Tr Dahlia

Tr Dahlia Learning and sharing Economics

ဒီ Page ကို ပစ်ထားမိသလို ဖြစ်နေတယ် စာလေးတွေ ပြန်ရေးပါအုံးမယ်။ တောင်းဆိုထားတဲ့ သူတွေ ရှိပေမယ့် ကိုယ့်ဘက်က ပျက်ကွက်ခဲ့တာပါ...
10/08/2025

ဒီ Page ကို ပစ်ထားမိသလို ဖြစ်နေတယ် စာလေးတွေ ပြန်ရေးပါအုံးမယ်။ တောင်းဆိုထားတဲ့ သူတွေ ရှိပေမယ့် ကိုယ့်ဘက်က ပျက်ကွက်ခဲ့တာပါ။ ကြိုးစားပါ့မယ်နော်။ စောင့်မျှော်ပေးကြပါလို့

10/08/2025

Hello Good Morning 💐💐💐

မှန်၏ 🤪🤪
08/06/2025

မှန်၏ 🤪🤪

လောကမှာ ရှက်တတ်ဖို့၊ လူ့ကျင့်ဝတ် သိတတ်ဖို့
ဆိုတာတွေက
အသိဥာဏ်ရှိဖို့ လိုသေးတယ်။

ဥာဏ်ရည်မြင့်မှသာ ဘယ်အရာက ရှက်စရာ
ဘယ်အရာက ရှက်စရာမဟုတ်ဘူးဆိုတာကို သိနိုင်တာ။

လူတစ်ယောက်ဖြစ်နေရင်
ဘယ်အရာကို ထိန်းသိမ်းရမလဲ
ဘယ်အရာက မလုပ်သင့်ဘူးလဲ
ဘယ်လိုအပြုအမူက သိက္ခာရှိတာလဲ
ဘယ်လိုအပြုအမူတွေက သိက္ခာမရှိတာလဲ
ဆိုတာကို ခွဲခြားပြီးသိမှာ၊ ဆင်ခြင်တတ်မှာ။

ဥာဏ်ရည်နိမ့်တဲ့ လူတွေက မရှက်တတ်ဘူး
အရှက်တရားဆိုတာ ဘာမှန်းမသိကြဘူး
လူမှု့ပတ်ဝန်းကျင်ဆိုတာ နားမလည်ကြဘူး
သူတို့တစ်ယောက်တည်း အဆင်ပြေဖို့နဲ့
စိတ်ချမ်းသာဖို့ဘဲသိကြတာ။

ဒါကို "မရှက်တတ်ဘူးလား,မရှက်ဘူးလား
သိက္ခာမရှိတဲ့လူ "လို့ သွားမေးနေလို့၊ သွားပြောနေလို့ အလကားဘဲ။

"အဲဒါ ရှက်စရာမို့လို့လား၊ ဘာကြောင့်ရှက်ရမှာလဲ" လို့ပဲ
သူတို့က ပြန်ပြောကြမှာ။

ဉာဏ်ရည်နိမ့်လို့ မရှက်တတ်တဲ့အပြင်
သူတို့လုပ်တာ မှန်ပြီး ပြောတဲ့လူက အပြစ်ကြီးအောင်ပါ လုပ်ကြ၊ ပြောကြဦးမှာ။

အဲ့လို brain level နိမ့်တဲ့သူတွေအတွက်
update လုပ်မယ့် application ကို ဘယ်သူမှ မတီထွင်နိုင်ဘူး။"

30/07/2024

ဒီတလော စဥ်းစားမိနေတာလေးတစ်ခုရှိတယ်။ အဲဒါက စီးပွားရေး ဘာသာရပ်နဲ့ တိုက်ရိုက်ပတ်သက်တာတော့မဟုတ်ပါဘူး။ လူတွေနဲ့ ပတ်သက်ပြီး နေမှုထိုင်မှု အကျင့်စရိုက်လေးနဲ့ ဆက်နွယ်နေတာပါ။

ကျမတို့ရဲ့ နေ့စဉ်လူမှုဘဝမှာ လူတွေရဲ့ နေထိုင်မှု စားသောက်သုံးစွဲမှု လက္ခဏာရပ်တွေဟာ ကိုယ့်ရဲ့ ရရှိတဲ့ ဝင်ငွေပေါ်မူတည်ပြီး ကွာခြားတတ် ကွဲပြားမယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ဝင်ငွေနည်းသူ၊ စီးပွားရေး မကောင်းသူ၊ သာမန်လက်လုပ်လက်စား တနေ့လုပ်မှ တနေ့စားရသူတွေဟာ အစစအရာရာ တွက်ချက်သုံးစွဲရမယ်ထင်ပါတယ်။ ချမ်းသာသူများကျတော့လဲ လိုတရ နန်းတော်တမျှ နေနိုင်သူရှိသလို ကိုယ်ပိုင်တိုက်ခြံတွေနဲ့ နေထိုင်နိုင် အစားကောင်း branded အဝတ်အစားကောင်း တွေ အလျှံပယ်သုံးပေါ့။ ဒါပေမယ့် တချို့သော ပိုက်ဆံပြေလည်သူ၊ စီးပွားရေးကောင်းသူတွေ ဖြစ်ပေမယ့် မစားရက် မသောက်ရက်၊ တန်ဖိုးရှိတာလဲ မဝတ်ရက် ကောင်းကောင်းမစားနိုင် မသုံးနိုင် အိမ်ကောင်းကောင်းနဲ့ မနေနိုင်ပဲ ဖြစ်သလို နေကြသူတွေလဲ တွေ့ရတတ်ပါတယ်။ ထိုသူများဟာ တခါတခါ ဆင်းရဲလို့ မစားရမသောက်ရသူတွေထက် ခြုံးခြံချွေတာနေတာလဲ မြင်ရတတ်ပါတယ်။

ဒါ့ကြောင့်ထိုသူများဟာ စီးပွားရေးသဘောအရ ခြုံးခြံချွေတာခြင်းဟာ နိုင်ငံအတွက် လိုအပ်တဲ့ စုဆောင်းမှုနှုန်းတက်ပြီး ရင်းနှီးမြှုပ်နှံမှုမှာ အရေးပါနိုင်တယ်ဆိုတာလက်ခံနိုင်ပါတယ်။ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် ရခဲလှတဲ့ လူ့ဘဝမှာ ဘာကြောင့် ဒီလိုနေသလဲဆိုတာ နားလည်ရခက်မိလို့ပါ။ လူတစ်ယောက်ရဲ့ အမူအကျင့်နဲ့တော့ ဆိုင်တာမှန်ပါတယ်။ တယ်။ ဒါ့အပြင် တဖက်ကလဲ ဖွံ့ဖြိုးမှုပညာ သဘောတရားအရ လူနေထိုင်မှု အဆင့်အတန်း ( living standard) မြင့်သင့်သလောက် မမြင့်စေဘူးလို့ မြင်ပါတယ်။

ဘာသာရေးအရ တချို့လူကြီးတွေ ပြောပုံအရတော့ ဝဋ်ကြီးတာတဲ့။ စားနိုင်ရက်မစားနိုင်၊ သောက်နိုင်နေနိုင်ရက် မနေနိုင်တာတွေကိုပေါ့လေ။
ဒါကတော့ သူ့ရဲ့ ရွေးချယ်မှုပေါ့လေ။ ဦးလေးတစ်ယောက် ရှိပါတယ်။ အသက် ၇၅ ထိ Taxi မောင်းပြီး မိသားစုကို လုပ်ကျွေးနေတာ၊ သားနှစ်ယောက်လုံး အသက် ၃၀ ကျော်တွေ၊ မိန်းမကော သားတွေကော သူ့အပေါ်မကောင်း၊ ဒါပေသိ ခုထိ သူနိုင်တာ လုပ်ကျွေးနေတုန်း အိမ်ပိုင်ခြံပိုင် ကားနှစ်စီးလဲ ရှိရဲ့နဲ့ ပေါ့ သူ့အတွက် လက်ဖက်ရည်တစ်
ခွက်တောင်မသထာ၊ မုန့်တစ်ခုဝယ်မစားရက်၊ ဒါပေသိ သားလုပ်သူက
အတင်းအမွေတောင်းလို သိန်းနှစ်ရာထုတ်ပေးလိုက်တာ နှစ်ပတ်အတွင်းသုံးပြီးအိမ်ပေါ်ပြန်တက်လာသတဲ့။ သူကတော့ သာရေးနာရေးလူမှုရေးလဲမသိတတ်၊ ပေးရကောင်းမှန်းမသိတာပဲလားမသိ။ ဒီလိုကြည့်တော့ ဒီဦးလေး အတော့ကို ဝဋ်ကြီးလိုက်တာလို့ တွေးမိတဲ့အထိပါပဲ။

ရှိသေးတယ်၊ ရပ်ကွက်ထဲက အန်တီကြီးတစ်ယောက် ပိုက်ဆံရှိသော်လည်း ယောက်ကျားက မယားငယ်နေ အသုံးအစွဲကြီးလွန်းလို့ အဝတ်အစားကောင်းကောင်းလဲမဝတ်ပဲ ပေတိပေစုပ်နေ၊
လက်ဝတ်လက်စားဆို ဖွက်သိမ်းထားရတယ်။ ဒါလဲ ဝဋ်ကြီးတာပဲလား။ ဒီလိုကြောင့် ကိုယ်လဲ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ဖူးတာတွေများလို့ တရားကျမိသလိုလို။ သူတို့တင်မဟုတ် အတော်များများ ကြုံဖူးတယ်။
တကယ်တမ်းက လူ့ဘဝမှာ ရှင်သန်နေထိုင်တုန်းလှူသင့်တာလှူ သုံးသင့်
သလောက်သုံး၊ စားသင့်သလောက်စား ဖြုန်းတာ မဟုတ်ရင် ပြီးတာပ။ ဒါကကိုယ့်သဘောထား အမြင်။ ဒါပေမယ့် လူထဲမှာနေ လူ့စိတ်အထွေထွေမို့ ဘာမှတော့ မပြောသာဘူးပေါ့။
တရားသဘောအရ သူတို့ရဲ့ ရှေးဘဝအတိတ်ကံကြောင့် လို့ပဲ သတ်မှတ်ရလေမလား😀တွေးမိတွေးရာပါ ပို့စ်မတင်ဖြစ်တာနဲ့ page လေးအလွမ်းပြေ လာရေးတာ 😜

မေတ္တာဖြင့်
Tr Dahlia
30.7.2024

Hello everyone ! Long time no write in here. So sorry for my absent to post. I will try more for uploading new posts.
23/06/2024

Hello everyone ! Long time no write in here. So sorry for my absent to post. I will try more for uploading new posts.

New Year အစ ပထမဆုံးနေ့ စိတ်ဝင်စားစရာ ဂျပန်ရဲ့ စျေးရောင်းချမှုပုံစံဒီနေ့တော့ new year ရဲ့ ပထမဆုံးနေ့မှာ ဂျပန်မှာက ပစ္စည်း...
01/01/2024

New Year အစ ပထမဆုံးနေ့ စိတ်ဝင်စားစရာ ဂျပန်ရဲ့ စျေးရောင်းချမှုပုံစံ

ဒီနေ့တော့ new year ရဲ့ ပထမဆုံးနေ့မှာ ဂျပန်မှာက ပစ္စည်းတွေကို discount တွေ ချ ရောင်းချတာနဲ့ ပတ်သက်ပြီး တီချယ်ဒေလီယာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို မျှဝေချင်ပါတယ်။

ဒါဟာ ဂျပန်တွေရဲ့ sale promotion ပုံစံတစ်မျိုးဆိုလဲမမှားဘူးပေါ့။ မူရင်းဈေးထက် အလုံးအရင်းနဲ့ကို ဈေးချကြတတ်ပါတယ်။ တခြားနိုင်ငံတွေလဲ ဒီ ခရစ်စမတ်နဲ့ နှစ်သစ်ကူးပိတ်ရက်တွေမှာ ဒီလိုပဲ ဈေးချရောင်းမယ်လို့ ထင်ပါတယ်။
ဈေးချတဲ့နေရာမှာ တချို့ပစ္စည်းတွေဆို ၇၀ရာခိုင်နှုန်းထိ လျှော့ချတတ်တယ်လို့ ဘင်္ယလိုပဲ မ၀ယ်ဘူး မသွားဘူးလို့ ဆုံးဖြတ်ထားလဲ တကယ်တမ်းသူ့အချိန်ရောက်လာရင် စိတ်ကမရ သွားချင်လာတာမို့ သွားဖြစ်တာများခဲ့ပါတယ်။

ဒီနေ့လို Nwe year တစ်ရက်နေ့ဆိုရင် ခရစ်စမတ်မတိုင်ခင်ကထဲနေ ချလာတဲ့ စျေးဟာ ဇန်နဝါရီ တစ်ရက်နေ့ဆို အမြင့်ဆုံးထိ ချတတ်တာမို့ shopping mall နဲ့ ဘူတာအောက်က ဆိုင်တွေမှာ ၀ယ်သူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတတ်ပါတယ်။ သူတို့ဂျပန်တွေက ဒီအချိန်ပဲ စောင့်ပြီးတကူးတကဝယ်သလားမပြောတတ်ပါဘူး ဆိုင်တိုင်းမှာ လူစည်လို့။ သူတို့အဲဒီလို ရောင်းတဲ့ အခါမှာ စီးပွားရေး ကလူပီပီ သတိထားကြည့်မိလိုက်တော့ နည်းအမျိုးမျိုးရှိတာကို သွားတွေ့လာပါတယ်။ တကယ်တော့ တိုကျိုလို မြို့ကြီးမှာ လောက် နယ်မြို့များမှာက တကယ့်ကို ကုန်တိုက်တွေ shopping mallတွေ အများကြီးမရှိတာမို့ သိပ်ပြီးသွားစရာရွေးချယ်စရာမရှိတာတော့ အမှန်ပါပဲ။ ဒါ့ကြောင့် ရှိတဲ့ အချက်အချာနေရာက ကုန်တိုက်တွေထဲ စိတ်ထွက်ပေါက်အနေနဲ့ ဝင်မွှေတတ်တာက တီချယ့် ဒေလီယာ ရဲ့ relaxing type တစ်မျိုးလို့ ဆိုနိုင်တာပေါ့။

ကြုံခဲ့တာလေးတစ်ခုပြောပြရရင် ပြီးခဲ့တဲ့ ခရစ်စမတ်မတိုင်ခင် တစ်ရက်လောက်က ကုန်တိုက်တစ်ခုကို သွားပတ်ခဲ့ တုန်းက ကကုန်တိုက်ထဲက ဆိုင်တဆိုင်မှာ အကောင်းစား စတိုင်ပင် suit တွေ ရောင်းတဲ့ ဆိုင်မှာ ကုတ်င်္ကျီ ဘောင်းဘီ နဲ့ အတွင်းအင်္ကျီအပါအ၀င် အစုံလိုက်ကို ပေါက်စျေးထက် အများကြီးလျှော့ပြီး စျေးနှုန်းရေးထားတာ တွေ့ရပါတယ်။ ဒါနဲ့ စုံစမ်းကြည့တဲ့အခါ အဲဒီစျေးဟာ new Year အစ နှစ်ဆန်း တစ်ရက်နေ့မှာ လျှော့ချမယ့် စျေးနှုန်းဖြစ်ပြီး ချက်ချင်းဝယ်လို့ရတဲ့ စျေးနှုန်းမဟုတ်တာမို့ လိုချင်ပါက အော်ဒါသဘောမျိုး ကြိုတင်မှာနိုင်ပါတယ်လို့သိရပါတယ်။ ပြီးရင် နယူးရီးယားအစ တစ်ရက်နေ့မှ လက်တွေ့ငွေချေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဟယ် ဒီလိုလဲ ရောင်းသလား ဆိုပြီး ဒီလိုရောင်းချမှုပုံစံမျိုး အရင်က သတိမထားမိခဲ့ မသိခဲ့တာပါလား လို့ အတွေး၀င်ခဲ့ပါတယ်။ ဒါနဲ့ နယူရီးယားအစ တစ်ရက်နေ့မှာ တကယ်တမ်း suit တစ်စုံ ကို လက်တွေ့ဝယ်ကြည့်တဲ့အခါ ပုံမှန်ထက် အများကြီး သက်သာတဲ့ ဈေးနှုန်း နဲ့ ဝယ်ရခဲ့ပါတယ်။ ဒါနဲ့ နောက်နှစ်ရက်အကြာမှာ သူငယ်ချင်းတစ်ယောက်က လိုချင်လို့ ဆိုပြီး အဲဆိုင် လိုက်ပို့တဲ့အခါ မူရင်းဈေး ဖြစ်သွားပြီး ကိုယ်ဝယ်ခဲ့တုန်းကနဲ့ အဆမတန် ကွာသွားပါပြီ။ ဒါ့ကြောင့်သူငယ်ချင်းမှာ စုပ်တပ်သပ်နဲ့ အားမလိုအားမရဖြစ်ကာ ပြန်လာခဲ့ရပါတော့တယ်။ အတော်တိကျတဲ့ ဂျပန်လူမျိုးတွေပါပဲ။

နောက်ထပ်စိတ်၀င်စားစ၇ာ ရောင်းချတဲ့ပုံစံကျတမျိုးလေးပါ။ အဲဒါက lucky bag လို့ ခေါ်တဲ့ ပစ္စည်းတွေ ကိုလေးမျိုးငါးမျိုးထိ ထည့်ထားတဲ့ အိတ်လေးတွေပါ အလှကုန်ဆိုင်ကလဲ အလှကုန်။ အ၀တ်အထည်ဆိုင်ကလဲ အစတ်အထည် size စုံ ထည့်တတ်သလို တချို့ကလဲ brand အလိုက် မျိုးစုံ set လိုက် ပါတတ်ကြပါသေးတယ်။ တချို့လဲ အသုံးများတာလောက်ပဲ ပါတတ်တာကိုသတိထားမိပါတယ်။ တချို့ bag တွေက အပြင်ကမြင်နိုင်ပေမယ့် တချို့တွေကျ ပါတဲ့ ပစ္စည်းအမျိုးအစားကိုပဲ ဖော်ပြထားတာပါ။ တန်ဖိုးအနည်းအများ အမျိုးအစားပေါ် မူတည်ပြီး သတ်မှတ်တဲ့စျေး ကွာပါတယ်။ အဲဒီလို ရောင်းတဲ့အခါ lucky Bag ဟာ တန်မှန်းသိတဲ့ ဆိုင်တွေဆိုရင် မနက်အစောကြီး ဆိုင်မဖွင့်ခင်ကထဲက လူတွေဟာ တန်းစီစောင့်ဆိုင်းကြပါတယ်တဲ့။ ကျမကတော့ညံ့တယ်ပဲ ပြောရမလားမသိပါဘူး ဂျပန်မှာ ဒီလောက်ထိ နေလာခဲ့ပေမယ့် အဲဒီလို အစောကြီးကထဲကတန်းစီပြီး ၀ယ်ကြမှန်း မသိခဲ့ပါဘူး။ ဒီနေ့အတူသွားတဲ့ ညီမတစ်ယောက်က သူသိလာတဲ့ information ကို ရှယ်လို့သာ သိလိုက်တော့တာ။ အရင်ကတော့ lucky Bag ကို ၀ယ်လို့ရတယ်ဆိုတာလောက်ပဲ သိထားခဲ့တာပါ။ အဲဒီလောက်ထိမသိခဲ့ပါဘူး။ ရောင်းချတဲ့အချိန်မှာ ဒီလို အကြိုက်တွေ့ရင် တန်တယ်ထင်ရင် ၀ယ်ကြတယ်ပဲ ထင်ခဲ့တာပါ။ အ၀တ်အစားတွေအစ အလှကုန် အပါအ၀င် မီးဖိုချောင်သုံး ပစ္စည်းတွေအထိ အဲဒီလို Lucky Bag လုပ်ပြီး ရောင်းကြပါတယ်။ တန်ဖိုးအနည်းအများ အရေအတွက် အနည်းအများပေါ်မူတည်ပြီး စျေးသတ်မှတ်ထားပုံပါ။ ပုံမှန်စျေးထက် များများသက်သာတာနဲ့ နဲနဲသက်သာတော့ ကိုယ်၀ယ်တတ်ရင် ၀ယ်တတ်သလောက်၇မယ့်ပုံပါပဲ။ အခုနပြောသလို ဆိုင်တွေရဲ့အထာသိနေတဲ့ သူတွေကတော့ ပိုတန်တဲ့ lucky Bag ကို ရမယ်ထင်ပါတယ်။ ကျမတော့ ဂျပန်မှာက အေးတဲ့ အချိန် ဆောင်းစရာ ဦးထုပ်က တကယ်လိုအပ်တာမို့ ဒီနေ့ ဦးထုပ်သုံးလုံးနဲ့ ပုဝါတစ်ထည် ထည့်ထား တဲ့ စျေး၀ယ်အိတ် ပစ္စည်းငါးမျိုးပါ Lucky Bag တစ်လုံး၀ယ်ခဲ့ပါတယ်။ ပုံမှန်ထက်တော့ စျေး
တန်တယ်ထင်လို့ပါပဲ။ ဒီနေ့ခေတ်လို online sale တွေ အားကောင်းချိန်မှာဆို ဒီလို luck bag ဝယ်ပြီး ပြန်ရောင်းတာက ဘယ်လောက်ထိအကျိုးအမြတ် ရနိုင်မလဲဆိုတာ တွက်ကြည့်ရပါတယ်နော်။ တီချယ်ဒေလီယာနေတုန်းကတော့ မြန်မာပြည်မှာ အဲလောက်ထိ live save'တွေ မထွန်းကားသေးပေမယ့် တရုတ် ဗီယက်နမ်လို တခြားနိုင်ငံများကလူတွေဆို ဝီရိယကောင်းစွာဝယ်ပြီး ပြန်ရောင်းနေကြပါပြီ။

နောက်တစ်မျိုးကျ စျေးနှုန်းကို မူလကပ်ထားတဲ့ စျေးနှုန်းမှာ discount ချတာပါ။ ဆယ်ရာခိုင်းကနေ ခုနှစ်ဆယ်ရာခိုင်နှုန်းအထိပါ။ ဒါကတော့ အများသိပြီးသားနေမှာပါ။ ရန်ကုန်မှာလဲ ရောင်မယ်ထင်ပါတယ်။ တချို့ ဆိုင်တွေကျတော့ အဲဒီရာခိုင်နှုန်း လျှော့ချတဲ့အပြင် ဥပမာ အင်္ကျီဆိုရင် နှစ်ထည်၀ယ်ရင် ဘယ်လောက်ထပ်လျှော့မယ်ဆိုတာမျိုးလဲ လုပ်ပါသေးတယ်။ အရေအတွက်ပေါ်မူတည်ပြီး ထပ်လျှော့သေးတာပါ။ တိုကျိုမှာနေခဲ့တုန်းက Gap လို brand ဆိုင်မျိုးကျ ဆိုင်ထဲ၀င်ခါနီးမှာ ကံစမ်းမဲ နှိက်ခိုင်းပြီး ၇တဲ့ လက်မှတ်ပေါ်မူတည်ပြီး ဘယ်နှစ်ရာခိုင်နှုန်း လျှော့ရမယ်ဆိုတာသတ်မှတ်တာပါ။ အိုကာယာမမှာတော့ မြို့က တိုကျိုလောက်မကြီးတာမို့ အဲလိုရောင်းတဲ့ပုံစံ မတွေ့မိပါဘူး။ ကျမတို့ တစ်ခါ တုန်းကဆို အဲလိုလျှော့ပေးတဲ့ ရက် စျေးသွား၀ယ်တုန်းက ကျမတို့ သုံးယောက်သွားတာ တစ်ယောက်တစ်မျိုးစီ ပေါက်ကြတာမို့ အများဆုံးရတဲ့ ကျမ ရဲ့ ၅၀ ရာခိုင်နှုန်း ကူပွန်နဲ့ပဲ တစ်ယောက်ထဲက ပေါင်းရှင်းခဲ့ကြတာမျိုး ကြုံဖူးပါတယ်။ အဲလိုတော့ ၀ယ်လို့ရပါတယ်။ သူတို့ခွင့်ပြုကြပါတယ်။ ဒါလဲ သူတို့ရဲ့ စိတ်၀င်စားစရာ ၀ယ်သူကို ဆွဲဆောင်နည်းဖြစ်မယ်ထင်ပါတယ်။ ဒီနေ့ နောက်ထပ်တစ်မျိုး ရောင်းတဲ့ ပုံစံကို ကြုံခဲ့တာလေး မျှဝေချင်ပါသေးတယ်။ အဲဒါက အလှကုန်ဆိုင်တစ်ခုမှာပါ။ ၀ယ်ယူတဲ့တန်ဖိုးအပေါ်မူတည်ပြီး ဘယ်လောက်တန်ဖိုးကို လက်ဆောင်အဖြစ်ပေးမယ်ဆိုတာ သတ်မှတ်တာပါ။ စျေးနှုန်းက ပုံမှန်စျေးနှုန်းပါ မလျှော့ထားပါဘူး။ ပြီးမှတခြားအသုံးအဆောင် ပစ္စည်းလေးတွေ ပေးတာပါ။ အဲဒါလေးလဲ တမျိုးရောင်းချမှု ပုံစံပါ။

ဒီနေ့ခေတ် မြန်မာနိုင်ငံမှာလဲ အခုလိုမျိုးပဲ sale promotion လုပ်တဲ့ ပုံစံတွေ ရှိနေပြီ ဖြစ်ပါတယ်။ဒါပေမယ် အလုံးအရင်း ဈေးချရောင်းတာမျိုးတော့ ပစ္စည်းအကောင်းစား branded တွေမှာတော့ နည်းပါတယ်။ ဈေးချရောင်းတာကတော့ တွင်ကျယ်လာနေပါပြီဖြစ်ပါတယ်။ ကျမကတော့ အဲတုန်းက ကိုာ် ဂျပန်မှာ ကိုယ်သိတဲ့ သူတို့ နှစ်ကုန်ပစ္စည်းတွေ အပြုံလိုက် ရှင်းထုတ်တဲ့ပုံစံကို မျှဝေလိုတဲ့စိတ်နဲ့ ရေးသားလိုက်ရခြင်းပဲဖြစ်ပါတယ်။ အဆုံးထိဖတ်ပေးသူများကို ကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာာ ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံသော နေ့ရက်များပိုင်ဆိုင်နိုင်ပါစေ🌷🌷🌷

မေတ္တာဖြင့်



1.1.2024

Happy New Year 2024 🌷🌷🌷 May You be happy, healthy  and  own  peaceful life in future💞💞💞
01/01/2024

Happy New Year 2024 🌷🌷🌷 May You be happy, healthy and own peaceful life in future💞💞💞

01/12/2023

ကုန်သွယ်မှုနဲ့ပတ်သက်ပြီး လေ့လာမယ်ဆိုရင် အထင်ကရ လဲဖြစ် အစောဆုံးကျတဲ့ သဘောတရားတစ်ခုလဲ ဖြစ်တဲ့ Mercantilism( ရောင်းများဝယ်နဲ ဝါဒ) လို့ အလွယ်ခေါ်ကြတဲဲ့ သဘောတရားလေးကို သိဖို့လိုပါတယ်။ Mercantilist တွေက အဆိုပြုလိုက်တာမို့ Mercantilism လို့ ခေါ်ပါတယ်။ သူ့ရဲ့သဘောအရ ကုန်သွယ်မှုလုပ်တဲ့အခါမှာ တခြားနိုင်ငံကို တနည်းအားဖြင့် ကိုယ့်ရဲ့ ကုန်သွယ်ဖက်နိုင်ငံကို ပို့ကုန် ကိုန်စည်တွေ များများရောင်းချ နိုင်တာဟာ ကောင်းမွန်ပါတယ်တဲ့။ အဲဒီလို ရောင်းချလိုက်ရာကနေ ရွှေ၊ငွေ ရတနာ၊ ငွေတိုက် စတဲ့ ပိုင်ဆိုင်မှုတွေ တိုးပါးလာလို့ပဲဖြစ်ပါတယ်။ အဲဒီကနေမှတဆင့် နိုင်ငံအင်အားကြီးမာလာမှာဖြစ်ပါတယ်တဲ့။

အဲဒီလိုပဲ ကိုယ့်ရဲ့ ကုန်သွယ်ဖက် နိုင်င်တစ်ခုဆီက သွင်းကုန်သွင်းတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ကိုယ့်ပြည်မှ ငွေတွေ ပြည်ပကို စီးထွက်သွားတာမို့ ယုတ်လျော့ကျဆင်းစေလို့ နည်းနည်းပဲ သွင်းနိုင်ရင် ကောင်းမယ်လို့ Mercantilism ဝါဒအရ ယူဆကြပါတယ်။

ဒီအခါမှာ ရေရှည်ကာလမှာ နိုင်ငံတစ်နိုင်ငံ ချင်းစီရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှုမူဝါဒကနေ ကုန်သွယ်ရေးအရ ဘက်မညီမျှမှုတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒါတွေဟာ ဘယ်လိုပဲ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေ ပေါ်လာပေါ်လာ ခေတ်သစ်ကမ္ဘာမှာလဲ တခါတရံမှာ ကုန်သွယ်ရေးလက်နက် တစ်ခုအနေနဲ့ သုံးတတ်ကြတယ်လို့ ဆိုကြပါတယ်

မေတ္တာဖြင့်



1.12.2023

ကြိုက်တယ် စာသားလေးထိမိ👍👍👍
29/11/2023

ကြိုက်တယ် စာသားလေးထိမိ👍👍👍

ဟန်တွေနောက်လိုက်ရင် ဟန်သာရှိပြီး အစံမရှိသူ
ဖြစ်နေတတ်တာကို သတိပြုတတ်ပါစေ ...

29/11/2023

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Tr Dahlia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Tr Dahlia:

Shortcuts

Share