Stella Mandarin Academy

Stella Mandarin Academy

Share

开启您的中文精通之旅在 Stella Mandarin Academy👩🏻‍🏫
🌟 Welcome to join our Chinese Online Classes!!🌟

25/05/2026

QUIZ Time လေးဖြေရင်း တရုတ်စာလေ့လာကြမယ်နော် ✨

တရုတ်စကားကို Natural ကျကျ ပြောဆိုနိုင်ဖို့ "မျိုးပြစကားလုံး" (Measure Words) တွေကို မှန်ကန်စွာ သုံးတတ်ဖို့ လိုပါတယ်။

ဒီနေ့ရဲ့ Vocabulary Quiz ကတော့ အသုံးများတဲ့ မျိုးပြစကားလုံးလေးတစ်ခုအကြောင်းမို့ အားလုံးပါဝင်ဖြေဆိုကြည့်ရအောင်။ 🥰

"ငါးတစ်ကောင်" လို့ တရုတ်လို ပြောတဲ့အခါ ငါးအတွက် ဘယ်မျိုးပြစကားလုံးကို သုံးရမလဲ? 🤔

(A) 只 (Zhī)
(B) 条 (Tiáo)
(C) 个 (Gè)

အဖြေမှန်ကို Comment မှာ ရေးခဲ့ပေးဦးနော်။ ✨

(သိတဲ့သူတွေက တခြား ဘယ်အရာတွေမှာပါ သုံးလို့ရသေးလဲဆိုတာ ဖြေပေးသွားပါအုံး🤩)

📖 တရုတ်စာကို အခြေခံကနေ စနစ်တကျနဲ့ သင်ယူချင်တယ်ဆိုရင်တော့ Stella Mandarin Academy ရဲ့ Page Chat Box မှာ အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။ 📩


#တရုတ်စာလေ့လာကြမယ်

22/05/2026

တရုတ်လို “အကြိမ်ရေပြစကားလုံးတွေ” ဘယ်လိုခွဲသုံးမလဲ 👀🇨🇳

တရုတ်စာ လေ့လာနေသူ တော်တော်များများဟာ “经常” နဲ့ “通常” ကို အနည်းဆုံး တစ်ခါတော့ ရောထွေးအသုံးပြုဖူးကြမှာပါ။ 😵‍💫

“ခဏခဏ” လို့ ပြောချင်တာကို “တစ်ခါတလေ” ဖြစ်သွားတာမျိုး…
ဒါမှမဟုတ် “ဘယ်တော့မှ မ…” ဆိုတာကို ဘယ်လိုပြောရမလဲ မသေချာတာမျိုး ရှိတတ်ပါတယ်။

တရုတ်စကားပြောတဲ့အခါ Frequency Adverbs (အကြိမ်ရေပြ စကားလုံးတွေ) က နေ့စဉ် Conversation မှာ အရမ်းအသုံးဝင်တာမို့ မိမိပြောချင်တဲ့ အဓိပ္ပာယ်အတိုင်း တိတိကျကျ ခွဲခြားအသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။

ဒီနေ့မှာတော့ Chinese Frequency Words တွေကို 100% (Always) ကနေ 0% (Never) အထိ လွယ်လွယ်မှတ်လို့ရအောင် စုစည်းပေးထားပါတယ် 👇

📌 Frequency Adverbs in Chinese

✅ 100% — 总是 (zǒngshì)
👉 အမြဲတမ်း (Always)

✅ 90% — 通常 (tōngcháng)
👉 များသောအားဖြင့် (Usually)

✅ 80% — 经常 (jīngcháng)
👉 ခဏခဏ / မကြာခဏ (Frequently)

✅ 70% — 时常 (shícháng)
👉 မကြာခဏ (Often)

✅ 50% — 有时 (yǒushí)
👉 တစ်ခါတလေ (Sometimes)

✅ 30% — 偶尔 (ǒu'ěr)
👉 ရံဖန်ရံခါ (Occasionally)

✅ 15% — 很少 (hěnshǎo)
👉 နည်းနည်းပဲ (Seldom)

✅ 5% — 极少 (jíshǎo)
👉 အလွန်ရှားပါးစွာ (Rarely)

✅ 0% — 从来没有 / 从来不 (cónglái méiyǒu / cónglái bù)
👉 ဘယ်တော့မှ မ… (Never)

💡 Grammar Tip & Example

ဒီ Frequency Words တွေကို အများအားဖြင့် 👇
📍 Subject + Frequency Word + Verb ပုံစံနဲ့ သုံးပါတယ်။

👉Example

我经常喝咖啡။
(Wǒ jīngcháng hē kāfēi.)
👉ကျွန်တော် ကော်ဖီ ခဏခဏ သောက်တယ်”

我 经常 看中国电影။
(Wǒ jīngcháng kàn Zhōngguó diànyǐng.)
👉 “ကျွန်တော် တရုတ်ကား ခဏခဏ ကြည့်တယ်။”

我 有时 看中国电影။
(Wǒ yǒushí kàn Zhōngguó diànyǐng.)
👉 “ကျွန်တော် တစ်ခါတလေမှ တရုတ်ကား ကြည့်တယ်။”

ဒီ Words လေးတွေကို စနစ်တကျ မှတ်ထားပြီး နေ့စဉ်စကားပြောမှာ လေ့ကျင့်ကြည့်ပါ။ တရုတ်စကားပြော ပိုပြီး Natural ဖြစ်လာဖို့ အများကြီး အထောက်အကူပြုမှာ သေချာပါတယ် ✨

📌 Chinese Learning Tips & Daily Vocabulary တွေကို အမြဲလေ့လာချင်ရင် Stella Mandarin Academy Page ကို Follow လုပ်ထားဖို့ မမေ့နဲ့နော် 🇨🇳📚







#တရုတ်စာ #တရုတ်စာသင်တန်း

20/05/2026

ဒီနေ့ 5လပိုင်း 20ရက်နေ့ဆိုတော့ 520 အကြောင်းကိုသိကြမယ်ဟုတ်? 🤔🩷

မသိရင် ချစ်သူလေးနဲ့ရိုဖို့တကွက်မရတော့ဘူးနော်😏 520 အကြောင်းဆက်ကြည့်ကြစို့...

520ဆိုတာ online ချစ်သူများနေ့(网络情人节)ပဲဖြစ်ပါတယ်💝

1998ခုနှစ် ထိုင်ဝမ်အဆိုတော် 范晓萱 ရဲ့数字恋爱 ထဲကသီချင်းစာသား (520 是我爱你,587是对不起)ကနေစဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ အဲ့ခေတ်မှာ ခုလိုဆက်သွယ်ရေးကအဆင်မပြေသေး၊ တယောက်ယောက်ကိုဖုန်းဆက်ချင်ရင် ကိန်းဂဏန်းသာပေါ်တဲ့ BB call စက်ကလေးတွေကခေတ်စားနေတော့ ချစ်သူကြားအဆက်အသွယ်လုပ်ချင်ရင် နံပါတ် Code လေးတွေရိုက်လိုက်တာနဲ့ ကိုယ်ပေးချင်တဲ့ message လေးပေးနိုင်တော့ ရိုမန်တစ်‌ဆန်ပြီပေါ့ အဲ့ချိန်ကစပြီး တရုတ်ပြည်မှာ စရေပန်းစားလာခဲ့ပါ‌တော့တယ် ✨

ခုဆို တရုတ်၊ မလေး၊ စင်ကာပူမှာ 5လပိုင်း 20ရက်နေ့ကို ချစ်သူများအတူဆင်နွှဲဖြတ်သန်းလေ့ရှိကြတယ်။
လူငယ်များကြား‌ ရေပန်းစားတဲ့အချစ်သ‌ေင်္က‌တ‌နေ့ဖြစ်တဲ့ 520ကို လက်ထပ်ခွင့်တောင်းတဲ့နေ့၊ လက်ထပ်တဲ့နေ့အဖြစ်လည်းရွေးချယ်တတ်ကြတယ်🩷

ကဲ... ဒါဆို 520အပြင် ကိုယ့်ချစ်သူလေးကို ဘယ်လိုရိုလို့ရသေးလဲဆိုတာ ဆက်ကြည့်ရအောင်...❤️👇🏻

520 (我爱你) -> I love you

​530 (我想你) -> I miss you

​720 (亲爱的) -> Honey / Darling / Sweetheart

​920 (就爱你) -> Just love you

​5406 (我是你的) -> I am yours

​04551 (你是我唯一) -> You are my one and only

​609 (到永久) -> Forever

​1314 (一生一世) -> Forever and ever

​8013 (伴你一生) -> Accompany you for a lifetime / By your side for life

​3399 (长长久久) -> Everlasting

​3731 (真心真意) -> With all my heart

​53770 (我想亲亲你) -> Want to kiss you

​53880 (我想抱抱你) -> Want to hug you

​54430 (我时时想你) -> You are always on my mind

​93110 (好想见见你) -> I really want to see you / Longing to see you

​525460 (我爱死你了) -> I love you to death / I'm madly in love with you

ချစ်တဲ့သူတိုင်းသာယာချမ်းမြေ့ဖွယ် အချစ်ခရီးလေးပိုင်ဆိုင်ကြပါစေ💝

📩 သင်တန်းအကြောင်း အသေးစိတ်စုံစမ်း/အပ်နှံချင်တယ်ဆို -
Page Chat Box သို့မဟုတ် 📞 09-455200678 သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

#520 #တရုတ်စာ

18/05/2026

အစကောင်းမှ အနှောင်းသေချာစေမယ့် ခြေလှမ်းသစ်များ 🏮✨

"ဘာကြောင့် လူအများစုက တရုတ်စာကို စသင်ပြီးမှ လမ်းခုလတ်မှာ ရပ်တန့်သွားကြတာလဲ?" 🤔

ဘာလို့လဲဆိုတော့ တရုတ်စာသင်ယူတဲ့ ခရီးရှည်ကြီးမှာ ပထမဆုံးခြေလှမ်းက အရေးကြီးဆုံးမို့လို့ပါ။ စလှမ်းကတည်းက စနစ်မကျရင်၊ အခြေခံမခိုင်မာရင် ခရီးဆုံးအထိ ရောက်ဖို့ ခက်ခဲသွားတတ်ပါတယ်။

တရုတ်စကားပုံတစ်ခုမှာ "万事开头难" (Wàn shì kāi tóu nán) - "အရာရာတိုင်းဟာ အစမှာ ခက်ခဲတတ်တယ်" လို့ ဆိုရိုးရှိပါတယ်။

ဒါပေမဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ် (Foundation) သာ ရှိနေရင် ဘယ်လောက်ခက်ခဲတဲ့ အစပဲဖြစ်ဖြစ် ရင်ဆိုင်ရတာ ပိုပြီး လွယ်ကူသွားမှာပါ။ မြန်မာစကားပုံမှာလည်း "အစကောင်းမှ အနှောင်းသေချာ" ဆိုတာ ရှိတယ်မဟုတ်လား။

တရုတ်စာလေ့လာတဲ့နေရာမှာ Foundation ဆိုတာ အဆောက်အဦးတစ်ခုရဲ့ အောက်ခြေ ဖောင်ဒေးရှင်းတိုင်တွေလိုပါပဲ။ အသံထွက် (Pinyin)၊ စာလုံးအရေးအသားနဲ့ နားထောင်မှုစွမ်းရည်တွေ စနစ်ကျဖို့က အစပိုင်းမှာတင် သေချာပျိုးထောင်ထားရမယ့် အရာတွေပါ။

အခြေခံတိုင်မခိုင်မာရင် ရေရှည်မှာ ရှေ့ဆက်ဖို့ အားလျော့သွားတတ်ကြတာမို့ ပထမဆုံးခြေလှမ်းမှာတင် စနစ်ကျတဲ့ အခြေခံအုတ်မြစ်ရှိနေဖို့က အရေးကြီးဆုံးပါပဲ။

ဒါကြောင့်လည်း Stella Mandarin Academy မှာ New Version HSK ရဲ့ လိုအပ်ချက်တွေနဲ့အညီ မျက်မှောက်ခေတ် Lifestyle ကြားထဲမှာ ထိရောက်မှုအရှိဆုံး လေ့လာနိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

👣 "မိုင်ပေါင်းထောင်ချီတဲ့ ခရီးဟာ ခြေတစ်လှမ်းကနေပဲ စတင်တာပါ" 🗺️

သင့်ရဲ့ တရုတ်စာခရီးစဉ်ကို လမ်းခုလတ်မှာတင် ရပ်မသွားဘဲ ခရီးဆုံးအထိ အောင်မြင်စွာ လှမ်းနိုင်ဖို့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုကို အတူတူ စတင်တည်ဆောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။ ✨

15/05/2026

QUIZ Time လေးဖြေရင်း တရုတ်စာလေ့လာကြမယ်နော် ✨

တရုတ်စာလေ့လာတဲ့အခါ ဝေါဟာရတွေကို တစ်လုံးချင်းစီ အလွတ်ကျက်နေရတာ ပျင်းစရာကောင်းနေပြီလား? 🥱

ဒါဆိုရင်တော့ တစ်လုံးကိုသိတာနဲ့ နောက်တစ်လုံးပါ အလိုလိုတွဲမှတ်မိသွားစေမယ့် Opposite Words (ဆန့်ကျင်ဘက်စကားလုံး) လေးတွေနဲ့ လေ့ကျင့်ကြည့်ရအောင်။

ဒီနေ့ရဲ့ Vocabulary Quiz ကတော့ လွယ်လွယ်လေးမို့ အားလုံးပါဝင်လို့ ရပါတယ်ရှင်။ 👇

" 大 (Dà) - ကြီးသော " ရဲ့ ဆန့်ကျင်ဘက် စကားလုံး (ငယ်သော) ကို တရုတ်လို ဘယ်လိုခေါ်လဲ?

(A) 小 (Xiǎo)
(B) 少 (Shǎo)
(C) 高 (Gāo)

အဖြေမှန်မယ်ကို Comment မှာ ရေးခဲ့ပေးဦးနော်။

📖 တရုတ်စာကို အခြေခံကနေ စနစ်တကျနဲ့ Natural ကျကျ ပြောတတ်ချင်တယ်ဆိုရင်တော့ Page Chat Box မှာအခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။ ✨


#တရုတ်စာလေ့လာကြမယ်

Photos from Stella Mandarin Academy's post 12/05/2026

HSK လက်မှတ်တစ်ခုက သင့်ဘဝကို ဘယ်လောက်အထိ ပြောင်းလဲပေးနိုင်လဲ? 🤔✨

"အရည်အချင်းချင်း တူနေရင်တောင် တရုတ်စာတတ်တဲ့သူ (HSK ရထားသူ) က လစာ (၂) ဆ ပိုရနေတာ သတိထားမိလား?" 📈

တရုတ်စာ တတ်ရုံနဲ့ မလုံလောက်တော့တဲ့ ခေတ်မှာ HSK Certificate က သင့်ရဲ့ CV ကို အားအကောင်းဆုံး ဖြစ်စေမှာပါ။

သင်ယူမှုတိုင်းမှာ ခိုင်မာတဲ့ ရလဒ်တစ်ခု ရှိဖို့လိုပါတယ်။ HSK ဆိုတာ စာရွက်တစ်ရွက်ထက် ပိုပြီး သင့်ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဖန်တီးပေးနိုင်တဲ့ အရာပါ... 👇

✅ Full Scholarship နဲ့ တရုတ်ပြည်မှာ အခမဲ့ ကျောင်းတက်ချင်လား?

✅ အိမ်မှာနေရင်း Freelance လုပ်ပြီး ဝင်ငွေ ရှာချင်လား?

✅ ဒါမှမဟုတ် Company ကြီးတွေမှာ ရာထူးတိုး၊ လစာတိုး ချင်လား?

ဒီအခွင့်အလမ်းတွေအားလုံးအတွက် HSK Certificate က အဖြေပါပဲ။ 🎯

အခုဆိုရင် Stella Mandarin Academy မှာ HSK New Version သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားပေးနေပြီဖြစ်လို့...

🔹လက်ရှိ HSK 2.0 ပဲဖြေဖြေ
🔹နောင်စစ်မဲ့ HSK 3.0 ပဲဖြေဖြေ ဘယ် Version အတွက်မဆို အဆင်သင့် Ready ဖြစ်နေစေရပါမယ်။ ✨

🌟သင့်ဘဝအတွက် အဖိုးတန်တဲ့ တက်လမ်းတစ်ခုဖြစ်စေမယ့် ဇွန်လ (June) အတန်းခွဲသစ်များကို စတင်အပ်နှံနိုင်ပါပြီ။ 📝

✨ ဘာကြောင့် Stella Mandarin Academy ကို ရွေးချယ်သင့်သလဲ?

✅ Zoom Face-to-Face: ဆရာမနှင့် တိုက်ရိုက်ထိတွေ့ သင်ကြားနိုင်ခြင်း။

✅ New Version Focused: HSK New Version အလိုက် Vocabulary၊ မေးခွန်းဟောင်းနှင့် Listening, Reading, Writing ပိုင်းများကို ထိထိရောက်ရောက် Guide ပေးခြင်း။

✅ Efficient Learning: တစ်ပတ် ၂ ရက်ဖြင့် Lifestyle နှင့် Balance ဖြစ်အောင် သင်ကြားပေးခြင်း။

✅ All-in-One Fee: သင်တန်းကြေးထဲတွင် စာအုပ်ဖိုင်၊ စာမေးပွဲနှင့် Certificate ကြေးများ အပြီးအစီးပါဝင်ခြင်း။

✅ Recorded Videos: သင်ခန်းစာတွေကို အချိန်မရွေး ပြန်လည်လေ့လာနိုင်ဖို့ Video Record များ ပို့ပေးခြင်း။

📌 သင်တန်းသားများကို သေချာဂရုစိုက်သင်ကြားနိုင်ရန် အတန်းတိုင်းမှာ လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး လာရောက်အပ်နှံထားဖို့ လိုပါတယ်နော်။ ⏳✨

"HSK လက်မှတ်က စာရွက်တစ်ရွက်ပဲ မဟုတ်ပါဘူး... သင့်အတွက် ပိုကောင်းတဲ့ အနာဂတ် တံခါးပေါက်တစ်ခုပါ" 🚪✨

အနာဂတ်အတွက် အရေးပါတဲ့ တရုတ်ဘာသာစကားကို Stella Mandarin Academy နဲ့အတူ Smart ကျကျ လေ့လာလိုက်ရအောင်။ 🚀

📩 အသေးစိတ်စုံစမ်းရန်/အပ်နှံရန် -
Page Chat Box သို့မဟုတ် 📞 09-455200678 သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

#တရုတ်စာ #ပညာသင်ဆု

10/05/2026

မေလ ၁၀ ရက်နေ့မှာ ကျရောက်သော "ကမ္ဘာ့အမေများနေ့" မှာ မေမေတို့အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေ။

သားသမီးတိုင်းရဲ့ အားကိုးရာ မေတ္တာရှင် မေမေများအားလုံး လိုအင်ဆန္ဒများ ပြည့်ဝပြီး ဘေးရန်ကင်းကွာကြပါစေကြောင်း Stella Mandarin Academy မှ အလေးအနက် ဂုဏ်ပြုဆုတောင်းအပ်ပါတယ်။ ❤️

#အမေများနေ့ #မေမေတို့ပျော်ရွှင်ပါစေ

09/05/2026

အလုပ်တစ်ဖက်နဲ့ တရုတ်စာ သင်ဖို့ အချိန်ညှိရခက်နေသလား? 💭✨

တရုတ်စာ လေ့လာချင်ပေမဲ့ တစ်နေကုန် အလုပ်လုပ်ရလို့ အချိန်မပေးနိုင်မှာ စိုးရိမ်နေသူတွေ၊ သင်တန်းကြေးရော တကယ်တန်ပါ့မလားလို့ တွေးပူနေသူတွေအတွက်...
အခုလက်ရှိ အတန်းတက်နေတဲ့ သင်တန်းသူလေး Ma Shwe Zin Ko ရဲ့(Review) အစစ်အမှန်လေး ကို ဝေမျှပေးချင်ပါတယ်ရှင်။ 🥰

"သင်တန်းကြေး သက်သာတဲ့အပြင် Laoshi ကလည်း စိတ်ရှည်သဘောကောင်းပြီး အသင်အပြ အရမ်းကောင်းပါတယ်ရှင့်။ မသိတာတွေကိုလည်း အသေးစိတ် သေချာရှင်းပြပေးပါတယ်။ သင်တန်းအချိန်က ညဘက်ဆိုတော့ အလုပ်တစ်ဖက်နဲ့ တက်ရတာလည်း တကယ်ကို အဆင်ပြေပါတယ်။ Laoshi တို့ရဲ့ နောက်ထပ်အတန်းတွေကိုလည်း ဆက်တက်ဖို့ ရှိပါတယ်ရှင့်။ ဒီသင်တန်းလေးကိုတော့ Highly Recommend ပါတယ်နော်။ 🫶🏻"

အလုပ်တစ်ဖက်နဲ့မို့ ပင်ပန်းနေပေမဲ့ အခုလို အားတက်သရော Review ပေးတဲ့အတွက် Stella Mandarin Academy ကနေ အများကြီး ကျေးဇူးတင်ပါတယ်ရှင်။ ❤️✨

အလုပ်တွေ ဘယ်လောက်ရှုပ်နေပါစေ... တရုတ်စာကို ထိရောက်စွာ သင်ယူနိုင်ဖို့ Stella Mandarin Academy က အကောင်းဆုံး ကူညီပေးမှာပါရှင်။ 🫶🏻✨

တရုတ်စာကို အခြေခံကစပြီး HSK Level အလိုက် ကျွမ်းကျင်အောင် သင်ယူချင်တယ်ဆိုရင်တော့...

ကျွန်မတို့ရဲ့ သင်တန်းလေးမှာ အခုပဲ စုံစမ်းလို့ ရပါပြီရှင်။ 🎉

📩 အသေးစိတ်ကို Page Chat Box ကနေ အခုပဲ မေးမြန်းနိုင်ပါတယ်နော်။


06/05/2026

Vocabulary တွေကို အချိန်တိုအတွင်း အဆမတန် တိုးပွားလာစေမယ့် Branching Method! 🌿

တရုတ်စာလေ့လာတဲ့အခါ Vocabulary တွေကို မြန်မြန်နဲ့ အများကြီး မှတ်မိချင်ရင် ဒီနည်းလမ်းကို သိထားမှဖြစ်မှာပါ။ ✨

ပြီးခဲ့တဲ့လက '爱' (Ài) - အချစ် ဆိုတဲ့ စကားလုံးလေးကို အခြေခံပြီး Branching Method နဲ့ Vocabulary တွေ တိုးပွားအောင် လုပ်ခဲ့ကြတာ မှတ်မိဦးမှာပါနော်။ 💞

ဒီတစ်ပတ်မှာတော့ '心' (Xīn) - နှလုံးသား/စိတ် ဆိုတဲ့ စကားလုံးလေးကို အခြေခံပြီး Branches တွေ ဘယ်လို ထပ်ဖြာထွက်မလဲဆိုတာ လေ့လာကြည့်ရအောင်။ 🌳❤️

တစ်လုံးချင်း ထိုင်ကျက်နေစရာမလိုဘဲ Root Word တစ်လုံးတည်းကနေ စကားလုံးအသစ်တွေကို အခုလိုမျိုး ချိတ်ဆက်မှတ်သားသွားလို့ ရပါတယ်။

'心' (Xīn) ကနေ ဖြာထွက်လာတဲ့ စကားလုံးများ ✨

开心 (kāixīn) — ပျော်ရွှင်ခြင်း
放心 (fàngxīn) — စိတ်ချခြင်း
小心 (xiǎoxīn) — ဂရုစိုက်ခြင်း
担心 (dānxīn) — စိတ်ပူခြင်း
关心 (guānxīn) — ဂရုစိုက်ကြင်နာခြင်း
信心 (xìnxīn) — ယုံကြည်မှု (Confidence)
心情 (xīnqíng) — စိတ်ခံစားချက်
耐心 (nàixīn) — စိတ်ရှည်သည်းခံခြင်း
决心 (juéxīn) — ဆုံးဖြတ်ချက် (Determination)
心软 (xīnruǎn) — စိတ်ပျော့သော
心形 (xīnxíng) — အသည်းပုံစံ
心理 (xīnlǐ) — စိတ်ပညာ/စိတ်နေစိတ်ထား
心脏 (xīnzàng) — နှလုံး (ခန္ဓာဗေဒ)
核心 (héxīn) — အနှစ်သာရ/ဗဟိုချက်
虚心 (xūxīn) — နှိမ့်ချသောစိတ်

ဒါတွေက ဥပမာတချို့ပဲ ရှိပါသေးတယ်။ '心' ပါဝင်တဲ့ တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ စကားလုံးတွေလည်း အများကြီး ရှိပါသေးတယ်။

ဒီလို Branches ပုံစံနဲ့ ချိတ်ဆက် လေ့လာခြင်းက...

✅ မှတ်ဉာဏ်ထဲမှာ ပိုစွဲမြဲစေတယ်

✅ Vocabulary ကို ပိုမြန်မြန် တိုးတက်စေတယ်

✅ စကားလုံးရဲ့ အသုံးအနှုန်း (Context) ကို ပိုနားလည်စေပါတယ်

တခြား ဘာစကားလုံးတွေ ထပ်သိသေးလဲ? Comment မှာ ဝေမျှပေးခဲ့ပါဦး။ 💬

ဒီလိုမျိုး စနစ်တကျနဲ့ မှတ်ရလွယ်ကူတဲ့ သင်ကြားမှုပုံစံတွေကို Stella Mandarin Academy ရဲ့ သင်တန်းတွေမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

သင်တန်းအကြောင်း စုံစမ်းချင်ရင်တော့ page chat boxမှာ လာရောက်မေးမြန်းနိုင်ပါပြီ။ ✨

#တရုတ်စာ #တရုတ်စကား

01/05/2026

ဒီနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ "အလုပ်သမားနေ့" မှာ ကဏ္ဍအသီးသီးကနေ ရိုးသားစွာ ကြိုးစားရုန်းကန်နေကြတဲ့ အလုပ်သမားထုတစ်ရပ်လုံးကို Stella Mandarin Academy ကနေ အလေးအနက် ဂုဏ်ပြုလိုက်ပါတယ်။ ပင်ပန်းသမျှတွေ အပန်းပြေပြီး ခွန်အားသစ်တွေ ရရှိပါစေနော်။ အားလုံးပဲ Fighting ပါ! 💪🌸🤍

劳动节快乐! (Láodòngjié kuàilè!)
Happy International Workers' Day!

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon