03/01/2026
❝ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ❞
Myanmar Independence Day
ဇန်နဝါရီလ (၄) ရက်နေ့ ၊ ၂၀၂၆ ခုနှစ်။
မြန်မာ့လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော သူရဲကောင်းများအား အောက်မေ့တမ်းတရင်း လွတ်လပ်ရေးနေ့ကို လေးစားမြတ်နိုး ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
#လွတ်လပ်ရေးနေ့
24/12/2025
Merry Christmas! Wishing you a joyful, peaceful, and happy holiday season! 🎄🎁
ပျော်ရွှင်စရာ ခရစ္စမတ် ပိတ်ရက်လေး ဖြစ်ပါစေ။🎅
06/10/2025
🌕✨သီတင်းကျွတ်လပြည့်နေ့အခါသမယမှာ လိုရာဆန္ဒပြည့်ဝပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း Hsuzen Language Services မှ ဆုမွန်ကောင်းပို့သအပ်ပါတယ်။ ✨🎇
✨🎊Happy Thadingyut Festival!🎊✨
09/07/2025
𝐖𝐚𝐫𝐦 𝐖𝐢𝐬𝐡𝐞𝐬 𝐟𝐨𝐫 𝐖𝐚𝐬𝐨 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧 𝐃𝐚𝐲 𝐟𝐫𝐨𝐦 𝐇𝐬𝐮𝐳𝐞𝐧 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 @ 𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐟𝐨𝐫 𝐘𝐨𝐮!
🌕✨ On this special Waso Full Moon Day, we wish you and your loved ones an abundance of peace, joy, and prosperity. May your celebrations be bright and your hearts be light. 🙏
01/05/2025
Happy International Labour Day 👷🏼👷🏼🎉
မေလ (၁) ရက်နေ့တွင်ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့”အား Burmese For You @ Hsuzen Language Services မှ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
#အလုပ်သမားနေ့
17/04/2025
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်သစ်ချိန်ခါမှစ၍ တစ်နှစ်တာကာလပတ်လုံး ဘေးဘယာကင်းဝေးပြီး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း Hsuzen Language Services မှ ဆုမွန်ကောင်း ပို့သလိုက်ရပါတယ်။
Today marks the first day of the Myanmar Calendar New Year, 1387. Hsuzen Language Services wishes you a year filled with safety, joy, and prosperity starting from this very day.
今天是缅历1387年新年的第一天。Hsuzen Language Services 祝您从今天开始,度过平安、快乐、繁荣的一年。
17/03/2025
Hello everyone!🥰
Welcome to the Burmese For You Podcast!🎧
We are happy to share our first podcast episode, which was specially made for those learning the Burmese language.
Any learner who has passed the Burmese Beginner Level can learn from this podcast, as
we use simple and practical daily expressions to help you learn quickly. We aim to support your Burmese learning journey by providing a fun and lighthearted listening experience—like tuning in to the radio! We hope you can improve your Burmese listening and speaking skills by listening to this podcast.🫶🏻
Feel free to leave a message in the comments if you have any suggestions for podcasts or topics you’d like to learn about.
You can listen to our first episode on YouTube at the link below:❗️
Ep1 # https://youtu.be/l-OXjlnbC6s?si=Tb9OBLuYeJ1xIX7K
အားလုံးပဲ မင်္ဂလာပါ။ 🥰
Burmese For You Podcast အစီအစဉ်လေးကနေ ကြိုဆိုလိုက်ပါတယ်။
ဒီတစ်ခါမှာတော့ Burmese For You ကနေမြန်မာဘာသာစကားလေ့လာနေသူတွေအတွက် အဓိက ရည်ရွယ်ပြီး podcast လေးတွေ စီစဉ်ပေးထားပါတယ်။
နားလည်ရလွယ်ကူတဲ့ နေ့စဉ်သုံးစကားလုံးလေးတွေကို အသုံးပြုထားတာကြောင့်
မြန်မာဘာသာ အခြေခံအဆင့်ရှိထားရုံနဲ့တင် ဒီ Podcast လေးတွေကနေ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ ရေဒီယိုနားထောင်သလို ပေါ့ပေါ့ပါးပါး နားထောင်ရင်း လေ့လာနိုင်မှာဖြစ်ပြီး မြန်မာဘာသာစကား နားထောင်မှုစွမ်းရည်နဲ့ အပြောစွမ်းရည်တွေ တိုးတက်လာစေဖို့ မျှော်လင့်ပါတယ်။
Podcast နဲ့ပတ်သက်လို့ အကြံပြုချင်တာ သို့မဟုတ် နားထောင်ချင်တဲ့ ခေါင်းစဉ်လေးတွေရှိရင် မန့်ထဲမှာ ရေးသားအကြံပြုခဲ့ပေးဖို့ ဖိတ်ခေါ်ပါတယ်။
Podcast တွေကို ဖော်ပြပါ YouTube လင့်ကနေတဆင့် နားထောင်လို့ရပါတယ်။ ❗️
Ep1 # https://youtu.be/l-OXjlnbC6s?si=Tb9OBLuYeJ1xIX7K
Burmese Beginner
Ep 1 Hobbies
28/01/2025
မြန်မာစာပေပညာရှင်၊ မြန်မာဘာသာဗေဒနယ်ပယ်အတွက် ဦးဆောင်လမ်းပြပေးခဲ့သူ၊ မြန်မာစာလောကတစ်ခုလုံး ချစ်ခင်လေးစားရပါသော ဆရာကြီး ဒေါက်တာဦးခင်အေး ( စာရေးဆရာ မောင်ခင်မင်-ဓနုဖြူ) ရုတ်တရက်ကွယ်လွန်သွားကြောင်း ကြားသိရ
သည့်အတွက် ကျွန်မတို့ ဆုဇံမိသားစုမှ စိတ်မကောင်းခြင်းများစွာဖြင့် နှမြောတသ အထူးဝမ်းနည်းကြေကွဲရပါသည်။
ဆရာကြီး ကောင်းရာသုကတိလားပါစေ။
We, the Hsuzen family, are deeply saddened by the sudden passing of Dr. U Khin Aye (writer Maung Khin Min-Dhanuphyu), a distinguished Burmese literary scholar, a trailblazer in the field of Burmese linguistics, and a revered figure in the Burmese literary community. His contributions to Burmese literature and linguistics will forever be remembered with respect and admiration.
May his soul rest in peace.
မြန်မာစာပေပညာရှင် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်
မြန်မာစာပေပညာရှိအဖြစ်ထင်ရှားတဲ့ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၈ ရက် ညသန်းခေါင် ၁၂ နာရီခွဲ အချိန်မှာ ရုတ်တရက်ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေက ထုတ်ပြန်ပါတယ်။
အမည်ရင်း ဦးခင်အေးဖြစ်တဲ့ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ) ဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနရဲ့ ပါမောက္ခအဖြစ် တာဝန်ထမ်းခဲ့သလို မြန်မာစာပေနဲ့ ပတ်သက်ပြီး စာအုပ်နဲ့ ဆောင်းပါးပေါင်းများစွာကိုရေးသားခဲ့သူဖြစ်ပါတယ်။
၁၉၄၀ ပြည့်နှစ် ၊ ဇန်နဝါရီ ၂၄ ရက် မှာ ဧရာဝတီတိုင်း၊ဓနုဖြူမြို့ ကျုံတစ်နီးကျေးရွာမှာမွေးဖွားခဲ့တဲ့ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပါတယ်။
ဆရာကြီးမောင်ခင်မင် ရဲ့ စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ စာအုပ်ဟာ ထင်ရှားတဲ့စာအုပ်ဖြစ်ပြီး မြန်မာစာအတွက် ကျမ်းကိုးပြုရတဲ့စာအုပ်အဖြစ်ထင်ရှားပါတယ်။
မြန်မာစာပေနဲ့ မြန်မာကဗျာအပါအဝင် မြန်မာစာအသုံးနဲ့ ပတ်သက်ပြီး ရေးသားခဲဲ့တဲ့အထဲမှာ စကားပြေသဘော တရား၊ စကားပြေအတတ်ပညာ၊ မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ၊ စာပေသမုဒ္ဒရာ၌လက်ပစ်ကူးခြင်း၊ စကားသမုဒ္ဒရာ-စာသမုဒ္ဒရာစတဲ့ စာအုပ်တွေက ထင်ရှားပါတယ်။
ဆရာကြီးဟာ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာပေဆုတွေ အပါအဝင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ကိုချီးမြှင့်ခံထားရသူဖြစ်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #မောင်ခင်မင်(ဓနုဖြူ) #မြန်မာစာပေ
04/01/2025
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐝𝐞𝐩𝐞𝐧𝐝𝐞𝐧𝐜𝐞 𝐃𝐚𝐲!🇲🇲
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် နေ့တွင် ကျရောက်သော (၇၇) ကြိမ် မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါတယ် ရှင့်။
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐈𝐧𝐝𝐞𝐩𝐞𝐧𝐝𝐞𝐧𝐜𝐞𝐃𝐚𝐲
#လွတ်လပ်ရေးနေ့