03/07/2025
"" မူလတန်းပြ""
~~~~~~~~~~
ရာထူးငယ်လို့ သိမ်ငယ်လား (မငယ်ပါဘူး)
သူများအထင်သေးမှာကြောက်လား(မကြောက်ပါဘူး)
(၁)မူပြဘဝဆိုတာ စိတ်ချမ်းသာရတယ်ဒေါသမြင်ကွင်း ရှားပါတယ်ကိုယ့်ကို ကလန်ကဆန်လုပ်မယ့် တပည့်မရှိဘူးကွမ်းတံတွေးပေတဲ့နှုတ်ခမ်းပါးတွေကင်းတယ်နီကြောင်ကျား ဆံပင်တွေကိုလည်း အမုန်းခံပြောစရာမလိုဘူ စီးကရက်နံ့တွေနဲ့လည်း ဝေးရတယ်အုပ်စုလိုက်သတ်ပွဲတွေလည်း ရှင်းစရာမလိုဘူး
(၂)မူပြဘဝလေးတွေဆိုတာ တကယ့်ပျော်ရွှင်မှုရသလေးတွေ ပေးစွမ်းနိုင်ပါတယ်မပီကလာ ပီကလာ တွတ်တီးတွတ်တာပြောတတ်တဲ့ ချစ်စရာကလေးတွေကြောင့် ပျော်ရတယ်စစ်မှန်တဲ့ အပြုံးလေးတွေကြောင့် ပီတိဖြစ်ရတယ်ကစားနည်းပေါင်းစုံနဲ့ ကလေးဗိုလ်လုပ်ပြီးငယ်ဘဝရဲ့ အရသာကိုလည်း တစ်ဝကြီးပြန်ခံစားလို့ရတယ်
(၃)မူပြဘဝဆိုတာ ဖြူစင်တဲ့ မေတ္တာတွေကို
ဆရာတပည့် အကာရံနည်းစွာ ဖလှယ်လို့ရသေးတဲ့အချိန်ပါလက်ဆွဲ ပွေ့ဖက်ပြီး ရင်နှစ်သည်းချာ ချစ်ခွင့်ရသေးတဲ့ဘဝလေးပါ
(၄)မူပြဘဝဆိုတာ ရှုပ်ထွေးလှတဲ့ လူကျင့်ဝတ်တွေနဲ့ ခေါင်းမရှုပ်ရသေးဘူးမူလတန်းကလေးတွေဆိုတာ အရှိရှိတိုင်းလက်ခံတတ်သေးတဲ့ အရွယ် ၁၅၀၀မေတ္တာကို မမြင်ဖူး မထိတွေ့ဖူးသေးတဲ့ အဖြူရောင်နှလုံးသားပိုင်ရှင်လေးတွေပါထိန်းသိမ်းရတာ လွယ်ပြီး ခေါင်းမစားရဘူးလေ
(၅)မူပြဘဝဆိုတာ သစ်တစ်ပင်ရဲ့ အမြစ်တွေဖြစ်လို့ လုံးဝလုံးဝ အရေးပါပါတယ်ကိုယ့်ရာထူးက အသုံးမဝင်ဘူးထင်ရင်မှားမှာပေါ့အသီးပွင့်ပဲမြင်တတ်သူဟာ ရေသောက်မြစ်ကိုမမြင်နိုင်တာ မဆန်းပါဘူးလေအရေးပါသလောက် အရေးကြီးလို့ ဂရုတစိုက် ထုဆစ်ပေးဖို့တော့ လိုတာပေါ့
(၆)မူပြဘဝဆိုတာ နှစ်တွေ ဘယ်လောက်ကြာကြာ ကလေးတွေရဲ့ မန်မိုရီထဲ ပျောက်မသွားတဲ့ ပဲ့ကိုင်ရှင်တွေပါဘယ်လောက်ပဲ မှတ်ဥာဏ်မကောင်းတဲ့ကလေးပေမယ့် ငယ်ဆရာနဲ့ အမှတ်တရတွေကို မှတ်မိနေတာ ထူးဆန်းတဲ့ ဖြစ်ရပ်ပါ
ဒီအချက်တွေကြောင့်
မူပြဘဝကိုမြတ်နိုးတယ် တွယ်တာပါတယ်
ဒီမူပြဘဝလေး ကျော်လွန်သွားပြီးရင်
ပြန်ရဖို့ ခဲယဉ်းလို့ ရတုန်းတန်ဖိုးထားမယ်
ရတုန်း တဝကြီးပျော်မယ် ကြိုးစားမယ်
ဘယ်သူတွေ အထင်သေးသေး ဂရုမစိုက်သလို
မသိမ်ငယ်ဘူး ဆရာထဲကဆရာပဲလေ
ဘယ်ရာထူးကိုပိုင်ပိုင် ဘယ်အတန်း
ဘယ်ဘာသာကိုပြပြ ဆရာပီသသော
ဆရာ ဖြစ်ဖို့ကသာအဓိကပါ
မည်သူမျှထိခိုက်လိုခြင်းမရှိပါ
အမှားပါလျှင်ခွင့်လွှတ်ပါ
Credit ...ဦးစည် (ဝန်းသို)