24/01/2026
✨ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 ✨
🔰 ဒီတစ်ခါတော့ မန္တလေးက ဆည်းပူးသူတို့အတွက် MYEO ရဲ့ AI Bus အကြောင်း လေးကို မျှဝေပေးမယ်နော် ..။
🔰 𝑺𝒊𝒊 𝑷𝒖𝒖 က 𝑴𝙚𝒅𝙞𝒂 𝑷𝙖𝒓𝙩𝒏𝙚𝒓𝙨𝒉𝙞𝒑 အနေနဲ့ ပါဝင်ထားတဲ့ 𝐌𝐘𝐄𝐎 ရဲ့ 𝐀𝐈 𝐁𝐮𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 က အခုတခါမှာတော့ မန္တလေးက ဆည်းပူးသူတို့ AI အကြောင်း သေချာလေ့လာနိုင်ဖို့အခွင့်အရေးကို ယူလာခဲ့ပြီ ဖြစ်ပါတယ်..။
🔰 ဒီနေ့ခေတ်မှာက အလုပ်၊ ကျောင်း၊ နေ့စဉ်ဘဝတွေမှာပါ AI က အရေးပါလာပါပြီ။ အဲ့လို AI ကို လူတိုင်းနီးပါး အသုံးပြုလာကြတဲ့အချိန် AI အကြောင်းကို မသိရင်၊ အသုံးမချတတ်ရင် နောက်မှာကျန်ခဲ့မှာပါ။ ဒါကြောင့် မြန်မာနိုင်ငံကလူတွေအနေနဲ့ AI အကြောင်း များများသိကြစေဖို့ ဆည်းပူးသူတို့အတွက်ကို ဒီ AI Bus Training မှာ သင်ပေးသွားမှာ ဖြစ်ပါတယ်။
🔰 အဓိကကတော့ လူငယ်တွေသာမက ဆရာ/မတွေနဲ့ မိဘတွေပါ AI ကို သုံးတတ်စေချင်ပါတယ်။
🔰 ဆည်းပူးသူတို့အနေနဲ့ ဒီ Training မှာသင်ယူရမဲ့ အကြောင်းအရာတွေကတော့..
- Fundamental of Generative AI
- AI Prompts 101 – How to Talk to AI
- Work Smarter not Harder – Maximize Productivity with AI
- AI in Combating Fake News, Hoax & Misinformation
- Ethical AI Usage – Plagiarism & Copyright Issues
စတာတွေမို့လို့ AI နဲ့ပတ်သက်ပြီး လုံးဝအခြေခံကနေ ရသွားမှာပါ။
🔰 နောက်တစ်ခုက ဒီ Training ကနေ ASEAN ဒေသတစ်ခွင်လုံးမှာ AI စာတတ်မြောက်ရေး (AI Literacy) အတွက် အရေးတကြီးလိုအပ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ကြိုးစားနေတာပါ။
- AI နည်းပညာ အမြန်တိုးတက်မှုနဲ့ လူထုထဲက ကျွမ်းကျင်မှုနည်းပါးမှုကြားက Skill Gap တွေကို ဖြည့်ဆည်းပေးမယ်။
- AI သုံးပြီး Productivity တိုးတက်အောင် သင်ပေးမယ်။
- AI ကနေပေးတဲ့ အန္တရာယ်ရှိ အကြောင်းအရာတွေ (သတင်းမှားတွေ၊ အတုအယောင်ဗီဒီယိုတွေ) ကို တိုက်ဖျက်နည်း သင်ပေးမယ်။
- မူပိုင်ခွင့်နဲ့ စာပေအတုအယောင်ပြုမှု ပြဿနာတွေအတွက် လမ်းညွှန်ချက်တွေပေးမယ်။
🔰 ဒီ Training က ASEAN Foundation နဲ့ Google.org တို့နဲ့ ပူးပေါင်းပြီး ပြုလုပ်တဲ့ AI Ready ASEAN training ဖြစ်ပြီး.. AI ကျင့်သုံးမှုကြောင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပေးပြီး AI Ready ASEAN ရည်မှန်းချက်တွေနဲ့ တိုက်ရိုက်ကိုက်ညီအောင် ဒီဇိုင်းဆွဲထားတဲ့ ဗျူဟာကျတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။
🔰 ဒါကြောင့်အခုလို ဆည်းပူးသူတို့အတွက် အပြည့်အဝ အကျိုးရှိမဲ့ သင်တန်းလေးကို လူတိုင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
🔰 AI Bus (Mandalay) Online Training ကို ပြုလုပ်သွားမယ့်နေ့ရက်နဲ့အချိန်တွေက…
🗓️ Jan 26 ကနေ ပြီးတော့ Jan 30 အထိ ၅ ရက်ကို
⏱️ 6 pm to 8 pm ဆိုပြီး ကျောင်းချိန်ရုံးချိန် လွတ် စီစဉ်ပေးထားတာပဲ ဖြစ်ပါတယ်..။
🔰 AI အတွေ့အကြုံတွေ အများကြီးရသွားမယ့်အပြင် Tool တွေ သုံးတာ၊ အဖွဲ့လိုက်လုပ်တာလည်း ပါမှာမို့လို့ ပျော်ပျော်ရွှင်ရွှင် လေ့လာရမှာပါ။
🔰 Mandalay က ဆည်းပူးသူတို့အနေနဲ့ AI ဆိုင်ရာ ဆည်းပူးလေ့လာသင်ယူမှုတွေအကြောင်း ပိုမိုသိရှိနိုင်ဖို့ ရာအတွက် အခုပဲ အခမဲ့ 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 လုပ်လိုက်တော့နော်..။ 👇
🖇 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐋𝐢𝐧𝐤: https://m.me/myeo.hub?ref=mon_karen_myeo_aibus
🔰 ဆည်းပူးသူတို့ အနေနဲ့ (တကယ်လို့ Link ကနေ နှိပ်လို့အဆင်မပြေရင် MYEO Messenger CB မှာ learning ai mdy လို့ စာပို့ပြီးတော့လည်း စာရင်း ပေးလို့ရပါတယ်။)
🔰 နောက်ထပ်လာမယ့် AI Bus နဲ့ပတ်သက်တဲ့ Update တွေကို သိချင်ရင်တော့ အောက်က Tele Link ကို Join ထားလိုက်နော်။
🔰 https://t.me/myeochannel
·························································
LinkedIn : https://bit.ly/40NcPR0
#ဆည်းပူး
#လူငယ်တွေအတွက်_AIBus
01/01/2026
[Burmese Version]
📚ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ်မင်္ဂလာမှ စပြီး နောင်နေ့ရက်များစွာတိုင် ဆည်းပူးသူတစ်ဦးချင်းတိုင်း သင်ယူလေ့လာခြင်းရဲ့ အလင်းရောင်များဖြင့် ပြည့်နှက်တဲ့ အနာဂတ်များကို ဖွင့်လှစ်နိုင်မဲ့ SDG 4 ရဲ့ကတိကိုတိုးမြှင့်နိုင်ပါစေ..။📒
🔰နှစ်သစ်အခါသမယအချိန်က စလို့ လှပတဲ့အိပ်မက်တွေကိုအကောင်ထည်ဖော်ရင်း ဆည်းပူးလေ့လာသင်ယူခြင်း အခွင့်အလမ်းသစ်တွေကတဆင့် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်အားလုံးအတွက် ကဏ္ဍပေါင်းစုံ တိုးတက်မှုနှင့် ပြောင်းလဲမှုကို ဖြစ်ထွန်းစေတဲ့ အဓိကသော့ချက်၊ အခြေခံအုတ်မြစ်ကို ပိုမို ခိုင်မာစေဖို့ ဆောင်ရွက်ရင်း ပြီးပြည့်စုံတဲ့ အနာဂတ်ကိုလျောက်လှမ်းနိုင်ကြပါစေလို့ 𝑺𝒊𝒊 𝑷𝒖𝒖 𝑻𝒆𝒂𝒎 က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်..။ 🌱📚
…..
[English Version]
🔰Wishing you a New Year filled with more hope, courage, and happiness with each step. From this day forward, may each moment bring you filled with the light of learning, unlocking futures and furthering the promise of SDG 4.📘
🔰May the New Year bring new opportunities, fresh dreams, and education is the essential key, the very cornerstone that unlocks progress and transforms every sector for all of humanity. days ahead. May your journey be full of strength, love, and quiet wins. 📚📒
——
LinkedIn : https://bit.ly/40NcPR0
#ဆည်းပူး
17/12/2025
✨ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 ✨
🔰 ဆည်းပူးသူတို့ထဲမှာ မွန်နဲ့ ကရင် ကသူတွေအနေနဲ့ MYEO ရဲ့ AI Bus အကြောင်း သိပြီးကြပြီးလား…⁉️
🔰 မသိသေးဘူးဆိုရင်တော့.. အခုတစ်ခါမှာ 𝑺𝒊𝒊 𝑷𝒖𝒖 က 𝑴𝙚𝒅𝙞𝒂 𝑷𝙖𝒓𝙩𝒏𝙚𝒓𝙨𝒉𝙞𝒑 အနေနဲ့ ပါဝင်ထားပြီးတော့ မွန်နဲ့ ကရင် က ဆည်းပူးသူတို့အနေနဲ့ AI အကြောင်း သေချာလေ့လာလို့ရမဲ့.. 𝐌𝐘𝐄𝐎 ရဲ့ 𝐀𝐈 𝐁𝐮𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 အကြောင်းကို ပြောပြပေးပါမယ်..။
🔰 ဒီနေ့ခေတ်မှာက အလုပ်၊ ကျောင်း၊ နေ့စဉ်ဘဝတွေမှာပါ AI က အရေးပါလာပါပြီ။ အဲ့လို AI ကို လူတိုင်းနီးပါး အသုံးပြုလာကြတဲ့အချိန် AI အကြောင်းကို မသိရင်၊ အသုံးမချတတ်ရင် နောက်မှာကျန်ခဲ့မှာပါ။ ဒါကြောင့် မြန်မာနိုင်ငံကလူတွေအနေနဲ့ AI အကြောင်း များများသိကြစေဖို့ ဆည်းပူးသူတို့အတွက်ကို ဒီ AI Bus Training မှာ သင်ပေးသွားမှာ ဖြစ်ပါတယ်။
🔰 အဓိကကတော့ လူငယ်တွေသာမက ဆရာ/မတွေနဲ့ မိဘတွေပါ AI ကို သုံးတတ်စေချင်ပါတယ်။
🔰 ဆည်းပူးသူတို့အနေနဲ့ ဒီ Training မှာသင်ယူရမဲ့ အကြောင်းအရာတွေကတော့..
- Fundamental of Generative AI
- AI Prompts 101 – How to Talk to AI
- Work Smarter not Harder – Maximize Productivity with AI
- AI in Combating Fake News, Hoax & Misinformation
- Ethical AI Usage – Plagiarism & Copyright Issues
စတာတွေမို့လို့ AI နဲ့ပတ်သက်ပြီး လုံးဝအခြေခံကနေ ရသွားမှာပါ။
🔰 နောက်တစ်ခုက ဒီ Training ကနေ ASEAN ဒေသတစ်ခွင်လုံးမှာ AI စာတတ်မြောက်ရေး (AI Literacy) အတွက် အရေးတကြီးလိုအပ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ကြိုးစားနေတာပါ။
- AI နည်းပညာ အမြန်တိုးတက်မှုနဲ့ လူထုထဲက ကျွမ်းကျင်မှုနည်းပါးမှုကြားက Skill Gap တွေကို ဖြည့်ဆည်းပေးမယ်။
- AI သုံးပြီး Productivity တိုးတက်အောင် သင်ပေးမယ်။
- AI ကနေပေးတဲ့ အန္တရာယ်ရှိ အကြောင်းအရာတွေ (သတင်းမှားတွေ၊ အတုအယောင်ဗီဒီယိုတွေ) ကို တိုက်ဖျက်နည်း သင်ပေးမယ်။
- မူပိုင်ခွင့်နဲ့ စာပေအတုအယောင်ပြုမှု ပြဿနာတွေအတွက် လမ်းညွှန်ချက်တွေပေးမယ်။
🔰 ဒီ Training က ASEAN Foundation နဲ့ Google.org တို့နဲ့ ပူးပေါင်းပြီး ပြုလုပ်တဲ့ AI Ready ASEAN training ဖြစ်ပြီး.. AI ကျင့်သုံးမှုကြောင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပေးပြီး AI Ready ASEAN ရည်မှန်းချက်တွေနဲ့ တိုက်ရိုက်ကိုက်ညီအောင် ဒီဇိုင်းဆွဲထားတဲ့ ဗျူဟာကျတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။
🔰 ဒါကြောင့်အခုလို ဆည်းပူးသူတို့အတွက် အပြည့်အဝ အကျိုးရှိမဲ့ သင်တန်းလေးကို လူတိုင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
🔰 AI Bus (Mon & Kayin ) Online Training ကို ပြုလုပ်သွားမယ့်နေ့ရက်နဲ့အချိန်တွေက…
🗓️ Dec 19, Dec 20, Dec 21
⏱️ 10 am to 12 pm | 2 pm to 4 pm ဆိုပြီး တရက်ကို (၂) ချိန်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်..။
🔰 AI အတွေ့အကြုံတွေ အများကြီးရသွားမယ့်အပြင် Tool တွေ သုံးတာ၊ အဖွဲ့လိုက်လုပ်တာလည်း ပါမှာမို့လို့ ပျော်ပျော်ရွှင်ရွှင် လေ့လာရမှာပါ။
🔰 မွန်နဲ့ကရင် ကလူတွေ AI ဆိုင်ရာ ဆည်းပူးလေ့လာသင်ယူမှုတွေအကြောင်း ပိုမိုသိရှိနိုင်ဖို့ ရာအတွက် အခုပဲ အခမဲ့ 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 လုပ်လိုက်တော့နော်..။ 👇
🖇 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐋𝐢𝐧𝐤: https://m.me/myeo.hub?ref=mon_karen_myeo_aibus
🔰 ဆည်းပူးသူတို့ အနေနဲ့ (တကယ်လို့ Link ကနေ နှိပ်လို့အဆင်မပြေရင် MYEO Messenger CB မှာ mon karen myeo aibus လို့ စာပို့ပြီးတော့လည်း စာရင်းပေးလို့ရပါတယ်။)
🔰 နောက်ထပ်လာမယ့် AI Bus နဲ့ပတ်သက်တဲ့ Update တွေကို သိချင်ရင်တော့ အောက်က Tele Link ကို Join ထားလိုက်နော်။
🔰 https://t.me/myeochannel
·························································
LinkedIn : https://bit.ly/40NcPR0
#ဆည်းပူး
&Kayin
#လူငယ်တွေအတွက်_AIBus
05/12/2025
🖇️ Every Contribution Matters 🍀
🔰အကျိုးလိုလ်ို့ ညောင်ရေသွန်းကျသူများကြား ကိုယ်ကျိုးတစ်ခုတည်းကို မကြည့်ဘဲ ရှိရင်းစွဲ ခွန်အားများကို အသုံးချရင်း ပိုမိုကောင်းမွန်
တိုးတက်၊ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ဖို့ Action တစ်ခုအနေနဲ့ အရေးတယူပြုကာ ကြိုးစားလျက်ရှိကြတဲ့ နေရာဒေသအသီးသီးရှိ စေတနာ့ဝန်ထမ်း “ Volunteer” တစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်းရဲ့ အဓိကဇာတ်ကောင်တွေပဲဖြစ်ပါတယ်။✨🤍
🔰ဒါ့ကြောင့် 2025 ခုနှစ်၊ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျရောက်တဲ့ International Volunteers Day မှာ နေရာဒေသမရွေးမှ ဆည်းပူးလေ့လာလိုသူတိုင်းအတွက် အလွယ်တကူ၊ စနစ်တကျ၊ အကုန်အကျ သက်သက်သာသာနဲ့ ဆည်းပူးလေ့လာနိုင်စေဖို့ ရည်ရွယ်ချက်တစ်ခုတည်းကိုအလေးထားပြီး ဘက်ပေါင်းစုံကနေ ပါဝင်ကူညီပေးလျက်ရှိကြတဲ့ ဆည်းပူနဲ့အတူ လက်တွဲခဲ့ကြသော စေတနာ့ဝန်ထမ်းများအပြင် မတူညီတဲ့အခန်းကဏ္ဍအသီးသီးကနေပါဝင်လှုပ်ရှားဆောင်ရွက်နေကြတဲ့ တစ်ဦးတစ်ယောက် ချင်းစီတိုင်းရဲ့ အားထုတ်မှုများကို အသိအမှတ်ပြု၊လေးစားဂုဏ်ပြုရင်း ပါဝင်အားထုတ်မှုတိုင်းကအရေးပါတာကြောင့် ဆက်လက်ပြီး ဖြူစင်အေးချမ်း တဲ့ရပ်ဝန်းလေးမှာ အတူတကွ ပါဝင်ပေးကြဖို့ ဆည်းပူးကနေ တိုက်တွန်းလိုက်ပါတယ်။🤍
——
LinkedIn : https://bit.ly/40NcPR0
#ဆည်းပူး
20/10/2025
✨ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 ✨
🔰𝑺𝒊𝒊 𝑷𝒖𝒖 က 𝑴𝙚𝒅𝙞𝒂 𝑷𝙖𝒓𝙩𝒏𝙚𝒓𝙨𝒉𝙞𝒑 အနေနဲ့ ပါဝင်ထားတဲ့ Offline Program လေး တစ်ခု အကြောင်း မျှဝေပေးချင်ပါတယ်..။
🔰 Home Education ရဲ့ ပထမဆုံး In Person ပွဲလေးဖြစ်တဲ့ ❝ ကူရင်း ယူ ❞ Networking Fair 2025 ဟာ ဆိုရင် March လမှာ ငလျင်ဒဏ်ခံစားခံရတဲ့မြို့တွေဖြစ်တဲ့ မန္တလေး၊ အင်းလေး တို့မှာရှိတဲ့ ပြည်သူတွေကို ကူညီဖေးမဖို့ရာအတွက် Entrance Fees တစ်သောင်းကျပ် ပေးသွင်းရုံနဲ့ Event ပွဲကို လာခွင့်ရမယ့်အပြင် Professional Guest Speaker တွေရဲ့ Speech တွေနားထောင်ရင်း ပညာတွေတစ်ဝကြီးပြန်ယူခွင့်ရရှိသွားဖို့ ရည်ရွယ်ထားတဲ့ ပွဲလေးတစ်ခုဖြစ်ပါတယ်။
🔰 Networking Fair ဖြစ်တဲ့အတွက် Game တွေဆော့ရင်း သူငယ်ချင်းအသစ်တွေလည်းရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲလေးမှာ တစ်သောင်းရင်းရုံနဲ့ တစ်သိန်းရရှိမယ့် 7 Mins Talk Group Presentation Competition လေးလည်း ပါဝင်ဦးမှာမလို့ ကုသိုလ်လည်းရ ဝမ်းလည်းဝမယ့်အပြင် Panel Discussion တွေကို မတူညီတဲ့ Topic တွေနဲ့နားထောင်ရမှာမလို့ အသစ်သစ်သော ပညာတွေရော ဗဟုသုတတွေရော အများကြီးရရှိသွားမှာပါနော်..။
🔰 ❝ ကူရင်း ယူ ❞ Networking Fair ကိုတော့..
🗓️ Date: October 26, 2025 (Sunday)
🕖 Time: 09:00 am - 04:00 pm
📍 Location: Kings International School (Thuwana Campus ) မှာပြုလုပ်သွားမှာဖြစ်ပါတယ်..။
🔰 Event အကြောင်းအသေးစိတ်ကို အောက်ပါ မူရင်း post မှာ ဖတ်ရှုနိုင်ပါတယ်..။
https://www.facebook.com/share/p/1MQX4uLeyP/
🔰 7 Mins Talk ပြိုင်ပွဲလေးအကြောင်းအသေးစိတ် ကိုတော့ အောက်ကlink ထဲမှာ ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်..။
https://www.facebook.com/share/p/1BmRXqvxEB/
🔰ဒါလေးကတော့ Registration Form Link လေးပါ..။
https://docs.google.com/forms/d/e/1FAIpQLSfH4vsNJUx7a2UrJ3h-32XYMe7gmg5ACs2Ddn5MsGG3JYm8Rg/viewform?usp=pp_url
🔰 ဒါလေးကတော့ 7 Mins Talk Competition Register Link လေးပါ..။
https://docs.google.com/forms/d/e/1FAIpQLScv7ccjk2BWziS9EvR2mYUwM4YRWcubgBuazvY_2fC23LCp6Q/viewform?usp=pp_url
🔰 ဆည်းပူးသူတို့ အနေနဲ့ ကိုယ့်ကိုယ်ကို တိုးတက် ပြောင်းလဲခြင်းဆိုင်ရာ အခွင့်အလမ်းတွေနဲ့ချိတ်ဆက်ဖို့အတွက် အခု အစီအစဉ်လေးမှာပါဝင်ဖို့အမြန်ဆုံး စာရင်း ပေးလိုက်တော့နော်..။
·························································
LinkedIn : https://bit.ly/40NcPR0
#ဆည်းပူး
10/10/2025
🔰𝑺𝒊𝒊 𝑷𝒖𝒖 က 𝑴𝙚𝒅𝙞𝒂 𝑷𝙖𝒓𝙩𝒏𝙚𝒓𝙨𝒉𝙞𝒑 အနေနဲ့ ပါဝင်ထားပြီးတော့ ဆည်းပူးသူတို့အနေနဲ့ အတွေ့အကြုံသစ်တွေနဲ့အတူ မိတ်ဆွေသစ်တွေလည်းတိုး ဗဟုသုတတွေလည်းရဖို့ The Coffee Club ရဲ့ 6 နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြုလုပ်သွားမဲ့ ❝ လူငယ်ဆင်နွှဲ ပညာပွဲ ❞ မှာ ပါဝင်ဖို့ စာရင်း ပေးပြီးသွားပြီလား.. ⁉️
🔰 ❝ လူငယ်ဆင်နွှဲ ပညာပွဲ ❞ အစီအစဉ်လေးမှာ Youth Community Organization တွေအများကြီးပါဝင်ထားပြီး တက်ရောက်လာသူတွေအတွက်ဘယ်လိုအစီအစဉ်တွေစီစဉ်ထားပေးတယ်ဆိုတာလေးကိုလည်း အောက်က Agenda မှာ ကြည့်ပေးပါဦးနော်..။
🔰ပါဝင်တက်ရောက်နိုင်ဖို့ Limited Seats ရှိတာမို့လို့..အတွေ့အကြုံအသစ်တွေကို လေ့လာဆည်းပူးနိုင်ဖို့ရာအတွက် အခုပဲ 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 လုပ်လိုက်တော့နော်..။ 👇
🖇 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐋𝐢𝐧𝐤: https://forms.gle/FVDAyLUL1zNuqa8x9
🗓️ Date: October 12, 2025 (Sunday)
🕖 Time: 09:00 am - 05:00 pm
📍 Location: Cafe Loca (အသင်းတိုက်မှတ်တိုင်၊ လေးထောင့်ကန်လမ်း၊ UAB ဘဏ်၊ သင်္ဃန်းကျွန်းဘဏ်ခွဲ) မှာပြုလုပ်ပေးသွားမှာဖြစ်ပါတယ်..။
🔰 ဆည်းပူးသူတို့ အနေနဲ့ ပွဲကို လာတဲ့အခါ အခက်အခဲမဖြစ်ရအောင် လမ်းညွှန်လေးနဲ့ လိုအပ်ရင် ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်လေးတွေလည်း အောက်ကပုံမှာ ထည့်ပေးထားတာဖြစ်ပါတယ်..။
·························································
LinkedIn : https://bit.ly/40NcPR0
#ဆည်းပူး
#လူငယ်ဆင်နွှဲပညာပွဲ
02/10/2025
✨ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 ✨
🔰 ဆည်းပူးသူတို့အနေနဲ့ လူငယ်တွေအတွက် အကျိုးရှိစေတဲ့ ပရိုဂရမ်တွေကို စဉ်ဆက်မပြတ်ပြုလုပ်နေတဲ့ လူငယ်အဖွဲအစည်းတွေကို တစ်နေရာတည်းမှာ တွေ့ချင် ကြပါသလား..⁉️
🔰 ဒါဆို အခုတစ်ခါမှာတော့ 𝑺𝒊𝒊 𝑷𝒖𝒖 ကနေပြီးတော့ 𝑴𝙚𝒅𝙞𝒂 𝑷𝙖𝒓𝙩𝒏𝙚𝒓𝙨𝒉𝙞𝒑 အနေနဲ့ ပါဝင်ထားပြီး ဆည်းပူးသူတို့အနေနဲ့ အတွေ့အကြုံသစ်တွေနဲ့အတူ မိတ်ဆွေသစ် တွေလည်းတိုး ဗဟုသုတတွေလည်းရဖို့ အပြင် online program တွေမှာပဲ တွေ့နေကြဖြစ်တဲ့ Youth Community Organization အသီးသီးက Volunteer မိတ်ဆွေတွေကိုတနေရာတည်း ဆုံစည်းပြီးတွေ့နိုင်ကြမဲ့ အစီအစဉ်လေးတစ်ခု အကြောင်း ပြောပြချင်ပါတယ်..။
🔰 The Coffee Club Yangon နဲ့ The Coffee Club Society ရဲ့ 6 နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ပြုလုပ် ပေးသွားမဲ့ ❝ လူငယ်ဆင်နွှဲ ပညာပွဲ ❞ လို့ အမည်ပေးထားတဲ့ အစီအစဉ်လေးကို
🗓️ Date: October 12, 2025 (Sunday)
🕖 Time: 09:00 am - 05:00 pm
📍 Location: Cafe Loca (အသင်းတိုက်မှတ်တိုင်၊ လေးထောင့်ကန်လမ်း၊ UAB ဘဏ်၊ သင်္ဃန်းကျွန်းဘဏ်ခွဲ) မှာပြုလုပ်ပေးသွားမှာဖြစ်ပါတယ်..။
🔰 ❝ လူငယ်ဆင်နွှဲ ပညာပွဲ ❞ အစီအစဉ်လေးမှာ ပါဝင်ပြီး Youth Community Organization တွေနဲ့ ချိတ်ဆက်နိုင်ဖို့နဲ့ ယခုကာလ လူငယ်တွေအကြား လက်တွေ့ဆန်တဲ့ ဆည်းပူးလေ့လာသင်ယူမှုတွေအကြောင်း ပိုမိုသိရှိနိုင်ဖို့ ရာအတွက် အခုပဲ 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 လုပ်လိုက်တော့နော်..။ 👇
🖇 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐋𝐢𝐧𝐤: https://forms.gle/FVDAyLUL1zNuqa8x9
🔰 ဆည်းပူးသူတို့ အနေနဲ့ ကိုယ့်ကိုယ်ကို တိုးတက် ပြောင်းလဲခြင်းဆိုင်ရာ အခွင့်အလမ်းတွေနဲ့ချိတ်ဆက်နိုင် ဖို့အတွက် အခု အစီအစဉ်လေးမှာပါဝင်ဖို့အမြန်ဆုံး စာရင်း ပေးထားလိုက်တော့နော်..။
·························································
LinkedIn : https://bit.ly/40NcPR0
#ဆည်းပူး
#လူငယ်ဆင်နွှဲပညာပွဲ
07/09/2025
📩 ❝ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 ❞ 🤝🏻
🔰 𝑺𝒊𝒊 𝑷𝒖𝒖 🤝🏻 HeAA Foundation
🔰 ဆည်းပူးသူတို့ရဲ့ စိတ်ကျန်းမာရေးအတွက် အရေးကြီးတဲ့ ပရိုဂရမ်လေးတစ်ခုကို မိဆက်ပေးပါမယ်နော်..
🔰 ဒီအစီအစဉ်လေးကတော့.. HeAAF ကနေပြီးတော့ ❝ September Support ❞ ၇-ရက်တာ Virtual Workshop Program ကို အခု စက်တင်ဘာလ ၁၀-ရက်နေ့မှာ မှာကျရောက်မဲ့ World Su***de Prevention Day အတွက် အဓိက ရည်ရွယ်ပြီးတော့ စီစဉ်ထားပေးထားတာပဲ ဖြစ်ပါတယ်..။
🔰 အခုကာလမှာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် လက်လွှတ်ခံလို့ မဖြစ်တဲ့ ဒီအစီအစဉ်လေးကို မသိသေးဘူးဆိုရင်တော့ အောက်က Link က တဆင့်အခုပဲ ပြေးဖတ်လိုက်တော့နော်..။
Program Announcement:
https://www.facebook.com/share/p/1DPPG7CU79/?mibextid=wwXIfr
~ 1, 2, 3 & 4 Days Details Announcement:
https://www.facebook.com/share/p/17FMeWHp8p/?mibextid=wwXIfr
~ 5, 6 & 7 Days Details Announcement:
https://www.facebook.com/share/p/16ZwMEYcrc/?mibextid=wwXIfr
🔰 ယနေ့ကာလမှာ လူတိုင်းကြုံနေကြရတဲ့ မတူညီတဲ့ အဆင်မပြေမှု အခြေအနေအမျိူးမျိုးကို အခြေခံတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအကြောင်းနဲ့ အခြေအနေတိုင်းအတွက် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုတွေ ဘာတွေဖြစ်မလဲ ဆိုတဲ့အချက်တွေနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်းအရာတွေ၊ နောက်ဆက်တွဲ ဖြစ်တဲ့ ကာကွယ်မှု၊ ရင်ဆိုင်ကျော်ဖြတ်ကြဖို့နဲ့ အတူတကွပြောင်းလဲကြဖို့ ဘာတွေလုပ်ဆောင်သွားမလဲဆိုတဲ့ အကြောင်းအရာတွေကို ၇-ရက်တာ ကာလ အဖြစ် သတ်မှတ်ပြီး နေ့စဉ် မတူညီတဲ့ ခေါင်းစဉ်မျိုးကို ဖိတ်ခေါ်ပေးထားတဲ့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေကနေပြီး မျှဝေပေးပြီး Participants တွေကိုယ်တိုင်ကပါ ပါဝင်ပြီး နေ့စဉ် Group Works တွေလုပ်ဆောင်ရင်း စိတ်ကျန်းမာရေးပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံ လေ့လာသင်ယူကြရမဲ့ ❝ September Support ❞ ၇-ရက်တာ Virtual Workshop Program လေးပဲဖြစ်ပါတယ်။
🔰 နေ့စဉ်နေ့တိုင်းမှာ မတူညီတဲ့ခေါင်းစဉ်နဲ့အကြောင်း အရာ တွေကို ၇ ရက်တာ မျှဝေပေးသွားမဲ့ အခု ❝ September Support ❞ Virtual Workshop Program လေးကို ဆိုရင်.. HEAA Foundation က ဦးဆောင်ပြီး..
1. Youth Know-Versity
2. The Forward Society
3. ADORE Mental Well-being & Care
4. Sii Puu Institute
5. MIND - Monitoring in New Dimensions
6. mental heal
7. World Health Institute - Myanmar
8. Project i
စတဲ့ Organization အသီးသီးတို့က Social Media Partnership ကူညီပံ့ပိုးမှုတွေနဲ့ လူငယ်တွေအတွက် အကောင်းဆုံး အဆင်ပြေချောမွေ့စွာ လက်တွေ့အကောင်အထည်ဖော် ပြုလုပ်သွားမှာဖြစ်ပါတယ်..။
🔰 ❝ September Support ❞ Virtual Workshop Program လေးမှာ 𝑺𝒊𝒊 𝑷𝒖𝒖 ကလည်း Media Partnership အနေနဲ့ ပါဝင် အားဖြည့်ပေးထားတာဖြစ်ပြီးတော့ အခုအစီအစဉ်လေးကို စိတ်ကျန်းမာရေးကို အလေးထားတဲ့ လူငယ်တွေအနေနဲ့ လက်လွှတ်မခံပဲ ပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်..။
🔰 ❝ September Support ❞ Virtual Workshop Program မှာပါဝင်ခြင်းကတဆင့်..
~ ✦ နည်းပညာခေတ် လူငယ်တွေနဲ့ စိတ်ကျန်းမာရေး
✦ တိတ်ဆိတ်ခြင်းရဲ့ နောက်ကွယ် လူငယ်နဲ့ မိမိကိုယ်ကို အဆုံးစီရင်ခြင်း
✦ အသက်အရွယ်အပိုင်းအခြားတွေကြား ရှိနေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ
✦ ပတ်သက်ဆက်နွယ်မှု(relationship)တွေကြားက စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ
✦ ဆယ်ကျော်သက်လူငယ်တွေရဲ့ လိင်နဲ့မျိုးဆက်ပွါးကျန်းမာရေး အခြေပြုတဲ့ စိတ်ကျန်းမာရေး
စသဖြင့် မတူညီတဲ့ အကြောင်းအရာတွေကို လေ့လာရင်း နေ့စဉ်နေ့တိုင်းမှာ ကိုယ်တိုင်ကလည်း ပါဝင်ပြီး လုပ်ဆောင်ရမဲ့ အစီအစဉ်လေးတွေ ပါရှိတာမို့.. လုံးဝ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်..။
🔰 ❝ September Support ❞ Virtual Workshop Program လေးရဲ့ အသေးစိတ်အချက်အလက်တွေကတော့…
🗓️ Date: 8th - 14th Septembe, 2025
⏰ Time: 7:00 PM to 9:00 PM
🌐 Platform: Zoom (Virtual Program)
တို့ပဲဖြစ်ပါတယ်။ 🙆♀️
🔰 အခုလာမဲ့ စက်တင်ဘာလ ၈ ရက်နေ့က စပြီး ၁၄ ရက်နေ့အထိ ညနေ (၇) နာရီကနေ (၉) နာရီအထိ ၇ ရက်တိတိ ပြုလုပ်သွားမဲ့ ❝ September Support ❞ Virtual Workshop Program လေးကို တက်ရောက်နိုင်ဖို့အတွက် အောက်မှာပေးထားတဲ့ Registration Form မှာ အမြန်ဆုံး Register လုပ်ထားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 📢
🔰 Registration ဖောင်မှာ ကိုယ့်ရဲ့ Telegram Username လေး ဖြည့်ဖို့လိုပြီး ဖောင်ဖြည့်ပြီးတဲ့ အခါ ကျလာမဲ့ Telegram Group လေးကိုလည်း Join ထားပေးကြပါဦးနော်..။
🖇️ Registration Form Link 🖇️
https://forms.gle/e9x2Vai25FMgRmAeA
🔰 ကိုယ်နဲ့အတူ ကိုယ့်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ Social Media က Friend တွေပါ ❝ September Support ❞ Virtual Workshop Program လေးမှာ ပါဝင်ပြီး နေ့စဉ်ဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲနဲ့ အဆင်မပြေမှုတွေအတွက် အဖြေရှာနိုင်ဖို့ရာအတွက် အခုပိုစ့်လေးကို Share သွားဖို့လည်း မမေ့နဲ့ဦးနော်..။
·························································
LinkedIn : https://bit.ly/40NcPR0
#ဆည်းပူး
28/06/2025
✨ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 ✨
🔰 ဆည်းပူးသူတို့အနေနဲ့ 𝐒𝐞𝐱 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နဲ့ပတ်သက်ပြီး လုံလောက်တဲ့ဗဟုသုတ မရှိရင်တော့ လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ခံစားရမှာပဲ ဖြစ်ပြီး ဒါဟာ လူသားအရင်းအမြစ်တွေကို ဆုံးရှုံးစေတဲ့ နောက်ကွယ်အကြောင်းအရင်းထဲကတစ်ခုဆိုလည်း မမှားပါဘူး။ ‼️
🔰 ဒီတစ်ခါမှာတော့ 𝑺𝒊𝒊 𝑷𝒖𝒖 က 𝑴𝙚𝒅𝙞𝒂 𝒑𝙖𝒓𝙩𝒏𝙚𝒓𝙨𝒉𝙞𝒑 အနေနဲ့ ပါဝင်ထားပြီးတော့ HEAA Foundation နဲ့ World Health Institute Myanmar တို့က ပြုလုပ်ပေးသွားမဲ့ လူငယ်တွေအနေနဲ့ သိသင့်သိထိုက်တဲ့အရာတွေထဲမှာ အဓိကကျတဲ့ အရာဖြစ်တဲ့ 𝐒𝐞𝐱 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 Health Talk လေး တစ်ခု အကြောင်း ပြောပြပေးပါမယ်နော်..။
🔰 “𝐒𝐚𝐟𝐞 𝐂𝐡𝐨𝐢𝐜𝐞𝐬” လို့ အမည်ပေးထားတဲ့ အခု 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐓𝐚𝐥𝐤 𝐖𝐞𝐛𝐢𝐧𝐚𝐫 လေးကို
🗓️ 𝐃𝐚𝐭𝐞: 𝟐𝟗.𝟎𝟔.𝟐𝟎𝟐𝟓
🕖 𝐓𝐢𝐦𝐞: 𝟕:𝟎𝟎 𝐏.𝐌. 𝐭𝐨 𝟗:𝟎𝟎 𝐏.𝐌.
💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐕𝐢𝐫𝐭𝐮𝐚𝐥 𝐙𝐨𝐨𝐦 ကတဆင့် ပြုလုပ် သွားမှာဖြစ်ပြီး အသက် 𝟏𝟑 နှစ်အရွယ်လူငယ်တွေ ကစလို့ လူကြီးတွေ ပါတက်ရောက်နိုင်ပါတယ်။
🔰 “ 𝐒𝐚𝐟𝐞 𝐂𝐡𝐨𝐢𝐜𝐞𝐬: 𝐀 𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐆𝐮𝐢𝐝𝐞 𝐭𝐨 𝐒𝐞𝐱 𝐇𝐞𝐚𝐥𝐭𝐡 𝐚𝐧𝐝 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ 𝐕𝐢𝐫𝐭𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐓𝐚𝐥𝐤 𝐖𝐞𝐛𝐢𝐧𝐚𝐫 လေးမှာဆိုရင်တော့.. 𝐆𝐮𝐞𝐬𝐭 𝐒𝐩𝐞𝐚𝐤𝐞𝐫 အနေနဲ့ ပါ၀င်သွားမှာကတော့ 𝐃𝐫. 𝐇𝐚𝐧 𝐌𝐢𝐧 𝐁𝐨 ဖြစ်ပါတယ်။
🔰 𝐃𝐫. 𝐇𝐚𝐧 𝐌𝐢𝐧 𝐁𝐨 ဟာဆိုရင် စက်ရုံ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေမှာ ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြုလုပ်ပေးလျက်ရှိပြီး မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်သူတွေရဲ့ 𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 အတွက်လည်း 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 တွေပြုလုပ်ပေးနေပါတယ်။ ဒါ့အပြင် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧𝐬 တွေဖြစ်တဲ့ 𝐈𝐑𝐂 (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐞𝐬𝐜𝐮𝐞 𝐂𝐨𝐦𝐦𝐢𝐭𝐭𝐞𝐞), 𝐏𝐥𝐚𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥, 𝐃𝐊𝐓 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐆𝐫𝐨𝐮𝐩 တို့မှာလည်း လုပ်ကိုင်ခဲ့သူဖြစ်ပြီးတော့ မိဘတွေ၊ ဆရာ ဆရာမတွေ နဲ့ အထူးသဖြင့် လူငယ်တွေအတွက် 𝐒𝐞𝐱 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧, 𝐇𝐈𝐕, 𝐀𝐈𝐃𝐒 ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 မှာ 𝐂𝐨𝐧𝐭𝐞𝐧𝐭 တွေ 𝐒𝐡𝐚𝐫𝐢𝐧𝐠 လုပ်ပေးလျက်ရှိပါတယ်။
🔰 အခု “𝐒𝐚𝐟𝐞 𝐂𝐡𝐨𝐢𝐜𝐞” 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐓𝐚𝐥𝐤 𝐖𝐞𝐛𝐢𝐧𝐚𝐫 မှာ 𝐃𝐫. 𝐇𝐚𝐧 𝐌𝐢𝐧 𝐁𝐨 ကနေ ပြီးတော့..
✅ အန္တရာယ်ကင်းတဲ့ 𝐒𝐚𝐟𝐞 𝐒𝐞𝐱 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 အကြောင်း
✅ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေအကြောင်း
✅ 𝐒𝐞𝐱 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေအကြောင်း
✅ 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 နဲ့ပတ်သက်ပြီး မှန်ကန်တဲ့ရွေးချယ်မှုတွေကို ယုံကြည်မှုရှိရှိ လုပ်ဆောင်နိုင်မဲ့ နည်းလမ်းတွေအကြောင်းကို အဓိကထား ဝေမျှပေးသွားမှာဖြစ်ပါတယ်။
🔰 အခု 𝐇𝐞𝐚𝐥𝐭𝐡 𝐓𝐚𝐥𝐤 𝐖𝐞𝐛𝐢𝐧𝐚𝐫 လေးကို တက်ရောက်ခြင်းကတဆင့်..
▪️လူငယ်တွေအနေနဲ့ 𝐒𝐞𝐱 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 အကြောင်း ပိုမိုသတိထားသိရှိလာမယ် 💡
▪️𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 နဲ့ ပတ်သက်တဲ့ လွဲမှားနေတဲ့ အယူအဆတွေကို ဖယ်ရှားနိုင်မယ် 🚫
▪️𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 နဲ့ဆက်စပ်ပြီး အကူအညီလိုလာတဲ့အခါ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုလာနိုင်ဖို့ရည်ရွယ်ပြုလုပ်ရခြင်းပဲဖြစ်ပါတယ်။
🔰 𝐓𝐚𝐛𝐨𝐨 တစ်ခုလိုဖြစ်နေတဲ့ 𝐒𝐞𝐱 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 အကြောင်းတွေကို သိရှိပြီး ပွင့်လင်းစွာဆွေးနွေးနိုင်ဖို့ 𝐖𝐞𝐛𝐢𝐧𝐚𝐫 လေးကို တက်ရောက်ဖို့ အခုပဲ 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 လုပ်လိုက်ပါ။ 👇
🔗 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐋𝐢𝐧𝐤:
https://forms.gle/FRtYiVyEzswEmgMH8
🔰 ဆည်းပူးသူတို့ အနေနဲ့ ကိုယ့်ကိုယ်ကို တိုးတက် ပြောင်းလဲဖို့ အခု အခွင့်အရေးလေးကို လက်မလွှတ်ပဲ ပါဝင်နိုင်ဖို့ အမြန်ဆုံး စာရင်း ပေးလိုက်တော့နော်..။
·························································
LinkedIn : https://bit.ly/40NcPR0
#ဆည်းပူး
23/05/2025
✨ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 ✨
🔰 ဆည်းပူးသူတို့အတွက် အခုတခါမှာတော့ မရှိမဖြစ် အခြေခံတွေထဲက လေ့လာစရာတစ်ခုဖြစ်တဲ့ English Skills တိုးတက်စေနိုင်မဲ့ အစီအစဉ်လေးကိုပြောပြပေးမယ်နော်..။
🔰 ဟူတ်ပါတယ် English Skills က ယနေ့ခေတ်မှာ အခြေခံ Skills တစ်ခုဖြစ်လာနေပြီး လေ့လာစရာနေရာတွေအများကြီးရှိနေတဲ့ထဲက 𝑺𝒊𝒊 𝑷𝒖𝒖 က 𝑴𝙚𝒅𝙞𝒂 𝒑𝙖𝒓𝙩𝒏𝙚𝒓𝙨𝒉𝙞𝒑 အနေနဲ့ ပါဝင်ထားပြီးတော့ Meridian Education Institute က ဦးဆောင်ဖွင့်လှစ်ပေးထားတဲ့ English Conversation Club လေးကတော့… English Speaking practice လုပ်လိုသူ ဆည်းပူးသူတို့အတွက် လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုပဲနော်..။
🔰 ဒီ Club လေးက May 24 ကနေပြီးတော့ June 15 ရက်နေ့အထိ ရှိနေမှာဆိုတော့ ကျောင်းသားတွေဘက်က Commitment တစ်ခုပဲပေးတာနဲ့ Speaking ကတော့ မလွဲဧကန်တိုးတက်သွားမှာအသေအချာပါပဲနော်။
🔰 ဘယ်လို လူတွေတက်ရောက်သင့်လဲ❔
💫English speaking ကို confident ရှိရှိပြောတတ်ချင်သူများ
💫 Club တစ်ခုလုံးက improve ဖြစ်ဖို့ ရည်ရွယ်ထားတဲ့အတွက် အမှန်တကယ်တိုးတက်ချင်သူများ
💫IELTS speaking exam အတွက် ပြင်ဆင်နေသူများ
💫အတန်းထဲမှာ သူငယ်ချင်းအသစ်တွေရပြီး communication skills ကောင်းချင်သူများ တက်ရောက်ဖို့အသင့်တော်ဆုံး Club တစ်ခုပါပဲ။
🔰 Week 1 မှာတော့ Icebreaker Activities & Introduction အစီအစဥ် ရှိမှာဖြစ်တဲ့အတွက် မိမိရဲ့ကျောင်းပိတ်ရက်နဲ့အားလပ်ရက်တွေကို အကျိုးရှိရှိ ကုန်ဆုံးချင်ကြသူများ Join သင့်ပါတယ်ရှင်။
🔰 Club လေးက အပတ်စဥ်ရှိမှာ ဖြစ်တဲ့အတွက် weekly register လုပ်ထားဖို့တော့လိုအပ်ပါမယ်ရှင်။
🔰 Club အစီအစဉ် တစ်ခုလုံးက 100% Free of Charge ဖြစ်ပြီးတော့ Club attendence 50% ပြည့်ရင် Certificate လည်းရဦးမှာဆိုတော့လက်ဦးမှုသာအမြန်ယူလိုက် ကြတော့နော်။💯
🔰“ English Conversation Club ” မှာ ပါဝင်ဖို့အတွက်ဆိုရင်တော့ ပေးထားတဲ့ Link လေးမှာ Register လုပ်ပေးထားရုံပါပဲနော်။ 📚📒
🔗 Registration Form: https://docs.google.com/forms/d/e/1FAIpQLSe1aM5wdI2bb1U0C8kU1GFzdDoCycEKxDheNGRfq2vyk2aHlw/viewform?usp=dialog
🔰 “ English Conversation Club ” အစီအစဉ် ရဲ့ အသေးစိတ်ကို သိရှိလိုပါက MEI ရဲ့ မူရင်း Post
https://www.facebook.com/share/p/18e9YCK2w3/?mibextid=wwXIfr မှာ ဖတ်ရှုနိုင်ပါတယ်။
🔰 ဆည်းပူးသူတို့ အနေနဲ့ ကိုယ့်ကိုယ်ကို တိုးတက် ပြောင်းလဲဖို့ အခု အခွင့်အရေးလေးကို လက်မလွှတ်ပဲ ပါဝင်နိုင်ဖို့ အမြန်ဆုံး စာရင်း ပေးလိုက်တော့နော်..။
·························································
LinkedIn : https://bit.ly/40NcPR0
#ဆည်းပူး
15/05/2025
✨ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 ✨
🔰 လေ့လာဆည်းပူး စရာတွေကြားမှာ ဘယ်ဟာကို လုပ်ရမလဲ မသိပဲ ရွေးချယ်စရာတွေကြား စိတ်ရှုပ်ပြီး လမ်းပျောက်နေကြပြီလား ဆည်းပူးသူတို့ရေ…??
🔰 𝑺𝒊𝒊 𝑷𝒖𝒖 အနေနဲ့ အခုတခါမှာတော့ ဆည်းပူးသူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေလည်း ပေါ့ပါးသွားစေဖို့နဲ့ ကိုယ့်ရဲ့ လေ့လာဆည်းပူးမှု စွမ်းရည်ကိုလည်း လေ့ကျင့်ပြီးသား ဖြစ်စေမဲ့ အစီအစဉ်တစ်ခုကို ပြောပြပေးမယ်နော်..။
🔰 ဒီအစီအစဉ်လေးကိုတော့ Conversa English ကစီစဉ်ပြုလုပ်တာဖြစ်ပြီးတော့ 𝑺𝒊𝒊 𝑷𝒖𝒖 အနေနဲ့ 𝑴𝙚𝒅𝙞𝒂 𝒑𝙖𝒓𝙩𝒏𝙚𝒓𝙨𝒉𝙞𝒑 အဖြစ် ပါဝင်ထားတဲ့ “𝑴𝒆𝒆𝒕 𝑴𝒚 𝑺𝒐𝒖𝒍” Healing & Journal Writing Project လေးပဲ ဖြစ်ပါတယ်..။
🔰 “𝑴𝒆𝒆𝒕 𝑴𝒚 𝑺𝒐𝒖𝒍” Project ကတော့ အခြေအနေအရပ်ရပ်ကြောင့်ရော သဘာဝ ဘေးအန္တရာယ်ကြောင့်ပါ စိတ်ထိခိုက်ခံစားရသူများအတွက် Journal Writing ကိုအခြေခံ၍ Emotional Healing နဲ့အတူ 𝑬𝒏𝒈𝒍𝒊𝒔𝒉 𝑾𝒓𝒊𝒕𝒊𝒏𝒈 ကို တိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့်စတင်ထားတဲ့ Project တစ်ခုပဲဖြစ်ပါတယ်။
🔰ကိုယ်ရေးသားထားတဲ့ Journal ကနေပြီးတော့ ကိုယ့်ရဲ့ စိတ်ခံစားချက်များကို ကုစားနိုင်မှာ ဖြစ်ပြီးတော့ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်နားလည်မှုကိုဖြစ်ပေါ်လာစေမယ့် Safe & Supportive Space တစ်ခုကိုဖန်တီးပေးမှာလည်း ဖြစ်ပါတယ်။
🔰“𝑴𝒆𝒆𝒕 𝑴𝒚 𝑺𝒐𝒖𝒍” ကို Join ခြင်းဖြင့်
✨ ကိုယ် ဖွဲ့စည်းတည်ဆောက်ထားတဲ့ Journaling prompts များမှတစ်ဆင့် ဘေးကင်းလုံခြုံသောစိတ်ခံစား မှုထွက်ပေါက်ကိုရရှိစေမယ်။
✨ ဘေးအန္တရာယ်ဖြစ်ပြီးနောက် Mental Healing နဲ့ Emotional Resilience တွေကိုပံ့ပိုးပေးနိုင်မယ်။
✨ ပါဝင်သူတွေအနေနဲ့ English Writing Skills နဲ့ အသုံးအနှုန်းတွေကိုနားလည်ပြီး တိုးတက်စေဖို့ကိုလည်း အထောက်အကူဖြစ်စေမယ်။
✨ တစ်ဦးနဲ့တစ်ဦး ရေးသားထားတဲ့စိတ်ခံစားချက်တွေကို မျှဝေခြင်းမှတဆင့် ကောင်းမွန်တဲ့ Community ကို မြှင့်တင်နိုင်မယ်။
✨ Professional Counsellors တွေနဲ့ အတူ ဆွေးနွေးနိုင်မယ့် Healing session တွေလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။ 📚📒
🔰 “𝑴𝒆𝒆𝒕 𝑴𝒚 𝑺𝒐𝒖𝒍” Journaling Project မှာ ပါဝင်ဖို့အတွက်ဆိုရင်တော့ ပေးထားတဲ့ Link လေးမှာ Register လုပ်ပေးထားရုံပါပဲနော်။
🔗 Registration Form:
https://docs.google.com/forms/d/e/1FAIpQLSczlqnxykH4YbFZquRswObFSvDTYBDtnShP4DtxTrAbupT7gg/viewform?pli=1
🔰“𝑴𝒆𝒆𝒕 𝑴𝒚 𝑺𝒐𝒖𝒍” ရဲ့ အသေးစိတ်ကို သိရှိလိုပါက Conversa English ရဲ့ မူရင်း Post https://www.facebook.com/share/p/1DjGtjUvmW/?mibextid=wwXIfr မှာ ဖတ်ရှုနိုင်ပါတယ်။
🔰 ဆည်းပူးသူတို့ အနေနဲ့ ကိုယ့်ကိုယ်ကို တိုးတက် ပြောင်းလဲဖို့ အခု အခွင့်အရေးလေးကို လက်မလွှတ်ပဲ ပါဝင်နိုင်ဖို့ သတ်မှတ်ရက်မတိုင်ခင် အမြန်ဆုံး စာရင်း ပေးလိုက်တော့နော်..။
·························································
LinkedIn : https://bit.ly/40NcPR0
#ဆည်းပူး