Next Step Abroad & Tutoring Choice

Next Step Abroad & Tutoring Choice

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Next Step Abroad & Tutoring Choice, Educational consultant, Yangon.

12/12/2025

✅We are hiring 📢📢✅
ရန်ကုန်/သာကေတမြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရန် အတွက် အောက်ပါရာထူးများ ခေါ်ယူနေပါသည်။
___________________________________________
၁) Computer ကျွမ်းကျင် - ၁ ဦး✅

- အသက် ၂၅ နှစ်မှ ၄၀ နှစ်ထက် မကြီးသူဖြစ်ရမည်။
- အထက်တန်း အောင် (သို့) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
- Microsoft office ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ Pyidaungsu font ဖြင့် စာစီစာရိုက်ကျွမ်းကျင်သူဖြစ်ရမည်။
- လုပ်ငန်းအ တွေ့အကြုံ ရှိသူအား ဦးစား‌ေပးပါမည်။
- အလုပ်ချိန် မနက် (၈) နာရီမှ ညနေ (၄) နာရီထိ
- ပိတ်ရက် (Sunday ပိတ်ရက် ၊ အများပြည်သူ ရုံးပိတ်ရက်)
____________________________________________

၂) Office Staff - ၂ ဦး ✅

- အသက် ၂၅ နှစ်မှ ၄၀ နှစ်ထက် မကြီးသူဖြစ်ရမည်။
- အထက်တန်း အောင် (သို့) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
- လက်ရေးလက်သား ကောင်းမွန်သူဖြစ်ရမည်။
- ဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံ ရှိသူအား ဦးစား‌ေပးပါမည်။
- အလုပ်ချိန် မနက် (၈) နာရီမှ ညနေ (၄) နာရီထိ
- ပိတ်ရက် (Sunday ပိတ်ရက် ၊ အများပြည်သူ ရုံးပိတ်ရက်)
__________________________________________

၃) International School Teachers (English) - ၂ ဦး ✅

‎- ဘွဲ့ရ (သို့) ကျောင်းကိစ္စရှင်းလင်းသူဖြစ်ရမည်။
‎- International School များတွင်အနည်းဆုံး (၁)နှစ် အတွေ့အကြုံရှိသူဖြစ်ရမည်။
‎- E to E ပြောဆိုနိုင်သူဖြစ်ရမည်။English Intermediate Level ဖြစ်ရမည်။
‎- လူမှုဆက်ဆံရေးကောင်းမွန်ပြီး သင်ကြားရေးအပေါ်စိတ်ပါဝင်စားစွာသင်ကြားနိုင်သူဖြစ်ရမည်။
‎- ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရမည်။
- ခလေးများနှင့်အတူတကွ Brain Development အတွက် Play & Learn Activities Music & Dance Activities များလုပ်နိုင်သူဖြစ်ရမည်
- အလုပ်ချိန် မနက် (၈) နာရီမှ ညနေ (၄) နာရီထိ
- ပိတ်ရက် (Sunday ပိတ်ရက် ၊ အများပြည်သူ ရုံးပိတ်ရက်)
____________________________________________

၄) မူလတန်းပြ/အလယ်တန်းပြ/အထက်တန်းပြ
ဆရာ၊ဆရာမများ - လစ်လပ်နေရာများစွာ✅
လိုအပ်နေပါသည်။

- Yellow Card(ကဆလက်မှတ်)
ရှိသူ ဆရာ/ဆရာမ များ‌ လျှောက်ထားနိုင်ပါသည်။
_____________________________________________

၅) သန့်ရှင်းရေး - ၂ ဦး ✅
- အသက် ၃၀ နှစ်မှ ၄၅ နှစ် ထက် မကြီးသူဖြစ်ရမည်။
- ရေရှည်လုပ်ကိုင်နိုင်သူ
- ကျန်းမာ ရေး ကောင်းမွန်ပြီး သွက်လက်စွာ လုပ်ဆောင်နိုင်သူ
- နီးစပ်ရာ နေသူအား ဦးစား ပေးမည်ဖြစ်ပါသည်။
- အလုပ်ချိန် မနက် (၈) နာရီမှ ညနေ (၄) နာရီထိ
- ပိတ်ရက် (တစ်ပတ် လျှင် တစ်ရက်ပိတ် ၊ အများပြည်သူ ရုံးပိတ်ရက်)

ယူဆောင်လာရန် စာရွက်စာတမ်းများ
✅CV Form
✅ဓာတ်ပုံ (၁)ပုံ
✅မှတ်ပုံတင်မိတ္တူ/မူရင်း
✅သန်းခေါင်စာရင်းမိတ္တူ
✅တက္ကသိုလ် ဝင်တန်းအောင်လက်မှတ်မိတ္တူ (သို့မဟုတ်) တက္ကသိုလ်ကျောင်းသားကဒ် မိတ္တူ (သို့မဟုတ်) ဘွဲ့လက်မှတ်မိတ္တူ

‎အထက်ပါရာထူးအား စိတ်ပါဝင်စားစွာလျှောက်ထားလိုပါက 📲Viber: 09772375299 သို့ CV ပေးပို့လျှောက်ထားနိုင်ပါသည်။

06/11/2025

⭐မြန်မာစာ⭐

မြန်မာစာ ဘာသာရပ် သီးသန့် အတန်းလေးတွေ စုံစမ်းနေတဲ့ သားသားမီးမီးတို့အတွက် တစ်ပတ် 2 ရက် တစ်နေ့ စာသင်ချိန် 1 hr Online အတန်းလေးတွေနဲ့

တစ်ပတ် 2 ရက် တစ်နေ့စာသင်ချိန် 1:30 hr အိမ်အရောက်အတန်းလေးတွေ ရှိတာဖြစ်လို့ အသေးစိတ် သိရှိလိုပါက 👇📩Page Messenger မှတစ်ဆင့် အသေးစိတ် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

06/11/2025

"သင်ယူမှုစွမ်းရည်ကို မြှင့်တင်ပေးပြီး အောင်မြင်မှု့ လမ်းကြောင်းကို ဖွင့်လှစ်ပေးမယ့် Teacher တို့ရဲ့ Tutoring Choice မှ ကြိုဆိုလိုက်ပါရပါတယ်ရှင့်"

🖥️ Online Tutoring 🖥️ သင်ကြားနိုင်မည့် ဘာသာရပ်များကတော့

♦️P-1 to P-6

♦️Secondary 1 to Pre IGCSE

♦️English

♦️Mathematics

♦️Eco

♦️Social Study

အတန်းများကို one on one , 👩‍💻Online class များ သင်ကြားဖို့အတွက် စာသင်ကြားရေးပိုင်းတွင် အတွေ့ အကြုံ ရှိသော Teacher များ နှင့် အချိန်/ရက် ညှိ့နိူင်ပြီး Private Class အတန်းများ သင်ကြားနိုင်ပါတယ်ရှင့်

*မှတ်ချက် အတန်းချိန်များ ပြည့်တော့ မည်ဖြစ်ပါ၍ Class ( 3 ) ခု သာ ဆက်လက်ပြီးလက်ခံပေးသွားမှာ ဖြစ်ပါတယ်ရှင့်*

အသေးစိတ် သိရှိလိုပါက 📩 Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်⭐

15/06/2025

Happy Father's Day ❤

27/05/2025

"သင်ယူမှုစွမ်းရည်ကို မြှင့်တင်ပေးပြီး အောင်မြင်မှု့ လမ်းကြောင်းကို ဖွင့်လှစ်ပေးမယ့် Teacher တို့ရဲ့ Tutoring Choice မှ ကြိုဆိုလိုက်ပါရပါတယ်ရှင့်"

🖥️ Online Tutoring 🖥️ သင်ကြားနိုင်မည့် ဘာသာရပ်များကတော့

♦️P-1 to P-6

♦️Secondary 1 to Pre IGCSE

♦️English

♦️Mathematics

♦️Eco

♦️Social Study

အတန်းများကို one on one , 👩‍💻Online class များ သင်ကြားဖို့အတွက် စာသင်ကြားရေးပိုင်းတွင် အတွေ့ အကြုံ ရှိသော Teacher များ နှင့် အချိန်/ရက် ညှိ့နိူင်ပြီး Private Class အတန်းများ သင်ကြားနိုင်ပါတယ်ရှင့်

အသေးစိတ် သိရှိလိုပါက 📩 Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်⭐

13/05/2025

အင်းစိန်/မြောက်ဒဂုံ/မြောက်ဥက္ကလာ/Times City (ကမာရွတ်) တွေမှာ တည်ရှိတဲ့ International Preschool ကျောင်းခွဲတွေအတွက် တာဝန်ထမ်းဆောင်ရန် Preschool (Main Tr/Assistant Tr) များ အလိုရှိပါတယ်ခင်ဗျ..💙
~~~~~~~~~~~~~~~~~~~~~~~~~~~

✅Job Position : International Preschool Teacher(full time)

Plan, supervise, and implement child directed classroom programs that are in accordance with the policies of the school.
• Gear program to needs of individual children, as well as the whole group, with concern for their interests, abilities, talents and individual style, and pace of learning.
• Engage in ongoing evaluation and assessment procedures needed to assess children's developmental levels and support curriculum planning.
• Implement methods for effectively integrating the support, skills, and talents of the teaching team members in all areas of the classroom environment.
• Maintain a clean and tidy classroom consistent with health and safety standards
• Maintain ordered arrangement, appearance, decor, and learning environment of the classroom, with a clear focus on documentation of the children's work.
• Facilitate effective and constructive daily communication with families.
• Participate in recommended training programs, conferences, courses, and other aspects of professional growth.
• Facilitate effective and constructive weekly team meetings.

Requirements

• Bachelor's degree
• ECCD certification preferred
• Minimum of 2 year of class teacher positions experience with track record in preschool field
• Minimum intermediate level in English 4 skills
• Must have a positive attitude, a warm and friendly personality, and a passion for teaching child.
• Proficient computer skills.

Salary package: Basic pay + Incentive award allowance

Location: Insein Branch /
Time City Branch/North Okkalapa Branch

Please submit CV to 👇👇
[email protected]
📱Viber No :+959788765241📱
___________________________________________

✅Position: International Preschool Assistant teacher

Requirements
• Any Graduate/Final year(distance)/Pre- graduated, prefer majoring in English or education
• Love to work with preschool children with Minimum 1 year relevant experience
• Good in English 4 skills with intermediate level
• Excellent communication & good attitude for learning
• Able to use computer ( Excel, word , power point etc)
* Able to do multi- tasking and agility

Job description
- Assisting the class teacher with lesson preparation and classroom management
- Preparing lesson material with students individual or in small groups
- documenting student progress / class performance and communicating with parents to keep them informed
- Passionate about providing a high-quality for young children

Location: North Dagon , North Okkalapa , Insein , Time City .

⏰Working hours : Mon to Fri ( 8am - 4pm )⏰ 🗓️Sat (8am- 12pm)
Off Days : Sun & public holidays

Please submit CV to👇👇
[email protected]
📱Viber No:+959788765241📱

===================================

11/05/2025

ကဆုန်လရာသီ ​ညောင်​ရေသွန်းပွဲ​တော်🙏🙏🙏

ယ​​နေ့ ကျ​ရောက်​သော​ ကဆုန်လပြည့်​နေ့ ညောင်​ရေသွန်းပွဲ​တော်မှ စ ကျန်းမာချမ်းသာ​​ ပျော်ရွှင်ကြ ပါ​စေလို့ Tutoring Choice မှ ဆုမွန်ကောင်း​တောင်း​ပေးလိုက်ရပါတယ်ရှင့်🙏

10/05/2025

*Second Language*

ဘာသာစကားလေ့လာခြင်းသည် ကလေးများအတွက် အနာဂတ်တွင် ကြီးမားသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မှာဖြစ်ပြီးဘာသာစကားအသစ်တစ်ခုကို လေ့လာခြင်းဖြင့် ကလေးများသည် ယဉ်ကျေးမှုအသစ်များကို နားလည်လာပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်သည်။ ဒုတိယဘာသာစကားလေ့လာလိုသော ကလေးများအတွက် ထိရောက်သော နည်းလမ်းများကို အောက်တွင် ဖော်ပြလိုက်ရပါတယ်ရှင့်

*Tutoring Choice* မှ Korea, Chinese, English language အတန်းများကို *One on one* သင်ကြားနိုင်မည့်အတန်းများဖွင့်လှစ်ပေးထားပါတယ်ရှင့် စိတ်ပါဝင်စားလို့ အတန်းလေး စုံစမ်းချင်တယ် ဆိုရင်တော့ 📩 Page Messenger မှတစ်ဆင့် စုံစမ်းပြီး *Register* လုပ်ထားနိုင်ပါတယ်ရှင့်

*ပျော်စရာနည်းလမ်းများဖြင့် စတင်ပါ*

♦️ကလေးများသည် ပျော်ရွှင်စရာကောင်းသော အရာများကို ပိုမိုစိတ်ဝင်စားတတ်ကြသည်။ ဒုတိယဘာသာစကားကို ဂိမ်းများ၊ သီချင်းများ၊ ကာတွန်းများ၊ စာဖတ်ခြင်းများဖြင့် လေ့လာစေခြင်းက ပိုမိုထိရောက်ပါသည်။ ဥပမာ - ကလေးများကို ဘာသာစကားသီချင်းများ နားထောင်စေခြင်း၊ ဘာသာစကားလေ့လာရန် ဒီဇိုင်းထုတ်ထားသော ဂိမ်းများကို ကစားစေခြင်းဖြင့် စတင်နိုင်ပါသည်။

*နေ့စဥ်ဘဝတွင် ဘာသာစကားကို ပေါင်းစပ်ပါ*

♦️ကလေးများအား နေ့စဥ်ဘဝတွင် ဒုတိယဘာသာစကားကို ထည့်သွင်းအသုံးပြုစေခြင်းဖြင့် သဘာဝကျကျ လေ့လာနိုင်မှာဖြစ်ပါတယ်ရှင့် ဥပမာ - အိမ်တွင် ပစ္စည်းများကို ဒုတိယဘာသာစကားဖြင့် ခေါ်ဆိုခြင်း၊ မိသားစုဝင်များနှင့် ဒုတိယဘာသာစကားဖြင့် စကားပြောခြင်းများ ပြုလုပ်နိုင်ပါသည်။

*ရုပ်ပုံများနှင့် စာသားများကို ပေါင်းစပ်ပါ*

♦️ကလေးများသည် ရုပ်ပုံများနှင့် စာသားများကို ပေါင်းစပ်လေ့လာခြင်းဖြင့် ပိုမိုမှတ်မားလွယ်ကူပါသည်။ ဘာသာစကားလေ့လာရန် ရုပ်ပုံစာအုပ်များ၊ Flashcard များကို အသုံးပြုနိုင်ပါသည်။ ဥပမာ - တိရစ္ဆာန်များ၊ အရောင်များ၊ နံပါတ်များကို ရုပ်ပုံများနှင့် တွဲဖက်ပြီး သင်ကြားပေးခြင်းဖြင့် ကလေးများ ပိုမိုလွယ်ကူစွာ မှတ်မားနိုင်ပါသည်။

*ဘာသာစကားသင်တန်းများတက်ရောက်ပါ*

♦️ကလေးများအတွက် ဘာသာစကားသင်တန်းများတွင် စနစ်တကျလေ့လာနိုင်ပါသည်။

*စိတ်ရှည်ပါ*

♦️ဘာသာစကားလေ့လာခြင်းသည် အချိန်ယူရသော လုပ်ငန်းစဉ်ဖြစ်သည်။ ကလေးများအား စိတ်ရှည်စွာ လေ့လာစေပြီး မှားယွင်းမှုများရှိပါကလည်း ပြင်ဆင်ပေးရန် အရေးကြီးပါသည်။ ကလေးများ၏ လေ့လာမှုအဆင့်ကို မှန်မှန်ကန်ကန် စောင့်ကြည့်ပြီး အားပေးခြင်းဖြင့် သူတို့၏ စိတ်အားထက်သန်မှုကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်ရှင့်

*နည်းပညာကို အသုံးပြုပါ*

♦️ယနေ့ခေတ်တွင် နည်းပညာသည် ဘာသာစကားလေ့လာရာတွင် အထောက်အကူပြုသော အရာဖြစ်သည်။ ကလေးများအတွက် ဘာသာစကားလေ့လာရေး App များ၊ အွန်လိုင်းသင်ခန်းစာများမှ တစ်ဆင့်လည်း လေ့လာနိုင်မှာဖြစ်ပါတယ်ရှင့်

*ယဉ်ကျေးမှုနှင့် ပေါင်းစပ်ပါ*

♦️ဘာသာစကားလေ့လာခြင်းသည် ယဉ်ကျေးမှုနှင့် ခွဲ၍မရပါ။ ကလေးများအား ထိုဘာသာစကား၏ ယဉ်ကျေးမှုကို မိတ်ဆက်ပေးခြင်းဖြင့် ပိုမိုနားလည်လွယ်စေပါသည်။ ဥပမာ - ထိုဘာသာစကားပြောသော နိုင်ငံများ၏ ဓလေ့ထုံးတမ်းများ၊ ပွဲတော်များကို မိတ်ဆက်ပေးခြင်းဖြင့် ကလေးများ စိတ်ဝင်စားမှု ပိုမိုမြင့်တက်စေပါသည်။

10/05/2025

**သင်္ချာဘာသာရပ်အတွက်ကို အခက်အခဲမရှိအောင် သင်ကြားပေးမည်!**

MATHEMATICS➗➕➖

Mathematics(Singapore Maths ,Cambridge Maths) သီးသန့် အတန်းလေးတွေ စုံစမ်းနေတဲ့ သားသားမီးမီးတို့အတွက် တစ်ပတ် 2 ရက် တစ်နေ့ စာသင်ချိန် 1 hr Online အတန်းလေးတွေနဲ့

တစ်ပတ် 2 ရက် တစ်နေ့စာသင်ချိန် 1:30 hr အိမ်အရောက်အတန်းလေးတွေ ရှိတာဖြစ်လို့ အသေးစိတ် သိရှိလိုပါက 👇📩Page Messenger မှတစ်ဆင့် အသေးစိတ် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်



01/05/2025

👨‍🚒👷‍♂️👩‍⚕️👨‍🌾👨‍🏫*Happy Labour Day*👨‍🍳👩‍🔬🧑‍🏭👨‍🚀👩‍✈️

Photos from Next Step Abroad & Tutoring Choice's post 27/04/2025

ကိုယ်ဝန်ရှိနေလား။ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူဖို့ မနှောင့်နှေးပါနဲ့"

ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ် ကြုံတွေ့ပြီးနောက်မှာတောင် ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို အချိန်ဆွဲမထားပဲ ပုံမှန် ဆက်လက် ခံယူဖို့ အရေးကြီးပါတယ်။

➡️ ဘာလုပ်ရမလဲ - အနီးဆုံး ကျန်းမာရေးဌာန၊ ဆေးခန်း၊ ဆေးရုံ၊ ရွေ့လျားဆေးပေးခန်း၊ ယာယီ ကျန်းမာရေးဌာန ရှိရာကို သွားပြီး ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ခံယူပါ။ အရေးပေါ် အခြေအနေတွေမှာတောင် ကျန်းမာရေး ဝန်ထမ်းတွေက စောင့်ရှောက်ကူညီဖို့ အသင့်ရှိနေပါတယ်။
✔ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို ကျွမ်းကျင်သော ကျန်းမာရေး ဝန်ထမ်းထံတွင် အနည်းဆုံး (၈) ကြိမ်ခံယူပါ။
✔ မေးခိုင် ဆုံဆို့နာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပါ။
✔ သံဓာတ်၊ ဖောလစ်အက်ဆစ်ပါဝင်သော အားဆေးများကို မှန်မှန်သောက်ပါ။
✔ ဆန်၊ ပဲအမျိုးမျိုး၊ အသီးအရွက်၊ ဥနှင့် အာဟာရဓာတ်ပြည့်ဝသော အစားအစာများကို စားနိုင်သမျှ စားပါ။
✔ ရေဓာတ်ပြည့်ဝစွာ သောက်ပါ။ သောက်ရေသန့်ဘူး သို့မဟုတ် ကျိုချက်ပြီး ပိုးသတ်ထားသော ရေကိုသာ သောက်သုံးပါ။
✔ ခြင်ကိုက်မခံရအောင် ခြင်ထောင် (သို့) တာရှည်ခံဆေးစိမ်ခြင်ထောင်နှင့် အိပ်ပါ။
✔ ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ် ကြုံတွေ့ပြီးနောက်မှာ စိတ်ဖိစီးတာ၊ စိတ်ပူပန်တာ၊ ဝမ်းနည်းအားငယ်နေတတ်တာ ပုံမှန်ပါ။ မိမိရဲ့ ခံစားချက်တွေကို ယုံကြည်ရသူတွေနဲ့ ရင်ဖွင့်ပါ။ လက်လှမ်းမီတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ဆွေးနွေးတိုင်ပင် ကူညီမှု ရယူပါ။
✔ မွေးဖွားရန် ကြိုတင် အစီအစဉ်ရေးဆွဲထားပြီး အရေးပေါ် အခြေအနေများအတွက် ဆေးရုံဆေးခန်း၊ သယ်ယူပို့ဆောင်မှုနှင့် ငွေကို ကြိုတင်ပြင်ဆင်ထားပါ။
✔ ဆရာဝန်၊ ဆရာမကဲ့သို့သော ကျွမ်းကျင်သော ကျန်းမာရေး ဝန်ထမ်းနှင့် မွေးဖွားရန် အရေးကြီးပါတယ်။
✔ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နဲ့ မွေးဖွားပြီးချိန်တွေမှာ အန္တရာယ် လက္ခဏာများ ကြုံတွေ့ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ နေ့ညမဆိုင်း ချက်ချင်းပြပါ။
✔ ကိုယ်ဝန်ဆောင်များ၊ မွေးဖွားပြီးစ မိခင်များနဲ့ မိသားစုများသည် အန္တရာယ် လက္ခဏာများကို သိရှိစေရန် ကြိုတင်လေ့လာထားရပါမယ်။

22/04/2025

Shape ​လေး​တွေ ​အတူတူ လေ့လာကြည့်ကြရ​အောင် ⏹🔼⏺

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon