Ritsumei Japanese Online Class

Ritsumei Japanese Online Class Japan နိုင်ငံနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို မျှဝေပေးမယ့်အပြင် Japanese online classတွေကို ဖွင့်လှစ်ပေးသွားမှာပါ

🇯🇵 Japanese Language ကို ​စတင်လေ့လာ​နေတဲ့ Beginner ​တွေအတွက် ဂျပန်စာကို လျင်လျင်မြန်မြန် တိုးတက်​အောင် ​လေ့လာနည်း 10 ချက...
21/02/2022

🇯🇵 Japanese Language ကို ​စတင်လေ့လာ​နေတဲ့ Beginner ​တွေအတွက် ဂျပန်စာကို လျင်လျင်မြန်မြန် တိုးတက်​အောင် ​လေ့လာနည်း 10 ချက်
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

✅ ဂျပန်စကားက ကမ္ဘာ​ပေါ်မှာ ​ပြောဆိုသူ​​ပေါင်း 128 သန်း​ကျော်နဲ့ ကျယ်ပြန့်တဲ့ ဘာသာစကားဖြစ်တယ်။ ဂျပန်နိုင်ငံရဲ့ National Language ဖြစ်ပြီး ​ပြောင်း​ရွေ့​နေထိုင်သူ အများအပြား​ကြောင့် Korea , America နဲ့ Brazil တို့မှာ ​ပြောဆိုကြသူ​တွေလည်း ရှိလာပါတယ်။

✅ Japanese Language ​လေ့လာခြင်းက တခြား Language ​တွေကို သင်ယူ​လေ့လာ​ခြင်းထက် ပိုခက်ခဲတယ်လို့ ဘာသာစကား​လေ့လာသူ​တွေက ​ပြောကြပါတယ်။ ဒီ Post ​မှာ ဂျပန်ဘာသာစကားကို လျင်မြန်စွာ တိုးတက်​စေဖို့ အထိ​ရောက်ဆုံး ​လေ့လာနည်း 10 ချက်ကို ​ပြောပြထားပါတယ်။

1. Learn the Japanese alphabet
=========================

🇯🇵 ဂျပန်စာကို ​လေ့လာဖို့ အ​ကောင်းဆုံးနည်းလမ်းက အ​ခြေခံကစပြီး ​အက္ခရာ​တွေကို လေ့လာခြင်းပဲ ဖြစ်ပါတယ်။ ဂျပန်စာကို ဖတ်ရှုနိုင်ရန်၊ ​လေ့လာသင်ယူနိုင်ရန် လိုအပ်တဲ့ အ​ခြေခံစာ​ရေးနည်းစနစ် 3 ခုရှိပါတယ်။ အဲ့ဒါ​တွေက Hiragana , Katakana နဲ့ Kanji တို့ပဲ ဖြစ်ပါတယ်။ အဲ့ 3 မျိုးကို အရင်​လေ့လာရပါမယ်။

2. Practice Grammar
=================

🇯🇵 Japanese Grammar ကို ​လေ့လာ​နေပြီဆိုရင် English Grammar ကို ​ခဏတာ ​မေ့ထားဖို့ လိုပါတယ်။ ဘာလို့လဲဆို​တော့ Japanese Language မှာ Tense 2 ခုပဲ ရှိပါတယ်။ အဲ့ဒါက Past tense နဲ့ Non-past tense (present+future)တို့ဖြစ်ပါတယ်။ စကား​ပြောဆိုရာမှဖြစ်ဖြစ် စာ​ရေးရာမှဖြစ်ဖြစ် Polite Form နဲ့ Plain Form ဆိုပြီး 2 မျိုးရှိပါတယ်။ English မှာ အဲ့လိုမျိုး​တွေ မရှိပါဘူး။

3. Learn some key phrases
======================

🇯🇵 ဂျပန်စာကို လျင်လျင်မြန်မြန် တိုးတက်ဖို့ဆိုရင် အသုံးများတဲ့ Words ​တွေ Expression ​တွေကို အရင်​လေ့လာပါ။ 'こんにちは' 、'こんばんは'、'はじめまして'、'ありがとうございます'、'すみません' စတဲ့ အ​ခြေခံ စကားစုများကို သိရှိဖို့ လိုအပ်ပါတယ်။ အဲ့စကားစု​တွေက ကိုယ့်ရဲ့ ဂျပန်စာတိုးတက်မှုအတွက် အ​ထောက်အကူ ဖြစ်ပါတယ်။

4. Set up a schedule
================

🇯🇵 ဂျပန်စာကို လျင်မြန်စွာ တိုးတက်ချင်တယ်ဆိုရင်​တော့ ​နေ့စဥ်​နေတိုင်း ​လေ့ကျင်​နေဖို့ လိုပါတယ်။ အဲ့လို ​လေ့ကျင့်ဖို့အတွက် Online Class ​တွေ ၊ Offline class ​တွေ ၊ Apps ​တွေ ၊ Websites ​တွေ စတာ​တွေ အများကြီး ရှိပါတယ်။ ​နေ့စဥ်သင်ခန်းစာ​တွေကို အချိန်ဇယားတစ်ခုဆွဲပြီး ​လေ့လာဖို့လိုအပ်ပါတယ်။ အကယ်၍ ကိုယ်က အလုပ်များပြီး စာ​လေ့လာဖို့ အချိန်ခဏပဲ ​ပေးနိုင်တယ်ဆိုရင် ကိုယ့်​ပေးနိုင်တဲ့အချိန်​လေးမှာအ​ကောင်းဆုံး​လေ့လာသင်ယူပါ။

5. Pay attention to flashcards
========================

🇯🇵 Flashcards ​တွေက ဘာသာစကား​လေ့လာသူ​တွေအတွက် အ​ထောက်အကူဖြစ်ပါတယ်။ ဂျပန်စကားလုံး​တွေကို အလွတ်ရဖို့ဆိုရင် flashcard ​လေး​တွေကိုညအသုံးပြုနိုင်ပါတယ်။ flashcard ​တွေကို ဆိုင်​တွေမှာ လုပ်လို့ရနိုင်သလို ကိုယ်ကိုယ်တိုင်လည်း လုပ်လို့ရပါတယ်။ Hiragana , Katakana , Kanji , Vocabulary စတာ​တွေကို ကျွမ်းကျင်မှုရှိ​စေရန် flashcard များကို အသုံးပြုနိုင်ပါတယ်။ ကတ်တစ်ဖက်မှာ ဂျပန်စာလုံးတစ်လုံးကို ​ရေးပြီး တခြားတစ်ဖက်မှာ အသံထွက် (သို့) မြန်မာလို​​ရေးပြီး ​လေ့ကျင့်ကြည့်ပါ။ Flashcard အသုံးပြုခြင်းက ကိုယ့်ရဲ့ Vocabulary ကို တိုးတက်​စေမယ့် နည်းလမ်း​ကောင်းတစ်ခုဖြစ်ပါတယ်။

6. Conversation with native Speakers or others learners
=================================

🇯🇵 Speaking ​ပြောတတ်ဖို့ဆိုရင် ကိုယ်​လေ့လာထားသမျှကို တခြားသူ​တွေနဲ့ ပြောကြည့်တာပဲ ဖြစ်ပါတယ်။ ကိုယ့်မှာ ဂျပန်လူမျိုး ဆရာ၊ဆရာမ​တွေ ၊ ဂျပန်လူမျိုး သူငယ်ချင်း​တွေ မရှိရင်​တောင်မှ ကိုယ်နဲ့ ဂျပန်စာ ​လေ့လာ​နေတဲ့ သူငယ်ချင်း​တွေ ၊ အတန်း​ဖော်​တွေနဲ့လည်း ​​လေ့ကျင့်လို့ ရပါတယ်။ ယ​နေ့​ခေတ်လို နည်းပညာတိုးတက်​နေတဲ့ ​ခေတ်ကြီးမှာ ကိုယ့်ရဲ့ Smartphone or Computer ဖြင့် ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ဂျပန်စကား​ပြောဖို့ Language Partner ကို online website ​တွေက​နေ ရှာ​ဖွေပြီး စကား​ပြောနိုင် ၊ ​စာ​ရေးနိုင်မယ် ဖြစ်ပါတယ်။

7. Read Manga
============

🇯🇵 ဂျပန်စာ တိုးတက်​အောင် လုပ်ဖို့ဆို ဂျပန်စာအုပ်များနဲ့ သတင်းစာ​တွေကို ဖတ်မှမဟုတ်ပါဘူး Manga ဖတ်ခြင်းကလည်း Japan စာ ​​တိုးတက်ဖို့ အ​ထောက်အကူဖြစ်​စေပါတယ်။ Manga ​တွေက ဂျပန်နိုင်ငံရဲ့ ယဥ်​ကျေးမှုနဲ့ ရှည်လားတဲ့သမိုင်းအ​ကြောင်းကို ​လေ့လာနိုင်​တဲ့ အ​ရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Manga က ရုပ်ပြကာတွန်းဖြစ်ပြီး ​ရေးထားတဲ့စကားလုံး​တွေရဲ့ အဓိပ္ပါယ်ကလည်း နားလည်လွယ်​စေတဲ့အတွက် ဂျပန်ဘာသာစကား​လေ့လာသူ​တွေအတွက် အ​ထောက်အကူဖြစ်​စေပါတယ်။

8. Watch anime
=============

🇯🇵 ဂျပန်စာလည်း ရ ၊ Entertainment လည်း ဖြစ်ချင်ရင်​တော့ Anime ကြည့်ရင်း ဂျပန်စာ​လေ့လာကြရ​အောင်။ Anime ဆိုတာ တမူထူးခြားတဲ့ Japanese animation ဖြစ်ပြီး ဆယ်စုနှစ်များစွာကြာ​အောင် ဂျပန်နိုင်ငံမှ ထုတ်လုပ်ခဲ့တယ်။ ယ​နေ့​ခေတ်မှာ Anime ​တွေက နိုင်ငံတကာမှာ ​ကျော်ကြား​နေပြီး ပရိတ်သတ်အများအပြားရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

9. Listen to podcasts
=================

🇯🇵 သင်က ဂျပန်စာ​လေ့လာ​နေသူဆိုရင် podcast များကို သင့်ရဲ့ daily lessons ​တွေထဲမှာ extra listening အ​လေ့အကျင့်ကို ထည့်သွင်း​ပေးဖို့ လိုပါတယ်။ ဂျပန်စာကို အခုမှ စ​လေ့လာတဲ့ Beginner ​တွေဆိုရင် padcast ​တွေ နား​ထောင်ဖို့က အစပိုင်းမှာ ခက်ခဲ​ပေမဲ့ ​နောက်ပိုင်း နား​ထောင်ရင်း နား​ထောင်ရင်း ကိုယ့်ရဲ့ listening skill ပါ တိုးတက်လာပါမယ်။ ဂျပန်ယဥ်​ကျေးမှုအ​ကြောင်းကို ပိုမိုလေ့လာနိုင်​စေရန် အ​ကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

10. Don't be afraid to make mistakes
==============================

🇯🇵 ​နောက်ဆုံးအချက်အ​နေနဲ့ အ​ရေးကြီးဆုံးအချက်က အမှားလုပ်မိမှာကို မ​ကြောက်ဖို့ပါပဲ။ ဂျပန်စာကို စတင်​လေ့လာတဲ့အခါ ​ရေးတာမှားတာ ၊ အသံထွက်မှားတာ စတဲ့ အမှား​တွေကို အမြဲလိုလို ကြုံ​တွေ့ရပါတယ်။ အမှားလုပ်မိတာ ရှက်စရာမဟုတ်ပါဘူး။ အမှားလုပ်မိမှ ကိုယ်ဘယ်​နေရာ​တွေမှား​နေလဲဆိုတာသိပြီး အမှန်ပြင်နိုင်မှာပဲ ဖြစ်ပါတယ်။

✅ ဒီတစ်​ခေါက် Post ​လေးမှာ​တော့ Beginner ​တွေအတွက် ဂျပန်စာကို လျင်လျင်မြန်မြန် ထိထိ​ရောက်​ရောက် ​လေ့လာနည်း 10 ကို ​ပြောပြ​ပေးသွားတာပဲ ဖြစ်ပါတယ်။

✅ ကိုယ့်အတွက် ဗဟုသုတ တစုံတရာ ရသွားလို့ရှိရင် Like and share ​လေး လုပ်သွား​ပေးကြပါ။

🙋‍♂️ みなさん、ありがとうございました

မနက်ဖြန် Feb 14 ရက် Valentine day မှာ ကိုယ့်ကောင်မလေးကို သိပ်ချစ်ကြောင်း ဂျပန်လို romantic ဆန်ဆန် ဖွင့်ပြောကြမယ်
13/02/2022

မနက်ဖြန် Feb 14 ရက် Valentine day မှာ ကိုယ့်ကောင်မလေးကို သိပ်ချစ်ကြောင်း ဂျပန်လို romantic ဆန်ဆန် ဖွင့်ပြောကြမယ်


09/02/2022
Hiragana ら り る れ ろ 、わ を ん ဆွဲချက်
31/01/2022

Hiragana ら り る れ ろ 、わ を ん ဆွဲချက်


Hiragana ま み む め も 、や ゆ よ ဆွဲချက်
30/01/2022

Hiragana ま み む め も 、や ゆ よ ဆွဲချက်


Hiragana は ひ ふ へ ほ ဆွဲချက်
28/01/2022

Hiragana は ひ ふ へ ほ ဆွဲချက်


Hiragana な に ぬ ね の ဆွဲချက်
27/01/2022

Hiragana な に ぬ ね の ဆွဲချက်


Hiragana た ち つ て と ဆွဲချက်
26/01/2022

Hiragana た ち つ て と ဆွဲချက်


Hiragana さ し す せ そ ဆွဲချက်
24/01/2022

Hiragana さ し す せ そ ဆွဲချက်


မနက်ဖြန် JLPT result ကြည့်ချင်ရင် ​အောက်က Link က​နေ ဝင်ကြည့်လို့ရပါတယ်။ https://www.jlpt.jp/e/guideline/results_online.h...
23/01/2022

မနက်ဖြန် JLPT result ကြည့်ချင်ရင် ​အောက်က Link က​နေ ဝင်ကြည့်လို့ရပါတယ်။
https://www.jlpt.jp/e/guideline/results_online.html

ကိုယ့်ရဲ့ ခုံနံပါတ်နဲ့ Password 8 လုံးရိုက်ပြီး ကြည့်ရပါမယ်။

Test results are available on the Internet. Please select the location where you took the test.(Time of information availability and content vary by location.)

Hiragana か き く け こ ဆွဲချက်
23/01/2022

Hiragana か き く け こ ဆွဲချက်


Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959403928835

Alerts

Be the first to know and let us send you an email when Ritsumei Japanese Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Ritsumei Japanese Online Class:

Shortcuts

Share

Category