TD Training Class

TD Training Class Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TD Training Class, Education, Yangon.

08/07/2023

အရေးကြီးသတင်းလေးပါရှင်
အခုတလော ဖြစ်ပွားနေတဲ့ ပြင်းထန်အဆုတ်ရောင်virusရောဂါကြောင့် ကလေးငယ်တွေ ဆေးရုံ ဆေးခန်းတွေမှာ တက်ရောက်ကုသနေတာ တော်တော်များများ ဖြစ်နေပါတယ်။တချို့ စာသင်ကျောင်းတွေလည်း ခေတ္တခဏ ရပ်နားထားပြီ ဖြစ်ပါတယ်။ဒါ့ကြောင့် ကလေးငယ်နဲ့ လူထူထပ်တဲ့နေရာတွေ အသွားအလာရှောင်ရှားသင့်ပါတယ်။
အဓိက ကျန်းမာရေးအသိနဲ့ နေထိုင်နိုင်မှ သင့်တော်မှာမို့ အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ရှင်🙏🙏🙏

17/06/2023

မူရင်းရေးသားသူကို Credit ပါရှင်

နိုင်ငံခြား ကျောင်းသွားတက်ဖို့ ဗီဇာလျှောက်မလို့ ဆိုပြီး မနေ့က ညီငယ်တစ်ယောက် ဆွေးနွေးတိုင်ပင်ဖို့ အိမ်ရောက်လာတယ်။ သူက မာစတာ တက်မယ်ပေါ့။ တက်တက်ကြွကြွရှိတယ်။ လုပ်ချင် ကိုင်ချင်စိတ် ရှိတယ်။ ပြဿနာက မြန်မာနိုင်ငံက ပညာရေးစနစ်ဟာ နိုင်ငံတကာတန်းဝင် မဟုတ်တော့ မာစတာတန်းလျှောက်ရင် အခက်အခဲ အများကြီး ရှိတယ်။ မြန်မာနိုင်ငံက ကျောင်းသားအများစုဟာ တက္ကသိုလ်ပြီးသွား၊ ကျောင်းပြီးသွား၊ ဘွဲ့လက်မှတ်ရ၊ ဘွဲ့နှင်းသဘင်မှာ ဓာတ်ပုံလှလှရိုက်၊ အိမ်မှာ ချိတ်ဖို့ ဓာတ်ပုံကောင်းကောင်း တစ်ပုံသာ ရသွားတယ်၊ တက္ကသိုလ်တစ်ခုရဲ့ သွင်ပြင်လက္ခဏာ အနှစ်သာရကို တစ်ခုမှ မသိသွားကြဘူး။

ပြဿနာ နံပတ် (၁) Transcript ဆိုတာကို ဘာမှန်း မသိကြဘူး။

နိုင်ငံခြားတက္ကသိုလ်မှာ မာစတာ တက်မယ်ဆိုရင် Transcript တောင်းတယ်။ မြန်မာပြည်က ကျောင်းသားအများစုဟာ Transcript နဲ့ ဘွဲ့လက်မှတ်ကို အတူတူလို့ ထင်နေကြတယ်။ ဘွဲ့လက်မှတ်က degree certificate ဖြစ်တယ်။ Transcript မဟုတ်ဘူးဆိုတာကို အများကြီး ရှင်းပြရတယ်။

Transcript ဆိုတာ အမှတ်စာရင်း ဖြစ်တယ်။ မြန်မာပြည်က တက္ကသိုလ်တွေက အမှတ်စာရင်း မထုတ်ပေးမဟုတ်ဘူး။ ထုတ်ပေးတယ်။ သိရသလောက် လိုအပ်မှ၊ လာတောင်းမှ ထုတ်ပေးတာမျိုး။ ထုတ်ပေးရင်လည်း GPA ကို စနစ်တကျ ထွက်ချက်ထားတာ မပါဘူး။ GPA 2 ဆိုပြီး ရှိသမျှ ဘာသာရပ်တိုင်းကို 2 နဲ့ ထည့်ပေးထားတာ 3 နဲ့ ထည့်ပေးထားတာ။ 4 နဲ့ ထည့်ပေးထားတာတွေ ရှိတယ်။ 2 နဲ့ ထည့်ပေးလို့ကတော့ သွားပြီ။ နိုင်ငံခြား တက္ကသိုလ်တွေက GPA ကောင်းမှ ကျောင်းသားတော်တယ်လို့ သတ်မှတ်တာ။ အောက်စဖို့တို့ ကမ်းဘရစ်တို့ ဆိုရင် GPA 3.8 ဆိုမှ လက်ခံတာ။

ပြဿနာ နံပတ် (၂) GPA ဆိုတာကို တက္ကသိုလ်ဘဝ ဘာမှ မသိခဲ့ဘူး။

Grade point average ကို အတိုကောက် ခေါ်တာ။ semester တစ်ခုချင်း (သို့) trimester တစ်ခုချင်း GPA တွေကို ပေါင်းပြီး နောက်ဆုံးမှာ CGPA ထုတ်ပေးကြတယ်။ CGPA ဆိုတာ Cumulative GPA. နောက်ဆုံးပေါင်း GPA.

GPA ဆိုတာ credit hour ကို အခြေခံပြီး တွက်ချက်တယ်။ ကျောင်းသားရဲ့ အမှတ် A, B, C ကို အခြေခံပြီး ကျောင်းသားကို GPA 4 ပေးမလား၊ 3 ပေးမလား ပရော်ဖက်ဆာက ဆုံးဖြတ်တယ်။ ကျောင်းက စာရင်းပြုပြီး Transcript မှာ ထည့်ပေးထားတာ။

ပြဿနာ နံပတ် (၃) Recommendation letter ကို ဗမာပြည်က ကျူတာတွေ၊ လက်ချရာတွေ၊ ပရော်ဖက်ဆာတွေ မပေးကြ (သို့) မပေးတတ် ကြဘူး။

ကျောင်းသားက ကျောင်းလျှောက်မယ်ဆိုရင် ပရော်ဖက်ဆာဆီက recommendation letter လိုတယ်။ မြန်မာလို အလွယ်ပြောရင် ထောက်ခံစာပေါ့။ ကျောင်းသားတစ်ယောက် သွားတောင်းသတဲ့။ စာရေးပေးလိုက်တယ်။ ကျောင်းသား မောင်ဘယ်သူကို ကျွန်တော် ထောက်ခံပါသည် ဆိုပြီး တစ်ကြောင်းတည်း ရေးပေးလိုက်ပါသတဲ့။ မရပါဘူး။ recommendation letter ဆိုတာ ကျောင်းသားရဲ့ ပညာ အရည်အသွေးကို အကဲဖြတ် ရေးပေးရတာ။ ဘယ်နားမှာ တော်တယ်။ ဘယ်နားမှာ ညံ့တယ် အသေးစိတ် ရေးပေးရတာ။

ပြဿနာ နံပတ် (၄) မြန်မာပြည်က တက္ကသိုလ်တွေ အခုထက်ထိ email မသုံးဘူး။

ကျူတာတွေ၊ လက်ချရာတွေ၊ ပရော်ဖက်ဆာတွေ အလုပ်အတွက် email မသုံးကြဘူး။ ကျောင်းသားတစ်ဦးက ဆရာ့ဆီက recommendation လာတောင်းတယ်။ သူ့ email နဲ့ ကျောင်းသို့ ပို့ပေးဖို့ကို မလုပ်ချင် (သို့) မလုပ်တတ်ကြဘူး။ အလုပ်ရှုပ်တယ်လို့ ထင်ကြတယ်။ ဆိုတော့ ကျောင်းသားတွေ တိုင်ပတ်ကုန်တယ်။ ဒါတွေက ဆရာတွေ လုပ်ပေးရမယ့် တာဝန်တစ်ခုထဲမှာ ပါတယ်။ email နဲ့ လှမ်းပို့တတ်ရမယ်။ အလွယ်လေးရယ်။

ပြဿနာ နံပတ် (၅) SoP ဆိုတာ မသိ၊ မရေးတတ်ကြ။

Statement of Purpose ကို မသိကြဘူး။ မရေးတတ်ကြဘူး။ ကျောင်းလျှောက်ရင် ဘာကြောင့် ဒီမေဂျာကို ရွေးရတယ်။ ကျောင်းပြီးရင် ဘာလုပ်မယ် ဆိုတဲ့ SoP ကို မရေးတတ်ကြဘူး။ ဒါတွေက အသက်ကြီးမှ သင်ပေးဖို့ တော်တော် ခက်တယ်။ ငယ်ငယ်တုန်းက essay ရေးပါ ဆိုတော့ I am Maung Maung, my father's name is U Ba, My mother
s name is Daw Mya နဲ့ ကြီးလာတော့ SoP ရေးဖို့ တော်တော်ခက်သွားပါတယ်။

ပြဿနာ နံပတ် (၆) plagiarism ကို နားမလည်ဘူး။

plagiarism ကို မြန်မာကျောင်းသားတွေ မသိဘူး။ အများစုပေါ့။ ကျောင်းမှာ မသင်ရဘူး။ plagiarism ကို ရှောင်ဖို့ citation လုပ်ရတယ်။ reference လုပ်ရတယ်။ မသိဘူး။ နိုင်ငံခြားတက္ကသိုလ်တွေမှာ စာခိုးချလို့ မရဘူး။ ကျောင်းထုတ်ခံရမယ်။ စာကို မခိုးချဘဲ စာရေးတတ်ဖို့ နိုင်ငံခြားတက္ကသိုလ်တွေမှာ တစ်နှစ်လောက် train ပေးတယ်။

မြန်မာကျောင်းသားတွေ ကျောင်းလျှောက်ရင် အခက်အခဲတွေက အများကြီးပါ။ အဓိကက ကိုယ့်နိုင်ငံရဲံ ပညာရေးက နိုင်ငံတကာနဲ့ အဆက်ပြတ်နေတော့ ကျောင်းသားတွေဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ အခုနောက်ပိုင်းကတော့ private ကျောင်းတွေ ပေါ်လာတော့ (ဒါပေမယ့် ဈေးကြီး)၊ ကျောင်းသားတွေက သိတော့ သိလာကြပါပြီ။ ဒါပေမယ့် အများစုကြီးက သိမနေဘူး။ နိုင်ငံခြား ကျောင်းလျှောက်ရင် ဒါလေးတွေတော့ သိထားသင့်ပါတယ်။

01/05/2022

အခုခေတ်​ ပညာရေးစနစ်​တိုးတက်​မြင့်​မားလာတာနဲ့ အမျှ ဖေဖေ မေမေတွေလည်း​ သားသမီးလေးတွေ အတွက်​ လောဘကြီးလာကြပါပြီ။အဖြူ ရောင်​လောဘ ပေါ့။ကလေးကို ၃နှစ်​အရွယ်​ထဲမှာ စာသင်​စေချင်​ကြပြီ စာရေးစေချင်​နေကြပြီ။သူများထက်​ စာနောက်​ကျမှာ သူများကလေးလောက်​ စာမရမှာတွေနဲ့စိုးရိမ်​ကြီးတတ်​ ကြပါတယ်​။ဒီနေရာမှာ ပြောချင်​တာက ကလေးများ စာရေးခြင်းနဲ့ပက်​သက်​လို့ အဓိကထား ပြောချင်​တာပါ။
စာရေးဖို့အတွက်​ ခဲတံကို ပိုင်​ပိုင်​နိုင်​နိုင်​ကိုင်​တတ်​မှသာ လျှင်​ စာရေးရာမှာ အခက်​မတွေ့မှာ ဖြစ်​ပါတယ်​။

ခဲတံကိုင်​တာများ ဘာခက်​တာမှတ်​လို့❗️❗️❗️

ခက်​ပါတယ်​။ခဲတံကို သူ့နည်းသူ့ဟန်​နဲ့စနစ်​တကျ မကိုင်​နိုင်​လျှင်​ စာရေးရာမှာ ခက်​ခဲပြီး ခဲတံကိုင်​ခြင်း အပေါ် အာရုံရောက်​နေတဲ့အတွက်​ ရေးနေတဲ့စာကို မမှတ်​နိုင်​ခြင်း၊စာပြီးဖို့အချိန်​ကြန့်​ကြာတတ်​ခြင်း၊စာရေးဖို့ကြောက်​လာခြင်း၊ကြာလာလျှင်​ လက်​အကြောများအားနည်းလာခြင်း၊ထိုအဖြစ်​ကို မသိသော မိဘ ၊ဆရာသမားများ၏ စာမြန်​မြန်​ရေးရန်​ ဖိအားပေး ခံရခြင်း၊စာသင်​ရာတွင်​ စိတ်​ပါဝင်​စားမှုမရှိတော့ဘဲ စာသင်​ရသည်​ကို မပျော်​တော့ခြင်း စသော ပြဿနာများ ကြုံတွေ့ရလာနိုင်​ပါတယ်​။
ဒါကြောင့်​ ခဲတံစနစ်​တကျကိုင်​လာတတ်​စေရန်​ လေ့ကျင့်​ပေးဖို့ လိုအပ်​ပါတယ်​။လေ့ကျင့်​ပေးဖို့
နည်းလမ်းများလည်း ဖော်​ပြပေးလိုက်​ပါတယ်​။
ပထမဦးဆုံးလက်​ကောက်​ဝတ်​လေးတွေကို သန်​မာလာ အောင်​ လေ့ကျင့်​ပေးရမှာပါ။သူတို့အသက်​အရွယ်​နဲ့ ကိုက်​ညီမယ့်​ Weight တုံးလေးတွေနဲ့ လေ့ကျင့်​ခြင်း၊ပေါင်းပင်​မြက်​ပင်​များနှုတ်​ခြင်းဖြင့်​လည်းလေ့ကျင့်​နိုင်​သလို၊တခြားသော လက်​ကောက်​ဝတ်​လေ့ကျင့်​ခန်း များလည်းလုပ်​ပေးနိုင်​ပါတယ်​။ထို့နောက်​ လက်​ချောင်း လေ့ကျင့်​ခန်းလေးများ ဆက်​လက်​ပြုလုပ်​ပေးရန်​လည်း လိုပါတယ်​။လက်​ချောင်းလေ့ကျင့်​ခန်းလုပ်​ရမှာ လက်​မ၊ လက်​ညှိုးနဲ့လက်​ခလယ်​ကိုအရင်​ လေ့ကျင့်​ပေးရမှာပါ။
စာရွက်​ကို ကတ်​ကြေးဖြင့်​ညှပ်​ခြင်း၊တူကိုင်​ရန်​သင်​ခြင်း
စသောနည်းလမ်းများ။ထို့နောက်​ လက်​ငါးချောင်းလုံး သန်​မာလာစေရန်​ ဂျုံနယ်​ခြင်း၊သဲ မြေ ရွှံ့စေးများနယ်​ခြင်း စသော နည်းလမ်းများဖြင့်​ လေ့ကျင့်​သင်​ကြားပေးနိုင်​ပါတယ်​။အခုနောက်​ပိုင်း နည်းပညာတိုးတက်​လာလို့ ready made ပြုလုပ်​ထားသော ဆော့ကစားနည်းများ ဖြင့်​လည်း သင်​ပေးနိုင်​ပါတယ်​။
ခဲတံစနစ်​တကျ မကိုင်​ဘဲ စာရေးခဲ့ခြင်းကြောင့်​ နောက်​ဆက်​တွဲဆိုးကျိုးများလည်း ခံစားရနိုင်​ပါတယ်​။
အရာဝတ္ထုပစ္စည်းများကိုင်​လျှင်​ မမြဲခြင်း၊ခဏခဏ လက်​ထဲမှ လွတ်​ကျတတ်​ခြင်း၊ပစ္စည်းတစ်​စုံတစ်​ခုကိုင်​ရလျှင်​ လွတ်​ကျသောကြောင့်​ ထိုဖြစ်​ရပ်​အတွက်​ မိမိကိုယ်​ကို ယုံကြည်​မှုအားနည်းလာခြင်းများဖြစ်​လာနိုင်​ပါတယ်​။
ထို့အတွက်​ကြောင့်​ ငယ်​စဉ်​ကတည်းက မိဘ၊ဆရာသမားများကစနစ်​တကျ လေ့ကျင့်​သင်​ကြားပေး ရန်​ လိုအပ်​ပါတယ်​။
📌ဘယ်​အရွယ်​မှာ စလေ့ကျင့်​ရမလဲ။
အသက်​ ၃နှစ်​မှစ လေ့ကျင့်​ပေးလို့ရပါတယ်​။ထိုအရွယ်​မှ မလေ့ကျင့်​ပေးခဲ့ရလည်း အခုရောက်​နေတဲ့အရွယ်​မှာ အချိန်​လေးပေးပြီး လေ့ကျင့်​ပေးစေချင်​ပါတယ်​။
ကျွန်​မ၏ သင်​ကြားရေးလုပ်​သက်​ 2007 မှ ယခု 2022 ထိ အတွေ့အကြုံများနှင့်​ နိုင်​ငံတကာဆိုင်​ရာ လမ်းညွှန်​ချက်​များအပေါ်လေ့လာပြီး သုံးသပ်​ဖော်​ပြချက်​များ ဖြစ်​ပါတယ်​ရှင်​။တခြားသော လေ့ကျင့်​ခြင်းဆိုင်​ရာနည်း လမ်းများနှင့်​ သိလိုမေးလိုတာများကိုလည်း မေးမြန်းနိုင်​ပါတယ်​ရှင်​။
အားလုံးအဆင်​ပြေကြပါစေရှင်​🌹🌹🌹

သင်​ရိုးဟောင်း သစ်​ရိုးသစ်​ အတန်း ကူးပြောင်းမှုပုံစံPhoto
30/04/2022

သင်​ရိုးဟောင်း သစ်​ရိုးသစ်
အတန်း ကူးပြောင်းမှုပုံစံ

Photo

21/04/2022

အသက်​5နှစ်​ပြည့်​ပြီးတဲ့ သားသားမီးမီးတို့ သင်​ယူရမယ့်​ အချိန်​ပိုင်းးလေး

📌ဘာတွေသင်​မှာလဲ။
KGတန်း သင်​ရိုးစာအုပ်​ပါ သင်​ခန်းစာများနှင့်
လက်​ရေးလေ့ကျင့်​ခြင်း၊Colors ရေးဆွဲသင်​ယူခြင်း၊
မြန်​မာကဗျာ အင်္ဂလိပ်​ကဗျာများ၊စာရိတ္တဘဝတွက်​တာ စသည်​တို့အပြင်​ စနစ်​သစ်​အခြေခံတန်းဖြစ်​သည့်​အတွက်​ 4skills ပါ သင်​ယူရမှာဖြစ်​ပါတယ်​။

အချိန်​ပိုင်းတန်းဖြစ်​သည့်​အတွက်​(2:00pm-3:30 pm)
ထိသင်​ရမှာဖြစ်​ပြီး တစ်​ပတ်​ကို အတန်းတက်​ရက်
(Mon,Tue,Thurs,Fri)လေးရက်​ တက်​ရမှာ ဖြစ်​ပါတယ်

❣️သင်​တန်းကြေး တစ်​ဦးလျှင်​ 20000 ကျပ်​နှုန်း ကျသင့်​မည်​ဖြစ်​ပါတယ်​။

သင်​တန်းလိပ်​စာ
တိုက်​ ၃၃၊အခန်း ၀၀၂၊စီဘလောက်​ (၃)လမ်း၊ယုဇနဥယျာဉ်​မြို့တော်​၊ဒဂုံဆိပ်​ကမ်းမြို့နယ်​။
09254180723 (ယခင်​ စီ ၂လမ်းမှ ပြောင်းရွှေ့ဖွင့်​လှစ်​)

အသေးစိတ်​ ထပ်​မံသိရှိလိုပါက cb (သို့)ဖုန်းဖြင့်​ စုံစမ်း မေးမြန်းနိုင်​ပါသည်​။

TD Training Class

စာသင်​ကာလတစ်​လျှောက်​ ကလေးတော်​တော်​များများမှာ တွေ့နေရတဲ့ စာရေးနည်းပုံစံအမှားလေး တွေကို ကိုယ့်​သင်​တန်းရောက်​လာရင်​တေ...
28/03/2022

စာသင်​ကာလတစ်​လျှောက်​ ကလေးတော်​တော်​များများမှာ တွေ့နေရတဲ့ စာရေးနည်းပုံစံအမှားလေး တွေကို ကိုယ့်​သင်​တန်းရောက်​လာရင်​တော့ သေချာ ပြန်​ပြင်​ပေးဖြစ်​ပါတယ်​။မိဘတွေလည်း သိရအောင်​ ဖော်​ပြပေးလိုက်​ပါတယ်​နော်​။
ကလေးတွေက များသောအားဖြင့်​ စာရေးတဲ့အခါ
ရင်​ဘတ်​ကြီးကို စာရေးခုံမှာ ကပ်​ပြီးရေးကြတာ၊
စာအုပ်​ကို တစောင်းထားပြီး လည်​ပင်းနဲ့မျက်​နှာတွေပါ
လိုက်​စောင်း ရေးကြတာ စသည်​ဖြင့်​ ပုံစံအမှားတွေနဲ့ ရေးနေကြပါတယ်​။
ပုံမှန်​အားဖြင့်​တော့ ကလေးအသက်​၄နှစ်​ရောက်​မှ မူကြိုကျောင်းပို့ကြတာများတော့ အိမ်​မှာ မေမေတွေနဲ့ ကျောင်းမရောက်​ခင်​ထိ ထိတွေ့ရတာ များပါတယ်​။
မေမေတွေက သေချာဂရုစိုက်​လုပ်​ပေးလိုက်​ရင်
ငယ်​ငယ်​ထဲက အလေ့အကျင့်​ရသွားမှာပါ။
အောက်​မှာဖော်​ပြထားတဲ့ ပုံစံလေးအတိုင်း ကလေးကို ခုံမှာသေချာ မတ်​မတ်​ထိုင်​စေပြီးမှ စာအုပ်​ကို
မျက်​နှာရှေ့တည့်​တည့်​မှာ ထားပြီး ရေးစေရပါမယ်​။

မှတ်​ချက်​။အသက်​ ၅နှစ်​ပြည့်​ပါမှ ကလေးများကိုစာရေး
ခိုင်းရပါမယ်​။၅နှစ်​မပြည့်​မီ ကလေးများကို လက်​ချောင်းလေးတွေ သန်​မာလာအောင်
အရင်​လေ့ကျင့်​ထားရပါမယ်​။
📍လက်​ချောင်းသန်​မာစေရန်​ လေ့ကျင့်​ရမည့်
နည်းလမ်းများကို နောက်​ရက်​တွေမှာ ထပ်​ပြီး
ဖော်​ပြပေးပါဦးမယ်​ရှင်​။

Bio&Eco (သင်​ရိုးဟောင်း)
02/11/2021

Bio&Eco (သင်​ရိုးဟောင်း)

Maths,Che &Phys(သင်​ရိုးဟောင်း)
02/11/2021

Maths,Che &Phys(သင်​ရိုးဟောင်း)

Myanmar&English(သင်​ရိုးဟောင်း)
02/11/2021

Myanmar&English(သင်​ရိုးဟောင်း)

ကျွန်​မနဲ့Grade-2ဒီနေ့တော့ Yသင်​ခန်းစာ သင်​ရမယ့်​အချိန်​ဆိုတော့ ထုံးစံအတိုင်း စာမသင်​သေးခင်​ ပုံထောက်​ပြီး ဘာလေးလဲပေါ့...
28/06/2021

ကျွန်​မနဲ့Grade-2

ဒီနေ့တော့ Yသင်​ခန်းစာ သင်​ရမယ့်​အချိန်​ဆိုတော့ ထုံးစံအတိုင်း စာမသင်​သေးခင်​ ပုံထောက်​ပြီး ဘာလေးလဲပေါ့။ပြီးတော့မှ ပြထားတဲ့ပုံရဲ့ အသုံးဝင်​မှုနဲ့ ဆောင်​ရန်​ ရှောင်​ရန်​ သင်​တာပေါ့လေ။အဲ့ဒါနဲ့ ပုံထောက်​ပြီး မေးလိုက်​တော့

Tr -ဒါဘာပုံလေးလဲ သား
Student-(ချက်​ချင်းဖြေ)ထန်းရည်​ ဆရာမ
Tr -😳
Student-ဟုတ်​တယ်​ ဆရာမရဲ့ သားတို့ ရွာသွားလည်
တုန်းက အများကြီးတွေ့ခဲ့တယ်​။
လွန်​ခဲ့တဲ့တပတ်​က ရယ်​စရာအတွေ့အကြုံလေး။😄

24/06/2021

"Sat&Sun New Class"

Eng&Maths နှစ်​ဘာသာထဲ သီးသန့်​သင်​ချင်​တဲ့ သားသား မီးမီးတို့အတွက်​ Sat&Sun မှာ အတန်းသစ်​ထပ်​စဖို့ ရှိပါတယ်​။📢

Grade-1 to Grade-8 ထိ သင်​ကြားနိုင်​မှာဖြစ်​ပြီး အတန်းတစ်​တန်းစီ အတွက်​ လူဦးရေ ကန့်​သတ်​ချက်​ ရှိပါတယ်​။📢
ကြိုတင်​အပ်​နှံထားပါရန်​။📌📌

အတန်းစတင်​မည့်​နေ့-3.7.2021(Sat)
လိပ်​စာ- တိုက်​ ၃၃,အခန်း ၁၀၄, စီဘလောက်​ ,၂လမ်း
ယုဇနဥယျာဉ်​မြို့တော်​,ဒဂုံဆိပ်​ကမ်းမြို့နယ်
ဖုန်း​- 09254180723,09790107053

အသေးစိတ်​သိရှိလိုပါက chat box (or) ဖုန်းဖြင့်​ ဆက်​သွယ်​မေးမြန်းနိုင်​ပါသည်​။

TD Training Class မှ Grade-1ကလေးတွေရဲ့ လက်​ရေးလက်​သားလေးတွေ
22/06/2021

TD Training Class မှ Grade-1ကလေးတွေရဲ့
လက်​ရေးလက်​သားလေးတွေ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when TD Training Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category