AIHM Myanmar

AIHM Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AIHM Myanmar, Education & Learning, Yangon.

Official AIHM College Page
(Myanmar and International Admissions)

Official Asian Institute of Hospitality Management in Academic Association with Les Roches Myanmar Office Page
(Myanmar Admissions)

Official Minor Education Myanmar Page
(Executive Edu)

20/04/2026

Grade 12 ဖြေဆိုပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စာမေးပွဲရလဒ်တွေကို စောင့်ဆိုင်းနေတဲ့အချိန်မှာ အချိန်ကို အကျိုးအရှိဆုံး ဘယ်လိုအသုံးချရမလဲဆိုတာ စဉ်းစားနေကြပြီလား

AIHM ရဲ့ BTEC Programme က အနာဂတ်အတွက် ခိုင်မာတဲ့ Career တစ်ခုရရှိစေဖို့ အကောင်းဆုံး လမ်းခင်းပေးပါလိမ့်မယ်

Pearson အဖွဲ့အစည်းက ဖန်တီးထားတဲ့ BTEC ဟာ လက်တွေ့ပိုင်းကို အဓိက Focus ထား သင်ကြားပေးပြီး Hospitality အပါအဝင် Business နဲ့ ဆက်နွယ်တဲ့ နယ်ပယ်တွေအားလုံးအတွက် အဆင်သင့်ဖြစ်အောင် သင်ကြားပေးတဲ့ Short Course တစ်ခုပဲဖြစ်ပါတယ်

AIHM College အတွက်သာ အဆင်ပြေစေတဲ့ Programme တစ်ခုမဟုတ်ဘဲ BTEC Level 3 ဟာ A-Levels One Subject နဲ့ ညီမျှတာဖြစ်တဲ့အတွက်၊ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျောင်းတော်တော်များများကိုလည်း ဆက်လက်လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်

ပြင်ဆင်ချိန် အနည်းငယ်သာကြာပြီးတော့ ကိုယ့်ရဲ့ Career အတွက် အာမခံချက်အပြည့်အဝရှိစေတဲ့ Programme တစ်ခုဖြစ်တာကြောင့် တက်ရောက်သင့်တဲ့ Course တစ်ခုပဲဖြစ်ပါတယ်

အကောင်းဆုံးအားသာချက်ကတော့ Course ပြီးဆုံးတဲ့အခါမှာ AIHM ရဲ့ BBA Programme အတွက် Direct Entry ရရှိနိုင်ဦးမှာပါ

ဒါကြောင့် အချိန်ကို အကျိုးရှိရှိအသုံးချပြီး အနာဂတ်အတွက် ယုံကြည်စိတ်ချရတဲ့ Career တစ်ခုရရှိစေဖို့ အခုပဲ AIHM နဲ့ လက်တွဲလိုက်ပါ

Programme အကြောင်းအသေးစိတ် သိချင်ရင်တော့ AIHM Myanmar Office ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်

Are you a Grade 12 student waiting for your exam results and wondering how to make the most of your time?

The BTEC Programme at AIHM is the perfect stepping stone to pave a solid foundation for your future career. Developed by Pearson, this short course focuses on practical, hands-on learning to ensure you are industry-ready for Business, Hospitality, and beyond.

What makes the BTEC Level 3 unique is its global recognition, it is equivalent to one A-Level subject, opening doors to prestigious universities worldwide, not just at AIHM.

With a short duration and high career assurance, this is an essential course for ambitious students. The biggest advantage? Upon successful completion, you gain Direct Entry into the AIHM BBA Programme!

Don't let your time go to waste. Partner with AIHM today to build a future you can be confident in.

For more details, please contact AIHM Myanmar Office.

🏢 Address: No (2), Thazin Myaing Street, (8 Ward), Parami Avenue, Yankin Township, 11081 Yangon, Myanmar
☎️ Phone: 09 960 309 262
☎️ Phone: 09 760 232 945
Google Map Link - 📍 https://maps.app.goo.gl/9uE3DGq92Z4R1PkA7





17/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှာ သင်္ကြန်ရေအေးနဲ့အတူ နှစ်ဟောင်းမှ ပင်ပန်းနွမ်းနယ်မှုတွေကို ဆေးကြောသန့်စင်ပြီး စိတ်သစ်၊ လူသစ်၊ အင်အားသစ်တွေနဲ့ မိမိတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို အောင်မြင်စွာ လှမ်းကိုင်နိုင်ကြ ပြီး မိသားစု၊ သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စရာ သင်္ကြန်ကာလလေးကို ဖြတ်သန်းနိုင် ကြပါစေကြောင်း AIHM မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

AIHM Myanmar (Yangon Office) ကို သင်္ကြန်ရုံးပိတ်ရက်အဖြစ် ဧပြီလ (၁၃) ရက်မှ (၁၇) ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ပြီး ဧပြီလ (၂၀) ရက် (တနင်္လာနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Warmest Myanmar New Year wishes from the AIHM family! 💦

As the refreshing Thingyan water washes away the exhaustion and challenges of the past year, may you be revitalized with fresh energy and a renewed spirit to successfully reach your global milestones. We wish you a joyful festive season filled with precious moments with your family and friends.

📢 Office Holiday Notice:

Please be informed that the AIHM Myanmar (Yangon Office) will be closed for the Thingyan holidays from April 13th to 17th. We will resume our normal operations on April 20th (Monday).



07/04/2026

နိုင်ငံတကာတက္ကသိုလ်များသို့ တိုက်ရိုက်တက်ရောက်နိုင်မယ့် အခွင့်အလမ်း

A-Level မရှိထားပေမဲ့လည်း ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေကို တိုက်ရိုက်တက်ရောက်နိုင်မယ့် လမ်းကြောင်းများကို သိရှိလိုပါသလား

AIHM မှ စီစဉ်ထားတဲ့ BBA & NCUK Webinar တွင် ဘန်ကောက်မြို့ပညာရေးခရီးစဉ်ကို စတင်ပြီး UK, Australia နှင့် New Zealand ရှိ နာမည်ကြီးတက္ကသိုလ်ကြီးများသို့ လမ်းကြောင်းမပျက် ဆက်လက်တက်ရောက်နိုင်မယ့် အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်

🎤 Speaker: Chris Meylan (COO, AIHM)
📅 နေ့ရက်: 8️⃣ April 2026
⏰ အချိန်: ညနေ ၄:၃၀ – ၅:၃၀ (မြန်မာစံတော်ချိန်)
📍 နေရာ: Online via Zoom
လူဦးရေကန့်သတ်ထားသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းထားရန် တိုက်တွန်းလိုပါသည်။

👉 Register ပြုလုပ်ရန် link ကို Comment တွင် ကြည့်ရှုနိုင်ပါသည်။

🚀 Last Call: Your Global Future Starts Tomorrow! 🌍
Don't let the A-Level requirement hold you back. If you’re dreaming of a world-class degree but want a smarter, more efficient route, this is your final chance to join our exclusive webinar.

Why settle for traditional when you can go global? Discover how to fast-track your journey from Bangkok to the world’s elite universities in the UK, Australia, and beyond.

What’s in store for you:

The NCUK Advantage: Skip the A-Levels. Get guaranteed entry to top-tier partner universities.

Swiss-Standard Excellence: Inside the BBA in Global Hospitality Management (AIHM).

Earn While You Learn: Gain global exposure with international internships from Year 1.

Real Talk: Hear the unfiltered student experience from Angela Hseng on how AIHM changed her perspective.

🎙️ Meet Your Speakers:
Chris Meylan – COO, Asian Institute of Hospitality & Management (AIHM)

Nang Thein (Angela) Hseng – BBA Student & Guest Speaker

⏰ Final Reminder – Happening Tomorrow!
📅 8 April 2026
🕔 17:00 – 18:00 (Bangkok Time)
📍 Live on Zoom

⚠️ LAST CALL: Registration is closing soon! Don't miss the opportunity to map out your international career.

🔗 Secure your spot now! Link in comment section below. 👇

Photos from AIHM Myanmar's post 07/04/2026

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်၊ သောကြာနေ့၊ Sedona Hotel တွင် AMAUT မှ စီစဉ်ကျင်းပတဲ့ 11th Thailand Education Fair (Myanmar) 2026 အခမ်းအနားမှာ AIHM College အနေနဲ့လည်း ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်ပညာရေးအခွင့်အလမ်းများအပေါ် အမြင်များကို ပါဝင်ဆွေးနွေးနိုင်ခဲ့ပါတယ်။

ယခုအခမ်းအနားကို စိတ်ဝင်တစား လာရောက်စုံစမ်းခဲ့ကြတဲ့ အနာဂတ်ခေါင်းဆောင်ကောင်းများကိုလည်း AIHM မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ဒီအခမ်းအနားဟာ မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ခိုင်မာစေဖို့ အရေးပါတဲ့ အခမ်းအနားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်သောအားဖြင့် အခမ်းအနားမှ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

On Friday, April 3, 2026, AIHM College was honored to participate in the 11th Thailand Education Fair (Myanmar) 2026, organized by AMAUT at the Sedona Hotel.

During the event, AIHM shared valuable insights regarding educational collaborations and future academic opportunities. We would like to extend our heartfelt thanks to all the aspiring future leaders who visited us with such enthusiasm and curiosity.

This event marks a significant milestone in strengthening the educational ties between Myanmar and Thailand. To commemorate this successful occasion, we are pleased to share some highlights and photos from the event.





02/04/2026

၁၂ တန်းဖြေဆိုပြီးနောက် အနာဂတ်အတွက် Stable ဖြစ်မယ့် Career တစ်ခုတည်ဆောက်လိုပါသလား။

နိုင်ငံတကာအဆင့်မီ ပညာရေးနဲ့ ကမ္ဘာ့ထိပ်တန်း University တွေဆီကို တိုက်ရိုက်ဝင်ရောက်နိုင်ဖို့ AIHM (Asian Institute of Hospitality Management) က သင့်ကို ကြိုဆိုနေပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တက်ရောက်နိုင်မှာဖြစ်ပြီး Minor Hotels ကဲ့သို့သော ကမ္ဘာကျော်လုပ်ငန်းစုကြီးရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကိုပါ လက်လှမ်းမီနိုင်မှာဖြစ်ပါတယ်။

AIHM မှာ ဘာတွေတက်ရောက်နိုင်မလဲ။

✅ BBA in Global Hospitality Management
ဆွစ်ဇာလန်နိုင်ငံ Les Roches ရဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ယူရမှာဖြစ်ပြီး သင်တန်းကာလ ၃ နှစ်ခွဲ (7 Semesters) အတွင်း ၊ Semester 6 နှင့် 7 ကို ဆွစ်ဇာလန် သို့မဟုတ် စပိန်နိုင်ငံရှိ Les Roches Campus များတွင် သွားရောက်သင်ယူနိုင်မှာဖြစ်ပါတယ်။

✅ CIHA - Certificate in International Hotel Administration
၁ နှစ်ခွဲ (၁၈ လ) အတွင်း အလုပ်အကိုင် အသင့်ဖြစ်စေမယ့် Fast-track Programme ဖြစ်ပါတယ်။ လက်တွေ့လုပ်ငန်းခွင် (၆) လ Internship ပါဝင်ပြီး၊ CIHA ပြီးဆုံးပါက BBA ဘွဲ့သင်တန်းသို့ လမ်းကြောင်းမပျက် ဆက်လက်တက်ရောက်နိုင်ပါတယ်။

✅ NCUK International Pathways (Guaranteed Entry)
Canada, Australia နဲ့ New Zealand ရှိ တက္ကသိုလ်ပေါင်း ၅၀ ကျော်ကို ဝင်ခွင့်အာမခံချက် ရရှိမယ့် လမ်းကြောင်းတွေဖြစ်ပါတယ်။
🔹 IFY (Foundation Year): Grade 12 သို့မဟုတ် GED ပြီးထားသူများအပြင် IGCSE O-Level အောင်မြင်ထားသူများလည်း တက်ရောက်နိုင်ပါတယ်။ ၉ လကြာ သင်ယူပြီးနောက် တက္ကသိုလ်ပထမနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင်ဖို့လည်း ပြင်ဆင်ပေးပါတယ်။
🔹 IYOne (International Year One): Business သို့မဟုတ် IT ဘာသာရပ်ကို AIHM တွင် ပထမနှစ် တက်ရောက်ပြီးနောက်၊ ပြည်ပ University များတွင် ဒုတိယနှစ် (Year 2) သို့ တိုက်ရိုက်ပြောင်းရွှေ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

✅ Pearson Business and Technology Education Council (BTEC) Business Programme
သင်က အထက်တန်းတက်ရောက်နေဆဲ ကျောင်းသား/သူတစ်ယောက်ဆိုလျှင်တော့ BTEC Programme ကိုတက်ရောက်ပြီး ထိုင်းနိုင်ငံမှာတည်ရှိတဲ့ University တော်တော်များများကို တိုက်ရိုက်ကျောင်းလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ Pearson အဖွဲ့အစည်းက ဖန်တီးထားတဲ့ BTEC ဟာ လက်တွေ့ပိုင်းကို အဓိက Focus ထား သင်ကြားပေးပြီး Hospitality အပါအဝင် Business နဲ့ ဆက်နွယ်တဲ့ နယ်ပယ်တွေအားလုံးအတွက် အဆင်သင့်ဖြစ်အောင် သင်ကြားပေးတဲ့ Short Course တစ်ခုပဲဖြစ်ပါတယ်။ အကောင်းဆုံးအားသာချက်ကတော့ Course ပြီးဆုံးတဲ့အခါမှာ AIHM ရဲ့ BBA Programme အတွက် Direct Entry ရရှိနိုင်ဦးမှာပါ။

သင့်အနေနဲ့ ဘာကြောင့် AIHM ကိုမှ ရွေးချယ်သင့်တာလဲဆိုရင်တော့
👉 Minor International ရဲ့ Network ကြောင့် Professional Internship တွေ ဆင်းနိုင်ခြင်း။
👉 ဆွစ်ဇာလန်ပညာရေးစံနှုန်းအတိုင်း သင်ကြားရခြင်း။
👉 ထိုင်းနိုင်ငံမှာ တက်ရောက်ရတာဖြစ်လို့ ကုန်ကျစရိတ်သက်သာခြင်း။
👉 ကျောင်းပြီးပါက ကမ္ဘာအနှံ့မှာ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။

အသေးစိတ်ကို သိရှိလိုပါက အောက်ပါ Contact တွေကနေတစ်ဆင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Contact Info
🏢 Address: No (2), Thazin Myaing Street, (8 Ward), Parami Avenue, Yankin Township, 11081 Yangon, Myanmar
☎️ Phone: 09 960 309 262
☎️ Phone: 09 760 232 945
📍 Google Map Link : - https://maps.app.goo.gl/9uE3DGq92Z4R1PkA7

Are you looking to build a stable and successful career after completing Grade 12?
AIHM (Asian Institute of Hospitality Management) welcomes you to achieve a world-class education and gain direct entry into the world’s top universities.

Located in Bangkok, Thailand, AIHM offers students direct access to prestigious career opportunities within global conglomerates like Minor Hotels.

Programmes Offered at AIHM are :

✅ BBA in Global Hospitality Management
Study a curriculum accredited by Les Roches, Switzerland. During this 3.5-year programme (7 semesters), you have the elite opportunity to transfer to Les Roches campuses in Switzerland or Spain for Semesters 6 and 7.

✅ CIHA - Certificate in International Hotel Administration
A fast-track 18-month programme designed to make you career-ready. It includes a 6-month professional internship and offers a seamless progression pathway into the BBA degree upon completion.

✅ NCUK International Pathways (Guaranteed Entry)
Your guaranteed gateway to over 50 leading universities across the UK, Australia, and New Zealand.
🔹 IFY (International Foundation Year): Open to Grade 12, GED, or IGCSE O-Level graduates. This 9-month programme prepares you for direct entry into the first year of university.
🔹 IYOne (International Year One): Study Business or IT for your first year at AIHM and transfer directly into Year 2 at a partner university abroad.

✅ Pearson Business and Technology Education Council (BTEC) Business Programme
If you are currently a high school student, completing the BTEC Programme allows you to apply directly to many universities located in Thailand. Developed by Pearson, BTEC focuses primarily on practical, hands-on learning. It is a comprehensive short course designed to prepare you for careers in Hospitality as well as all business-related fields. One of the greatest advantages is that upon completion of this course, you will be eligible for Direct Entry into AIHM’s BBA Programme.

Why Choose AIHM?
👉 Minor International Network: Gain hands-on experience through professional internships at world-renowned hotels.
👉 Swiss Standards: Benefit from an education built on the prestigious Swiss hospitality model.
👉 Cost-Effective: Achieve a global education in Thailand, significantly reducing living and tuition expenses.
👉 Global Opportunities: Graduate with the skills and credentials to launch a career anywhere in the world.

For more details and personalized consultation, please contact us via the info below.

Contact Info
🏢 Address: No (2), Thazin Myaing Street, (8 Ward), Parami Avenue, Yankin Township, 11081 Yangon, Myanmar
☎️ Phone: 09 960 309 262
☎️ Phone: 09 760 232 945
📍 Google Map Link : - https://maps.app.goo.gl/9uE3DGq92Z4R1PkA7




26/03/2026

Brewing Skills. From Classroom to a Coffee Bar. ☕

Hands-on learning hits different at AIHM. ✨



24/03/2026

ဘာလို့ NCUK Programme တွေကို ရွေးချယ်သင့်တာလဲ

GED, O Level, A Levels, OSSD စတဲ့ Qualification တွေဟာ အနာဂတ်ပညာရေးလမ်းကြောင်းအတွက် အရေးကြီးတဲ့ အခြေခံအဆင့်တွေဖြစ်ပါတယ်။ ဒီလို Qualification တွေပြီးထားပြီးလို့၊ နောက်တစ်ဆင့်ကို ထပ်လှမ်းချင်သူတွေအတွက်တော့ NCUK Programme တွေဟာ ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဖြစ်ပါတယ်။

___________________

❓NCUK ဆိုတာဘာလဲ

NCUK ဆိုတာက ယူကေမှာ အခြေစိုက်ထားတဲ့ ပညာရေးအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး “Northern Consortium UK” ကို အတိုကောက်ခေါ်ဆိုထားခြင်းဖြစ်ပါတယ်။ နိုင်ငံပေါင်းများစွာမှ တက္ကသိုလ်ကြီးများနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

AIHM College ဟာ NCUK Study Centre ကို တရားဝင်ဖွင့်လှစ်ထားတဲ့ အဖွဲ့ဝင်ကျောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် AIHM College မှာ NCUK မှ ရေးဆွဲထားတဲ့ Programme တွေကို တက်ရောက်နိုင်ပါတယ်။

🔷 International Foundation Year (IFY)
တက္ကသိုလ်ဝင်ခွင့်အတွက် Foundation Programme တစ်ခုဖြစ်ပြီး NCUK အဖွဲ့ဝင် တက္ကသိုလ်တွေကို တိုက်ရိုက်ဆက်လက်တက်ရောက်နိုင်ပါတယ်။
O Level, G10 (စနစ်ဟောင်း) သို့မဟုတ် GED အောင်မြင်ထားသူများ တက်ရောက်နိုင်ပါတယ်။

🔷 International Year One (IYOne)
IYOne ဟာ တက္ကသိုလ်ပထမနှစ်သင်ရိုးနဲ့ တန်းတူညီမျှတဲ့ Programme တစ်ခုဖြစ်ပါတယ်။
Programme ပြီးတဲ့အခါ NCUK အဖွဲ့ဝင်တက္ကသိုလ်တွေမှာ ဒုတိယနှစ်ကနေစပြီး တက်ရောက်နိုင်မှာပါ။
တက်ရောက်ရန်အတွက် A Levels, IB သို့မဟုတ် OSSD အောင်မြင်ထားရပါမယ်။
___________________

❓ဘာကြောင့် NCUK ကို ရွေးချယ်သင့်တာလဲ

👉 IFY ကို ရွေးချယ်မယ်ဆိုရင် သင်ကြားမှုကာလဟာ (၉) လပဲ ကြာမှာမလို့ အချိန်နဲ့ ကုန်ကျစရိတ်နှစ်ခုလုံးကို သက်သာစေပါတယ်။ Programme ပြီးတဲ့အခါမှာလည်း NCUK အဖွဲ့ဝင် ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးများသို့ Guaranteed Entry ဖြင့် ဆက်လက်တက်ရောက်နိုင်ပါတယ်။

👉 IYOne ကတော့ တက္ကသိုလ်ပထမနှစ်စာကို ကုန်ကျစရိတ်သက်သာစေပြီး Programme ပြီးတဲ့အခါမှာလည်း UK, Canada, New Zealand စတဲ့ နိုင်ငံများရှိ NCUK အဖွဲ့ဝင်တက္ကသိုလ်များတွင် ဒုတိယနှစ်ကနေ စတင်တက်ရောက်နိုင်ပါတယ်။

ဒါကြောင့် NCUK Programme တွေဟာ ကိုယ့်ရဲ့ အနာဂတ်ပညာရေးလမ်းကြောင်းကို ရေရာသေချာစေတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဖြစ်ပါတယ်။ ✨

Programme အကြောင်းကို အသေးစိတ်သိရှိလိုပါက AIHM Myanmar Office သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏢 Address: No (2), Thazin Myaing Street, (8 Ward), Parami Avenue, Yankin Township, 11081 Yangon, Myanmar

☎️ Phone: 09 960 309 262, 09 760 232 945

📍 https://maps.app.goo.gl/9uE3DGq92Z4R1PkA7

___________________

(English Version)

Why Should You Choose NCUK Programmes?

Qualifications such as GED, O Level, A Levels, and OSSD serve as important foundations for your future academic pathway. For students who wish to continue their studies at international universities, NCUK Programmes offer a distinctive and strategic option.

___________________

What is NCUK?

NCUK, short for Northern Consortium UK, is a UK-based educational consortium formed by leading universities across multiple countries.

AIHM College is an officially recognized NCUK Study Centre, meaning students can enroll in NCUK-designed programmes directly at AIHM.

🔷 International Foundation Year (IFY)
The IFY is a foundation programme designed for university entry. Upon successful completion, students can progress directly to NCUK partner universities.

Students who have completed O Level, Grade 10 (old system), or GED are eligible to apply.

🔷 International Year One (IYOne)
The International Year One is equivalent to the first year of a university degree. After completing the programme, students can enter directly into the second year of a degree at partner universities.

Applicants must have completed A Levels, IB, or OSSD to enroll.

___________________

Why Choose NCUK?

The IFY programme takes only 9 months to complete, making it both time-efficient and cost-effective. Upon completion, students gain Guaranteed Entry to world-ranked universities within the NCUK network.

The IYOne programme helps reduce the cost of the first year of university study. After completing IYOne, students can progress directly to the second year at NCUK partner universities in countries such as the UK, Canada, and New Zealand.

Therefore, NCUK Programmes represent a strong and strategic investment in your academic future.

For more detailed information about these programmes, please contact the AIHM Myanmar Office.

🏢 Address: No (2), Thazin Myaing Street, (8 Ward), Parami Avenue, Yankin Township, 11081 Yangon, Myanmar

☎️ Phone: 09 960 309 262, 09 760 232 945

📍 https://maps.app.goo.gl/9uE3DGq92Z4R1PkA7
___________________






19/03/2026

ဆွစ်ဇာလန်ကို Transfer လုပ်တာနဲ့၊ ထိုင်းမှာတက်တာ ဘာကွာခြားချက်တွေရှိမလဲ။ 🇨🇭🇹🇭

AIHM ရဲ့ BBA Programme ဟာ သုံးနှစ်ခွဲကြာနဲ့၊ Semester (၇) ခုစာတက်ရောက်ရတဲ့ ဘွဲ့ကြိုတန်းတစ်ခုဖြစ်ပါတယ်။

BBA ရဲ့ ထူးခြားချက်ကတော့ ကျောင်းသားများအနေနဲ့ ဘွဲ့ကြိုတန်းတစ်ခုလုံးကို ဘန်ကောက်မှာပဲ ပြီးဆုံးအောင်တက်ရောက်နိုင်သလို၊ Semester 6 နဲ့ Semester 7 တွေမှာ Les Roches ကိုပါ Transfer လုပ်လို့ရတာပါပဲ။

ကမ္ဘာ့အဆင့်မီ Les Roches ကျောင်းကြီးနဲ့ Academic Association လုပ်ထားတာကြောင့် ဆွစ်ဇာလန်နိုင်ငံရဲ့ အဆင့်မြင့်သင်ရိုးညွှန်းတမ်းကို အာရှရဲ့အချက်အချာကျတဲ့ ဘန်ကောက်မြို့မှာတင် သင်ယူနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင် Pathway တစ်ခုချင်းစီမှာ ဘယ်လိုအားသာချက်တွေရှိမလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

Les Roches ကို Transfer လုပ်တာက ဘယ်လိုအားသာချက်တွေရရှိနိုင်မလဲ။

အားလုံးသိကြသလို Les Roches ဟာ ဆွစ်ဇာလန်မှာတင်မကဘဲဲ၊ ကမ္ဘာတစ်ဝှမ်းလုံးမှာပါ အကောင်းဆုံးသော Hospitality ကျောင်းတစ်ခုဖြစ်ပါတယ်။ Les Roches ဟာ မျက်မှောက်ခေတ် Hospitality ရဲ့ မွေးဖွားရာနေရာ (Birthplace of Modern Hospitality) လို့တောင် အသိအမှတ်ပြုကြတာကြောင့် အဆင့်အတန်းမြင့်မားတဲ့ ပညာရေးအတွက် အာမခံချက်အပြည့်ရှိမှာဖြစ်ပါတယ်။

Les Roches မှာဆိုရင် ဘန်ကောက် Campus ထက် ပိုမိုကျယ်ပြန့်တဲ့ Multiculturalism ကို တွေ့ကြုံခံစားနိုင်ပါတယ်။ ဒါကြောင့် Global Network က ပိုမိုကျယ်ပြန့်နိုင်သလို၊ အခွင့်အလမ်းတွေလည်း အများအပြားပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အဓိကအချက်ကတော့ အာရှနဲ့မတူတဲ့ “Europe Hospitality Culture” ကို လက်တွေ့သင်ယူနိုင်မှာပါပဲ။

ဘန်ကောက်မှာတက်တာကရော ဘယ်လိုအားသာချက်တွေရှိနေမလဲ။

ထိုင်းမှာပဲ ဆက်တက်တာရဲ့ အဓိကအားသာချက်ကတော့ ကုန်ကျစရိတ်ပါ။ ကျောင်းလခရော နေထိုင်စရိတ်ပါ ဆွစ်ဇာလန်ထက် အဆပေါင်းများစွာသက်သာပြီး၊ နေ့စဉ်ဘဝမှာလည်း အစစအရာရာ အဆင်ပြေစေနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုတဲ့သင်ရိုးနဲ့၊ သင်ကြားပေးတဲ့ပုံစံတွေအကုန်လုံးကလည်း ဆွစ်ဇာလန်နဲ့ အားလုံးအတူတူပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ အာရှရဲ့အကြီးမားဆုံးသော Hospitality & Tourism Market တစ်ခုဖြစ်သလို၊ ကမ္ဘာ့အကောင်းဆုံး Hotel ကြီးတွေရဲ့ အခြေစိုက်ရာနေရာတစ်ခုလည်းဟုတ်ပါတယ်။ ကျောင်းပြီးတဲ့အခါမှာ ပြည်တွင်းမှာဖြစ်စေ၊ အာရှမှာပဲဖြစ်စေ ဆက်လက်အခြေချလိုတယ်ဆိုရင်တော့ ဘန်ကောက်မှာပဲ ပညာဆက်သင်တာက အကောင်းဆုံးရွေးချယ်မှုဖြစ်စေမှာပါ။

အနှစ်ချုပ်အနေနဲ့ပြောရရင်တော့ Pathway နှစ်ခုလုံးဟာ အားသာချက်ကိုယ်စီရှိကြတဲ့ ရွေးချယ်မှုတွေပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ ရေရှည်ချမှတ်ထားတဲ့ Career Goal တွေအပေါ်မူတည်ပြီးရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

What are the differences between transferring to Switzerland and staying in Thailand? 🇨🇭🇹🇭

The AIHM BBA Programme is a three-and-a-half-year undergraduate degree consisting of seven semesters.

A unique feature of this BBA is that students have the flexibility to complete the entire degree in Bangkok or choose to transfer to Les Roches for Semester 6 and Semester 7.

Through an academic association with the world-class Les Roches, students can study a high-standard Swiss curriculum right in Bangkok, the heart of Asia.

Let’s explore the advantages of each pathway:

Advantages of Transferring to Les Roches (Switzerland)
As widely recognized, Les Roches is one of the best hospitality schools not only in Switzerland but globally. Known as the "Birthplace of Modern Hospitality," it guarantees a premium education. You will experience a broader multicultural environment compared to the Bangkok campus. It offers a wider global network and more extensive career opportunities. Most importantly, you will gain hands-on experience in "European Hospitality Culture," which differs from the Asian context.

Advantages of Staying in Bangkok (Thailand)
The primary advantage of continuing your studies in Thailand is the cost. Both tuition and living expenses are significantly lower than in Switzerland, making daily life more affordable. The curriculum and teaching methods are identical to those used in Switzerland. Thailand is one of Asia’s largest hospitality and tourism markets and home to many of the world's top hotels. If you plan to establish your career locally or within Asia after graduation, staying in Bangkok is an excellent choice.

In short, both pathways offer their own unique advantages. We encourage you to choose the path that best aligns with your long-term career goals.

🏢 Address: No (2), Thazin Myaing Street, (8 Ward), Parami Avenue, Yankin Township, 11081 Yangon, Myanmar

☎️ Phone: 09 960 309 262, 09 760 232 945

📍 Map link : https://maps.app.goo.gl/9uE3DGq92Z4R1PkA7






16/03/2026

AIHM ရဲ့ Semester 3 မှာ လက်ရှိပညာသင်ကြားနေတဲ့ Lynn Thant Zaw ဟာ၊ AIHM ရဲ့ အမြင့်ဆုံး Reward တစ်ခုဖြစ်တဲ့ 75% Tuition Fee Reduction Scholarship ကို ရရှိထားတဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။

ဒီနေ့မှာတော့ AIHM ရဲ့ Campus တစ်လျှောက်ကို လင်းသန့်ဇော်နဲ့တူတူ လိုက်ကြည့်လိုက်ကြရအောင်။

Video ထဲမှာ မြင်ရမဲ့နေရာတွေအားလုံးဟာ၊ အနာဂတ် Hospitality ခေါင်းဆောင်တွေရဲ့ အုတ်မြစ်ချရာနေရာတွေပဲဖြစ်ပါတယ်။

ကဲ ဒါဆို… အတူတူလိုက်ကြည့်လိုက်ရအောင်။

🏢 Address: No (2), Thazin Myaing Street, (8 Ward), Parami Avenue, Yankin Township, 11081 Yangon, Myanmar

☎️ Phone: 09 960 309 262, 09 760 232 945

📍 https://maps.app.goo.gl/9uE3DGq92Z4R1PkA7
______________________






12/03/2026

Career တစ်ခုအတွက် ကျောင်းရွေးချယ်တယ်ဆိုတာ ဘဝအတွက် အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုအပါအဝင်ပါပဲ။

ပညာရေးဆိုတာ ငွေကြေးတင်မကဘဲ အချိန်နဲ့ ဘဝကိုပါ ရင်းနှီးမြှုပ်နှံရတာဖြစ်လို့ ခိုင်မာတဲ့ အာမခံချက် (Stability) ရှိဖို့ အဓိကပဲဖြစ်ပါတယ်။

AIHM Myanmar က ဘာကြောင့် သင့်အတွက် အကောင်းဆုံးနဲ့ စိတ်အချရဆုံး ရွေးချယ်မှုဖြစ်နေရသလဲဆိုရင်တော့ အောက်ပါအချက်တွေ ကြောင့်ပဲဖြစ်ပါတယ်။

၁။ ကမ္ဘာကျော် MINOR International ရဲ့ ကျောင်းဖြစ်ခြင်း
AIHM ကို ကမ္ဘာတစ်ဝှမ်း လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ MINOR International က တိုက်ရိုက်တည်ထောင်ထားတာကြောင့် ကျောင်းရဲ့ ရပ်တည်မှုက ခိုင်မာသလို အာမခံချက်အပြည့်လည်းရှိတဲ့အတွက် ယုံ ကြည်စိတ်ချစွာနဲ့ တက်ရောက်သင်ယူနိုင်ပါတယ်။

၂။ အလုပ်အကိုင် အာမခံချက် (The MINOR Guarantee)
ကျောင်းတက်နေစဉ်မှာတင်မကဘဲ ကျောင်းပြီးသွားရင်ပါ MINOR Hotels ရဲ့ ကမ္ဘာတစ်ဝှမ်းက Hotel ပေါင်း ၅၃၀ ကျော်မှာ ဦးစားပေး အလုပ်ခန့်အပ်မှု (Preferred Employment) ကို ရရှိမှာဖြစ်လို့ အနာဂတ်အတွက်လည်း ယုံကြည်စိတ်ချရပါတယ်။

၃။ နိုင်ငံတကာအဆင့်မီ လက်မှတ်များ
Swiss အဆင့်မီ Les Roches ရဲ့ သင်ရိုးညွှန်းတမ်းတွေဖြစ်တဲ့ BBA နဲ့ CIHA ကဲ့သို့ နိုင်ငံတကာအသိအမှတ်ပြု ပညာရေးလမ်းကြောင်းတွေဖြစ်လို့ သင်ယူခဲ့သမျှ Credits တွေက ကမ္ဘာတစ်ဝှမ်းဘယ်နေရာသွားသွား အသိအမှတ်ပြုခံရမယ့် ခိုင်မာတဲ့ အရည်အသွေးတွေအဖြစ် အမြဲတမ်းရှိနေမှာပါ။

ကျောင်းသားများအနေနဲ့ AIHM Myanmar မှာ ပညာသင်ယူခြင်းဟာ ဘွဲ့တစ်ခုတည်းကိုသာ ရရှိမှာတင်မဟုတ်ဘဲ ခိုင်မာတဲ့ Career Warranty တစ်ခုကိုပါ ရရှိမှာဖြစ်တဲ့အတွက် သင့်ပညာရေးလမ်းကြောင်းမှာ အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ AIHM နဲ့အတူ ယုံကြည်စိတ်ချစွာ လက်တွဲနိုင်ပါတယ်။

Credit Transfer ကိစ္စရပ်များ၊ ကျောင်းဝင်ခွင့်နှင့် Programme အသေးစိတ်များကို ပညာရေးအကြံပေးများက နွေးထွေးစွာ ကူညီဖြေကြားပေးသွားမှာဖြစ်လို့ အနာဂတ်အတွက် ပညာရေးလမ်းကြောင်းကို ယုံကြည်မှုရှိရှိ ရွေးချယ်နိုင်ဖို့ AIHM Myanmar Office သို့ အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Choosing a school or college for your career is one of the most important decisions in your life.

Education is not just a financial investment; it is an investment of your time and your future. Therefore, stability and a solid guarantee are essential.

Here is why AIHM Myanmar stands out as the best and most reliable choice for you:

Founded by the World-Renowned Minor International
AIHM was established directly by Minor International, a global conglomerate with a vast portfolio of businesses worldwide. Because of this, the institution’s stability is guaranteed, allowing you to pursue your studies with complete peace of mind and confidence.

The Minor Guarantee: A Secure Career Path
Our commitment to your success goes beyond the classroom. Both during your studies and after graduation, you will receive Preferred Employment status across more than 530 Minor Hotels worldwide, ensuring a secure and promising future.

Globally Recognized Qualifications
With a curriculum following the Swiss standards of Les Roches, along with international pathways like BBA and CIHA, the credits you earn carry global prestige. Your qualifications will remain a testament to world-class quality, recognized by employers and institutions wherever you go in the world.

Studying at AIHM Myanmar means you are gaining more than just a degree, you are securing a solid career warranty. To ensure your educational journey moves forward without compromise, you can trust and partner with AIHM.

Your future starts with a conversation. Feel free to reach out to our AIHM Myanmar Office anytime for personalized guidance, credit transfer inquiries, or program details. We are here to support your journey every step of the way.

🏢 Address: No (2), Thazin Myaing Street, (8 Ward), Parami Avenue, Yankin Township, 11081 Yangon, Myanmar

☎️ Phone: 09 960 309 262, 09 760 232 945

📍 Map Link - https://maps.app.goo.gl/9uE3DGq92Z4R1PkA7



09/03/2026

ကမ္ဘာ့အဆင့်မီ Hospitality နဲ့ Business နယ်ပယ်မှာ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့
AIHM Myanmar BBA Programme ရဲ့ April Intake ရယူနိုင်မယ့် နောက်ဆုံး အခွင့်အရေးကျန်ရှိနေပါသေးတယ်နော်။

ဆွစ်ဇာလန်စံနှုန်းပညာရေးကို ဘန်ကောက်မြို့မှာတင် ရရှိနိုင်မယ့် ကမ္ဘာ့အဆင့်မှီ Les Roches နဲ့ ပူးပေါင်းထားတဲ့ AIHM BBA Programme ဟာ Minor Hotels ကွန်ရက်ကြီးတစ်ခုလုံးမှာ Internship ဆင်းခွင့်၊ လုပ်ငန်းခွင်အတွေ့အကြုံယူခွင့်တွေအပြင် နောက်ဆုံး Semester ကို ဆွစ်ဇာလန် ဒါမှမဟုတ် စပိန်နိုင်ငံတွေမှာ တက်ရောက်ပြီး Les Roches ဘွဲ့ကိုပါ ရယူနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။

BBA Programme အတွက် Scholarship လျှောက်ထားချင်တယ်ဆိုရင် March လ 14 ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး April Intake ကိုတော့ March လ 31 ရက်နေ့အထိ နောက်ဆုံးထားပြီး လျှောက်ထားလို့ရနိုင်တာမို့လို့ အခွင့်အရေးကို လက်လွှတ်မခံကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Your final opportunity to become a global leader in the Hospitality and Business sectors is here. AIHM Myanmar is now accepting the final round of applications for our April Intake.

Experience world-class Swiss-standard education in the heart of Bangkok. Through our academic association with Les Roches, AIHM BBA programme offers an elite curriculum, including exclusive internship opportunities within the vast Minor Hotels network. Furthermore, students have the unique opportunity to transfer to Switzerland or Spain for their final semester to graduate with a prestigious degree from Les Roches.

⏳ Key deadlines you need to know:
Scholarship Applications: Closing on March 14, 2026.
April Intake Admissions: Final deadline is March 31, 2026.

Don’t miss this chance to elevate your career on a global stage.

🏢 Address: No (2), Thazin Myaing Street, (8 Ward), Parami Avenue, Yankin Township, 11081 Yangon, Myanmar

☎️ Phone: 09 960 309 262, 09 760 232 945

📍 Map Link - https://maps.app.goo.gl/9uE3DGq92Z4R1PkA7




26/02/2026

MINOR Hotels ရဲ့လက်အောက်မှာ Internship ဝင်ဖို့စိတ်ဝင်စားတဲ့ မန္တလေးက‌ကျောင်းသားတွေအတွက် အခွင့်ရေးတစ်ခု…။ 👇

လာမဲ့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာ AIHM ကနေပြီးတော့ မန္တလေးက ကျောင်းသူ/ကျောင်းသားတွေနဲ့ မိဘတွေအတွက်ရည်ရွယ်တဲ့ Consultation Session လေးတစ်ခု စီစ‌ဉ်ပေးထားပါတယ်။ ✨

📌 ဒီ Session လေးဟာတော့ Hospitality Industry ထဲကို တကယ့်လက်တွေ့ဝင်ရောက်ချင်တဲ့သူတွေ၊ International Hotel Brand တွေနဲ့၊ အတွေ့အကြုံတိုးချဲ့ချင်တဲ့သူတွေအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုပါပဲနော်။

AIHM ရဲ့ BBA Programme ကို တက်ရောက်ပြီး၊ MINOR International ရဲ့လက်အောက်မှာ ကိုယ့်ရဲ့ Network ကို ချဲ့ထွင်နိုင်မဲ့ အခွင့်အလမ်းတွေကို Expert Counsellor တွေကနေ အ‌သေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်လို့၊ လက်လွှတ်မခံကြဖို့ တိုက်တွန်းလိုက်ပါတယ်။

📅 Date: 28th February, 2026 (Saturday)
📍 Location: Lake Hub Cafe & Restaurant (ကန်တော်ကြီးပတ်လမ်း၊ မန္တလေးမြို့)
⏰ Time: 2:00 PM to 4:00 PM

⚠️ လူဦးရေ အကန့်အသတ်ရှိတာမလို့ ကြိုတင်စာရင်းပေးသွင်းထားဖို့တိုက်တွန်းလိုက်ပါတယ်။

📌 Register Here: https://forms.gle/RGxTMm9wBSKcELcV9
.....................................................

(English Version)

An opportunity for Mandalay students who are interested in interning under MINOR Hotels… 👇

On February 28, AIHM will be hosting a special Consultation Session in Mandalay for students and parents. ✨

📌 This session is a great opportunity for those who truly want to enter the hospitality industry, gain real-world experience, and expand their exposure with international hotel brands.

By enrolling in AIHM’s BBA Programme, you can explore opportunities to expand your professional network under MINOR International.
Our expert counsellors will provide detailed guidance, so we strongly encourage you not to miss this chance.
.....................................................

📅 Date: 28th February 2026 (Saturday)
📍 Location: Lake Hub Cafe & Restaurant
⏰ Time: 2:00 PM – 4:00 PM

⚠️ Seats are limited, so we highly recommend registering in advance.

📌 Register Here: https://forms.gle/RGxTMm9wBSKcELcV9
.....................................................




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Yangon