YMTC-Tr.Yamin's Mathematics Training Class

YMTC-Tr.Yamin's Mathematics Training Class A better future starts here.

‎နွေရာသီမှာ သားသားမီးမီးတို့ သင်္ချာဘာသာရပ်ကို ကြောက်မနေဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အခြေခံခိုင်မာသွားစေဖို့ YMTC က အသင့်ရ...
10/02/2026

‎နွေရာသီမှာ သားသားမီးမီးတို့ သင်္ချာဘာသာရပ်ကို ကြောက်မနေဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အခြေခံခိုင်မာသွားစေဖို့ YMTC က အသင့်ရှိနေပါပြီ။
‎✨
‎​
‎စာမေးပွဲတွေပြီးလို့ နွေရာသီရောက်ရင် ကလေးတွေ သင်္ချာအခြေခံတွေ မေ့သွားမှာ စိုးရိမ်နေပါသလား? သင်္ချာကို ခက်ခဲတဲ့ ဘာသာရပ်လို့ မြင်နေတဲ့ ကလေးတွေအတွက် Tr. Yamin ရဲ့ နွေရာသီ အထူးသင်္ချာသင်တန်းလေး လာပါပြီ။

‎​[ သင်တန်း၏ ထူးခြားချက်များ]

‎✅ Small Class (VIP Style): တစ်တန်းကို (၆) ယောက်ပဲ ကန့်သတ်ထားလို့ ဆရာမက ကလေးတစ်ယောက်ချင်းစီရဲ့ တွက်ချက်ပုံကို အနီးကပ် ပြုပြင်သင်ကြားပေးမှာပါ။

‎✅ Foundation Focus: မူလတန်းနှင့် အလယ်တန်း သင်္ချာအခြေခံ (Addition, Subtraction, Fractions, Algebra) တွေကို ပိုင်နိုင်စေရပါမယ်။

‎✅ Advance Preparation: နောက်နှစ် တက်မယ့်အတန်းအတွက် ကြိုတင်ပြင်ဆင်ပေးလို့ ကျောင်းဖွင့်ရင် သင်္ချာမှာ ယုံကြည်မှု အပြည့်ရှိနေစေမှာပါ။

‎✅ Fun Learning: ပျင်းစရာကောင်းတဲ့ သင်ကြားမှုမျိုးမဟုတ်ဘဲ Math Games လေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ကြားပေးမှာ ဖြစ်ပါတယ်။

‎​[Class Schedule - သင်တန်း အချိန်ဇယား]

‎📅 သင်တန်းကာလ: ဖေဖော်ဝါရီ (၂၀) မှ မေ (၃၁) အထိ
‎🗓 သင်တန်းရက်: တစ်ပတ် (၃) ရက် (မနက်ပိုင်းတန်းများ)
‎📍 နေရာ: အမှတ် ၁၅၆ ၊ဗားဂရာလမ်းမ ၊စမ်းချောင်းမြို့နယ်။(စမ်းချောင်း မီးသတ်အနီး)

‎Level 1 (မူလတန်း) အတွက်
‎​
‎သားသားမီးမီးတို့ သင်္ချာကို ချစ်မြတ်နိုးသွားစေမယ့် Foundation Math Class (Level 1) 🔢✨

‎​မူလတန်းအရွယ်မှာ သင်္ချာအခြေခံ မပိုင်နိုင်ခဲ့ရင် နောက်ပိုင်းအတန်းတွေမှာ ကလေးအတွက် အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် YMTC မှာ အခြေခံကစပြီး သေချာပြုစုပျိုးထောင်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
‎​🔹 ဘာတွေသင်မှာလဲ?
‎​အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား ပိုင်နိုင်စေရန်။
‎​အမြှောက်ကိန်းဇယားများကို ပျော်ပျော်ရွှင်ရွှင် ကျက်မှတ်နည်း။
‎​ပုံဆွဲခြင်းနှင့် လက်တွေ့ပစ္စည်းများ သုံးပြီး သင်္ချာအတွေးအခေါ် ဖွံ့ဖြိုးစေခြင်း။
‎​🔹 အသေးစိတ်အချက်အလက်
‎​အသက်: ၆ နှစ် မှ ၉ နှစ် (Grade 1 - 3)
‎​အချိန်: မနက် ၉:၃၀ မှ ၁၁:၀၀ (တစ်ပတ် ၃ ရက်)
‎​လူဦးရေ: (၆) ယောက်သာ!
‎💰 သင်တန်းကြေး: တစ်လ - ၄၀,၀၀၀ ကျပ်
‎🎁 Summer Package: (၃ လခွဲစာလုံး) တစ်ခါတည်းပေးချေပါက ၁၄၀,၀၀၀ ကျပ် အစား ၁၂၀,၀၀၀ ကျပ် သာ။ (၂၀,၀၀၀ ကျပ် သက်သာမည်!)
‎ဗလာစာအုပ်နှင့် လေ့ကျင့်ခန်းစာရွက်များ လက်ဆောင်ပေးပါမည်။

‎Level 2 (အလယ်တန်း) အတွက်
‎​
‎အလယ်တန်းသင်္ချာ အုတ်မြစ်ခိုင်မာပြီး နောက်နှစ်အတွက် အသင့်ဖြစ်စေမယ့် Advance Prep Class (Level 2) 📐🧠

‎​အလယ်တန်းရောက်တဲ့အခါ သင်္ချာက ပိုခက်လာသလို ခံစားရတတ်ပါတယ်။ ဒီနွေရာသီမှာ အားနည်းချက်တွေကို ပြန်ပြင်ပြီး နောက်နှစ်သင်ခန်းစာတွေကို ယုံကြည်မှုရှိရှိ ကြိုတင်လေ့လာကြမယ်။
‎​🔹 ဘာတွေသင်မှာလဲ?
‎​အပိုင်းကိန်း (Fraction)၊ ဒသမ (Decimal) နှင့် ရာခိုင်နှုန်းများကို ကျွမ်းကျင်စေခြင်း။
‎​အက္ခရာသင်္ချာ (Algebra) နှင့် ဂျီသြမေတြီ အခြေခံများ။
‎​🔹 အသေးစိတ်အချက်အလက်
‎​အသက်: ၁၀ နှစ် မှ ၁၄ နှစ် (Grade 4 - 8)
‎​အချိန်: မနက် ၁၁:၃၀ မှ ၁:၀၀ (တစ်ပတ် ၃ ရက်)
‎​လူဦးရေ: (၆) ယောက်သာ!
‎​💰 သင်တန်းကြေး: တစ်လ - ၄၅,၀၀၀ ကျပ်
‎🎁 Summer Package: (၃ လခွဲစာလုံး) တစ်ခါတည်းပေးချေပါက ၁၅၇,၅၀၀ ကျပ် အစား ၁၃၅,၀၀၀ ကျပ် သာ။ (၂၂,၅၀၀ ကျပ် သက်သာမည်!)
‎ဗလာစာအုပ်နှင့် လေ့ကျင့်ခန်းစာရွက်များ လက်ဆောင်ပေးပါမည်။

‎​[Offers - အထူးအစီအစဉ်]

‎🎁 Package Promotion: (၃) လခွဲစာအတွက် တစ်ခါတည်း အပ်နှံပါက အထူးဈေးနှုန်းဖြင့် လက်ခံပေးနေသည့်အပြင်၊ သင်္ချာလေ့ကျင့်ခန်း Handouts များကိုလည်း အခမဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

‎YMTC ရဲ့ နွေရာသီအထူး လက်ဆောင်မွန်များ (Early Bird & Sibling Discounts)

‎ဆရာမ Tr. Yamin ရဲ့ သင်္ချာသင်တန်းမှာ အပ်နှံမယ့် မိဘများအတွက် အထူးခံစားခွင့်များ ရှိပါတယ်-

‎✅ Early Bird Discount: ဖေဖော်ဝါရီ (၁၅) ရက်မတိုင်မီ Package သွင်းသူများအတွက် ၅,၀၀၀ ကျပ် ထပ်မံ လျှော့ပေးပါမည်။

‎✅ Sibling Discount: မောင်နှမ (၂) ယောက်တူတူတက်ပါက ဒုတိယကလေးအတွက် သင်တန်းကြေး ၁၀% ထပ်မံ လျှော့ပေးပါမည်။

‎✅ Referral Bonus: လက်ရှိကျောင်းသားမှတစ်ဆင့် မိတ်ဆက်ပေးပါက မိတ်ဆက်ပေးသူကို ကျေးဇူးတုံ့ပြန်လက်ဆောင် ပေးအပ်ပါမည်။
‎​
‎တစ်တန်းကို (၆) ယောက်ပဲ လက်ခံမှာမို့ အခုပဲ Page Messenger ကနေဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။

‎​📞 Contact: 09950490326
‎YMTC-Tr.Yamin's Mathematics Training Center
‎"သင်္ချာအုတ်မြစ်ခိုင်မာဖို့ YMTC မှာ စတင်စို့"

🎉ဈေးနှုန်းအလွန်သင့်တင့်တဲ့တန်းခွဲလေးတွေကို မေမေများ တောင်းဆိုသောကြောင့် ထပ်မံ ဖွင့်လှစ်လိုက်ရပါတယ်ရှင့်လူဦးရေ ကန့်သတ်မထာ...
06/03/2025

🎉ဈေးနှုန်းအလွန်သင့်တင့်တဲ့
တန်းခွဲလေးတွေကို မေမေများ တောင်းဆိုသောကြောင့် ထပ်မံ ဖွင့်လှစ်လိုက်ရပါတယ်ရှင့်
လူဦးရေ ကန့်သတ်မထားပေမဲ့ မတ်လ 10 ရက်နေ့ မတိုင်ခင် အပ်နှံမှသာ ယခု ဈေးနှုန်းဖြင့် ဤတန်းခွဲလေးတွေမှာ တက်ရောက်နိုင်မှာပါရှင့်...🎉

🎉"Come to do the best" ဆိုတဲ့ ကျွန်မတို့ YMTC-Tr.Yamin's Mathematics Training Class ရဲ့ ဆောင်ပုဒ်လေးနဲ့ အညီ...ရောက်ရှိလာ...
20/02/2025

🎉"Come to do the best" ဆိုတဲ့ ကျွန်မတို့ YMTC-Tr.Yamin's Mathematics Training Class ရဲ့ ဆောင်ပုဒ်လေးနဲ့ အညီ...
ရောက်ရှိလာတော့မည်ဖြစ်တဲ့ နွေရာသီပိတ်ရက်လေးတွေမှာ မိမိတို့ရဲ့ သားငယ် သမီးငယ်လေးများရဲ့ နဂိုရှိပြီးသား အရည်အချင်းလေးတွေကို မြင့်သည်ထက်မြှင့်တင်ဖို့ အကောင်းဆုံးကြိုးစားချင်တဲ့ မေမေ ဖေဖေတို့နှင့် လက်တွဲပါရစေလားရှင့်!!!🎉

မိဘများရဲ့ သားသား မီးမီးများ အတွက်
❤️နောင်နှစ် တက်ရောက်ရမည့် အတန်းရဲ့ English နှင့် Mathematics သင်ခန်းစာများကို ကြိုတင် ရင်းနှီးစေလိုပါသလား?
❤️English ဘာသာရပ်အတွက် အခြေခံ 4 skills နှင့် Grammar တို့ကို အသေအချာ အုတ်မြစ်ချလိုပါသ‌လား?
❤️အတွက်အချက်မှာ သူများထက် ရှေ့ရောက်နေစေဖို့ ထပ်ဆောင်းသင်ရိုးများဖြစ်တဲ့ Olympiad Mathematics, Singapore Mathematics နှင့် T&H Mathematics တို့ဖြင့် မွမ်းမံလိုပါသလား?
❤️အစိုးရသင်ရိုး သင်ယူနေသူဖြစ်စေ၊International school တက်ရောက်နေသူဖြစ်စေ Grammar အခြေခံ နှင့် တွက်ချက်မှုပိုင်းမှာ မြှင့်တင်လိုသောကြောင့် လက်တွဲရမည့် သင်တန်းကျောင်းကောင်းကောင်း ရှာဖွေနေပါသလား?

📢စာသင်သက် ၁၃ နှစ် နီးပါးရှိပြီး သားသားမီးမီးတို့ရဲ့ သဘောသဘာဝ များကို နားလည် သဘောပေါက် လိုက်လျောညီထွေ စိတ်ရှည်စွာ သင်ကြားပေးနိုင်‌သော တီချယ်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။📢

🌷အသက် ၆ နှစ်မှ ၁၅ နှစ်အထိ သားသား မီးမီးတိုင်းနှင့် သင့်လျှော်သော English နှင့် Mathematics အတန်းများစွာရှိသောကြောင့်
အသေးစိတ် တိုင်ပင်လိုပါက တီချယ့်ဆီကို ဖုန်းဖြင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်။🌷

02/01/2025

တီချယ့် account လေးမှာလည်း English Grammar သီးသန့် နှင့် သင်္ချာ သီးသန့် သင်တန်းများကို စုံစမ်း အပ်နှံနိုင်ပါတယ်ရှင့်
Contact number: 09950490326 https://www.facebook.com/profile.php?id=100015590972231&mibextid=ZbWKwL

20/12/2024

မင်္ဂလာပါ မေမေ ဖေဖေတို့ရှင့်...
သားသား မီးမီးလေးတို့ရဲ့...
🎉Writing အခြေခံကောင်းမွန်စေရန် English Grammar Class
🎉အတွက်အချက်မှာ ဖြတ်ထိုးဉာဏ်သုံးနိုင်ပြီး ထက်မြက်ထူးချွန်စေရန် Olympiad Mathematics Class / Singapore Mathematics Class / Government Curriculum Mathematics Class
များကို ကျွန်မတို့ရဲ့ YMTC-Tr.Yamin's Mathematics Training Class မှ သင်တန်း၌ဖြစ်စေ...တစ်ဦးချင်းအိမ်တိုင်ရာရောက်ဖြစ်စေ...ဝိုင်းအလိုက်ဖြစ်စေ...သင်ကြားပေးနေပါပြီရှင့် 🌼
Address-No.62, Damika Wadi Street, Sanchaung.
Contact Number - 09950490326.

15/11/2024

YMTC-Tr.Yamin's Mathematics Training Class မှ Sat Sun တန်းခွဲအသစ်လေးများ ထပ်မံဖွင့်လှစ်ပေးထားပါတယ်...

-IGCSE Mathematics (CIE/Edexel)
-GED Mathematics
-Olympiad Maths for kids
-Singapore Maths
-အစိုးရသင်ရိုး အလယ်တန်း အထက်တန်း (သခ်ျာသီးသန့် နှင့် ဘာသာစုံ စာသင်စာကျက်ဝိုင်း) စတဲ့ တန်းခွဲလေးများကို ဖွင့်လှစ်ပါတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်...
09950490326
#စမ်းချောင်းမြို့နယ်။

YMTC-Tr.Yamin's Mathematics Training Class မှ Sat Sun တန်းခွဲအသစ်လေးများ ထပ်မံဖွင့်လှစ်ပေးထားပါတယ်...-IGCSE Mathematics ...
30/06/2024

YMTC-Tr.Yamin's Mathematics Training Class မှ Sat Sun တန်းခွဲအသစ်လေးများ ထပ်မံဖွင့်လှစ်ပေးထားပါတယ်...

-IGCSE Mathematics (CIE/Edexel)
-GED Mathematics
-Olympiad Maths for kids
-Singapore Maths
-အစိုးရသင်ရိုး အလယ်တန်း အထက်တန်း (သခ်ျာသီးသန့်) စတဲ့ တန်းခွဲလေးများကို ဖွင့်လှစ်ပါတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်...
09975515552
09740921074
အမှတ် ၂၀/၂၂ မကြီးကြီးလမ်း စမ်းချောင်းမြို့နယ်။

YMTC မှ ဖွင့်လှစ်သင်ကြားသော OLYMPIAD Mathematics level-2 တက်ရောက်နေသော သမီးလေး ရတီမြင့်မိုရ် ရဲ့ ယနေ့ကျရောက်တဲ့ မွေးနေ့လ...
21/01/2024

YMTC မှ ဖွင့်လှစ်သင်ကြားသော OLYMPIAD Mathematics level-2 တက်ရောက်နေသော သမီးလေး ရတီမြင့်မိုရ် ရဲ့ ယနေ့ကျရောက်တဲ့ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြီးပြည့်စုံပြီး မိဘကျေးဇူးဆပ်နိုင်သော သမီးလေးဖြစ်ပါစေလို့... တီချယ် ယမင်းမှ ဆုတောင်း မေတ္တာပို့သပါတယ်ရှင့် ❤️

25/12/2020



◾ ကျောင်းများပြန်ဖွင့်ပါက သတ်မှတ်ထားသည့် ပုံစံလေးမျိုးအတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်

အခြေခံပညာကျောင်းများ ပြန်ဖွင့်ခွင့်ရပါက ယခင်က သတ်မှတ်ထားသည့်အတိုင်း ပုံစံလေးမျိုးဖြင့် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အခြေခံ ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က စံတော်ချိန်သို့ ပြောသည်။

အခြေခံပညာ အထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ရာ၌ ပုံမှန်တက်၊ တစ်ပတ်ခြားတက်၊ တစ်ပတ်ခြား နှစ်သုတ်တက်၊ တစ်ပတ်ခြား နှစ်သုတ်တက် သုံးရက်သင် စသည်ဖြင့် ပုံစံလေးမျိုးဖြင့် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

"ကျောင်းကို အချိန်ပြည့် ခေါ်တက်ရင် contact တွေ များပြီး ကူးစက်မှာ ကြောက်တဲ့အတွက် အရင်တုန်းက ဖွင့်တဲ့ ပုံစံရှိတယ်လေ။ အထက်တန်းကျောင်းတွေ ပြန်ဖွင့်ခဲ့တုန်းကလိုပုံစံမျိုးနဲ့ ပြန်ဖွင့်သွားမယ်။ ပုံစံလေးမျိုးရှိတယ်။ တချို့က နှစ်သုတ်တက် တစ်ပတ်ခြားဖြစ်မယ်။ တချို့က နှစ်သုတ်တက် တစ်ပတ်ခြား သုံးရက် ဖြစ်မယ်။ ဖွင့်ရင် အဲ့တိုင်းပဲ ဖွင့်ရမယ်။ ဒီပုံစံလေးမျိုးအတိုင်းပဲ ဘာမှမပြောင်းလဲဘူး။ အဲတာတွေက ပြင်ဆင်ပြီးသား ဟိုအရင်တုန်းက မူလတန်းတို့ အလယ်တန်းတို့တောင် ဖွင့်ဖို့ စောင့်နေတာ ခွင့်ပြုချက်မရလို့ ဖွင့်ခွင့်မရခဲ့တာ။ အခြေအနေကောင်းရင် ဖွင့်လိမ့်မယ်" ဟု ဦးကိုလေးဝင်း က ပြောသည်။

ထိုသို့ဖွင့်လှစ်ပါက ကျောင်းတက်ချိန်နည်းသွားမည် ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ အိမ်တွင် လေ့လာသင်ယူနိုင်ရန် ကျောင်းသားကျောင်းသူ၊ မိဘနှင့် ဆရာ/ဆရာမများ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဦးကိုလေးဝင်း က ပြောသည်။

"ကျောင်းတက်ချိန်က နည်းသွားတဲ့အတွက် စာသင်ချိန်က မလောက်တော့ဘူး။ ဒီအတွက် အိမ်မှာခွဲပြီး သင်ရမယ်။ assignment တွေပေးပြီး အိမ်မှာလုပ်ခိုင်းလိမ့်မယ်။ မိဘတွေက ပူးပေါင်းပါဝင်ရလိမ့်မယ်။ ကလေးတွေလည်း တစ်ပတ်တက် တစ်ပတ်နား ဆိုရင်လည်း နားတဲ့အချိန် အိမ်မှာ သင်ယူရလိမ့်မယ်။ ဒီအတွက်လည်း guide line တွေလုပ်ပြီးသား။ TV Channel တွေကလည်း လွှင့်နေတယ်။ လေ့လာစရာတွေရှိရင် အဲ့ကနေ လေ့လာလို့ရမယ်။ New Normal မှာ မိဘရော၊ ကျောင်းသားရော ဆရာ/ဆရာမတွေရော တက်ညီလက်ညီနဲ့ ဆောင်ရွက်မှရမယ်။ ကျန်းမာရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာရင် အဆင်ပြေပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေကြောင့် အခြေခံပညာကျောင်းများ ပြန်ဖွင့်၊ မဖွင့်သည် မသေချာသေးဘဲ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရေးကိစ္စနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ လာမည့်ရက်သတ္တပတ်တွင် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လုပ်ငန်းအသီးသီးကို ပုံမှန်အတိုင်းပြန်လည်လုပ်ကိုင်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိ အေအဆင့်ရရှိသည့် အခြေခံပညာ အထက်တန်းကျောင်းပေါင်း (၆၅၂၆) ကျောင်းကို ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ပုံမှန်ထက် တစ်လ နောက်ကျ၍ ဇူလိုင် ၂၁ ရက်မှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း ကူးစက်မှု ပြန်လည်ဖြစ်ပေါ်ပြီးနောက် တစ်နိုင်ငံလုံးရှိ ဖွင့်လှစ်ခွင့်ရထားသော အခြေခံပညာအထက်တန်းကျောင်းအားလုံးကို (သြဂုတ် ၂၇ ရက်)မှ စတင်၍ ရက်အကန့်အသတ်မရှိ ယာယီပြန်ပိတ်ခဲ့ရခြင်းဖြစ်သည်။

သတင်း - သီတာလွင်/စံတော်ချိန်

 မြန်မာ့ပညာရေးရုပ်သံလိုင်း ထုတ်လွှင့်မှုအစီအစဉ် ၂၆-၁၀-၂၀၂၀ (တနင်္လာနေ့) မှ ၂၈-၁၀-၂၀၂၀ (ဗုဒ္ဓဟူးနေ့)ထိ တစ်ကြိမ်လျှင် လေးန...
26/10/2020


မြန်မာ့ပညာရေးရုပ်သံလိုင်း ထုတ်လွှင့်မှုအစီအစဉ် ၂၆-၁၀-၂၀၂၀ (တနင်္လာနေ့) မှ ၂၈-၁၀-၂၀၂၀ (ဗုဒ္ဓဟူးနေ့)ထိ တစ်ကြိမ်လျှင် လေးနာရီနှုန်းဖြင့် (၂)ကြိမ်ဆက်ထုတ်လွှင့်ပါမည်။

ဆက်စပ်ဖတ်ရှုရန် >>>> မြန်မာ့ပညာရေး ရုပ်သံအစီအစဉ်များ တိုးချဲ့ထုတ်လွှင့်မည်

















26/09/2020

၂၀၂၁ ခုနှစ် တက္ကသိုလ်ဝင်တန်း(သင်ရိုးဟောင်း) စာမေးပွဲရှိလျှင် အလို့ငှာ ရှေ့၄လစာသည် အင်မတန် အရေးကြီးပါကြောင်း။
ကြိုတင်ပြင်ဆင်မှုများ Self study အလို့ငှာ
September လအထိ သင်ရိုး လပိုင်းမာတိကာကို ကျောထောက်နောက်ခံပြု၍ ပိုင်းခြားမှု

#မြန်မာစာ

🇲🇲မြန်မာကဗျာဆိုလျှင် -ဆောင်းရတုပွဲအထိ
🇲🇲စကားပြေဆိုလျှင် -အမျိုးသားနေ့အထိ
🇲🇲သဒ္ဒါ ဆိုလျှင် - ကြိယာဝိသေသန /ဝိဘတ် အထိ
🇲🇲ရေသည် ဆိုလျှင်-ရေသည်ယောက်ျားနှင့် ရေသည်မိန်းမတွေ့ဆုံခန်း /အခန်းအားဖြင့်(၄)



🔠Unit (9) Sleep and dreams အထိ
မှတ်ချက် - Oct မာတိကာ အစထိ ပါသွားသည်။
🔠September အထိယူလျှင်
Unit (8) Advertisements
🔠Poem - The Quiet life
🔠Grammar - Either or / Neither nor /Neither of အထိ (Text book အခြေခံသည်)



💥Chapter (7) Probability
💥Chapter (8) Circles
မှတ်ချက်။ ။ Oct လပိုင်းမာတိကာ တဝက်ထိ Circles ခန်းပါသည်။



🌡️Chapter (8) Some important metals and
their compounds
🌡️Chapter (9) Metal reactivity
🌡️Chapter (10) Nitrogen its compounds
မှတ်ချက် ။ ။ Oct လပိုင်းမာတိကာ တဝက်ထိ Ch-10 Nitrogen its compounds ခန်းထိပါသည်။



💫Chapter (7) The electric fields
(7.1)(7.2)(7.3)
💫Chapter (8) The electric potential
(8.1)(8.2)(8.3)



⚖️ အခန်း (၃) တိုင်းပြည်ဝင်ငွေ



💉 Chapter (VII) Respiration, Aerobic and anerobic respiration

#မှတ်ချက်
အထက်ပါ ရေးသားဖော်ပြချက်အားလုံးသည်
၂၀၂၁ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပခဲ့သည်ရှိသော်
ကြားကာလ၌ ကျောင်းဖွင့်ခဲ့လျှင် စာသင်လ နှင့် နှိုင်းဆ၍ စနစ်ဟောင်းသင်ရိုး လပိုင်းမာတိကာ၏ ရှေ့၄လစာသည် ပိုမို အလေးထားရမည့် အပိုင်းကဏ္ဍတစ်ခုအနေဖြင့် ရှိနေသည့်အတွက်
ဤ POST ကို ကျွန်ုပ် ရေးသည်။

ဒါပဲပါမည် ဒါကိုသာကြည့်ရမည်ဟု Definite ရေးသားထားခြင်း
မပါပါ။ သင်ရိုး လပိုင်းမာတိကာ၏ ရှေ့၄လ (စက်တင်ဘာ)အထိသည်အရေးကြီးသဖြင့်
မြင်သာအောင် ပိုင်းဖြတ်ပြထားခြင်းသာဖြစ်သည်။

Saya K.khant kyaw (အထပြ)
#လေးစားစွာcreditပေးပါတယ်ရှင့်

Address

Yangon

Telephone

+959975515552

Website

Alerts

Be the first to know and let us send you an email when YMTC-Tr.Yamin's Mathematics Training Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to YMTC-Tr.Yamin's Mathematics Training Class:

Shortcuts

Share

Category