05/04/2023
Vacancy Announcement of Inle Heritage Private School
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Future Generation Education Centre, Education, Yangon.
05/04/2023
Vacancy Announcement of Inle Heritage Private School
24/03/2023
အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ မင်္ဂလာပါ။ အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ အွန်လိုင်းကွန်ရက် Online Professional English Network (OPEN) သင်တန်းအစီအစဉ်မှာ ပါဝင်နိုင်ဖို့ အမေရိကန်သံရုံးကတစ်ဆင့် လျှောက်လွှာတင်ကြဖို့ဖိတ်ခေါ်ပါတယ်။
၂၀၂၃ ဇူလိုင်မှာ စတင်မယ့် သီတင်းပတ်ရှစ်ပတ်ကြာသင်တန်းအတွက် ၂၀၂၃ မတ် ၃၀ ညနေ ၅နာရီနောက်ဆုံးထားပြီး လျှောက်လွှာတင်ကြရပါမယ်။ မှတ်ချက်။ ။ လျှောက်လွှာထည့်သွင်းစဉ်းစားခြင်းခံရဖို့အတွက် ထောက်ခံစာလိုပါတယ်။ သင်တန်းအတွက် ရွေးချယ်တက်ရောက်နိုင်မယ့် အတန်းတွေထဲမှာ Creating and Implementing Online Courses (CIOC), Fostering Student Motivation and Engagement (FSME), TESOL Methodology, Professional Development for Teacher Trainers, Integrating Critical Thinking into the Classroom, Teaching Grammar Communicatively, Using Educational Technology, Teaching English to Young Learners, and Developing နဲ့ Teaching Academic Writing ဆိုတဲ့ အကြောင်းအရာတွေပါဝင်မှာဖြစ်ပါတယ်။
အတန်းတက်ရောက် အောင်မြင်သူ အားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကအပ်နှင်းတဲ့ ဒစ်ဂျစ်တယ်အသိအမှတ်ပြုလက်မှတ်တွေ ပေးအပ်ချီးမြှင့်မှာပါ။ သင်တန်းအကြောင်းပိုပြီးသိရဖို့နဲ့ လျှောက်လွှာရယူနိုင်ဖို့အတွက် သံရုံးဝက်ဘ်ဆိုက် https://tinyurl.com/OPEN202303 ကို ဝင်ကြည့်နိုင်ပါတယ်။
Hello English Language Educators! Apply now to be part of the Online Professional English Network (OPEN) Program through the U.S. Embassy!
Submit your application before 5:00 p.m. on March 30, 2023 for this eight-week series of courses beginning in July 2023. Note: you are required to submit a letter of recommendation with your application in order to be considered for the program. Optional course topics include Creating and Implementing Online Courses (CIOC), Fostering Student Motivation and Engagement (FSME), TESOL Methodology, Professional Development for Teacher Trainers, Integrating Critical Thinking into the Classroom, Teaching Grammar Communicatively, Using Educational Technology, Teaching English to Young Learners, and Developing and Teaching Academic Writing.
Certificates and digital badges will be issued by the U.S. Department of State for those who complete the course. For more information and to download the application form please visit our website: https://tinyurl.com/OPEN202303
21/03/2023
26/01/2023
04/01/2023
ဟဲလို... အင်္ဂလိပ်စာ ဆရာ၊ ဆရာများ။ ဆရာ၊ ဆရာမတို့ရဲ့ အသိပညာတွေနဲ့ သင်ကြားရေးစွမ်းရည်တွေတိုးချဲ့ဖို့အတွက် အမေရိကန်တက္ကသိုလ်တစ်ခုကရေးဆွဲတဲ့ အင်္ဂလိပ်စာဆရာ၊ ဆရာမများ အွန်လိုင်းကွန်ရက် Online Professional English Network (OPEN) သင်တန်းအစီအစဉ်ကို အမေရိကန်သံရုံးကတစ်ဆင့် လျှောက်ထားကြဖို့ဖိတ်ခေါ်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီလ အတွင်းစတင်မယ့် သီတင်းပတ်ရှစ်ပတ်ကြာ သင်တန်းအတွက် ဇန်နဝါရီ ၁၀ ရက် နေ့ ညနေ ၅နာရီနောက်ဆုံးထားပြီး လျှောက်ထားကြရမှာပါ။ မှတ်ချက်။ ။ လျှောက်လွှာထည့်သွင်းစဉ်းစားခြင်းခံရရန်အတွက် ထောက်ခံစာလိုအပ်ပါသည်။
သင်တန်းအတွက် ရွေးချယ်တက်ရောက်နိုင်မယ့် အတန်းတွေထဲမှာ Creating and Implementing Online Courses (CIOC), Fostering Student Motivation and Engagement (FSME), TESOL Methodology, Professional Development for Teacher Trainers, Teaching English to Young Learners (TEYL), Teaching Grammar Communicatively, Integrating Critical Thinking Skills, Using Educational Technology နဲ့ Developing and Teaching Academic Writing သင်ခန်းစာတွေပါဝင်မှာဖြစ်ပါတယ်။
အတန်းတက်ရောက် အောင်မြင်သူ အားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကအပ်နှင်းတဲ့ ဒစ်ဂျစ်တယ်အသိအမှတ်ပြုလက်မှတ်တွေ ပေးအပ်ချီးမြှင့်မှာပါ။ သင်တန်းအကြောင်းပိုပြီးသိရဖို့နဲ့ လျှောက်လွှာရယူနိုင်ဖို့အတွက် သံရုံးဝက်ဘ်ဆိုက် ( https://mm.usembassy.gov/education-culture/scholarship-programs/ ) ကို ဝင်ကြည့်နိုင်ပါတယ်။
Hello English Language Educators! Apply now to be part of the Online Professional English Network (OPEN) Program through the U.S. Embassy!
Submit your application forms before 5:00 p.m. January 10, 2023 to participate in an eight-week series of courses beginning in April 2023. Note: you are required to submit a letter of recommendation with your application in order to be considered for the program.
Optional course topics include Creating and Implementing Online Courses (CIOC), Fostering Student Motivation and Engagement (FSME), TESOL Methodology, Professional Development for Teacher Trainers, Integrating Critical Thinking into the Classroom, Teaching Grammar Communicatively, Using Educational Technology, Teaching English to Young Learners and Developing and Teaching Academic Writing.
Certificates and digital badges are issued by the U.S. Department of State for all those who pass the course. Please visit our website for more information and to download the application form: https://mm.usembassy.gov/education-culture/scholarship-programs/
27/10/2022
🧑🏫ဆရာ၊ဆရာမများအတွက် Professional Development Skill တိုးတက်စေရန် သင်ကြားရေးနည်းစနစ်များ၊ Games and Activities Idea များကို အခမဲ့လေ့လာနိုင်သည့် U tube Channel ကောင်းများ 🏠❇️❇️
Mike's home ESL 🏠
https://youtu.be/6mA6UAoT3M0
Monica J Sutton
https://youtu.be/INY3ETimTjg
Russell Standard (Teacher Training Videos)
https://youtu.be/a12GApnRRjU
Pocketful of Primary
https://youtu.be/hdSEg8TDVow
Mrs.Katie in Elementary
https://youtu.be/rJSRlu7JXAg
TEYL Channel
https://youtu.be/kA1FuDdtq54
CECE Early Childhood Education Videos
https://youtu.be/jbNpDq7ZUDY
Mooncake English
https://youtu.be/rJ_YrWpGllI
English Teaching Games
https://youtu.be/lBvUctFk6LE
Collection by Teacher Alice -English for kids 🧑🏫💛
21/08/2022
09/08/2022
Self-learning လုပ်နေကြတဲ့ IELTS သမားတွေအတွက် လိုအပ်မယ့် စာအုပ်နဲ့ လေ့လာစရာများ
How I Prepared For IELTS 🎯
✅ Tips & Resources
ကျနော် IELTS ကို Self-study လုပ်ပြီး ဖြေခဲ့ပါတယ်။ Tips တွေ resources တွေ share ပါဦးလို့ ပြောကြတဲ့ သူငယ်ချင်းတွေအတွက် ပြန်မျှဝေပေးလိုက်ပါတယ်။ Files တွေကိုလည်း Download အဆင်ပြေအောင် Google Drive နဲ့ပဲ တင်ပေးလိုက်ပါတယ်။
🎯 1. English Level
ကိုယ့်ရဲ့ English Level (vocabulary, grammar, pronunciation, etc) ကလည်း အဓိက ကျပါတယ်။ စာမေးပွဲဖြေခါနီးမှ အဲ့ဒါတွေ လုပ်ဖို့က မလွယ်ပါဘူး။ ဒါကြောင့် အချိန်ရရင်တော့ အင်္ဂလိပ်လို ရေးတဲ့ ဝတ္ထုတွေ၊ မဂ္ဂဇင်းတွေ၊ သတင်းစာတွေ၊ Podcasts တွေ၊ Talks တွေ၊ ရုပ်ရှင်တွေကို ဖတ်/ကြည့်/နားထောင်ရင် Skills အားလုံးမှာ အထောက်အကူဖြစ်ပါတယ်။
အချိန်မရတော့ဘူးဆိုရင်တော့ Cambridge IELTS စာအုပ်တွေထဲက Reading passages တွေ၊ Listening audio recordings တွေ၊ Writing sample (band 7 and above) essays တွေကို ဖတ်ပါ။
✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️
🎯 2. Preparation Time
ကျနော်ကတော့ ၄ လကျော် အချိန်ယူခဲ့ပါတယ်။ ပထမ ၃လကျော်က အလုပ်တစ်ဖက်နဲ့ပဲ လေ့ကျင့်ပါတယ်။ ဖြေခါနီး ၃ ပတ်အလိုမှ အလုပ်ကနေ ခွင့်ယူပါတယ်။
အရင်ဆုံး Deadline သတ်မှတ်ပြီး Exam Register လုပ်လိုက်ပါတယ်။ ပိုက်ဆံသွင်းပြီးပြီဆိုတော့ မဖြစ်မနေ လုပ်ရတော့တာပါပဲ။ 😅😅
✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️
🎯 3. Self-study or Tuition Classes
ဒါက ကိုယ့်ရဲ့ အကြိုက်နဲ့ အခြေအနေတွေအပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်ကတော့ self-study ကိုပဲ ရွေးခဲ့ပါတယ်။
✅ အားသာချက် - ကိုယ်အဆင်ပြေတဲ့အချိန် လုပ်နိုင်တယ်။ Course book တစ်အုပ် မကြိုက်ရင် (ကိုယ်နဲ့ မကိုက်၊ မသင့်တော်ဘူးထင်ရင်) တခြားတစ်အုပ် ပြောင်းလုပ်လို့ရတယ်။ (ကျူရှင်တစ်ခု မကြိုက်ရင် တခြားကျူရှင်ပြောင်းဖို့က ပိုက်ဆံသွင်းပြီးသားမို့ မလွယ်ပါဘူး။) တခြားမြို့ရွာတွေဆီ သင်တန်းသွားမတက်ရလို့ ပိုက်ဆံကုန်သက်သာ၊ အလုပ်ရှုပ်သက်သာတယ်။ ကိုယ်နဲ့ကိုက်တဲ့ Strategy တွေကို ကိုယ့်ဘာကိုယ် ရွေးချယ်နိုင်တယ်။ ကိုယ့် speed နဲ့ကိုယ် လုပ်နီုင်တယ်။
❎ အားနည်းချက်- ကိုယ်တစ်ယောက်တည်း လုပ်ရတာဖြစ်လို့ Feedback ပေးမယ့်ဆရာ မရှိပါဘူး။ Answer Keys တွေနဲ့ ပြန်တိုက်ပြီး မှားတဲ့အချက်တွေကို ကိုယ့်ဘာကိုယ် နားလည်အောင် လုပ်ရတယ်။ Writing ဆိုရင်လည်း Feedback ပေးမယ့်သူမရှိတော့ ကောင်းတဲ့ Sample Essays တွေနဲ့ပဲ ယှဉ်ကြည့်ပြီး ကိုယ့်ဘာကိုယ် improve လုပ်ယူရပါတယ်။
✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️
🎯 4. Essential Materials & Resources
🎯 ၁။ IELTS Academic Test Preparation (Free Online Course)
🌐 https://www.edx.org/course/ielts-academic-test-preparation
ဩစတြေးလျနိုင်ငံ Queensland တက္ကသိုလ်က သင်ပေးတဲ့ Online Course ပါ။ ကျနော်က အဲ့ဒီ Course ကနေ စပြီး လုပ်ခဲ့ပါတယ်။ ပိုက်ဆံမပေးရပေမယ့် တကယ့် Quality Course ပါ။
IELTS ဆိုတာ ဘာလဲ။ Skill တစ်ခုချင်းဆီမှာ Section ဘယ်နှခု၊ မေးခွန်းဘယ်နှခု မေးလဲ၊ Question format တွေက ဘယ်လိုလဲ၊ စသဖြင့် exam information တွေသာမက မေးခွန်းပုံစံ တစ်ခုချင်းစီအတွက် ဖြေဆိုနည်းတွေကို ရှင်းပြပေးတယ်၊ tips တွေ၊ practice exercise တွေပါတယ်။ ဒီ course ကို လုပ်ပြီးသွားရင် IELTS နဲ့ ပတ်သက်ပြီး overall sense ကောင်းကောင်းရသွားပါလိမ့်မယ်။
🎯 ၂။ Cambridge IELTS Academic 1 to 14
📚 IELTS ဖြေမယ့်သူတိုင်း မဖြစ်မနေ ဝယ်ထားသင့်တဲ့ စာအုပ်တွေပါ။ အကုန် (၁၄အုပ်စလုံး) ဝယ်ထားသင့်ပါတယ်။ တစ်အုပ်မှ မြန်မာငွေ ထောင့်ငါးရာ၊ နှစ်ထောင်လောက်ပဲ ပေးရပါတယ်။ CD ပါတာ ရွေးဝယ်ပါ။ မပါရင်လည်း Audio တွေအကုန်လုံး online ပေါ်မှာရှိပါတယ်။
🎯 ၃။ Road To IELTS (online course)
🌐 https://rtiac.clarityenglish.com/
IELTS ကို Exam Register လုပ်လိုက်တာနဲ့ British Council ရဲ့ official Road To IELTS online course (last-minute version) ကို ရရှိမှာပါ။ ကျနော်ကတော့ British Council Digital Library member ဝင်ထားတာမို့ Full Version ကို အခမဲ့ ရပါတယ်။
ကျနော့်အတွက် အရမ်း အထောက်အကူပြုခဲ့တဲ့ course ဖြစ်လို့ လုံးဝ recommend လုပ်ပါတယ်။
🎯 ၄။ Websites
အင်တာနက်ပေါ်မှာ IELTS ဆိုဒ်တွေ အများကြီးရှိပါတယ်။ တော်တော်များများက ဂျင်းတွေ ဖြစ်နေတတ်လို့ စိတ်ချရတဲ့ ဆိုဒ်တွေကိုပဲ ကြည့်သင့်ပါတယ်။
(၁) 🌐 https://ielts-simon.com/
Simon က ကျနော့်ရဲ့ အဓိက IELTS ဆရာပါပဲ။ သူ့စာတွေကိုပဲ အဓိက ဖတ်ပါတယ်။ သူ့ ရေးဟန်ကိုပဲ အတုခိုးပါတယ်။ Simon က အရင်က IELTS Examiner (စာမေးပွဲစစ်သူ) လုပ်ဖူးသူမို့ သူ့စာတွေက စိတ်ချရပါတယ်။
သူ့ရဲ့ site မှာ ဝင်ဖတ်ရင်တော့ သိပ် organized မဖြစ်လို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတော့ Skill တစ်ခုချင်းစီအတွက် သူ့စာတွေကို သီးသန့် ပြန်စုထားတဲ့ eBook တွေ ရှိပါတယ်။ အောက်မှာ သက်ဆိုင်ရာ section တွေမှာ ကျနော် download link တွေ လုပ်ပေးထားပါတယ်။
သူ့ရဲ့ ပိုက်ဆံပေးဝယ်ရတဲ့ eBook တွေ၊ Videos တွေကိုလည်း ကျနော် အင်တာနက်ကနေ ရှာဖွေပြီး Free ရခဲ့ပါတယ်။ 😁😁
(၂) 🌐 https://ieltsliz.com/
Elizabeth ကလည်း IELTS နဲ့ ပတ်သက်ရင် နာမည်အကြီးဆုံး teacher တွေထဲက တစ်ယောက်ပါ။
(၃) 🌐 https://www.google.com/
ဂူဂဲလ် ကတော့ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သိချင်တာ၊ လိုချင်တာတွေ အကုန်ရှာဖို့ပါ။
✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️
အခု Skill တစ်ခုချင်းစီအတွက် ပြောပြပါမယ်။
🎯 5. Listening
Listening အတွက်ကတော့ Road To IELTS ထဲက Listening တွေ လုပ်ပါတယ်။
ပြီးတော့ Cambridge IELTS 1-14 ထဲက Practice Test နဲနဲ လုပ်ကြည့်ပါတယ်။
လုပ်ရင်းနဲ့ ကိုယ်နဲ့ကိုက်တဲ့ strategy တွေ ကိုယ့်ဘာကိုယ် တွေ့လာပါတယ်။ ဘယ်လို မေးခွန်းပုံစံတွေ ကိုယ့်အတွက် ခက်လဲဆိုတာ သိလာပါတယ်။
Cambridge Test တွေ အကုန်လုံးကို အစအဆုံး မလေ့ကျင့်ခဲ့ပါဘူး။ ဉပမာ- ကျနော့်အတွက် Listening မှာ Maps တွေက ခက်ခဲတော့ 1-14 ထဲက Maps question တွေကိုပဲ ရွေးပြီး လေ့ကျင့်လိုက်ပါတယ်။
Tips တွေကတော့ Listening နားထောင်တဲ့အခါ အဖြေရဲ့ Keyword ကို စောင့်ပြီး နားမထောင်ဖို့ပါပဲ။ IELTS မှာ အဖြေတွေဟာ တိုက်ရိုက် မလာတာတွေ များပါတယ်။ အစမှအဆုံး သေချာလိုက်နားထောင်နေဖို့လိုပါတယ်။
အဖြေလို့ ထင်ရတဲ့ စကားလုံးတွေကို နားထောင်ရင်း ချရေးသွားပါ။ ဘာဖြစ်လို့လဲဆိုတော့ အများအားဖြင့် အရှေ့ကို ပြန်ပြီး refer လုပ်တတ်လို့ပါ။ ဒါအဖြေပဲလို့ သိလိုက်ရတဲ့အချိန်မှာ အဖြေက ရှေ့မှာ ပြောပြီးသွားတာမျိုး၊ မမှတ်မိတော့တာမျိုး ဖြစ်တတ်ပါတယ်။
နောက် Multiple Choice Question တွေမှာ အဖြေ ၄ခုပေးထားရင် ၄ခုစလုံး ပါအောင် အမြဲပြောလေ့ရှိပါတယ်။ ရွေးရခက်တတ်ပါတယ်။ အစမှအဆုံး သေချာနားထောင်ရပါတယ်။ ရှေ့မှာ ဟုတ်သလိုလိုနဲ့ ပြောပြီးမှ နောက်မှာ အမြဲတမ်းလိုလို ပြောင်းပြောတတ်ပါတယ်။
မြေပုံတွေမှာတော့ Starting point က အရေးကြီးပါတယ်။ သူပြောတဲ့နေရာကို မလွတ်တမ်းလိုက်ထောက်ပြီး သူညွှန်တဲ့နေရာကို လက်က လိုက်သွားပါ။
အဓိကကတော့ ပထမဆုံး ကြားတဲ့အရာကို အဖြေလို့ ချက်ချင်း မထင်လိုက်ဖို့ပါပဲ။ ပြီးတော့ မေးခွန်းထဲက စကားလုံးတွေဟာ တိုက်ရိုက်မလာတတ်ပါဘူး။ Synonyms တွေကို ဂရုစိုက်နားထောင်ရပါတယ်။
နောက်ဆုံး အရေးကြီးတာက အဖြေတစ်ခုကို သိလိုက်ရလို့ ဝမ်းသာအားရ ချရေးနေတုန်းမှာ နောက်အဖြေတစ်ခုကို လွတ်မသွားဖို့ပါပဲ။ တခါတလေ ဖြစ်တတ်ပါတယ်။ ရေးနေတုန်းမှာလည်း နားထောင်တာကို အာရုံစိုက်ထားဖို့ လိုပါတယ်။
✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️
🎯 6. Reading
Reading မှာလည်း Road To IELTS ကို လုပ်ပါတယ်။
ပြီးတော့ Cambridge 1-14 ထဲက Practice Test သုံးလေးခုလောက် လုပ်ကြည့်ပါတယ်။
လုပ်ရင်းနဲ့ ကိုယ့်အတွက်ခက်တဲ့ Question Type ကို သိသွားတဲ့အခါ အဲ့ဒီ မေးခွန်းပုံစံတွေကိုပဲ ရွေးပြီး များများလုပ်ပါတယ်။
Tips အနေနဲ့ကတော့ မေးခွန်းကို အရင်ဖတ်ပြီး စာပိုဒ်ထဲမှာ Keywords တွေကို လိုက်ရှာပါ။ တိုက်ရိုက် မလာတတ်တာမို့ Synonyms တွေကိုလည်း သိဖို့လိုပါတယ်။
စာပိုဒ်တွေကို ဖတ်တဲ့အခါ ခုနစ်သက္ကရာဇ်၊ လူနာမည်၊ စတဲ့ Specific အချက်အလက်တွေကို ရှာတာမျိုးမှသာ မြန်မြန်ဖတ်ပါ။ ကျန်တဲ့အခါမျိုးမှာတော့ "ပုံမှန် speed" နဲ့ ဖတ်တာကပဲ ပိုထိရောက်ပါလိမ့်မယ်။
Form completion တွေ၊ Multiple Choice တွေ၊ Grouping တွေမှာ keywords တွေနဲ့ Synonyms တွေကို ရှာတတ်ဖို့လိုပါတယ်။
နောက် TRUE/ FALSE/ NOT GIVEN ဟာ ရောတတ်ပါတယ်။ စာပိုဒ်ထဲမှာ အတိအလင်း ပြောထားရင် TRUE ပါ။ စာပိုဒ်ထဲမှာ အတိအလင်း ငြင်းထားရင် FALSE ပါ။ ထင်တော့ထင်ရတယ်၊ ဒါပေမယ့် စာပိုဒ်ထဲက အချက်အလက်တွေနဲ့ ဆုံးဖြတ်လို့ မရနိုင်ရင်၊ ဒါမှမဟုတ် လုံးဝ မပါရင်တော့ NOT GIVEN ပါပဲ။ ဒီသုံးခုက အမြဲလိုလို ရောနေတတ်ပြီး ကျနော် ခဏခဏမှားတတ်ပါတယ်။
Paragraph Headings တွေကိုတော့ ကျနော် နောက်ဆုံးမှ ဖြေပါတယ်။ သူက စာပိုဒ်တစ်ခုချင်းစီရဲ့ ဆိုလိုရင်းကို နားလည်နေဖို့ လိုပါတယ်။ တခြားမေးခွန်းတွေ အရင်ဖြေလိုက်တဲ့အခါ ဘယ်အပိုဒ်မှာ ဘာအကြောင်းအရာဆိုတာ သိသွားပါတယ်။ အဲ့ဒီအခါကျမှ paragraph headings တွေကို ဖြေတော့ ပိုလွယ်သွားတာ တွေ့ရပါတယ်။
Reading ဖြေနည်းနဲ့ပတ်သက်ပြီး Simon ရဲ့ course ဟာလည်း အသုံးတည့်ပါတယ်။
Simon's Reading Course (Videos)
⏬ https://drive.google.com/open?id=0B_jNA6aHN_YSNUVITWthWU5jOW8
✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️
🎯 7. Writing
Writing Task 1 က ကျနော့်အတွက် အခက်ခဲဆုံးအပိုင်းပါပဲ။
Task 1 မှာ Table, Line Graph, Bar Chart, Pie Chart, Maps, Process တစ်ခုခုကို မေးပါတယ်။ အဲ့ဒါတွေက ကျနော်အတွက် မြန်မာလိုရေးဆိုရင်တောင် မရေးတတ်ပါဘူး။
Preparation time ၄လမှာ ၃လလောက်က Writing Task 1 ကိုပဲ ဖိလုပ်ခဲ့ရပါတယ်။
ပထမဆုံးအနေနဲ့ IELTS Advantage Writing Skill စာအုပ်ကို စလုပ်ပါတယ်။ (Highly Recommended!)
⏬ https://drive.google.com/open?id=1GlHrO7DPhVbmU0lDSVAHi_XDm4wEbwxH
Task 1 ကို အရင်လုပ်ပါတယ်။ အဲ့ဒီစာအုပ်ဟာ ကျနော့်အတွက် အကောင်းဆုံး IELTS Writing course တွေထဲက တစ်ခုပါပဲ။
ပြီးတော့ Road To IELTS ထဲက Writing တွေ လုပ်ပါတယ်။
အဓိက ကျနော့်ရဲ့ IELTS Writing ဆရာကတော့ Simon ပါပဲ။
** သူ့ရဲ့ Writing Task 1 Video Course ဟာ သိပ်ကို အထောက်အကူဖြစ်ပါတယ်။ သူ့ရဲ့ ဆိုဒ်မှာ USD 54 $ နဲ့ ရောင်းပါတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ Free Download Link ကို တွေ့ခဲ့ပါတယ်။ 😅😅
Simon Writing Task 1 Course (Videos)
⏬ https://drive.google.com/open?id=0B_jNA6aHN_YSejNncllQZXo4Q3M
နောက်ထပ် ကျနော် လုပ်ခဲ့တဲ့ Writing Task 1 စာအုပ်တွေထဲက ကောင်းတာတွေကတော့
- Simon Writing Task 1 workbook (PDF)
- Simon Writing Task 1 Band 9 essays (PDF)
- IELTS Made Easy Writing Task 1 (PDF)
- IELTS Journal Band 7+ Writing Task 1 (PDF)
စာအုပ်တွေအားလုံး ယူရန်
⏬ https://drive.google.com/open?id=161mJRXAoj0SYL73S4BDPchTxxWF7V4k1
အဲ့ဒါတွေ ပြီးရင်တော့ Practice အနေနဲ့က Cambridge IELTS 1-14 ထဲက Writing Task 1 မေးခွန်းတွေကို ရေးကြည့်ပါတယ်။
မရေးတတ်ရင် အနောက်မှာပါတဲ့ Sample Answer တွေထဲကို ကြည့်လိုက်တယ်။ Examiner answer နဲ့ Band 7+ answer ဆိုရင် ဖတ်ပါတယ်။ ပြီးတော့ Simon ဖြေပြထားတာတွေ သူ့ website မှာ ရှာဖတ်ပါတယ်။ မရှိရင်တော့ Google ကနေ မေးခွန်းကို ရိုက်ရှာပြီး ကောင်းတဲ့အဖြေတွေ လိုက်ရှာဖတ်ပါတယ်။
အဓိကကတော့ Simon ပါပဲ။ ကျနော်က Simon ကိုပဲ အတုခိုးပါတယ်။ သူ့ရဲ့ Band 9 essay တွေကိုပဲ ဖတ်ပြီး သူ ရေးတဲ့နည်းကိုပဲ ယူပါတယ်။
Tips အနေနဲ့ကတော့ Task 1 မှာဆိုရင် Graph တွေ၊ Diagrams တွေရဲ့ Languge ကို အရင်ကျွမ်းကျင်ဖို့လိုပါတယ်။ IELTS Advantage Writing Skill စာအုပ်ကို အရင်ဆုံး လုပ်လိုက်ရင် Task 1 Language ကို ရင်းနှီးသွားပါလိမ့်မယ်။
Task 2 Essays မှာတော့ Advantages & Disadvantages, Discussion, Opinion, Problems & Solutions တစ်ခုခု မေးတတ်ပါတယ်။
Task 2 ကိုလည်း Simon ကိုပဲ အဓိက ဖတ်ပါတယ်။ နောက် Liz ရဲ့ tips တွေကို ဖတ်ပါတယ်။ Road To IELTS Writing Task 2 လုပ်ပါတယ်။
** Simon ရဲ့ Writing Task 2 Course ဟာလည်း ကျနော့်အတွက် အဓိကပါပဲ။ သူ့ရဲ့ ဆိုဒ်မှာ ဒီ Course ကိုလည်း USD 54 $ နဲ့ ရောင်းပါတယ်။ ဒါပေမယ့် ကံကောင်းပြန်တော့ Free ရှာတွေ့ခဲ့ပါတယ်။ 😁😁
Simon Writing Task 2 Course (Videos)
⏬ https://drive.google.com/open?id=0B_jNA6aHN_YSVC1wN2E0cG5nMWs
Simon ရဲ့ Structure တွေနဲ့ ရေးနည်းတွေကိုပဲ အတုခိုးပါတယ်။
Task 2 Essay တွေကိုတော့ ကျနော် သိပ် မရေးကျင့်ခဲ့ပါဘူး။
နောက် Examiners တွေရဲ့ essay sample တွေကို ဖတ်ပါတယ်။ Simon နဲ့ Cambridge Examiners တွေရဲ့ essays တွေကိုပဲ အဓိက ဖတ်ဖြစ်ခဲ့တာပါ။
Essays from Examiners 2019 (PDF)
⏬ https://drive.google.com/open?id=1IbzzquNrVLUW9IpXbJi4MHWzN98AHJTq
Tips အနေနဲ့ကတော့ Question Type တစ်ခုချင်းစီအတွက် Structure တွေ ပြင်ထားဖို့ပါပဲ။ ဒါဆို ဘယ်လိုမေးခွန်းလာလာ ရေးတတ်သွားမှာပါ။
နောက် သက်ဆိုင်ရာ Topic Vocabulary နဲ့ Academic Writing Style ကို ရင်းနှီးနေဖို့ Sample Essay တွေ များများ ဖတ်ဖို့လိုပါတယ်။
Writing ရဲ့ အမှတ်ပေးစည်းမျဉ်းတွေက Task Achievement (25%), Lexical Resources (Vocabulary) (25%), Coherence and Cohesion (25%), Grammatical Range (25%) ပါ။
ကျနော်ကတော့ Synonyms တွေ၊ Grammar structures တွေကို တစ်ကြောင်းနဲ့တစ်ကြောင်း မတူအောင် ကြိုးစားရေးပါတယ်။
နောက် အဓိက တစ်ခုကတော့ အချိန်ပါ။ အချိန်ကိုက် ရေးတတ်အောင် လေ့ကျင့်ထားဖို့လိုပါတယ်။ စာမျက်နှာကို ကြည့်ပြီး ကိုယ့်လက်ရေးနဲ့ စာလုံးရေ ဘယ်လောက်ရှိလဲဆိုတာ ခန်ံ့မှန်းတတ်ဖို့လည်း လိုပါတယ်။ စာမေးပွဲမှာ စာလုံးရေ ရေနေဖို့ အချိန်မရတတ်ပါဘူး။
Writing Task 2 စာအုပ်ကောင်းတွေ
- Simon Writing Task 2 (PDF)
- Simon Ideas for Writing Task 2 (PDF)
- IELTS Made Easy Writing Task 2 (PDF)
- IELTS Journal Band 7+ Writing Task 2 (PDF)
- Liz Ideas for Essay Topics (PDF)
စာအုပ်အားလုံး ယူရန်
⏬ https://drive.google.com/open?id=1h35FJ7YfctdV9AOPFhApdD-Frk7iSRq-
✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️
🎯 8. Speaking
*** Speaking ကိုတော့ Road To IELTS Speaking လုပ်ပါတယ်။
Speaking Part 1 အတွက် Common Topics တွေ ဖြေတတ်အောင် ပြင်ထားပါတယ်။
Speaking Part 2 အတွက်ကတော့ Topic တစ်ခုကို 2 မိနစ်နဲ့ အမှတ်ရအောင် ပြောတတ်ဖို့ Timer နဲ့ Recorder နဲ့ လေ့ကျင့်ပါတယ်။
Speaking Part 3 ကတော့ သိပ်မလေ့ကျင့်ဖြစ်ပါဘူး။ Writing Task 2 essays တွေ ဖတ်တာက Speaking Part 3 အတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။
Speaking မှာတော့ ကျနော့်အတွက် Road To IELTS နဲ့ Simon က အဓိကပါပဲ။ ပြီးတော့ IELTS Advantage Speaking Skills စာအုပ်ကိုလည်း ဖတ်ခဲ့ပါတယ်။
- Simon Speaking Part 1 (PDF)
- Simon Speaking Part 2 (PDF)
- Simon Speaking Part 3 (PDF)
- IELTS Advantage Speaking Skills (PDF)
⏬ https://drive.google.com/open?id=1u3B3dTlHG6R7lAdB9dHkhOnuI-rRNrkV
Speaking တွေ ကို အလွတ်ကျက် မသွားပါနဲ့။ မေးတဲ့မေးခွန်းကို ကိုယ့်အတွေ့အကြုံ၊ ကိုယ် ထင်မြင်တဲ့အတိုင်း ရိုးရိုးသားသားဖြေတာ ပိုကောင်းပါတယ်။ မသိရင်၊ မကြားလိုက်ရင် examiner ကို ပြန်မေးလို့ရပါတယ်။
အဓိကကတော့ Fluent ဖြစ်နေဖို့ပါပဲ။ အကြာကြီး စဉ်းစားမနေပါနဲ့။ ကိုယ် မကြုံဖူးတာတွေ မေးလာရင်တော့ Make up လုပ်ပြီး ပြောသာ ပြောထည့်လိုက်ပါ။ 😁😁
✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️
🎯 9. Other Practice Materials
နောက်ထပ် အသုံးဝင်တဲ့ practice materials တွေပါ။
- Official IELTS Practice Materials 1, 2 (PDF)
- Simon's Advice and Tips 2010-2018 (PDF)
- Top Tips for IELTS Academic (PDF)
- Academic Word List (PDF)
- Answersheets (PDF)
⏬ https://drive.google.com/open?id=144yBGq84FRaQOsaH-DS_bRag68RaBewZ
✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️ ✔️
ဒါတွေကတော့ IELTS ဖြေဖို့ ကျနော် အသုံးပြုခဲ့တဲ့ materials တွေပါပဲ။
အချိန်ကုန်ခံ၊ အပင်ပန်းခံပြီး Files တွေ upload လုပ်ပေးထားပါတယ်။ တခြားသူတွေကို ကျနော့်ထက်ပိုပြီး လွယ်ကူစေချင်တဲ့ စေတနာသက်သက်နဲ့ပဲ ပြန်မျှဝေလိုက်ပါတယ်။
21/07/2022
20/06/2022
Zoom မှာပါရှိတဲ့ လုပ်ဆောင်မှုအားလုံးကို ကျွမ်းကျင်လိုပါသလား။ “Zoom Tools and Tips” ဆိုတဲ့ အထူးအစီအစဉ်ကို ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ACY ရဲ့ Study at Home အစီအစဉ်အရ ဇွန် (၂၂) ရက် နဲ့ (၂၃) ရက်၊ မနက် (၁၀း၀၀) ကနေ (၁၁း၃၀) အထိ နှစ်ရက်ကြာ သင်တန်းဖြစ်ပြီး မြန်မာလိုသင်ကြားပေးမှာပါ။ လူဦးရေကန့်သတ်ချက် ရှိတာကြောင့် အောက်ပါလင့်ခ်မှာ စာရငးသွင်းပေးပါ။ ဆက်လက်သင်ယူကြရအောင်။
https://forms.gle/WVZKkxKU7xWaq63D8
Do you want to master all the features available on Zoom? You are invited to join our special program: "Zoom Tools and Tips." This is a part of the ACY's Study-at-Home series. This program will take place over two days on June 22 and 23, from 10:00-11:30am. Instruction will be in Burmese language. Space is limited. Register here to reserve your spot. Keep on learning!
https://forms.gle/WVZKkxKU7xWaq63D8
09/06/2022
ကိုယ်နဲ့ ကိုက်ညီမယ့် Career ကို
စစ်ကြည့်လို့ရမယ့် Career Test (6)ခု
ကိုယ်က လုပ်ငန်းခွင်စဝင်ချင်ပေမယ့်🚶
ဘယ် Career ကို ရွေးချယ်ရမလဲ မသိသေးတဲ့သူတွေ
အခုအလုပ်မှာ Burn Out 🤦♂️
ဖြစ်ပြီး Career အသစ်ကို
Change ချင်တဲ့သူတွေအတွက်
ကိုယ့်နဲ့ ကိုက်ညီတဲ့ အလုပ်တွေ ၊ work Environment ကို စစ်ကြည့်လို့ရမယ့်
Career Test အကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။💁♂️
1.123 Career Test
Test Link:
https://www.123test.com/career-test/
ဒီ Career Test ကတော့ကိုယ့်ရဲ့ Personality ၊ Interests တွေ ၊ကိုယ်က ဘယ်လို
Work Environment ကို ကြိုက်လဲဆိုတာ
ဒီ Test ကနေ အကြမ်းဖျင်း သိနိုင်ပါတယ်။ သူက Working Style တွေ ၊ Working Activity တွေကိုရုပ်ပုံလေးတွေနဲ့ ရွေးခိုင်းထားပါတယ်။ အဲဒီရုပ်ပုံကဒ်မှာ ကိုယ့်နဲ့ ကိုက်ညီတယ်ထင်ရင်ပုံမှာ ✅ ၊ မကိုက်ဘူးဆိုရင် ❌ ရွေးပေးရပါမယ်။Test ရဲ့ ကြာချိန်ကတော့ ၅ မိနစ်ကနေ ၁၀ မိနစ်အထိကြာပါတယ်။
2.Human Metrics
Test Link:
https://www.humanmetrics.com/personality/test
Carl Jung’s and Isabel Briggs Myers’ Personality Type Theory ကိုပေါင်းထားပြီး စစ်ဆေးတဲ့ Career Test ဖြစ်ပါတယ်။ ဒီ Test မှာတော့ လူတစ်ယောက်ရဲ့ Type ၊ Decision Making စတဲ့
Personality အပေါ်မူတည်ပြီး Question 64 ခု
ဖြေဆိုရမှာဖြစ်ပါတယ်။ အဲဒီ Test ကရတဲ့ ကိုယ့်ရဲ့ Personality Result ပေါ်မူတည်ပြီး ကိုယ်က ဘယ်လိုလူမျိုးလဲ ၊ ဘယ်လို Career ကို ရွေးချယ်ရမလဲဆိုတာ Suggest ပေးမှာဖြစ်ပါတယ်။
3.CareeerOneStop Interest Assessment
Test Link:
https://www.careeronestop.org/Toolkit/Careers/interest-assessment.aspx
ဒီ Test ကတော့ ကိုယ့်ရဲ့ စိတ်ဝင်စားမှု Interest ပေါ်မူတည်ပြီး ကိုယ်က ဘယ်လို Career နဲ့ သင့်တော်လဲဆိုတာ စစ်ဆေးတာဖြစ်ပါတယ်။ဒီ Test မှာတော့ Interest ပေါ်မူတည်ပြီး စစ်ဆေးတဲ့မေးခွန်း အခု ၃၀ ကို ဖြေဆိုရမှာဖြစ်ပါတယ်။ ဖြေဆိုပြီးတဲ့ အခါမှာတော့ ကိုယ်က ဘယ်လို Career နဲ့ သင့်တော်လဲဆိုတာ Suggestion ပေးမှာဖြစ်ပါတယ်။
4.CareerOneStop Work Value Matcher
Test Link:
https://www.careeronestop.org/Toolkit/Careers/work-values-matcher.aspx
ဒီ Test ကတော့ လူတစ်ယောက်ရဲ့အလုပ်အပေါ်
ထားတဲ့ Values ၊ ကိုယ့်ရဲ့ Personal Values ၊
Workplace Scenario ပုံစံမျိုးစုံတွေကို မူတည်ပြီး
ကိုယ်က ဘယ်လို Career မျိုးနဲ့ ကိုက်ညီလဲ ဆိုတာ Access လုပ်ပေးတဲ့ Test မျိုးဖြစ်ပါတယ်။ ဒီမှာတော့
အလုပ်နဲ့ ပတ်သက်ပြီး Statement အခု 20 ပေးထားပြီး အဲဒါတွေကို အခုပေးထားတဲ့ Quality က
ကိုယ့်ရဲ့ Ideal Career အတွက်
ဘယ်လောက် အရေးကြီးလဲဆိုတာ
"Most ၊ More ၊ Somewhat ၊ Less ၊ Least "
ဆိုတဲ့ Category ငါးမျိုးကနေ ရွေးချယ်ပြီး
ကိုယ့်ရဲ့ Workplace Value ကို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။
5.What career is right for me?
Test Link:
https://www.whatcareerisrightforme.com/career-aptitude-test.php
ဒီ Career Test ကတော့ ကိုယ့်ရဲ့ Skill Set ၊ Interests ၊ Work Style ၊ Values စတဲ့ Category တွေအပြင် Education Requirement ၊Salary Range ၊ Career Field မှာ ဘယ်လောက် Potential Growth ရှိ၊ မရှိ စတဲ့ အပေါ်မူတည်ပြီး Assess လုပ်ပေးတာဖြစ်ပါတယ်။
အဲဒါပြီးရင်တော့ ကိုယ်နဲ့ ကိုက်ညီတဲ့ Career တွေ
အဲဒီ Career အတွက် Job Description ပါတစ်ခါတည်း
ပြပေးတာဖြစ်ပါတယ်။
6.Career Explorer
Test Link:
https://www.careerexplorer.com/career-test/
Career Explorer Test ကတော့ Interests, History ၊ Goals ၊ Workplace နဲ့ Personality Trait အပေါ်မူတည်ပြီး စစ်ဆေးတဲ့ Career Test တစ်မျိုးပါပဲ။ မေးခွန်းတွေဖြေပြီးရင်တော့ ကိုယ့်ရဲ့ Type အကြောင်းနဲ့ကိုယ့်နဲ့ ကိုက်ညီတဲ့ Career တွေကို ပြောပြမှာဖြစ်ပါတယ်။
ဒါတွေကတော့ ကိုယ့်ရဲ့ Personality ၊ Interest ၊ Skills ၊ Values ၊ Goals စတဲ့ အပေါ်မူတည်ပြီး ကိုယ်က ဘယ်လို Career နဲ့ ကိုက်ညီလဲ ဆိုတာ စစ်ကြည့်လို့ရမယ့် Career Test တွေဖြစ်ပါတယ်။ 💁♂️
တကယ်လို့ မိတ်ဆွေလည်း ကိုယ့်နဲ့ ကိုက်ညီတဲ့အလုပ် ၊
သင့်တော်တဲ့ Work Environment ကို ရှာနေတယ်ဆိုရင်တော့ Juncture က ကူညီဖို့ အသင့်ရှိနေပါတယ်။🤗
စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Link
မှာ CV ကို Submit လုပ်ထားလို့ရပါတယ် ။👇
https://forms.gle/1GffpXBDUEpcZZ687
မိတ်ဆွေနဲ့ ကိုက်ညီနဲ့ အလုပ်ကို တွေ့တဲ့အခါ Juncture ကနေ အမြန်ဆုံး ဆက်သွယ်ပေးသွားမှာ
ဖြစ်ပါတယ်။📲