06/08/2022
ရွှေဖြူကပလက်တီနမ်လား?
ပလက်တီနမ်ကရွှေဖြူလား?
ရွှေဖြူနဲ့ပလက်တီနမ်ဟာ အသွင်အပြင်အရဆိုရင် အရောင်သွားတူနေတော့ ဆတ်ခနဲဆို အတူတူဘဲလို့ထင်တတ်ကြပါတယ်
အဲ့တော့သူတို့နှစ်ခုမှာဘာတွေများကွဲပြားသလဲဆိုတဲ့မေးခွန်းတွေရှိလာပါတယ်?
မတူညီတဲ့အချက်ကရွှေဖြူ(White Gold)ကသဘာ ၀တွင်းထွက်ပစ္စည်းမဟုတ်ပါဘူး သူ့ကိုအဖြူရောင်လိုချင်ရင် အဖြူရောင်သတ္ထုဖြစ်တဲ့ Palladium (သို့မဟုတ်)ငွေထည်နဲ့ပေါင်းစပ်ပေးရပါတယ်
ရွှေဟာသန့်ရှင်းစင်ကြယ်တဲ့သတ္ထုဖြစ်ပြီး ဝါပြီးအ နည်းငယ်နီတဲ့အရောင်ရှိပါတယ် ရွှေကိုအခြားသတ္ထုများဖြစ်ကြတဲ့ ငွေရောင်ရှိတဲ့ငွေ(Silver),ငွေဖြူရောင်သတ္ထုဒြပ်စင်(Palladium),နီကယ်(Nickel),ဇင့် (Zinc),ပလက်တီနမ်(Platinum)စတဲ့သတ္ထုတွေကိုစ နစ်တကျပေါင်းစပ်ရောနှောပြီးရိုဒီရမ်(Rhodium)လို့ခေါ်တဲ့ သတ္ထုတစ်မျိုးနဲ့အရောင်တင်လိုက်တဲ့အခါမှာ အဖြူရောင်ရွှေ(White Gold)ကိုရရှိပါတယ်
Rhodiumဟာသံအရောင်တင်ခြင်း၊ရွှေအရောင်တင်ခြင်းအစရှိတဲ့သတ္ထုတွေမှာအသုံးပြုပါတယ် တောက်ပတဲ့အစွမ်းရှိတဲ့ Rhodium ဟာရွှေနဲ့အခြားသတ္ထုများပေါင်းစပ်ပြီးရွှေဖြူ(White Gold)အဖြစ်အရောင်တင်ရာမှာ အထူးပါဝင်ပစ္စည်းဖြစ်ပါတယ် ရွှေဖြူ White Goldကို 14K,18K,22K,24Kစတဲ့ရွှေအရည်အသွေးအလိုက်ကာရက်(Karat)ဆိုတဲ့အ တိုင်းအတာနဲ့ဖော်ပြကြတာဖြစ်ပါတယ်18Kဆိုတာရွှေပါဝင်မှု 75%ဖြစ်ပြီး 14Kဆိုတာရွှေပါဝင်မှု 60% ခန့်ဖြစ်ပါတယ် 14Kနှင့်18Kတို့ကို လက်စွပ်၊ဆွဲကြိုး၊နားကပ်အစရှိတဲ့လက်ဝတ်ရတနာတွေပြုလုပ်ရာမှာအသုံးပြုတာဖြစ်ပါတယ် အချို့ရွှေဖြူထည်တွေကို 750လို့ရေးသားဖော်ပြထားလေ့ရှိပါတယ် 750ဆိုတာ ရွှေပါဝင်မှု 75%(18K)ကိုဆိုလိုတာဖြစ်ပါတယ်
အဲ့တော့ပလက်တီနမ်(Platinum)ဟာသက်သက်ဘဲဖြစ်ပါတယ် အကြောင်းက ရွှေဖြူ(White Gold)ကို ပလက်တီနမ် ဆိုပြီးမှားယွင်းစွာသိနေကြခြင်းဖြစ်ပါတယ် ပလက်တီနမ်(Platinum)ဟာအဖြူရောင်ဖြစ်ပြီး ရွှေဖြူ(White Gold)ကဲ့သို့ Rhodium ရောနှောကာအရောင်ပြောင်းလာခြင်းမဟုတ်ပါ White Gold ရွှေဖြူသည် အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ အရောင်လွင့်စင်ပြီးမှိန်သွားတတ်ပါတယ် ဒါ့ကြောင့် Rhodiumသတ္ထုနဲ့အရောင်ပြန်တင်ပေးရတာဖြစ်ပါတယ် ပလက်တီနမ်(Platinum)ဟာနဂိုမူလသဘာ၀ အဖြူရောင်ဖြစ်ပါတယ်
Platinum သည်အဖိုးတန်ရှားပါးသတ္ထုဖြစ်တာကြောင့် သူ့တန်ဖိုးအတိုင်း အရောင်မှိန်လွင့်စင်သွားခြင်းမရှိပါ Rhodiumသတ္ထုဖြင့်အရောင်တင်ရန်မလိုအပ်ပါ လက်ဝတ်ရတနာပြုလုပ်ရာမှာလဲ PlatinumကိုWhite Goldကဲ့သို့အခြားသတ္ထုများနဲ့ရောစပ်ရန်မလိုအပ်ပါ White Gold နဲ့ Platinumဟာလူတို့ဝတ်ဆင်ရာမှာလှပပြီးတန်ဖိုးအားဖြင့် White Gold ရွှေဖြူသည် Gold ရွှေထက်စျေးသက်သာပြီး Platinumပလက်တီနမ် သည် Gold ရွှေထက်စျေးပိုကြီးပါတယ်
#ရွှေဖြူကပလက်တီနမ်လား?
#ပလက်တီနမ်ကရွှေဖြူလား?