04/02/2026
❗ ဘာမေးမေး「はい (Hai)」လို့ပဲ ပြောနေတုန်းလား?
နားလည်လည် မလည်လည် မေးရမှာ ကြောက်လို့ ဘာမေးမေး
「はい (Hai)」 လို့ပဲ ခေါင်းညိတ်နေမိတာ…
ဒီလိုအဖြစ်အပျက်ကို ကြုံတွေ့ရမယ့်လူ မနည်းပါဘူး...
ဒါပေမယ့်
👉 Interview ဖြေတဲ့အချိန်
👉 အလုပ်ရှင်နဲ့ စကားပြောတဲ့အချိန်
👉 ဘဏ်ဖွင့်၊ စာချုပ်ကိစ္စတွေ ပြောတဲ့အချိန်
👉 အရေးကြီး ကိစ္စတွေ ဆွေးနွေးတဲ့အချိန်
နားမလည်ဘဲ 「はい」 လို့ ပြောလိုက်တာက ကိုယ့်အတွက် အန္တရာယ် ဖြစ်လာနိုင်ပါတယ်...
ဂျပန်လူမျိုးတွေက
「はい」 လို့ ပြောလိုက်ရင်
👉 “နားလည်ပြီ”
👉 “သဘောတူပြီ”
👉 “လုပ်နိုင်တယ်”
လို့ ယူဆပြီး နောက်အဆင့်တွေ ဆက်လုပ်သွားတတ်ပါတယ်...
😓အဲဒီအချိန်
နစ်နာရတာ၊ အမှားဖြစ်ရတာ
ပြန်ရှင်းရခက်တာ
ကိုယ်တိုင်ပဲ ခံရပါတယ်...
✅ နားမလည်ရင်… နားမလည်ကြောင်း ပြောပါ
ဂျပန်မှာ
နားမလည်တာကို ဖုံးကွယ်တာထက်
နားမလည်ကြောင်း ပြောနိုင်တာက ပိုပြီးအဆင်ပြေပါတယ်...
နားမလည်တဲ့အခါ
✔️ ဖြည်းဖြည်း ပြန်ရှင်းခိုင်းပါ
✔️ ကိုယ်နားလည်သလောက် ပြန်မေးပါ
✔️ တဖက်ကို “မနားလည်သေးပါဘူး” ဆိုတာ သိစေပါ
ဒီလိုလုပ်လိုက်တဲ့အခါ
တဖက်လည်း
👉 ကိုယ့် level ကို နားလည်လာမယ်
👉 စကားကို ပြောင်းပြီး ရှင်းပြပေးမယ်
👉 အမှားတွေကို ကြိုတင် ကာကွယ်နိုင်မယ်
ဒါဟာ အားနည်းချက် မဟုတ်ပါဘူး
အလုပ်လုပ်တတ်တဲ့ လူတစ်ယောက်ရဲ့ Skill တစ်ခုပဲ ဖြစ်ပါတယ်...
နားမလည်ရင် သုံးနိုင်မယ့် အသုံးအနှုန်းလေးတွေကိုလည်း အောက်မှာလေ့လာလို့ရပါတယ်...
နားမလည်တဲ့အခါ သုံးလို့ရတဲ့ Japanese (အသုံးအနှုန်းများ)
① すみません、もう一度お願いします。
Sumimasen, mou ichido onegaishimasu.
Sorry, could you please say it one more time?
② すみません、ちょっと分かりません。
Sumimasen, chotto wakarimasen.
Sorry, I don’t quite understand.
③ ゆっくり話してもらえますか?
Yukkuri hanash*te moraemasu ka?
Could you speak more slowly?
④ 別の言い方で説明してもらえますか?
Betsu no iikata de setsumei sh*te moraemasu ka?
Could you explain it in another way?
🌸ဂျပန်စာအမှန်တကယ်တတ်မြောက်ဖို့ Win Sakura သို့သွားကြစို့
🌸Win Sakura Japanese Language Center🌸
Viber 09782881890
Office 09404873558
No. 54 (A), Thuya Thathi Street, Kabaraye, Mayangone Township, Yangon, Myanmar.
#ဂျပန် #ဂျပန်ရောက်မြန်မာ #ဂျပန်စာ #ဂျပန်စာသင်ကြားခြင်း