသောအိမ်"
•Lin Htoo Aung - “အမှောင်ထဲကမီးအိမ်”
•Nan Khant Tain Lhwar Tun - "ခိုနားရာ သစ်ပင်"
•Hnin Htet Htet Lwin - "နောင်တကင်းမဲ့မှု''
•Eaint Myat Moe - "ပထမဆုံးခြေလှမ်း''
•Ra Ta Nar - "မျှော်လင့်ချက်"
•Htet Waiyan Htun - “မအေးမြင့်မြတ်သူနှင့်စေတနာ့ဝန်ထမ်းလေးများ”
•Twetar Hlaing - "အိပ်မက်နဲ့မိုးထားတဲ့ အိမ်"
•Su Mon Kyaw - "လုံခြုံသော ပညာရေးရပ်ဝန်း"

Volunteer တစ်ချို့တွေအတွက် HE ဟာ ပထမဆုံး ခြေလှမ်း တစ်ခုဖြစ်ပြီး၊ တစ်ချို့အတွက် HE ဟာ “နွေးထွေးတဲ့ရပ်ဝန်း” ဖြစ်ပြီး၊ တစ်ချို့အတွက်တော့ “ဉာဏ်အလင်းပေးတဲ့အိမ်” ဖြစ်နေပါလိမ့်မယ် …
ဒီလို မတူညီတဲ့ စကားလုံးလေးတွေ၊ ရယ်စရာဟာသလေးတွေနဲ့ HE ရဲ့ တန်ဖိုးကို တစ်ယောက်ချင်းစီက မတူညီတဲ့ပုံစံနဲ့ ခံစားထားကြတာကို တွေ့ရပါတယ်။

💠Graphic Deaprtment

•Ei Myat Moe - "နှလုံးသားတူသူများ စုံစည်းခြင်း"
•Thoon Eain Si Thant - "နွေးထွေးမှု"

HE မှာအခုအချိန်ထိလက်တွဲနေနိုင်ခဲ့တာဟာ ရွေးချယ်မှုမှန်ကန်ခြင်းလို့အပြည့်အဝခံစားမိစေရပါတယ်။

💠Faci Department
•Yamin Kyaw - "တွန်းအား"

💠SM Department
•Yex Lawn Veung - "ထူးခြားသောနေရာ"
•Chit Hsu Yati - "အသိပညာတိုးပွားရာ အိမ်"
•Su Su Htwe - "စေတနာထက်သန်စွာဖြင့် ကူညီလိုသော လက်တစ်စုံ"
•May Myo Thet -"အမြဲအသင့်ရှိနေမယ့် အိမ်"

အချို့က ထူးခြားသောနေရာ လို့မြင်ကြသလို၊ အချို့အတွက် အသိပညာတိုးပွားရာ အိမ် ဖြစ်နေပါတယ်… ဒီစကားလုံးလေးတွေဟာ HE နဲ့အတူ ဖြတ်သန်းခဲ့တဲ့ Volunteer တစ်ယောက်ချင်းစီရဲ့ အမှတ်တရတွေ၊ အတွေ့အကြုံတွေကို ထင်ဟပ်နေတဲ့ စကားလုံးလေးတွေပါပဲ။ အချိန်၊ အားထုတ်မှုနဲ့ စေတနာတွေ ပေါင်းစည်းလာတဲ့အခါ Home Education ဟာ ဒီလိုနွေးထွေးတဲ့ Community တစ်ခု ဖြစ်လာနိုင်ခဲ့ပါတယ်။

ရှေ့ဆက်ပြီးလည်း Home Education ဟာ Volunteer အသစ်များ၊ Homie များနဲ့အတူ ပိုမိုကြီးထွားလာပြီး အသိပညာ မျှဝေနိုင်တဲ့ Community တစ်ခုအဖြစ် ဆက်လက် ရပ်တည်နိုင်ပါစေ ..နောက်နှစ်တွေမှာလည်း အမှတ်တရအသစ်များစွာကို အတူတူ ဖန်တီးနိုင်ကြဖို့လည်းမျှော်လင့်မိပါတယ် 🏠🤝






14/03/2026

"၄ နှစ်တာ — အတွေးတွေ၊ လူတွေ၊ အိပ်မက်တွေ စုဆုံရာ Home Education"

လွန်ခဲ့သော အချိန်အခါဖြစ်တဲ့၂၀၂၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့ Home Education ဟာ ဒီနေ့ဆိုရင် လေးနှစ်တာ ခရီးကို ဖြတ်သန်းလာနိုင်ခဲ့ပါပြီ။ အစပိုင်းမှာ အသိပညာ မျှဝေဖို့ ရည်ရွယ်ထားတဲ့ idea လေးတစ်ခုသာ ဖြစ်ခဲ့ပေမဲ့ အခုလက်ရှိအချိန်မှာတော့ Homie တွေ၊ Volunteer တွေ၊ Supporter တွေရဲ့ လက်တွဲမှုကြောင့် အဓိပ္ပာယ်ရှိတဲ့ Community တစ်ခုအဖြစ် ကြီးထွားလာခဲ့ပါတယ်⌛️🏡

ဒီလေးနှစ်အတွင်းမှာ Volunteer များစွာရဲ့ အချိန်၊ ကြိုးစားမှုနဲ့ စေတနာတွေကြောင့် Home Education ဟာ Online Knowledge Sharing မှစပြီး In-Person Events များအထိ ပြုလုပ်နိုင်လာခဲ့ပါတယ် ... အတူတကွ လက်တွဲလုပ်ဆောင်ခဲ့တဲ့ အခိုက်အတန့်တိုင်းဟာ Home Education ရဲ့ တန်ဖိုးရှိတဲ့ အမှတ်တရများအဖြစ် ကျန်ရှိနေပါပြီ 🌟

Homie တို့အတွက်လည်း ဒီထက်ပိုကောင်းတဲ့ အသိပညာများ၊ အတွေ့အကြုံများနဲ့ အကျိုးရှိတဲ့ Learning Opportunities တွေကို ဆက်လက် မျှဝေပေးနိုင်ဖို့ မျှော်လင့်ပါတယ် Home Education ဟာ လူငယ်တွေ သင်ယူနိုင်တဲ့၊ အတွေးအခေါ်တွေ ဖလှယ်နိုင်တဲ့ နေရာတစ်ခုအဖြစ် ဆက်လက် ရပ်တည်နေမယ်လို့ ယုံကြည်ပါတယ်။

Volunteer များအားလုံးအတွက်တော့ Home Education နဲ့အတူ လက်တွဲခဲ့တဲ့ ခရီးစဉ်မှာ သင်ယူမှုတွေ၊ မိတ်ဆွေကောင်းတွေ၊ အတွေ့အကြုံတန်ဖိုးရှိတွေ ပိုမိုရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ တစ်ဦးချင်းစီရဲ့ အားထုတ်မှုတိုင်းဟာ Home Education ကို ဒီနေ့အထိ ရောက်ရှိလာအောင် တည်ဆောက်ပေးခဲ့တဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေခဲ့ပါတယ် ✨🎉

ရှေ့ဆက်ပြီး Home Education Organization အနေနဲ့လည်း ပိုမိုအကျိုးရှိတဲ့ Project များ၊ Program များနဲ့ လူငယ်များအတွက် အသိပညာ မျှဝေနိုင်တဲ့ Platform တစ်ခုအဖြစ် ဆက်လက် ကြီးထွားနိုင်ပါစေ။

ဒီလေးနှစ်တာ ခရီးမှာ အတူတူ လက်တွဲခဲ့တဲ့ Homie များ၊ Volunteer များနဲ့ Supporter များအားလုံးကို Home Education မှ အထူးကျေးဇူးတင်ရှိပါတယ်။
ရှေ့ဆက်ပြီးလည်း ပိုကောင်းတဲ့ အနာဂတ်ကို အတူတူ တည်ဆောက်ရင်း ပျော်ရွှင်စရာ အမှတ်တရများနဲ့ ဆက်လက် ဖြတ်သန်းနိုင်ပါစေလို့ ဒီစာလေးမှတဆင့် ဆုတောင်းပေးလိုက်ပါတယ်🎊🎆💙






08/03/2026

“အမျိုးသမီးဆိုတာ ပန်းတစ်ပွင့်လို နူးညံ့ပေမယ့် မုန်တိုင်းတွေကိုတောင် ရင်ဆိုင်နိုင်တဲ့ အားရှိပါတယ်"

International Women’s Day ဆိုတာ နှစ်တိုင်း March 8 ရက်နေ့မှာ ကျင်းပပြီးတော့ အမျိုးသမီးများရဲ့ အောင်မြင်မှုများ၊ အခွင့်အရေးများကို ကျားမ တန်းတူညီမျှမှု ကို ဂုဏ်ပြုတဲ့နေ့ ဖြစ်ပါတယ် 💜

အမျိုးသမီးတွေဟာ နူးညံ့မှုတစ်ခုတည်း မဟုတ်ဘဲ စိတ်ကူးဖန်တီးနိုင်တဲ့ ဉာဏ်ရည်၊အခက်အခဲတွေကြားမှာတောင် မယိုင်မလဲတဲ့ အားမာန်၊ ပတ်ဝန်းကျင်ကို နွေးထွေးစေတဲ့ မေတ္တာတို့နဲ့ လောကကို တိတ်တိတ်လေး ပြောင်းလဲနေတဲ့ အင်အားတစ်ခုပါ။

ယနေ့ International Women’s Day တွင် လောကကို ပိုမိုလှပစေတဲ့ အမျိုးသမီးများအားလုံးကို Home Education မှ လေးစားစွာ ဂုဏ်ပြုအပ်ပါတယ် 🌸

✨ သင့်ဘဝမှာ သင်လေးစားအားကျရတဲ့ အမျိုးသမီးတစ်ယောက်ကရော ဘယ်သူလဲ?
ဆိုတာ 💬 Comment မှာရေးခဲ့ပေးနော် ...







Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30