My Myanmar - North Dagon Campus

My Myanmar - North Dagon Campus

Share

My Myanmar School is at 318, Seinta Kyaw Thu U Aw Street, 48 Ward, North Dagon.

Photos from My Myanmar - North Dagon Campus's post 05/06/2026

We are overjoyed to welcome our students and families to a new academic year filled with hope, learning, and opportunity. Watch as our beloved students step into a year of growth, discovery, and success!Wishing everyone a fantastic start to this exciting journey!

My Myanmar International School မှ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်နှစ်သစ်သို့ အထူးဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါသည်။

ယခုစာသင်နှစ်တွင် မျှော်လင့်ချက်များ၊ သင်ယူမှုအသစ်များ၊ အခွင့်အလမ်းများနှင့် အောင်မြင်မှုများ ပြည့်နှက်နေသော ခရီးသစ်တစ်ခု ဖြစ်လာမည်ဟု ယုံကြည်ပါသည်။ပျော်ရွှင်ဖွယ်ကောင်းပြီး အောင်မြင်မှုများပြည့်နှက်သော ပညာသင်နှစ်သစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


Photos from My Myanmar - North Dagon Campus's post 13/05/2026

ကျွန်ုပ်တို့ My Myanmar International School မှကျောင်းသားများ၏ Cambridge Checkpoint Result များအား ဂုဏ်ယူစွာဖြင့် မျှဝေလိုက်ပါသည်။

Cambridge Checkpoint Examination တွင် ထူးချွန်စွာ အောင်မြင်မှုများရရှိသည့် ကျွန်ုပ်တို့ကျောင်းသား/သူများအား ဝမ်းမြောက်စွာဂုဏ်ပြုအပ်ပါသည်။
ယခုနှစ်စာမေးပွဲရလဒ်များတွင် ကျွန်ုပ်တ်ို့ကျောင်းသား/သူများသည် ဘာသာရပ်အားလုံးတွင် နိုင်ငံတကာပျှမ်းမျှရမှတ်ထက် သာလွန်စွာအောင်မြင်ခဲ့ကြပြီး My Myanmar International School ၏ ခိုင်မာသောပညာရေးအရည်အသွေးနှင့် သင်ယူမှုယဥ်ကျေးမှုကို ထင်ဟပ်ပြသနိုင်ခဲ့ပါသည်။

ထို့အပြင်ကျောင်းသားအချို့သည် Outstanding Achiever ရလဒ်များကို ရရှိခဲ့ကြပြီး အချို့သောကျောင်းသားများက ဘာသာရပ်အားလုံးတွင် Full Marks(50/50) အပြည့်ရရှိခဲ့ခြင်းအတွက် အလွန်ပင် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခုဖြစ်ပါသည်။

ဤကဲ့သို့သော အောင်မြင်မှုများရရှိနိုင်ရန် စဉ်ဆက်မပြတ်ပံ့ပိုးပေးသည့် မိဘများ၊ အုပ်ထိန်းသူများနှင့် စေတနာအပြည့်ဖြင့် သင်ကြားပေးသည့် ဆရာ၊ဆရာမများ၏ ကြိုးပမ်းမှုကြောင့်ရရှိလာသော ရလဒ်ကောင်းများဖြစ်ပါသည်။

ကျွန်ုပ်တို့ကျောင်းသည် ကမ္ဘာအဆင့်မီ ပညာရေးဖြင့် အနာဂတ်အတွက် ယုံကြည်မှုရှိပြီး ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများကို ပြုစုပျိုးထောင်ပေးသောကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ ပညာရေးအောင်မြင်မှုသာမက ကလေးတိုင်း၏ အရည်အချင်းများကိုအပြည့်အဝဖော်ထုတ်ပေးနိုင်ရန် နှင့် မိမိစွမ်းရည်အမြင့်ဆုံးသ်ို့ရောက်ရှိနိုင်ရန် အားပေးမြှင့်တင်ပေးသော ပတ်ဝန်းကျင်ကောင်းတစ်ခုကိုလည်း ဖန်တီးပေးလျက်ရှိပါသည်။

ဤသို့ဂုဏ်ယူဖွယ်ကောင်းသည့် အောင်မြင်မှုများအတွက် ကျောင်းသားကျောင်းသူများနှင့် မိဘများ၊အုပ်ထိနိးသူများ နှင့် ဆရာ၊ဆရာမ အားလုံးကို အထူးပင် ဂုဏ်ပြုအပ်ပါသည်။

•••••••••••••••••••••••••••••••••••••••••••••••••••••

Outstanding Cambridge Checkpoint Results at MMIS!

We are delighted to celebrate the exceptional achievements of our students in the recent Cambridge Checkpoint Examinations!

Our students have once again performed ABOVE the international average in ALL subjects, showcasing the strong academic excellence and learning culture at MMIS. Even more proudly, several students achieved Outstanding Achiever Marks, while some remarkable students earned FULL MARKS (50/50) in ALL subjects - an extraordinary accomplishment that reflects true dedication, discipline, and excellence.

These outstanding results are the result of a powerful partnership between our hardworking students, supportive parents, and committed teachers who continuously inspire excellence every day.

At My Myanmar International School (MMIS), we are committed to nurturing confident, high-achieving students who are prepared for a successful global future. Our focus goes beyond academics - we create an environment where every child is encouraged to discover their full potential and strive for greatness.

Congratulations to all our students, parents, and teachers for this incredible milestone!







10/05/2026

ယနေ့တွင် ကျရောက်သော အမေများနေ့မှာ မိခင်များ၏ ချစ်ခြင်းမေတ္တာ၊ ❤️ ကူညီထောက်ပံ့မှုနဲ့ 🤝 စိတ်ရှည်သည်းခံခြင်းတွေကြောင့် 🧘‍♀️ သားသမီးတိုင်းရဲ့ ကမ္ဘာကြီးက ပိုမိုလှပလာစေခဲ့တာဖြစ်လို့ 🌍 ကမ္ဘာပေါ်ရှိ မိခင်များအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။ 💐

Happy Mother's Day to all the amazing moms out there! ✨ Your love, support, and endless patience make the world a better place. 💖🌟



30/04/2026

ကဆုန်လပြည့်နေ့ 🌕 မင်္ဂလာအခါသမယတွင် 🙏

မြန်မာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာ အမွေအနှစ်အဖြစ် အလေးထားဂုဏ်ပြုရသော ကဆုန်လပြည့်နေ့သည် 🌼 မေတ္တာ ❤️၊ ဉာဏ်ပညာ 🧠 နှင့် အေးချမ်းမှု 🕊️ တို့ကို ပြန်လည်သတိရစေသော အထူးသဖြင့် မြန်မာလူမျိုးများအတွက် အဓိပ္ပာယ်ရှိသည့် နေ့တစ်နေ့ဖြစ်ပါသည်။ 🌿

ကျွန်ုပ်တို့၏ ချစ်ခင်ရသော မိဘများ 👨‍👩‍👧‍👦၊ ဆရာဆရာမများ 👩‍🏫👨‍🏫 နှင့် ကျောင်းသားကျောင်းသူများ 🎓 အားလုံးကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ 💪💖၊ ဘဝလမ်းခရီးတွင် ပညာ 📚 နှင့်အတူ ဉာဏ်အလင်းရောင် ✨ တိုးတက်ပွားများပါစေကြောင်း ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ဆုမွန်ကောင်းများ 🌺 ပို့သလိုက်ပါသည်။

29/04/2026

ကျွန်ုပ်တို့ကျောင်း၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် (၁၁) ကြိမ်မြောက် ရုပ်ရှင်အသေးစားဖန်တီးမှု ပြိုင်ပွဲကို ဂုဏ်ယူစွာဖြင့် စတင်လိုက်ပါသည်။ ✨🎥
ယခုနှစ်၏ Theme သည် ယုံကြည်မှုရှိစွာ အားမာန်ပြည့်ဝပြီး အကန့်အသတ်မရှိ၊ သင်၏ကိုယ်ပိုင်ဖန်တီးမှုအတွက်ဖြစ်သော “AT EASE – EXPRESS” ပဲဖြစ်ပါသည်။ 🕊🎨
“AT” ဆိုတာဘာလဲ? 🤔
အဲဒါက သင့်ရဲ့ စိတ်ကူးစိတ်သန်း နှင့် ဖန်တီးနိုင်စွမ်းကို ဆိုလိုပြီး အရေးကြီးဆုံးကတော့ သင်ဆုံးဖြတ်သလို အဓိပ္ပါယ်ရနိုင်ပါသည်။ 💡🌟
သင်နှစ်သက်ရာ ရုပ်ရှင်အမျိုးအစားဖြစ်တဲ့
• Documentary 📹
• Storytelling 📖
• Drama 🎭
• Humour 😂
• Horror 👻
မည်သည့်အမျိုးအစားမဆို…
ဒီနေရာက သင့်အတွက် ဖန်တီးပြသဖို့အတွက် အကောင်းဆုံး Stage တစ်ခုပဲဖြစ်ပါသည်။ 🏟🎬
သင့်ဖန်တီးမှုအတွက် စည်းကမ်းတွေ၊ ကန့်သတ်ချက်တွေ၊ ဘောင်တွေ မရှိပါဘူး။ 🚫🖼 တကယ် ရှိတာက Expression ပဲဖြစ်ပါတယ်။ ယခုပဲ သင့် Camera ကိုယူပြီး သင့်စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ ဖန်တီးလိုက်ပါ။ 📸🌈
Video ကိုဖန်တီးတဲ့ အခါမှာ အချိန် ( ၇ ) မိနစ် ထက် ပိုလို့ မရပါဘူး။ ⏳ ဖန်တီးတဲ့အခါမှာလည်း အောက်ပါအချက်တွေနဲ့ ကိုက်ညီစွာ ဖန်တီးရမှာပဲဖြစ်ပါသည်။
• Strong Storyboard 📝
• Creative Cinematography 🎥
• Smart Editing 💻✨
ဆုတော်ငွေ မြန်မာငွေကျပ် သိန်းပေါင်း ၆၀၀ ကိုပေးသွားမှာပဲဖြစ်ပါသည်! 💰🏆
သင့်ရဲ့ ဖန်တီးမှုက အမှန်တကယ် တန်ဖိုးရှိတဲ့ ဆုလာဘ်ဖြစ်လာနိုင်ပြီး ရုပ်ရှင်ကို ဖန်တီးပြီးသွားပြီဆိုရင်တော့ သက်ဆိုင်ရာ ဆရာ/ဆရာမ များနှင့် ကျောင်းရုံးခန်းထံသို့ July လ 31st ရက်နေ့ နောက်ဆုံးထားပေးပို့ရမှာပဲဖြစ်ပါသည်။ 🗓📍
နောက်ထပ်အရေးကြီးဆုံးကတော့ သင့်ရဲ့ Storyboard ပါ။ ✍️ ဘာပဲဖန်တီးဖန်တီး သင့်ရဲ့ အသေးစိတ်ဖန်တီးမှုက Storyboard ပေါ်မှာအခြေခံထားပါသည်။ ဒါ့ကြောင့် သင့်ရဲ့ Storyboard ကို အထူးအာရုံစိုက်ပါ။ 🔍
သင့်အနေနဲ့ တစ်ခြားသူများထက် ကွဲပြားစွာ ဖန်တီးစဥ်းစားဖို့ အဆင်သင့်ဖြစ်ပြီလား? 🚀
သင်တို့ရဲ့ဖန်တီးမှုများကို အမြန်ဆုံးပြသဖို့ အဆင်သင့်ဖြစ်ပြီလား? 🔥
သင်တို့ရဲ့ အကောင်းဆုံး ဖန်တီးမှုတွေကို မြင်တွေ့နိုင်ရန် ကျွန်ုပ်တို့ စောင့်မျှော်နေတဲ့အတွက်ကြောင့် အကောင်းဆုံး Microfilm ကို အခုပဲ ဖန်တီးလိုက်ကြပါစို့။ 🎬🌟🤝

==============

🎬 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬-𝐓𝐨𝐭𝐚𝐥 proudly presents the 11th Annual 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐥𝐦 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 2026–27!
✨ And this year’s theme is bold, limitless, and entirely yours…
“𝐀𝐓 𝐄𝐀𝐒𝐄 – 𝐄𝐗𝐏𝐑𝐄𝐒𝐒”
💡 What does “AT” mean?
It means your imagination. It means your creativity. It means whatever YOU decide it to be!
Whether you love:
📽 Documentary
📖 Storytelling
🎭 Drama
😂 Humour
👻 Horror
This is YOUR stage to express!
🚫 There are NO rules to creativity — no limits, no boundaries… only expression.
📷 Take your camera, take your ideas, and bring your vision to life.
🎞 Create a powerful microfilm within 7 minutes.
Focus on:
📝 Strong storyboard
🎥 Creative cinematography
✂️ Smart editing
💰 Total Cash Prize of 60,000,000 MMK!
Yes, you heard it right — your creativity could turn into something truly rewarding!
📅 Last date to submit your films: 31st July 2026
📌 Remember this: Your storyboard is your blueprint. Focus on it, no matter what you create.
👩‍🎓👨‍🎓 So students…
🔥 Are you ready to think differently?
🚀 Are you ready to create fearlessly?
🎉 Are you ready to EXPRESS?
🙏 Thank you… and we can’t wait to see your masterpieces!








23/04/2026

ကျွန်ုပ်တို့ 𝐌𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 မှ 2026-2027 ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းအား မေလ (၁) ရက်နေ့မှ စတင်၍ လက်ခံသွားမည်ဖြစ်ကြောင်း မိဘများအား အသိပေးအကြောင်းကြားအပ်ပါသည်။

ကျွန်ုပ်တို့ 𝐌𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 သည် မိဘများ ကလေးများ၏ အနာဂတ်ပညာရေးအတွက်လိုအပ်သော အရာများကို စနစ်တကျပံ့ပိုးပေးလျက်ရှိသော ယုံကြည်စိတ်ချရသည့် ပညာရေးပတ်ဝန်းကျင်တစ်ခုဖြစ်ပါသည်။ 🌱❤️

𝐌𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 ကိုမိဘများအနေဖြင့် ဘာကြောင့် စဥ်းစားရွေးချယ်သင့်လဲဆိုရင်?🤔

ကျွန်ုပ်တို့ကျောင်း​၏နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်းများ၊ကျောင်းသားတစ်ဦးချင်းစီ၏ အရည်အချင်းများကို 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐳𝐞𝐝 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 ပုံစံမျိုးဖြင့် သေချာ လေ့ကျင့်သင်ကြားပေးခြင်း၊ကျောင်းသားများ၏ ကျွမ်းကျင်မှုကို ရှာဖွေဖော်ထုတ်ပေးခြင်း၊ ယုံကြည်မှု နှင့် လူမှုဆက်ဆံရေး တိုးတက်အောင်သင်ကြားပေးတဲ့အပြင် စဥ်းစားတွေးခေါ်နိုင်စွမ်းများကိုလည်း လုပ်ဆောင်နိုင်မည့် 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐛𝐚𝐬𝐞𝐝 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 ပုံစံမျိုးသင်ကြားပေးခြင်း၊ လုံခြုံစိတ်ချရပြီး ပံ့ပိုးမှုအပြည့်ရှိသည်ဆရာ၊ဆရာမများရှိခြင်း အမြဲအဆက်မပြတ်တိုးတက်စေနိုင်မည် သင်ကြားရေးပတ်ဝန်းကျင်ကောင်းဖြစ်သောကြောင့် မိဘများအနေဖြင့် စဥ်းစားရွေးချယ်သင့်ပါသည်။ 🌐📖🎨🎵 🏅

ကျွန်ုပ်တ်ို့ကျောင်းသည် ကလေးများအတွက် ပညာရေးအောင်မြင်မှုသာမက ကိုယ်ရည်ကိုယ်သွေး၊ယုံကြည်မှု နှင့် အနာဂတ်စွမ်းရည်များကိုပါတိုးတက်အောင်ပုံဖော်ပေးတဲ့ အကောင်းဆုံးကျောင်းပတ်ဝန်းကျင်ဖြစ်သောကြောင့် မိဘများအား အမြန်ဆုံး ကျောင်းသို့လာရောက်လေ့လာ၍ အချိန်မီ အပ်နှံရန် ဖိတ်ခေါ်အပ်ပါသည်။🏫👨‍👩‍👧‍👦

☎️ 09 - 967 096 326
☎️ 09 - 796 206 884

================

We would like to inform all parents that 𝐌𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 will begin accepting admissions for the 2026–2027 academic year starting from May 1st.

At 𝐌𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥, we are committed to providing a trusted and nurturing educational environment where students receive the essential support they need for future academic success.🌱❤️

Why should parents choose 𝐌𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥?🤔

Our school offers internationally recognized curricula and delivers personalized learning tailored to each student’s unique abilities. We focus on identifying and developing individual talents while fostering confidence and strong social skills. In addition, through a project-based learning approach, students are encouraged to think critically, solve real-world problems, and actively engage in their learning journey.🌐📖🎨🎵

Our dedicated and supportive teachers ensure a safe and encouraging environment where students can continuously grow and thrive. At 𝐌𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥, we aim not only for academic excellence but also for the development of character, confidence, and future-ready skills.🏅

We sincerely invite parents to enroll their children and join our school community for the upcoming academic year. 🏫👨‍👩‍👧‍👦

☎️ 09 - 967 096 326
☎️ 09 - 796 206 884


17/04/2026

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် 🎉✨ ချစ်ခင်လေးစားရပါသောကျောင်းသားမိဘများ 👨‍👩‍👧‍👦၊ ကျောင်းသားကျောင်းသူများ 🧑‍🎓👩‍🎓၊ ဆရာ၊ဆရာမများ 👨‍🏫👩‍🏫 အားလုံးနှင့် မြန်မာပြည်သူပြည်သားများအားလုံး ပျော်ရွှင်အေးချမ်းပါစေကြောင်း 💖 Brainworks-Total-My Myanmar School မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🍀🎊

05/04/2026

ကျွန်ုပ်တို့ကျောင်းတွင် ကျင်းပခဲ့သော 𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥 ပွဲတော်သည် ကျောင်းသားများ၊ မိဘများနှင့် ဆရာဆရာမများအားလုံးအတွက် မမေ့နိုင်သော အမှတ်တရများဖြစ်စေခဲ့ပါသည်။ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ တက်ကြွမှုများဖြင့် ပြည့်နှက်နေသော ထိုနေ့တွင် ကျောင်းဝင်းအတွင်း အားလုံးမှာ ရယ်မောပျော်ရွှင်သံများဖြင့် ပဲ့တင်ထပ်ကာသက်ဝင်လှုပ်ရှားနေခဲ့ပါသည်။ 😄🎈

𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥 ပွဲတော်တွင် အစားအသောက်ဆိုင်များ၊ ဖျော်ဖြေတင်ဆက်မှုများနှင့် လက်မှုပညာလှုပ်ရှားမှုများစွာ ပါဝင်ခဲ့ပြီး ကျောင်းသားများသည် မိမိတို့၏ စွမ်းရည်များကို ယုံကြည်မှုအပြည့်ဖြင့် ပြသနိုင်ခဲ့ကြပြီး ထိုကဲ့သို့သော ပွဲများသည် ကျောင်းသားများ၏ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် ဖန်တီးမှုစွမ်းရည်များကို တိုးတက်စေသော အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်ပါသည်။🤝✨

ပညာသင်နှစ်တစ်လျှောက်လုံးတွင်မိဘများ၏ သားသမီးများအပေါ်ထားရှိသော ယုံကြည်မှုနှင့် အားထားမှုများတိုးတက်လာသည့်အပြင် ကျောင်းသား/သူများသည် ပညာရေးပိုင်းမှာသာမက
ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊တီထွင်ဖန်တီးနိုင်စွမ်းတို့တွင်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့ကြပါသည်။🧠💡

ဒီအောင်မြင်မှုများအနောက်တွင်မိဘများ၏ ယုံကြည်မှု၊ ပံ့ပိုးမှုနှင့် အားပေးမှုများသည်အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်သောကြောင့် မိဘများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည် သင်တို့၏ စဉ်ဆက်မပြတ် ယုံကြည်မှုများကြောင့် ကျွန်ုပ်တို့၏ ကျောင်းသား/သူများသည်ယနေ့ထက်မက အောင်မြင်မှုများကို ဆက်လက်ရရှိနိုင်မည်ဖြစ်ပါသည်။🚀🏆
☎️09 967 096 326
☎️09 796 206 884
======================

Our school 𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥 was a truly unforgettable event for students, parents, and teachers alike. Filled with joy, excitement, and vibrant energy, the entire campus came alive with laughter and cheerful voices throughout the day.😄🎈

The 𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥 featured a wide variety of food stalls, entertaining performances, and creative hands-on activities. Students had the opportunity to confidently showcase their talents, and we believe that events like this play an important role in developing their confidence, teamwork, and creativity.🤝✨

Throughout the academic year, we have witnessed not only the growing trust and confidence of parents in their children, but also the continuous development of our students beyond academics. Our students have shown remarkable progress in Self-confidence, Critical thinking skills Creativity, Behind these achievements, the trust, support, and encouragement of parents have played a vital role. We would like to express our sincere gratitude to all parents for being such an important part of this journey.🧠💡

Because of your trust and continuous support, our students will be able to achieve even greater success in the future.🚀🏆
☎️09 967 096 326
☎️09 796 206 884



Photos from My Myanmar - North Dagon Campus's post 29/03/2026

Our 'Annual School Day' was a huge success! We are so incredibly proud of our students for their amazing performances.

Besides the show, everyone had a blast at our game counters and enjoyed some delicious treats at the food stalls. It was a day full of smiles, laughter, and great memories.

ကျွန်တော်တို့ကျောင်းရဲ့ Annual School Day ပွဲလေး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပါပြီ။ စင်ပေါ်မှာ အစွမ်းကုန် ကပြဖျော်ဖြေခဲ့ကြတဲ့ သားသားမီးမီးတို့ကို တကယ်ကို ဂုဏ်ယူမိပါတယ်။

ဖျော်ဖြေပွဲတင်မကဘဲ ဂိမ်းကစားတဲ့ ကောင်တာတွေနဲ့ မုန့်စေျးတန်းလေးတွေမှာလည်း အားလုံးပဲ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပါတယ်။ ပျော်ရွှင်စရာ အမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ နေ့လေးတစ်နေ့ပါပဲ။

-NorthDagonCampus

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


North Dagon
Yangon
11421

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 09:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 09:00 - 17:00