The Bridge Learning Centre

The Bridge Learning Centre We offer quality education and learning services

နှစ်တနှစ်ရဲ့နောက်ဆုံးလဖြစ်တဲ့ဒီဇင်ဘာမှာ အားလုံးပျော်ရွှင်ချမ်းမြေ့ပါ‌စေကြောင်းဆုတောင်း‌ပေးရင်း လအလိုက်သက်ဆိုင်ရာ idioms ...
09/12/2020

နှစ်တနှစ်ရဲ့နောက်ဆုံးလဖြစ်တဲ့ဒီဇင်ဘာမှာ အားလုံးပျော်ရွှင်ချမ်းမြေ့ပါ‌စေကြောင်းဆုတောင်း‌ပေးရင်း လအလိုက်သက်ဆိုင်ရာ idioms များနဲ့ အသုံးပြုပုံကိုမျှဝေလိုက်ပါတယ်။

January
It'll be a long day in January
ဘယ်တော့မှဖြစ်မလာနိုင်တဲ့အရာမျိုးကိုပြောချင်တဲ့အခါမှာသုံးပါတယ်။

e.g It'll be long day in January when you beat me in Chess.
Chess ထိုးတာမှာငါ့ကိုနိုင်ဖို့ ဆယ်သက်ကြိုးစားအုံး။

March
Mad as a March hare
ရူးကြောင်ကြောင်နိုင်တာ

e.g I like Jimmy but he acts as mad as a March hare sometimes.
ငါ ဂျင်မီကိုတော့သဘောကျပါရဲ့။ ဒါပေမဲ့ဒီကောင်ကတစ်ခါတလေကျ ရူးကြောင်ကြောင်နိုင်တယ်/ လုပ်တတ်တယ်။

April
April showers bring May flowers
မုန်တိုင်းပြီးရင်တော့ လေညင်းလာမှာပဲ/ အကြပ်အတည်း‌ေနာက်မှာ ပျော်စရာတွေ‌ ရောက်လာမှာပဲ

e.g We all hate this Covid situation but remember April showers bring May flowers!
ဒီကို‌ဗစ်ကာလကြီးကိုစိတ်ကုန်လိုက်တာ ဒါ‌ပေမဲ့အခြေနေတွေတည်ငြိမ်သွားရင်တော့ အဆင်ပြေလာမှာပါ။

May/December
A May-December romance
အသက်အရွယ်ကွာလွန်းသူနှစ်ယောက်ကြားက ပတ်သက်မှုကိုပြောချင်တဲ့အခါမှာသုံးတယ်။

e.g Kit is 18 and Tony is 50. I am curious how their May-December romance can work.
ကစ်က ၁၈ တိုနီက ၅၀။ သူတို့ရဲ့ အရွယ်ကွာလွန်းတဲ့ဆက်ဆံရေး/အချစ်ရေး ဘယ်လိုဆက်ဖြစ်လာမလဲသိချင်မိတယ်။

June
maybees don't fly in June
အာရုံများတာ‌တွေရပ်တော့/ ခဏခဏစိတ်အပြောင်းအလွဲလုပ်တာတွေရပ်တော့

e.g Just pick something from the menu! Maybees don't fly in June!
ဟိုဟာလိုလိုဒီလိုလိုလုပ်မနေဘဲ မီနူးထဲကတစ်ခုခုသာရွေးလိုက်ပါတော့။

July
a cold day in July
ဘယ်တော့မှဖြစ်မလာနိုင်တော့တဲ့အခြေ‌အနေ(အပေါ်က it's be a long day in January နဲ့တူသည်)

e.g It will be a cold day in July when she becomes slim.
သူပိန်လာဖို့ကတော့ဒီတစ်သက်မဖြစ်နိုင်တော့ဘူး။

ကျန်တဲ့လတွေနဲ့ သက်ဆိုင်တဲ့ idioms တော့မရှိပါဘူး။
photo: Internet

A-An-The ကို ဘယ်လိုသုံးရမလဲ ခေါင်းစားနေရတုန်းလား??? 😜👉 How to use A-An-The ကို အချိန်တစ်မိနစ်လောက်ပဲပေးပြီး လေ့လာလိုက်ပါ...
10/03/2020

A-An-The ကို ဘယ်လိုသုံးရမလဲ ခေါင်းစားနေရတုန်းလား??? 😜

👉 How to use A-An-The ကို အချိန်တစ်မိနစ်လောက်ပဲပေးပြီး လေ့လာလိုက်ပါနော်....

What is The Bridge Learning Centre??👉 The Bridge Learning Centre ဟာဆိုရင်အင်္ဂလိပ်ဘာသာစကားသင်ကြာရေးနဲ့ပညာရေးဆိုင်ရာဝန်ဆေ...
27/02/2020

What is The Bridge Learning Centre??

👉 The Bridge Learning Centre ဟာဆိုရင်အင်္ဂလိပ်ဘာသာစကားသင်ကြာရေးနဲ့ပညာရေးဆိုင်ရာဝန်ဆောင်မှုအမျိုးမျိုးပေးအပ်နိုင်ရန်ရည်ရွယ်တည်ထောင်ထားတဲ့ language school and educational consultancy တစ်ခုဖြစ်ပါတယ်။

Who are we?

👩‍🏫 ဩစတေးလျ၊နယူးဇီလန်နိုင်ငံများမှာအင်္ဂလိပ်စာသင်ကြားရေးဆိုင်ရာမဟာဘွဲ့၊ မဟာပညာရေးဘွဲ့များရရှိထားပြီးသင်ကြားရေးအတွေ့အကြုံနှစ်ပေါင်းများစွာရှိတဲ့ကျွမ်းကျင်ဆရာဆရာမများနဲ့ဖွဲ့စည်းတည်ထောင်ထားလို့ပညာ‌ရေးဆိုင်ရာဝန်ဆောင်မှုများရယူလိုရင်ပဲဖြစ်ဖြစ်၊ အင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင်လေ့လာတတ်မြောက်လိုရင်ပဲဖြစ်ဖြစ် The Bridge Learning Centre နဲ့ ယုံကြည်စိတ်ချစွာလက်တွဲလုပ်ကိုင်နိုင်ပါတယ်။

How do we approach teaching?

📖📚 နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ‌ရေးစွဲပြုစုထားတဲ့အရည်အသွေးမြင့်သင်ရိုးများကိုအသုံးပြုထားပြီး collaborative teaching approach ကိုအသုံးပြုသင်ကြားပေးတဲ့အတွက်သင်တန်းသူသင်တန်းသားတွေရဲ့လေ့လာသင်ယူနိုင်စွမ်းကိုအကောင်းဆုံးမြှင့်တင်ပေးနိုင်ဖို့ The Bridge ကအာမခံပါတယ်။

👉 The Bridge Learning Centre ရဲ့သုခကျောင်းခွဲမှာ‌မတ်လ ၁၄ ရက်နေ့စတင်မဲ့အောက်ပါတန်းခွဲများကို 5/03/2020 မတိုင်မီအပ်နှံပြီး early bird discount 10% ထိရယူနိုင်ပါပြီနော် 😍
📱📞 09789847473, 09753070245

General English

https://m.facebook.com/thebridgelearningcentre/photos/a.143352937027886/199079988121847/?type=3&theater

IELTS preparation

https://m.facebook.com/thebridgelearningcentre/photos/a.143352937027886/199086988121147/?type=3&theater

👉နိုင်ငံခြားသွားပြီး ကျောင်းဆက်တက်ဖို့စဥ်းစားထားပါသလား??👉The Bridge Learning Centre မှာခေတ်မီသင်ကြားနည်းတွေ၊  နိုင်ငံတကာ...
27/02/2020

👉နိုင်ငံခြားသွားပြီး ကျောင်းဆက်တက်ဖို့စဥ်းစားထားပါသလား??

👉The Bridge Learning Centre မှာခေတ်မီသင်ကြားနည်းတွေ၊ နိုင်ငံတကာစံချိန်မီသင်ရိုးတွေနဲ့ လိုအပ်‌တဲ့ IELTS band score ရအောင်ပြင်‌ဆင်ပေး‌‌နေပါပြီ👈

IELTS preparation
(MON & WED - 3 months package)
9:00- 11:00 am
11:30 - 1:30 pmစ

📞 09789847473, 09753070245

👉 Good News Everyone!!!!The Bridge Learning Centre ရဲ့သုခကျောင်းခွဲမှာ‌မတ်လ ၁၄ ရက်နေ့စတင်မဲ့အောက်ပါတန်းခွဲများကို 5/03/2...
27/02/2020

👉 Good News Everyone!!!!

The Bridge Learning Centre ရဲ့သုခကျောင်းခွဲမှာ‌မတ်လ ၁၄ ရက်နေ့စတင်မဲ့အောက်ပါတန်းခွဲများကို 5/03/2020 မတိုင်မီအပ်နှံပြီး early bird discount 10% ထိရယူနိုင်ပါပြီနော် 😍
📱📞 09789847473, 09753070245

General English - Four Skills
(SAT & SUN - 12 weeks)
9:00- 11:00 am
11:30 - 1:30 pm
2:00 - 4:00 pm
4:30 - 6:30 pm

(MON & WED - 12 weeks)
2:30 - 4:30 pm
5:30 - 7:30 pm

Communicative English
(SAT & SUN - 8 weeks)
9:00- 11:00 am
11:30 - 1:30 pm
2:00 - 4:00 pm
4:30 - 6:30 pm

(MON & WED - 8 weeks)
2:30 - 4:30 pm
5:30 - 7:30 pm

How many opinion adjectives do you know to describe things?
07/12/2019

How many opinion adjectives do you know to describe things?

A for appleB for ball.. ... ... ... ..... ... ... ... ...အင်္ဂလိပ်စာနဲ့စထိတွေ့တဲ့အချိန်ကတည်းက for (အများ‌‌အားဖြင့်အတွက်လ...
28/10/2019

A for apple
B for ball.. ... ... ... ..... ... ... ... ...

အင်္ဂလိပ်စာနဲ့စထိတွေ့တဲ့အချိန်ကတည်းက for (အများ‌‌အားဖြင့်အတွက်လို့သိကြတဲ့) စကားလုံးနဲ့ရင်းနှီးပြီးသားဖြစ်ကြမှာပါ။အောက်မှာနမူနာပေးထားတဲ့စာကြောင်းလေးတွေဖြေကြည့်ပြီး for ကိုအခြားဘယ်နေရာတွေမှာသုံးတယ်ဘယ်လိုသုံးသေးတယ်ဆိုတာလေ့လာကြည့်ရအောင်။

1. Nyi Nyi is so clever for his age.
2. We walked for miles.
3. This is the knife for cutting bread.
4. She would be leaving for New York in a few days.
5. How many people are for the advertisement?
ပေးထားတဲ့‌ဝါကျ‌‌တွေမှာ for ကိုအတွက် လို့တိုက်ရိုက်ပြန်လိုက်ရင်အဓိပ္ပါယ်ရှိတော့မှာမဟုတ်ပါဘူး။
တစ်စုံတစ်ခု(သို့) တစ်စုံတစ်ယောက်ရဲ့အရည်အချင်းဟာအသက်အရွယ်နဲ့မလိုက်အောင်အံ့အားသင့်စရာကောင်းတယ်လို့ပြောချင်ရေးချင်တဲ့အခါမှာ for ကိုသုံးပါတယ်။
1. ကိုဆီလျော်အောင်ပြန်ရမယ်ဆိုရင်
ညီညီဟာသူ့ရဲ့အသက်ရွယ်နဲ့မလိုက်လောက်အောင်ကိုတော်တယ် လို့ပြန်ရပါလိမ့်မယ်။

2. ငါတို့ခရီးအဝေးကြီးထိလမ်းလျှောက်ခဲ့ကြတယ်။
ဒီမှာတော့ for ကို ခရီးအကွာအဝေးတိုင်းတာတဲ့နေရာမှာသုံးပါတယ်။

3. ဒါပေါင်မုန့်လှီးတဲ့ဓါးဖြစ်တယ်။
ပစ္စည်းတစ်ခု၊လုပ်ဆောင်ချက်တစ်ခုရဲ့ရည်ရွယ်ချက်ကိုပြောချင်တဲ့အခါမှာလဲ for ကိုသုံးပါတယ်။

4.ရက်အနည်းငယ်ကြာတဲ့အခါသူမ New York ကိုသွားလိမ့်မယ်။
ဒီဝါကျမှာ for ကို တစ်စုံတစ်ယောက်၊ယာဥ်ရထားတစ်ခုခုသွားမည့်နေရာကိုဖော်ပြချင်တဲ့အခါသုံးပါတယ်။

5. ကြော်ငြာတွေကောင်းတယ်လို့ထောက်ခံတဲ့သူဘယ်နှစ်ယောက်လောက်ရှိသလဲ။
အကြောင်းအရာတစ်ခုခု၊အယူအဆတစ်ခုခုကိုထောက်ခံပြောဆိုချင်တဲ့အခါမှာလဲ for ကိုသုံးပါတယ်။

အပေါ်မှာပြခဲ့တဲ့ဝါကျတွေဟာ for ကိုအဓိပ္ပါယ်အမျိုးမျိုးသုံးလို့ရတယ်ဆိုတာနမူနာအချို့ပြထားခြင်းသာဖြစ်ပါတယ်။အခြားအဓိပ္ပါယ်တွေလဲအများအပြားရှိသေးတာမို့ ကိုယ်တိုင်ရှာဖွေလေ့လာကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်။

photo: internet

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959789847473

Website

Alerts

Be the first to know and let us send you an email when The Bridge Learning Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to The Bridge Learning Centre:

Shortcuts

Share