HAPPY KIDS
HAPPY KIDS preschool
06/02/2023
သားသားမီးမီးလေးတွေ တပတ်စာသင်ကြားခြင်း
06/02/2023
သားသားမီးမီးလေးတွေ တပတ်စာသင်ကြားခြင်း
မူကြိုမိဘ သိကောင်းစရာများ########################ကျောင်းဆင်းတဲ့ အချိန်၊ မိဘများ လာကြိုတဲ့အချိန်ဟာ ကလေးများ စိတ်အားအတက်ကြ...
14/12/2022
မူကြိုမိဘ သိကောင်းစရာများ
########################
ကျောင်းဆင်းတဲ့ အချိန်၊ မိဘများ လာကြိုတဲ့အချိန်ဟာ ကလေးများ စိတ်အားအတက်ကြွဆုံးအချိန်ဖြစ်နေတတ်ပါတယ်။ မူကြိုကလေးနဲ့ မိဘများ စကားပြောဆွေးနွေးလို့ အကောင်းဆုံး အချိန်အခါဖြစ်သလို၊ အားပေးအားမြောက်ပြုဖို့လည်း အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ မူကြိုကလေးများ ကျောင်းကြိုတဲ့အခါ မိဘများ မေးလေ့ရှိတဲ့ မေးခွန်းများကို နိူင်းယှဉ်ကြည့်ကြရအောင်.....
မြန်မာမိဘများ မေးလေ့ရှိသောမေးခွန်းများ
-----------------------------------
၁။ ဒီနေ့သားသားဘာစားခဲ့သလဲ၊ ဝကော၀ရဲ့လား
၂။ ဒီနေ့ ဆရာမ ဘာသင်ပေးသလဲ
၃။ ဒီနေ့ သားသားကို အနိုင်ကျင့်တဲ့လူ ရှိလား
၄။ ဒီနေ့ ဆရာမ အိမ်စာပေးလား
အနောက်တိုင်းမိဘများ မေးလေ့ရှိသောမေးခွန်းများ
-------------------------------------------
၁။ သား ဒီနေ့ ပျော်ရဲ့လား
၂။ သားဒီနေ့ ဘာစိတ်၀င်စားစရာ ကြုံခဲ့သလဲ
၃။ သားဒီနေ့ အတန်းထဲမှာ ဘာများဖန်တီးခဲ့သလဲ
၄။ ဒီနေ့ အတန်းဖေါ်တွေနဲ့ ကစားတာ ပျော်ခဲ့ရဲ့လား
ကွဲပြားခြားနားတဲ့ မေးခွန်းပုံစံများ ဟာ ကွဲပြားခြားနားတဲ့ အယူအဆနဲ့ ယဉ်ကျေးမူကို ပုံဖေါ်လေ့ရှိပါတယ်။ ကျနော်တို့ဟာ ကလေးများရဲ့ လိမ္မာရေးခြားရှိမူ၊ စာသင်ယူတတ်မြောက်မူ ကို ပိုမိုအလေးထားပြီး အနောက်တိုင်းနိုင်ငံများဟာ ကလေးများရဲ့ စိတ်တွင်းခံစားမူအပြောင်းအလဲကို ပိုမိုအလေးထားပါတယ်။ မိဘများရဲ့ မေးခွန်းများဟာ ကလေးများကို အကြောင်းအရာတစ်ခုခု ပိုမို အာရုံပြု ( Focus ) ဖြစ်စေပါတယ်။ သားသားကို အနိုင်ကျင့်တဲ့လူရှိလား လို့ ခဏခဏ မေးမိရင် အနိုင်ကျင့်တဲ့ အကြောင်းအရာကို အာရုံရောက်စေပြီး အတန်းဖေါ် နည်းနည်းလေး စနောက်လိုက်တာနဲ့ အနိုင်ကျင့်တယ်လို့ ကလေးကို အထင်ရောက်အောင် တွန်းပို့သလို ဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာရင် ကလေးဟာ သူငယ်ချင်း အပေါင်းအသင်းမရှိတော့ပဲ အထီးကျန်သလို ဖြစ်ပေါ်စေတတ်ပါတယ်။ အကြံပေးချင်တာကတော့ မူကြိုကလေးများ ကျောင်းဆင်းရင် မိဘများ ( သို့ )အနည်းဆုံး မိဘတစ်ဦးဦးမှ လူကိုယ်တိုင်လာရောက်ကျောင်းကြိုစေချင်ပါတယ်။ အကောင်းမြင် အပြုသဘောဆောင်သော၊ ကလေးများ စိတ်တွင်းပျော်ရွှင်မူကို အားပေးအားမြောက်ပြုသော အောက်ပါစကားများဖြင့် ကျောင်းတက်ရက်တစ်ရက်ကို အဆုံးသတ်ပေးပါရန် အကြံပြုအပ်ပါတယ်။
၁။ ဒီနေ့ သားသား ပျော်စရာကောင်းတဲ့ အတွေ့အကြုံ တစ်ခုခု ပြောပြပါလား
၂။ ဒီနေ့ သူငယ်ချင်းတွေနဲ့ ဘာကစားစရာတွေ ကစားခဲ့သလဲ
၃။ သားသား ဒီနေ့ စိတ်၀င်စားစရာ ဘာတွေများ ကြားခဲ့ မြင်ခဲ့ပါသလဲ
၄။ ဒီနေ့ကောသားသား ဘာအရည်အချင်းအသစ် တတ်မြောက်ခဲ့ ပြန်ပြီလဲ
၅။ သားသား သူငယ်ချင်းကောင်း ဘယ်သူလဲ
မူကြို မိဘများ အသုံး၀င်နိုင်ပါစေ။
26/06/2022
❤️ကလေးရယ်😂
11/05/2022
Lovely❤💛💜
စိတ်ကြိုက်ချယ်ကြသည်
23/10/2021
စိတ်ကြိုက်ချယ်ကြသည်
ကလေးတွေကိုဘယ်တော့မှမပြောသင့်သောစကား ( ၅ ) ခွန်း❌❌❌
14/09/2021
ကလေးတွေကိုဘယ်တော့မှမပြောသင့်သောစကား ( ၅ ) ခွန်း❌❌❌
12/09/2021
#ကလေးကို ဖုန်းပေးကိုင်သော
မိဘများ မဖြစ်မနေဖတ်ရန်________📲👦👧
သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ၁- English (ကမ္ဘာသုံးစကား)၂- House chores ( အိမ်အလုပ်)၃- ငွေကြေးကို ကိုယ်တိုင်စီမံခန့်ခွဲ...
04/09/2021
သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ
၁- English (ကမ္ဘာသုံးစကား)
၂- House chores ( အိမ်အလုပ်)
၃- ငွေကြေးကို ကိုယ်တိုင်စီမံခန့်ခွဲ သုံးစွဲတတ်ဖို့
၄- Need and want (လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားစွာ နားလည်ခြင်း)
၅- အရှုံးကိုလက်ခံတတ်ခြင်း
၆- Hardworking ကြိုးစားဖို့
၇- Open minded ( အမြင်ကျယ်ဖို့ သဘောထားကြီးဖို့)
၈- Flexibility (ကာလဒေသအလိုက် လိုက်လျောညီထွေနေတတ်ဖို့)
၉- Good Listener (တစ်ဖက်လူ ပြောတာ နားထောင်တတ်ဖို့)
၁၀- စာဖတ်ဖို့
၁၁- လက်ခံတတ်ဖို့ (ဖြစ်လာတဲ့ ဘယ်အခြေအနေမဆို လက်ခံတတ်ရပါမယ်)
၁၂- မပျင်းဖို့ နဲ့
၁၃- Research လုပ်တတ်တဲ့အကျင့်
၁၄- မိတ်ဆွေအပေါင်းအသင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့
ကိုယ်သွားမဲ့လမ်းကြောင်းကို ကိုယ်တိုင်သိရမယ်၊ စိတ်ဓာတ်လည်း ခိုင်မာမယ်ဆို ဘယ်ဒေသရောက်ရောက် ရပ်တည်ဖို့ သိပ်မခက်ဘူး။
ကမ္ဘာကြီးကိုက ပိုခက်ခဲလာတာလေ။
အတန်းပညာလည်း အရေးကြီးပေမဲ့ အပေါ်က ပညာတွေကတော့ workbook တွေထဲ ရှာမရဘူး။ဘဝထဲက အဓိကသင်ပေးရမယ်။
ခုကာလ ကျောင်းမသွားရသေးရင်တော့ အိမ်မှာနေရင်း ဒါတွေသင်ပေးထားပေးဖို့ မမေ့ပါနဲ့။
မတည်ငြိမ်တဲ့ကာလမှာ Survival Skills သင်ပေးရင် အတတ်လွယ်ဆုံးပါပဲ။ ကလေးတွေလည်း သိနေပြီ နဂိုကထက် သူတို့ပိုသန်မာရမယ်လို့။
#ဥရောပရောက်မြန်မာများgpမှကူးယူသည်
Meat and fish 26 မျိုး။♥️သားသားမီးမီးတွေ သင်ပေးလို့ရအောင်ပါ.....Credit☺☺☺
26/08/2021
Meat and fish 26 မျိုး။♥️
သားသားမီးမီးတွေ သင်ပေးလို့ရအောင်ပါ.....
Credit
☺☺☺
Address
Yangon
Opening Hours
Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00
Website
Alerts
Be the first to know and let us send you an email when HAPPY KIDS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Shortcuts
Share
Category