ToTo HtwarHtwar - တိုတိုထွာထွာ

ToTo HtwarHtwar - တိုတိုထွာထွာ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ToTo HtwarHtwar - တိုတိုထွာထွာ, Education & Learning, Yangon.

12/05/2026

သမိုင်းဆိုတာ အောင်မြင်ပြီးသူတွေရေးတဲ့စာ…..

အဲ့ဒီ အောင်မြင်ပြီးတဲ့ သူတိုင်းမှာ ပြောစရာပုံပြင်တွေရှိတယ်…..

ဒါပေမယ့် တချို့အပိုင်းတွေကိုဖျောက်ထားတယ်…..

22/04/2026

ဘုရင်ဖြစ်ချင်တဲ့ကောက်က သရဖူကို အာရုံစိုက်ရတယ်၊ ဘုရင်မကိုမဟုတ်ဘူး ငါ့ကောင်…..

31/03/2026

ယောက်ျားတွေပဲကွာ…
ဘုန်းရှိတဲ့ ညာလက်ရုံးနဲ့ ရုန်းပြလိုက်
မှားရင်ခံ မှန်ရင်စံ ပေါ့ကွာ။
ဆေးလိပ်ကြီး လက်ကြားညှပ်ပြီးခါမှ နတ်ကတော်ကြီး မဖြစ်စေနဲ့ ။ 🔥🚬

21/12/2025

Wise men say “Human life is like a Book, most people will only see our Cover, some will stay to hear the Introduction, many will believer Critics, But only few will ever truly know Content.”

13/12/2025

ထီးရှိတဲ့သူက ‘ဒီနေ့မိုးရွာလိမ့်မယ်’ လို့ပြောသလို…
အောင်မြင်ပြီးသားသူတွေကတော့ ‘ဘဝဆိုတာရည်မှန်းချက်ရှိရမယ်’ လို့ ပြောတတ်ကြတာပဲ။
သူတို့ကံကောင်းတာက မိုးဥတုမကုန်သေးတာပဲ….

#ရည်မှန်းချက်များနှင့်ဘဝ ဝတ္ထုတို

Photos from ToTo HtwarHtwar - တိုတိုထွာထွာ's post 16/08/2025

မခံမရပ်နိုင်လို့ တစ်ခါတစ်လေ ပေါက်ကွဲတဲ့ အခါကြ
မခံစားဘူးတဲ့ လူတစ်ချို့ကပြောတယ်
ဘာမဟုတ်တာလေးနဲ့ တဲ့။

#အောင်ချိမ့်

19/06/2025

အဆင်မပြေတာကို
အဆင်ပြေတယ်ပါတယ်လို့
ပြောင်းပြောရင်
အဆင်ပြေမှာမို့လား......။

Crd #အောင်ချိမ့်

အနည်းဆုံးတော့ စိတ်သက်သာရာရတာပေါ့ ဆရာရယ်!

19/06/2025

ကမ္ဘာကြီးကျဥ်းလာတာနဲ့အမျှ
မင်းသတင်းတွေလည်းငါတစ်ခုမှမရတော့ဘူး

ဆံပင်တွေဘယ်လောက်ရှည်နေပြီး
မင်းတို့ခရီး ဘယ်ထိရောက်နေပြီး ငါမသိဘူး

မေးစရာလူမရှိတဲ့အခါတိုင်း
သိချင်လာတဲ့မင်းအကြောင်းတွေကို
အင်တာနက်ပေါ်မာ မွှေနှောက်ရှာတယ်

နောက်ပြီး မြောက်အရပ်ကိုမျက်နှာမူလို့မျက်ရည်ဝဲတယ်
တိမ်တွေကပြောတယ်
ခွဲရတာတကယ်တဲ့ ။

Crd #နွေသစ်ငြိမ်း

10/01/2025

သို့ “Bella gente”

အီတလီယံ စကားစုကဆင်းသက်လာတဲ့ကောင်မလေးရေ…..

မင်းကိုအရင်ကပိုင်ဆိုင်ခဲ့ဖူးပေမယ့် အခုတော့ဘယ်သူ့စီများရောက်လို့နေပြီလဲ

မင်းကိုငါ့စီမှာတုန်းကလိုမျိုး သန့်သန့်လေးထားရဲ့လား တခုခုမူမမှန်တိုင်းဂရုရောစိုက်ရဲ့လား မဆီမဆိုင် စိုးရိမ်မိပါရဲ့

မဆိုင်တော့ဘူးဆိုပေမယ့် အခုထိဖင်တွေလိုက်ကြည့်မိနေတုန်းပဲ မင်းများလားဆိုပြီးတော့ပေါ့

မင်းရဲ့နံပတ်လေးများမြင်လိုက်ရရင် ရင်ဘက်ထဲဆစ်ခနဲဖြစ်သွားတဲ့ခံစားချက်က ဂျစ်ကနဲအင်ဂျင်ခန်းကထွက်လာတဲ့ အသံမျိုးပေါ့

သတိရတယ် ဒီတန်းဓာတ်တိုင်ရောင်လေးရေ….

06/01/2025

ဟိုကောင်ပဲ
အ-ာဏ-ာ ရှင် ဆန်လှပြီထင်တာ
ကလေးလေးနဲ့ တွေ့မှပဲ

" ကိုကိုနော် " ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်
ဒီကောင့်မှာ
ပြာယာတွေကို ခက်လို့ ။

- တဒင်္ဂ

22/06/2024

အရက်သောက်ရတာမကြိုက်ဘူး ရီဝေနေတာလေးကို သဘောကျတာ. . .
ဘားတွေသွားရတာမကြိုက်ဘူး သီချင်းသံစဉ်လေးတွေကိုချစ်တာ. . .
စကားပြောရတာမကြိုက်ဘူး နားထောင်ရင်းအကြံပေးရလေးကို နှစ်သက်တာ. . .

တခါတလေတော့ကွာ ရီဝေဝေလေးနဲ့သံစဉ်လေးညည်း စကားလေးပြောရင်း အရသာလေးကိုအတူခံစားကြည့်ရအောင်. . .။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon