Edu Star - for kids

Edu Star - for kids Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Edu Star - for kids, Education, Mingalar Taung Nyunt, Yangon.

Easy way to draw the animals for Pre Kg & Kg students👧👧👦👦
14/01/2022

Easy way to draw the animals for Pre Kg & Kg students👧👧👦👦

My 👶 baby first day of the school 😊Photo crd📷
14/01/2022

My 👶 baby first day of the school 😊

Photo crd📷

ကလေးဦးနှောက်နှင့် ပါတ်သတ်ပြီး သိသင့်သည့် အကြောင်းအရာအချို့စကားပြောနောက်ကျသောကလေးများကလေးအများစုဟာ အသက် ၁နှစ်လောက်ရောက်ရင...
14/01/2022

ကလေးဦးနှောက်နှင့် ပါတ်သတ်ပြီး သိသင့်သည့် အကြောင်းအရာအချို့

စကားပြောနောက်ကျသောကလေးများ

ကလေးအများစုဟာ အသက် ၁နှစ်လောက်ရောက်ရင် မေ/ဖေ/မားမား/ပါးပါး ခေါ်တတ်ပါတယ်။ တစ်နှစ်ခွဲ ၂နှစ်လောက်မှာ စကားလုံးအနည်းဆုံး ၂၀ လောက် ပြောနေပါပြီ။

တစ်နှစ်ခွဲ နှစ်နှစ်မှာ စကားမပြောသေးတဲ့ ကလေးများအတွက် အောက်ပါအချက်များကို စစ်ဆေးပြီး အဲဒီလက္ခဏာတွေရှိရင် ကလေးဆရာဝန်များနဲ့ ပြသပါ။

၁၊ နားအကြားအာရုံ သံသယရှိလား?

၂၊ အထိုင် အထ လမ်းလျှောက် နောက်ကျလား?

၃၊ ပြောဘူးတဲ့ စကားတွေ ပြန်ပျောက်သွားလား?

၄၊ ညမအိပ်ခြင်း၊ အစားအရမ်းရွေး ခြင်း၊ လက်ညှိုးမထိုးတတ်ခြင်း၊ မျက်လုံးချင်းဆိုင်မကြည့်ခြင်း၊ အခြားကလေးများနဲ့ မဆော့တတ်ခြင်း စတဲ့ လက္ခဏာတွေ ရှိလား?

စကားပြောနောက်ကျတဲ့ကလေးတွေကိုစမ်းသပ်စစ်ဆေးရာမှာရောဂါရာဇဝင်နဲ့ လက္ခဏာပေါ်မူတည်ပြီးလိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ရပါတယ်။ နားစမ်းချင်စမ်းမယ်၊သိုင်းရွိုက်ဟော်မုန်းလို့ခေါ်တဲ့သွေးတစ်မျိုးစစ်ချင်စစ်နိုင်ပါတယ်။

ကလေးအသက်အရွယ်နဲ့လိုက်တဲ့ဖွံ့ဖြိုးမှု၊ အသိဉာဏ်ရှိသလားစစ်ဆေးခြင်း၊အကယ်၍အော်တစ်ဇင်လက္ခဏာရှိတယ်ဆိုရင် အော်တစ်ဇင်အတွက်စစ်ဆေးခြင်းစသည်တို့ကို ပြုလုပ်ရပါတယ်။ ဒီလိုစစ်ဆေးတယ်ဆိုတာက သွေး၊ဓာတ်မှန်စသည်တို့စစ်ဆေးတာမျိုးမဟုတ်ဘဲ ကလေး၊ မိဘတို့နဲ့အတူ အချိန်ပေးပြီး ကလေးရဲ့တုံ့ပြန်မှု၊ကစားတဲ့ပုံ၊ ထွက်တဲ့အသံ၊အမူအရာစသည်တို့ကိုစောင့်ကြည့်မယ်။မိဘကိုလည်းလိုအပ်တဲ့မေးခွန်းတွေကိုမေးမယ်စသည်ဖြင့် စစ်ဆေးခြင်းမျိုးဖြစ်ပါတယ်။ လိုအပ်ရင် အိမ်မှာရိုက်ထားတဲ့ကလေးရဲ့ထူးထူးခြားခြားအပြုအမူ၊အနေအထိုင်၊ လှုပ်ရှားမှု၊ အသံထွက်စတဲ့ဗီဒီယိုအတိုလေးတွေကိုလည်းကြည့်ရှုလို့ရပါတယ်။

စစ်ဆေးတွေ့ရှိချက်တွေပေါ်မူတည်ပြီးကလေးကိုဘယ်လိုဆက်လက်ကုသမယ်ဆိုတာတိုင်ပင်ရပါတယ်။ ဒီနေရာမှာဆေးတွေဟာအဓိကကျတဲ့အပိုင်းကမပါပါဘူး။ ဦးနှောက်အာရုံကြောအားဆေး၊ဉာဏ်ကောင်းဆေးဆိုတာလည်းမရှိပါဘူး။ လိုအပ်လာရင်စကားပြောသင်လေ့ကျင့်ခန်းတွေနဲ့ကလေးကိုလေ့ကျင့်သင်ကြားပေးရပါတယ်။

မိဘတွေဘက်က အောက်ပါအချက်တွေကို လိုက်နာပေးပါ။

၁၊ မိမိကလေးအတွက် အချိန်ပေးပြီး စကားပြောပေးပါ၊ ကစားပေးပါ။ သူစိတ်ဝင်စားတာလေးတွေ တွေ့ရင် ရှင်းပြပါ။ မွေးစကတည်းက စပြီး စကားပြောပေးသင့်ပါတယ်။

၂၊ ပုံပြောပြတာ၊သီချင်းဆို ကဗျာရွတ်ပြတာ၊ အသက်အရွယ် အလိုက်သင့်တော်တဲ့ ရုပ်ပုံစာအုပ်လေးတွေ ဖတ်ပြတာတွေ အချိန်ရသလောက် လုပ်ပေးပါ။

၃၊ ဖုန်း၊ TV ၊ ဂိမ်း အစရှိတာတွေကို ၂ နှစ်အောက် ကလေးတွေမှာ လုံးဝခွင့်မပြုသင့်ပါ။ ဒီအရွယ်ဟာဘာသာစကားဖွံ့ဖြိုးစအရွယ်ဖြစ်တဲ့အတွက် ဒီအရွယ်မှာကလေးနဲ့ ဖုန်း/တီဗွီ/ တခြား screen တွေနှစ်ယောက်တည်းထားရင်ပုံမှန်မဟုတ်၊ သဘာဝမကျတဲ့ဘာသာစကားဖွံ့ဖြိုးမှုတွေပေါ်ပေါက်လာတတ်ပါတယ်။
၂နှစ်နဲ့ ၄ နှစ် ကြားမှာတော့ ၁နာရီလောက် ခွင့်ပြုနိုင်ပါတယ်။ မိဘနဲ့အတူရှိနေပြီး မိဘမှကြားခံရှင်းပြပေးတာဟာ ကလေးနဲ့ ဖုန်း/screen တွေ ၂ ယောက်ထဲ ထားတာထက် ပိုအကျိုးရှိ အန္တရာယ်ကင်းပါတယ်။

၄၊ စကားအတင်းပြောအောင် ဖိအားပေးတာမျိုးတွေမလုပ်ပါနဲ့။ ဒါပေမဲ့ သူကစပြောလာတဲ့ စကားကိုတော့ တိုးချဲ့ သင်ပေးပါ။

၅၊ ကလေးကို မေးခွန်းတွေမေးပါ၊ မဖြေတတ်ရင် ဖြေပြပါ။ သူမေးလာရင်၊ စိတ်ဝင်စားပုံပြရင် သူနားလည်မဲ့ စကားလုံးတွေနဲ့ ဖြေပေးပါ။ ရှင်းပြပါ။

၆၊ ရွယ်တူကလေးများနဲ့ ပေးကစားပါ။

ေးဦးနှောက်သိကောင်းစရာ
Crd Dr Kyaw Lin

Address

Mingalar Taung Nyunt
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Edu Star - for kids posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category