East Yangon Nursing Training School 45th Batch-EYNTS

East Yangon Nursing Training School 45th Batch-EYNTS East Yangon Nursing Training School-EYNTS

Open by Government for Myanmar Citizens

07/10/2021
05/10/2021
05/10/2021
16/08/2021

admin 1နဲ့2 ကရှားပါးပစ္စည်းလေးတေမို့ crush နေတယ့်အကြောင်းလေးတေလာပြောပေးလို့ရပါတယ် ကျန်တယ့် admin တေကတော့ရည်းစားတေနဲ့ပါ😂😂

https://www.facebook.com/124110006523652/posts/135271002074219/

27/07/2021

ကိုဗစ်လူနာများအတွက် အသက်ရှုလေ့ကျင့်ခန်း

၁။ ဘယ်လိုလူတွေ လုပ်သင့်လဲ
- အသက်ရှုရခက်ခဲပြီး မောနေတဲ့သူတွေ
- သွေးတွင်းအောက်ဆီဂျင်ဓာတ် ၉၄%အောက် ရောက်နေတဲ့သူတွေ

၂။ ဘယ်လိုလူတွေ မလုပ်သင့်ဘူးလဲ။
- ကိုယ်ဝန်ဆောင်မိခင်တွေ
- နှလုံးရောဂါအခံရှိသူတွေ
- ပေါင်ရိုး(သို့)တင်ပါးဆုံရိုးကျိုးထားတဲ့လူနာတွေ

၃။ လိုအပ်သောပစ္စည်းများ
- ခေါင်းအုံး‌ ၄-၅လုံးခန့်

၄။ ပြုလုပ်ရမည့် လေ့ကျင့်ခန်း

- လေ့ကျင့်ခန်းအနေအထားတခုကို အလွန်ဆုံး မိနစ်သုံးဆယ်ခန့်သာ ပြုလုပ်ပေးရပါမည်။

(က) မှောက်လျက်အနေအထား
- လည်ပင်းအောက်တွင် ခေါင်းအုံးတလုံး
- ရင်ဘတ်အောက်နှင့် ပေါင်ရင်းအောက်တွင် ခေါင်းအုံးတလုံး
- ခြေသလုံးအောက်တွင် ခေါင်းအုံးနှစ်လုံးထားပါ။
- လေကို ရှုသွင်းရှုထုတ်လုပ်ပါ။

(ခ) ညာဘက်စောင်းအနေအထား
- သက်သောင့်သက်သာအနေအထားဖြင့် ညာဘက်သို့စောင်း၍ လှဲပြီး လေကို ရှုသွင်းရှုထုတ်လုပ်ပါ။

(ဂ) ကျောမှီအနေအထားဖြင့်နေခြင်း
- ကျောတွင် ခေါင်းအုံးများခုပြီး သက်သောင့်သက်သာ မှီ၍ လေကို ရှုသွင်းရှုထုတ်လုပ်ပါ။

(ဃ) ဘယ်ဘက်စောင်းအနေအထား
- သက်သောင့်သက်သာအနေအထားဖြင့် ဘယ်ဘက်သို့စောင်း၍ လှဲပြီး လေကို ရှုသွင်းရှုထုတ်လုပ်ပါ။

(င) မှောက်လျက်အနေအထားသို့ ပြန်သွားပါ။

၅။ သတိထားရမည့်အချက်များ
- အစာစားပြီးနောက် တနာရီခန့်ကြာမှ အသက်ရှုလေ့ကျင့်ခန်း လုပ်ပါ။
- လူနာသက်သောင့်သက်သာဖြစ်စေရန် ခေါင်းအုံးများကို လိုသလို အနေအထား ပြုပြင်ပေးပါ။



27/07/2021

how to take care of yourself if someone at home turned covid positive

မေး- တိုက်ခန်းမှာ အတူနေတဲ့ သူငယ်ချင်း က နေမကောင်းလို့ ကိုဗစ် စစ်ကြည့်တဲ့ အချိန်မှာ positive ဖြစ်သွားပါတယ်ရှင့်။ ကျမကတော့ negative ပါ။ ကျမ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဂရုစိုက်နေထိုင်သင့်သလဲ ဖြေပေးပါရှင့်။
မေး- အိမ်မှာ အဖေကစဖျားလို့ စစ်ကြည့်တဲ့ အချိန် ကျတော်က လွဲပြီး တစ်အိမ်လုံး positive ထွက်ပါတယ်။ ပိုးမရှိတဲ့သူ တစ်ယောက် အနေနဲ့ ကျတော် အိမ်မှာ ဘယ်လို သတိထားသင့်လဲ ခင်ဗျာ?

ဖြေ- အောက်ပါ နည်းလမ်းများဖြင့် ကိုဗစ်ရောဂါမှ ကာကွယ်ပါ။

(၁)ကိုဗစ်ရောဂါပိုးရှိသူ များကို သီးခြားနေထိုင်ပါစေ။ အနည်းဆုံး၆ ပေ ခြားကာ ခပ်ခွါခွါ နေပါ။
(၂)၆ ပေ မခွါနိုင်သည့် အခြေအနေ တွင် ရှိပါက mask တက်ထားပါ။ ထိတွေ့ချိန် လျှော့ချပါ။ အထူးသဖြင့် အလုံပိတ်အခန်းထဲ ၁၅ မိနစ်ထက်ပိုပြီး အချိန်ကြာမြင့်စွာ အနီးကပ် စကားပြောဆို ခြင်းကို ရှောင်ကြဉ်ပါ။
(၃)လက်ကို စနစ်တကျ နှင့် မကြာခဏဆေးပါ။ မသန့်ရှင်းသော လက်ဖြင့် မျက်လုံးနှင့် အသက်ရှူလမ်းကြောင်း တစ်ဝိုက်ကို ထိတွေ့ခြင်းကို ရှောင်ရှားပါ။
(၄)စားသောက်စရာ ပန်းကန် နှင့် ခွက်များကို မိမိဘာသာ သပ်သပ်စီ ခွဲပြီး စားသောက်ပါ။ အတူတကွ ထမင်းလက်ဆုံစားခြင်းကို ရှောင်ပါ။
(၅)မိမိ၏ အင်္ကျီ၊ အဝတ်အစား များကို သပ်သပ်ခွဲ၍ လျှော်ပါ။ တကိုယ်ရည်တကာယအသုံးအဆောင် ပစ္စည်းများကို ဝေမျှ မသုံးပါနှင့်။
(၆)အိမ်တွင် အထိအတွေ့များသော နေရာများကို Alcohol အနည်းဆုံး 70% ပါဝင်သော disinfectant များနှင့် သန့်ရှင်းပေးပါ။ ပိုးသတ်ပေးပါ။

အထက်ပါအချက်များ သာမက အရေးကြီးဆုံး အချက်မှာ ကိုဗစ်ရောဂါကူးစက်ခံရသူနှင့် အတူတကွ နေထိုင် သူသည် ပထမအဆင့်အနီးကပ်ထိတွေ့သူ (primary contact) ဖြစ်သည်။ ထို့ကြောင့် မိမိ ကိုယ်တိုင်က ထပ်မံ ဖြန့်ဝေသူ မဖြစ်ရအောင်

ပတ်ဝန်းကျင် နှင့် ၁၄ ရက် သီးခြားခွဲနေရမည် (self quarantine). လူအများနှင့် ထိတွေ့ချိန် နည်းနိုင်သမျှ နည်းအောင် ကြိုးစားရမည်။
ထို ၁၄ ရက်အတွင်း မိမိတွင် ကိုဗစ်ရောဂါလက္ခဏာ များ ပေါ် / မပေါ် စောင့်ကြည့်ရမည်။
ရောဂါလက္ခဏာများစတင်ပေါ်လာပါက လက္ခဏာမပြမီ ၁-၂ ရက်အတွင်း ထိတွေ့ထားသော သူများကို ဆက်သွယ်ရမည်။ ၄င်းတို့အား မိမိထံမှ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရနိုင်ချေရှိကြောင်း သတိပေးရမည်။

ထို့နောက် အိပ်ရေးဝဝ အိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှား အသင့်အတင့် လုပ်ပေးခြင်း၊ ကိုယ်ခံအားကောင်းအောင် အချိုးကျ မျှတစွာ စားသုံးခြင်း၊ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်သောက်သုံးခြင်း တို့ကို ပြုလုပ် ခြင်းဖြင့် မိမိ ကိုယ် မိမိ ဂရုစိုက်နိုင်ပါသည်။




27/07/2021

ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတဲ့လူနာရဲ့ ရောဂါအခြေအနေကို အိမ်မှာ ဘယ်လိုစောင့်ကြည့်မလဲ။

လိုအပ်သော ပစ္စည်းကိရိယာများ
၁။ ပြဒါးတိုင်
၂။ သွေးပေါင်ချိန်တိုင်းစက်
၃။ pulse oximeter
၄။ သွေးတွင်းသကြားဓာတ်တိုင်းသောစက် (ဆီးချိုရောဂါရှိသူများအတွက်)

ကိုဗစ်ရောဂါပိုးရှိသူများကို ဆေးရုံမတင်နိုင်ပဲ အိမ်တွင်ထားရှိမည်ဆိုပါက
၁။ ကိုယ်အပူချိန်
၂။ သွေးပေါင်ချိန်
၃။ နှလုံးခုန်နှုန်း
၄။ သွေးတွင်းအောက်ဆီဂျင်ဓာတ်
၅။ အသက်ရှုကြိမ်နှုန်း တို့ကို နေ့စဉ် အနည်းဆုံးတနေ့လျှင် ၂ကြိမ် တိုင်းတာပေးဖို့ လိုအပ်ပါတယ်။

တိုင်းတာပြီးရင်တော့ ‌စာရွက်တွင် မှတ်သားထားပေးသင့်ပါတယ်။

၁။ ကိုယ်အပူချိန်
ကိုယ်အပူချိန်ကိုတော့ ပြဒါးတိုင်ဖြင့်ဖြစ်စေ၊ infrared thermometer ဖြင့်ဖြစ်စေ တိုင်းလို့ရပါတယ်။
ပုံမှန်ကိုယ်အပူချိန် - 95.3–98.4°F (35.2–36.9°C) (လက်မောင်းတွင် တိုင်းရန်)

၂။ သွေးပေါင်ချိန်
သွေးပေါင်ချိန်ကိုတော့ pressure cuff ဖြင့်တိုင်းတာလို့ရပါတယ်။
Systolic blood pressure (90mmHg-120mmHg)
Diastolic blood pressure (60-80mmHg)

၃။ နှလုံးခုန်နှုန်း
နှလုံးခုန်နှုန်းကို pulse oximeter နဲ့ တိုင်းတာလို့ရပါတယ်။
Normal Heart rate (60-100bpm)

၄။ သွေးတွင်းအောက်ဆီဂျင်ဓာတ်
သွေးတွင်းအောက်ဆီဂျင်ဓာတ်ကို pulse oximeter နဲ့ တိုင်းတာလို့ရပါတယ်။
Normal SpO2 range 94%-99%

၅။ အသက်ရှုကြိမ်နှုန်း
အရင်ဆုံး လူနာကို "သက်သောင့်သက်သာဖြစ်အောင် ထိုင်ခိုင်းပြီး လူနာရဲ့ရင်ဘတ်ကို ထင်သာမြင်သာရှိအောင် ပြုလုပ်ပါ။ လူနာသည် ကိုယ်ကာယလှုပ်ရှားမှုများ ပြုလုပ်ထားလျှင် "၅-၁၀မိနစ်ခန့်နားခိုင်းပါ"။ ပြီးမှ အသက်ရှုနှုန်းကို တိုင်းရပါမယ်။ လူနာ အသက်ရှုသွင်းရှုထုတ် လုပ်နေစဉ် ရင်ဘတ်အနိမ့်အမြင့်ဖြစ်တာကို တကြိမ်လို့ သတ်မှတ်ပြီး တမိနစ်အတွင်း အကြိမ်ရေ မည်မျှ ရှိသည်ကို ရေတွက်ပါ။
Normal respiratory rate - 12-21/min

၆။ သွေးတွင်းသကြားဓာတ်
သွေးတွင်းသကြားဓာတ်ကို ဆီးချိုရောဂါ ရှိသူများအနေဖြင့် အစာမစားခင်နှင့် အစာစားပြီး ၂နာရီအကြာတွင် ဆီးချိုတိုင်းတာသောစက်ဖြင့် တိုင်းတာလို့ရပါတယ်။
သွေးတွင်းသကြားဓာတ် တိုင်းတာရန် လိုအပ်မှု ရှိမရှိကိုမူ ဆရာဝန်များနှင့် တိုင်ပင်သင့်ပါတယ်။



Address

Yangon

Website

Alerts

Be the first to know and let us send you an email when East Yangon Nursing Training School 45th Batch-EYNTS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category