15/08/2021
𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐛𝐥𝐞 𝐒𝐮𝐧𝐝𝐚𝐲!
𝐆𝐨𝐝 𝐁𝐥𝐞𝐬𝐬 𝐔𝐩𝐨𝐧 𝐚𝐥𝐥 𝐨𝐟 𝐘𝐨𝐮!
LAITU CHIN
15/08/2021
𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐛𝐥𝐞 𝐒𝐮𝐧𝐝𝐚𝐲!
𝐆𝐨𝐝 𝐁𝐥𝐞𝐬𝐬 𝐔𝐩𝐨𝐧 𝐚𝐥𝐥 𝐨𝐟 𝐘𝐨𝐮!
27/06/2021
That there may be food in My house, And try Me now in this,” Says the Lord of hosts, “If I will not open for you the windows of heaven And pour out for you such blessing That there will not be room enough to receive it.
Malachi 3:10
03/04/2021
27/03/2021
အို ဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။
အို ယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။
တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ရောက်သော သခင်၊
သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍
နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို
ကြည့်ရှုလော့။
ဇာခရိအနာဂတ္တိကျမ်း ၉:၉
01/01/2021
Happy New Year Everyone!
24/12/2020
ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။-
ရှင်လုကာ ၂ း ၁၁
20/11/2020
သမ္မာကျမ်းစာ အရည်အသွေးများ(၇)ချက်
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
၁။ သမ္မာကျမ်းစာသည် အမှားအယွင်းမရှိ။
သမ္မာကျမ်းစာတစ်အုပ်လုံးသည် အမှားအယွင်း မရှိပေ။အသေးစိတ် ပြောရလျှင် မူရင်းစာတွင် အမှားမပါပေ။
ဆာလံ ၁၉း၇ တွင် “ထာဝရဘုရား၏ တရားတော်သည် စုံလင်သည်”ဟု ဖော်ပြထားသည်။
သမ္မာကျမ်းစာသည် အပြစ်ပြောစရာမရှိပေ။
အဘယ့်ကြောင့်ဆိုသော် အပြစ်မရှိသော ဘုရားသခင်ရေး ထားသောကြောင့်ဖြစ်သည်။
ထို့ကြောင့် သမ္မာကျမ်းစာသည်ဘုရားသခင်
ရေးသည်ဆိုလျှင်၊ ဘုရားသခင်သည် အနှိုင်းမဲ့တန်ခိုးရှင်ဖြစ်လျှင်၊ ဘုရားသခင်သည် အပြစ်ကင်းစင်သော ဘုရားဖြစ်လျှင်၊ သမ္မာကျမ်းစာသည်လည်း အမှားအယွင်း မရှိ အပြစ်ကင်းစင်ပြီး အနှိုင်းမဲ့တန်ခိုးရှိသော နှုတ်ကပတ်တော် ဖြစ်ပေမည်။ | သင်ကြည့်ပါ။ ဘုရားသခင်သည် ပြည့်စုံသောဘုရားဖြစ်သလို ဘုရားသခင် ရေး ၂ ဖွဲ့ထားသော မူရင်းစာပေများသည်လည်း ပြည့်စုံမည်ကို သင်မြင်မည်။ ထို့ကြောင့်
သမ္မာကျမ်းစာသည် အမှားအယွင်းမရှိကြောင်း ပထမဆင်ခြင်ရန် အကြောင်း အရာဖြစ်သည်။ အမှားမည်သည့်အချိန်မှ မလုပ်သည့် တစ်ခုတည်းသော စာအုပ် ဖြစ်ပြီး အမြဲတမ်း အမှန်တရားကိုသာ ပြောသည်။
သမ္မာကျမ်းစာသည် အမှားအယွင်း မရှိသည်သာမကဘဲ ဒုတိယ အချက်အနေဖြင့် -
၂။ သမ္မာကျမ်းစာသည် အမှား ချွတ်ချော်သည့်အရာမရှိ။
သမ္မာကျမ်းစာသည် အမှားအယွင်းမရှိသည်သာ မဟုတ်ဘဲ အဖြစ် အပျက် အမှား / အချွတ်အများ မရှိပေ။ သုတ္တံ့ ၃၀း၅-၆ တွင် “ဘုရားသခင် ' ၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ... စကားတော်ကို ထပ်၍ မသွင်း နှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်
မည်။” ထို့ကြောင့် ဘုရား သခင်၏ နှုတ်တော်ထွက်စကားတိုင်းသည် စင်ကြယ် ပြီး မှန်ကန်သည်။
သမ္မာကျမ်းစာသည် အမှားအယွင်းမရှိ၊ အမှား/ချွတ်ချော်မှုမရှိသည် သာမကဘဲ -
၃။ သမ္မာကျမ်းစာသည် ပြည့်စုံသည်။
သမ္မာကျမ်းစာတွင် အခြားအကြောင်းအရာများ ထပ်ဖြည့်စရာ မလိုပေ။ ဤအကြောင်းအရာသည် အချို့လူများအတွက် အံ့အားသင့်ဖွယ် ဖြစ်ချင်ဖြစ် မည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့တွင် ပရောဖက်ပြုခြင်းများ လိုအပ် နေ သေးသည်ဟု ယုံကြည်သောသူများလည်း ရှိသေးသည်။ နီရိုအော်သဒေါ့စီ (Neo-orthoxy)ဟုခေါ်သော အတွေးအခေါ် ပိုင်းကို ဦးစားပေးသော အဖွဲ့က သမ္မာကျမ်းစာသည် ကျမ်းစာခေတ် လူသားများ ဝိညာဉ်ရေးရာအတွေ့ အကြုံများကို ရိုးရိုးရှင်းရှင်း ဖော်ပြချက်သာဖြစ်သည်။ ယနေ့ခေတ် လူများသည် လည်း ထိုကဲ့သို့ အတွေ့အကြုံများ တွေ့ကြုံနေကြသည်။ထို့ကြောင့် လူသားများ သည် ကျမ်းစာအပြင် အခြားသော အတွေ့အကြုံများ ဖော်ပြရန် လိုအပ်သည်။ စာရေးဆရာ တစ်ယောက်က ယနေ့ ကျွန်ုပ်တို့လက်ထဲတွင်ရှိသော သမ္မာကျမ်း စာအပြင် အခြားသော ကျမ်းစာတစ်အုပ် ရေးရန်လိုအပ်သည်။ အဘယ့်ကြောင့် ဆိုသော် ယခု ဘုရားသခင် ဘာလုပ်ဆောင်နေသလဲ ဆိုသည်ကို တစ်စုံတယောက်က ဖော်ပြမှုမျိုး ရှိနေသည်။ ထိုစာရေးဆရာက တွန်နှင့် မေရီသည် အသင်းတော်တွင် ထ၍ပြီးမှ “ဘုရားသခင် ဒီလိုပြောတယ်၊ ဟိုလိုပြောတယ်”ဟု ဆိုခြင်းဖြင့် ထိုသူ နှစ်ယောက်သည်လည်း သမ္မာကျမ်းစာထဲမှ ဟေရှာယ၊
ယေရမိ သို့မဟုတ် အခြား ပရောဖတ်တစ်ပါးပါးကဲ့သို့ ဖြစ်သည်။ (J.Rodman Williams, The Era of the Spirit, Logos International, 1971).
အခြားတစ်ဖက်က စဉ်းစားလျှင် သမ္မာကျမ်းစာသည် မပြည့်စုံဟု ပြော ဆိုခြင်းဖြစ်သည်။ ထိုအရာသည် ယနေ့ဖြစ်ပေါ်နေသော အတွေး အခေါ်ပိုင်း ဆိုင်ရာ အမြင်များဖြစ်သည်။ သမ္မာကျမ်းစာ၏ နောက်ဆုံးစာအုပ်ဖြစ်သော ဗျာဒိတ်ကျမ်းကို ကြည့်ကြစို့။ “အကြင်သူသည် ဤအရာတို့၌ ထပ်၍အသစ်သွင်း ၏။ ဤစာစောင်၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူမည်။ အကြင်သူသည် ဤစာစောင်၏ အနာဂတိ စကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ ရေးထားသော အသက်ပင်နှင့်၄င်း၊ သန့် ရှင်းသောမြို့တော်နှင့်၄င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။” (ဗျာဒိတ် ၂၂း၁၈-၁၉)။ သမ္မာကျမ်းစာ၏ အဆုံးတွင် ဘယ်အရာမှ နှုတ်ယူ၍မရ၊ ထပ်ဖြည့်၍မရကြောင်း သတိပေးချက်ဖြင့် ဆုံးထားသည်။ ထို အရာသည် ပြည့်စုံပြီဖြစ်ကြောင်း သက်သေဖြစ်သည်။ သမ္မာကျမ်းစာသည် အမှား အယွင်းမရှိ၊ အမှား/အချွတ်အချော်မရှိ၊ ပြည့်စုံမှုရှိသည်။ ထို့ကြောင့် သမ္မာကျမ်းစာ၏ အရည်အသွေးမှာ -
၄။ သမ္မာကျမ်းစာသည် တန်ခိုးအာဏာရှိသည်။
သမ္မာကျမ်းစာသည် ပြီးပြည့်စုံလျှင် ဩဇာအာဏာ အရှိဆုံးလည်းဖြစ် သည်။ ဟေရှာယ ၁း၂ တွင် “ထာဝရ ဘုရားမိန့်တော်မူသည်ဖြစ်၍ အိုကောင်း ကင် ကြားလော့။ အိုမြေကြီး၊ နားထောင်လော့။” ဘုရားသခင် မိန့်တော်မူသော အခါ လူသားအားလုံး နားထောင်ပြီး နာခံကြသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သြဇာအာဏာ အရှိဆုံးဖြစ်သည်။ ကျွနု်ပ်တို့ ဘုရားသခင် သည် ဩဇာအာဏာအရှိဆုံးဖြစ်ကြောင်း လေ့လာနိုင်၊ ရှာဖွေနိုင်၊ အဓိပ္ပာယ်ကို သိရှိ ရန် ဆွေးနွေးနိုင်သော်လည်း အမှန်ဖြစ်ခြင်းကိုတော့ သံသယမရှိသင့်ပေ။ ရှင်ယောဟန် အခန်းကြီး ၈ တွင် ယေရှုသည် ဂျူးဘာသာရေး ခေါင်း
ဆောင်အချို့နှင့် ရင်ဆိုင်တွေ့ဆုံပြီး ထိုနေရာတွင် အခြားသော လူသည်လည်း ရှိနေခဲ့သည်။ အခန်းငယ် ၃၀-၃၁ တွင် “ထိုစကားကို မိန့်တော်မ အများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ထိုအခါ ယေရှုက သင် ငါ၏ ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။” ယေရှုသည် သည့် ယုံကြည်သော ဂျူးလူမျိုးများကို ပြောခဲ့သည်။ အခြားနည်းအား ဖြင့် ယေရုသ သူ့၏စကားကို ပြန်လည်တုန့်ပြန်ရန် အမိန့်ပေးနေခြင်းဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် သူ့စကားသည် တန်ခိုးအာဏာရှိသူဖြစ်သည်။
ဂလာတိ ၃း၁၀ တွင် “ပညတ်တရား၏ အကျင့်ကို အမှီပြုသောသ ရှိသမျှတို့သည် အကျိန်နှင့် စပ်ဆိုင် ကြ၏။ အကြောင်းမူကား ပညတ္တိကျမ်းစာ၌ ပါသမျှသော စကားတို့ကို အမြဲမကျင့်သူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏။” ထိုကျမ်းစာသည် ဩဇာအာဏာဖြင့် မိန့်တော်မူ ချက်ဖြစ်သည်။ ယာကုပ် ၂း၉-၁ဝ တွင် “သို့မဟုတ် လူမျက်နှာကို ထောက်လျှင်၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ၏။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်
အားဖြင့် ထင်ရှားစွာ ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား ပညတ်တရား အလုံး စုံကို စောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌ မှားမိလျှင် ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏။” ကျမ်းစာမှ ပညတ်တစ်ခုကို ချိုးဖောက်ခြင်းသည် ဘုရားသခင်၏ ပညတ်အားလုံးကို ချိုးဖောက်ခြင်းနှင့်တူသည်။ သမ္မာကျမ်းစာ အစိတ်အပိုင်းအားလုံးသည် ဘုရားသခင်၏ အမိန့်အာဏာဖြစ်သည်။
သမ္မာကျမ်းစာသည် အမှားအယွင်းမရှိ၊ အမှား/အချွတ်အချော်မရှိ ပြည့်စုံသည်၊ တန်ခိုးအာဏာရှိသည်။ နောက်ထပ်အနေဖြင့် ကျွန်ုပ်တို့ ဘာ ကျမ်းစာအား ထပ်၍ပြောနိုင်သည်မှာ -
၅။ သမ္မာကျမ်းစာသည် လုံလောက်သည်။
သမ္မာကျမ်းစာသည် အရာတစ်ခုစီတိုင်းအတွက် လုံလောက်မှုရှိသည်။
ပထမအနေဖြင့် ကျွနု်ပ်တို့ ကယ်တင်ခြင်းအတွက် လုံလောက်မှုရှိသည်။ တိမောသေ ဒုတိယစောင် ၃း၁၅ တွင် ရှင်ပေါလုက တိမောသေအား “ယေရှု ခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးစွမ်းနိုင်သော ဓမ္မာကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။” သမ္မာကျမ်းစာ “ကယ်တင်ခြင်းအလိုငှာ ပညာကို ပေးစွမ်းနိုင်သည့် အရာဖြစ်သည်။ မိမိကိုယ်ကို မေးခွန်း ပြန်မေးပါ။ ကယ်တင်ခြင်းထက် အရေးကြီးတာ ဘာရှိလဲ။
ဘာမှမရှိပါ။ သမ္မာကျမ်းစာမှ ဖော်ပြသော ကယ်တင်ခြင်းသည် စကြာဝဠာတွင် အရေးအကြီး ဆုံးသော အမှန်တရားဖြစ်သည်။
ဒုတိယအနေဖြင့် ၂ တိ ၃၁၆ တွင် ကျွနု်ပ်တို့ ပြည်စုံခြင်းရှိရန်အတွက် သမ္မာကျမ်းစာ၏ အထောက်အပံ့သည် လုံလောက်မှုရှိကြောင်း ဖော်ပြသည်။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစု ခြင်းအလို့ငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း (အဓိပ္ပာယ် မှာ သင်ကြားခြင်း၊ ဖြောင့်မတ်သူအဖြစ် အသက်ရှင်နိုင်သော ဉာဏ်ပညာရှိခြင်း၊ ဘုရားသခင်၏ စံမှီခြင်း၊ သမ္မာတရားကို ကောင်းစွာသိခြင်း)၊ အပြစ်ကို ဖော်ပြ ခြင်း (အဓိပ္ပာယ်မှာ သင်သည် တစ်စုံတစ်ယောက်ထံသို့ သွားပြီး “မင်းက လမ်းလွဲ နေတယ်၊ အဲဒီလိုမျိုး အသက်မရှင်သင့်ဘူး၊ မင်းလျှောက်ရမယ့်လမ်းက ဒီမှာ” စသည်ဖြင့် ပြောပြနိုင်သည်)၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း (အဓိပ္ပာယ်မှာ မင်းအပြစ်ကို ဖော်ပြပေးပြီးသောသူအား “အခု မင်းဒီလိုမလုပ်နဲ့၊
ဒီလို လုပ်မယ့်အစား မှန်ကန်တဲ့လမ်းကိုလျှောက်ပါဟု သွန်သင်ခြင်းဖြစ်သည်)။ ယခုသင်သည် သူတပါးအား လမ်းအသစ်ကိုပြပြီး ထိုလမ်းတွင် မည်သို့လျှောက် လှမ်းရမည်ကိုလည်း သွန်သင်ပြခဲ့ပြီဖြစ်သည်။ သမ္မာကျမ်းစာသည် ထူးဆန်း
သော စာအုပ်တစ်အုပ် ဖြစ်သည်။ ကျမ်းစာသည် ဘုရားကို မသိသေးသောသူ၊ ကယ်တင်ခြင်းမရသေးသူများကို ခေါ်ဆောင်နိုင်ပြီး ကယ်တင်ခြင်းပေးသည်။ ထို့ပြင် ထိုသူများကို သွန်သင်နိုင်ခြင်း၊ မှားသောလမ်းလျှောက်နေပါက အပြစ်ပြ နိုင်ခြင်း၊ မှန်ကန်သောအရာကို လုပ်ရန် သွန်သင်ပြခြင်း၊ ထို့ထက် မှန်ကန်သော လမ်းကို မည်သို့ လျှောက်လှမ်းရမည်ကိုပါ သွန်သင်ပေးသည်။
အခန်းငယ် ၁၇ အစတွင် ကျမ်းစာ၏ သွန်သင်မှုရလဒ်သည် “ဘုရား သခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးကို ပြုစုခြင်းအလို့ ငှာ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း” ဖြစ်သည်။ မယုံနိုင်ဖွယ် စစ်မှန်သော သမ္မာကျမ်းစာသည် အလုပ်ရှိသမျှအားလုံးကို လုပ်ဆောင်နိုင်ရန် လုံလောက်မှုရှိ သည့် အရာဖြစ်သည်။
တတိယအနေဖြင့် သမ္မာကျမ်းစာသည် မျှော်လင့်ခြင်း အတွက် လုံ လောက်မှုရှိသည်။ ရောမ ၁း၅၄ တွင် “ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံ ခြင်း၊ သက်သာခြင်းအကြောင်းများကို အမှီပြု၍ မျှော်လင့်ရသော အခွင့်ရှိစေ ခြင်းငှာ ကျမ်းစာ၌အထက်က ရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေး၍ ရေးထားသတည်း။” သမ္မာကျမ်းစာသည် သည်းခံခြင်း၊ သက်သာခြင်းတို့၏ အရင်းအမြစ်ဖြစ်ပြီး ကျွန်ုပ်တို့အတွက် ယခုရော၊ နောင်ကာလ အစဉ်အဆက် ထိတိုင်အောင် မျှော်လင့်ခြင်းကို ပေးစွမ်းနိုင်သည်။
နောက်ဆုံးအနေဖြင့် သမ္မာကျမ်းစာသည် ကောင်းကြီးမင်္ဂလာ အရင်း အမြစ်များအတွက် လုံလောက်မှုရှိသည်။ ကျွန်တော့်အမြင် ယာကုပ် ၁း၂၅ သည် အလွန်အရေးကြီးသော ကျမ်းပိုဒ်ဖြစ်သည်။ “လွှတ်ခြင်းနှင့် စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်။ အကျင့်ကျင့်သောသူ ဖြစ်သဖြင့် မိမိကျင့်သော အကျင့်၌ မင်္ဂလာရှိသောသူ ဖြစ်၏။” သမ္မာကျမ်းစာကို သင်ဖတ်ပြီး ထိုအတိုင်း လိုက်လျှောက်ပါက ကောင်းကြီးမင်္ဂလာခံစားရမည်။
ယာကုပ် ၁း၂၁ တွင် ယာကုပ်က “သင်တို့ စိတ်ဝိညာဉ်ကို ကယ်တင်နိုင် သော ... နှုတ်ကပတ်တရားတော်ကို နူးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြ လော့။” ဂရိစာ၏ မူရင်း အဓိပ္ပာယ်မှာ “သင်၏ ဝိညာဉ်ကို ကယ်တင်နိုင်သည်”ဟု ဖြစ်သည်။ အခြားစကားအရ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်လက် ခံသောအခါ သင့်ကို ကယ်တင်လိမ့်မည်။ ထိုအဓိပ္ပာယ်အရ ကျွန်တော့်အမြင် ကျမ်းစာသည် ပြည့်ဝသောအသက်တာကို သင့်အား ပေးလိမ့်မည်ဟု မြင်မိ သည်။ သို့သော် ဘုရားသခင်၏စကားတော်ကို နားမခံသော အသက်တာ ဆုံးရှုံး သည့် ခရစ်ယာန်များတွင်လည်း ထိုအရာ ဖြစ်ပေါ်နိုင်သည်။ ၁ ကော ၁၁ တွင် အချို့သော ကောရိန္တုအသင်းသားများသည် ပွဲတော်မင်္ဂလာအား မထီ မဲ့မြင်ပြုပြီး ဆက်ဆံကြသည်။ ဘုရားသခင်သည် ထိုသူများကို အိမ်သို့ ပြန်ပို့ သည်။ အငယ် ၃၀ တွင် “ထိုအကြောင်းကြောင့် သင်တို့တွင် အားနည်းသော သူ၊ မကျန်းမာသောသူ အများရှိကြ၏။ သေသောသူများလည်း ရှိကြ၏။” အာနန်နှင့် ရှဖိရေတို့သည်လည်း ဘုရားသခင်၏ စကားတော်ကို နားမထောင် သောကြောင့် အသင်းတော်ရှေ့တွင် သေခဲ့ရသည် (တမန် ၅း၁-၁၁)။ ထို့
ကြောင့် ယာကုပ်က “နှုတ်ကပတ်တော်ကို သင် ခံယူရရှိလျှင်၊ နာခံပါ။ ထို အတိုင်းဆက်လက် အသက်ရှင်ပါ။ ထိုအရာသည် သင့်အား ပြည့်စုံခြင်းလမ်းသို့ ပို့ဆောင်ပေးမည်။ ကောင်းကြီးမင်္ဂလာ ဖြစ်စေမည်။ သင်၏အသက်တာကို
ကယ်တင်မည်။ ထိုအရာအားလုံးသည် မှန်ကန်သော ဘုရားသခင်၏ နှုတ် ကပတ်တော်ဖြစ်သည်။
၆။ သမ္မာကျမ်းစာသည် ကောင်းကျိုးဖြစ်စေသည်။
ဟေရှာယ ၅၅း၁၁ ကို ဆင်ခြင်လျှင် ထို့အတူ ငါ၏ နှုတ်ကပတ်စကား သည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသော အမှု၌ အောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် သည် ကောင်းကျိုးရှိစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ကြား ပေးရသော ဆရာတစ်ယောက်ဖြစ်ခြင်း၏ အံ့သြဖွယ်ကောင်းသည့် အရာတစ်ခု မှာ နှုတ်ကပတ်တော်တွင် လုပ်ဆောင်ရန် ကတိပေးထားသည့် အရာကို လုပ် ဆောင်ရလိမ့်မည်ဖြစ်သည်။
အိမ်များတွင် လှည့်လည်ပြီး သူ၏ထုတ်ကုန်ပစ္စည်းများကို လိုက်လံ ရောင်းနေသူ အရောင်းဝန်ထမ်းများကို ကျွန်တော် အံ့ဩမိသည်။ သူ့ထုတ်ကုန် ပစ္စည်းများသည် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သည့် အချိန်လည်းရှိသည်။ အမျိုးသမီးတစ်ဦး၏ အဖြစ်အပျက်ကို ကျွန်တော်သတိရမိသည်။ သူမသည် ကျေးရွာတွင်နေထိုင်ပြီး၊ သူ့ အိမ်အား ဖုန်စုပ်စက် အရောင်းဝန်ထမ်းတစ်ဦးက ဖုန်စုပ်စက်တစ်လုံးဖြင့် လာသည်။ ပြီးတော့ သူက ကျွန်တော့်မှာ ခင်ဗျားတို့မြင် နေကြ အံ့သြစရာကောင်းတဲ့ ဖုန်စုပ်စက် တစ်မျိုး ရှိတယ်။ ဒီဖုန်စုပ်စက်ဟာ ဘယ်အရာကိုမဆို စုပ်ယူနိုင်တယ်။ တကယ်လို့ ကျွန်တော် မထိန်းချုပ်ထားဘူး ဆိုရင် ခင်ဗျားရဲ့ ကော်ဇောတွေကို စုပ်ယူသွား လိမ့်မယ်။ သူမက ဘာမှမပြော ခင် သူက ထပ်ပြောတယ်။ ခင်ဗျားကို ကျွန် တော် တစ်ချက်လောက် နမူနာ လုပ်ပြချင်တယ်။ သူသည် ချက်ချင်းဆိုသလို မီးဖိုထဲမှ ပြာအနည်းငယ်ကိုယူပြီး ကော်ဇောရဲ့ အလယ်တွင် ပစ်ချလိုက်သည်။ သူ့တွင် အိတ်တစ်လုံးပါပြီး ထိုအိတ်ထဲမှ အရာအားလုံးကိုလည်း ကော်ဇောပေါ်သို့ သွန်ချခဲ့သည်။ ပြီးလျှင် သူက “ဒီဖုန်စုပ် စက်က အမှိုက်အကြီးရော အသေးရော ဘယ်လိုစုပ်ယူတယ်ဆိုတာ ကျွန်တော် ခင်ဗျားကို ကြည့်စေချင်တယ်။” ထိုအခါ သူမသည် အံ့အားသင့်သလိုလိုဖြင့် ထရပ်လိုက်သည်။ နောက်ဆုံးတွင် အရောင်းဝန်ထမ်းက သူမအား “တကယ်လို့ ဒီဖုန်စုပ်စက်က ဒါတွေအားလုံး မစုပ်နိုင်ဘူးဆိုရင်၊ ကျွန်တော် ဒါတွေကို ဇွန်းနဲ့ကောက်စား သွားလိုက်မယ်။” သူမက ထိုသူအား သေချာစွာ စိုက်ကြည့်ပြီး “ကောင်းပြီး ဆရာ၊ စပြီး ကောက်စားပါ။ ဘာဖြစ် လို့လဲဆိုရင် ငါတို့မှာ လျှပ်စစ်မီး မရှိလို့ပဲ။”
သင်၏ ထုတ်ကုန်ပစ္စည်းသည် သူတပါးအတွက် အသုံးမရလျှင် အလွန် ဝမ်းနည်းစရာကောင်းသည်။ အသုံးတည့်မည်လား၊ အကျိုးရှိမည်လားကို | ကောင်းစွာ စဉ်းစားတတ်ရမည်ဖြစ်သည်။ သမ္မာကျမ်းစာတွင် ထိုကဲ့သို့မဟုတ်။
အမြဲတမ်း အကျိုးရှိသည်။ သမ္မာကျမ်းစာတွင် လုပ်မည်ဟု ပြောထားသည့်အရာ | သည် အမြဲတမ်း အတိအကျ လုပ်ဆောင်သည်။ ထိုအရာ သည် သမ္မာကျမ်းစာ၏ အံ့သြဖွယ် ထူးခြားချက်ဖြစ်သည်။
၁ သက် ၁း၅ သည် သမ္မာကျမ်းစာ၏ ကောင်းကျိုးဖြစ်စေမှုအတွက် အရေးကြီးသော ကျမ်းတစ်ပုဒ်ဖြစ်သည်။ “ငါတို့ဟောပြောသော ဧဝံဂေလိတရား သည်၊ သင်တို့၌ စကားသက်သက်ဖြစ်သည် မဟုတ်။ တန်ခိုးနှင့်၄င်း၊ သန့်ရှင်း
သော ဝိညာဉ်တော်နှင့်၄င်း၊ ဝိစိကိစ္ဆာမရှိဘဲ(ရာနှုန်းပြည့် သေချာမှုရှိခြင်း) အမှန် သိခြင်းနှင့်၄င်း ပြည့်စုံသော တရားဖြစ်၏။” အခြားနည်းအားဖြင့် သင်ကြားရ သည့် ဘုရားသခင် ၏ နှုတ်ကပတ်တော်သည် စာသက်သက်မျှသာမဟုတ်။ နှုတ်ကပတ်တော်သွားသည့် နေရာတိုင်းတွင် တန်ခိုးရှိသည်။ ထိုတန်ခိုးသည်သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဖြစ်သည်။ ကျွန်ုပ်တို့အတွက် စိတ်ချသေချာ မှုရှိသည်မှာ ထိုနှုတ်ကပတ်တော်သည် ပြောသည့်အရာတိုင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ကျွနု်ပ်တို့ လေ့လာခဲ့ပြီးသော ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တစ်အုပ်လုံး အမှားအယွင်းမရှိ။ အစိတ်အပိုင်းအားလုံးတွင် အမှား /ချွတ်ချော် မှုမရှိ။ ပြည့်စုံမှုရှိခြင်းကြောင့် ထပ်ပေါင်းရန်လည်းမလို၊ နှုတ်ယူရန်လည်း မရှိ။ တန်ခိုးအာဏာ ရှိခြင်းကြောင့် မှန်ကန်ပြီး၊ ကျွန်ုပ်တို့ကို နာခံမှုရှိရန် အမိန့်ပေး သည်။ လုံလောက်မှုရှိခြင်းကြောင့် ကျွန်ုပ်တို့အတွက် လိုအပ်သည့်အရာ မှန်သမျှ ကို ပေးစွမ်းနိုင်သည်။ အကျိုးဖြစ်စေခြင်းကြောင့် ပြောထားသည့်အတိုင်း အတိ အကျ လုပ်ဆောင်လိမ့်မည်။ နောက်ဆုံးအနေဖြင့် -
၇။ သမ္မာကျမ်းစာသည် သတ်မှတ်ပိုင်းခြားနိုင်စွမ်းရှိသည်။
သမ္မာကျမ်းစာသည် သတ်မှတ်ပိုင်းခြားနိုင်စွမ်းရှိသည်။ အဘယ့်ကြောင့် ဆိုသော် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့တုန့်ပြန်ကြောင်း လက်ရှိအခြေအနေနှင့် ထာဝရ ကာလ အခြေအနေတို့က ခွဲခြားပေးသည်။ ယောဟန် ၈း၄၇ တွင် ယေရှုက “ဘုရားသခင်နှင့် စပ်ဆိုင်သောသူသည် ဘုရား သခင်၏ စကားတော်ကို နားထောင်တတ်၏။ သင်တို့သည် ဘုရားသခင်နှင့် မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။” အခြားနည်းအားဖြင့် တစ်ဦးတစ်ယောက်စီအတွက် ဘုရားသခင်၏လူ ဟုတ်မဟုတ် ခွဲခြားပေးခြင်း သည် နှုတ်ကပတ်တော်ကို နာခံခြင်းပေါ်တွင် အခြေခံသည်။ ၁ ကော ၂း၉ တွင် “ဘုရားသခင်ကို ချစ်သောသူတို့အဖို့အလို့ငှာ၊ ဘုရားသခင်ပြင်ဆင်တော်မူ
သော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည် သေး။” လူသည် ဘုရားသခင်၏ အုပ်စိုးခြင်းအကြောင်းကို စဉ်းစား၍ ရနိုင်မည် မဟုတ်။ လူသည် ထိုအထဲမှ အစိတ်အပိုင်းလေးတစ်ခု ဖြစ်နေခြင်းကို စဉ်းစား၍ ရနိုင်မည်မဟုတ်။ လူသည် သူ့အား ဘုရားသခင်ဖန်ဆင်းပေးထားသော လူသား ဖြစ်ခြင်း၊ ယုတ္တိကျကျ ရှိနေခြင်းကို စဉ်းစား၍ ရနိုင်မည်မဟုတ်။ သို့သော် အငယ် ၁၀-၁၂ တွင် “ထိုအရာတို့ ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဖော်ပြတော်မူ၏။ ဝိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏။ လူ၏ နက်နဲသော အရာကို လူ၌ရှိသော မိမိစိတ်ဝိညာဉ်မှတပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ပညာဉ်တော်မှတပါး အဘယ်သူမျှမသိ။ ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင် ပေး
တော်မူသော အရာတို့ကို သိခြင်းအလိုငှာ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ် ကိုခံရကြပြီ။” အငယ် ၁၄ တွင် “ဇာတိပကတိ လူသည် ဘုရားသခင်၏ ဝိညာဉ် တော်အရာတို့ကို မခံမယူ၊”
လူနှစ်မျိုးရှိသည်။ ဘုရားသခင်ပေးသော အရာကို လက်ခံရရှိသူနှင့် မရရှိသူတို့ဖြစ်သည်။ မယုံကြည်သောသူတို့သည် သန့်ရှင်းသောဝိညာဉ်တော် မရှိသောကြောင့် မရရှိနိုင်ပေ။ ဘုရားသခင်ကို သိသောသူတို့သည် ဝိညာဉ်တော် ရှိပြီး ထိုသူတို့သည် နှုတ်ကပတ်တော်ကို ရရှိသည်။ သမ္မာကျမ်းစာသည် အရာ အားလုံးကို ခွဲခြားပေးနိုင်စွမ်း အရှိဆုံးဖြစ်သည်။ နှုတ်ကပတ်တော်ကို လက်ခံရရှိ သောသူများဟု ဖော်ပြရာတွင် သူတို့တွင်ရှိသော သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အား နားလည်မှုရှိရန် ဖော်ပြပြီး ထိုသူများသည် ယုံကြည်သူများ ဖြစ် ကြောင်းလည်း သက်သေပြခြင်းဖြစ်သည်။
သမ္မာကျမ်းစာကို နားမလည်ကြောင်း အကြိမ်ကြိမ် ဝန်ခံသော လူတစ် ယောက်ပြောသံကို ကျွန်တော် သတိရမိသည်။ ထိုသူ၏ စိတ်ထဲတွင် အဓိကအရေးကြီးသော သန့်ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ်ခြင်းအကြောင်း နားမ လည်သောကြောင့် သမ္မာကျမ်းစာကိုနားမလည်နိုင်ပေ။ ထို့ကြောင့် ကောင်းမြတ် ခြင်း၊ ဘုန်းကြီးခြင်းနှင့် အားလုံးကို တတ်စွမ်းနိုင်သော ဘုရားသခင်၏ နှုတ်က ပတ်တော်သည် ကျွန်ုတို့အတွက် အမှားအယွင်းမရှိ၊ အမှား/ချွတ်ချော် မှုမရှိ၊ ပြည့်စုံသည်၊ အာဏာရှိသည်၊ လုံလောက်သည်၊ အကျိုးဖြစ်သည်၊ ပိုင်းခြားပေးနိုင် သည် စသည့် ဝေါဟာရများဖြင့် တည်ရှိနေသည်။ တစ်စုံတစ်ယောက်က ယခုလိုပြောလာနိုင်ပေသည်။ “ကောင်းပြီ။ ကျမ်းစာအုပ်က ကြီးကျယ်တဲ့စာအုပ် ဖြစ်ကြောင်း သူ့ကိုယ်သူ ပြောပြီ။ အကယ်၍ ဒါတွေအားလုံးမှန်တယ်ဆိုရင် ဒီစာအုပ်ထဲက နည်း လမ်းတွေကို ရှာဖွေပြီး ခံယူနေမယ်။ ဒါပေမယ့် ဒီဟာ တွေက မှန်တယ်ဆိုတာ ဘယ်လို သေချာအောင် ပြန်လုပ်ပြ နိုင်မှာလဲ။”
ကျွနု်ပ်တို့ ကမ္ဘာပေါ်တွင် နေထိုင်ကြသော လူများသည် အုပ်ချုပ်မင်း လုပ်သူများကို ကောင်းကောင်းမွန်မွန် ပြန်လည် မတုန့်ပြန်တတ်ကြပေ။ ထို အချက်က ကျွန်ုပ်တို့ကမ္ဘာကြီးတစ်ခုလုံးသည် အာဏာရှင်ကို ဆန့်ကျင်ကြခြင်း ဖြစ်သည်။ ကျွနု်ပ်တို့ လူ့ပတ်ဝန်းကျင်တွင် လူတစ်ဦး၏ အုပ်ချုပ်မှုကို ငြင်းဆန်ပြီး ပြန်လည်တိုက်ခိုက်မှု ဖြစ်ကြသည်။ အမျိုးသမီးများသည်လည်း ဆန့်ကျင်ပြီး တိုက်ခိုက်ချင်ကြသည်။ တစ်ခါတစ်ရံ သူတို့အား ဖိနှိပ်ခြင်းခံရမှုကြောင့်လည်း ဖြစ်သည်။ ထိုနေရာတွင် အနည်းငယ် ညီမျှမှုရှိရန် လိုအပ်သည်။ သို့သော် ထို အရာသည်လည်း အုပ်ချုပ်သူကို ဆန့်ကျင်တိုက်ခိုက်မှုမျိုး ဖြစ်စေနိုင်သည်။ လူငယ်ပိုင်း၊ အထက်တန်းကျောင်းသား၊ ကောလိပ်ကျောင်းသားများသည် သူတို့ အချင်းချင်း စီမံခန့်ခွဲမှုချိန်တွင် ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်တတ်သည်။ အချို့ကိစ္စ များတွင် အုပ်ချုပ်သူကို ဆန့်ကျင်သည့် ပုံစံအမျိုးမျိုးရှိသည်။ လူတိုင်းတွင် ကိုယ် ပိုင်ဘုရားရှိသည်ဟု ဆိုသောသူက တစ်သီးပုဂ္ဂလ နေချင်သူဖြစ်သည့်အတွက် ခက်ခဲသည့် ဘဝအမျိုးအစား ဖြစ်သည်။ ကျွနု်ပ်တို့ အတိတ်ကို ပြန်ကြည့်ပြီး “ငါသာလျှင် ငါ့ကံကြမ္မာရဲ့ အရှင်သခင်ပဲ။ ငါသာလျှင် ငါ့စိတ်ဝိညာဉ်ရဲ့ လမ်းပြ ၊ ရှင်ပဲ” ဟု ပြန်မြင်မိမည်။ ကျွန်ုပ်တို့သည် အုပ်ချုပ်သူကို နာခံရန် မနှစ်သက်ပေ။
သင်သည် လူတစ်ယောက်ထံသွား၍ “ခင်ဗျားသိလား၊ ခင်ဗျားကို သမ္မာကျမ်း စာကသာ အားလုံးကို အဆုံးအဖြတ်ပေးနိုင်တာဖြစ်ကြောင်း ပြောချင်တယ်။ သမ္မာကျမ်းစာသာ ပြီးပြည့်စုံပြီး ကောင်းကျိုးကို ဖြစ်စေတယ်” ဟုပြောလျှင် ကြမ်းတမ်းစွာဖြင့် ပြန်လည်ဆန့်ကျင်မည်ဖြစ်သည်။
အချို့လူများက “ကောင်းပြီ၊ ဒါကို ငါဘယ်လိုလုပ် သိနိုင်မလဲ။ ခင်ဗျား ကျွန်တော် လက်ခံနိုင်အောင် သက်သေမပြနိုင်ဘူးဆိုရင် ကျွန်တော်မယုံဘူး”ဟု ပြန်လည်တုန့်ပြန်ကြမည်။ ထို့ကြောင့် သမ္မာကျမ်းစာသည် မှန်ကန်ကြောင်း ကျွနု်ပ်တို့ မည်သည့်အရာကို ကြည့်ပြီးဆုံးဖြတ်မည်နည်း။ မှန်သည်။ သင်သည် သမ္မာကျမ်းစာ မှန်ကန်ကြောင်း ဖြစ်ကြောင်းကုန်စင် မပြောပြနိုင်ပေ။ သို့သော် သမ္မာကျမ်းစာတွင် အချို့သော ဖော်ပြချက်များသည် ကျွနု်ပ်တို့၏ ယုံကြည်ခြင်းကို ပိုမိုသေချာလာစေသည့် တွန်းအားများ ရှိသည်။
Written By; John Mac Arthur
Translated By; Khoung Yowr
Credit: Laitu Chin Bible Translation Group.