22/06/2026
Parts - 273 | HR Strategy (ဗျူဟာ) နဲ့ Ex*****on (အကောင်အထည်ဖော်မှု) ကွာဟမှုအကြောင်း...
ဒီနေ့မှာတော့ ကျွန်တော်တို့ HRBP (Human Resource Business Partner) တွေတွေ့ကြုံနေရတဲ့ အဖြစ်မှန်တွေကိုမျှဝေပေးချင်ပါတယ်။
ကျွန်တော်တို့ HR တွေရဲ့ (၇၁%) လောက်က ကိုယ့် Business နဲ့ငါတို့လိုက်လျောညီထွေရှိတယ်လို့ ယုံကြည်ကြပေမယ့်၊ (၅၆%) လောက် ကသာဒီ Strategy ရဲ့တန်ဖိုးကိုသက်သေပြနိုင်ကြလေ့ရှိပါတယ်။
ဒီကိန်းဂဏန်းတွေဟာ ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာပိုပြီး လက်တွေ့ကျပါတယ်။
ကျွန်တော်တို့ လက်ရှိလုပ်ငန်းခွင်တွေမှာ ဖြစ်နေကျ ၊ ကြုံတွေ့နေကျ ပြဿနာအခက်အခဲစိန်ခေါ်မှု (၃) ချက်ကိုပြောပြရမယ်ဆိုရင်...
# Strategy ရေးဆွဲတတ်ပေမယ့် Value ပြဖို့ခက်နေတဲ့ HR တွေ...
အပေါ်မှာပြောပြခဲ့တဲ့ (၇၁%) လောက်က Alignment ရှိတယ်ပြောပေမယ့် ၊ (၅၆%) လောက်ကသာ Value ကိုတကယ်ပြနိုင်တာဖြစ်ပါတယ်။
ကုန်ထုတ်လုပ်ငန်းတစ်ခုမှာ MD က ဒီနှစ် ကုန်ကျစရိတ် (၂၀%) လျှော့မယ်လို့ ဆုံးဖြတ်တယ်။ HRBP ကဝန်ထမ်းစရိတ်ချုံ့ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့်ပြဿနာက ကုန်ကျစရိတ်ချုံ့တာ အောင်မြင်ပေမယ့် ထုတ်လုပ်မှု အရည်အသွေးက ကျဆင်းသွားပါတယ်။
ဒီမှာ HRBP က Strategic Alignment လုပ်တယ်ဆိုပေမယ့် Strategy Value (ရေရှည်တည်တံ့မှု) ကိုလက်လွတ်ခဲ့ရပါတယ်။
ဒါ့ကြောင့်...
HRBP တွေအနေနဲ့ Cost per Hire နဲ့ Revenue per Employee ကို ကိန်းဂဏန်းနဲ့သေချာတွက်ချက်စောင်ကြည့်နိုင်ဖို့အရေးကြီးပါတယ်။ ဘယ်လို HR လုပ်ရပ်က ကုမ္ပဏီရဲ့ အမြတ်ကို တိုက်ရိုက်သက်ရောက်သလဲဆိုတာကို Top Management အဖွဲ့ရှေ့မှာ တင်ပြနိုင်မှသာ HRBP ရဲ့ တန်ဖိုးကပေါ်လာမှာဖြစ်ပါတယ်။
# Structure ရှိပေမယ့် Ex*****on (အကောင်အထည်ဖော်) ရာမှာကျရှုံးသွားတဲ့လုပ်ငန်းတွေ
ကျွန်တော်တို့ (၆၃%) လောက်က Operating Model ကသင့်တော်တယ်ထင်တယ် ၊ (၅၆%) ကသာ Ex*****on ကောင်းတယ်လို့ ခံစားရတယ်။
ကုမ္ပဏီတစ်ခုမှာ HR ဌာနက Center of Excellence ပုံစံနဲ့ဖွဲ့စည်းထားတယ်။ Recruitment ဌာနကတစ်ခု ၊ C&B (Payroll) ဌာနကတစ်ခု ၊ ER (Employee Relationship) ဌာနကတစ်ခု ။ ဒါပေမယ့်ရုံးခွဲတွေမှာ ပြဿနာတက်တိုင်း ဘယ်ဌာနက တာဝန်ယူရမှန်းမသိ ဘူးဆိုတဲ့ ဝန်ထမ်းတွေရဲ့ တိုင်ကြားချက်တွေ ရှိခဲ့ပါတယ်။
ပြဿနာက Structure ကစက္ကူပေါ်မှာရှိနေပေမယ့် Cross-functional Collaboration မရှိလို့ဖြစ်တာဖြစ်ပါတယ်။
ဒါ့ကြောင့်...
RACI Matrix ကိုချက်ချင်းပြန်သုံးခဲ့ပါတယ်။ ဘယ်အလုပ်ကို ဘယ်သူက Responsible (လုပ်ရမယ်)၊ ဘယ်သူက Accountable (အဆုံးအဖြတ်ပေးရမယ်) ဆိုတာကို ရှင်းရှင်းလင်းလင်း မသတ်မှတ်ရင် ဖွဲ့စည်းပုံ ဘယ်လောက်လှလှ Ex*****on ကကျနေပါလိမ့်မယ်။
# Skills Gap - Data Literacy နဲ့ Digital Agility ကို HR တွေမေ့နေတုန်း
Skills လိုအပ်ချက်တွေထဲမှာ Data Literacy နဲ့ Digital Agility ကအကြီးမားဆုံး ကွာဟချက်တစ်ခုဖြစ်ပါတယ်။
ဘဏ်လုပ်ငန်းတစ်ခုမှာ HR Team က ဝန်ထမ်းထွက်နှုန်း (Turnover Rate) တွက်ဖို့ Excel သုံးပေမယ့် ဘယ် Department ကဘာကြောင့် ထွက်တာအများဆုံးလဲဆိုတဲ့ Data Analysis ကိုတော့မလုပ်နိုင်ဘူး။
CEO က ငါ့မှာ Data ရှိပေမယ့် Insight မရှိဘူး လို့ပြောတယ်။
ဒါဟာ HR တွေအနေနဲ့ အဖြစ်အများဆုံး ပြဿနာစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ခေတ်မီ HR System တွေသုံးဖို့ငွေရှိပေမယ့် အဲဒီ Data တွေကို ပြန်ဖတ်တတ်တဲ့ လူသားအရင်းအမြစ်မရှိကြတာဖြစ်ပါတယ်။
ဒါ့ကြောင့်...
HR ဌာနတွေအနေနဲ့ Budget for Upskilling ကိုဦးစားပေးသင့်ပါတယ်။ HR ဝန်ထမ်းတွေကို Power BI , HR Analytics , AI စတဲ့ Training တွေကိုသေချာစီစဥ်ထားရှိပေးဖို့လိုအပ်ပါတယ်။
လက်ရှိမြန်မာ့စီးပွားရေးအခက်အခဲမှာ ရှင်သန်ချင်ရင် ခံစားချက်နဲ့ HR လုပ်တာကိုရပ်ပြီး Data နဲ့ HR လုပ်တာကိုပြောင်းလဲရမှာဖြစ်ပါတယ်။
Technology ဆိုတာက လူတွေကို အစားထိုးဖို့မဟုတ်ဘူး၊ လူတွေရဲ့ Ex*****on ကို အားဖြည့် ပေးဖို့ဖြစ်ပါတယ်။
ဒီ့အတွက်ကြောင့်...
# Strategy နဲ့ Value ကို ချိတ်ဆက်တတ်တဲ့ HR...
# Structure ရှိရုံမက Ex*****on ကောင်းတဲ့ Process...
# Digital Agility ရှိတဲ့ HR Team တွေရှိတဲ့ ကုမ္ပဏီတွေကပဲ အနာဂါတ်မှာရေရှည်ရပ်တည်နိုင်ပြီး ထိပ်ဆုံးမှာရှိနေနိုင်မှာဖြစ်ပါတယ်။
မိတ်ဆွေတို့ရဲ့ လက်ရှိ HR Team မှာ ဒီ (၃) ချက်ကဘယ်လောက်ပြည့်နေပြီလဲ ? ဆိုတာအောက်က Comment မှာမျှဝေခဲ့နိုင်ပါတယ်။
Kyaw Minn Hein - Strategic
Development For Youth