ကလေးတွေ စိတ်ဒဏ်ရာ ဘယ်ကစသလဲ👪
၁ ။ လူတွေမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ပတ်ဝန်ကျင်ပေါ် မူတည်ပြီး အတွေးအခေါ် ကွားခြားတယ် ။
၂။ မွေးရာပါ ဗီဇ ကွာခြားရင် အတွေးအခေါ် ကွာခြားတယ်။
၃။ မိသားစု အခြေအနေပေါ် မူတည်ပြီး အတွေးအခေါ် အပြောအဆို အပြုအမူ ကွာခြားတယ်။
၄။ ဗီဇ နဲ့ စရိုက် မတူရင် အကြိုက်လည်း မတူသလို ပုံစံလည်း ကွာခြားတက်တယ်။
ဒါဆို ကလေး တစ်ယောက်ရဲ့ စိတ်ဒဏ်ရာဟာ ဘယ်က ရသလဲ ။ မိသားစု မှ ဖြစ်စေ ကျောင်း မှ ဖြစ်စေ ပတ်ဝန်ကျင်မှ ဖြစ်စေရနိုင်ပါတယ်။
မိဘ အများစုဟာ ကိုယ်က မွေးထုတ်လိုက်တဲ့ ကိုယ့်ရင်သွေးဟာ မိမိရဲ့ အပိုင် မိမိရဲ့ ရတနာလို့ သတ်မှတ်ထားတာကြောင့် စောင့်ရှောက်တဲ့အခါ ကလေးရဲ့စိတ် ကလေးရဲ့ ခန္ဓာ ကလေးရဲ့ ဗီဇ ကို တခါတလေ မေ့နေတက်ကြတယ်။
အယူအဆ မတူတဲ့အခါ အချိန်တိုင်းလို ကလေးရဲ့ အတွေးအခေါ်တွေကို လက်မခံပဲ မိမိ စိတ်တိုင်းကျ ရွေးချယ်ပြီး မိမိခိုင်းသလို အကြိမ်တိုင်း လုပ်ခိုင်းခြင်းဟာ ကလေးရဲ့ အတွေးအခေါ် ကို ကန့်သတ်ထိန်းချုပ်ခြင်းဖြစ်တယ်။
သည်နေရာမှာ မိဘတွေက လက်တွေ့ ဘဝကို ဖြတ်သန်းပြီး ကောင်းခြင်း ဆိုးခြင်း ပိုင်းခြားနိုင်ပေမဲ့ လက်တွေ့ မရှိတဲ့ ကလေးတစ်ယောက်ဟာ သူမိဘက သင်ကြားပေးခြင်းလို့မမြင်ပဲ့ ဆူပူခြင်း ထိန်းချုပ်ခြင်းလို့သာ မြင်တက်ကြပါတယ်။
ကလေးတစ်ယောက်မီးကစားချင်နေရင် အကျိုးအကြောင်း အရင် ရှင်းပြပါ ။တားမရဘူးဆိုရင် ဖယောင်းတိုင် မီးပေါ် ပူလောက်တဲ့အထိ ထားပေးလိုက်ပါ ။ လက်တွေ့ခံစားရရင် နောက်မလုပ်တော့ပဲ မိဘက သင်ကြားပေးခြင်းဖြစ်ကြောင်း လက်ခံလာမှာပါ ။
အယူအဆ မတူခြင်း
ကလေးတွေက ကစားစရာတွေကို ခဏ ခဏ ပျက်စီးတယ် လွှင့်ပစ်တယ်ဆိုရင် မိဘက မရိုက်ပါနဲ့။ ပစ္စည်းက ဘယ်လောက်တန်းဖိုးရှိကြောင်းအထပ်ထပ်မပြောပါနဲ့ ။
မိဘများက ငွေကြေးကို ကိုယ်တိုင်ရှာဖွေရလို့ တန်းဖိုးရှိကြောင်းသိပေမဲ့ မိမိရဲ့ ကလေးကို လိုသမျှ ဖြည့်ဆည်းပေးရင် ငွေတန်းဖိုးမပြောနဲ့ ပစ္စည်းတန်းဖိုးတောင် နားလည်းမှာ မဟုတ်ပါဘူး။ အိမ်က အလုပ်တွေ ကူညီခိုင်းပြီး မုန့်ဖိုးပေးတာ မလုပ်ရင် မုန့်ဖိုးဖြတ်တောက်တာ စတဲ့ နည်းတွေက ငွေတန်းဖိုးအချိန်တန်းဖိုး သိစေပါတယ်။
ပစ္စည်းဖျောက်တိုင်း ရိုက်မယ် ဆဲဆို အော်ဟစ်နေရင် ငါကို မိဘက မချစ်ဘူး ဆိုတဲ့ အားငယ်စိတ် ဝင်လာစေပါလေ့မယ်။
အကြောင်အရင်း အချက်အလက်သိဖို့ အရမ်းအရေးကြီးပါတယ်။
ရေပိုက်တစ်ခုက ဖွင့်နည်းကိို သင်မယ်ဆိုရင် ဘယ်ညာအရင်သိစေရမယ်။ ရေထွက် အနည်းအများသိအောင် ဘယ်လိုလှည့်ရမယ် အကြောင်းအရာ အချက်အလက်ကို သိစေရမယ်။ အကြောင်းအရာအချက်အလက်ကို အရင်မသိစေပဲ မှားတဲ့အခါ ရိုင်းတဲ့စကားတွေ့ နိမ့်ချတဲ့ စကားတွေ ပြောခါများရင် ငါကို အသိအမှတ် မပြုဘူးဆိုတဲ့ စိတ်ကြောင့် ကိုယ်ကိုကိုယ် ယုံကြည်စိတ်နည်းသွားပါလေမယ်။
အတိုချုပ်ရရင် ကိုယ်ရဲ့ ဗီဇ နဲ့ ကလေးဗီဇ မတူတာကို လက်ခံပြီး နားလည်ပေးရပါ့မယ်။
ငွေကြေး ပြည့်စုံတဲ့ အခြေအနေနဲ့ ကြီးပြင်းလာတဲ့ကလေး မပြည့်စုံစွာ ကြီးပြင်းတဲ့ကလေး ထင်မြင်ချက် ယူဆချက်တွေ ကွာတက်ပါတယ် ။ထိုအချိန်မှာ အကြောင်းအရာအချက်အလက်ကို ကလေးကော ကိုယ်ရော နားလည်းဖို့လိုအပ်တယ်။
အယူအဆ ကွဲတိုင်း ရန်သူမဟုတ်ပါဘူး။ အယူအဆ ကွဲတဲ့အခါ ၁၀ခါမှာ ၅ခါလောက် ကလေးရဲဘ အယူအဆ ကို လက်တွေ့ လုပ်ခိုင်းပါ။
သည်လိုအချက်တွေမရှိရင် ကလေးတစ်ယောက် စိတ်ဒဏ်ရာရှိတက်ပါတယ်။
Crd
ခင်
Kaung Kyaw Education service
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung Kyaw Education service, Education Website, Yangon/Thakayta, Yangon.
01/12/2022
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.
Click here to claim your Sponsored Listing.
Location
Website
Address
Yangon/Thakayta
Yangon
041807