Daiichi JLPT Service

Daiichi JLPT Service

Share

JLPT, Nat Test Service

Photos from Myanmar Association of Japan Alumni (MAJA)'s post 22/06/2026

စာမေးပွဲ အချိန်စာရင်းလေးတွေ ထွက်ပါပြီရှင့်

07/03/2026

အကောင့်က Approved / Activated မဖြစ်ရင် ဖောင်တင်လို့ မရပါဘူး Minna San တို့ 🥰
ဒီတခေါက်မှာတော့ အရင်နှစ်တွေကနဲ့ မတူပဲ ဒီအခြေအနေတစ်ခု ထပ်တိုးလာပြီး ဖောင်မရလိုက်တဲ့သူတွေလဲ အတော်များတယ်..
Approved / Activated မဖြစ်သေးလဲရတယ် တင်ပေးမယ်လို့ပြောရင်တော့ ချင့်ချိန်ပြီးသာ ယုံကြပါနော် 🥰

Photos from Daiichi JLPT Service's post 23/02/2026

JLPT Online Form တင်မည့််သူများ အနေဖြင့် Form တင်ရက် မရောက်မှီ Register တင်ထားပေးရန် လိုအပ်ပါသည် Service မအပ်ခင် အသုံးပြုအချက်အလက်အား ပြန်လည်စစ်ဆေးပြီး အကောင့်အခြေအနေသည် ACTIVATED & APPROVED ဖြစ်နေရပါမယ်ရှင်။ တစ်ခုခု မှားယွင်းနေပါက ထိုသို့ဖြစ်မည်မဟုတ်ပါ သို့သော် ပုံပါအတိုင်း မှတ်ချက်တွင် ပြင်ဆင်ရမည့်အချက်အား MAJA ဘက်မှ ရေးပေးထားပါလိမ့်မည်။ အချက်အလက်မှားယွင်းလို့ ပြန်လည်ပြင်ဆင်လို့ရသော်လည်း ပြင်ဆင်ချိန်မှာ ၃ ရက်မှ ၅ ရက် အတွင်း ကြာမြင့်နိုင်သည်ဟု ရေးသားထားပါသည်။ သို့ပါသောကြောင့် SERVICE မအပ်ခင် ကိုယ့် အကောင့် အား ပြန်လည်စစ်ဆေးကာ အပ်စေလိုပါသည်။ ဖောင်တင်ရက် မရောက်ခင် REGISTERများလုပ်ထားရန် အသိပေးပါသည်ရှင့်။

Photos from Myanmar Association of Japan Alumni (MAJA)'s post 02/02/2026

Register လေးတွေ တင်ပြီး Service ကြိုအပ်လို့ရပါပြီ🥰

27/08/2025

JLPT ဖောင် မမှီလိုက်လို့ Nat Test ဖြေချင်သူများ Service အပ်လို့ရပါတယ်ရှင့် 🌸
လျောက်လွှာဖောင်ပိတ်မည့်ရက် - 26.9.2025 16:13 PM
ဖောင်ကြေး - 72000/- (N1-N5) + Service - 15000/-
စာမေးပွဲရက် - 26.10.2025

26/08/2025

JLPT ဖောင် မမှီလိုက်လို့ Nat Test ဖြေချင်သူများ
ဒီနေ့ကစပြီး ဖောင်လက်ခံပါတယ်ရှင့်
စာမေးပွဲ ရက်စွဲ - ၂၆.၁၀.၂၀၂၅

nattestcenteryangon.com

25/08/2025

JLPT Result များကို ၂၅ရက်နေ့ နံနက် ၇ခွဲမှ စတင်ကြည့်ရှု့လို့ရပါပီရှင့်

Result ကြည့်ရန်လင့် 👇
https://www.jlpt.jp/e/guideline/results_online.html

စာမေးပွဲ result များကို အောက်တိုဘာလ 31 ရက်နေ့ နေ့လည် 2နာရီခွဲအထိ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ရှင်

Result ကြည့်နည်း အဆင့်ဆင့် ဖော်ပြပေးလိုက်ပါတယ်ရှင် 🤍🍀

23/08/2025

ထပ်တိုးဖောင်တင်ရက် ၂ ရက် မှာ တင်ပေးဖြစ်တာလေး🍀
N2 MDY - 1
N3 MDY - 1 YGN - 2
N4 YGN - 1

22/08/2025

JULY EXAM ဖြေခဲ့သူများ ၂၅ရက်နေ့ မနက် ၇ နာရီခွဲက စပြီး Majaမှ ဖော်ပြထားသော Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီရှင့် 🍀🤍

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုနိုင်မည့်ရက် ကြေငြာခြင်း။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ၊ ၂၅ရက်နေ့ ( တနင်္လာနေ့) မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ (ဂျပန်စံတော်ချိန် နံနက် ၁၀း၀၀ နာရီ) မှ စတင်၍ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Certificateများရောက်ရှိပါက ထုတ်ယူနိုင်ရန် ထပ်မံကြေငြာပေးပါမည်။

Result ကြည့်ရှုရမည့် link - https://www.jlpt.jp/e/guideline/results_online.html

(ဖော်ပြပါလင့်မှတဆင့် > other countries သို့ဝင်ရောက်၍ > Test Result ကိုနှိပ်ကာ > မိမိ ခုံနံပါတ် နှင့် Passcode 8 လုံး ရိုက်ထည့်ကြည့်ရှုရပါမည်။)

Passcode 8 လုံး မပြည့်သူများ၊ လုံး၀ မဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများမဟုတ်ပဲ Alphabet များပါ၀င်နေသည့် Passcode များ ဖြစ်ပါက Online Result ကြည့်ရှုနိုင်မည် မဟုတ်ပါ။

Online Result များအား ၂၀၂၅ ခုနှစ် အောက်တိုဘာလ၊ ၃၁ရက်‌နေ့ (သောကြာနေ့) မြန်မာစံတော်ချိန် နေ့လည်၂:၃၀ နာရီ (ဂျပန်စံတော်ချိန် ညနေ ၅း၀၀ နာရီ) အထိ ကြည့်ရှုနိုင်ပါသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလစာမေးပွဲလျှောက်လွှာများမှာ စာမေးပွဲကျင်းပရာတွင် အဆင့်ဆင့်လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များအရ သတ်မှတ်ထားသည့်ရက်အတွင်း လျှောက်လွှာများကို အချိန်မှီပေးပို့ရမည် ဖြစ်ပါသဖြင့် ဇူလိုင်လ စာမေးပွဲရလဒ်များမထွက်ရှိခင် အချိန်တွင် လျှောက်လွှာလက်ခံရခြင်းဖြစ်သည်ကို နားလည် ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန်
01-757 10 15 (Ext 1)

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 06:00 - 22:00
Sunday 06:00 - 22:00