Institute for Vocational Education

Institute for Vocational Education Equal Quality Education for All

As we close this chapter, may the coming year bring you new opportunities, adventures, and endless joy. Merry Christmas ...
25/12/2023

As we close this chapter, may the coming year bring you new opportunities, adventures, and endless joy. Merry Christmas and Happy New Year!

18/12/2023

F&B Practical Training 🥂🍽️
Thet Paing Hein & Aye Aye

#… See more

12/12/2023

ဒီနေ့မှာတော့ ဟိုတယ်နှင့် ဝန်ဆောင်မှုအပိုင်းနဲ့ လုပ်ငန်းခွင်ဝင်တော့မယ်ဆိုရင် သိကိုသိထားသင့်ပြီး အသုံးဝင်မယ့် အချက် (၃) ချက်ကို ပြောပြပေးသွားပါမယ်နော်။ 🤗
(၁) ညှိနှိုင်းလုပ်ဆောင်တတ်ပြီး လိုက်လျောညီထွေနေတတ်ခြင်း
ဝန်ဆောင်မှုပေးပြီဆိုတာနဲ့ Customers တွေနဲ့ ထိတွေ့ဆက်ဆံရတာဖြစ်တဲ့အတွက် မတူညီတဲ့ Customers တွေနဲ့အတူ မိမိရဲ့အလုပ်တာဝန်တွေကိုလည်း လိုက်လျောညီထွေစွာ ညှိနှိုင်းပြီး ဝန်ဆောင်မှုပေးတတ်ဖို့ အရေးကြီးပါတယ်။
(၂) မိမိပေးမယ့် ဝန်ဆောင်မှုအကြောင်းနားလည်ထားခြင်း
ဟိုတယ် ဝန်ဆောင်မှုတွေမှာဆိုရင် ဟိုတယ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေအကြောင်းကို သေချာသိနားလည်ထားသင့်ပါတယ်။ ဥပမာ- Shower Cap ကို ဟိုတယ်တွေမှာ ဝန်ဆောင်မှုပေးထားတယ်ဆိုရင် ဒါဟာ ဘာအတွက်ပေးပါတယ်ဆိုတာမျိုးကို ကိုယ်တိုင်သေချာသိရှိနားလည်ထားရပါမယ်။
(၃) တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်း
မိမိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်ဟာ ဝန်ဆောင်မှုပေးခြင်းဖြစ်တဲ့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုကို အထူးဂရုပြုရမှာဖြစ်ပြီး တခြားသောကျန်းမာရေးနဲ့ ညီညွတ်တဲ့ဝန်ဆောင်မှုများကို ပေးနိုင်ဖို့ကလည်း အထူးသတိပြုရမှာဖြစ်ပါတယ်နော်။


တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင်ကျရောက်သော အမျိုးသားနေ့ကို Institutions For Vocational Education - IVE မှ လှိုက်လှ...
07/12/2023

တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင်ကျရောက်သော အမျိုးသားနေ့ကို Institutions For Vocational Education - IVE မှ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။

Hospitality ပိုင်းဆိုင်ရာ လုပ်ငန်းနယ်ပယ်မှာ တစ်ကိုယ်ရည်သပ်ရပ်သန့်ရှင်းမှု၊ကြည့်ကောင်းမှုကလည်း ဝန်ဆောင်မှုတွေထဲက တစ်ခုအပါ...
06/12/2023

Hospitality ပိုင်းဆိုင်ရာ လုပ်ငန်းနယ်ပယ်မှာ တစ်ကိုယ်ရည်သပ်ရပ်သန့်ရှင်းမှု၊ကြည့်ကောင်းမှုကလည်း ဝန်ဆောင်မှုတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်နော်။
တစ်ကိုယ်ရည် သပ်ရပ်သန့်ရှင်း ကြည့်ကောင်းခြင်းက သင့်ရဲ့လုပ်ငန်းကျွမ်းကျင်ပိုင်နိုင်မှုရဲ့ ပြယုဂ်တစ်ခုအနေနဲ့ ထင်ဟပ်စေပါတယ်။ ဒီကနေတဆင့် ဝန်ထမ်းတွေက ဘယ်လိုလေ့ကျင့်ထားသလဲဆိုတာကို Customer တွေက ခံစားသိရှိနိုင်ပြီး၊ ဧည့်သည်တွေအနေနဲ့ စိတ်ကျေနပ်မှုကို ရရှိနိုင်မှာပါ။
ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းတွေဖြစ်တဲ့ Front Office တို့လို၊ Food & Beverages နယ်ပယ်တွေနဲ့ Housekeeping ပိုင်းဆိုင်ရာ နယ်ပယ်တွေမှာ တစ်ကိုယ်ရည် သပ်ရပ်သန့်ရှင်းပြီး ကြည့်ကောင်းဖို့က အလွန်အရေးကြီးပါတယ်နော်။
Food & beverage အပိုင်းမှာဆိုရင် အစားအသောက်တည်ခင်းဧည့်ခံတဲ့နေရာမှာ Customers များနဲ့ အမြဲထိတွေ့နေ့ရတာကြောင့် မိမိတို့ရဲ့ သန့်ရှင်းသပ်ရပ်မှုကနေ တစ်ဆင့် မိမိတို့ရဲ့ အလုပ်ခွင်သန့်ရှင်းသပ်ရပ်မှုကိုပါဖော်ပြနေတဲ့အတွက် တစ်ကိုယ်ရည် သပ်ရပ်သန့်ရှင်း မှုကအရေးကြီးပါတယ်။
Housekeeping အပိုင်းမှာဆိုရင်လည်း ဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းကိုယ်တိုင် သပ်ရပ်သန့်ရှင်းနေမှသာ Customerတွေရဲ့ ယုံကြည်မှုနဲ့ သဘောထားဟာ အမြဲကောင်းနေစေမှာပါ။
Front Office ပိုင်းကတော့ လုပ်ငန်းတစ်ခုလုံးရဲ့ ရှေ့ဆုံးကနေ ဦးဆောင်ပြသရတဲ့နေရာတစ်ခုဖြစ်တဲ့ အတွက် တစ်ကိုယ်ရည် သပ်ရပ်သန့်ရှင်းမှုက တခြားနေရာကသူတွေထက်ပိုပြီး ဂရုစိုက်ရပါမယ်။ ဥပမာ- ဧည့်သည်တစ်ဦးဝင်လာပြီဆိုပါစို့။ အရင်ဆုံးထိတွေ့ဆက်ဆံရမှာက Front Office ပိုင်းနဲ့ဖြစ်နေလို့ပါ။
ဒါဆိုရင်တော့ တစ်ကိုယ်ရည်သပ်ရပ် သန့်ရှင်းမှုက ဘာလို့အရေးကြီးလဲကိုလည်း သိရှိလောက်ပြီထင်ပါတယ်။ ဒါကြောင့်မို့ ဒီနယ်ပယ်တွေမှာ လုပ်ကိုင်တော့မယ်ဆိုရင် တစ်ကိုယ်ရည်သပ်ရပ်သန့်ရှင်းကြည့်ကောင်းဖို့ကို အထူးဂရုစိုက်ရမယ်နော်။



F&B service on-job-training at Vintage Luxury Yacht Hotel ✨
06/12/2023

F&B service on-job-training at Vintage Luxury Yacht Hotel ✨


2024 နှစ်စက စတင်ပြီး IVE မှာ သင်တန်းတက်ရောက်ချင်သူများအတွက် Early Bird သင်တန်းကြေးသက်သာခွင့်တွေရှိနေပါပြီ 🥳🥳January လမှာ...
04/12/2023

2024 နှစ်စက စတင်ပြီး IVE မှာ သင်တန်းတက်ရောက်ချင်သူများအတွက် Early Bird သင်တန်းကြေးသက်သာခွင့်တွေရှိနေပါပြီ 🥳🥳

January လမှာ ဖွင့်လှစ်တော့မယ့်
📌Food & Beverage Service Course
📌Front Office Course
📌Hospitality English Course များအတွက်
အစောဆုံးအပ်နှံသူများကို ထူးခြားတဲ့သင်တန်းကြေးသက်သာခွင့်တွေပေးသွားမှာဖြစ်လို့ အသေးစိတ်သိရှိလိုပါက hotline no. 09880914388 သို့ဖြစ်စေ page messengerမှဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်နော် 🥳


သင့်အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် အလုပ်တစ်ခုလုပ်ကိုင်ဖို ဆုံးဖြတ်ချက်ချရာမှာ စဉ်းစားရကြပ်နေပါသလား။ဒါဆိုရင်တော့ အချိန်က...
04/12/2023

သင့်အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် အလုပ်တစ်ခုလုပ်ကိုင်ဖို ဆုံးဖြတ်ချက်ချရာမှာ စဉ်းစားရကြပ်နေပါသလား။
ဒါဆိုရင်တော့ အချိန်ကုန်သက်သာပြီး ရေရှည်အတွက် အကျိုးရှိမယ့် သက်မွေးပညာရပ်နဲ့အသက်မွေးဝမ်းကျောင်း လုပ်ငန်းကိုရွေးချယ်လိုက်ပါ။
သက်မွေးပညာရပ်ဆိုတာက….
အသက်အရွယ်၊ လူမျိုးဘာသာ အကန့်အသတ်များလည်းမရှိတဲ့အပြင်၊ ကျောင်းပညာအရည်အချင်း ကန့်သတ်ထားခြင်းမျိုးလည်း မရှိပါဘူး။
တကယ်လို သင်ဟာ လုပ်ငန်းအတွေ့အကြုံလည်းမရှိတဲ့အပြင် လုပ်ငန်းတော်တော်များများမှာ ကန့်သတ်ထားတဲ့ အသက်ထက်လည်း ကျော်လွန်နေတယ် ဆိုပါစို။ ဒီလိုအနေအထားမျိုးမှာ သင်ကိုယ်တိုင်က စိတ်အားတက်ကြွစွာနဲ့ သက်မွေးပညာနယ်ပယ်ထဲကို ဝင်ရောက်လာမယ်ဆိုရင်လည်း အချိန်နှောင်းသွားတယ်လို ရှိမှာမဟုတ်ပါဘူး။
သင်ကနိုင်ငံရပ်ခြားမှာ အလုပ်လုပ်ချင်တယ်၊ ဒါမှမဟုတ် ပြည်တွင်းမှာရှိတဲ့ကောင်းပေ့ဆိုတဲ့ နေရာကြီးတွေမှာ ဝန်ဆောင်မှုတွေပေးချင်တယ်ဆိုရင်တော့ သက်မွေးပညာရပ်က သင့်အတွက် အသင့်တော်ဆုံးဖြစ်မှာပါ။
သက်မွေးပညာရပ်ကိုသင်ယူတက်မြောက်ထားခြင်းက သင့်ကိုဘယ်နေရာရောက်ရောက် လုပ်ငန်းတစ်ခုကို ဝင်ရောက်လုပ်ကိုင်နိုင်အောင် လမ်းပြဖော်ဆောင်ပေးနိုင်ပါတယ်။ ဒီလိုပဲ အခြားသော အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း သင့်ထံယူဆောင်လာပေးနိုင်ဦးမှာပါ။
ဒီလိုသက်မွေးပညာရေးနယ်ပယ်ထဲကဖြစ်တဲ့ Hospitality ပိုင်းဆိုင်ရာ သက်မွေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသူတိုင်းအတွက် Institute for Vocational Education က သင့်ကိုအမြဲတမ်းပံ့ပိုးပေးဖို အသင့်ရှိနေပါတယ်။
အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ရွေးချယ်မှု တစ်ခုဖြစ်စေမယ့် သက်မွေးပညာရေးအတွက်ဆို Institute for Vocational Education ကို အမြန်ဆုံးအရောက်လှမ်းခဲ့ပါတော့နော်။
Hospitality၊ ဟိုတယ်ပိုင်းနဲ့ သက်ဆိုင်တဲ့ သင်တန်းများစုံစမ်းလိုလျှင် IVE ရဲ့ Page Messenger (m.me/) သိုမဟုတ် ဖုန်းနံပါတ် -09880914388 သိုဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ရှင်။
သင်တန်းကျောင်းတည်‌နေရာ
📍 အမှတ် ၆၀၊ ရတနာသုခလမ်း၊ လေးထောင့်ကန်လမ်းမကြီ၊ သင်္ဃန်းကျွန်းမြိုနယ်၊ ရန်ကုန်မြို။



အချက်အပြုတ်မှော်ဆရာလေးလား? ဝန်ဆောင်မှုပေးမယ့် စူပါစတားလား?Food & Beverages Service လိုပြောလိုက်တာနဲ့ Culinary (အချက်အပြု...
29/11/2023

အချက်အပြုတ်မှော်ဆရာလေးလား? ဝန်ဆောင်မှုပေးမယ့် စူပါစတားလား?
Food & Beverages Service လိုပြောလိုက်တာနဲ့ Culinary (အချက်အပြုတ်ဆိုင်ရာ) နဲ့ ရောနှောတတ်ကြပါတယ်။ တကယ်တော့ F&B Service ဆိုတာက Kitchen ကနေ ချက်ပြုတ်ပြီးသား အစားအသောက်တွေကို စာသုံးသူတွေထံမှာ တည်ခင်းဧည့်ခံကျွေးမွေးတဲ့ ဝန်ဆောင်မှုပိုင်းဖြစ်ပြီးတော့ Culinary ကတော့ ချက်ပြုတ်ရတဲ့ ဝန်ဆောင်မှုပိုင်းကဖြစ်ပါတယ်။
နားလည်လွယ်အောင် ပြောပြရမယ်ဆိုရင်တော့ Culinary က စားသုံးသူတွေမှာတဲ့ အစားအသောက်တွေကို Kitchen မှာပြင်ဆင် ချက်ပြုတ်ရတာဖြစ်ပြီး Food & Beverages Service ကတော့ စားသုံးသူတွေရှေ့အရောက် တည်ခင်းဧည့်ခံပြီး ဝန်ဆောင်မှုပေးရခြင်းဖြစ်ပါတယ်။
ဒီလိုဆိုရင် F&B Service နဲ့ Culinary ကို ကွဲကွဲပြားပြား သိရှိသွားမယ်လို မျှော်လင့်ပါတယ်။
တကယ်လို သင်ဟာ ဝန်ဆောင်မှုပေးမယ့် စူပါစတားတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ကျွန်မတို Institute for Vocational Education မှာ Food & Beverages Service အတန်းလေးကို ဖွင့်လှစ်ထားပါတယ်။ အစားအသောက်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးချင်သူများအတွက် စာတွေ့လက်တွေ့နှစ်မျိုး ပေါင်းစပ်ပြီး စနစ်တကျသင်ကြားပေးနေပါတယ်ရှင်။
Hospitality၊ ဟိုတယ်ပိုင်းနဲ့ သက်ဆိုင်တဲ့ သင်တန်းများစုံစမ်းလိုလျှင် IVE ရဲ့ Page Messenger (m.me/) သိုမဟုတ် ဖုန်းနံပါတ် -09880914388 သိုဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ရှင်။
သင်တန်းကျောင်းတည်‌နေရာ
📍 အမှတ် ၆၀၊ ရတနာသုခလမ်း၊ လေးထောင့်ကန်လမ်းမကြီ၊ သင်္ဃန်းကျွန်းမြိုနယ်၊ ရန်ကုန်မြို။



တန်ဆောင်မုန်းလပြည့်နေ့မှာ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး သာယာအေးချမ်းကြပါစေကြောင်း Institute for Vocational Education (IVE...
27/11/2023

တန်ဆောင်မုန်းလပြည့်နေ့မှာ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး သာယာအေးချမ်းကြပါစေကြောင်း Institute for Vocational Education (IVE )မှ ဆုတောင်းပေးလိုက်ပါတယ်

သင်တန်းသူ သင်တန်းသားများရှင်….ကျွန်မတို့ရဲ့ Institute for Vocational Education School လေးရဲ့ တည်နေရာဟာဆိုရင် ရန်ကုန်မြို...
24/11/2023

သင်တန်းသူ သင်တန်းသားများရှင်….
ကျွန်မတို့ရဲ့ Institute for Vocational Education School လေးရဲ့ တည်နေရာဟာဆိုရင် ရန်ကုန်မြို့ရဲ့ လူသိများထင်ရှားတဲ့နေရာတွေထဲကတစ်နေရာဖြစ်တဲ့ သင်္ဃန်းကျွန်မြို့နယ်ထဲမှာ တည်ရှိပါတယ်နော်။
ကျွန်မတို့သင်တန်းကျောင်းလေးနဲ့ ပတ်သက်ပြီး သေချာမသိသေးတဲ့သူတွေအတွက် ကျွန်မတို့ရဲ့ IVE school ဟာဆိုရင် Hospitality ပိုင်းဆိုင်ရာသင်တန်းတွေ ဖြစ်တဲ့ Front Office သင်တန်းများ၊ Housekeeping သင်တန်းများ၊Hospitality English သင်တန်းများ နဲ့ Food and Beverage နယ်ပယ်မှာ ဝန်ဆောင်မှုပေးနိုင်မယ့် F&B Class များကို ဖွင့်လှစ်ထားပါတယ်ရှင်။
ပြည်တွင်းပြည်ပမှာရှိတဲ့ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများနဲ့ အခြားသောလုပ်ငန်းကြီးများမှာ ဆရာကျကျဝန်ဆောင်မှုများပေးနိုင်ဖို့ဆို IVE က သင်နဲ့အတူရှိနေပါတယ်။
ရွှေရောင်အိပ်မက်များအတွက် Institute for Vocational Education ကအတူတူပုံဖော်ထုဆစ်ပေးဖို့ အသင့်ရှိနေပါပြီရှင်။
Hospitality၊ ဟိုတယ်ပိုင်းနဲ့ သက်ဆိုင်တဲ့ သင်တန်းများစုံစမ်းလိုလျှင် IVE ရဲ့ Page Messenger (m.me/) သို့မဟုတ် ဖုန်းနံပါတ် -09880914388 သို့ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ရှင်။
သင်တန်းကျောင်းတည်‌နေရာ
📍 အမှတ် ၆၀၊ ရတနာသုခလမ်း၊ လေးထောင့်ကန်လမ်းမကြီ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။


24/11/2023

F&B Practical Training 🥂🍽️

Thant Sin & Zwe Khant Aung✨


Address

No. 60, Yadana Thukha Street, Lay Daungkan Road, Thingangyun, Yangon, Myanmar (Enter From Kyike Kasan Pagoda Street)
Yangon
11071

Telephone

+959880914388

Website

Alerts

Be the first to know and let us send you an email when Institute for Vocational Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Institute for Vocational Education:

Shortcuts

Share

Category