Stella Mandarin Academy

Stella Mandarin Academy 开启您的中文精通之旅在 Stella Mandarin Academy👩🏻‍🏫
🌟 Welcome to join our Chinese Online Classes!!🌟

Vocabulary တွေကို အလွယ်ကူဆုံး မှတ်သားနိုင်မယ့် Branching Method 🌿တရုတ်စာ‌လေ့လာတဲ့အခါ ဝေါဟာရတွေကို တစ်လုံးချင်းစီ အလွတ်ကျ...
19/08/2026

Vocabulary တွေကို အလွယ်ကူဆုံး မှတ်သားနိုင်မယ့် Branching Method 🌿

တရုတ်စာ‌လေ့လာတဲ့အခါ ဝေါဟာရတွေကို တစ်လုံးချင်းစီ အလွတ်ကျက်တာထက် အခြေခံစကားလုံးလေးတွေကနေ ချိတ်ဆက်မှတ်သားရတဲ့ Branching Method နဲ့‌လေ့လာတဲ့အခါ ပိုမှတ်မိလွယ်ပြီး အချိန်ကုန်လည်း သက်သာစေပါတယ် 💁🏻

ဒါကြောင့် ဒီနေ့မှာ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ 学 (xué) – သင်ယူခြင်း ဆိုတဲ့ အခြေခံစကားလုံးလေးကနေ စကားလုံးအသစ်တွေ ဘယ်လိုခွဲထွက်လာလဲဆိုတာ လေ့လာကြည့်ကြရအောင်👇🏻

学生 (xuéshēng) – ကျောင်းသား
学校 (xuéxiào) – ကျောင်း
学习 (xuéxí) – လေ့လာသင်ယူသည်
留学 (liúxué) – နိုင်ငံခြားတွင် ပညာသင်သည်
科学 (kēxué) – သိပ္ပံ
数学 (shùxué) – သင်္ချာ
文学 (wénxué) – စာပေ
奖学金 (jiǎngxuéjīn) – ပညာသင်ဆု
学期 (xuéqī) – စာသင်နှစ်ဝက် (Semester)
学历 (xuélì) – ပညာအရည်အချင်း

ဒီလိုမျိုး Branches ပုံစံနဲ့ လေ့လာတဲ့အခါ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့—
✅ စကားလုံးအသစ်တွေကို လျင်မြန်စွာ မှတ်မိနိုင်မယ်
✅ အလွတ်ကျက်စရာမလိုဘဲ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို အလွယ်တကူ ခန့်မှန်းနိုင်မယ်
✅ မှတ်ဉာဏ်ထဲမှာ ရေရှည်စွဲမြဲစေနိုင်မှာပဲ ဖြစ်ပါတယ်။

学 (xué) ပါဝင်တဲ့ တခြားစကားလုံးတွေ ဘာတွေသိထားသေးလဲ? Comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနော် 💬

👉🏻 စနစ်ကျပြီး ထိရောက်တဲ့ သင်ကြားမှုပုံစံတွေနဲ့ တရုတ်စာကို သေချာလေ့လာချင်တယ်ဆိုရင်တော့ StellaMandarinAcademy ရဲ့ သင်တန်းတွေမှာ လာရောက်လေ့လာနိုင်ပါတယ်။

သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက Messenger ကနေ တစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်✨



#တရုတ်စာ #တရုတ်စကား

တရုတ်စာကို တကယ်ကျွမ်းကျင်ချင်ရင် ဉာဏ်ကောင်းဖို့ထက် ဒီအချက်လေးတွေ လိုအပ်တယ်ဆိုတာ သိပါသလား? 🤔ရှေးဟောင်းတရုတ်စာလုံးတွေထဲမှာ...
15/08/2026

တရုတ်စာကို တကယ်ကျွမ်းကျင်ချင်ရင် ဉာဏ်ကောင်းဖို့ထက် ဒီအချက်လေးတွေ လိုအပ်တယ်ဆိုတာ သိပါသလား? 🤔

ရှေးဟောင်းတရုတ်စာလုံးတွေထဲမှာ ဉာဏ်ကောင်းသော (သို့မဟုတ်) ထက်မြက်သော လို့ အဓိပ္ပာယ်ရတဲ့ 聪明ရဲ့ "聪/聰" (cōng) ဆိုတဲ့ စာလုံးလေးရဲ့ ဖြစ်ပေါ်လာပုံက စိတ်ဝင်စားဖို့ ကောင်းပါတယ် 💁🏻

ဒီစာလုံးလေးကို (耳 + 囪 + 心) ဆိုပြီး ခွဲကြည့်လိုက်ရင်...
✨ 耳 (ér) : နား
✨ 囪 (chuāng) : ပြတင်းပေါက်
✨ 心 (xīn) : နှလုံး (နှလုံးသား)

လို့အဓိပ္ပါယ်ရပြီး ဒီ ၃ ခုကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့... အကြောင်းအရာတစ်ခုကို နားထောင်လိုက်တာနဲ့တစ်ပြိုင်နက် ရင်ထဲ,စိတ်ထဲမှာ ချက်ချင်း ရှင်းလင်းပြီး နားလည်သဘောပေါက်သွားခြင်း ဆိုတဲ့ နက်နဲတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။

ဒါကြောင့် တရုတ်စာကို လေ့လာတဲ့အခါ စာတွေကို အလွတ်ကျက်မှတ်နေတာထက်၊ သေချာဂရုတစိုက် နားထောင်ပြီး ရင်ထဲကနေ အမှန်တကယ် နားလည်သဘောပေါက်မှသာ တကယ့်ကို ထက်မြက်တဲ့သူ (聪明人) တစ်ယောက် ဖြစ်လာမှာပါ 🌟

ဒီလိုမျိုး ထိရောက်တဲ့ လေ့လာမှုပုံစံနဲ့အတူ သင့်ရဲ့ တရုတ်စာခရီးစဉ်ကို အကောင်းဆုံး လျှောက်လှမ်းချင်တယ်ဆိုရင်တော့ Stella Mandarin Academy က အသင့်ကြိုဆိုနေပါတယ်နော် 👇🏻

👉🏻 အခုဆိုရင် Stella Mandarin Academy မှာ HSK New Version သင်ရိုးညွှန်းတမ်းတွေနဲ့ပါ အဆင်သင့် သင်ကြားပေးနေပြီဖြစ်လို့...

🔹 လက်ရှိ HSK 2.0 ပဲဖြေဖြေ
🔹 နောင်စစ်မယ့် HSK 3.0 ပဲဖြေဖြေ

ဘယ် Version အတွက်မဆို အဆင်သင့် ပြင်ဆင်နိုင်စေဖို့ သင်ကြားပေးနေပါတယ်✨

🌟 သင့်ဘဝအတွက် အဖိုးတန်တဲ့ တက်လမ်းတစ်ခုဖြစ်စေမယ့် (စက်တင်ဘာ- September) အတန်းခွဲသစ်များ ကို စတင်အပ်နှံနိုင်ပါပြီ 📝

✨ ဘာကြောင့် Stella Mandarin Academy ကို ရွေးချယ်သင့်သလဲ?

✅ Zoom Face-to-Face: ဆရာမနှင့် တိုက်ရိုက်ထိတွေ့ မေးမြန်းသင်ကြားနိုင်ခြင်း။

✅ New Version Focused: HSK New Version အလိုက် Vocabulary၊ မေးခွန်းဟောင်းနှင့် Listening, Reading, Writing ပိုင်းများကို ထိထိရောက်ရောက် Guide ပေးခြင်း။

✅ Efficient Learning: တစ်ပတ် ၂ ရက်ဖြင့် မိမိရဲ့ Lifestyle နှင့် Balance ဖြစ်အောင် သင်ကြားပေးခြင်း။

✅ All-in-One Fee: သင်တန်းကြေးထဲတွင် စာအုပ်ဖိုင်၊ စာမေးပွဲနှင့် Certificate ကြေးများ အပြီးအစီးပါဝင်ခြင်း။

✅ Recorded Videos: သင်ခန်းစာတွေကို အချိန်မရွေး ပြန်လည်လေ့လာနိုင်ဖို့ Video Record များ ပို့ပေးခြင်း။

📌 သင်တန်းသားများကို သေချာဂရုစိုက်သင်ကြားနိုင်ရန် အတန်းတိုင်းမှာ လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး လာရောက်အပ်နှံထားဖို့ လိုပါတယ်နော် ⏳✨

👇 အခုပဲ အတန်းအပ်နှံဖို့နဲ့ အသေးစိတ်စုံစမ်းဖို့ Page Chat Box မှာ စာပို့လိုက်တော့နော် 💌💬

🇨🇳 တရုတ်စာ နဲ့ ထိုင်ဝမ်စာ – ဘာတွေကွာခြားလဲ?တရုတ်စာလေ့လာနေတဲ့သူတွေကြားမှာ တရုတ်စာနဲ့ ထိုင်ဝမ်စာက မတူဘူးလား? ဆိုတဲ့ မေးခွန...
12/08/2026

🇨🇳 တရုတ်စာ နဲ့ ထိုင်ဝမ်စာ – ဘာတွေကွာခြားလဲ?

တရုတ်စာလေ့လာနေတဲ့သူတွေကြားမှာ တရုတ်စာနဲ့ ထိုင်ဝမ်စာက မတူဘူးလား? ဆိုတဲ့ မေးခွန်းကို မကြာခဏ ကြားဖူးကြမှာပါ။ နှစ်ခုလုံးက Mandarin Chinese ကို အခြေခံထားတာဖြစ်လို့ အခြေခံသဒ္ဒါနဲ့ ဝါကျဖွဲ့စည်းပုံတွေ တူညီပေမယ့် ရေးသားတဲ့ စာလုံးပုံစံ၊ အသုံးအနှုန်းနဲ့ သင်ကြားတဲ့စနစ်တွေမှာတော့ ကွာခြားချက်တွေ ရှိပါတယ်။

📌 စာလုံးပုံစံ (Characters) ကတော့ အကြီးမားဆုံး ကွာခြားချက် ဖြစ်ပါတယ်။ တရုတ်ပြည်မကြီးမှာ ရေးရလွယ်ကူအောင် ပြုပြင်ထားတဲ့ Simplified Chinese ကို အသုံးပြုပြီး၊ ထိုင်ဝမ်မှာတော့ မူလပုံစံအတိုင်း ဆက်လက်အသုံးပြုထားတဲ့ Traditional Chinese ကို အသုံးပြုပါတယ်။

📌 ဝေါဟာရအသုံးအနှုန်း တွေမှာလည်း ကွဲလွဲမှု ရှိပါတယ်။ အဓိပ္ပာယ်တူပေမယ့် သုံးတဲ့စကားလုံး မတူတာမျိုးပါ။ ဥပမာ - Video ကို တရုတ်ပြည်မှာ 视频 လို့ ခေါ်ပေမယ့် ထိုင်ဝမ်မှာ 影片လို့ အသုံးများပါတယ်။

📌 အသံထွက်သင်ကြားတဲ့စနစ် မှာလည်း မတူပါဘူး။ တရုတ်ပြည်မကြီးမှာ အသံထွက်ကို Pinyin နဲ့ သင်ကြားပေးပြီး၊ ထိုင်ဝမ်မှာတော့ Zhuyin (ㄅㄆㄇㄈ) ကို အသုံးပြုပါတယ်။

📌 ဒါဆို ဘယ်တစ်ခုကို လေ့လာသင့်လဲ?

✅ တရုတ်ပြည်မကြီးမှာ ပညာသင်ချင်သူ၊ အလုပ်လုပ်ချင်သူတွေနဲ့ HSK စာမေးပွဲ ဖြေဆိုဖို့ ရည်ရွယ်ထားသူတွေအတွက် တရုတ်စာ ကို လေ့လာတာ ပိုသင့်တော်ပါတယ်။
✅ ထိုင်ဝမ်မှာ တက္ကသိုလ်တက်ချင်သူတွေ၊ Scholarship လျှောက်ထားချင်သူ‌တွေ၊ အလုပ်လုပ်ချင်သူတွေနဲ့ TOCFL စာမေးပွဲ ဖြေဆိုဖို့ ရည်ရွယ်ထားသူတွေအတွက် ထိုင်ဝမ် ဘာသာစကား က ပိုသင့်တော်ပါတယ်။

📌 ဒီလို ကွာခြားချက်လေးတွေကို သိသွားပြီဆိုတော့ ကိုယ့်ရည်မှန်းချက်၊ ကိုယ်သွားမယ့်နိုင်ငံနဲ့ ကိုက်ညီမယ့် ဘာသာစကား ကို မှန်ကန်စွာ ရွေးချယ်လိုက်တော့နော် 💬

👉🏻 တရုတ်စာကို အခြေခံကနေ စပြီး HSK နဲ့ TOCFL အတွက် စနစ်တကျ လေ့လာချင်တယ်ဆိုရင်တော့ Stella Mandarin Academy က ကူညီပေးဖို့ အသင့်ရှိနေပါတယ် 💁🏻

💬 အတန်းတွေအကြောင်း အသေးစိတ် သိချင်ရင်တော့ Page Messenger ကနေ အချိန်မရွေး လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်✨

#တရုတ်စာလေ့လာကြမယ်

QUIZ Time လေးဖြေရင်း တရုတ်စာလေ့လာကြမယ် ✨တရုတ်စာမှာ ပစ္စည်းတစ်ခုချင်းစီကို ရေတွက်တဲ့အခါ သုံးရတဲ့ Measure Words တွေက အရမ်း...
10/08/2026

QUIZ Time လေးဖြေရင်း တရုတ်စာလေ့လာကြမယ် ✨

တရုတ်စာမှာ ပစ္စည်းတစ်ခုချင်းစီကို ရေတွက်တဲ့အခါ သုံးရတဲ့ Measure Words တွေက အရမ်းအရေးကြီးပါတယ်နော်။ တစ်ခုနဲ့တစ်ခု သုံးရတဲ့ စကားလုံးတွေမတူလို့ အများစုက ရောထွေးပြီး ခဏခဏ မှားသုံးမိတတ်ကြပါတယ် 💁🏻

ဒါကြောင့် ဒီနေ့မှာတော့ နေ့စဉ်သုံးစကားလုံးလေးတစ်ခုနဲ့ ကိုယ့်ရဲ့ တရုတ်စာ Level ကို စမ်းသပ်ကြည့်ရအောင်👇🏻

🥢 "တူ တစ်စုံ" လို့ တရုတ်လို ပြောချင်ရင် ကွက်လပ်ထဲမှာ ဘယ် Measure Word ကို ထည့်ရမလဲ?
👉 一 ( ) 筷子 (Yī kuàizi)
(A) 个 (gè)
(B) 张 (zhāng)
(C) 双 (shuāng)
(D) 本 (běn)

ကဲ... အဖြေမှန်လေးကို Comment မှာ ဝင်ရောက်ဖြေဆိုပေးသွားပါဦးနော် 💬👇

📖 ဒီလိုမျိုး တရုတ်စာရဲ့ အခြေခံ သဒ္ဒါတွေ၊ Measure Word တွေနဲ့ နေ့စဉ်သုံး ဝေါဟာရတွေကို အခြေခံကနေစပြီး စနစ်တကျ သေချာလေ့လာချင်တယ်ဆိုရင်တော့ Stella Mandarin Academy ရဲ့ Page Chat Box ကို အခုပဲ ဆက်သွယ်လိုက်ပါ 📩


#တရုတ်စာလေ့လာကြမယ်

🇹🇼 TOCFL ဆိုတာ ဘာလဲ❓ထိုင်ဝမ်မှာ ပညာသင်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် မဖြစ်မနေ သိထားသင့်တဲ့ TOCFL အကြောင်း တရုတ်...
03/08/2026

🇹🇼 TOCFL ဆိုတာ ဘာလဲ❓

ထိုင်ဝမ်မှာ ပညာသင်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် မဖြစ်မနေ သိထားသင့်တဲ့ TOCFL အကြောင်း

တရုတ်ပြည်မကြီးမှာ HSK ဖြေဆိုကြရသလိုမျိုးပဲ၊ ထိုင်ဝမ် မှာလည်း ကိုယ့်ရဲ့ တရုတ်စာအရည်အချင်းကို တိုင်းတာဖို့အတွက် TOCFL လို့ခေါ်တဲ့ စာမေးပွဲကို ဖြေဆိုကြရပါတယ်။

ဒါဆိုရင် TOCFL ဆိုတာ ဘာလဲ? ဘာကြောင့် ဖြေဆိုသင့်တာလဲ? ဆိုတာတွေကို အသေးစိတ် လေ့လာကြည့်လိုက်ရအောင်👇

💡 TOCFL ဆိုတာ Test of Chinese as a Foreign Language ကို အတိုကောက်ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ တရုတ်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် အသုံးမပြုတဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပြီး ထိုင်ဝမ်နိုင်ငံကနေ စနစ်တကျ ကျင်းပပေးနေတဲ့ တရုတ်စာ အရည်အချင်းစစ် စာမေးပွဲတစ်ခု ဖြစ်ပါတယ်။

TOCFL ကို အဓိကအားဖြင့် Band (၃) ခု ခွဲခြားထားပြီး၊ Band တစ်ခုစီမှာ Level (၂) ခုစီ ပါဝင်တာကြောင့် စုစုပေါင်း အဆင့် (၆) ဆင့် ရှိပါတယ်။
🔸Band A: Level 1 & Level 2
🔸Band B: Level 1 & Level 2
🔸Band C: Level 1 & Level 2

ဒီလို အဆင့်တွေ ခွဲခြားထားတဲ့ TOCFL စာမေးပွဲမှာ ဘာသာစကားကျွမ်းကျင်မှု (Skills) ၄ မျိုးလုံး ပါဝင်ပေမယ့် ပုံမှန်အားဖြင့်တော့ Listening နဲ့ Reading ဆိုတဲ့ အဓိက အပိုင်း (၂) ခုကိုသာ အများဆုံး ဖြေဆိုလေ့ရှိကြပါတယ်။

မိမိရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီးတော့မှသာ Speaking နဲ့ Writing အပိုင်းတွေကို သီးသန့် ထပ်မံဖြေဆိုနိုင်ပြီး၊ များသောအားဖြင့်ကတော့ အထက်ပါ Listening နဲ့ Reading အပိုင်း (၂) ခုကို ဖြေဆိုထားရုံနဲ့တင် လုံလောက်မှုရှိပါတယ်။

🎓 TOCFL Certificate ရရှိထားခြင်းရဲ့ အဓိက အားသာချက်များ

✅ထိုင်ဝမ်ပညာသင်ဆု (Taiwan Scholarship) လျှောက်ထားနိုင်ခြင်း
ထိုင်ဝမ်အစိုးရ ဒါမှမဟုတ် တက္ကသိုလ်တွေက ချီးမြှင့်တဲ့ ပညာသင်ဆုတွေ လျှောက်ထားရာမှာ အဓိကထား အသုံးပြုနိုင်တဲ့ အရေးကြီး သက်သေခံလက်မှတ် ဖြစ်ပါတယ်။

✅ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ခြင်း
ထိုင်ဝမ်တက္ကသိုလ်တွေမှာ တရုတ်ဘာသာနဲ့ သင်ကြားတဲ့ မေဂျာတွေ တက်ရောက်ချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့ TOCFL Level ရရှိထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

✅အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိခြင်း
ကျောင်းပြီးလို့ ထိုင်ဝမ်ကုမ္ပဏီတွေမှာ အလုပ်လုပ်ဖို့ ဗီဇာလျှောက်ထားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ထိုင်ဝမ်အခြေစိုက် လုပ်ငန်းတွေမှာ အလုပ်လျှောက်တဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဘာသာစကား ကျွမ်းကျင်မှုကို သက်သေပြဖို့ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။

#တရုတ်စာလေ့လာကြမယ်

MDY HSK new version နဲ့ 9လပိုင်းမှာဖြေဖို့အချိန်စာရင်းထွက်လာပါပြီနော် ‼️‼️
03/08/2026

MDY HSK new version နဲ့ 9လပိုင်းမှာဖြေဖို့အချိန်စာရင်းထွက်လာပါပြီနော် ‼️‼️

ထိုင်ဝမ်ဘာသာစကားကို အမြန်ဆုံး တိုးတက်စေမယ့် TOCFL Exam Preparation Class 🇹🇼✨ထိုင်ဝမ်ဘာသာစကား တိုးတက်ဖို့နဲ့ TOCFL စာမေးပ...
31/07/2026

ထိုင်ဝမ်ဘာသာစကားကို အမြန်ဆုံး တိုးတက်စေမယ့် TOCFL Exam Preparation Class 🇹🇼✨

ထိုင်ဝမ်ဘာသာစကား တိုးတက်ဖို့နဲ့ TOCFL စာမေးပွဲဖြေဖို့ Chinese Skills (၄) ခုလုံးကို အချိန်အကြာကြီး ယူပြီး ကျွမ်းကျင်မှရမယ်လို့ ထင်နေတုန်းလား? 🤔💭

တကယ်တော့ အချိန်တိုအတွင်း ထိုင်ဝမ်ဘာသာစကား တိုးတက်ပြီး စာမေးပွဲပါ အောင်မြင်ဖို့အတွက် Listening + Reading (၂) မျိုး ကိုပဲ Strategy မှန်မှန်နဲ့ ပြင်ဆင်သွားရုံနဲ့ မိမိဖြစ်ချင်တဲ့ Target Level ကို အေးဆေး အောင်မြင်နိုင်ပါတယ်ရှင်။ ✨

💡 Stella Mandarin Academy ရဲ့ TOCFL Exam Preparation Class မှာ -

📌 TOCFL စာမေးပွဲမှာ မကြာခဏ တွေ့ရတဲ့ Question Patterns

📌 Listening အပိုင်းမှာ အမှတ်ရစေမယ့် နားထောင်နည်း Strategies

📌 Reading အပိုင်းကို မြန်မြန်ဆန်ဆန် နားလည်ပြီး အမှတ်ရလွယ်စေမယ့် Techniques

ဆိုပြီး Exam အတွေ့အကြုံပေါ် မူတည်ပြီး ထိုင်ဝမ်ဘာသာစကား တိုးတက်အောင် အသေးစိတ် ထိထိရောက်ရောက် လေ့ကျင့်ပေးသွားမှာပါ။

ဒါကြောင့် ဒီအတန်းကို တက်ရောက်လိုက်တာနဲ့ -

✅ ထိုင်ဝမ်ဘာသာစကား Level ကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် တိုးတက်လာမယ်။

✅ စာမေးပွဲကို စိတ်အေးချမ်းစွာ ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုနိုင်ပြီး မိမိလိုချင်တဲ့ Target Level ကို အမြန်ဆုံး ရောက်ရှိသွားမယ်။

🎓 TOCFL အောင်လက်မှတ် ရှိထားတဲ့အခါ -

• ကျောင်းဝင်ခွင့်လျှောက်ထားရာမှာ အခွင့်အလမ်း ပိုမို သာလွန်သွားမယ်။

• ထိုင်ဝမ်ရောက်တဲ့အခါမှာလည်း ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်တွေ ရဖို့ များစွာ အထောက်အကူပြုမယ်။

ဒီလို အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ဆိုတာ Target Level ကို အရောက်လှမ်းနိုင်ဖို့ပဲ လိုတာပါ။

🚀 ဒီတစ်ခေါက် စာမေးပွဲမှာ မိမိလိုချင်တဲ့ Target Level ကို အမိအရ မိစေဖို့ အခုပဲ အတူတူ စတင်ပြင်ဆင်လိုက်ရအောင်!

📩 သင်တန်းအသေးစိတ်နဲ့ အတန်းချိန်များကို Chat Box ကနေ အခုပဲ မေးမြန်းနိုင်ပါပြီရှင်။

HSK 2 ကနေ HSK 3 အထိ အောင်မြင်စွာ တက်လှမ်းလာတဲ့ သားသား 💯✨ကလေးကို တရုတ်စာ သင်ပေးချင်ပေမဲ့ အဆင်မပြေဘဲ တကယ် တတ်မြောက်ပါ့မလား...
29/07/2026

HSK 2 ကနေ HSK 3 အထိ အောင်မြင်စွာ တက်လှမ်းလာတဲ့ သားသား 💯✨

ကလေးကို တရုတ်စာ သင်ပေးချင်ပေမဲ့ အဆင်မပြေဘဲ တကယ် တတ်မြောက်ပါ့မလားလို့ စိတ်ပူနေပါသလား? 💭✨

ကလေးက စာလိုက်နိုင်ပါ့မလား၊ သင်ပေးတဲ့ တီချယ်ကရော စိတ်ရှည်ပါ့မလားလို့ စိုးရိမ်နေတဲ့ မေမေတို့အတွက်...

အခုလက်ရှိ အတန်းတက်နေတဲ့ သားသားရဲ့ မေမေကိုယ်တိုင် ပေးထားတဲ့ ဒီ Review လေးက အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။ 🥰

"သားသားက HSK 2 ကစသင်လာတာ ခု HSK 3 ဆက်တက်နေပါပြီ။ တီချယ်က အရမ်းစိတ်ရှည်ပြီး အတန်းချိန်တွေလည်း ပုံမှန်ဝင်ပေးလို့ အရမ်းကို အဆင်ပြေပါတယ်ရှင့်။ နောက် HSK Level တွေကိုလည်း Stella Mandarin Academy မှာပဲ ဆက်သင်သွားဖို့ ဆုံးဖြတ်ထားပါတယ်ရှင့်။ 🫶🏻"

သားသားလေး ရလဒ်ကောင်းကောင်းနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူနေရလို့ အခုလို အားတက်သရော Review လေး ပေးပို့ပေးတဲ့အတွက် Stella Mandarin Academy မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ ❤️✨

ကလေးတို့ရဲ့ တရုတ်စာ အခြေခံကို ခိုင်မာစေပြီး HSK Level အလိုက် စနစ်တကျ ကျွမ်းကျင်လာစေဖို့ Stella Mandarin Academy က အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါရှင်။ 🫶🏻✨

သားသားမီးမီးတို့ကို အခြေခံကစပြီး HSK Level အလိုက် စနစ်တကျ တတ်မြောက်စေချင်တယ်ဆိုရင်တော့...

ကျွန်မတို့ရဲ့ သင်တန်းလေးမှာ အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။ 🎉

📩 အသေးစိတ်ကို Chat Box ကနေ အခုပဲ မေးမြန်းနိုင်ပါတယ်နော်။

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) 🌕​မြတ်စွာဘုရားရှင် တရားဦး ဓမ္မစကြာကို စတင်ဟောကြားတော်မူခဲ့ပြီး သာသနာ့အလင်းရောင် စတင်ထွန...
29/07/2026

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) 🌕

​မြတ်စွာဘုရားရှင် တရားဦး ဓမ္မစကြာကို စတင်ဟောကြားတော်မူခဲ့ပြီး သာသနာ့အလင်းရောင် စတင်ထွန်းလင်းခဲ့သည့် ဝါဆိုလပြည့်နေ့မြတ် အခါသမယ... ✨
​ဒီနေ့လို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ အခါတော်နေ့မှာ မိတ်ဆွေတို့၏ စိတ်နှလုံးထဲ၌ အေးချမ်းမှု တရားဓမ္မ အရိပ်စစ်များ လွှမ်းမိုးနိုင်ကြပါစေကြောင်း စုမွန်ကောင်း တောင်းအပ်ပါသည်။

​ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့မှစ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ဘဝခရီးလမ်းတိုင်းမှာ အောင်မြင်အေးချမ်းကြပါစေ။

တရုတ်စာ လေ့လာသူတွေ အပြောများဆုံး Grammar အမှား (၃) ချက်တရုတ်စာကို စပြီးလေ့လာတဲ့အခါ မြန်မာဝါကျတည်ဆောက်ပုံအတိုင်း စိတ်ထဲကန...
28/07/2026

တရုတ်စာ လေ့လာသူတွေ အပြောများဆုံး Grammar အမှား (၃) ချက်

တရုတ်စာကို စပြီးလေ့လာတဲ့အခါ မြန်မာဝါကျတည်ဆောက်ပုံအတိုင်း စိတ်ထဲကနေ တိုက်ရိုက်ဘာသာပြန်ပြီး ပြောမိတာမျိုး ရှိတတ်ကြပါတယ်။ 💭

အဓိပ္ပာယ်ချင်း တူသလိုလိုနဲ့ တရုတ် Grammar အရ မှားနေတတ်တဲ့၊ Beginner တော်တော်များများ မှားလေ့ရှိတဲ့ အချက် (၃) ချက်ကို ဒီနေ့မှာ မျှဝေပေးသွားပါမယ်။

ကိုယ်ရော ဒီလိုမျိုး မှားပြောမိနေလား... တူတူစစ်ကြည့်ရအောင်နော်! 👇

📌 ၁။ "နေရာ" ကို ဝါကျအနောက်မှာ သွားထားမိတာ

တရုတ်စာမှာ တစ်ခုခု မလုပ်ခင် "ဘယ်မှာ လုပ်တာလဲ" ဆိုတဲ့ နေရာကို အရင်ပြောရပါတယ်။ လုပ်ဆောင်ချက် (Action) ကမှ အနောက်က လိုက်ရတာပါ။

• 我 看书 在学校。 ❎
(Wǒ kànshū zài xuéxiào.)

• 我 在学校 看书。 ✅
(Wǒ zài xuéxiào kànshū.)

🍃 လွယ်လွယ်မှတ်ရန်: 在 + နေရာ (Location Phrase) ကို Verb မတိုင်ခင် ထားပါ။

📌 ၂။ "အချိန်" ကို ဝါကျအဆုံးရောက်မှ ထည့်ပြောမိတာ

မနက်/ည၊ နာရီ၊ နေ့စွဲ စတဲ့ "အချိန်" တွေကို ပုံမှန် Chinese sentence structure မှာ ဝါကျအစ သို့မဟုတ် Subject ပြီးပြီးချင်း မှာ ထားလေ့ရှိပါတယ်။

• 我 吃饭 早上。 ❎
(Wǒ chīfàn zǎoshang.)

• 我 早上 吃饭。 ✅
(Wǒ zǎoshang chīfàn.)

🍃 လွယ်လွယ်မှတ်ရန်: အချိန်ပြစကားလုံးကို အမြဲ အရှေ့ပိုင်းမှာပဲ ထားပါ။

📌 ၃။ နာမ်မပါဘဲ "是 (shì - ဖြစ်သည်)" ကို လိုက်ထည့်မိတာ

နောက်ကလိုက်တဲ့ စကားလုံးက "လှတယ်/ကောင်းတယ်" စတဲ့ အခြေအနေပြ (Adjective) ဆိုရင် "是" သုံးစရာ မလိုပါဘူး။ "很 (hěn)" သို့မဟုတ် "非常 (fēicháng)" စတဲ့ ပမာဏပြ စကားလုံးလေးပဲ ယှဉ်သုံးပေးရုံပါပဲ။

• 她 是 很漂亮。 ❎
(Tā shì hěn piàoliang.)

• 她 很 漂亮。 ✅
(Tā hěn piàoliang.)

🍃 လွယ်လွယ်မှတ်ရန်: "သူမ အရမ်းလှတယ်" လို့ ပြောချင်ရင် '是' ဖြုတ်ပြီး '很' ပဲ သုံးပါ။

တရုတ်စာကို အခြေခံကစလို့ အမှားအယွင်းမရှိ စနစ်တကျ ပြောတတ်၊ ရေးတတ်ချင်တယ်ဆိုရင်တော့…

Stella Mandarin Academy ရဲ့ အနီးကပ် Guide ပေးမယ့် သင်တန်းတန်းခွဲသစ်တွေ ရှိတာမို့ အသေးစိတ်ကို Page Chat Box မှာ အခုပဲ လာရောက်စုံစမ်းနိုင်ပါပြီနော်! 💌💬

#တရုတ်စာလေ့လာကြစို့

Address

Yangon

Telephone

+959455200678

Website

Alerts

Be the first to know and let us send you an email when Stella Mandarin Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share