UAT Education Center

UAT Education Center Medical & Health

🌿 Young Learners Exam (YLE)      (Starters, Movers and Flyers)       Sat, Sun - Regular Class👨‍👩‍👦 သားသားမီးမီးတို့၏ ပစ္...
21/08/2023

🌿 Young Learners Exam (YLE)
(Starters, Movers and Flyers)
Sat, Sun - Regular Class

👨‍👩‍👦 သားသားမီးမီးတို့၏ ပစ္စုပ္ပန်သည် ဖေဖေမေမေတို့၏ အနာဂတ်ဖြစ်ပါသည်။ 👨‍👩‍👧

💰 အခုလို အရာရာ ရှားပါးနေတဲ့အချိန်မှာ
ငွေစုဆောင်းဖို့ခက်ခဲနေပေမယ့်
မိမိတို့ ကလေးတွေရဲ့ ဦးနှောက်မှာ
ပညာစုဆောင်းပေးတာဟာ အဓိက ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်ပါတယ်။ 🌳

ကလေးငယ်တွေရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေအတွက်
Cambridge Exam Preparation Course
(Starters, Movers, Flyers) Cambridge exam
တွေကို ဖြေဆိုနိုင်ဖို့ လစဥ်သင်တန်းကြေး ၃၀၀၀၀ ကျပ်နဲ့ သင်တန်းဖွင့်လှစ်ထားပါကြောင်း
သတင်းကောင်းပါးအပ်ပါတယ်နော်။ 🌳


UAT Education Center မှ ဖွင့်လှစ်သောပထမဆုံးအကြိမ် ပညာဒါန သင်တန်းGeneral English 4 Skills Class ရဲ့ ပီတိများ 🤍🤍🤍 #ပညာဒါန ...
20/08/2023

UAT Education Center မှ ဖွင့်လှစ်သော
ပထမဆုံးအကြိမ် ပညာဒါန သင်တန်း
General English 4 Skills Class ရဲ့ ပီတိများ 🤍🤍🤍

#ပညာဒါန သင်တန်း

🔸သတင်းကောင်းလေး ပါးပါရစေရှင့် 🔸မိမိတို့ရဲ့ အားလပ်တဲ့အချိန်လေးတွေမှာ အကျိုးရှိစေဖို့အတွက်UAT Education Center မှGeneral E...
09/07/2023

🔸သတင်းကောင်းလေး ပါးပါရစေရှင့် 🔸

မိမိတို့ရဲ့ အားလပ်တဲ့အချိန်လေးတွေမှာ အကျိုးရှိစေဖို့အတွက်

UAT Education Center မှ
General English 4 Skills အခမဲ့ သင်တန်းအား
သြဂုတ်လ ၇ ရက်နေ့တွင်စတင်ဖွင့်လှစ်မည်ဖြစ်ပြီး

❇️ သင်တန်းတက်ရောက်လိုသူများသည်
အခြေခံပညာ အထက်တန်းအဆင့်ရှိရမည်ဖြစ်ပါသည်။

သင်တန်းသားများအတွက်
👩‍🏫 အပတ်စဥ် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း
👩‍🏫 စနစ်တကျ လေ့လာနိုင်ရန်အတွက် လမ်းညွှန်ပေးခြင်း
👩‍🏫 အင်္ဂလိပ်စာ တတ်မြောက်မှုစွမ်းရည်အား စစ်ဆေး၍ လိုအပ်နေသော Level အလိုက် လေ့လာနိုင်ရန်
စီစဥ်ပေးခြင်း
👩‍🏫 လူဦးရေ နည်းနည်းနှင့် သေချာစွာ
လေ့ကျင့်မှုရရှိနိုင်ရန် စီစဥ်ဆောင်ရွက်ထားခြင်း

🔔 General English 4 Skills 🔔

🗓 (Monday ~ Tuesday)
Morning ⏱ 9:30 am - 11:00 am
(တစ်ပတ် ၂ ရက်) (10 weeks)

🏢 Address
No.899, Myintawthar Road, 4/North Ward, Thaketa Tsp, Yangon.

🌼 English စာ နဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် လေ့လာတတ်မြောက်စေရန် ဆန္ဒမွန်ဖြင့် 🌼

Education Center
#ပညာဒါန သင်တန်း

28/12/2022
ဗဟုသုတရစေရန် ကူးယူဖော်ပြခြင်း ဖြစ်ပါသည် ☺လူ 100 မှာ 20 လောက် ဖြစ်ဖူးတဲ့Urticaria/Hives  ဆိုတာဘာလဲ? အကြမ်းဖျဉ်း ဖြေရရင် a...
26/12/2022

ဗဟုသုတရစေရန် ကူးယူဖော်ပြခြင်း ဖြစ်ပါသည် ☺

လူ 100 မှာ 20 လောက် ဖြစ်ဖူးတဲ့Urticaria/Hives

ဆိုတာဘာလဲ?

အကြမ်းဖျဉ်း ဖြေရရင် allergic reaction ကြောင့် ဖြစ်တဲ့ အရေပြား ရောဂါ တစ်မျိုးပေါ့
ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်ပိုင်းမှာမဆို ဖြစ်နိုင်ပါတယ်။ ပေါ်လိုက် ပျောက်လိုက်နဲ့ပေါ့

💁‍♀️သူ့ရဲ့ ရောဂါ လက္ခဏာတွေက ဘာလဲ?

တအားယားယံစေမယ့် အနီရောင် အဖုတွေ အင်ပျဉ်တွေထမယ်။ အနီရောင်အဖုတွေ (red itchy bumps)က တစ်ခုချင်းလည်းဖြစ်နိုင်သလို အဖုသေးသေးလေးတွေ အများကြီးပေါင်းသွားပြီး အင်ပျဉ်လိုက်ကြီးလည်း ဖြစ်နိုင်ပါတယ်။

💁‍♀️ဘာတွေက urticaria ကို ဖြစ်စေနိုင်သလဲ?

ဖြစ်နိုင်ချေအများကြီးရှိပါတယ်

-အစားသောက်မတည့်ခြင်း
-ဆေးနဲ့ ဓာတ်မတည့်ခြင်း
-ဖုန်မှုန့်တွေ မှိုတွေကို ရှူမိခြင်း/ထိမိခြင်း
-ချွေးထွက်လွန်ကဲခြင်း
-အပူချိန် လွန်ကဲခြင်း/ အအေးလွန်ကဲခြင်း
-အိမ်မွေးတိရစ္ဆာန်များ၏ အမွှေးများ
၄င်းတို့ ခန္ဓာကိုယ်မှ ကွာကျသော
အရေပြားဖတ်များနဲ့ အမှုန့်များအားရှူမိ/ထိမိခြင်း
-စိတ်ကျရောဂါ (depression)
-အပူပင်များလွန်းခြင်း (anxiety)
-အသည်းရောဂါ
- thyroid ရောဂါ
-ရေမွှေး/ဆပ်ပြာ မတည့်ခြင်း
-သန်ကောင်တွေရှိနေခြင်း စတာတွေကြောင့်
ဖြစ်နိုင်ပါတယ်

တစ်ခါတလေ မှာတော့
အကြောင်းရင်း မယ်မယ်ရရမရှိသလို
အကြောင်းရာ ရှာမရဘဲလည်း ဖြစ်တတ်ပါတယ်
ထိုအရာကို Idiopathic urticaria လို့ခေါ်ပါတယ်

ဒါကြောင့် အကြံပေးချင်တာက
ဒိုင်ယာရီလေး လုပ်ထားပါ
အဖုလေးတွေ ထ လာခဲ့ရင် ဘာကြောင့်ထရသလဲ
ဘာကြောင့်ဖြစ်ရသလဲ?မိမိမှတ်မိသလောက် ရေးမှတ်ထားပါ
နောင်ဆို ရှောင်လို့ ရတာပေါ့
-

💁‍♀️ဒါဆို urticaria က စိုးရိမ်ရလား

ပုံမှန်အားဖြင့် မစိုးရိမ်ရပါ။
အင်ပျဉ်တွေထပြီးရင် ၂၄ နာရီအတွင်း
ဆေးသောက်စရာတောင် မလိုဘဲ အလိုလျောက် ပျောက်သွားတတ်ပါတယ်
Acute urticaria လို့ခေါ်ပါတယ်

တစ်ခါတလေမှာတော့ ပေါ်လိုက်ပျောက်လိုက်နဲ့ပဲ ရက်တွေ လတွေ ချီသွားတတ်ပါတယ်
ဒါကို chronic urticaria လို့ခေါ်ပါတယ်
6 weeks (၆ပတ်မြောက်) ထိ မပျောက်ရင်
ရေတာရှည် chronic urticaria လို့ သတ်မှတ်လို့ရပါတယ်

*Urticaria က မစိုးရိမ်ရပေမယ့် ပတ်ဝန်းကျင်နဲ့ နေ့စဉ် ဆက်ဆံ ကူးလူးသွားလာနေရတဲ့ လူတွေ အတွက်တော့ အနှောက်ယှက်ဖြစ်နိုင်စေပါတယ်
Quality of life ကို ကျဆင်းစေပါတယ်
အဖုတွေထ နေလို့ ရှက်ရခြင်း ကြောက်ရခြင်းဖြစ်စေနိုင်လို့ urticaria ဝေဒနာရှင်များကို အားပေးခြင်းများ မကြာခဏ လုပ်ဆောင်ပေးသင့်ပါတယ်
(စကားချပ်)

💁‍♀️ဘယ်လိုအချိန်တွေမှာ urticaria က စိုးရိမ်ရသလဲ

ဒီမှာ ပြဿနာက စတာပါပဲ
အဖုထခြင်း ရောင်ရမ်းခြင်း တွေက ခန္ဓာကိုယ်အရေပြားမှာတင်မကဘဲ လည်ချောင်းအတွင်းပိုင်းမှာထိ ဖြစ်နိုင်လို့ အရေးပေါ် လေပြွန်ပိတ်ကာ အလွန်အမင်း အသက်ရှူရခက်ခဲစေပါတယ်
အသက် အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်စေတတ်ပါတယ်။မပေါ့ဆသင့်ပါ။
ဆရာဝန်ဆီ အချိန်မီ သွားပါ
-
🙋‍♀️Urticaria ကို ဘယ်လိုကုမလဲ

အရှင်းကြီးပျောက်သွားအောင် ကုမရပါ
ဒီလိုပြောလို့ စိတ်ဓာတ်ကျမသွားပါနဲ့။
အင်ပျဉ်တွေ ထလာရင် ရေခဲကို အဝတ်နဲ့ ပတ်ပြီး ကပ်ပေးရင် ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းကို
အထိုက်လျောက် သက်သာစေပါမယ်။

လုံးဝသွား မကုတ်မိပါစေနဲ့။ပိုသာ ဆိုးစေသည်
Aloe Vera ပါတဲ့ lotion လေးလိမ်းပါ

ပွရောင်းရောင်း ရှိမည့် ချည်သားများ ဝတ်ဆင်ပေးပါ။ ကျပ်သော အဝတ်စားများ မဝတ်ရ

ယားယံခြင်းကို သက်သာစေရန် topical corticosteroids cream တွေ လိမ်းလို့ရပါမယ်

(oatmeal bath နည်းကတော့ မြန်မာမှာ မလွယ်လို့ မရေးတော့ပါ)

Histamine တွေ မထွက်အောင် တားစီးပေးမယ့် antihistamine ဆေးတွေသောက်ရပါမယ်

Urticaria ဝေဒနာရှင်များကို မရှက်မကြောက်ဖို့
အားပေးရင်း ပိုမြင့်မားသောလူနေမှု အဆင့်အတန်း
တစ်ခုကို တည်ဆောက်နိုင်ကြပါစေ

(မိမိတွင် ကျန်းမာရေး အခြေနေ ဆိုးဆိုးဝါးဝါးရှိပါက အထူးကုဆရာဝန်ကြီးများနှင့် သွားရောက်ပြသကြပါရန်)
Original Uploader

🩸🅰️🅱️🅾️🆎️သွေးအမျိုးအစားလိုက် စားသုံးမှုပုံစံက ကိုယ်အလေးချိန် လျှော့ချမှုမှာ အကူအညီဖြစ်သလား???   💁‍♀️အခုနောက်ပိုင်း ကိုယ်...
26/12/2022

🩸🅰️🅱️🅾️🆎️သွေးအမျိုးအစားလိုက်
စားသုံးမှုပုံစံက ကိုယ်အလေးချိန် လျှော့ချမှုမှာ အကူအညီဖြစ်သလား???

💁‍♀️အခုနောက်ပိုင်း ကိုယ်အလေးချိန်လျှော့ချနေသူ တွေကြားမှာ ခေတ်စားနေတဲ့ Diet က Blood Type Diet ဆိုတာပါပဲ။ ဒီ Diet ရဲ့ သဘောက ကိုယ်စား လိုက်တဲ့ အစားအသောက်ဟာ ကိုယ့်သွေးအတွက် အထူးအကျိုးပြုမှုရှိကာ ခန္ဓာကိုယ်ရဲ့ အလေးချိန် ထိန်းသိမ်းမှုမှာ အကျိုးရှိနိုင်တယ်ဆိုတာပါပဲ။ ဒီ Blood Type Diet ကို ရှာဖွေတွေ့ရှိသူက Peter D'Adamo ဖြစ်ကာ သဘာဝနည်းဖြင့် ဆေးကုသသူ (Naturopathic Doctor) ဖြစ်ပါတယ်။ ရောင်းအကောင်းဆုံး စာရင်းဝင်ခဲ့တဲ့ သူ့ရဲ့ ]Eat Right for your Type}မှာ ဒီနည်းကို ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ သီအိုရီကို အကျဉ်းချုပ်ဖော်ပြရရင်...
လူတိုင်းမှာ မတူညီတဲ့ A, O, B, AB စတဲ့ သွေးအမျိုးအစားဟာ ကိုယ့်ခန္ဓာကိုယ် ကျန်းမာရေးအပေါ် မှာ လွှမ်းမိုးမှု ရှိပါတယ်။ ဒီအတွက် သွေးအမျိုးအစားအလိုက် သင့်လျော်တဲ့ ဓာတ်စာ၊ သင့်တော်တဲ့ လေ့ကျင့်ခန်းကို လုပ်သွားမယ်ဆိုရင် သင်ဟာ အကျန်းမာဆုံးသူ ဖြစ်လာနိုင်ပါတယ်။
သူ့ရဲ့ နည်းအရ မတူညီတဲ့ သွေးအမျိုးအစား ၄ မျိုးအပေါ်မှာ လွှမ်းမိုးနေတဲ့ စားသောက်မှုပုံစံကို သွေးအမျိုးအစား တစ်မျိုးစီအလိုက် ဖော်ပြပေးရရင်တော့ ...

🅰️ သွေးအမျိုးအစားပိုင်ရှင်များ

တတ်နိုင်သမျှ သက်သတ်လွတ်စားပေးသင့်တဲ့ သွေးအမျိုးအစားပဲ ဖြစ်ပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီး အော်ဂဲနစ်နည်းပညာဖြင့် စိုက်ပျိုးထားတဲ့အသီးအနှံ ဟင်းသီးဟင်းရွက်များကို စားသုံးပေးပါ။ ကျန်းမာရေးလေ့ကျင့်ခန်းတွေအနေနဲ့ ယောဂ၊ ထိုက်ချိနဲ့ တရားထိုင်ခြင်းတို့ကို ပြုလုပ်ပေးသွားပါ။ ဒီနည်းလေးတွေဟာ စိတ်ဖိစီးမှု လျှော့ချရာမှာ ကူညီပေးနိုင်သလို စိတ်ဖိစီးမှုကြောင့် အစားများများ စားမိတဲ့အကျင့်ကို လျှော့ချပေးနိုင်ပါတယ်။

🅱️ သွေးအမျိုးအစားပိုင်ရှင်များ

ဂျုံ၊ ပြောင်း၊ ပဲနီလေး၊ ခရမ်းချဉ်သီး၊ မြေပဲနဲ့ နှမ်းတို့ဟာ B သွေးသမားတွေရဲ့ ဇီဝကမ္မဖြစ်စဉ် တိုးတက်မှုကို ထောက်ပံ့ပေးနိုင်သလို ပိန်နေသူတွေဆိုရင် ကိုယ်အလေးချိန် တက်လာသည်အထိ ထောက်ပံ့ပေးနိုင်ပါတယ်။
🅱️သွေးသမားတွေအတွက် စာရေးသူ D'Adamo ရှောင်စေချင်တဲ့အသားက ကြက်သားဖြစ်ပြီး ကြက်သားဟာ ရုတ်တရက် လေဖြတ်စေနိုင်ခြင်းနဲ့ ကိုယ်ခံအား မညီမျှမှုကို ဖြစ်စေနိုင်ပါတယ်။
အဲဒီအစား ဆိတ်သား၊ သိုးသား၊ ယုန်သား၊ သမင်၊ ဒရယ်သားတို့ကို အစိမ်းရောင် အသီးအရွက်များနဲ့ ရောစားပေးပါ။
ဥအမျိုးမျိုးနဲ့ အဆီလျှော့ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများကို များများ စားပေးနိုင်ပါတယ်။ အားကစားအနေနဲ့ တင်းနစ်၊ စက်ဘီးစီး၊ ခြေလျင် ခရီးသွားခြင်း၊ ဂေါ့ဖ်အားကစားနဲ့ သိုင်းကစားခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။

🅾️ သွေးအမျိုးအစားပိုင်ရှင်များ

အိုသွေးအမျိုးအစားပိုင်ရှင်များဟာ အစာအိမ် အက်ဆစ်ထုတ်လုပ်မှု များပြားသူတွေ ဖြစ်တာကြောင့် ဂျုံနဲ့ ကောက်နှံတွေကို စားသုံးခြင်းကို ရှောင်သင့်ပါတယ်။ ဂျုံနဲ့ ကောက်နှံချည်းသာမက အဲဒါတွေနဲ့ ရောယှက်ထားတဲ့ အစားအစာများနဲ့လည်း မတည့်ကြပါဘူး။ အဲဒါတွေကို စားသုံးခြင်းဟာ အိုသွေးအမျိုးအစားပိုင်ရှင်တွေကို အစာမကြေခြင်း၊ ရောင်ရမ်း နာကျင်တဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
အားကစားလေ့ကျင့်ခန်းအနေနဲ့ နှလုံးသန်စွမ်း ကျန်းမာစေတဲ့ လေ့ကျင့်ခန်းများ၊ ကြွက်သားနဲ့ အရိုး တွေ သန်မာစေတဲ့ ပြေးခြင်းတို့ကို အားကစား လေ့ကျင့်ခန်းတွေကို ယူသင့်ပါတယ်။

🆎️ သွေးအမျိုးအစားပိုင်ရှင်များ

ကဖင်းဓာတ်များတဲ့ အစားအစာနဲ့ အရက်ဟာ အေဘီသွေးပိုင်ရှင်တွေနဲ့ မသင့်တော်ပါဘူး။ အထူး သဖြင့် စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ လုံးဝမမှီဝဲသင့်ပါဘူး။ အေဘီသွေးပိုင်ရှင်တွေဟာ တို့ဟူး၊ ပင်လယ်စာ၊ နို့ထွက်ပစ္စည်းများနဲ့ အစိမ်းရောင် အသီးအနှံ ခပ်များများ ရောစားတာမျိုး လုပ်ပေးပါ။
အေဘီသွေးပိုင်ရှင်တွေဟာ မီးကင်ထားတဲ့ အသား (သို့) အသားကို တာရှည်ခံအောင် တစ်နည်းနည်းနဲ့ ပြုလုပ်ထားတဲ့အရာတွေနဲ့ လုံးဝ မတည့်ပါဘူး။ D'Adamo ရဲ့အဆိုအရ ဒီလိုနည်းနဲ့ လုပ်ထားတဲ့အသားတွေဟာ သူတို့ကို အစာအိမ် ကင်ဆာ ဖြစ်ပွားမှုနည်း များလာစေပါတယ်။
အေဘီသွေးပိုင်ရှင်တွေဟာ အစားကို တစ်ထိုင်တည်း တနင့်တပိုး မစားဘဲ နည်းနည်းနဲ့ မကြာခဏ စားပေးရပါမယ်။
လေ့ကျင့်ခန်းတွေအနေနဲ့ စိတ်ငြိမ်စေသလို အင်အားစိုက်ထုတ်ရတာများတဲ့ ပြေးခြင်း (သို့) စက်ဘီးစီးခြင်းကို ပြုလုပ်သင့်သလို ယောဂနဲ့ ထိုက်ချိကိုလည်း လေ့ကျင့်ပေးသွားပါ။

အခုဖော်ပြပေးခဲ့တာကတော့ သဘာဝကုထုံးနဲ့ ရောဂါကုသသူ Peter D'Adamo ရဲ့ Blood Type Diet ပဲ ဖြစ်ပါတယ်။ ဒါဟာ တကယ်ပဲ အန္တရာယ်ကင်းတဲ့ Diet တစ်ခု ဖြစ်နိုင်သလားဆိုတာနဲ့ The Academy of Nutrition and Dietetics ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Sonya Angelone က အခုလို ဖြေကြားပေးထားပါတယ်။
ဒီ Diet ဟာ အန္တရာယ်ကင်းတဲ့ စနစ်တစ်ခုဖြစ်ပြီး သူ့ရဲ့ ဗဟိုချက်က ကျန်းမာစေတဲ့ အစားအသောက်တွေကို စနစ်တကျ ရွေးချယ်စားသုံးခိုင်းတာဖြစ်ပြီး အဓိက အစားအစာအုပ်စု ၅ မျိုးကို လုံးဝ ထုတ်ပယ်ထားတာ မဟုတ်ဘဲ မျှခြေတစ်ခုထားကာ စားခိုင်းတာပဲ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ လျော်ညီတဲ့ ဓာတ်စာ Diet တစ်ခု မှာ အမြဲတမ်း အစားအစာအုပ်စု ၅ မျိုးပါဖို့ လိုအပ် ပါတယ်။ ဒါတွေကတော့ ...

(၁) Carbohydrates (ကစီဓာတ်)
(၂) Protein (အသားဓာတ်)
(၃) Milk & Diary (နို့နဲ့ နို့ထွက်ပစ္စည်း)
(၄) Fruit, Vegetables and Beans (အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ ပဲအမျိုးမျိုး)
(၅) Fat & Sugar (အဆီနဲ့ အချိုဓာတ်)
ဒီအစားအစာ ၅ မျိုးကို လုံးဝ ဖယ်မထုတ်ဘဲ သွေးအုပ်စု တစ်မျိုးစီမှာ သင့်တော်တဲ့ ပမာဏထားပြီး စားသုံးခိုင်းတဲ့အတွက် Safe Diet လို့ သူမက အတိ အကျ ဆိုထားပါတယ်။

Blood Type Diet ဟာ ကိုယ်အလေးချိန်ကျဖို့ ကူညီနိုင်သလား။
ဒီမေးခွန်းအတွက်ကိုတော့ Appetite for Health ရဲ့ Co-founder တစ်ဦးဖြစ်တဲ့ Julie Upton က ဖြေကြားပေးထားပါတယ်။
ဒီ Diet ဟာ ကောင်းမွန်တယ်လို့ ယေဘုယျ အားဖြင့် သတ်မှတ်ရင်တော့ မမှားပါဘူး။ သိပ္ပံနည်းကျ လေ့လာမှုအနေနဲ့ ဒီ Diet ကို အတိအကျ လိုက်နာတဲ့လူ ၁၅၀ဝ နီးပါးကို စမ်းသပ်လေ့လာမှုတွေ လုပ်ပါတယ်။ D'Adamo ရဲ့ Blood Type နဲ့လိုက်ပြီး စားသောက်တဲ့ ဓာတ်စာနဲ့ ကိုယ်အလေးချိန်လျော့သွား မှုကြားမှာ ဆက်သွယ်မှု မတွေ့ခဲ့ရပါဘူး။ သို့သော် ကောင်းမွန်စွာ စားသောက်တဲ့စနစ်နဲ့ သင့်လျော်တဲ့ လေ့ကျင့်ခန်းပါတာကြောင့် ဘယ်လိုသွေးအမျိုးအစားမဆို ကိုယ်ရည်စစ်သွားမှာတော့ အသေအချာပါပဲ။ ဒါကြောင့် Blood Type Diet ဟာ Diet အနေနဲ့ ပေါင်ချိန်ကို ကျန်းမာစွာ ကျသွားစေတဲ့အတွက် အကျိုးရှိတာတော့ အမှန်ပါပဲ။

ဒါကြောင့် Upon က သွေးအုပ်စုနဲ့ ကိုယ်အလေး ချိန် လျှော့ချခြင်းကြားမှာ တိကျတဲ့ သက်သေမရှိပေမဲ့ Diet ဟာ အစာအုပ်စု ၅ ခုလုံးကို မျှတစွာ စီစဉ်ထားတာကြောင့် အစားအစာကို ကောင်းစွာ စားတတ်တဲ့အကျင့်တော့ ရသွားနိုင်တယ်လို့ ညွှန်ပြထားပါတယ်။
ဆေးပညာအရ တိကျတဲ့သက်သေကို မရပေမဲ့ ဒီ Diet ဟာ အဆင်ပြေပြီး ကိုယ့်သွေးအမျိုးအစား အတိုင်း တိကျစွာ စားသုံးခြင်းဖြင့် ထိရောက်တဲ့ ရလဒ်ကို ခံစားရတယ်လို့ Peter D'Adamo ရဲ့ Eat Right for your Type စာအုပ်ပရိသတ်တွေက ဆိုကြပါတယ်။
ဒီအတွက် ကိုယ်အလေးချိန် လျှော့ချချင်သူတွေ အနေနဲ့ Blood Type Diet ဟာ အဆင်ပြေမယ်လို့ ထင်တဲ့အတွက် ပြန်လည်မျှဝေပေးပါတယ်နော်။

Original Uploader
Ref : Women's Health Magazin

26/12/2022

သင်တန်းနေရာသစ်လေး စီစဥ်နေရလို့ page လေးကို ခုမှပဲ ဂရုစိုက်ရပါတော့မယ်။ ☺

သာကေတမြို့နယ်အတွင်းComputer Basic Class နှင့်Photoshop Basic Class များကို လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်၍ သင်ကြားပေးလ...
30/10/2022

သာကေတမြို့နယ်အတွင်း
Computer Basic Class နှင့်
Photoshop Basic Class များကို လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်၍ သင်ကြားပေးလျှက်ရှိပါသည်။

ဌာနဆိုင်ရာ အခေါ်အဝေါ်များနှင့် စာရေးသားနည်းများကိုပါ မျှဝေ သင်ကြားပေးတဲ့အပြင် ဥပဒေနှင့်ပတ်သက်သည့် သိထားသင့်သည့် ဗဟုသုတများကိုပါ မျှဝေပေးနေပါပြီနော် ☺

သင်ကြားမှု + သင်ယူမှု = တတ်မြောက်မှု

👩‍💻 သင်တန်းတက်ရောက်ပြီးလျှင်

💻 လုပ်ငန်းခွင်အတွေ့အကြုံ ရရှိစေရန်အတွက် အလုပ်သင်ကာလအဖြစ် ဝင်ရောက်လုပ်ကိုင်စေခြင်း။

💻 အလုပ်အကိုင်လျှောက်ထားလိုသူများအတွက် အလုပ်စီစဥ်ပေးခြင်း။

💻 အလုပ်လျှောက်ရန် လိုအပ်ချက်များအား အတွေ့အကြုံရှိ HR များမှ ဗဟုသုတ မျှဝေခြင်းများ ပြုလုပ်ပေးပါမည်။

Contact Ph
📱 09 4210 64988, 09 740 657 189

Contact Address
🏠 Room 1, corner of Myintawthar Road and Thumana Road, 2/south Ward, Thaketa Tsp, Yangon.


Education Center

အောင်မြင်မှု ဆိုတာ ကိုယ်လိုချင်တဲ့ အရာပေါ်မှာပဲ မူတည်ပါတယ်။ကျန်းမာရေးမကောင်းတဲ့ ဆေးဝါးကုသမှုခံယူနေရတဲ့ လူတွေအတွက် ကျန်းမ...
15/10/2022

အောင်မြင်မှု ဆိုတာ ကိုယ်လိုချင်တဲ့ အရာပေါ်မှာပဲ မူတည်ပါတယ်။

ကျန်းမာရေးမကောင်းတဲ့ ဆေးဝါးကုသမှုခံယူနေရတဲ့ လူတွေအတွက် ကျန်းမာရေးပြန်ကောင်းလာရင် အောင်မြင်မှုလို့
ဆိုလို့ရသလို

အလုပ်မရှိလို့ အလုပ်ရှာဖွေနေရတဲ့ လူတွေအတွက်
ကိုယ့်အတွက်အဆင်ပြေစေတဲ့အလုပ်ရသွားရင်လဲ
အောင်မြင်မှုပါပဲ။

ဘာအတွက်ကြောင့် အောင်မြင်မှုကို လိုချင်ပါစေ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ လိုအပ်ပါတယ်နော် 🏵

You can do it 💪

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ပညာနဲ့ရင်းနှီးပြီး လုပ်ကိုင်ရှာဖွေတိုးတက်ပါစေ လို့ UAT Education Center မှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏

သာကေတမြို့နယ်တွင်း👉 Nurse Aid နှင့် Basic Pharmacy Aid သင်တန်းကောင်းလေး လိုက်ရှာနေပါသလား။ 👉 သင်တန်းတစ်ခုချင်းစီတက်ပြီး က...
26/08/2022

သာကေတမြို့နယ်တွင်း
👉 Nurse Aid နှင့် Basic Pharmacy Aid သင်တန်းကောင်းလေး လိုက်ရှာနေပါသလား။

👉 သင်တန်းတစ်ခုချင်းစီတက်ပြီး ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့ လွဲချော်နေမှာ စိုးရိမ်နေပါသလား။

👉 သင်တန်းဆင်းလက်မှတ်တွေရှိပြီး အလုပ်အကိုင် အခက်အခဲ ဖြစ်နေပါသလား။

ဘယ်လိုအခြေအနေမျိုး ဖြစ်ဖြစ်
UAT Education Center မှာ သင်ကြားပေးနေသော 3 in 1 Class သင်တန်းကို (၂)လ တက်ရောက်ပြီး
အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ဖန်တီးလိုက်ပါ။👌

🌻သင်ကြားပေးမည့် ဘာသာရပ်များ🌻
၁။ သူနာပြုအကူ
၂။ အခြေခံဆေးဝါးကျွမ်းကျင်အကူ
၃။ ဆေးရုံ ဆေးခန်းသုံး English စာ တွေ အပြင်
👉 သင်တန်းပြီးဆုံးပါက သင်တန်း၏
အရည်အချင်းစစ်စာမေးပွဲအား ဖြေဆိုရမည်ဖြစ်ပြီး သင်တန်းမှ သတ်မှတ်ထားသည့် ဆေးခန်းများတွင် Internship ကာလ ပြီးမြောက်သည်အထိ လက်တွေ့သင်ယူခွင့်ရရှိမည်ဖြစ်ပါသည်။

💥သင်တန်း(၁)တန်းလျှင် သင်တန်းသားဦးရေ (၁၀)ဦးသာ သတ်မှတ်ထားသည့် အတွက် အနီးကပ် ကြပ်မတ်သင်ယူနိုင်သော အခွင့်အရေးကောင်းလေးတစ်ခုပါနော်။💥

🧑‍⚕️Nurse Aids and Basic Pharmacy Aids Class👩‍⚕️
🗓 (Monday ~ Friday)
Morning ⏱ 8:00 am - 10:00 am
(တစ်ပတ် ၅ ရက် ၊ ၂ လပြတ်သင်တန်း)
💵 သင်တန်းကြေး ၂၅၀၀၀၀ ကျပ် 💵

🗓(Monday ~ Friday)
Morning ⏱ 10:30 am - 12:30 pm
(တစ်ပတ် ၅ ရက် ၊ ၂ လပြတ်သင်တန်း)
💵 သင်တန်းကြေး ၂၅၀၀၀၀ ကျပ် 💵

🗓(Saturday - Sunday)
⏱ 9:00 am - 3:00 pm ⏱
(တစ်ပတ် ၂ ရက် ၊ ၂ လပြတ်သင်တန်း)
💵 သင်တန်းကြေး ၂၅၀၀၀၀ ကျပ် 💵

🏢 Address
Room 1, corner of Myintawthar Road and Thumana Road, 2/South Ward, Tharketa Tsp, Yangon.

❇ ဆေးရုံဆေးခန်း၊ ဆေးကုမ္ပဏီများတွင်
အလုပ်အကိုင် လျှောက်ထားလိုသူများအတွက် အလုပ်လျှောက်တဲ့အခါ လိုအပ်တဲ့
ပြင်ဆင်ရန်အချက်များကို အတွေ့အကြုံရှိ HR များမှ ဗဟုသုတမျှဝေသွားပါမည်။
🌻Post လေးကို ဆုံးအောင်ဖတ်ပေးလို့
ကျေးဇူးတင်ပါတယ်ရှင်။🌻

ခုလို ကုန်ကျစရိတ်ကြီးမားနေတဲ့အချိန်ကာလမှာ
သက်သာတဲ့ သင်တန်းကြေးနဲ့ စေတနာအပြည့်ဖြင့် သင်ကြားပေးမည်ဖြစ်လို့
ခက်ခဲတဲ့ကာလကို အတူရင်ဆိုင်ကျော်လွှားနိုင်ဖို့ အားတင်းထားကြပါစို့နော် 💪💪💪

Address

Yangon

Website

Alerts

Be the first to know and let us send you an email when UAT Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category