Khin Myint Zu

Khin Myint Zu Women Empowerment

28/07/2023

ကျွန်မတို့​တွေ ​နေ့စဥ်ဘဝ​မှာ ရုန်းကန်​နေကြရင်းနဲ့ သတိ ​မေ့​နေတာ​လေး တစ်ခုရှိပါတယ်, အဲ့ဒါ​လေးက​တော့ "ကိုယ့်ကိုကိုယ်ချစ်ဖို့ပါ"
သတိထားမိကြလားဟင်?
ဟိုလူ့အတွက် ဒီလူ့အတွက်နဲ့ ကျွန်မတို့ရဲ့ အချိန်​တွေကုန်ဆုံး​နေ​ပေမယ့် ကိုယ်တိုင်အတွက်သုံးဖို့​တော့ ​မေ့​နေတက်ကြပါတယ် ... တချို့​တွေက​တော့ ဖုန်းသုံး facebook ကြည့်တဲ့အချိန်လို့ သတ်မှတ်ကြ​ပေမယ့် ကျွန်မအ​နေနဲ့ ဖြစ်​စေချင်တာ​လေးက​တော့ ကိုယ့်ကို relax ဖြစ်​စေမယ့် အနားယူခြင်း​လေးကို အေးချမ်းစွာ ရယူပိုင်ဆိုင်​စေချင်တာပါ ...
"ပြည့်ဝစွာ အနားယူလိုက်ပါ"
ဒီ​နေ့ဘာ​တွေလုပ်ခဲ့လဲ, မနက်ဖန်ဘာ​တွေလုပ်မှာလဲ ... အားလုံးကို​မေ့ထားလိုက်ပါ ...
ကျွန်မတို့​နောက်ရက်အတွက် ခွန်အားပြည့်ဖို့ဆိုတာ, ကျွန်မတို့ အနားယူဖို့လိုပါတယ် ...
ဒါမှကျွန်မတို့ ခွန်အားအပြည့်နဲ့​ရှေ့ဆက်နိုင်မှာပါ ... ကျွန်မတို့ရဲ့ Journey က အ​ဝေးကြီးဆက်​လျှောက်ရဦးမှာမို့ ...
Fighting everyone ... 🫶🫶🫶
ကျွန်မ​ရေးတဲ့စာ​လေး​တွေက​နေ ခွန်အားရပါ​စေလို့ ဆု​တောင်း​ပေးပါတယ်​နော် 😍
Khin Myint Zu
(28.7.2023)

​နောက်ထပ် ... ​နောက်ထပ်​တွေလဲ လာဦးမယ်​နော်

28/07/2023

စာ​တွေ မ​ရေးဖြစ်တာကြာပြီမို့ ​​မေ့မသွား​စေချင်ပါဘူး​​နော်. ... အမြဲသတိရ​နေပါတယ် ... စာ​လေး​တွေလဲထပ်​ရေးပြီး ထပ်တင်ပါမယ်​နော် , ခုချိန်ထိ ​ရေးချင်တာ​တွေကများပြီး ​ရေးဖို့ အချိန်မ​လောက်ဖြစ်​နေလို့ ... time management ​လေး​သေချာစွာ လုပ်ပြီး စာ​လေး​တွေတင်ပါ​တော့မယ် ... ရင်ဖွင့်ချင်လို့ဘဲဖြစ်ဖြစ် ... ​ပြောပြချင်တာ​လေး​တေခရှိရင်ဖြစ်ဖြစ် anytime ပါ​နော် ... ​and warmly welcome ❤️🤩
Khin Myint Zu
(28.07.2023)

27/12/2022

"ရင်းနှီးကျွမ်းဝင်မှု"
အထူးသဖြင့် သူငယ်ချင်းလို ပေါင်းသင်းဆက်ဆံတတ်တဲ့ အိမ်ထောင်ဘက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းသိကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ပိုင်ဆိုင်ထားတဲ့ လက်တွဲဖော်ရဲ့ ဘဝနဲ့ပါတ်သတ် သမျှ အရာရာကို တစိုက်မတ်မတ် စိတ်ဝင်တစားရှိနေပေးတက်ကြလို့ပါ။ သူတို့ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ဖက်ရဲ့ အိပ်မက်တွေ၊ ပန်းတိုင်တွေ၊ သူ့ရဲ့သူငယ်ချင်းတွေ၊ ရန်သူတွေ ဒါမှမဟုတ်သူတို့ခံစားနေရတဲ့ စိတ်ညစ်မှုတွေ၊ ပျော်ရွှင်မှုတွေ အားလုံးကို ဝေငှခံစားပေးတက်ကြလို့ဘဲ ဖြစ်ပါတယ်။ အလုပ်များလွန်းတဲ့ စုံတွဲ တော်တော်များများရဲ့ နေထိုင်မှုပုံစံမှာဆိုရင် သူတို့အနေနဲ့ အတူတကွရှိနေမယ့် အချိန်တွေနည်းပါးနေမယ်ဆိုရင် တစ်ဦးနဲ့တစ်ဦးဝေမျှခံစားမှုတွေကလဲ နည်းနေမှာပါ၊ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ လှုပ်ရှားရုန်းကန်နေရတဲ့ သူတွေဖြစ်တာမို့ နေ့ရက်တိုင်းမှာ ဘဝအမောတွေဆိုတာ ရှိနေမှာပါ .... တစ်ဦးကို တစ်ဦးနားလည်ပေးနိုင်စွမ်း မရှိတဲ့အခါတွေမှာ နောက်ဆက်တွဲအနေနဲ့ဖြစ်ပေါ်လာတက်တာက အပြိုင်အဆိုင်တွေ /မာနတွေပါ ... အဲ့လိုတွေ ဆက်တိုက်ဖြစ်လာမယ်ဆို သူတို့ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးဟာလဲ အထီးကျန်သလို ခံစားရမှာပါ။ အိမ်ထောင်ရှင်တွေ အားလုံးအတွက် တစ်နေ့တာ ပင်ပန်းသမျှကို "အိပ်ရာဝင်ချိန်" လို့ ခေါ်တဲ့ အချိန်လေးတစ်ခုကို သီးခြားပေးပြီး ပုံမှန်တာဝန်လေး တစ်ခုအနေနဲ့ ရှိနေစေချင်ပါတယ်။ အဲ့အချိန်လေး မိနစ် ၃၀ လောက်မှာ ကျွန်မတို့ဟာ အလုပ်နဲ့ပါတ်သတ်လို့ မတွေးဘူး, တခြားဘယ်အကြောင်းအရာကိုမှ မစဉ်းစားဘူး ... ကျွန်မတို့ ဘဝလေးကိုဘဲ စဉ်းစားမယ် ... တစ်နေ့တာလုံး အမောတွေ၊ ဖြတ်သန်းလာခဲ့ရတဲ့ ပျော်ရွှင်မှုတွေ၊ စိတ်ညစ်မှုတွေ အားလုံးကို အဲ့အချိန်လေးမှာ ဝေမျှကြမယ်, နောင်ရေးအတွက် တိုင်ပင်မှုလေးတွေ ပြုလုပ်နိုင်မယ် ... အဲ့အချိန်လေးမှာ ကျွန်မတို့ ဖုန်းတွေမကြည့်ကြဘူး ... တစ်ယောက်ချင်းစီရဲ့ တစ်နေ့တာလေးတွေကို အပြန်အလှန်ဝေမျှကြမယ်ဆို အဲ့ဒီမိနစ်အချိန်လေးတွေဟာ ပြီးပြည့်စုံနိုင်ပါတယ် ... နေ့တစ်နေ့၏ အနှစ်သက်ဆုံး အချိန်လေးတစ်ခု တည်ဆောက်ကြဖို့အတွက် အိမ်ထောင်ရှင်များ၊ မိသားစုများရဲ့ ပဲ့ကိုင်ရှင်များကို တိုက်တွန်းချင် ပါတယ်နော် ... အဲ့လိုနေ့ရက်လေးတွေ အချိန်လေးတွေများလာမယ်ဆို သာယာအေးချမ်းတဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှုလေးတွေအတွက် အံ့ဖွယ်ရလဒ်လေးတွေ ရလာနိုင်ကြမှာပါ နော် ........
Khin Myint Zu
(27/12/2022)

27/12/2022

အချို့သောအိမ်ထောင်တွေဟာ ဘာကြောင့် အဆင်ပြေနေကြတယ်လို့ သင်ထင်လဲ?
တကယ်လို့များ သင့်မှာ ကိုယ်ပိုင်အိမ်ထောင်ရေးကို ပိုမိုခိုင်မှာစွာ တည်ဆောက်ဖို့အတွက် ဆန္ဒရှိပါသလား?
အိမ်ထောင်တစ်ခုကို ခိုင်ခံ့မြဲမြံစေသော၊ ခံနိုင်ရည်ရှိပြီး စိတ်ကျေနပ်မှုဖြစ်စေသော လက္ခဏာရပ်များကို ဖော်ထုတ် သည့် သုတေသနများစွာရှိသည်။ အိမ်ထောင်ရေးအတွက် အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ အရာလေးတွေ ရှိပါတယ်။ သင့်အနေနဲ့ အိမ်ထောင်ရေး ဒါမှမဟုတ် ချစ်သူရည်စားများအနေနဲ့ ဆက်ဆံရေးမှာ ခိုင်မြဲစေဖို့အတွက် အချက်လေး တချို့ကို ဝေငှပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့သော ဆက်ဆံရေးတွေမှာ တအုံနွေးနွေးနဲ့ မြိုသိပ်မှုတွေများလာခဲ့မယ်ဆို ပေါက်ကွဲမှုက ပိုမိုပြင်းထန်ထက်လို့ပါ။ ခိုင်မာစွာတည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတိုင်းမှာ မြင်တွေ့နိုင်တဲ့ တူညီတဲ့ အရာတစ်ခုရှိပါတယ် အဲ့ဒါကတော့ ခင်မင်ရင်းနှီးစွာပြောဆိုဆက်ဆံတက်တဲ့ အလေ့အထလေးတစ်ခုပါ၊ ကျွန်မတို့အနေနဲ့ မထင်မှတ်ထားတဲ့/ ဘာမှမဟုတ်ပါဘူးလို့ ထင်မြင်ထားတဲ့ အရာလေးတွေကလဲ တစ်ဖက်မှာ အရမ်းကို ကြီးမားတဲ့အရာတွေ ဖြစ်သွားတက်လို့ပါ။ ခိုင်ခံ့သောအိမ်ထောင်ရေးတွင် ခင်မင်ရင်းနှီးမှုနှင့် စိတ်ခံစားမှုဆိုင်ရာ ဆက်သွယ်မှုအဆင့်မြင့်မားကြောင်း သုတေသနပြုချက်များလဲ ရှိကြပါတယ်။ ကျွန်မတို့ ပိုင်ဆိုတဲ့ မိသားစုဘဝလေး သာယာဖို့အတွက် ကျွန်မတို့ကြိုးစားကြရအောင်ပါ .... အချို့အချက်လေးတွေကို post တင်ပေးထားပါမယ်နော် ... ရင်နှီးစွာနဲ့ comment တွေရေးကြရင်း အပြန်အလှန် စိတ်ခံစားမှုလေးတွေ မျှဝေကြရအောင်ပါနော် ....

Khin Myint Zu
(27/12/2022)

27/12/2022

Shall we start!

Hello …. အားလုံးဘဲ Mingalar ပါရှင့် ဒီ page လေးကို စတင်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ အမျိုးသမီးတွေအားလုံးအတွက် သ...
20/12/2022

Hello …. အားလုံးဘဲ Mingalar ပါရှင့်
ဒီ page လေးကို စတင်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့
ကျွန်မတို့ အမျိုးသမီးတွေအားလုံးအတွက် သိသင့်တဲ့အရာတွေ (knowledge sharing သီးသန့်လေးပါနော်) ….
အိမ်ထောင်ရှင်တို့အတွက် အိမ်ထောင်ရေး သာယာဖို့ နည်းလမ်းလေးတွေ ….
ဘဝတူမေမေတို့အတွက် ပင်ပန်းနွမ်းနယ်မှုတွေ ….. မျှဝေပေးဖို့, အတူတူခံစားပေးဖို့အတွက်ပါနော် ….
စာတွေမရေးဖြစ်တာလဲကြာပြီဆိုတော့ …. စာတွေပြန်ရေးပါတော့မယ်နော် (ကိုယ်တိုင်ရေးသားထားတာတွေနဲ့ အတူ နိုင်ငံတကာကနေ ဖတ်ဖို့ လေ့လာဖို့ သင့်တော်မယ့် ဆောင်းပါးရှိရင် ပြန်လည်ဖော်ပြပေးပါမယ်နော် .. အားလုံးတူတူဖတ်ကြမယ်လေ)
မင်မင်အနေနဲ့ ကိုယ့်တွေ့ကြုံခဲ့ရတာတွေရော …. အားလုံးရဲ့ အတွေ့အကြုံတွေရော နှီးနှောဖလှယ်လို့ရမယ့် နေရာလေးတစ်ခု ဖြစ်ချင်တာပါ ….
နောက်တစ်ခုကတော့ …. အန်တီတွေ, မမတွေ, မေမေတွေအတွက် ရင်ဖွင့်နိုင်မယ့် နေရာလေး တစ်ခုဖြစ်လာဖို့လဲ ထပ်မံအကောင်အထည်ဖော် ကြိုးစားသွားဦးမှာပါနော် …..

😍🥰😎😉😎

Address

South Okkalarpa
Yangon
11091

Telephone

+959420050701

Website

Alerts

Be the first to know and let us send you an email when Khin Myint Zu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Khin Myint Zu:

Shortcuts

Share

Category