1st Step Business Consulting & Training

1st Step Business Consulting & Training

Share

Management Consulting · Business Training · Digital Marketing
1️⃣ From Zero to Rich
2️⃣ Ten Years in One
3️⃣ Rich Dad's Cashflow Game

24/04/2026

📄 求职|𝐉𝐨𝐛 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧

Code- ZQ20260032

Chinese translater

𝘌𝘹𝘱𝘦𝘳𝘪𝘦𝘯𝘤𝘦:စက်ရုံမှာ ဘာသာပြန် (၄ လ)
𝘈ge:20နှစ် (အမျိုးသား)
𝘊𝘶𝘳𝘳𝘦𝘯𝘵 𝘓𝘰𝘤𝘢𝘵𝘪𝘰𝘯: ရန်ကုန် (Htan Ta Pin)
𝘌𝘹𝘱𝘦𝘤𝘵𝘦𝘥 𝘚𝘢𝘭𝘢𝘳𝘺: ညှိနှိုင်း
𝘌𝘥𝘶𝘤𝘢𝘵𝘪𝘰𝘯 : မြန်မာစာ အထက်တန်း / တရုတ်စာ HSK-4
𝘈𝘣𝘪𝘭𝘪𝘵𝘪𝘦𝘴:Computer Basic
𝘑𝘰𝘣 𝘵𝘺𝘱𝘦:full time

📩 CV (ကိုယ်ရေးရာဇဝင်) နှင့် လိုအပ်သော အချက်အလက်များ အသင့်ရှိပါတယ်။
စိတ်ဝင်စားပါက အောက်ပါလိပ်စာသို ဆက်သွယ်နိုင်ပါတယ်။
𝘗𝘩𝘰𝘯𝘦/ 𝘝𝘪𝘣𝘦𝘳:09963513633
𝘞𝘦𝘤𝘩𝘢𝘵:firststep_business

Translator JobHiring

19/04/2026

မိသားစုတစ်စုဟာ ကြီးပွားတိုးတက်နေသလား
ဒါမှမဟုတ် ကျဆင်းနေသလားဆိုတာ ကြည့်ဖို့ လွယ်ပါတယ်။✨
人说,看一个家族是兴旺还是衰落,很简单。

တက်လမ်းလျှောက်နေတဲ့ မိသားစုမှာ
走上坡路的家族,

မိသားစုဝင်တွေကြားမှာ
နွေးထွေးမှုတွေ၊ အားပေးမှုတွေ၊
အပြန်အလှန်ထောက်ပံ့မှုတွေ ရှိပြီး၊💪
家人之间全是温暖、鼓励、托举;

ကျလမ်းလျှောက်နေတဲ့ မိသားစုမှာ
走下坡路的家族,

မိသားစုဝင်တွေကြားမှာ
မကျေနပ်မှုတွေ၊ ကြံစည်မှုတွေ၊
ရန်ဖြစ်မှုတွေ သာရှိတတ်တယ်။😣
家人之间全是抱怨、算计、争吵。

သင့်လုပ်ငန်းအတွက်အောင်မြင်ဖို့ 𝐅𝐢𝐫𝐬𝐭 𝐒𝐭𝐞𝐩 နဲ့ အတူ လျှောက်လှမ်းလိုက်ကြပါစို့...

17/04/2026

ကိုယ် မကျွမ်းကျင်တဲ့အရာတွေကို လုပ်ဖို့
ကိုယ်ကို အတင်းအကျပ် သွားတောင်းဆိုစရာမလိုပါဘူး။
你不擅长的事,没必要硬撑到底。

၎င်းကို စမ်းလုပ်ကြည့်ပါ၊
ယေဘုယျလုပ်ငန်းစဉ်ကို နားလည်ပြီးတဲ့နောက်
Professional များထံသို့ အပ်နှံလိုက်ပါ။☺️
尝试一下,了解大致过程后,
就交给专业人士去做吧。

အဲ့ဒီအတွက် ပိုက်ဆံအကုန်အကျ ပိုများခဲ့ရင်တောင်
ရင်းနှီးမြှုပ်နှံဖို့ တန်ပါတယ်။💰
即使多花些钱,也值得投入。

သင့်ရဲ့အချိန်နှင့် စိတ်အားကို
သင်အတွက် အရေးကြီးပြီး သင်ဝါသနာပါတဲ့၊
ကျွမ်းကျင်တဲ့အရာတွေမှာပဲ
အာရုံစိုက်သင့်ပါတယ်နော်..။⌛️
你的时间精力,应该集中在那些
真正重要、自己热爱且擅长的事情上。

သင့်လုပ်ငန်းအတွက်အောင်မြင်ဖို့ 𝐅𝐢𝐫𝐬𝐭 𝐒𝐭𝐞𝐩 နဲ့ အတူ လျှောက်လှမ်းလိုက်ကြပါစို့...

15/04/2026

သင်ယူခြင်းမှာ အသိပညာရယူခြင်းထက်
လုပ်ဆောင်မှုကို ပိုအလေးပေးရမယ်။📚
学习一定要行动大于知识获取,

ဆိုလိုတာက "Output > Input" ဖြစ်ရမှာ။📖
也就是“输出 > 输入”。

သင်ယူခြင်းက လက်တွေ့ဘဝကို ပြောင်းလဲဖို့အတွက်ပါ။
学习是为了改变现实生活,

အသိပညာတစ်ခုခု သင်ယူတိုင်း၊
每当学到一个知识点,

အဲဒါကို လုပ်ဆောင်မှုအဖြစ် ပြောင်းလဲရမယ်။👍
一定要把它转化成行动,

မဟုတ်ရင် သင်က ပိုပိုပြီး
ရှုပ်ထွေးမှုနှင့်လမ်းပျောက်မှု ဖြစ်လာလိမ့်မယ်၊
不然 你会越来越迷茫,

ပြီးတော့ “ငါ ဒီလောက်တောင်ကြိုးစားပြီး သင်ယူနေတာ၊
ဘာကြောင့် တိုးတက်မှု မရှိသေးတာလဲ" လို့ ခံစားမိနိုင်လိမ့်မယ်။😣
会觉得 我都这么努力学习了,
为什么还一直没有进步。

Effective learning = Input + Action(Output > Input)
有效学习 = 输入 + 行动(输出 > 输入)

သင့်လုပ်ငန်းအတွက်အောင်မြင်ဖို့ 𝐅𝐢𝐫𝐬𝐭 𝐒𝐭𝐞𝐩 နဲ့ အတူ လျှောက်လှမ်းလိုက်ကြပါစို့...

13/04/2026

ဘဝကို ပိုမိုချောမွေ့စေမယ့် မေးခွန်း ခြောက်ခု -
六个问题 让你的人生越来越顺:

1️⃣ဒီနေ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ဘာလဲ။
我今天的目标是什么?

2️⃣ဒီနေ့ ကျွန်တော့်အချိန်ကို ဘယ်လိုစီစဉ်မလဲ။
我今天如何安排我自己的时间?

3️⃣ဒီနေ့ ကျွန်တော့်အတွက် အရေးကြီးဆုံး အရာသုံးခုက ဘာတွေလဲ။
今天 我最重要的三件事是什么?

4️⃣ဒီနေ့ ကျွန်တော် ဘာတွေ သင်ယူဖို့ စီစဉ်ထားလဲ။
我今天准备学习哪些东西?

5️⃣ဒီနေ့ ကျွန်တော် ဘယ်နယ်ပယ်မှာ နည်းနည်း တိုးတက်ဖို့ စီစဉ်ထားလဲ။
今天我准备在哪方面进步一点点?

6️⃣ ဒီနေ့ ကျွန်တော့်ကိုယ်ကို ပိုကျန်းမာပြီး ပိုပျော်ရွှင်အောင် ဘယ်လို လုပ်နိုင်မလဲ။
今天我如何使自己活得更健康、更开心?

သင့်လုပ်ငန်းအတွက်အောင်မြင်ဖို့ 𝐅𝐢𝐫𝐬𝐭 𝐒𝐭𝐞𝐩 နဲ့ အတူ လျှောက်လှမ်းလိုက်ကြပါစို့...

12/04/2026

ဘာလို့ လူတော်တော်များများက အောင်မြင်ဖို့ ခက်ခဲရတာလဲ။🤔
为什么很多人很难成事呢?

သူတို့က အမြဲတမ်း
ကြီးမားတဲ့အရာတွေကိုပဲ လုပ်ချင်ကြပြီး
အသေးအဖွဲကိစ္စတွေကိုတော့ မလုပ်ချင်ကြလို့ပါ။😮
因为他们总想做大事,不想做琐碎的小事,

အကြံအစည်တွေက အများကြီးရှိပေမဲ့
တစ်ခုမှ အမှန်တကယ် မပြီးမြောက်နိုင်ကြဘူး။☺️
想法很多,却没有一件真正做成的事。

သူတို့က စဉ်းစားတွေးခေါ်နေတယ်လို့ ထင်ရပေမဲ့
တကယ်တော့ နေရာတစ်နေရာမှာပဲ ရပ်နေတာ။☺️
看起来他们是在思考,其实一直留在原地没动;

ခန္ဓာကိုယ်က မလှုပ်လို့
ပိုဝေးတဲ့နေရာတွေကိုလည်း မမြင်နိုင်ဘူး။☺️
因为身体没动,所以也看不到更远的地方。

ဆိုလိုတဲ့ "စဉ်းစားတွေးခေါ်ခြင်း"
အတော်များများက
လုပ်ဆောင်မှုမရှိဘဲ ကိုယ့်ဘာသာ စိတ်ကျေနပ်နေတာပဲ။
很多所谓的“思考”,
不过是没有行动的自我感动。

ဒါက လူအများစုရဲ့ အခက်အခဲပါပဲ။☺️
这是大多数人的困境。

ဒါဆို ဘယ်လိုလုပ်ရမလဲ။🤔
那该如何做呢?

အကြံအစည်အားလုံးကို ရေးချပြီး ကိုယ့်ကိုယ်ကို မေးခွန်းသုံးခု မေးကြည့်ပါ။🤯
把所有想法写下来,问自己三个问题:

1️⃣ဘယ်အရာက ငါ့ကို အမြန်ဆုံး ကြီးထွားစေနိုင်မလဲ။
• 哪件事,能让我成长最快?

2️⃣ဘယ်အရာက ငါ့အတွက် တကယ်တန်ဖိုးရှိတာလဲ။
• 哪件事,对我真正有价值?

3️⃣ဘယ်အရာက ငါ စိတ်ဝင်စားပြီး တခြားသူတွေအတွက်လည်း အသုံးဝင်နိုင်မလဲ။
• 哪件事,我既感兴趣,又能对别人有用?

အဲ့ဒီထဲကနေ ၁-၃ ခု ရွေးပြီး
စိတ်ကိုတည်ငြိမ်အောင်ထားကာ
အသေးအဖွဲကိစ္စတစ်ခုကို အရင် အာရုံစိုက်လုပ်ပါ။💡
从中选出 1-3件事,先踏下心来专注做好一件小事。

မလောပါနဲ့၊ အသေးအမွှားကနေ စတင်ပါ။
不要贪大,先从小处着手。

သင်စလုပ်တဲ့အခါ ပြဿနာတွေက
သဘာဝအလျောက် ပေါ်လာပါလိမ့်မယ်။👏
当你开始做,问题自然会出现;

ပြဿနာကို ဖြေရှင်းတဲ့လုပ်ငန်းစဉ်က
ကြီးထွားခြင်းတစ်ခုပါပဲ။
解决问题的过程,本身就是成长。

အဲ့ဒီလုပ်ငန်းစဉ်တွေကို မှတ်တမ်းတင်ပြီး
အဆင်ပြေသလို မျှဝေပေးပါ။
အဲ့ချိန်ကျရင် သင်တွေ့ရှိလာလိမ့်မယ်🌲
把这些过程记录下来,顺手分享出来。
你会发现:

သင့်ရဲ့အတွေးအခေါ်က ပိုရှင်းလင်းလာတယ်၊
ထိရောက်မှုက တိုးတက်လာတယ်၊
အောင်မြင်မှုနှုန်း မြင့်လာတယ်၊
ပြီးတော့ သြဇာလွှမ်းမိုးမှုကိုတောင် ရလာနိုင်တယ်။💪
你的思路变清晰了,
效率变高了,
成功率提升了,
甚至,还积累了影响力。

သင်က အောင်မြင်ဖို့ ခက်ခဲရတာက
သင် လုံလောက်အောင် မကြိုးစားလို့မဟုတ်ပါဘူး။
သင် စိုက်ကြည့်နေတဲ့အရာက
အရမ်းကြီးပြီး အရမ်းကျယ်ပြန့်နေလို့ပါ။😧
你之所以很难成事,
不是因为你不够努力,
而是因为你盯着的事 太大、太泛了。

ကြီးလွန်းလို့ ကိုင်စရာမရှိဘူး၊
ကြီးလွန်းလို့ ဘယ်ကနေစရမှန် မသိ ဖြစ်နေပါတယ်။
大到没有抓手,
大到无法开始。

ဘဝကို တကယ်ပြောင်းလဲစေတာက
ကြီးကျယ်တဲ့အရာတွေ မဟုတ်ပါဘူး။
မြင်နိုင်တဲ့၊ ဆုပ်ကိုင်နိုင်တဲ့၊
နေ့တိုင်းလုပ်နေတဲ့ အသေးအဖွဲကိစ္စတွေပါပဲ။✍️
真正改变人生的,从来不是大事,
而是那些:
看得见、抓得住、每天都在做的小事。

အသေးအဖွဲကိစ္စတွေကို တကယ်ကောင်းအောင်လုပ်ပါ။
မှတ်တမ်းတင်တဲ့ အလေ့အကျင့်ကောင်းကို မွေးမြူပါ။⚠️
实实在在把小事做好,
培养随手记录的好习惯。

ဒါက သာမန်လူတစ်ယောက်အတွက်
ဘဝကို ပြောင်းလဲဖို့ အလွယ်ဆုံးလမ်းကြောင်းပါ🌹
这是普通人,
最容易翻身的一条路。

သင့်လုပ်ငန်းအတွက်အောင်မြင်ဖို့ 𝐅𝐢𝐫𝐬𝐭 𝐒𝐭𝐞𝐩 နဲ့ အတူ လျှောက်လှမ်းလိုက်ကြပါစို့...

10/04/2026

သင်ယူခြင်းက များလေကောင်းလေ မဟုတ်ပါဘူး။☺️
学习,不是越多越好。

ကျွန်မအခု အသိပညာပိုင်း စုစောင်းမှုက
ပိုများလာတာ မဟုတ်ဘူး၊ ပိုနည်းလာတာပါ။😮
我现在知识库的数量越来越少,而不是越来越多。

သင်ယူခြင်း၏ ဆန့်ကျင်ဘက်က
မသင်ယူတာမဟုတ်ဘဲ
အကျိုးမရှိတာတွေကို သင်ယူခြင်းပါ။
学习的反面不是不学,而是无效学习。

"ကျယ်ပြန့်တဲ့ အသိပညာ" ဆိုတာက
သတင်းအချက်အလက်တွေ စိုးရိမ်ပူပန်မှု၏
အတုအယောင်သာဖြစ်သည်။☺️
所谓“海量知识”,不过是信息焦虑的伪装。

မျက်စိမှိတ်ပြီး အသိပညာစုပုံထားတာက
သင်ကို သတင်းအချက်အလက်စီးကြောင်းထဲမှာ
လမ်းပျောက်သွားစေလိမ့်မယ်။🫅
盲目堆砌,只会让你在信息流中迷失。

စစ်မှန်တဲ့ Leverage တွေက
အနည်းစုဖြစ်တဲ့ အဓိကမော်ဒယ်ကနေ
ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ 🫅
真正的杠杆,源于几个少数核心模型。

အဲ့ဒီမော်ဒယ်တွေက ဖြစ်စဉ်အားလုံးကို ရှင်းပြနိုင်ပြီး
ပြဿနာများစွာကို ဖြေရှင်းနိုင်ပါတယ်။ ဥပမာ -
它们能解释万象,解决多题。比如:

1️⃣ ပေါင်းစပ်အကျိုးသက်ရောက်မှု (Compound effect)
1️⃣复利效应

2️⃣ပထမအကြောင်းတရား (First principles)
2️⃣第一性原理

3️⃣တုံ့ပြန်မှုပတ်လမ်း (Feedback loops)
3️⃣ 反馈回路

4️⃣ပါရီတိုနိယာမ (Pareto principle 80/20 နိယာမ)
4️⃣帕累托法则(二八定律)

တိကျစွာ ဘယ်လိုလုပ်ရမလဲ။
具体怎么做?

1️⃣ပထမအဆင့် အခြေခံမူများကို ရှာပါ။
1️⃣找到一阶原理。

2️⃣မော်ဒယ် ယန္တရားများကို ခွဲခြမ်းစိတ်ဖြာပါ။
2️⃣拆解模型机制。

3️⃣နယ်ပယ်အသီးသီးမှာ ထပ်ခါတလဲလဲ စမ်းသပ်အတည်ပြုပါ။
3️⃣跨域反复验证。

အသိပညာက အဆတိုးကိရိယာတစ်ခုပါ။
သတင်းအချက်အလက် ပမာဏ မဟုတ်ပါဘူး၊
မော်ဒယ်တွေဖြစ်အောင် တည်ဆောက်ခြင်းသာဖြစ်ပါတယ်။
知识是倍增器。不是信息量,是模型萃取。

သင့်လုပ်ငန်းအတွက်အောင်မြင်ဖို့ 𝐅𝐢𝐫𝐬𝐭 𝐒𝐭𝐞𝐩 နဲ့ အတူ လျှောက်လှမ်းလိုက်ကြပါစို့...

08/04/2026

ကမ္ဘာကြီးက တရားမျှတမှုကို မပြောဘူး၊
အင်အားကိုပဲ ပြောတယ်။🗺️
世界不讲公平,它讲势能。

အင်အားရှိရင် ရေက သင့်ဆီကို စီးဝင်လာမယ်။💦
有势,水往你这里流;

အင်အားမရှိရင် ကြိုးစားအားထုတ်မှုက
ဝန်ထုပ်ဝန်ပိုးဖြစ်သွားမယ်။☺️
没势,努力也会变成负担。

ဒါကြောင့် တစ်ခါတလေ သင်ကိုယ်သင်
အရမ်းပင်ပန်းတယ်လို့ ခံစားရတာက
လုပ်တာ မလုံလောက်လို့မဟုတ်ဘူး။
မှားယွင်းတဲ့ယုတ္တိဗေဒထဲမှာ
ထပ်ခါတလဲလဲ အပိုအလုပ်လုပ်နေလို့ပါ။⚠️
所以有时候你觉得自己特别累,
不是因为做得不够多,
而是因为在错误的逻辑里反复加班。

သင်လိုအပ်တာက ပြဿနာတွေကို
ပိုမြင့်မားတဲ့ ရှုထောင့်ကနေ
ကြည့်တတ်ဖို့နဲ့ ကိုင်တွယ်ဖို့ပါပဲ။💡
你需要的是站在更高维度去看待问题,去处理问题。

သူဌေးရဲ့အတွေးအခေါ်က
Systematic Compound အကျိုးအမြတ်ကို
အလေးထားတယ်။⚠️
老板思维讲求系统复利,

အလုပ်သမားရဲ့အတွေးအခေါ်က
ချက်ချင်း အကျိုးအမြတ်ကို အလေးထားတယ်☺️
打工思维讲求即时回报。

အဲ့ဒီနှစ်ခုကြားမှာ ပိုင်းခြားထားတာက
ကြိုးစားအားထုတ်မှုမဟုတ်ဘဲ သိမြင်မှုအဆင့်အတန်းပါ။
这两者之间隔着的,不是努力,而是认知层级。

သင့်လုပ်ငန်းအတွက်အောင်မြင်ဖို့ 𝐅𝐢𝐫𝐬𝐭 𝐒𝐭𝐞𝐩 နဲ့ အတူ လျှောက်လှမ်းလိုက်ကြပါစို့...

05/04/2026

အကောင်းဆုံးအရောင်းက
တွန်းအားပေးရောင်းချတာမဟုတ်ဘဲ
Sharing လုပ်တာဖြစ်ပါတယ်။
最好的销售不是推销,是分享;✍️

စကားလုံးလှလှသုံးတာမဟုတ်သလို
ဆွဲဆောင်တာလည်း မဟုတ်ဘူး။
不是话术,也不是说服。✍️

ကိုယ့်ကိုယ်ကို နင်းမိခဲ့တဲ့အမှားတွေ၊
လျှောက်ခဲ့တဲ့လမ်းလွဲတွေ၊
စမ်းသပ်ခဲ့တဲ့နည်းလမ်းတွေကို
တခြားသူတွေ ချက်ချင်းသုံးနိုင်တဲ့
အတွေ့အကြုံအဖြစ် ပြောင်းလဲပေးတာပဲ။
把自己踩过的坑、走过的弯路、试过的方法,
转化成别人可以立即使用的经验。🧭

အခမဲ့လို့ထင်ရပေမဲ့ တကယ်တော့
သင်က အရာသုံးခုကို လုပ်နေတာဖြစ်ပါတယ်။
看似免费,实际上你在做三件事:💡

1️⃣ သြဇာလွှမ်းမိုးမှုကို တည်ဆောက်ခြင်း၊
1️⃣建立影响力;

2️⃣ ယုံကြည်မှုကို စုဆောင်းခြင်း၊
2️⃣积累信任;

3️⃣လူတွေရဲ့ အာရုံစူးစိုက်မှုကို အဆက်မပြတ်ထိန်းသိမ်းထားခြင်း။
3️⃣锁定持续关注。

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ကျွန်မ ဒီလိုလုပ်နေခဲ့တာပါ။
过去10多年,我一直是这么做的。🌹

သင့်လုပ်ငန်းအတွက်အောင်မြင်ဖို့ 𝐅𝐢𝐫𝐬𝐭 𝐒𝐭𝐞𝐩 နဲ့ အတူ လျှောက်လှမ်းလိုက်ကြပါစို့...

03/04/2026

Belief -> Emotion, Emotion -> Action, Action -> Result
ယုံကြည်ချက် -> စိတ်ခံစားမှု၊
စိတ်ခံစားမှု -> လုပ်ဆောင်ချက်၊
လုပ်ဆောင်ချက် -> ရလဒ်။
信念->情绪,情绪->行动,行动->结果。🏳️

ဒီနေ့ သင့်ရဲ့ ရလဒ်တွေက
သင့်ရဲ့အတိတ်က လုပ်ရပ်တွေကြောင့်
ဆုံးဖြတ်တာဖြစ်ပါတယ်။
你今天的结果是由你过去的行为决定的。☺️

ဒါပေမဲ့ ယုံကြည်ချက်ကို မပြောင်းလဲရင်
သင့်ရဲ့လုပ်ရပ်တွေ ပြောင်းလဲမှာမဟုတ်ပါဘူး။
但不改变信念,你的行为就不会改变。😊

ကံမကောင်းတာက -
ကျွန်ုပ်တို့ မွေးလာကတည်းက
Bug (အမှားအယွင်း)တွေ အများကြီး
ကြိုတင်တပ်ဆင်ပြီးသား ဖြစ်နေတယ်။
不幸的是:我们出厂的时候,预装了一大堆的Bug。🌹

ဒါပေမဲ့


ဖြေရှင်းနည်းက ရိုးရှင်းပါတယ် -
解决的办法很简单:

ရလဒ်ကို ပြောင်းလဲဖို့ အကောင်းဆုံးနည်းလမ်းက
ကိုယ့်ရဲ့ယုံကြည်ချက်ကို ပြောင်းလဲတာပဲ။
改变结果最好的方法就是改变自己的信念。⚠️

ဥပမာ -
比如:

အဆင်သင့်မဖြစ်သေးရင် Action မစဘူး → မစတာထက် ညံ့ဖျင်းစွာစတာက ပိုကောင်းတယ်။
没准备好不动手 → 烂开始 > 不开始⚠️

ပိုက်ဆံရှာဖို့ အရမ်းပင်ပန်းရမယ် → တန်ဖိုးအတွက်သာ ပေးချေပါ။
赚钱必须很辛苦 → 只为价值买单💰

တပည့်ကို သင်ပေးရင် ဆရာက ငတ်သေမယ် → သူတစ်ပါးကို အကျိုးပြုတာက အကြီးမားဆုံး ကိုယ့်ကို အကျိုးပြုတာပါပဲ။
教会徒弟饿死师傅 → 利他是最大的利己🧑‍🏫

ပေးဆပ်ရင် အကျိုးအမြတ်ရှိရမယ် → ကမ္ဘာက ရလဒ်ကိုပဲ အသိအမှတ်ပြုတယ်။
付出就该有回报 → 世界只认结果🌍

ယုံကြည်ချက်က အမှန်တရား မဟုတ်ဘူး၊
ယုံကြည်ချက်က ကိရိယာတစ်ခုပဲ။
信念不是真理,信念是工具。☺️

အဲ့ဒီထဲက အထက်မြက်ဆုံးဓားကို ရွေးချယ်ပါ။
请选择那把最锋利的。🌹

သင့်လုပ်ငန်းအတွက်အောင်မြင်ဖို့ 𝐅𝐢𝐫𝐬𝐭 𝐒𝐭𝐞𝐩 နဲ့ အတူ လျှောက်လှမ်းလိုက်ကြပါစို့...

30/03/2026

လူမှုရေးမှာပဲဖြစ်စေ၊ စီးပွားရေးမှာပဲဖြစ်စေ
နောက်ဆုံးမှာ ယှဉ်ပြိုင်ရမှာက
စွမ်းရည်မဟုတ်ဘူး၊ ယုံကြည်မှုပါ။🤝
无论做人,还是做生意,
最后拼的,都不是能力,而是信任。

ဒီခေတ်မှာ ယုံကြည်မှုက
အရမ်းရှားပါးပြီး တန်ဖိုးအရှိဆုံး "ငွေကြေး" ပါပဲ။🪙
在这个时代,信任是最稀缺、也最值钱的“货币”。

ယုံကြည်မှုရှိရင် သုံးစွဲသူက သင့်ကို အလိုအလျောက်ရှာလိမ့်မယ်။⚠️
有了信任,客户会主动找你

ယုံကြည်မှုရှိရင် သူငယ်ချင်းက သင့်ကို ကူညီချင်လိမ့်မယ်။🎉
有了信任,朋友愿意帮你

ယုံကြည်မှုရှိရင် အခွင့်အရေးက သင့်အနားကို အလိုအလျောက်ရောက်လာလိမ့်မယ်။
有了信任,机会自然靠近你

ဒါပေမဲ့ ပြဿနာက ယုံကြည်မှုကို
တည်ဆောက်ဖို့ အခက်ခဲဆုံးဖြစ်ပြီး၊
ဆုံးရှုံးဖို့ အလွယ်ဆုံးပါပဲ။💡
但问题是,信任最难建立,也最容易失去。

ယုံကြည်မှုကို တည်ဆောက်ဖို့က
ပြောတဲ့အတိုင်းလုပ်ဆောင်မှုနဲ့
တစ်နေ့ပြီးတစ်နေ့ တည်ဆောက်ရတာဖြစ်ပြီး၊
ဖြတ်လမ်းးမရှိတာဖြစ်ပါတယ်။🤝
建立信任,靠的是一次次言行一致,日复一日,没有捷径。

ယုံကြည်မှုကို ဖျက်ဆီးဖို့က
ကတိတစ်ခုလောက် ဖောက်တာ၊
တာဝန်တစ်ကြိမ်လောက် လွှဲချတာ၊
ကံကောင်းမယ်လို့ ထင်ပြီး
တစ်ကြိမ်လောက် အလေးမထားတာနဲ့ လုံလောက်ပါပြီ။☺️
可毁掉信任,只需要一次失信、一次推责、一次侥幸。

လူတော်တော်များများက
စွမ်းရည်မရှိတာမဟုတ်ပါဘူး၊
ယုံကြည်မှုက အရင်ဆုံး ဒေဝါလီခံသွားတာပါ။😮
很多人不是没能力,而是信用先破产了。

ပိုက်ဆံကုန်သွားရင် ပြန်ရှာလို့ရသေးတယ်၊
ယုံကြည်မှုကုန်သွားရင် ပွဲးပြီးပြီ။🌹
钱没了还能再赚,信用没了就完了。

သင့်လုပ်ငန်းအတွက်အောင်မြင်ဖို့ 𝐅𝐢𝐫𝐬𝐭 𝐒𝐭𝐞𝐩 နဲ့ အတူ လျှောက်လှမ်းလိုက်ကြပါစို့...

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


2nd Floor-D , No. 106, 17th Street
Yangon
11131