Warriors College Of Advanced Studies

Warriors College Of Advanced Studies

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Warriors College Of Advanced Studies, Education, Dhammathuka Kyaung Street , Hlaing Township, Yangon.

27/04/2026

Warriors College နှင့်အတူ တွဲဖက်လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ 🎓✨

🔥 Hiring Now:
• Computing Lecturers (Programming, Web Dev, Networking, Computer Systems)
• Business Lecturers (Management, Economics, HR, Finance and Accounting)

Warriors College of Advanced Studies သည် ဗြိတိန်နိုင်ငံအခြေစိုက် NCC Education (UK) ၏ တရားဝင်အသိအမှတ်ပြု Partner ဖြစ်သည်နှင့်အညီ နိုင်ငံတကာစံနှုန်းမီ သင်ရိုးညွှန်းတမ်းများကို သင်ကြားပို့ချပေးရန် Lecturers များစွာကို ဖိတ်ခေါ်လျက်ရှိပါသည်။

✅ လိုအပ်ချက်များ
• သက်ဆိုင်ရာဘာသာရပ်ဖြင့် ဘွဲ့ (သို့မဟုတ်) မဟာဘွဲ့ ရရှိထားသူဖြစ်ရမည်။
• နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်ရမည်။
• အင်္ဂလိပ်စာ အရည်အချင်း (Speaking & Writing) ကောင်းမွန်ရမည်။
• သင်ကြားမှုအတွေ့အကြုံ (အနည်းဆုံး ၂ နှစ်) ရှိရပါမည်။

🌟 Warriors College တွင် လုပ်ကိုင်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ:
• Professional ဆန်သော လုပ်ငန်းခွင်ဝန်းကျင်။
• UK စံနှုန်းမီ သင်ကြားရေးစနစ်နှင့် ထိတွေ့ခွင့်ရခြင်း။
• သင့်တင့်မျှတသော လစာနှင့် ခံစားခွင့်များ။

စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV ကို အောက်ပါ Google Form သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
လျောက်ထားရန် Link - https://forms.gle/LnnRahGXs3NXCxQcA

21/04/2026

နိုင်ငံတကာအသိအမှတ်ပြု UK ဘွဲ့ကို မြန်မာနိုင်ငံမှာတင် ရယူပိုင်ဆိုင်နိုင်ပြီ! 🎓
IGCSE, GED, Grade 10/11/12 ပြီးဆုံးထားတဲ့ ကျောင်းသူကျောင်းသားများအတွက် ရှေ့ဆက်မယ့် ပညာရေးခရီးလမ်းမှာ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်ဖို့အတွက် Warriors College of Advanced Studies မှာ အရည်အသွေးမြင့်မားလှတဲ့ NCC Education (UK) ရဲ့ HND Diploma သင်တန်းများကို မကြာမီစတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ် ✨

🚀 NCC Level 3 & Level 4 & Level 5 Diploma သင်တန်းများမှတစ်ဆင့် ပြီးဆုံးသွားပြီးရင်လည်း University of Greater Manchester မှ ချီးမြှင့်သော 💻 B.Eng (Hons) Software Engineering ဘွဲ့နှင့် 💼 B.Sc (Hons) Business Management ဘွဲ့များကို ပြည်တွင်းမှာပဲ ဖြစ်ဖြစ် ပြည်ပမှာပဲ ဖြစ်ဖြစ် တိုက်ရိုက်တက်ရောက်နိုင်တော့မှာလည်း ဖြစ်ပါတယ် ။

🤔 NCC ဆိုတာ ဘာလဲ ?? NCC Education ဟာ ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်ပေါင်းများစွာနဲ့ ချိတ်ဆက်ထားတာကြောင့် ကျောင်းသား/သူများအတွက် အောက်ပါအခွင့်အလမ်းတွေ ရရှိမှာဖြစ်ပါတယ် -
✅ Credit Transfer: UK နှင့် အခြားနိုင်ငံတကာတက္ကသိုလ်များသို့ အမှတ်ကူးပြောင်းတက်ရောက်နိုင်ခြင်း။ ✈️
✅ Direct Entry: ဘွဲ့နောက်ဆုံးနှစ် (Final Year) ကို ပြည်တွင်းကနေသော်လည်းကောင်း၊ ပြည်ပမှာသော်လည်းကောင်း တိုက်ရိုက်တက်ရောက်နိုင်ခြင်း။ 🏫
✅ Global Recognition: ကမ္ဘာအနှံ့အသိအမှတ်ပြုတဲ့ Diploma များ ရရှိခြင်း။ 🌍
အနာဂတ်ကို ကမ္ဘာ့အဆင့်မီ ပညာရေးနဲ့ စတင်ဖို့ အဆင်သင့်ပဲလား? 🌟
📩 အသေးစိတ်ကို Messenger မှတစ်ဆင့် အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီ။

10/04/2026

"UK နိုင်ငံ ထိပ်တန်းတက္ကသိုလ် တစ်ခုကနေ ဘွဲ့ရဖို့ ဘယ်လိုစရမလဲ? နိုင်ငံတကာအသိအမှတ်ပြု ပညာရေးလမ်းကြောင်းကို ရှာဖွေနေသူများအတွက် NCC Education အကြောင်း သိကောင်းစရာ"

NCC Education ဆိုတာ ဗြိတိန်နိုင်ငံအခြေစိုက်၊ ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၅၀ ကျော်မှာရှိတဲ့ သင်တန်းကျောင်းပေါင်း ၂၀၀ ကျော်နဲ့ ချိတ်ဆက်ထားတဲ့ Awarding Body တစ်ခုဖြစ်ပါတယ်။ UK အစိုးရရဲ့ Ofqual က တိုက်ရိုက်အသိအမှတ်ပြုထားတဲ့အတွက် သူတို့ဆီကရတဲ့ လက်မှတ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ ခိုင်မာပါတယ်။ Warriors College of Advanced Studies မှာ တက်ရောက်နိုင်မယ့် NCC ရဲ့ ပညာရေးအဆင့်ဆင့် (Step-by-Step):
၁။ Level 3 Diploma (Foundation Level): Grade 10/11/12 အောင်မြင်ပြီးသူများ, IGCSE ပြီးစီးထားသူများ, GED အောင်မြင်ထားသူများ အတွက် UK တက္ကသိုလ်ဝင်ခွင့် ရရှိဖို့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
၂။ Level 4 Diploma (First Year Degree): ဒါဟာ UK တက္ကသိုလ်တွေရဲ့ ဘွဲ့ပထမနှစ် နဲ့ ညီမျှပါတယ်။ IT သို့မဟုတ် Business ဘာသာရပ်တွေကို စတင်အထူးပြုရမယ့် အဆင့်ပါ။
၃။ Level 5 Diploma (Second Year Degree): UK တက္ကသိုလ်တွေရဲ့ ဒုတိယနှစ် နဲ့ ညီမျှပါတယ်။ ဒီအဆင့်ပြီးရင် နိုင်ငံတကာတက္ကသိုလ်တွေမှာ Final Year ဆက်တက်ဖို့ အသင့်ဖြစ်နေပါပြီ။

၄။ Level 6 (Final Year Top-up): မြန်မာပြည်မှာပဲဖြစ်ဖြစ်၊ UK ကိုသွားရောက်ပြီးတော့ပဲ ဖြစ်ဖြစ် University of Greater Manchester (ယခင် University of Bolton) ကဲ့သို့ တက္ကသိုလ်တွေဆီက BSc (Hons) ဘွဲ့ကို တိုက်ရိုက်ရယူနိုင်မယ့် နောက်ဆုံးအဆင့်ဖြစ်ပါတယ်။

ဘာကြောင့် NCC Programme ကို ရွေးချယ်သင့်သလဲ? UK Quality: ဗြိတိန်ပညာရေးစံနှုန်းအတိုင်း သင်ကြား၊ စစ်ဆေးခြင်း။ Time & Cost Saving: UK သို့ တိုက်ရိုက်သွားတက်ရမယ့် စရိတ်ထက် အဆပေါင်းများစွာ သက်သာစေခြင်း။ Global Recognition: နိုင်ငံတကာရှိ တက္ကသိုလ်ပေါင်း ၁၀၀ ကျော်က အသိအမှတ်ပြု လက်ခံခြင်း။ အနာဂတ်အတွက် ခိုင်မာတဲ့ အသိအမှတ်ပြုလက်မှတ်နဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ NCC Programme က အကောင်းဆုံး ရွေးချယ်မှုပါပဲ။

Messenger မှတစ်ဆင့်လည်း အသေးစိတ် မေးမြန်းနိုင်ပါတယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Dhammathuka Kyaung Street , Hlaing Township
Yangon