The Royal Music Academy

The Royal Music Academy

Share

ဂီတ အနုပညာ MV Shooting Studio.

30/04/2026

ယ​နေ့ဟာဗုဒ္ဓဘာသာဝင်တို့၏​နေ့ထူး​နေ့မြတ်ဖြစ်​သော မင်္ဂလာရှိတဲ့ကဆုန်လပြည့်​နေ့​လေးပဲဖြစ်ပါတယ်ရှင် 🙏🙏🙏
ကဆုန်လပြည့်​နေ့အခါသမယတွင်
ကျွန်မတို့ The Royal Music Academy သင်တန်း​ကျောင်း​လေးဖွင့်လှစ်ထားပါ​ကြောင်းနှင့် မြန်မာပြည်သူ/သားအ​ပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါ​စေ​ကြောင်း
ဆုမွန်​ကောင်း​တောင်း​ပေးလိုက်ရပါတယ်ရှင်🙏🙏🙏

The Royal Music Academy
အမှတ် ၃၆၉ ပြည်သာယာလမ်း သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်
09266962211 / 09420027226

Photos from The Royal Music Academy's post 21/04/2026

မင်္ဂလာပါရှင်..
​ကျောင်းပြန်ဖွင့်ဖွင့်ချင်းမှာပဲ ဂုဏ်ထူးပန်း​ဝေ​ဝေဆာဆာနဲ့အဖွင့်​လေးလှပခဲ့ပါပြီရှင် 😍
The Royal Music Academy မှဆရာ/မများက​သေချာစနစ်တကျသင်ကြား​ပေး​နေသလို. စည်းကမ်းတကျကြိုးစား​ပေး​နေတဲ့သားသားမီးမီး​လေး​တွေ​ကြောင့် ဂုဏ်ထူးပန်း​တွေလှိုင်လှိုင်​ဝေဆာလျှက်ပါရှင် 🤗
ဒီ​နေ့​လေးမှာလဲ UK အ​ခြေစိုက် နိုင်ငံတကာအသိအမှတ်ပြုထား​သော ABRSM Music Theory Grade 5 Exam ကို Distinction ဖြင့်ထူးချွန်​စွာအောင်မြင်ခဲ့​သော Thel Su Naddy ကို The Royal Music Academy မှအထူးပင်ဂုဏ်ယူဝမ်း​မြောက်မိ​ကြောင်း ​ပြောကြားလိုပါတယ်ရှင်
🎉 Congratulations 🎉

Photos from The Royal Music Academy's post 19/04/2026

မင်္ဂလာပါရှင်...
ကျွန်မတို့ရဲ့ The Royal Music Academy သင်တန်း​ကျောင်း​လေးကို မနက်ဖြန် ၂၀.၄.၂၀၂၆ ရက် တနင်္လာ​နေ့မှစ၍ ပုံမှန်အတန်းချိန်​လေးများအတိုင်း မနက်၈နာရီမှ ည၈နာရီထိ ပိတ်ရက်မရှိပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါ​ကြောင်း သတင်း​ကောင်း​လေးပါးပါရ​စေရှင်🤗

❤️ သင်ယူမှုဆိုတာအဆုံးမရှိ​သောခရီးတစ်ခုပါ ❤️
❤️ အသစ်အသစ်​သော​လေ့လာသင်ယူမှု​တွေစတင်နိုင်ဖို့
The Royal Music Academy မှတံခါးဖွင့်ကြိုဆိုလျှက်. ပါရှင် 🤗🤗🤗🤗🤗

The Royal Music Academy

အမှတ် ၃၆၉ ပြည်သာယာလမ်း သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်။

09266962211 / 09420027226

Photos from The Royal Music Academy's post 08/04/2026

🎼🎵ဂီတသံစဉ်များနဲ့ ပြည့်နှက်ခဲ့တဲ့ ညနေခင်းလေးတခု
အောင်မြင်စွာ ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်ရှင့် 🎼🎵

🎶 The Royal Music Academy ရဲ့
Music Concert , Compound Recital ပွဲလေးကို
ပြီးခဲ့တဲ့ [ 4.4.2026 - Saturday ]နေ့တွင်
အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်ရှင့် ။

🎵 ဒီပွဲလေးဖြစ်မြောက်ဖို့အတွက် အစွမ်းကုန် ကြိုးစားလေ့ကျင့်ခဲ့ကြတဲ့
ကျွန်မတို့ရဲ့ ကျောင်းသား၊ကျောင်းသူ တစ်ဦးချင်းစီကို The Royal Music Academy မှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
စင်ပေါ်တွင် ယုံကြည်မှုရှိရှိနဲ့ အကောင်းမွန်ဆုံး ဖျော်ဖြေတင်ဆက်နိုင်ခဲ့ခြင်းဟာ
သားသား၊မီးမီးတို့ရဲ့ ကြိုးစားမှုရလဒ်ပဲ ဖြစ်ပါတယ်။

🎶 အနီးကပ် လေ့ကျင့်သင်ကြားပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများနှင့်
အစစအရာရာ ပံ့ပိုးကူညီပေးခဲ့ကြတဲ့ မိဘအုပ်ထိန်းသူများ အားလုံးကိုလည်း
ဒီနေရာမှ အထူးပင် ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ရှင့် ။

ရှေ့ဆက်ပြီးတော့လည်း The Royal Music Academy မှ
အရည်အချင်းရှိတဲ့ ဂီတပညာရှင်လေးတွေဖြစ်အောင်
အမြဲကြိုးစားသင်ကြားပေး‌နေမှာဖြစ်တဲ့အကြောင်း
ထပ်လောင်းပြောကြားရင်း
Music Concert ပွဲနေ့လေးရဲ့ အမှတ်တရပုံရိပ်လေးများကို
မျှဝေလိုက်ပါတယ်ရှင့်

07/04/2026

💦 သင်္ကြန်ပိတ်ရက်အသိပေးကြေငြာခြင်း 💦

💦 မြန်မာ့ရိုးရာအတာသင်္ကြန်နှစ်သစ်ကူးကာလလေးမှာ
နှစ်ဟောင်းတွင်ကြုံတွေ့ခဲ့ရသော အခက်အခဲအားလုံးမှ လွတ်ကင်းပြီး
နှစ်သစ်ဦး နှစ်အစ မှ စတင်ကာ အပူအပင်ကင်းရှင်းစွာဖြင့်
သင်္ကြန်ကာလကို ဖြတ်သန်းနိုင်ကြပါစေလို့
The Royal Music Academy မိသားစုမှ
ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်ရှင်..🙏🏻🙏🙏

📌 The Royal Music Academy ကျောင်း နှင့်
Office ဝန်ဆောင်မှုများကိုလဲ သင်္ကြန်ရုံးပိတ်ရက်အဖြစ်
13.4.2026 ရက်နေ့မှ 19.4.2026 ရက်နေ့အထိ
ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည် ။

03/04/2026

မနက်ဖြန် 4.4.2026 ( စနေနေ့ ) တွင်
The Royal Music Academy Compound Recital ပွဲကြီး
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့်
ဆရာ၊ဆရာမများ သင်ကြားပေးမည့်အတန်းချိန်များအားလုံး
တစ်ရက်လောက်ပိတ်ဖို့ ခွင့်ယူပါရစေရှင်...

5.4.2026 (တနင်္ဂနွေနေ့) မှာတော့
အတန်းများအားလုံး မနက်၈နာရီမှစတင်၍
ပုံမှန်ပြန်လည်သင်ကြားပေးမည်ဖြစ်ပါကြောင်း
အသိပေးအကြောင်းကြားအပ်ပါသည်ရှင် ။

Compound Recital ပွဲတွင်မပါ၀င်သော
သားသားမီးမီးများ ၊ မိဘ ၊ ညီအစ်ကို၊မောင်နှမများ
လာရောက်ကြည့်ရှုနိုင်ပြီး
ဂီတကိုချစ်မြတ်နိုးသောမည်သူမဆို လာရောက်ခံစားနားဆင်နိုင်ပါကြောင်း သတင်းစကားလေးပါးပါရစေရှင့် 🥰🥰

Photos from The Royal Music Academy's post 02/04/2026

မင်္ဂလာပါရှင် 🤗

၁၄.၃.၂၀၂၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့
Student' OF Teacher Htoi ပွဲလေး
အောင်မြင်စွာပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်ရှင့်....

ဒီနေ့လေးမှာတော့
Recital ပွဲ​လေးအတွင်း ကြိုးစားတီးခတ်​ပေးခဲ့တဲ့
သားသားမီးမီးတို့နှင့်ဆရာ. ဆရာမများတို့၏
အမှတ်တရပုံရိပ်လေးတချို့ကို မျှဝေပေးချင်ပါတယ်ရှင့်

လာရောက်အားပေးကြတဲ့ မိဘ ၊ ညီအစ်ကိုမောင်နှမများ ၊
ကြိုးစားတီးခတ်ပေးကြတဲ့
သားသား၊မီးမီးများ ဆရာ.ဆရာမများ
တယောက်ချင်းစီတိုင်းကိုလဲ
The Royal Music Academy မှ
အထူးပင်ကျေးဇူးတင်ရှိပါတယ် ရှင့် 😍

31/03/2026

Don’t miss this special opportunity! 🎶
Join the Piano Masterclass with Dr. Kaiyin Huang and be inspired by the talented pianists of Euphony Performing Arts.
📅 April 1, 2026 | ⏰ 11:00 AM | 📍 The Royal Music Academy

1st April 2026 ( Wednesday ) တွင် The Royal Hall ၌
Piano Masterclass ကို Dr. Kaiyin Huang မှသင်ကြားပေးမှာဖြစ်ပြီး Euphony Performing Arts မှ Pianist များမှ
ပါဝင်အားဖြည့်ထားတာဖြစ်လို့ Piano ၏ သိမ်မွေ့သော ဂီတသံစဉ်များကို
လေ့လာသင်ယူ၊ခံစားဖို့ မည်သူမဆိုတက်ရောက်နိုင်ပါကြောင်း
လှိုက်လှဲစွာဖိတ်ခေါ်လိုက်ပါတယ်ရှင့်🤗🤗

28/03/2026

🎶✨ The Royal Music Academy Compound Recital ✨🎶

မင်္ဂလာပါရှင့်
အားလုံးမျှော်လင့်နေကြတဲ့ သတင်းကောင်းလေးပါးပါရစေရှင့် 🙆🙆

ကျွန်မတို့ The Royal Music Academy မှ ကျောင်းသား/ကျောင်းသူများရဲ့
ကြိုးစားအားထုတ်မှုတွေကို အပြည့်အဝဖော်ပြနိုင်ဖို့
လစဉ်လတိုင်း ၊ နှစ်စဉ်နှစ်တိုင်း အမြဲမပြတ်ကျင်းပပြုလုပ်ပေးလျက်ရှိပါတယ်
🎹🎻🎤

ဒီတခေါက်မှာတော့ နှစ်စဉ်ကျင်းပပြုလုပ်ပေးနေကျ
The Royal Music Academy မှ သင်တန်းသား၊သင်တန်းသူ
သားသား၊မီးမီးတို့ရဲ့ ကြိုးစားလေ့ကျင့်ခဲ့တဲ့ အနုပညာစွမ်းရည်တွေကို
Stage စင်မြင့်ပေါ်မှာ မျက်ဝါးထင်ထင် မြင်တွေ့ရမယ့်
Music Concert ( Compound Recital ) ပွဲလေးကို လာမည့် ဧပြီလထဲမှာ
ခမ်းနားစွာ ကျင်းပပြုလုပ်ပေးမှာဖြစ်ပါတယ် 🌟

နေ့ရက် - ၄.၄.၂၀၂၆ ( စနေနေ့ )

အချိန် - ညနေ ၃:၀၀ မှ ၆:၀၀ အထိ

နေရာ - The Royal Hall
အမှတ် (၃၆၉) ၊ ပြည်သာယာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့

ဂီတကို ချစ်ခင်သော ဂီတကို၊ စိတ်ပါဝင်စားသော
မိဘ ၊ ညီအစ်ကို ၊ မောင်နှမ ၊ မိတ်ဆွေများ အားလုံး
အခမဲ့ လာရောက်ကြည့်ရှု အားပေးကြဖို့လဲ ဖိတ်ခေါ်အပ်ပါတယ်ရှင့် 💖

Let’s celebrate music, passion, and talent together! 🎶

Photos from The Royal Music Academy's post 23/03/2026

မင်္ဂလာပါရှင် 🤗

၈.၃.၂၀၂၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့
Recital Of Tr Grace & Tr Cathy ပွဲလေး
အောင်မြင်စွာပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်ရှင့်....

ဒီနေ့လေးမှာတော့
Recital Of Tr Grace & Tr Cathy ပွဲလေးအတွင်း
ကြိုးစားတီးခတ်ကြတဲ့ သားသား၊မီးမီးများနှင့်
လာရောက်ကြည့်ရှုအားပေးကြသော
မိဘ၊ညီအစ်ကို၊မောင်နှမ၊မိတ်ဆွေ၊သူငယ်ချင်းများရဲ့
အမှတ်တရပုံရိပ်လေးတချို့ကို
မျှဝေပေးချင်ပါတယ်ရှင့် ..

လာရောက်အားပေးကြတဲ့ မိဘ ၊ ညီအစ်ကိုမောင်နှမများ ၊
ကြိုးစားတီးခတ်ပေးကြတဲ့
သားသား၊မီးမီးများ တယောက်ချင်းစီတိုင်းကိုလဲ
The Royal Music Academy မှ
အထူးပင်ကျေးဇူးတင်ရှိပါတယ် ရှင့် 😍

Photos from The Royal Music Academy's post 20/03/2026

မင်္ဂလာပါရှင် 🤗

၂၈.၂.၂၀၂၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့
Recital Of Drum & Guitar ပွဲလေး
အောင်မြင်စွာပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်ရှင့်....

ဒီနေ့လေးမှာတော့
Recital of Drum & Guitar ပွဲလေးအတွင်း
ကြိုးစားတီးခတ်ကြတဲ့ သားသား၊မီးမီးများနှင့်
လာရောက်ကြည့်ရှုအားပေးကြသော
မိဘ၊ညီအစ်ကို၊မောင်နှမ၊မိတ်ဆွေ၊သူငယ်ချင်းများရဲ့
အမှတ်တရပုံရိပ်လေးတချို့မှ ကျန်ရှိ​နေ​သော
ပုံရိပ်​လေးများကို ထပ်မံမျှဝေပေးချင်ပါတယ်ရှင့်

လာရောက်အားပေးကြတဲ့ မိဘ ၊ ညီအစ်ကိုမောင်နှမများ ၊
ကြိုးစားတီးခတ်ပေးကြတဲ့
သားသား၊မီးမီးများ တယောက်ချင်းစီတိုင်းကိုလဲ
The Royal Music Academy မှ
အထူးပင်ကျေးဇူးတင်ရှိပါတယ် ရှင့် 😍

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


အမှတ်(၃၆၉) ပြည်သာယာလမ်း၊ သင်္ဃန်းကျွန်း၊ ရန်ကုန်။, ၀၉ ၂၆၆ ၉၆၂ ၂၁၁
Yangon
NO.369

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00