05/05/2026
အလုပ်အင်တာဗျူးအမေးအဖြေများ
Teach English 4 skills, Cambridge Education
05/05/2026
အလုပ်အင်တာဗျူးအမေးအဖြေများ
13/10/2025
အချိန်နဲ့ပတ်သတ်တဲ့ လေ့လာစရာ
13/10/2025
06/10/2024
ပြန်မငြင်းတာ_အကောင်းဆုံး
- ဖောက်သည်နဲ့` ငြင်း
မင်းနိုင်သွားတော့
" ဝယ်သူပျောက်တယ် " ။
- လုပ်ဖော်ကိုင်ဖက်နဲ့` ငြင်း
မင်းနိုင်သွားတော့
" အဖွဲ့ကွဲသွားတယ် " ။
- သူဌေးနဲ့` ငြင်း
မင်းနိုင်သွားတော့
" အခွင့်အရေးတွေ ဆုံးရှုံးသွားတယ် " ။
- မိသားစုနဲ့ ` ငြင်း
မင်းနိုင်သွားတော့
" မေတ္တာတွေ လျှော့သွားတယ် " ။
- သူငယ်ချင်းတွေနဲ့ `
ငြင်း မင်းနိုင်သွားတော့
" မိတ်ပျက်သွားတယ် " ။
- သင်ဆရာနဲ့ `
ငြင်း မင်းနိုင်သွားတော့
" ရိုင်းတယ်လို့ အထင်ခံရတယ် " ။
- ချစ်သူနဲ့ ` ငြင်း
မင်းနိုင်သွားတော့
" ခံစားချက်တွေ အေးစက်လာတယ် " ။
ဘယ်သူနဲ့ ငြင်းငြင်း
မင်းနိုင်သွားတာနဲ့
တစ်ဖက်မှာ ဆုံးရှူံးသွားပြီးပြီ ~~~
ဒါ့ကြောင့် မှားမှားမှန်မှန် ပြိုင်မငြင်းနဲ့တော့
Credit
#မူရင်ရေးသားသူကိုလေးစားလျက်
24/09/2024
💥" ကိုယ်ဟာ လူစစ်စစ်ဖြစ်တယ်ဆိုရင် "💥
""""""""""""""""""""""""""""""""""""""""""""""""""""
💥
သူတစ်ပါးရဲ့ နာကျင်မှုကို
ဘယ်တော့မှ ပျက်ရယ်မပြုနဲ့။
💥
သူတစ်ပါးရဲ့ အားနည်းချက်ကို
ဘယ်တော့မှ မလှောင်ပြောင်နဲ့။
💥
သူတစ်ပါးရဲ့ မျက်ရည်ကို
ဘယ်တော့မှ မပျော်ရွှင်နဲ့။
💥
သူတစ်ပါးရဲ့ နွမ်းပါးမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။
💥
သူတစ်ပါးရဲ့ရိုးသားမှုကို
ဘယ်တော့မှ မဖျက်ဆီးနဲ့။
💥
သူတစ်ပါးရဲ့အောင်မြင်မှုကို
ဘယ်တော့မှ မနာလိုမဖြစ်နဲ့။
💥
သူတစ်ပါးရဲ့ အားနာမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။
💥
သူတစ်ပါးရဲ့ ချို့ယွသးင်းချက်ကို
ဘယ်တော့မှ မကဲ့ရဲ့မိစေနဲ့။
🔰 အစဉ်လေးစား ချစ်ခင်နေလျှက် ....... ✍🏻
21/09/2024
သင်ဘာလို့ ထွန်းထွန်းပေါက်ပေါက်မဖြစ်သေးတာလဲ
(၁) ဆင်ခြေအရမ်းများတယ်။
တစ္ခုခုကို မလုပ်ချင်ရင်၊ လုပ်လိုစိတ်မရှိရင် အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ ရာထောင်မက ရှာတွေ့နိုင်ပါတယ်။ တကယ့်လုပ်ချင်တဲ့လူတွေအတွက်ကျတော့ နည်းလမ်းအမြဲရှာတွေ့ပါတယ်။
(၂) တစ္ခုခုကို အမြဲကြောက်တယ်။
ဆုံးရူံးမှာကြောက်တယ်။ ဂုဏ်ငယ်မှာကြောက်တယ်။
သူမ်ားဟားမွာကို ကြောက်တယ်။ အဆင်မပြေမှာ ကြောက်တယ်။ ခေတ်ပျက်မှာက်ိုကြောက်တယ်။ စသည်ဖြင့် ကြောက်ခြင်းများစွာနဲ့ ဘယ်တော့မှ အကြောက်သံတရာကနေ ရုန်းမထွက်တော့ပါဘူး။
(၃) သင်ယူဖို့ ငြင်းဆန်တယ်။
လုပ်လည်းမလုပ်တတ်ဘူး။ သင်ဖို့လည်းအချိန်မပေးချင်ဘူး။ ပိုက်ဆံတော့ များများရချင်တယ်။ အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်တယ်။
(၄) ချီတုံချတုံ ဖြစ်တယ်။
နားယောင်လွယ်တယ်။ သူမ်ားကို အကြံတောင်းလွန်းတယ်။ ဟိုလိုလို ဒီလိုလို ချီတုံချတုံ ဖြစ်တယ်။
(၅) အချိန်ဆွဲတယ်။
မပြီးဆုံးနိုင်တော့တဲ့ မနက်ဖန်များစွာနဲ့ ဘယ်တော့မှ မစဖြစ်တော့ပါဘူး။
(၆) ကောက်ရိုးမီးဆန်တယ်။ အဖျားရူးတယ်။
ဘာလုပ်လုပ်၊ အစပိုင်းအရမ်းတက်ကြွတယ်။ ကောက်ရိုးမီးလိုပါပဲ။ ခဏလေးတောက်တယ်။ အဖျားရူးရူးသွားတယ်။
(၇) သူများငြင်းဆိုမှာကို အမြဲစိုးရိမ်တယ်။
သူမ်ား No ပြောမှာကို အရမ်းကြောက်တယ်။ အရမ်းစိုးရိမ်ကြီးတယ်။ မစခင်မှာပဲ လက်လျှော့သွားတတ်တယ်။
(၈) ကိုယ့်ကိုယ်ကို ဘောင်ခတ်တယ်။
ဟိုအလုပ်တော့ မသင့်တော်ဘူး။ ဒီအလုပ်တော့ ငါ့အဆင့်နဲ့ဆိုရင် သိမ်ငယ်တယ်။ ခရီးဝေးဝေးသွားဖို့ မိဘနဲ့ မခွဲနိုင်ဘူး။ အနီးအနား စက်ရုံတွေကျတော့ လုပ်ခနည်းတယ်။ မျက်နာငယ်မှာ ဆိုးလို့၊ အမျိုးပြောမှာကြောက်လို့ စသည်ဖြင့် ဘောင်အမျိုးမျိုး ကေန ရုန်းမထွက်တော့ပါဘူး။
(၉) လက်တွေ့မဆန်ဘူး။
အမြဲစိတ်ကူးယဉ်တယ်။ စိတ်ကူးယဉ်တာအပြစ်မပြောလိုပေမဲ့ ပထမခြေလှမ်း မစဖြစ်တာကပြဿနာပါ။ ကံကောင်းမူတွေ၊ လဘ္လာဘေတြ တစ်ခါထဲ နတ်သကြားဆီက ကျလာတော့မဲ့အတိုင်းပါပဲ။ ကံကောင်းအောင် အမြဲမျှော်လင့်နေတဲ့လူစားမျိုးပါ။ ဗေဒင်မေး ဝါသနာပါတဲ့လူစားမျိုးပါ။ အမြဲထီထိုးတတ်ပါတယ်။
ကျနော်ကတော့ အချို့အချက်တွေငြိနေသလိုပဲ။
ပြုပြင်ရတော့မှာပေါ့။
သင်ကော တစ်ချက်ချက်နဲ့ တိုက်ဆိုင်မိပါသလား
ပြန်လည်မျှဝေသည်။
မူရင်းရေးသားသူအားလေးစားလျှက်
13/09/2024
အပြန်အလှန် ထားရှိရမည့် လေးစားမှု ( mutual respect)
ကျမတို့နိုင်ငံမှာ "ရိုသေလေးစားမှု - respect" ဆိုတဲ့ စကားလုံးက လူတိုင်းနဲ့ ရင်းနှီးပါတယ်။ မိဘတွေကို ရိုသေလေးစားရမယ်၊ ဆရာသမားတွေကို ရိုသေလေးစားရမယ်၊ မိမိထက် အသက်တစ်မိနစ်၊ တစ်ရက်ကြီးရင်တောင် ရိုသေလေးစားရမယ်။ ဒီစကားတွေနဲ့ ငယ်စဥ်တည်းက အထပ်ထပ်ရိုက်သွင်း ဆုံးမခံခဲ့ကြရပြီး ရိုသေလေးစားမှုဆိုတာ အသက်၊ ရာထူး၊ ဂုဏ်သိက္ခာ ကြီးမြင့်သူတွေသာ တစ်ဖက်သတ် ခံယူရမဲ့အရာလို့ တွေးထင်နေတတ်ကြပါတယ်။
တကယ်တမ်း ကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းကို ထူထောင်ချင်ရင် "အပြန်အလှန်လေးစားမှု" mutual respect ဆိုတဲ့ စကားလုံးလေးကိုလည်း အကျွမ်းတဝင်ဖြစ်ဖို့ လိုပါတယ်။
Mutual respect ဆိုတာ လူတစ်ဦးနဲ့တစ်ဦး အတွေးအခေါ်၊ အယူအဆ၊ အမြင်၊ ကိုးကွယ်ယုံကြည်မှု၊ တန်ဖိုးထားမှု၊ အကြိုက် စတဲ့အရာတွေမှာ မတူကွဲပြားနေသော်ငြား တစ်ဦးကိုတစ်ဦး အထင်သေးခြင်း၊ ပြစ်တင်ရှုံ့ချ ထိခိုက်ခြင်းမရှိဘဲ အပြန်အလှန် လေးစားစွာ ဆက်ဆံခြင်း ဖြစ်ပါတယ်။ မိသားစု၊ ကျောင်း၊ လုပ်ငန်းခွင်တွေမှာ အပြန်အလှန်လေးစားစွာ ဆက်ဆံတဲ့ အလေ့အကျင့်ကို ပျိုးထောင်သင့်ပါတယ်။
ငါကမိဘ၊ ငါပြောတာပဲ နားထောင်ရမယ်၊ ငါက ကောင်းစေချင်လို့ပြောတာ၊ ငါဖြစ်စေချင်တာပဲ လုပ်ရမယ် ဆိုတဲ့ အတ္တစွဲတွေ မထားဘဲ ကလေးငယ်လေး ဘဝကစလို့ သားသမီးတွေရဲ့ သဘောထားကို အလေးထားနားထောင်ပေးတာ၊ ဂရုတစိုက် ဆွေးနွေးပြောပြတာက mutual respect ထားခြင်းပါပဲ။ ဆိုးရွားစွာ ထိခိုက်စေနိုင်မဲ့ ကိစ္စတွေက လွဲလို့ သားသမီးတွေရဲ့ ဘဝကို အတင်းအကျပ် ဝင်ရောက်စွက်ဖက်တာက mutual respect မဲ့ခြင်းဖြစ်ပြီး သားသမီးတွေကို psychological trauma ရစေနိုင်ပါတယ်။
ကျောင်းက ဆရာဆရာမတွေ၊ လုပ်ငန်းခွင်က အလုပ်ရှင်နဲ့ အထက်အရာရှိတွေ အနေနဲ့လည်း ကိုယ့်ရဲ့ တပည့်၊ လက်အောက်ငယ်သားနဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်း mutual respect ထားတတ်တဲ့ အကျင့်ကို မွေးမြူသင့်ပါတယ်။ လူငယ်က လူကြီးကို မထီမဲ့မြင်ပြုတာကပဲ ရိုင်းတာ မဟုတ်ပါဘူး၊ လူကြီးဖြစ်ပြီး လူငယ်တွေကို မထီမဲ့မြင် နှိမ့်ချ ဆက်ဆံတာကလည်း မယဥ်ကျေးခြင်းတစ်မျိုးပါ။
Mutual respect ကို အလေးထားတဲ့ လူမှုပတ်ဝန်းကျင်မှာ…
• ပွင့်လင်းလွတ်လပ်ပြီး ယုံကြည်မှုရှိခြင်း
• အကောင်းမြင်စိတ်ရှိခြင်း
• စုပေါင်းပြီး ဆုံးဖြတ်ကောင်းများ ချနိုင်ခြင်း
• တီထွင်ကြံဆနိုင်စွမ်း၊ ပြဿနာဖြေရှင်နိုင်စွမ်း ပိုမိုမြင့်မားခြင်း
• လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည် မြင့်မားခြင်း
• မျှတပြီး ကိုယ်ချင်းစာစိတ်ရှိခြင်း
• အပြန်အလှန် နားလည်မှုရှိခြင်း
• ကိုယ်စိတ် ကျန်းမာခြင်း စသည့် အကျိုးရလဒ်ကောင်းတွေ ရရှိနိုင်ပါတယ်။
ဆရာမောင်သာချိုရဲ့ စာအုပ်ထဲမှာ ဆရာနတ်နွယ်ရဲ့ လေးစားစရာအကြောင်းကို အမှတ်တရ ရေးဖူးပါတယ်။ ဆရာမောင်သာချိုနဲ့ ဆရာနတ်နွယ်က အမျိုးသမီးစာရေးဆရာမ တစ်ယောက်ရဲ့ စာအကြောင်းကို စကားစပ်မိချိန်မှာ ဆရာနတ်နွယ်က "သူ့စာတွေက မကောင်းဘူးဗျ" လို့ ပြောမိပြီးမှ "ဆောရီးဗျာ၊ သူ့စာတွေက မကောင်းတာမဟုတ်ဘူး၊ ကျွန်တော်မကြိုက်တာပါ" လို့ ပြန်ပြင်ပြောပါတယ်တဲ့။ မကောင်းဘူးဆိုတာက ဝေဖန်ပြစ်တင်ခြင်း ဖြစ်ပြီး မကြိုက်တာကတော့ အမြင်မတူကြောင်း ဖော်ပြရုံသာ ဖြစ်ပါတယ်။ ဆရာနတ်နွယ်အနေနဲ့ သူက မကြိုက်ပေမဲ့တခြားကြိုက်နှစ်သက် အားပေးတဲ့သူတွေနဲ့ ထိုစာရေးဆရာမအပေါ် mutual respect ထားလိုက်ခြင်းပါပဲ။
Mutual respect အတွက် စာဖတ်ချင်ရင် ဆရာတော် ဦးဇောတိကရဲ့ "သိက္ခာရှိရှိနေမယ်၊ ခွင့်လွှတ်ပါတယ်" ဆိုတဲ့ စာအုပ်လေးကို ဖတ်ကြည့်စေချင်ပါတယ်။ စာအုပ်ထဲမှာ လူတစ်ယောက်အကြောင်း ရေးထားရာမှာ ထိုသူက မည်သည့်သက်ရှိ၊ သက်မဲ့အပေါ်ကိုမှ ဝေဖန်ပြစ်တင်ပြောဆိုခြင်းကို မကြားဖူးပါတဲ့။ လူတွေအပေါ်မှ မဟုတ်ဘူး၊ နေပူတာ၊ မိုးရွာတာလိုမျိုး၊ နေမကောင်းတာ၊ နာကျင်နေတာမျိုးအတွက်လည်း ညည်းညူနေခြင်းမျိုး မရှိပါတဲ့။ စာဖတ်နေရင်းနဲ့ သူ့လို ဂုဏ်သိက္ခာရှိပြီး လေးစားစရာကောင်းတဲ့ သူမျိုးဖြစ်ချင်လာပါလိမ့်မယ်။
ဘယ်လိုပင် မတူကွဲပြားမှုတွေ ရှိနေပါစေ၊ လူတိုင်း၊ သက်ရှိတိုင်းမှာ သူ့ဂုဏ်သိက္ခာနဲ့သူ ရှိပါတယ်။ သူတောင်းစားမှာလည်း သူ့ဂုဏ်သိက္ခာနဲ့သူ ရှိသလို ခွေးကြောင်စတဲ့ တိရိစ္ဆာန်လေးတွေမှာလည်း သူ့ဂုဏ်သိက္ခာနဲ့သူ ရှိပါတယ်။ သူတပါးရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး အပြန်အလှန် လေးစားစွာ ဆက်ဆံတတ်တဲ့စိတ်လေး ရှိဖို့ပဲ လိုတာပါ။
03/06/2024
ဆယ်စုနှစ်တစ်ခုစီတိုင်းမှာ သင်၊ သင့်အနာဂတ်နဲ့ သင်ချစ်ခင်ရသူတွေအတွက် စိတ်အေးချမ်းသာမှုနဲ့ ငွေကြေးလုံခြုံမှုရရှိဖို့ အသက်အာမခံထားရှိခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်...
05/07/2023
" သူဌေးဝါဒ "
ကျွန်တော်က သူဌေးကြီးကို ဆိုက်ကားပေါ်တင်လာခြင်းဖြစ်သည်။ သူနှင့် ငါးကြိမ်လောက် ဆုံဖူးသောကြောင့် မျက်မှန်းတန်းမိသလိုလိုဖြစ်လာသည်။
မောင်ရင်က ဈေးသိပ်မတောင်းဘူး ... ဘာဖြစ်လို့လဲကွ
ကျွန်တော်က ဆိုက်ကားသမား အစစ်မှ မဟုတ်တာ ဦးလေးရာ
ဘာပြောတာလဲကွ
ဪ ... ကျွန်တော်က ကျောင်းပိတ်တုန်း ကျောင်းစရိတ်လေးရအောင် ဆိုက်ကားနင်းတာပဲ ... ဆိုက်ကားသမားတွေလို နင်းကန်တောင်းရင် ကျွန်တော့်ကို ဘယ်သူကခေါ်မှာလဲ
ဒါလည်း မဟုတ်သေးဘူးကွ ... နေရာတိုင်းမှာ တန်ရာတန်ကြေးဆိုတာရှိတာပဲ
လူတိုင်းက တန်ရာတန်ကြေး မပေးချင်ကြပါဘူး ဦးလေးရာ ... တစ်ကျပ်တန်လည်း ငါးမူးလောက် ပေးချင် ကြတာ
အလို မင်းက ငါ့ကို စောင်းဆိုသလား
မဟုတ်ပါဘူး ဦးလေးရာ သဘောပြောတာပါ
ဒီမှာ ငါ့တူ ... သူဌေးဘာဖြစ်လို့ဖြစ်သလဲ သိလား
ကပ်စေးနည်းလို့ဖြစ်မှာပေါ့ခင်ဗျာ
အင်း နည်းနည်းတော့ မှန်သကွ ... ဒါပေမဲ့ ဘယ်လောက် ကပ်စေးနည်းနည်း ကိုယ့်အတွက် မဟုတ်ပါဘူး ကွယ်
ဘယ်သူ့အတွက်လဲခင်ဗျာ
မင်းကိုငါ အဖြစ်အပျက်လေးတစ်ခု ပြောပြမယ် ... နားထောင်
ဟုတ်ကဲ့
သူဌေးကြီးတစ်ယောက်ဟာ သေသွားတော့ ဘဏ်ထဲမှာ ပိုက်ဆံ ၁၀ သိန်းလောက် ထားခဲ့သတဲ့ (ဟိုးတစ်ခေတ် ၁၀ သိန်း) သူဌေးကြီးသေတော့ သူ့မိန်းမက နောက်လင်ယူရောကွာ၊ နောက်လင်ကလည်း သူတို့ဆီမှာ လုပ်နေတဲ့ အလုပ်သမားကွ၊ အဲဒီနောက်လင်က ဘာပြောသလဲသိလား
ဘယ်သိမှာလဲ ဦးလေးရ
အင်း ... ခင်ဗျားလင်ကြီး အငတ်ခံပြီး စုဆောင်းခဲ့သမျှဟာ နောက်ဆုံးတော့ ကျုပ်အတွက်ပါလားတဲ့ ... ဟား ... ဟား ... ဟား
သူဌေးကြီးက ပြောပြီး အားရပါးရရယ်သည်။
ဦးလေးရယ် ရယ်စရာမကောင်းပါဘူး ... သနားစရာ ကောင်းလိုက်တာ
ဘယ်သူ့ကို မင်းက သနားနေတာလဲ
သူဌေးကြီးကို
မသနားနဲ့ကွ ... အဲဒီကောင် ငွေရှာဖို့ပဲသိတာ ... ဘဝနေနည်း မေ့နေတာ
ဤကား သူဌေးကြီးပြောသည့် ဘဝနေနည်း ဖြစ်ပါသည်။
ကျန်းမာအောင်နေကွ၊ ကျန်းမာမှ ချမ်းသာအောင် လုပ်နိုင်တယ်။ စောစောသေတော့ ငါပြောသလို သူများအတွက် ဖြစ်တာပဲ။ လမ်းများများလျှောက်ကွ။ ရေများများသောက်။ ဆာလည်းသောက်၊ မဆာလည်းသောက်။
စကားတွေကို ကိုယ်ကလည်း အပိုမပြောနဲ့၊ သူများတွေ အများကြီး ပြောတာလည်း နားမထောင်နဲ့၊ အလုပ်နဲ့ ပတ်သက်တာပဲ နားထောင်၊ ပြော။ ကိုယ့်အလုပ်ကိုယ်လုပ်။
ကားအကောင်းစားကြီးကို ပိုက်ဆံအများကြီးပေးပြီး ဝယ်မစီးနဲ့၊ တော်ရုံလောက်ပဲစီး၊ ရောက်တာချင်း အတူတူပဲ။ ဇိမ်ခံဖို့ထက် အလုပ်အတွက် အဆင်ပြေဖို့ပဲစဉ်းစား။
တိုက်ကြီးကို ဟီးနေအောင် ဆောက်စရာ မလိုဘူး။ ကိုယ့် အိုးနဲ့ကိုယ့်ဆန် တန်ရုံလောက်ဆောက်။ သုံးလေးထပ် ဆောက်လည်း ကိုယ်နေမှာ တစ်နေရာတည်း။ အထပ်များ၊ အဆောင်များ ထိန်းရလည်းခက်။ ပိုက်ဆံလည်း အပိုထွက်။
အဝတ်ကောင်းကောင်း မလိုဘူး။ ရာသီအလိုက် ဝတ်ကောင်းတာမျိုးကိုပဲ ဝတ်ဖို့လိုတယ်။ တိုက်ပုံလေး ကောက်စွပ်လိုက်ရင် မင်းကို အထင်ကြီးပြီးသား။ သူဌေးဆိုတာ ဘာဝတ်ဝတ်လာလာ မင်းကို ဘာမှ မပြောဘူး။ ချီးကျူးတောင် ခံရဦးမှာ။
မင်းဘဝမှာ မင်းရှာခဲ့သမျှ ၂၅ ရာခိုင်နှုန်းလောက်တောင် မင်းမသုံးသွားနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းလောက် သူများဖို့ ထားခဲ့ရမှာ။ ဒါကြောင့် မသေခင်ဘာလုပ်မလဲ အမြဲစဉ်းစား။
မင်းပညာတွေ ဘယ်လောက်တတ်တတ် မင်းသင်ခဲ့တဲ့ ဘွဲ့ပညာရဲ့ ၂၅ ရာခိုင်နှုန်းလောက်တောင် လက်တွေ့ဘဝမှာ အသုံးမချနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းလောက်က လက်တွေ့နဲ့တတ်ပြီး ထမင်းစား နေရတာ၊
အတ္တတွေလျှော့၊
ကိုယ်မှမှန်၊ ကိုယ်လုပ်မှ မှန်တယ်ထင်တာ တကယ်တော့ မဟုတ်ဘူး။ ငါလည်းမှားနိုင်တာပဲဆိုတာကို နှလုံးသွင်း၊ သူလည်းမှန်နိုင်တာပဲလို့ စိတ်မှာထား၊
ဘယ်လိုအနေအထားရောက်ရောက် နှိမ့်ချရိုကျိုး အပိုးကျိုးကျိုးနေ၊ မထောင်လွှားနဲ့၊ မမောက်မာနဲ့၊
ပိုက်ဆံဘယ်လောက်ရှိရှိ၊ တစ်ပြားမှမရှိသလို သဘောထား။
ကျွန်တော် မှတ်မိသလောက် ပြန်ရေးပြခြင်းဖြစ်ပါသည်။ သူကား အတန်းပညာမရှိ။ ဘဝအသိဖြင့် ကျွန်တော့်ကို ဆိုက်ကားပေါ်မှာ လက်တွေ့ သင်ခန်းစာများကို သင်ကြားပေးသွားခြင်း ဖြစ်သည်။
ကျွန်တော်က ဆိုက်ကားကို ရပ်လိုက်ပြီး သူ့ကို တွဲရန် လက်ကို လှမ်းပေးလိုက်သည်။
မလိုဘူးကွ ... အသက်ကြီးတဲ့ သူတိုင်းကို အတွဲခံချင်လိမ့်မယ်လို့ ဘယ်တော့မှ မထင်နဲ့။ အေး တစ်ခုတော့ ရှိတယ် ... သူလဲကျလို့ သနားရင် တွဲထူချင် ထူပေးလိုက်
ကျွန်တော်က လက်ကို ရုပ်လိုက်ပြီး သူ့ကိုကြည့်ကာ ဆိုက်ကားကို လှည့်ရန် ပြင်သည်။
မောင်ရင် ပိုက်ဆံ
ရပါတယ်ဦးလေး ... ဒီနေ့ ဦးလေးက ကျွန်တော့်ကို အများကြီး ပညာတွေပေးသွားတယ်
ဒီမှာ မောင်ရင် သူတို့ကိုယ်သူတို့ သူဌေးလို့ အထင်ခံနေရတဲ့ကောင်တွေကို မင်းက လူတတ်ကြီးလုပ်ပြီး ဘယ်တော့မှ ပိုက်ဆံမယူဘူး မလုပ်နဲ့ကွ ... သူတို့အတွက် ဆိုက်ကားခလောက်ကို မပေးလိုက်ရတာ ပီတိဖြစ်နေမှာ မဟုတ်ဘူး ... စိတ်ထဲမှာ ဒေါသထွက်နေမှာ ... ရော့ယူသွား
ထိုနေ့က သူကျွန်တော့်ကို ပေးသည်မှာ တစ်ကျပ်စေ့။ ကျွန်တော်က ပြန်အမ်းရန် အိတ်ထဲကိုနှိုက်သည်။
ဦးလေး ဒီမှာ ငါးမူး
ထားလိုက်ပါကွာ ... ဒီနေ့တော့ ငါ တစ်ကျပ်ပေးပါတယ်
နေပါ ဦးလေး ... ကျွန်တော်လည်း သူဌေးက သနားလို့ ငါးမူးပိုပေးတာ မယူချင်ဘူး
ကောင်းကွာ ... အဲဒါ မင်း ဆိုက်ကားသမား အစစ်မဟုတ်လို့
သူက ကျွန်တော်ပေးသည့် ပိုက်ဆံငါးမူးကို ယူလိုက်သည်။
Credit မူရင်း
17/05/2023