GAIA Learning Space

GAIA Learning Space Towards holistic education. To the children. For the children.

16/03/2025

Prepare for life ~~~

10/03/2025

Children need the same things trees need.
Earth, Water, Sun, Air

There are basically three kinds of people in the world.

1. People who don't have a chance to live close to nature but always dream of living that life.

2. People who live close to nature but don't know how to live in it or forget to appreciate it.

3. People who live close to nature and also have a harmonious relationship with it.

ခုရောက်နေတဲ့နေရာမှာရှိတဲ့မြစ်ထဲမှာ ကလေးတွေ ရေကူး၊ ဘောလုံးလေးတွေ၊ plastic တူးရွင်း ကော်ပြားလေးတွေနဲ့လာ ။ ရေထဲ ပြေးဆင်း (ရေတိမ်)။ Core childhood memories တကယ့်ကလေးဘဝ အမှတ်တရခိုင်ခိုင်မာမာဆိုတာ စာတွေခေါင်းထဲထိုးထည့်နေရတာနဲ့ ပျောက်နေကြတာ။ မြို့မှာကြီးတဲ့သူတယောက် အင်မတန်အားကျတဲ့အရာတခု။ And may be that's why, even as a teacher, I'm chasing my childhood memories.....never letting my inner child go silent. And yes ဟိုင်း...it's me.. လျှောက်သွားနေတဲ့ ဆရာမပါ။ Summer 2025 မှာ နောက်တနေရာမှာ ရှိနေပါတယ်။

13/01/2025

Crd to channel 4 IG

Let me just share this for this Christmas...for, personally,  I've been busy sorting things out in my mind, trying to le...
25/12/2024

Let me just share this for this Christmas...for, personally, I've been busy sorting things out in my mind, trying to let go of all the things that don't serve me anymore and the people who are still so deep in slumber of illusions. Anyway, Merry Christmas and may the true essence of the festive spirit prevails upon earth.

I don't "ထိုင်ဆုတောင်း". I take actions.....actions that those people deserve.
06/12/2024

I don't "ထိုင်ဆုတောင်း". I take actions.....actions that those people deserve.

အဆူညံဆုံး နိုင်ငံနှစ်ခု
============

တစ်ခါတုန်းက ဘုန်းကြီးတို့ တရားပွဲမှာ ဆူညံနေလို့ တစ်ခါပြောလိုက်တာ ရှိတယ်။ ဗုဒ္ဓဘာသာဖြစ်ပြီး ဘုရားစကားနားမထောင်တာတော့ ဗမာတွေပဲလို့နော်။

ဘာဖြစ်လို့ ဆူညံဆူညံလုပ်မှန်းမသိဘူးလို့ အသံချဲ့စက်ကြီးတွေနဲ့ အော်ဖွင့် ဗမာပြည်မှာ အဆူညံဆုံးပဲလို့ အသံတွေက အဆူဆုံး။ ကမ္ဘာမှာလိုက်ကြည့်လိုက်မယ်ဆိုရင်တော့ ကုလားပြည်နဲ့ ဗမာပြည်ဟာ အဆူဆုံးပဲလို့။

တခြားနိုင်ငံတွေမှာ တိတ်ဆိတ်နေတာပဲ။ တကယ် မကြားရဘူး။ လူမှရှိရဲ့လား အောက်မေ့ရတယ်။ ရှိတယ်။ ဘယ်တော့မှ အသံချဲ့စက် အော်ဖွင့်တာ မရှိဘူး။ သီချင်းအော်ဖွင့်တာ မရှိဘူး။

သီချင်းဖွင့်ချင်ရင် ကိုယ့်ဟာကိုယ် နားကြပ်လေးနဲ့ နားထောင်ပြီး နေကြတယ်။ လူတောင်ရှိတယ် မထင်ရဘူး။ တံခါးပိတ်ပြီးတော့ တိတ်ဆိတိငြိမ်သက်မှုက ဘယ်နေရာ ကမ္မဋ္ဌာန်းထိုင်ထိုင်။ မကြားရဘူး။

Emergency Ambulance ကားသံပဲ ကြားရတယ်။ တခြား ဘာမှ မကြားဘူး ငြိမ်နေတာပဲ။ အဲဒါလေးတစ်ခုပဲ ကြားတယ်။ စူပါမတ်ကပ်တွေထဲ ဝင်သွားလိုက်ရင်လည်း ငြိမ်နေတာပဲ။ ကိုယ့်အလုပ် ကိုယ်လုပ်တာ။ ဗမာတွေတော့ မသွားလိုက်နဲ့ ဆူညံနေကြတာပဲ။

အော် - ဒို့ဗမာလူမျိုးတွေက မြတ်စွာဘုရားရဲ့ အဆုံးအမ ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားရဲ့ဆုံးမတာကို မလိုက်နာကြပါလားလို့။ တခါတုန်းက တရားဟောတဲ့ အထဲမှာ တစ်ခါ ထည့်ဟောတာ။

အဲဒီတရားဟောတဲ့အထဲ ထည့်ဟောတာကို အဲဒီတရားကျတော့ အပြည့်အစုံမလွှင့်ဘဲနဲ့ ဖြတ်ပြီးတော့ လွှင့်သွားတယ်။ နောက်တော့လည်း အပြည့်အစုံ လွှင့်တယ်ထင်ပါရဲ့။ ပထမလွှင့်တာ ဖြတ်ပြီးတော့ လွှင့်သွားတယ်။

#ဘုရားကတိတ်ဆိတ်မှုကိုလိုလားတယ်
အဲဒါ ဘာကြောင့်ပြောရတာတုံးဆိုရင်တော့ မြတ်စွာဘုရားရဲ့ ဂုဏ်တွေထဲမှာ ပါတယ် “အပ္ပသဒ္ဒကာမာ၊ အပ္ပသဒ္ဒဝိနီတာ” တဲ့။ အေး - မြတ်စွာဘုရားက အသံတိုးတိတ်ဆိတ်တာကို နှစ်သက်တယ်။ တိုးတိတ်မှုကို လိုလားတယ်။ တိတ်ဆိတ်ငြိမ်သက်မှုကို အင်မတန်မှ လိုလားတယ်။

ကျန်းမာရေးနဲ့ ကြည့်မယ်ဆိုလို့ရှိရင်လည်း
#အသံတိတ်ဆိတ်မှုက_အသိဉာဏ်ကို_ဖွံ့ဖြိုးစေတယ်။ #ကျန်းမာမှုကို_ပိုရစေတယ်ဆိုတာ အားလုံးက ဒီစာပေတွေဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေ နားလည်ကြလိမ့်မယ်။

နားထဲမှာ အသံတွေဆူညံပြီးတော့ ရိုက်ခတ်နေခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေတယ်ပေါ့။ လူတွေမှာလည်းပဲ ထိခိုက်စေတယ်။ အဲ့ဒါကြောင့်မို့လို့ တိတ်ဆိတ်ငြိမ်သက်တာဟာ အလွန်ကောင်းတယ်နော်။

အသံချဲ့စက်ကြီးတွေ အော်ဖွင့်တာ ဘုန်းကြီးတို့ကတော့ ဘယ်တော့များ ဒါကြီးတွေ ရပ်ခိုင်းပါ့မလဲလို့ပဲ ဆုတောင်းရုံပဲ ဆုတောင်းနိုင်တယ်။ ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် အသံချဲ့စက်ကြီးတွေ အော်ဖွင့်နေတာကတော့ အိန္ဒိယနိုင်ငံက အတုယူထားတာလားတော့ မသိဘူး။

တခြားနိုင်ငံတွေမှာတော့ တယ်မရှိဘူး အဲဒါနော်။ အိန္ဒိယနိုင်ငံမှာလည်း #ဒူရပါပူချာဆို နားကွဲမယ်သာ အောက်မေ့ပေ​​တော့ အိန္ဒိယရောက်ရင်။

အဲဒီတော့ တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်နိုးကြတယ်။ မြတ်နိုးကြပြီးတော့ ဘုရားပွဲကျောင်းပွဲက အစ တိတ်ဆိတ်ငြိမ်သက်စွာ အလေးအနက် ဆောင်ရွက်နိုင်ကြရင်တော့ အလွန်ကောင်းတယ်လို့နော်။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏

[လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် (ဒုတိယတွဲ)၊ အခန်း - ၃၁၊ စာ - ၅၉၇, ၅၉၈ မှ ကောက်နှုတ်ပူ​ေဇာ်ခြင်း ဖြစ်ပါသည်]

Via.Ashin Sundara
မူရင်းရေးသားပူဇော်သူကိုကျေးဇူးတင်စွာဖြင့်ခရက်ဒစ်ပေးပါသည်။
ဓမ္မဒါန - www.facebook.com/Sayardawsdhammatalkcollections

November 9th စပါမည်။ Register လုပ်လိုသူများ Page Messenger မှတဆင့်ပေးနိုင်ပါသည်။ လူဦးရေ ကန့်သတ်ထားပါသည်။  ကျောင်းသားလူငယ...
27/10/2024

November 9th စပါမည်။ Register လုပ်လိုသူများ Page Messenger မှတဆင့်ပေးနိုင်ပါသည်။ လူဦးရေ ကန့်သတ်ထားပါသည်။ ကျောင်းသားလူငယ်များအား ဦးစားပေးပါမည်။ အချိန်ပေးနိုင်၊ ပြီးဆုံးသည်အထိ ပါဝင်နိုင်မှ စာရင်းပေးပါ။ မေးမြန်းလိုသည်ကို Page messenger မှ မေးနိုင်ပါသည်။

23/10/2024
22/10/2024

Miles to go before I sleep.....Miles to go before I sleep~~~~

အလယ်တန်းနှင့် အလယ်တန်းအောက်ဆင့်ကျောင်းသားများအတွက် Project-based learning program
20/10/2024

အလယ်တန်းနှင့် အလယ်တန်းအောက်ဆင့်ကျောင်းသားများအတွက် Project-based learning program

အထက်တန်းကျာင်းသားများအတွက် Reading and Writing online class Comment ထဲမှာ အသေးစိတ်ထပ်ဖတ်လို့ရပါတယ်။
20/10/2024

အထက်တန်းကျာင်းသားများအတွက် Reading and Writing online class

Comment ထဲမှာ အသေးစိတ်ထပ်ဖတ်လို့ရပါတယ်။

ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေကြောင်း ဆုတောင်းပါတယ်။ Happy Thadingyut 💛
17/10/2024

ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေကြောင်း ဆုတောင်းပါတယ်။
Happy Thadingyut 💛

Address

Ward 44, North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when GAIA Learning Space posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share