𝙐𝙣𝙠𝙣𝙤𝙬𝙣 𝙇𝙞𝙩𝙩𝙡𝙚 𝙁𝙖𝙘𝙩𝙨

  • Home
  • Myanmar
  • Yangon
  • 𝙐𝙣𝙠𝙣𝙤𝙬𝙣 𝙇𝙞𝙩𝙩𝙡𝙚 𝙁𝙖𝙘𝙩𝙨

𝙐𝙣𝙠𝙣𝙤𝙬𝙣 𝙇𝙞𝙩𝙩𝙡𝙚 𝙁𝙖𝙘𝙩𝙨 A Place Where You Can Fill Yourself With Knowledges

LogoLogoဆိုတာကို အခုခေတ်လူတော်တော်များများသိကြမှာပါ။ Gaming Logo, Brand logoစသည်ဖြင့်ပေါ့။ကျွန်တော်ဒီနေ့ပြောပြချင်တာကတော...
19/05/2022

Logo

Logoဆိုတာကို အခုခေတ်လူတော်တော်များများသိကြမှာပါ။ Gaming Logo, Brand logoစသည်ဖြင့်ပေါ့။ကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ logo type (7)မျိုးရယ် logoတွေကိုဘယ်လိုသုံးစွဲရမလဲဆိုတာလေးပါ။

Logo typeဟာ ၇မျိုးရှိပါတယ်။
တစ်မျိုးချင်းစီမှာကွဲပြားမှုတွေရှိပြီး ကိုယ့်လုပ်ငန်းအတွက်logoအပ်ချင်တာမျိုးဆိုရင် တိတိကျကျပြောမှအဆင်ပြေမှာပါ။ အဲဒီအတွက် logo type 7မျိုးကိုရှင်းပြပေးပါမယ်။

1. Monogram logoလို့ခေါ်တဲ့ Letter mark
သင့်လုပ်ငန်းနာမည်က အရမ်းရှည်နေတဲ့အခါမျိုးမှာ စာချည်းသက်သက်ပဲ နာမည်အတိုကောက်ရေးတာပါ... (example - HBO,NASA)

2. Wordmark
Wordmarkက lettermarkနဲ့တော့ဆင်တယ်။ Text onlyကိုမှ အဆန်းထွင်ပြီးရေးတာမျိုး fontအလှသုံးပြီးရေးတာမျိုးပါ။ မြင်လိုက်တာနဲ့brandနာမည်ကောပုံစံကိုပါ စိတ်ထဲမှတ်မိစေမယ့်ပုံစံမျိုးပါ။ (example - Coca-Cola,Google)

3. Pictorial marks သို့မဟုတ် Logo symbols
Pictorial marksဆိုတာက ကိုယ့်လုပ်ငန်းကိုမှတ်မိလွယ်‌စေမယ့် အရာတစ်ခုခုကိုshapeကြီးသက်သက်ရေးဆွဲတာမျိုးပါ။ ရိုးရှင်းလွန်းပေးမယ့် creativeဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းမြင်ရတယ် မှတ်မိလွယ်တယ်။(example - Twitterကငှက်လေး, Appleရဲ့ ပဲ့နေတဲ့ပန်းသီး)

4. Abstract logo marks
သူက အပေါ်ကပုံစံမျိုးနဲ့တော့တူတယ် ဒါပေမယ့် သူကလုပ်ငန်းရဲ့အဓိပ္ပာယ်ကိုကိုယ်စားပြုတယ်။ နက်နဲတဲ့အဓိပ္ပာယ်ရှိမယ်...သူလည်းမှတ်မိလွယ်ပါတယ်။(example - Adidas , Pepsi)

5. Mascots
Mascotsကတော့ အသုံးများတဲ့ပုံစံပါ။ Gaming logoတို့ ဆိုင်logoတို့မှာအသုံးများကြတယ်။ အရောင်စုံပြီး ပုံလေးတွေနဲ့စာတွေနဲ့ အမြင်ဆန်းအောင်လုပ်တဲ့ပုံစံမျိုးပါ(example - KFC)

6. The combination mark
ဒီဟာကတော့ wordmark, lettermark, a pictorial mark, abstract mark, mascot စတာတွေကိုရောသမပြီး ပုံတစ်ပုံတည်းဖြစ်အောင်လုပ်တဲ့ဟာပါ။ (example - Burger King)

7. The emblem
Emblemကတော့ အဖွဲ့အစည်းတွေ ကျောင်းတွေများအသုံးများတယ် သူတို့ရည်ရွယ်ချင်တဲ့ပုံစံ ဒီဇိုင်းတွေကိုအသုံးပြုကြတယ်။ ဒိုင်းပုံစံ စက်ဝိုင်းပုံစံ စတဲ့ထဲမှာ စာတွေပုံတွေထည့်ပြီးသုံးကြတယ်။(example - Starbucks, Harley-Davidson’s famous crest)

ဟုတ်ပြီ Logo typeတွေကိုသိပြီဆိုတော့ Logoတွေဖန်တီးတဲ့နေရာမှာ၊ သုံးစွဲတဲ့နေရာမှာ အထူးသတိထားရပါမယ်။ Copyrightမငြိဖို့ကအရေးကြီးဆုံးပါပဲ။ ကိုယ့်ဉာဏ်နဲ့ထွက်လာတဲ့အိုင်ဒီယာကိုပဲအသုံးပြုသင့်ပါတယ်။ ဟိုတလောက လမ်းဘေးကော်ဖီဆိုတဲ့ဟာရဲ့ logoက starbucks logoနဲ့အတော်ကြီးဆင်နေတာတွေ့ရတယ်။ Gaming pageတစ်ခုက Logo designerအပ်ပြီးလုပ်လိုက်တဲ့ပုံက Csgo team G2 logoနဲ့ ကွက်တိတူနေတာမျိုးတွေ စသည်ဖြင့်ပေါ့။ Designerလိုလူတွေတောင် တူနေကြတာ ဒီအတိုင်းဝါသနာပါလို့ပဲဖြစ်ဖြစ် ပိုက်ဆံမတတ်နိုင်ရင်ပဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်ကြတဲ့အခါမျိုးမှာ မလုပ်တတ်လုပ်တတ်နဲ့ logo makerကနေအလွယ်တွေလုပ် googleကပုံအလွတ်တွေပေါ်စာတွေကောက်တင်ပြီး ကိုယ်ပိုင်လုပ်ချင်ကြတယ်။ အဲဒါက လုံးဝမကောင်းဘူးဆိုတာပြောချင်ပါတယ်။

Logoတစ်ခု သုံးထောင် ငါးထောင်စသည်ဖြင့်ယူပြီး အပေါ်ကလိုလုပ်စားပြနေတာတွေမြင်ရတာ စိတ်ထဲဒေါသထွက်မိတယ်။ တစ်ချို့လူတွေကလည်း အဲဒါတွေကိုမှအဟုတ်ထင်ပြီး တစ်သောင်း နှစ်သောင်းတောင်းရင် ဈေးမတန်မဆထင်ကြတယ်။ တကယ်Logo feeကအနည်းဆုံးတစ်သောင်းပဲ။ Logoတစ်ခုဖြစ်ဖို့ဆို‌တာအတော်ကိုမလွယ်တာပါ။ အဲ့တော့ ရှောင်ရှားနိုင်ကြပါစေလို့ပဲပြောချင်ပါတယ်။

#လိုဂိုမိတ်ကာကောင်လေးများအားလေးစားလျက်

သင်သိပါသလား?ရုပ်ရှင်တွေ၊ ပုံတွေထဲမှာ တွေ့ရတတ်တဲ့ သွားတိုက်တံကို ဖန်ခွက်တစ်ခုထဲမှာ ပိုးသတ်ဆေးရည်၊ ရေတို့နဲ့ စိမ်ပြီးထားတာ...
19/05/2022

သင်သိပါသလား?

ရုပ်ရှင်တွေ၊ ပုံတွေထဲမှာ တွေ့ရတတ်တဲ့ သွားတိုက်တံကို ဖန်ခွက်တစ်ခုထဲမှာ ပိုးသတ်ဆေးရည်၊ ရေတို့နဲ့ စိမ်ပြီးထားတာရဲ့ အကြောင်းရင်းက အလှအပကြောင့် မဟုတ်ပါဘူး။ ကျန်းမာရေး၊ သန့်ရှင်းရေးအတွက်ကြောင့်သာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း သွားတိုက်တံကို အဲဒီအတိုင်းထားဖို့ သွားဆရာဝန်တွေက အကြံပေးပါလိမ့်မယ်။

သင် နေ့စဉ်သုံးနေတဲ့ သွားတိုက်တံမှာ ဘတ်တီးရီးယား‌ပေါင်း 10millionထက် ပိုမို ပါဝင်နေပါတယ်။ အဲဒီအထဲက မနှစ်မြို့ဖွယ် E.coli bacteriaတွေကတော့ သင့်ကို ဝမ်းပျက်ဝမ်းလျှောတာ၊ ပျို့အန်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် သွားတိုက်တံကို တစ်ခါအသုံးပြုပြီးတိုင်း ရေနဲ့ သေချာဆေးကြောသန့်ရှင်းရပါတယ်။ သွားတိုက်တံကို အနည်းဆုံး သုံးလတစ်ခါ အသစ်လဲရပါတယ်။ တစ်ပတ်ကို တစ်ခါ ပိုးသတ်ဆေးရည်ထဲ(ဝမ်းဗိုက်ထဲဝင်သည့်တိုင် ဥပဒ်မဖြစ်တဲ့ ပိုးသတ်ဆေးရည်ထဲ) ထည့်စိမ်ပြီး ထားသင့်ပါတယ်။ ‌သွားတိုက်တံထည့်တဲ့ ဘူးတွေ၊ သွားတိုက်တံထိပ်မှာ တပ်တဲ့ အခွံ(tooth brush caps)တွေကို မေ့ထားလိုက်ပါ။ အဲဒါတွေဟာ ဘတ်တီးရီးယားတွေ ရှင်သန်ပေါက်ဖွားဖို့ ပိုလို့ လွယ်ကူစေပါတယ်။

နောက်ပြီး ရေချိုးခန်းနဲ့ အိမ်သာရဲ့ ဘေစင်တွေ၊ ‌ဆပ်ပြာထားဖို့၊ ရေချိုးခန်းသုံး ပစ္စည်းတင်ဖို့ လုပ်ထားတဲ့ တန်းတွေပေါ်မှာလည်း မထားသင့်ပါဘူး။ ရေချိုးခန်း၊ အိမ်သာထဲက စင်တွေမှာထားခြင်းက သွားတိုက်တံမှာ ဘတ်တီးရီးယားတွေ ပိုပြီး တွယ်ကပ်ပေါက်ဖွားစေပါတယ်။ အကောင်းဆုံးကတော့ အိမ်မှာ အိမ်သုံးတဲ့ နံရံကပ် ဆေးဗီရိုရှိရင် အဲဒီထဲမှာပဲ ထားဖို့ပါ။ ဖန်ခွက်ထဲ Antioxidants ပါဝင်တဲ့ ပိုးသတ်ဆေးရည်ထည့်စိမ်ထားပြီး ဆေးသေတ္တာထဲ ထည့်ထားရင်တော့ အသန့်ရှင်းဆုံးပေါ့။ (ခွက်တစ်ခုထဲမှာ အိမ်သားတွေရဲ့ သွားတိုက်တံတွေကို စုထားတာမျိုး၊ သွားတိုက်တံ တစ်ခုနဲ့တစ်ခု နီးနီးကပ်ကပ် ထားတာမျိုးလည်း ရှောင်ကြဉ်သင့်ပါတယ်)

Address

37 Street, Kyautadar City
Yangon

Website

Alerts

Be the first to know and let us send you an email when 𝙐𝙣𝙠𝙣𝙤𝙬𝙣 𝙇𝙞𝙩𝙩𝙡𝙚 𝙁𝙖𝙘𝙩𝙨 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share