ဘမျိုး ဘိုးတူ
==========
အသက်ကလေးရလါတေါ့တရားဖက်ချိန်ရောက်လါပါပြီ ဇနီးရှိစဥ္ကတေါ့မနက် ၇ နာရီ တကြိမ်
ညနေ ၄ နာရီတကြိမ် စလင်းကျောင်းတိုက်မှာ
တနာရီမှန်မှန်တရားထိုင်ပါတယ် သူမရိှတဲ့နောက်ပိုင်း ညနေတကြိမ်သါ ထိုင်ြဖစ်ပါတေါ့တယ် ကိုဗစ်စထဲက ဘယ်မှထွက်မရတေါ့ဘူး
အိမ်မှာဘဲပုတီးစိပ်ပရိတ်ရွတ် တရားထိုင်လုပ်ရပါတေါ့တယ် အိမ်ကကျဥ္းတေါ့ မြေး ၃ ယေါက်
တွက် ဆေါ့စရာနေရာမရှိကြရှာဘူး အကြီးဆုံးကတေါ့ အါးရင် ဘိုးအေဖုန်းယူ Puge mobile ဆေါ့တယ် သူကလည်း friend တွေဘါတွေနဲ့
ဘိုတွေနဲ့လဲ english လို တေါ့ကင်းလွှတ်ကစါး
တါ နားရောလည်ကြလါး ဆိုတေါ့ လည်တါပေါ့
အဖိုး ရ တဲ့ tik tok လည်းလုပ်တယ် ဒါလည်း like ပေးတါ foreigner တွေတေါင်ပါတယ်
သူဘဲ အဖိုးကို Smule install လုပ်ပေးတါပါ
အငယ်မနှစ်ယေါက်ကတေါ့ ဖိုးအေနားတနေ့လုံးဝေ့လည်လည်ပါ မအေရိုက်လည်းဖိုးအေဆီပြေးဖက်ငိုကြတါပါဘဲ တခါတလေ လူပေါ်အိပ်ပျော်
သွားကြတယ် ဥာဏ်သု ကိုယ်ဝန်ရှိတေါ့သူ့အမေကစင်္ကာပူ မှာ ကျနော့အဖေ ရဟန်းဝတ်နဲ့ကြွလါ
တါအိမ်မက်မက်တယ်တဲ့ (ကိုယ်ကလည်းကိုယ်ကိုယ်တိုင်ဘကြီးဝင်စါးတဲ့သူလို့ နဂိုထဲကယုံချင်ချင်) မွေးလါတေါ့ ကျောမှာအမှတ်လေးပါလါတေါ့ ဟုတ်များဟုတ်နေမလါးထင်မိပါတယ် သို့သော်လည်းကျနော့အဖေ လို gifted ပါရမီတွေမတွေ့ရဘူးစိတ်အါးငယ်တတ်တယ် အလတ်မကလည်း ကျနော့ဇနီးကိုအိပ်မက်မက်တယ်ဆိုဘဲ သူကတေါ့လူလည်ပါ သမီး အရင်ဘဝကနာမည်က ဘေဘီ လါး ဆို ဟုတ်တယ် ဆိုတါချည်းဘဲမြေးကြီးက smule install လုပ်ပေးတယ် ဘယ်လို ဆို ဘယ်လို post လုပ် အကုန်သင်ပေးပါတယ် ရတဲ့သီချင်းလေးတွေဆိုမိတါပေါ့လေ အနုပညာပိုးက အဖေ့လက်ထက်ကထဲက ပါလါတဲ့ပိုးပေကိုး သေါတါပန် ဗိမ္မိသါရ မင်းကြီးတေါင် နတ်ပြည်ရောက်တေါ့ဂန္ဓဗ္ဗ နတ်သါးဖြစ်ရရှာပါသတဲ့ သူငယ်ချင်းအများစုကတေါ့ဒီအရွယ်ရောက်မှ တရားကိုအချိန်ပြည့်မလုပ်ပဲစါရေးကဗျာရေး သီချင်းဆိုနေတါ မသင့်တော်ဘူးပေါ့ ပုတီး လက်လွှတ် ပရိတ်မရွတ်သင့်တေါ့ဘူး အကြံပေးသူလည်းရှိပါတယ် ကေါင်းတယ်ထင်လို့တချိန်လုံးလုပ်လါပြီး ခုချိန်မှ မလုပ်တေါ့ဘူး ဖြတ်ပစ်ဘို့ခက်လှပါတယ် ခုချိန်ပြန်စဥ္းစားမိတေါ့ စလုပ်စဥ္က နိဗ္ဗာန်ရောက်ဖို့ထက်လေါကီအကျိုးစီးပွားကိုချက်ချင်းအကျိုးပေးဘို့ မိမိရင်ဆိုင်နေရတဲ့ဒုက္ခတေါမှမြန်မြန်လွတ်ကင်းဘို့ ကိုမသိမသါမျှော်မှန်းလုပ်ခဲ့မိတါ လို့ ထင်မြင်မိပါတယ် ခုချိန်မှဖြတ်လိုက်ရင် ရတနာသုံးပါးအပေါ်မိမိရဲ့ယုံကြည်မှုဟါ တကဲ့သဒ္ဓါအစစ် မဟုတ်မှာစိုးရိမ်မိပါတယ် ဒါကြောင့် လေါကီအကျိုးပေးတါမပေးတါထက်မိမိက ခံယူချက်ပြောင်းဆက်လုပ်ဘို့ဆုံးဖြတ်ရပါတယ် ဘုရားနှုတ်ကပါတ်တော်ရွတ်ဖတ်သရဇ္ဈယ်ခြင်း ဂုဏ်တော်ရွတ်ပွားနေစဥ္အကုသိုလ်ကင်းခြင်းကို အဓိကမှန်းပြီးဆက်လုပ်နေပါတယ်
မစိုးရိမ်ဆရာတော်ကြီးလက်ထက်တော်က ရဟန်းအများ အပြိုင်အဆိုင်ပုတီးစိပ်ကြတါအခေါက်ငါး ရာတထေါင်ရကြတယ်ကြားတေါ့
တယ်စွမ်းကြပါလါး ဒို့များတသက်လုံးစိပ်လါတါ ပုတီးနှစ်လုံးဘဲရသေးတယ် မိန့်ပါသတဲ့ ဝေဘူ ဆရာတော်ကြီးကတေါ့ပုတီးစိပ်တဲ့အခါ လက်ထိပ်မှာတိုးပြီးသိနိုင်တဲ့ အမါဓါတ် ပထဝီ ဖြစ်ပျက်ကိုပါ သတိကပ်ဘို့ ဆုံးမတယ်မှတ်သါး
ဘူးပါတယ်
ညီမေါင်သန့်ဇင် ညီမဖြူလေး သန်းသန်းဌေးတို့
လည်းပဌာန်းအကျယ်ရွတ်ကြပါတယ် သူရ ၇ က comrade အကိုတင်မေါင်ဝင်းလည်း စွဲစွဲမြဲမြဲအါစိ္ဏ္ဏကံရွတ်ပါတယ် အဟိတ်လင်းနို့သါးငါးရာ နတ်သါးဖြစ်ကြတါ အရှင်သါရိပုတြာထံမှ
ပဌာန်းတရားနာယူရဟန္တာဖြစ်ကြတယ်ဆိုကတည်းက မည်မျှအကျိုးကြီးတယ်မှန်းဆနိုင်ပါတယ် ကျနော်ကတေါ့ ပဌာန်းအကျယ်ရွတ်ဘို့
ဆန္ဒရိှသော်လည်း အလွတ်မရတေါ့မရွတ်နိုင်သေးပါဘူး သို့သော်သန်းသန်းဌေးဆီကဓမ္မဒါန ရထါးတဲ့လယ်တီဆရာတော်ကြီးရဲ့မဟါသရဏဂုံ
တော်ကြီး (အရမ်းနှစ်သက်ပါတယ် ) မဟါသမယ သုတ်တော် ဥပါတသန္တိ သုတ်တော် ပရိတ်ကြီး ၁၁ သုတ် ဓမ္မစကြာသုတ်တော်ရွတ်ပါတယ် ရေချိုးကါနီး dive ထိုးပါတယ် ကင်းမီးကေါက်ထေါင်ပါတယ် ထေါင်နေစဥ် ဓါရဏ ပရိတ်ရွတ်ပါတယ် ရေချိုးခန်းထဲမှာ joggingလုပ်ပါတယ် မဟါဝေဒဗ္ဗ ပထဝီဇေယျမန္တာန် ရွတ်ပါတယ် ခြေဖဝါးခြေဖမိုး တဖက်နဲ့တဖက် ပူနေအေါက်ပွတ်ပါတယ် ပြီးမှရေချိုးတယ်
ဖိုးအေလေ့ကျင့်ခန်းလုပ်တါအမြဲမြင်နေတဲ့ မြေးမနှစ်ယေါက်က လိုက်လုပ်ကြပါတယ် ခုန်ဆွခုန်ဆွ လုပ်ရာက ဒိုက်ထိုးတါ လက်နှစ်ဖက်အေါက်မှာထါး ဘီရိုကိုခြေနှစ်ဖက်နဲ့ကန် ဇေါက်ထိုး နေပြီးဆေါ့နေနိုင်ကြပါပြီ
မြေးမကြီးက သေါက်တော်ရေလဲရင်သူကိုယ်တိုင်ကူလုပ်ချင်ပါတယ် အငယ်လေးကိုတေါ့ သမီးလေးကြီးမှကူပါပြောထါးရပါတယ်
ညနေဆို ၅နာရီ ၆နာရီ ကြားမှာတရားထိုင်လေ့ရှိ
ပါတယ် အငယ်မလေးက ဖိုးအေအနားလါ နားရွက်လါလါကိုင်လေ့ရိှပါတယ် ဟိုနေ့ကတေါ့ ဖိုးဖိုး
ထိုင်သလို သမီးတို့လည်းတရားထိုင် မျက်စိမှိတ်
ထါး အသက်ရှူသွင်း ရှူထုတ်လုပ် ပြောပြီးပေါင်ပေါ်တက်ထါးတါ တကယ်မျက်စိမှတ်ပြီး
အငယ်လေးက ၁၀ မိနစ်ကျော်ကျော် အကြီးလေးက မိနစ်နှစ်ဆယ်ကျော်ကျော် ထိုင်သွားကြလေရဲ့ ကျနော်တရားထိုင်တိုင်း ဝိတက်ဝိစါရ ပီတိ သုခ ဧတဂ္ဂတါ စျန်အင်္ဂါငါးပါးအမြန်ရပါစေ စိတ်ထဲကဆန္ဒပြုလေ့ရှိပါတယ် ခုထိတေါ့သမါဓိမမြဲသေးပါဘူး နိဝရဏ ပါးလါသလိုထင်မိယုံလေးပါ အဲ့ဒီနေ့ကတရားထိုင်ပြီးတေါ့ စိတ်ချမ်းသါသလိုလိုဖြစ်မိပါတယ်
လူတေါ့ဆင်းရဲပါတယ် အိုကံလေးကေါင်းနေတဲ့
အတွက် သါးသမီးမြေးတွေကိုကျေးဇူးတင်ရပါတယ် ကျန်းမာချမ်းသါကြပါစေ လိုအင်ဆန္ဒပြည့်စုံကြပါစေ ဘေးဒုက္ခရန်စွယ် အန္တရာယ်မှန်သမျှ သေါကအမျိုးမျိုးမှလွတ်ကင်းကြပါစေ
မိတ်ဆွေအပေါင်း ချစ်သူမုန်းသူအပေါင်း မြန်မါပြည်သူပြည်သါး အနန္တသတ္တဝါအါးလုံး သုခိအတ္တာနံပရိဟါရန္တု တေါင်းဆုပြုပါတယ် ၂၀၂၁ ခုနှစ်အတွင်း ကပ်သုံးပါးလွတ်ကင်းကြ၍ ကေါင်းကျိုးမင်္ဂလါအဖြာဖြာပြည့်စုံကြပါစေ
သတ္တဝါမှန်သ၍တရားတွေ့ချမ်းမြေ့ကြပါစေ
မေတ္တာဖြင့်
မျိုးမောင်မောင်မျိုး
Thein Tun
For the post concerning ' insurance ''
29/12/2025
အတ္တကြီးသူများ
လောကီလူ့ဘုံ ကျင်လည်နေရသမျှ လူအမျိုးမျိုးစိတ်အထွေထွေ ကြုံကြဆုံကြရတာပါဘဲ ပုထုဇ္ဇနော ဥမ္မတကော ပုထုဇဥ်တွေ မှန်သမျှ ချွတ်ယွင်းချက်မကင်း အမှားမကင်းကြတာ ဓမ္မတာပါ ကိုယ့်အမှားကို များသောအားဖြင့်ချက်ချင်းမသိတတ်ကြပေမဲ့ သူများမှားနေတာ သူများချွတ်ယွင်းချက်ကတော့ သတိထားစရာမလို ဖြတ်ကနဲတောင် သိလိုက်ကြလေ့ရှိပါတယ်
အသက်အရွယ်ရလာတော့ဝေဖန်ပစ်တင်လိုစိတ်မရှိတော့ဘဲ သူ့ကိုကျေးဇူးတင် သူ့လိုငါမှားလို့မဖြစ် သံဝေဂယူချင်စိတ်မွေးရပါတယ်
အတ္တကြီးသူ အတ္တကြီးလေ့ရှိသူတွေဟာ လာဘောအလာဘော ယသော အယသော နိန္နံ ပသန္နံ သုခံဒုက္ခံ
လောကနိယာမတရားများအနက် အကောင်းလောကဓံနဲ့ကြုံဆုံနေရသူများမှာ ပိုအဖြစ်များလေသလားတွေးမိပါတယ် သို့သော်လည်း အတ္တကြီးခြင်းဟာ မာန pride နဲ့ တိုက်ရိုက်အချိုးကျလေတော့ ဆင်းရဲချမ်းသာ ပညာရှိမရှိရာထူးဂုဏ်သိရ်ရှိမရှိ နဲ့အဓိကမကျလှဘဲ တဦးချင်းစီရဲ့စိတ်နေစိတ်ထား individual attitude နဲ့ပိုပြီးသက်ဆိုင်ပါလိမ့်မယ်
နောက်တမျိုးကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်
Superiority complex ပါ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် အထင်သေးစိတ်နဲ့ ပြောင်းပြန်ပေါ့ စိတ်ရောဂါပါရဂူများကတော့ နှစ်မျိုးလုံး ကို စိတ်ရောဂါ သတ်မှတ်ကြမှာပါ inferiority complex သိမ်ငယ်တဲ့ အငုံ့စိတ်ဟာ depression စိတ်ကျတဲ့အဆင့်ရောက်ရင် ပါရဂူနဲ့တိုင်ပင် ဆေးသောက်မှကိုရတော့မှာပါ
အတ္တ ကို ego အတ္တများရင် egoist အတ္တ ဝါဒ ကို egoism လို့သုံးတယ် လို့မှတ်သားဘူးပါတယ် အတ္တကြီးသူတွေဟာ လူတဘက်သားအပေါ်မှာ အကောင်းမြင်စိတ် optimism ထားလေ့မရှိတတ်ဘူး အဆိုးမြင်စိတ် pessimism ထားဘို့ပိုများပါတယ် သူတဘက်သားအပေါ်မှာ နားလည်ခွင့်လွှတ်စိတ် ထားေလ့မရှိကြဘူး ငါပြောတာအမှန် ငါလုပ်တာအမှန် တယူသန်စိတ်ရှိကြသူများပါတယ်
ရေမပြည့်တဲ့အိုးဟာဘောင်ဘင်ခတ်လေ့ရှိတာပါဘဲ
အဆန်ပြည့်တဲ့စပါးနှံဟာ ဣိန္ဒြေသိက္ခာနဲ့ငိုက်ကျတည်ငြိမ်နေပေမဲ့ အဆန်မအောင်တဲ့စပါးနှံတွေကလေမှာတလွင့်လွင့် နဲ့ပေါ့
ရာထူးနဲနဲကြီးလာရင်ပိုပိုကြီးချင်တယ် နဲနဲချမ်းသာလာရင် ပိုပိုချမ်းသာချင်တယ် သာမာန် လောက်ကတော့ ဆန္ဒ wish အဆင့်ပါ ရှိသင့်တာထက်ပိုလာရင်လောဘ desire ဖြစ်သွားပြီး အကုသိုလ်များသထက်များအောင်ပိုပြုကျင့်မိအောင် မြင်းကိုဂျိုတပ်ပေးသလိုဖြစ်တော့တာဘဲ မိမိရာထူးကြီးသထက်ကြီးလာဘို့ ချမ်းသာသည်ထက်ပိုချမ်းသာလာဘို့ ဖြတ်လမ်းနည်း ကလိမ်ကောက်ကျစ်တဲ့နည်း by hook or by crook သူတပါးမျက်ရည်ပေါက်ကြီးငယ်ကျလဲဂရုမစိုက် ရလေလိုလေ အိုတစ္ဆေ ဖြစ်သွားရင်တော့ နောက်ဘဝ အပါယ် သေချာသွားတာပေါ့
အမီတာဘဂျမ်း ရေးတဲ့စာလေးဖတ်ဖူးတယ် တခါရထားစောင့်နေရင်း သာမာန်လူလတ်တန်းစားဘိုးတော်တယောက်တွေ့တယ် သူ့ကိုတွေ့ပေမဲ့အရေးမထားသလိုပုံစံမို့ သိပ်ဘဝင်မကျဘူး သည်းမခံနိုင်တော့တဲ့အဆုံး သွားနှုတ်ဆက်တယ် ယဥ်ယဥ်ကျေးကျေးပြန်ပြောပေမဲ့သူ့ကိုအထင်ကြီးပုံမပေါက်တော့အောင့်သက်သက်ဘဲ ဘိုးတော်သွားတော့မယ်နှုတ်ဆက်တော့ နာမည်လေးပြောခဲ့ပါ ဘိုးတော်နာမည်ပြောချိန်မှာ ပါးစပ်အဟောင်းသားဖြစ်ကျန်ခဲ့ရသတဲ့ အိန္ဒိယ ရဲ့အချမ်းသာဆုံးစာရင်းဝင် သူဌေးကြီးရဲ့ရိုကျိုးနှိမ့်ချမှုကိုကိုယ်တွေ့ကြုံလိုက်ရတာကိုး
အတ္တကြီးရာက ကိုယ့်ကိုယ်ကိုအထင်ကြီးလာတယ် ငါမှငါ self centre ဖြစ်လာတယ် သူတပါးအပေါ်အထင်မကြီးချင်တော့ဘဲအထင်သေးချင်စိတ်ပိုအားများလာတယ် သုဝစောစဿ ဆိုဆုံးမလွယ်စိတ်မရှိသူတပါးမိမိကိုဝေဖန်တာမှန်နေပါစေ လက်မခံနိုင်တော့ဘူး သူ့ပါတ်ဂန်းကျင်အတွက် တိုင်းပြည်အတွက်အကျိုးမပေး အပြစ်သာပေးမဲ့လူတယောက် လူတကာမုန်းတဲ့ အော့ကြောလန် ဖြစ်တော့မှာဘဲ
လူကောင်းတယောက်မှာရှိသင့်တဲ့တရားဟာ ဆင်ခြင်တုံတရားပါ ဆင်ခြင်တုံတရားရှိသူမှာမတော်လို့ ကာယကံဝစီကံအမှားလုပ်မိရင်တောင်အပစ်နည်းပါတယ် မိလိန္ဒပညာမှာ မကောင်းမှုမှန်းမသိလို့ မကောင်းမှုပြုမိသူဟာ မကောင်းမှုမှန်းသိရက်နဲ့ပြုမိသူထက်အပစ်ပိုကြီးတယ် တဲ့ ဗုဒ္ဓအဘိဓမ္မာမှာ စေတနာဟဝေ ကမ္မ ဘိက္ခဝေ စေတနာသာလျှင် ကံ စေတနာဇောကြောင့်သာအကျိုးပေးအကြီးအငယ်ကွဲပြားကြတာကိုး ယောနိသောမနသိကာရ. ကတော့အရေးအကြီးဆုံးပါ သတိမြဲမြံမှ ကျင့်သုံးနိုင်တဲ့တရားဖြစ်ပါတယ်
ဗုဒ္ဓဝါဒ ဟာပရဟိတ အများအကျိုးရွက်ဆောင်ခြင်းကိုနှစ်သက်ပါတယ် ဘုရားဆုပန်ပြီးဖြည့်ကျင့်ခဲ့တဲ့ပါရမီဆယ်ပါး အပြားသုံးဆယ် ကိုကြည့်ရင် ဒါနပါရမီ ဒါနဥပပါရမီ ဒါနပရမတ္ထ ပါရမီ သုံးမျိုးခွဲထားပါတယ် သူတပါးအတွက်မိမိခြေလက်အင်္ဂါ ဇနီးသားသမီး ဥပပါရမီ မိမိအသက်ကိုပင်မတွယ်တာမကပ်ညိဘဲစွန့်လှူတာဟာပရမတ္ထ ပါရမီ ထိုက်ပါတယ်
ဗုဒ္ဓဘာသာဝင်များဟာပရဟိတသမားများဖြစ်သင့်ပါတယ် မိမိအကျိုးထက်အများအကျိုးကိုကိုယ်ကျိုးစွန့်ဆောင်ရွက်နိုင်လေ ကုသိုလ်ကြီးလေပါ
အတ္တကြီးခြင်းဟာ အကျိုးထက်အပစ်များတယ်ဆိုတာသဘောပေါက်နိုင်ပါတယ် မိမိကိုယ်မိမိယုံကြည်မှုရှိခြင်း self confidence ကတော့ရှိရမဲ့တရားပါ ကိုယ့်ကိုယ်ကိုယုံကြည်ချက်မရှိစိတ်ဓာတ်မခိုင်မာရင်ဆန္ဒ ဝီရိယ စိတ္တ ဝီမံသ( ပညာ) ဣိဒ္ဓိပါဒ်လေးပါး ဘယ်လိုမှပြည့်စုံစရာအကြောင်းမရှိပါဘူး
Over confidence မိမိကိုယ်မိမိယုံကြည်မှုလွန်ကဲတဲ့အခါမှ ငါသာတော် ငါသာသိ ငါသာမြတ် အတ္တစိတ်ကြီးမားလာစေတာပါ
အမှန်တော့ လူနတ်ဗြဟ္မာသတ္တ ဝါဟူ၍မရှိ အတ္တမရှိအတ္တနိယမရှိ ငါ ငါ့ဟာ ငါ့စည်းစိမ် ငါ့ချမ်းသာ ငါ့ပညာ ဘာတခုမှမရှိ ဇာတိ စတာနဲ့ ဇရာဗျာဓီမရဏ မကြုံသူမရှိ သေပြီး ဘာတခုမှမပါ ကိုယ်ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်ကံများသာ သံသရာတလျှောက်လိုက်ပါအကျိုးပေးကြမှာ လှည်းဘီးပမာ အရိပ်ပမာ
အတ္တစိတ်ကင်းလေ သုညတဆိုက်အောင်မြင်နိုင်လေ အကျိုးရှိလေပါ
FB မှာပုံနှိပ်စက် ပိုင်ရှင်တွေအများသား ခုပေါ်တဲ့ appication တွေကလည်း နတ်ရေကန်ထဲချသလို ပြောင်းသွားစေတာကလား တနေ့တနေ့ like ပေးရမှတ်ချက်ပေးရ နဲ့ တခါတလေတွေးမိပါ့ ငါ့ကိုယ်ငါ ငါ့ရူပါသိပ်မဆိုးပါဘူးထင်တဲ့အတ္တစိတ်ကလေးကြောင့်ဘဲ တင်နေကြတာလေ လား ပေါ့ ကြာတော့လည်း ငါလည်းတင်ကြည့်ဦး မှ စိတ်ကူးပြီး စမ်းကြည့်မိပါတယ် တခါဆက်ဆံ ဆယ်ခါလန် ပါဗျာ Topic က သင်နှင့်အတူဆုံးသောဟောလီဝုဒ် မင်းသားမင်းသမီးတဲ့ သူများတွေများ Leonardo တို့ Brad pit Richard Giri တို့ ဟုတ်နေတာ ကိုယ့်အလှည့်ကျမှ နာမည်တောင်တခါမှ မကြားဘူးတဲ့မင်းသမီး ဗျာ ရင်ကြီးကြီး ဖင်ကြီးကြီး Angelina Jolie. Phobie Cates.
Elizabeth Tarlor တို့နဲ့ဆိုဟုတ်သေး ကျနော်လည်း အတ္တ ကို စွန့်ပလိုက်ပါရော အဲ့ဒီapplication ကိုလည်း ထာဝရ boycout လုပ်လိုက်ရပါတော့တယ်
အတ္တကင်း ၍ ပရဟိတစိတ်ထားအလှဖြင့် လောကလူ့ဘောင်ကို လှပဝေဆာအောင်အကျိုးဆောင်နိုင်ကြပါစေ
မေတ္တာဖြင့်
မျိုးမောင်မောင်မျိုး
09/12/2025
Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
မြန်မာပြည် အမြန်ငြိမ်းချမ်းသာယာပါစေ ဆုတောင်းခဲ့မိတဲ့အကြိမ် ရေတွက်လို့မရနိုင်တော့ပါ
မသေခင်တော့ မြင်တွေ့သွားရရင် သေပျော်ပါပြီ
🙏🙏🙏
08/12/2024
အသိ မှ သတိ သို့
=============
မြင်မိ ခဏ
သိပ်သိပ်လှ
ဖျောက်မရ ပဲ ခုတိုင် စွဲ ***
ကြားမိ အသံ
အ ဖန်ဖန်
ပြန်ပြန် ကြားမိ ယခု ထိ ***
တွေ့ထိ ခဏ
နူးညံ့ စွ
ဖဿ ဖီလင် တမ်းတ ချင်***
အါရုံ ငါးပါး
ကါလ ခြားလည်း
စဥ္းစါး မိ လျှင်
ယခုထင် သည်
ဘဝင် သေင်္ချ
ပျက်ခဲ့ ပေ လည်း
မေ့ စေ မေါဟ
ဥ ပါ့ ဒါန် စွမ်း အံ့ မခန်း *****
သတ္တဝါမှန်သ၍ တရားတွေ့
ချမ်းမြေ့ သါယါ ကြပါစေ
မေတ္တာ ဖြင့်
မျိုးမောင်မောင်မျိုး
08/12/2024
ဘဝတိုတို
ချစ်တယ်စကားမဆုံးသေးခင်
အမုန်းပေးချင်တော့လည်း
ခွဲခွာခြင်း ကန့်လန့်ကာ အချ
မျက်ရည်ကျချိန် မရ
လက်တောင်မပြ
တိုလိုက်တဲ့ဘဝ ***
မေတ္တာ ဖြင့်
မျိုးမောင်မောင်မျိုး
07/12/2024
သမိုင်းဝင်ဘဝမကူးသည့်ဝဋ်ကြွေးများ
သမိုင်း ပညာရှင် ဒေါက်တာသန်းထွန်းကသမိုင်းသင်ပေးနေတာဟာ မ အ အောင်လို့ လို့ပြောဘူးပါတယ် အမှန်တကယ်သမိုင်းကိုစိစစ်လေ့လာပြီး သမိုင်းထဲကလူတန်းစားအမျိုးမျိုးရဲ့အကောင်းအဆိုးတွေကိုလေ့လာအတုယူလိုက်နာရှောင်ကျဥ်ကြရင်
မြန်မာပြည်ဒီလိုအဖြစ်ဆိုးမနေလောက်ဘူးထင်ပါရဲ့
ယခုခေတ်တော့မပြောတတ် ရှေးယခင်ခေတ်ကတော့ သမိုင်းပညာရှင်နည်းပါးတယ် ထင်မိပါတယ် ပုဂံရာဇဝင်အကြောင်းဆွေးနွေးရင်ဒုတ်ထမ်းဓားထမ်း ညင်းခုံကြရတယ် ကြားဘူးလို့ပါ ကျနော်တို့ငယ်စဥ်ကဦးဘသန်း မြန်မာသမိုင်း သင်ခဲ့ရပါတယ် မြန်မာအစ တကောင်းက နဲ့စခဲ့ကြတာပေါ့
သမိုင်းဆိုတာ နေ့စဥ်ဖြစ်ပျက်နေသမျှကိုစနစ်တကျမှတ်တမ်းတင်ကြမှ တန်ဘိုးမြင့်မှာပါ သမိုင်းကိုမှတ်တမ်းတင်ထားနိုင်ကြဘို့ ကိုယ့်သမိုင်း မရိုင်းစေဘို့ လူတိုင်းမှာပါတ်သက်တာဝန်ရှိနေပါတယ်
လူတန်းစားအားလုံးပါဝင်ပါတ်သက် ပြီးပြည့်စုံတဲ့သမိုင်းဖြစ်လာဘို့ကလွယ်ကူတဲ့ကိစ္စမဟုတ် သမိုင်းကိုတန်ဘိုးထားစိတ်ပါဝင်စားသူများကစနစ်တကျမှတ်တမ်းတင်ထားကြမှသာဖြစ်နိုင်ပါတယ်
ကျနော်တို့ငယ်တုန်းက ဦးဘသန်းမဟာရာဇဝင်နဲ့ကြီးပြင်းခဲ့ကြရတယ် မြန်မာအစ တကောင်းက တို့ ကံရာဇာကြီးကံရာဇာငယ် စေတီ အတည်ပြိုင် နိုင်သူဘုရင်ရွေးခံရတာတို့ပေါ့ သစ်ကြီးဝါးကြီးနဲ့စနစ်တကျစေတီတည်တဲ့ကံရာဇာကြီးထက် သစ်ငယ်ဝါးငယ်သုံးစေတီတည်တဲ့ကံရာဇာငယ်ကအရင်ပြီးလို့ဘုရင်အဖြစ်တင်မြှောက်ခံရတာ မှတ်မိပါသေးတယ် စနစ်တကျခိုင်ခိုင်ခန့်ခန့် လုပ်သူ ထက် ပြီးကတတ်ဆန်းနိုင်ပြီးရောလုပ်တဲ့လူ အနိုင်ရတာကိုဘဝင်မကျခဲ့ဘူး If you got an oppotunity, grab it by hook or by crook. အခွင့်အရေးသာ ရခဲ့ရင်မနိုင်နိုင်တဲ့နည်းတရားသည်ဖြစ်စေမတရားသည်ဖြစ်စေ အရယူကြတဲ့ မြန်မာ အများစု သောက်ကျင့် စတင် သန္ဓေတည်ခဲ့လေသလား အတွေးပွားမိပါရဲ့
ဗုဒ္ဓဝင် မဟာဝင် ရာဇဝင် အနက် ကျနော်တို့သင်ခဲ့ရတာကလည်း မင်းတွေအကြောင်းအဓိကလိုဖြစ်နေပါတယ် တကဲ့သမိုင်းအစစ်အမှန်သင်ကြားခဲ့ရတယ် မခံစားမိပါဘူး မသင်ခဲ့ရတာထက်သင်ခဲ့ရတာကတော့အကျိုးကြီးလှပါတယ် ဘုန်းလက်ရုံး တန်ခိုးတေဇော်နဲ့ပြည့်စုံတဲ့အရည်အချင်းရှိတဲ့မင်းကောင်းမင်းမြတ်တွေ အနော်ရထာ ကျန်စစ်သား ဘုရင့်နောင် သာလွန်မင်း ဘိုးတော်ဘုရား ဘကြီးတော်ဘုရား အလောင်းဘုရား စသူတွေ အလောင်းဘုရားလက်ထက် ယိုးဒယားကိုသိမ်းတော့ ဝါးရင်းတုတ်ကိုယ်စီ နိုင်နင်းခဲ့ကြသည် အဲ့တာအဲ့တာ မြန်မာဖြစ်သည် ငါးမည်ရ ဦးအောင်ဇေယျ အမည် သီချင်းလေးလည်းသတိရမိပါတယ် ဥဒေတယံ အပေတယံ မနက်တထောင်ညတထောင် မှန်မှန်ရွတ်လေ့ရှိတဲ့ အာခံတွင်းက စက်ရောင်တပြောင်ပြောင်ထွက်တဲ့ အင်းဝဘုရင်မင်းခေါင် ဖောင်စကြာဆက်သခံရတဲ့အလောင်းစည်သူမင်း
ကျနော်အမှတ်မိဆုံးက ဘိုးတော် ဘကြီးတော်လက်ထက်က မြန်မာပြည်မြေပုံပါ တရုပ်ပြည်ဘက် လာအို ယိုးဒယား အင်ဒိယ နီပေါ တပြန့်တပြောကြီး မြေပုံကြီးက ကားကားယားယားကြီး အဲ့ဒီ မြန်မာတွေတန်ခိုးထွားတဲ့ခေတ်ကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံသားလေး တမ်းတလွမ်းရတာ အပစ် တင်စရာမရှိပါနော်
နန်းစံသက် ခုနှစ်ရက်သာရှိတဲ့စလေငခွေး တို့ ဟင်းပွဲသုံးရာ နဲ့ မင်းခွေးချေး တို့လို ခပ်ညံ့ညံ့မင်းတွေ ထီးနန်းအတွက် ညီအကိုချင်းလုပ်ကြံကြတာတွေလဲမှတ်မိပါတယ် အာဏာ ရူးတွေမှန်သမျှ ဇာတ်သိမ်းမလှကြတာတွေ သမိုင်းမှာ အထင်အရှားပါ
ကျနော့ကို 1950 မှာ အထက်ချင်းတွင်းခရိုင် မော်လိုက်မြို့မှာ မွေးပါတယ် ဘိုးဘွားတွေကတော့ မော်လိုက်နဲ့ ခုနှစ်မိုင်လောက်ဝေးတဲ့ ကင်းတပ်ရွာကတဲ့
အလောင်းဘုရားလက်ထက် မဏိပူရ အာသံပြည်နယ် တက်သိမ်း သစ္စာခံသူက မြို့စားနယ်စားပေး နေပြည်တော် ရွှေဘို ကိုပြန်တော့ အစောင့်အနေအနေနဲ့ မဏိပူရ အာသံနဲ့နီးတဲ့နေရာမှာ ကင်းတပ်တည်ထားရာက ကင်းတပ်မြို့တွင်ခဲ့ပါသတဲ့ နောင် အင်္ဂလိပ် မြန်မာပြည်သိမ်းတော့ မြို့တည်လို့ကောင်းတဲ့ မော်လူး ဆိုတဲ့ရှမ်းရွာလေးမှာ မြို့သစ်တည်တော့မော်လူး ကနေ Maw Laik မော်လိုက်ဖြစ်လာပါသတဲ့
ပဲခူး ကို Pegu ပေါင်းတာမျိုးဖြစ်ပါလိမ့်မယ်
မြို့အလယ်ခေါင်တည့်တည့်မှာမှ 9 holes ဂေါက်ကွင်း golf club နဲ့ tennis court နဲ့အရေးပိုင် ခရိုင်ရဲဝန် ခရိုင်ရာဇဂတ်တရားသူကြီး အိမ်တွေဆို တကဲ့ အိမ်ကြီးရက္ခိုင် တွေဗျာ chimney နဲ့ အိမ်တိုင်းမှာဟိုးအရင်က မာလီနဲ့ ထမင်းချက်နဲ့ အလွန်စနစ်ကျ ကျနော် ကလေးဘဝ ကြီးပြင်းခဲ့ရာ မော်လိုက်ရဲစခန်းဆို ဆောက်ထားတာ အရမ်းစနစ်ကျတာ သူတို့ဆောက်ခဲ့တာမှန်သမျှ maintenance မရှိဘဲကိုနှစ်ငါးဆယ်ကျော် ဘာမှမပျက်စီးဘူး
မော်လိုက်ကအရမ်းနှစ်သက်စရာကောင်းပါတယ် အစိုးရအမှုထမ်းအများစုနေကြပါတယ် ကုန်သည်တောင်အတော်နည်းပါတယ် သမ္မာအာဇီဝသမားကအများစုပါ လာဘ်စားတဲ့အမှုထမ်းကင်းတဲ့မြို့လေး
လောဘနည်းတဲ့မြို့လေးပါ
1948 လွတ်လပ်ရေးရတော့ ကျနော် နှစ်ခါလည်သားလောက်ရှိသေး ဘော်လုံးကွင်းမှာ လွတ်လပ်ရေးအောင်ပွဲအခမ်းအနားလုပ်တာ ရေးတေးတေးသတိရပါတယ် နှစ်တိုင်း ပြေးခုန်ပစ်ပွဲ ကြည့်ချင်ပွဲတွေနဲ့ မုန့်ပေါင်း ငါးပြားဘိုး ဘူးသီးကြော်တခု ငါးပြား တထွာလောက်ရှိတဲ့ ဘူးသီးစိပ် အချင်း လက်ခလည်လောက် ခြောက်ချောင်း ခုနှစ်ချောင်းလောက် ကြော်ထား ငါးပြားလေ လဘက်ရည် တခွက် ဆယ့်ငါးပြားဆားတပိဿာ ဆယ့်ငါးပြား ကျနော်အဖွားတွေကနင်တို့ခေတ်စျေးတွေကြီးချက်ဟယ် တို့ခေတ်တုန်းကတပြား ဗိုက်ရိုက်စား ခေတ်ပျက်လာပြီ ဆိုကြပေသကိုး
ရဲသားတယောက်လခ လေးဆယ့်နှစ်ကျပ် ဒုရဲအုပ်
လခ တရာ့တဆယ် ကျနော်တို့ရဲစခန်းကအိမ်တိုင်းကိုယ့်စိုက်ခင်းနဲ့ကိုယ် လျှပ်စစ်မီး အလကား ကျောင်းပိတ်ရက် ရဲစခန်းအနောက် တောထဲလည် တနှစ်စာထင်းခုပ်စုထားကြ ရဲသားမိန်းမကဆွဲကြိုးလက်ကောက်ဆင်နိုင်တယ် ရွှေတကျပ်သားတဆယ်
သန့်ရှင်းတည်မြဲကွဲတော့ရွေးကောက်ပွဲလုပ်တာရေးတေးတေး မှတ်မိတယ် သန့်ရှင်း က နုတင် (ဦးနု နဲ့ သခင်တင် တည်မြဲက ဆွေ ညိမ်း (ဦးဘဆွေ နဲ့ ဦးကျော်ညိမ်း ) ဆွေညိမ်းက တပ်မတော် နဲ့ ရဲ လက်နက်ကိုင်တပ်ဖွဲ့ back ground ယူထားတော့ အတော်အသာရနေတာ ဦးနု က သန့်ရှင်းနိုင်ရင် ဗုဒ္ဓဘာသာကို နိုင်ငံတော့ဘာသာ လုပ်မလို လေသံပေးတော့ ဗိုလ်မှူးတွေရဲမှူးတွေ မဲရုံအဝမှာစောင့် ဆွေညိမ်းခိုင်းတာ သင်္ကန်းတလွှားလွှားကိုယ်တော်များကရွာလုံးကျွတ်နယ်လုံးကျွတ် သန့်ရှင်းခိုင်းလိုက်တာ မှတ်မိပါသေးတယ် လူကြီးတွေပြောကြတာ ဘုရားကမတည်မြဲပါဘူး ဟောထားပါလျှက်နဲ့ တည်မြဲချင်တဲ့ မိစ္ဆာဒိဌိ တလုံးထဲနဲ့ တပြည်လုံးဝါဝါထိန် သန့်ရှင်းအစိုးရ ဖြစ်လာပါတယ် တပ်မတော် နိုင်ငံရေးထဲစဝင်စွက်ဖက်ချက်လာတဲ့ အဦးအစ လေးပါ
စိတ်ဝင်စားကြရင် ဆက်ရေးပါရစေ
မေတ္တာဖြင့်
မျိုးမောင်မောင်မျိုး
04/12/2024
္ကန့်လေးရဲ့ဆယ်ပုံတပုံ
သိန်းထွန်း just sang the song [တစ်စက္ကန့်လေးရဲ့ဆယ်ပုံတစ်ပုံ], how can the voice be so amazing?! StarMaker Lite, breaking barriers with the universal language of music!
Click here to claim your Sponsored Listing.
Location
Contact the school
Telephone
Website
Address
Natsin Street
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |